tgindex
Последний пост
10 мар.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
22
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
623
−1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
533
21 постов
Вовлечённость
85,6%
к подписчикам
Постов в день
0,0
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 10 мар.1856из infohlaing

    ခက်ခဲကြမ်းတမ်းတဲ့ ဒီကာလမှာ ကျန်းမာရေးက အရေးကြီးဆုံးပါ။ ဆရာဝန်နှင့် တိုင်ပင်ဖို့ အခက်အခဲဖြစ်နေလျှင်၊ ဝယ်လာတဲ့ဆေးက ဘာဆေးမှန်းမသိ၊ ဘယ်လိုသောက်ရမှန်းမသေချာလို့ ရင်တထိတ်ထိတ် ဖြစ်နေလျှင် SaySayar (ဆေးဆရာ) AI ကို အသုံးပြုပေးပါ။ Hlaing Info အဖွဲ့သားတွေဟာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပါတီရဲ့ ထောက်ပံ့မှုမှမပါဘဲ မြန်မာပြည်သူတွေ ဆေးမမှားစေဖို့၊ စပ်ဆေးအန္တရာယ်က ကင်းဝေးစေဖို့အတွက် SaySayar (ဆေးဆရာ) AI ကို ပြုလုပ်ထားပါတယ်။ 💡 SaySayar AI က သင့်ကို ဘယ်လိုကူညီမလဲ? 📸 ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ် အစရှိတဲ့ဆေးအညွှန်းတွေကို ဓာတ်ပုံရိုက်ပို့လိုက်တာနဲ့ မြန်မာလို အသေးစိတ် ပြန်ဆိုပေးပါတယ်။ 🚫 အသက်အန္တရာယ်ရှိနိုင်တဲ့ ဆေးဝါးအလွဲသုံးစွဲမှုတွေကို ပြတ်ပြတ်သားသား သတိပေးပါတယ်။ တခြား AI တွေထက် မြန်မာစကားကို ပိုမိုနားလည်အောင် ပြုလုပ်ထားလို့ မိမိရဲ့ ကျန်းမာရေးအခက်အခဲတွေကို စိတ်ချလက်ချ တိုင်ပင်နိုင်ပါတယ်။ 🎯 ကျန်းမာရေးနဲ့ ဆေးဝါးဗဟုသုတကိုပဲ အာရုံစိုက်ဖြေကြားပေးအောင် စနစ်တကျ လေ့ကျင့်ပေးထားပါတယ်။ ⚠️ SaySayar AI ဟာ လက်ရှိမှာ Beta Version (စမ်းသပ်ကာလ) သာ ရှိပါသေးတယ်။ ဒါကြောင့် အောက်ပါ အချက်လေးတွေကို နားလည်ပေးစေချင်ပါတယ် - နည်းပညာ အကန့်အသတ်: တစ်မိနစ်ကို မေးခွန်း (၁၅) ခုသာ လက်ခံနိုင်ပါသေးတယ်။ အမှန်တကယ် လိုအပ်နေသူတွေ အခွင့်အရေးရအောင် တကယ်လိုအပ်မှသာ အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ရဲ့ စေတနာဟာ ပြည်သူ့အတွက်သာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ် နှင့် အကြမ်းဖက်ပါတီ ထောက်ခံသူများအနေနဲ့ ဆေးဆရာ AI ကို လုံးဝ (လုံးဝ) အသုံးမပြုကြဖို့ တားမြစ်ပါတယ်။ ဆေးဆရာ AI မှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ပိုမိုကောင်းမွန်လာအောင် အပြုသဘောနဲ့ ဝေဖန်ထောက်ပြပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ 🔗 အသုံးပြုရန်လင့်ခ်: https://hlaing.info/saysayar/

  • 19 апр. 2025 г.937311из infohlaing

    Hlaing Info အမည်ဖြင့် သတင်းများတင်ဆက်ခြင်းများ ရပ်နားခွင့်ပြုပါရန် မိဘပြည်သူများအား အသိပေးခဲ့သည့်နောက်ပိုင်း မိဘပြည်သူများရဲ့ စာနာနားလည်ပေးသည့် Comment တစ်ခုချည်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ အဖွဲ့သူ/သားများအတွက်လည်း တကယ့်ကို စိတ်ခွန်အားဖြစ်ရပါတယ်။ Hlaing Info မှ ရဲဘော်တွေများသည် ယခင်က နိုင်ငံရေးသမားများ မဟုတ်ကြသလို၊ မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်း လက်အောက်မှာမှ တာဝန်ထမ်းဆောင်ခဲ့ဖူးသူများလည်း မဟုတ်ကြပါ။ ပြည်သူသာအမိ ပြည်သူသာအဖပါ။ Hlaing Info တွင် အလုပ်လုပ်ပေးနေသူများရဲ့ နောက်မှာ မည်သည့် အဖွဲ့အစည်းမှမရှိပါ။ မိဘပြည်သူများမှ ကာကွယ်စောင့်ရှောက်ပေးပြီး မိဘ၊ ဆရာသမားများကဲ့သို့ ဆို၊ ဆုံးမမှုများကို နာခံမှတ်သား လိုက်နာပါ့မယ်။ NUG၊ CRPH တို့ကို ကာဗာယူကာ ငါတို့သာလျှင်တရားဝင် ကျန်တဲ့သူတွေက မမှန်မကန်လုပ်နေသူများဟု သေးသိမ်အောက်တန်းကျစွာ ရိုင်းစိုင်းစော်ကားသည့် လုပ်ရပ်များကြောင့် ရပ်တန့်လိုစိတ် အမှန်တကယ်ရှိခဲ့ပါသည်။ အဖွဲ့ဝင်များထဲတွင် မိသားစုဝင်များ၏ နောက်ဆုံးခရီးမှာ နှုတ်ဆက်ခွင့်မရခဲ့ဘဲ တော်လှန်ရေးထဲမှာ ဘဝတစ်ခုလုံးပေးဆပ်ပြီး အလုပ်လုပ်ပေးနေသူတွေကို ရက်စက်စွာ ဘဝသေအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ပစ်ခဲ့သည့်အပြင် Hlaing Info ကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေသည်ဟု မတရားစွပ်စွဲ စော်ကားအနိုင်ကျင့်သူများကြောင့် ရပ်တန့်ရန်ဆုံးဖြတ်ခဲ့ကြတာပါ။ သို့သော်လည်း မိဘပြည်သူ ညီ၊ အကို မောင်နှမများ နှင့် တော်လှန်ရေးရဲဘော်များ၏ တောင်းဆိုမှုဖြင့် သတင်းများကို ပြည်သူများ အဆင်ပြေ လွယ်ကူစွာဖတ်ရှုနိုင်ရန် နိုင်ရာတာဝန်များဖြင့် အကောင်းဆုံး ဆက်လက်တာဝန်ထမ်းဆောင်ပါ့မည်ဟု တော်လှန်ကတိသစ္စာပြုပါသည်။ Hlaing Info အဖွဲ့သားများ

  • 19 апр. 2025 г.73515из infohlaing

    မှန်တာပြောဖို မကြောက်ကြပါနဲ့ မဟုတ်တာလုပ်ရမှာကိုပဲ ကြောက်ကြပါ မှန်တာပြောတဲ့သူက လူမုန်များပေမဲ့ သမိုင်းတော့လှတယ် သမိုင်းဆိုတာမျက်နှာမလိုက်ဘူး ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဘယ်သူတွေဘယ်လို ရပ်တည်တယ် ဘယ်သူတွေဘယ်လို ဖောက်ပြန်တယ်ဆိုတာတွေကို အားမနာစမ်း မှတ်တမ်းတွေချန်ထားခဲ့လိမ့်မယ်။                 ဒေါ်အောင်ဆန်းစုကြည်               နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေ့စဉ် 11:11 AM အချိန်တိုင်း အမေစု၏ ဆိုဆုံးမစကားများကို https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။ #HlaingInfo

  • 18 апр. 2025 г.579103из infohlaing

    လှိုင်မြို့နယ်၊ လွတ်တော်အမတ်ကြီးကိုယ်တိုင် ပိုစ့် တင်ထားသော Hlaing Info အတွက် Hlaing Info ကို သက်ခဲ့တာ ၁၇ ဒီဇင်ဘာ ၂၀၂၄ နေ့ကတည်း လူကြီးမင်းတို့တွေ သတ်ခဲ့ကြတာပါ၊ ဒီနေ့မှာ Hlaing Info သေသွားပြီဆိုတော့ နည်းနည်းလေးတော့ လွဲနေပြီ။

  • Hlaing PDF Support pinned a photo

  • 18 апр. 2025 г.492141из infohlaing

    မိဘပြည်သူများသို့ အသိပေးခြင်း 🙏🙏🙏 Hlaing Info' Admin များအားလုံးသည် လုံခြုံစိတ်ချရသော နေရာများသို့ အသီးသီးရောက်ရှိပြီး ဖြစ်ကြောင်း  မိဘပြည်သူများကို အသိပေးအပ်ပါသည်။ မိဘပြည်သူများအား ယခုရက်ပိုင်း၌  Hlaing Info အနေ့ဖြင့် အချိန်နှင့်တပြေးညီ သတင်းများ တင်ဆက်ပေးနိုင်ခြင်း မရှိခဲ့သည့်အတွက် အနူးညွှန့်တောင်းပန်အပ်ပါသည်။ မနက်ဖြန်မနက်ပိုင်းမှစ၍ Hlaing Info Channel & Page များတွင် ပုံမှန်သတင်းတင်ဆက်နေသည့်အတိုင်း အချိန်နှင့်တပြေးညီ ပြည်သူများအားလုံးအတွက် ဆက်လက်တင်ဆက်သွားမည်ဖြစ်ကြောင်း ရိုသေလေးစားစွာဖြင့် အသိပေးအပ်ပါသည်။ ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info အဖွဲ့သားများမှ တော်လှန်ကတိသစ္စာပြုပါသည်။ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။ Hlaing Info အဖွဲ့သားများအားလုံး #HlaingInfo

  • без подписи

  • 18 апр. 2025 г.43742из infohlaing

    လှိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူများသည် အထက်ဖော်ပြပါ စာအား ၁၇.၁၂.၂၀၂၄ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ စာထုတ်ပြန်ခဲ့သူများ နှင့် အုပ်ချုပ်မှုအဆင့်ဆင့် ထံသို့ ဆက်သွယ်၍ အဖွဲ့ဂုဏ်သိက္ခာ ၊ လူ့ဂုဏ်သိက္ခာ၊ တော်လှန်ရေးဂုဏ်သိက္ခာ အတွက် ပြန်လည်ဖြေရှင်းပေးပါရန် အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း အချိန်ကာလ ၄ လခန့် ကြာမြင့်သည့်တိုင် နေရာယူ တာဝန်ခံထားသူများမှ ယနေ့အချိန်ထိ ပြန်လည်ဖြေရှင်းပေးခဲ့ခြင်းမျိုးမရှိခဲ့ပါ။ Hlaing Info သည် စစ်အာဏာရှင်များအား အမြစ်ပျက်ခြေမှုန်းရန် ရည်ရွယ်၍ တာဝန်သိပြည်သူများမှ စုဖွဲ့ကာ နိုင်ရာတာဝန်ထမ်း သတင်းများတင်ဆက်ပေးနေပါသောကြောင့် ချို့ယွင်းချက်များပါရှိနိုင်ပါသည်။ ခြေမ မကောင်းလျှင် ခြေမ၊ လက်မ မကောင်းလျှင်လက်မ ဖြစ်ရမည့် အစား၊ Hlaing Info ရဲ့ အမည်နာမအား အမည်ပျက်စာရင်းသွင်းခြင်းပြုလုပ်ခြင်းအပေါ် အဖွဲ့သားများမှ လုံးဝ လုံးဝ လက်မခံခဲ့သလို နောင်လည်း လက်ခံမည်မဟုတ်ပါ။ Hlaing Info အမည် နှင့် Logo အားလည်း တော်လှန်ရေးမပြီးမချင်း၊ ခေါင်းဆောင်များအားလုံး နှင့် ရဲဘော်များအားလုံး မလွတ်မြောက်မချင်း ပြောင်းလဲခြင်း ပြင်ဆင်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်းကို မိဘပြည်သူများအား ရိုသေလေးစားစွာအသိပေးအပ်ပါသည်။ Hlaing Info အဖွဲ့သားများအားလုံးသည် ယခင်က လှိုင်မြို့နယ် ပကဖ လက်အောက်တွင် သစ္စာရှိရှိ၊ တာဝန်ကျေပွန်စွာထမ်းရွက်ခဲ့ကြပြီး Hlaing Info အဖွဲ့သားများအားလုံးသည် ယခုအချိန်အခါတွင် လှိုင်မြို့နယ် ပကဖ ထံတွင် ကိုယ်စီနှုတ်ထွက်ပြီးဖြစ်ပေမဲ့ တော်လှန်ရေးမပြီးမချင်း၊ ခေါင်းဆောင်များအားလုံး နှင့် ရဲဘော်များအားလုံး မလွတ်မြောက်မချင်း ဆက်လက်တိုက်ပွဲဝင်မည့်သူများဖြစ်ကြပါသည်။ Hlaing Info ချန်နယ်စတင် တည်ထောင်ချိန်မှစတင်၍ ယနေ့အချိန်ထိ တင်ဆက်ခဲ့သော သတင်းများအားလုံးသည် အာဏာရှင်များအား ထောက်ခံရေးသားထားသော သတင်းများဖြန့်ဝေခြင်းမျိုး မရှိခဲ့သည်ကို မိဘပြည်သူများအားလုံး Hlaing Info ချန်နယ်ရဲ့  ယခင် ပို့စ်များအားလုံးကိုရှာဖွေကာ အသေးစိတ်ကိုယ်တိုင်စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Hlaing Info အဖွဲ့သားများသည် စစ်အာဏာရှင်များနှင့် ပူးပေါင်းအလုပ်လုပ်နေသည် (ဒလန်) ဟု အောက်တန်းကျစွာ လှိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူအချို့၏ မမှန်သတင်းဖြန့်ချိထားသည်ကို မိဘပြည်သူများအား Hlaing Info အဖွဲ့သားများမှ များစွာစိတ်မကောင်းဖြစ်ရပြီး အတိတ်၊ ပစ္စုပန်၊ အနာဂတ်၏ လုပ်ရပ်များဖြင့် သက်သေပြသွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်။ ယခင် လှိုင်မြို့နယ် ပကဖ မှ အလှုခံဖြတ်ပိုင်းများ Hlaing Info ချန်နယ်တွင် ‌ရှောင်လွှဲ၍ မရသည့်အခြေအနေဖြင့် တင်ပေးခဲ့ခြင်းအပေါ် မိဘပြည်သူများအား တောင်းပန်အပ်ပါသည်။ Hlaing Info အမည်နာမအား တော်လှန်ရေးအမည်ခံ၍ ကိုယ်ကျိုးစီးပွားရှာဖွေကာ အလှူခံစားလိုသူများတောင်းယူမရ၍ ပေါ်ပေါက်လာသော Hlaing People Channel သည် Hlaing Info နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်းဝန်ခံအပ်ပါသည်။  ၎င်းချန်နယ် သည် Hlaing Info အားတိုက်ခိုက်ရန် နှင့် မီဒီယာအားလက်နက်သဖွယ် အသုံးချကာ မိဘပြည်သူများထံမှ ထောက်ခံမှုရယူရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဒီဇင်ဘာ ၉၊ ၂၀၂၄ စတင်၍ လှိုင်မြို့နယ် ပကဖမှ လူယုတ်မာ အချို့  စတင်တည်ထောင်ထားသော ချန်နယ်ဖြစ်ပါသည်။  လှိုင်မြို့နယ် ပကဖ အမည်ခံ Hlaing PDF Support Team နှင့် လည်း Hlaing Info အဖွဲ့သားများအားလုံးသည် လုံးဝပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်း၊ ၎င်းချန်နယ်များမှ မိဘပြည်သူများထံမှ ပြည်သူ့ကာကွယ်ရေးအမည်ခံ အလှူခံနေခြင်းသည် Hlaing Info အဖွဲ့သားများနှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်း ရိုသေလေးစားစွာတင်ပြအပ်ပါသည်။ Hlaing Info အဖွဲ့သားအချို့သည် အသက်ရှင်ရပ်တည်ရန် Hlaing Info ချန်နယ်တွင် ထိုင်းထီရောင်းခြင်းမှ အပ အလှုခံခြင်း၊ ငွေကြေးလိမ်လည်ခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းများပြုလုပ်ခဲ့ပါက Admin များထံသို့ တိုက်ရိုက်တိုင်ကြားပေးပါရန်နှင့် Hlaing Info အမည်နာမအား အသုံးချ၍ ကိုယ်ကျိုးစီးပွားရှာဖွေခြင်းများကို လုံးဝ လုံးဝ ခွင့်ပြုမထားသည်ကို မိဘပြည်သူများအားလုံးကို ရိုသေလေးစားစွာအသိပေးအပ်ပါသည်။ ဖော်ပြပါ အကြောင်းအရာများသည် မည်သည့်အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်၍ဖြစ်စေ ထိခိုက်နစ်နာစေလိုခြင်းမရှိဘဲ ၁၇.၁၂.၂၀၂၄ တွင် လှိုင်မြို့နယ် ပြည်သူ့ကာကွယရေးအဖွဲ့မှ Hlaing Info Media အား အမည်ပျက်စာရင် ( Black List ) ကြေညာခြင်း စာထုတ်ပြန်ထားသည့်အပေါ် အခြေခံကာ ရေးသားထားခြင်းဖြစ်သည်ကို မိဘပြည်သူများ ကိုယ်တိုင် လေ့လာဆန်းစစ် စစ်ဆေးကြည့်နိုင်ပါသည်။ သို့ပါ၍ Hlaing Info မှ ယခုတုန့်ပြန်စာနှင့် ပတ်သက်၍ Hlaing Info အဖွဲ့သားများနှင့်တကွ မိသားစုဝင်များအား အသက်အန္တရာယ်အတွက် အနိုင်ပြုကျင့်ခြင်း၊ ဂုဏ်သိက္ခာမဲ့စွာ ပုတ်ခက်စော်ကားလာသော မည်သည့်ကိစ္စကိုမဆို ယခင်လို သီးခံခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း သက်ဆိုင်သူများအားလုံးကို အသိပေးအပ်ပါသည်။ Hlaing Info အဖွဲ့သားများ

  • 18 апр. 2025 г.2521из infohlaing

    Hlaing Info ရဲ့ သတင်းတင်ဆက်ခြင်းများ ရပ်နားမည့် ပို့စ်ရဲ့ အောက်တွင် ရိုသေလေးစားရပါသော မိဘပြည်သူများရဲ့ အပြုသဘောဆောင်သည့် Comment များ၊ ဖုန်းဆက်မေးမြန်း အကြံပြု‌သော ပြည်သူများ၊ ရဲဘော်ရဲဘက်များ၏ တိုက်တွန်းမှုများသည် Admin များအား စိတ်နှလုံး ထိခိုက်ခဲ့ရပါသောကြောင့် ပုံမှန်သတင်းများ တင်ဆက်နိုင်ရန် ရဲဘော်များအချင်းချင်းပြန်လည် သုံးသပ်တိုင်ပင်နေပါသောကြောင့် အချိန်ကာလအတိုင်းအတာ တစ်ခုထိ နားလည် ခွင့်လွှတ်သီးခံပေးပါရန် မိဘပြည်သူများအား ရိုသေလေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ Admin များ တိုင်ပင်ပြီးရလဒ်အပေါ် မိဘပြည်သူများအား ပြန်လည် အစီရင်ခံတင်ပြသွားပါသည်။ ယခုရက်ပိုင်းတွင် အရေးကြီးသတင်းများ မတင်ဆက်နိုင်ခြင်းအပေါ် နားလည်ခွင့်လွှတ်သီးခံပေးကြပါရန် နှင့် ရက်အနည်းငယ် အနားယူခွင့်ပြုပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ အပ်ပါသည်။ Hlaing Info အဖွဲ့သားများ

  • 16 апр. 2025 г.319101из infohlaing

    Hlaing Info အမည်ဖြင့် သတင်းများတင်ဆက်ခြင်းများ ရပ်နားခွင့်ပြုပါရန် မိဘပြည်သူများအား ရိုသေလေးစားစွာ အသိပေးခြင်း။ ရိုသေလေးစားရပါသော မိဘပြည်သူများ။ Hlaing Info အဖွဲ့သားများသည် ၂၀၂၁ ခုနှစ် မတရား စစ်အာဏာသိမ်းမှုစတင်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိ ကိုယ်ကျိုးစီးပွားမဖက်ဘဲ သစ္စာရှိရှိ တော်လှန်တိုက်ပွဲဝင်ခဲ့ကြပါသည်။ သို့သော်လည်း၊ မမျှော်လင့်သော အခက်အခဲတစ်စုံတရာကြောင့် ဆက်လက်၍ သတင်းတင်ဆက်ခြင်းများ မပြုလုပ်နိုင်တော့သည့်အတွက် မိဘပြည်သူများအား ရိုသေလေးစားစွာဖြင့် အနူးအညွတ် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ Hlaing Info အမည်နာမအား တော်လှန်ရေးအမည်ခံ၍ ကိုယ်ကျိုးစီးပွားရှာဖွေကာ အလှူခံစားလိုသူများ လက်ထဲသို့ လုံးဝ အပ်နှံမည်မဟုတ်ပါ။ ထို့ကြောင့် Hlaing Info Page အတု၊ ချန်နယ်အတုများဖြင့် အလှူခံခြင်းများ ဖြစ်ပေါ်လာပါက ကျွန်တော်/ကျွန်မတို့အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းကိုလည်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။ မိဘပြည်သူများ၏ နားလည်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ လေးစားစွာဖြင့်၊ Hlaing Info အဖွဲ့သားများ

  • "Ho Ho Ho. ဆုထူးဝေဆာ Lucky ဒီဇင်ဘာ" နွေဦးထီချစ်သူတို့အတွက် ၂၀၂၄ ကို လှပစွာ နှုတ်ဆက်နိုင်ပြီး နှစ်သစ်ကို ကြွယ်ဝစွာနဲ့ လျှောက်လှမ်းနိုင်ဖို့အတွက် သန်း 500 ဆုကြီးနှင့်တကွ ဆုမဲပေါင်းများစွာအပြင် ဒီဇင်ဘာ အမှတ်တရ အစီအစဥ်လေး ဖန်တီးထားပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း (၁၀) စောင် ဝယ်ယူတိုင်း ကံစမ်းခွင့် (၁) ကြိမ်ရရှိမှာ ဖြစ်ပြီး ကံစမ်းထားသူများထဲမှာ (၁၅) ဦး တိတိကို ကျပန်း ရွေးချယ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ လပ်ကီး ဒီဇင်ဘာ ဆုတွေကတော့.... ကျပ် သိန်း 30 ကံထူးရှင် (၅)ဦး ကံထူးရှင် (၅)ဦး နှင့် ကံထူးရှင် (၅)ဦး စသဖြင့် အသီးသီးပိုင်ဆိုင်သွားမှာနော်။ ကြိုတင်ဝယ်ယူထားတဲ့နံပါတ်တွေထဲကရွေးခြယ်ဝယ်ယူလိုလျှင်လည်းအောက်ပါနံပါတ်များကံစမ်းနိုင်ပါတယ်နော်..😍 1 109 762 1 771 920 2 361 113 1 404 765 1 690 752 1 985 470 1 970 601 2 213 696 1 746 473 1 617 288 2 368 183 2 153 798 2 434 059 2 064 211 1 949 359 1 365 299 1 790 243 1 449 131 1 437 522 1 166 710 2 181 465 1 928 563 2 996 707 2 523 147 2 301 104 1 854 040 2 194 193 2 126 942 1 365 840 1 790 159 1 160 673 1 945 243 2 290 609 1 386 358 1 291 391 1 975 810 2 911 869 1 206 633 2 587 179 2 626 231 2 724 111 1 283 073 1 716 847 2 104 288 1 638 150 1 929 087 2 740 033 1 401 136 2 984 916 1 684 201 ဒါဆို....ဆုထူးများစွာ ဝေဆာဖို့ (၁၀)စောင် များများဝယ် ၊ များများရ နှစ်သစ်ကို ပျော်ရွှင်စွာ အတူကြိုနိုင်ဖို့ နွေဦးထီ ကံစမ်းလိုက်ကြရအောင်အခုပဲ @HPDFSupportTeam ကိုဆက်သွယ်လိုက်နော်

  • No.671       CDM ကထိက၊ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ မှ           ကူညီပံပိုးမှုအတွက် လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ အထူးပင်ကျေးဇူးတင်ပါသည်။              တော်လှန်ရေးကာလ သုံးနှစ်ကျော်အချိန်အတွင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အခက်အခဲမျိုးစုံကြားမှ အဖမ်းဆီးခံ၊ အသက်ပေးကာ ပြည်သူများအပေါ် မတရားသဖြင့်အုပ်ချုပ် အနိူင်ကျင့်နေကြသော အကြမ်းဖက်စစ်တပ် နှင့် အကြမ်းဖက်အားပေးထောက်ခံသူများအား ဖယ်ရှားရှင်းလင်းခဲ့ပါသည်။              တော်လှန်ရေးမပြီးဆုံးမချင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ပြည်သူများအားဆက်လက်ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ဆက်လက်ကြိုးစားသွားမည့်အကြောင်း အသိပေးအပ်ပါသည်။            လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ NUGPay အပြင် နွေဦးဘဏ် SDB မှလည်း ကူညီနိုင်ပါသည်။             လှိုင်မြို့နယ်ကိုကာကွယ်ဖို့ ပူးပေါင်းပါဝင်ကြပါစို့။            Facebook Page :      https://www.facebook.com/hpdfsupport/            Telegram Channel :      https://t.me/hpdfsupport            Contact :      https://m.me/hpdfsupport            https://t.me/HPDFSupportTeam

  • No.672       FRIEND ( နွေဦးထီကံထူးသူ ) မှ           ကူညီပံပိုးမှုအတွက် လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ အထူးပင်ကျေးဇူးတင်ပါသည်။              တော်လှန်ရေးကာလ သုံးနှစ်ကျော်အချိန်အတွင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အခက်အခဲမျိုးစုံကြားမှ အဖမ်းဆီးခံ၊ အသက်ပေးကာ ပြည်သူများအပေါ် မတရားသဖြင့်အုပ်ချုပ် အနိူင်ကျင့်နေကြသော အကြမ်းဖက်စစ်တပ် နှင့် အကြမ်းဖက်အားပေးထောက်ခံသူများအား ဖယ်ရှားရှင်းလင်းခဲ့ပါသည်။              တော်လှန်ရေးမပြီးဆုံးမချင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ပြည်သူများအားဆက်လက်ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ဆက်လက်ကြိုးစားသွားမည့်အကြောင်း အသိပေးအပ်ပါသည်။            လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ NUGPay အပြင် နွေဦးဘဏ် SDB မှလည်း ကူညီနိုင်ပါသည်။             လှိုင်မြို့နယ်ကိုကာကွယ်ဖို့ ပူးပေါင်းပါဝင်ကြပါစို့။            Facebook Page :      https://www.facebook.com/hpdfsupport/            Telegram Channel :      https://t.me/hpdfsupport            Contact :      https://m.me/hpdfsupport            https://t.me/HPDFSupportTeam

  • 1 дек. 2024 г.4008из infohlaing

    Hlaing Info မှ အရင်အပတ်က ဘတ်လေးသောင်းတဦး၊ ယခုအပတ် ဘတ်နှစ်သောင်းကံထူးရှင်တဦးထပ်ပါပြန်ပြီ 💃💃💃 နောက်ထပ် ကံထူးသူများလည်း ရှိနေပါသေးတယ်။ #HlaingInfo

  • без подписи

  • без подписи

  • နွေဦးထီကံထူးသူများအားဆက်သွယ်ထားပါပြီနော်... မနေ့ညက web app technical error ကြောင့်ချက်ခြင်းအကြောင်းမကြားနိုင်ခဲ့တဲ့အတွက်လည်းတောင်းပန်အပ်ပါတယ်... ဓမ္မဘက်တော်သားပြည်သူများအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေ..🙏🙏🙏

  • နွေဦးထီ web application လေး technical error ကြောင့်ထီပေါက်သူများကိုအကြောင်းကြားပေးဖို့ခဏတော့စောင့်ဆိုင်းပေးပါနော်..ရတာနဲ့ဆက်သွယ်ပါမယ်..🙏

  • без подписи

  • без подписи