tgindex
🅷🆄🅱️ 🅽🅴🆆🆂 🌍📡

🅷🆄🅱️ 🅽🅴🆆🆂 🌍📡

Статистика

အမှန်ကိုသိ၊ အမှားကိုရှောင်၊ လူမှုဝန်းကျင်ကို အတူတကွ စောင့်ရှောက်ကြပါစို့

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
18
Всего постов
29
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
386
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
69
29 постов
Вовлечённость
17,9%
к подписчикам
Постов в день
2,6
всего 29
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
52
1/48двое суток
59
1/72трое суток
64

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 14 авг.37из khinnyochaw8888

    ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများကို ဌာနဆိုင်ရာအလုပ်ခေါ်ယူမှုများတွင် အသက်ကန့်သတ်ချက် လျှော့ပေါ့ပေး ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့ပံ့ပိုးပေးလျက်ရှိရာ ဌာနဆိုင်ရာအလုပ်ခေါ်ယူမှုများတွင် အသက်ကန့်သတ်ချက်များကို လျှော့ပေါ့သတ်မှတ်ပေးလျက်ရှိကြောင်း သိရသည်။ ယင်းအနက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (ရန်ကုန်) ၏ အလုပ်ခေါ်ယူမှုတွင် အငယ်တန်းစာရေး၊ ယာဉ်မောင်း၊ လုံခြုံရေးနှင့် သန့်ရှင်းရေးအကူ ရာထူးများအတွက် ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး ပုံစံ(၁၂) ရရှိထားသူများသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက မူလအသက်ကန့်သတ်ချက်ထက် (၃)နှစ်အထိ လျှော့ပေါ့ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

  • 14 авг.27из kothetjournalist9000

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်ပြောကြားချက်များမှ ကောက်နုတ်ချက် KT August 14

  • 14 авг.37из khinnyochaw8888

    ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန အသိပေးနှိုးဆော် ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အနေနဲ့ ရောဂါကာကွယ်ရေးနှင့် ရှေးဦးပြုစုကုသရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် သက်ဆိုင်ရာက အသိပေးနှိးဆော်ထားပါတယ်။ ကျန်းမာရေးအတွက် သောက်သုံးရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်သုံးရန်၊ အစားအစာများကို ကျက်ကျက်မှန်မှန်ချက်ပြုတ်၍ ပူပူနွေးနွေး စားသုံးရန်နဲ့ ယင်မနားစေရန် သေချာဖုံးအုပ်ထားရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် အစားမစားမီ အိမ်သာ အသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့် စနစ်တကျဆေးကြောရန်လည်း တိုက်တွန်းထားပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက အဓိကအန္တရာယ်မှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ်များ ခမ်းခြောက်ခြင်းဖြစ်တာကြောင့် ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး ဓာတ်ဆားရည် (ORS) ကို သန့်ရှင်းတဲ့ရေနဲ့ စနစ်တကျဖျော်စပ်ကာ မကြာခဏ တိုက်ပေးရန် လိုအပ်ကြောင်း သိရပါတယ်။ #News

  • စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေများ ======================= ၁၁-၈-၂၀၂၆ ရက်နေ့အထိရရှိသည့် စာရင်းများအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦး၊ ကျွန်းလှ၊ တန့်ဆည်၊ စစ်ကိုင်း၊ ကန့်ဘလူနှင့် မင်းကင်းမြို့နယ်များ၌ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မြစ်ချောင်းများမှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်/ ကျေးရွာများမှ အိမ်ထောင်စု ၃၂၂၁ စု၊ လူဦးရေ ၁၁၄၀၃ ဦးတို့သည် ရေဘေးရှောင်စခန်း ၂၉ ခုသို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရဲ့ အဓိကလုပ်ငန်းတာဝန်တစ်ရပ် ဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်များကြောင့် ဘေးသင့်သူတွေကို လတ်တလော စားဝတ်နေရေး ပြေလည်စေရန်ထောက်ပံ့ခြင်းဆိုတဲ့ လုပ်ငန်းတာဝန်နဲ့အညီ ရေဘေး လွတ်ကင်းရာ နေရာများသို့ ခိုလှုံရောက်ရှိလာတဲ့ ပြည်သူတွေအတွက် ကနဦးအနေနဲ့ ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ခြင်း၊ အဝတ်အထည်နဲ့ အိမ်သုံးပစ္စည်းတွေ ဆုံးရှုံးခဲ့ရင် ကျား/ မ အလိုက် ဝတ်ဆင်နိုင်တဲ့ ပုဆိုး၊ မဝတ်လုံချည်၊ တီရှပ်၊ မျက်နှာသုတ်ပုပါ၊ စောင် စသည်တို့ ထောက်ပံ့ခြင်း၊ မီးဖိုချောင်သုံးပစ္စည်းများထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိရာမှာ ယခုမေးမြန်းထား ရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရေဘေးရှောင်စခန်းတွေကို ရောက်ရှိနေတဲ့ လူဦးရေ တစ်သောင်းကျော်အတွက် ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်၊ နေအိမ်နဲ့ အိမ်သုံးပစ္စည်းဆုံးရှုံးမှုတွေ ရှိလာခဲ့ရင်လည်း သတ်မှတ်နှုန်းထားများ အတိုင်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို ရေဘေးရှောင်စခန်းများမှာ နေထိုင်စဉ် စားသောက် ဝတ်ဆင်ရေးဆိုင်ရာ ထပ်မံလိုအပ်ချက်များ ရှိလာခဲ့ရင်လဲ လိုအပ်ချက် အပေါ်မူတည်ပြီး ထပ်ဆောင်းဆန်ရိက္ခာ၊ အသင့်စားခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးသေတ္တာ အပါအဝင် ထောက်ပံ့မှု များကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ရာသီအလိုက် ဖြစ်ပွား တတ်တဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့၊ လျှော့ချနိုင်ဖို့ ဘေးဖြစ်ရာသီကာလများမတိုင်မီ ကြိုတင်ပြီး အများပြည်သူသိရှိသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကြိုတင်ပြင်ဆင်လိုက်နာဆောင်ရွက်ရန်များကိုပြည်သူ လူထုအသိ ပညာပေး နည်းလမ်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချပေးရန်ဆိုတဲ့ လုပ်ငန်းတာဝန်ကို ဆောင်ရွက် လျှက်ရှိပါတယ်။ အသက်ကယ်ဆယ်ခြင်း၊ ဘေးလွတ်ရာရွှေ့ပြောင်းခြင်းလုပ်ငန်းများကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင် ဖွဲ့စည်းထားသည့်လုပ်ငန်းကော်မတီ ၁၂ ရပ် အနက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အဆင့်ဆင့်ဖွဲ့စည်းထားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များက အသက်ကယ်ဆယ်ခြင်း၊ ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်း၊ စခန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းရပ်များတွင် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများက မိမိတို့၏ပင်မနည်းပညာလုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်လျှက်ရှိကြသည် ဖြစ်ရာ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူများ အကူအညီ တောင်းခံ နိုင်ကြောင်း၊ Help Line ဖုန်းနံပါတ် ၀၆၇- ၃၄၀၄၆၆၆၊ ၀၆၇- ၃၄၀၄၇၇၇ များသို့ ဆက်သွယ် နိုင်ကြောင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ရုပ်မြင်သံကြား နှင့်ရေဒီယို အစီအစဉ်များ၊ နေ့စဉ်ထုတ်သတင်းစာများ၊ လက်ကမ်းစာစောင်များတွင် ထည့်သွင်းဖော်ပြထား ပါသည်။

  • အရေးတကြီး သတင်းထုတ်ပြန်ချက် ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းရောဂါအရေးပေါ်အခြေအနေဖြစ်ပေါ်နေပြီး လမ်းမတော်နှင့် လသာမြို့နယ်တို့မှ ဝမ်းပျက်ဝမ်းလျောလူနာ ရာကျော်ကို အရေးပေါ်ဌာနနှင့် စောင့်ကြည့်လူနာဌာနတွင် အရေးပေါ်ကုသပေးလျက်ရှိသည်။ လူနာဦးရေ ဆက်လက်များပြားလာနိုင်သည့်အတွက် ဆေးရုံအနေဖြင့် GE case Tent ကို ချက်ချင်းဖွင့်လှစ်ရန် ဆောင်ရွက်နေပြီဖြစ်သည်။ လက်ရှိဖြစ်ပွားမှုအတွက် အဓိကအကြောင်းရင်းမှာ ရေပိုက်လိုင်းများအတွင်း ညစ်ညမ်းမှုဟု ယာယီသုံးသပ်ထားသောကြောင့် လသာနှင့် လမ်းမတော်မြို့နယ်ရှိ သောက်သုံးရေလိုင်းအားလုံးကို အရေးပေါ်စစ်ဆေး သန့်ရှင်းရေးပြုလုပ်ရန် သက်ဆိုင်ရာဌာနများထံ အထူးအရေးတကြီး တောင်းဆိုအပ်ပါသည်။ ထို့အပြင် ရေလိုင်းတစ်ခုတည်းသာ အကြောင်းရင်းမဟုတ်နိုင်သည့်အတွက် ရောဂါပျံ့နှံ့မှုပုံစံ၊ စားသောက်ကုန် ထောက်ပံ့မှုကွင်းဆက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုပါ ဆက်လက်သုတေသနပြု ဖော်ထုတ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက သတိပေးထားသည်။ ဤရောဂါသည် လမ်းဘေးဆိုင်ငယ်များမှသာမက ဆိုင်ကြီးဆိုင်ကောင်းများ၏ နောက်ကွယ်ရှိ မသန့်ရှင်းမှုများကြောင့်လည်း အလွန်လျင်မြန်စွာ ကူးစက်နိုင်ပါသည်။ အသွင်အပြင်သာကောင်းမွန်ပြီး မီးဖိုချောင်နှင့် ရေခဲသေတ္တာများအတွင်း သန့်ရှင်းမှုအားနည်းနေပါက လူနာအရေအတွက် ပိုမိုဆိုးရွားလာနိုင်သောကြောင့် စားသုံးသူပြည်သူများအနေဖြင့် အလွန်အမင်းသတိပြုရွေးချယ်ရန် လိုအပ်ပါသည်။ ပြည်သူများအနေဖြင့် အောက်ပါအချက်များကို အထူးလိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။ သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ ရွေးချယ်စားသုံးရန်၊ အစာမစားမီနှင့် အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောရန်၊ ပြုတ်ကျိုထားသော ရေ သို့မဟုတ် တံဆိပ်ခတ်သန့်စင်ရေကိုသာ သောက်သုံးရန်၊ အစားအစာများကို ကျက်အောင်ချက်ပြုတ်စားသုံးရန်၊ ဝမ်းလျှောခြင်း၊ အန်ခြင်းစသော ရောဂါလက္ခဏာများခံစားရပါက အိမ်တွင်မနေဘဲ နီးစပ်ရာဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ချက်ချင်းပြသရန် လိုအပ်ပါသည်။ ရှောင်ရန်မှာ ရေခဲများ၊ အသုပ်များ၊ လမ်းဘေးတွင်ရောင်းချသော အစိမ်းလိုက်အစားအစာများကို လုံးဝရှောင်ကြဉ်ရန်၊ မသေချာမသန့်သော စားသောက်ဆိုင်များတွင် မသွားရောက်စားသုံးရန် ဖြစ်သည်။ ယခုအချိန်သည် ရောဂါတားဆီးကာကွယ်ရေး အချိန်ကာလဖြစ်သောကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။ သတင်းအသစ် များကို ဆက်လက်ထုတ်ပြန်သွားပါမည်။ ကျန်းမာရေးဝန်ကြီးဌာန

  • без подписи

  • без подписи

  • 12 авг.5661из hminewai

    နေပြည်တော်တွင် ရာဇာမင်းယာဉ်လိုင်းမှ EV Bus ဖြင့် ပုံသေယာဉ်စီးခနှုန်းထား ၁၀၀၀ ကျပ်ဖြင့် နေ့စဉ် ပြေးဆွဲပေးနေ နေပြည်တော်တွင် ရာဇာမင်းယာဉ်လိုင်းမှ EV Bus ဖြင့် ပုံသေယာဉ်စီးခနှုန်းထား ၁၀၀၀ ကျပ်ဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ နေပြည်တော်တွင် နေထိုင်လျက်ရှိသည့် ဝန်ထမ်းများနှင့် အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ရာဇာမင်းယာဉ်လိုင်းမှ EV Bus ဖြင့် (နေပြည်တော် မြိုမဈေး - ဆေးရုံပေါက် - သပြေကုန်းဈေး - မိုးသီရိဂိတ် - စည်ပင်ဧည့်ရိပ်သာ - ဇမ္ဗူသီရိအထူးကုဆေးရုံကြီး - နေပြည်တော်ကောင်စီရုံး - လက်ပံခါးလှ - ဆင်ရတနာ -ရွှေညောင်ပင်ဂိတ် - ရွာကောက်ကွေ့ - ပေါင်းလောင်း(၄)လမ်း - နှင်းဆီပန်းအဝိုင်း - ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအထိ ) နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

  • 12 авг.7031из dgf21news

    ချမ်းမြသာစည်မြို့နယ်၌ ကျပ် ၁.၄ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိ ===== မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် ၁.၄ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (CCDAC Myanmar) ၏ ထုတ်ပြန်ချက်အရ သိရသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက်က သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်တွင် အမျိုးသမီး ၂ ဦးအား ရောင်စုံ ပလတ်စတစ် ဆပ်ပြာခွက် ၆,၆၀၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၅၉.၄ ကီလိုဂရမ် (ဒေသကာလတန်ဖိုး ငွေကျပ် ၁.၄၈၅ ဘီလီယံ)၊ HIJET မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။   မင်းခေါင်

  • без подписи

  • без подписи

  • 12 авг.5721из kothetjournalist9000

    နိုင်ငံတော်သမ္မတ နှင့် NDAA ဥက္ကဋ္ဌ တို့ တွေ့ဆုံ၍ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားချက်မှ ကောက်နုတ်ချက် KT August 12

  • မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ   နေပြည်တော် ဩဂုတ် ၁၁   နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသာရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝပြန်လည်အခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။   ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် စုံစမ်းရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား ဖုန်းမျိုးစုံ ၈၅ လုံး All In One ကွန်ပျူတာ ၁၁ လုံး၊ Star Link ၂ လုံး၊ Power Station ၂ လုံး၊ Laptop ၄ လုံး၊ UPS ၁ ခု ၊ ဆိုင်ကယ် ၂ စီး ၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။   အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။   နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

  • без подписи

  • без подписи

  • မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

  • အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခြောက်ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်   နေပြည်တော် ဩဂုတ် ၁၁   ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား နှစ်ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား တစ်ဦး၊ ဘူရွန်ဒီနိုင်ငံသား တစ်ဦး၊ ယူဂန်ဒါနိုင်ငံသား တစ်ဦးနှင့် တိုဂိုနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ခြောက်ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။   အဆိုပါပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့်တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။   ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယားနိုင်ငံ၊ လိုက်ဘေးရီးယားနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ ယူဂန်ဒါနိုင်ငံနှင့် တိုဂိုနိုင်ငံသံရုံးတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။   ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ဝ ရက်မှ ၂ဝ၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၄၀ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၈၂ဝ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။   လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၂ဝ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃ (၁)/ ၁၃ (၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၇၁၃ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၀၇ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။   နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

  • အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခြောက်ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်

  • без подписи

  • Twitter မှာတော့ ဒေါ်လာ ၂ သန်းကျော်ခိုးတဲ့ သူခိုးကျော်မိုးထွန်းနဲ့ပတ်သက်တဲ့ Post တွေ ပလူပျံနေပြီ.. လာမယ့် စက်တင်ဘာလမှာကျင်းပမယ့် ကုလသမဂ္ဂအစည်းအဝေးမှာ သံအမတ်အသစ်ခန့်အပ်တော့မှာဆိုတော့ သိပ်မကြာခင် ဒီကောင်လည်း ဖျာလိပ်ရတော့မယ်.. တရားဝင်အစိုးရကို ဘယ်သူတွေအသိအမှတ်ပြုမှာလည်းဆိုတာ သိချင်ကြလား..? သိချင် စောင့်ကြည့်ကြ.. ဟွင်းဟွင်း မှိုင်းဝေ