IdeaHub Beauty and Health
Статистикаလှပ ကျန်းမာဖို့အတွက် သိသင့်တဲ့ အကြောင်းအရာများ၊ အလှအပဆိုင်ရာ နည်းလမ်းများ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံများ မျှဝေပေးသွားမှာပါ။ https://t.me/ideahubmyanmar
- Последний пост
- 28 дек.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကျောင်းဆောင်မှာ အတူနေကြမယ့် အခန်းဖော်တွေကြားမှာ နားလည်မှုတွေနဲ့ အပြန်အလှန် ဂရုစိုက်မှုတွေရှိနေတာက စာကျက်ရတာထက်တောင် ပိုအရေးကြီးတယ်မလား? 🌸 အဆောင်နေရင်း ကြုံတွေ့ရနိုင်တဲ့ ခံစားချက်လေးတွေ၊ ပြီးတော့ ထရန်စဂျန်ဒါ အမျိုးသမီးလေးတွေနဲ့ အတူနေထိုင်ရတဲ့အခါ ဖြစ်ပေါ်လာမယ့် သဘောထားလေးတွေကို ပညာရပ်ဆိုင်ရာ သုတေသနလေးတစ်ခုအနေနဲ့ စုစည်းနေလို့ပါ။ 💖 သူငယ်ချင်းတို့ရဲ့ အမြင်လေးတွေက အများကြီး အထောက်အကူပြုမှာမို့လို့ ခဏလေးအချိန်ပေးပြီး ဒီ Form လေးကို ဖြည့်ပေးခဲ့ပါဦးနော်။ လူတိုင်းအတွက် ပိုကောင်းတဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖြစ်လာဖို့ အတူတူ ဝိုင်းဝန်းပေးကြပါဦးရှင်။ 🥰🌷 ဖြည့်ပေးဖို့ လင့်ခ်လေးကတော့ ဒီမှာပါ - 🔗 https://forms.gle/DB2aQv6pbTgmd9Ni8 (လင့်ခ်က စိတ်ချရပါတယ်ရှင့်။ ကျားဖြန့်မဟုတ်ပါဘူးရှင်။ လူတွေက လင့်ခ်မြင်ရင် ကြောက်နေကြတာ တွေ့လို့ပါ။) ကျေးဇူးအများကြီးတင်ပါတယ်ရှင်🌺 #Htet #Ekri #Form #IdeaHub #WomenNation
ထက်ဒီနေ့ကစပြီး "ဧကရီ" (Ekri) ဆိုတဲ့ ကလောင်နာမည်၊ ခေါ်ဝေါ်မှုကိုသာ လက်ခံတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။ "ဧကရီ" (Ekri) လို့ဘဲ သုံးပါတော့မယ်နော်။ "ထက်" လို့မသုံးတော့ပါဘူးရှင့်။ Akari မဟုတ်ပါ။ Ekari မဟုတ်ပါဘူးရှင့်။ Ekri ပါ။ #Ekri #Htet #Name
သွေးသားတော်စပ်မှုဆိုတာထက် ဘယ်သူက ကိုယ့်ဘေးမှာ ရှိနေပေးခဲ့လဲဆိုတာက ပိုအရေးကြီးပါတယ် မိဘတွေက မောင်လေးဖြစ်သူ Pedro ကိုပဲ "ဉာဏ်ကြီးရှင်" ဆိုပြီး အရာရာ ဦးစားပေး၊ အလိုလိုက်ခဲ့ပေမဲ့ သမီးဖြစ်သူ Camilia ကိုကျတော့ ကျောင်းတောင် မထားပေးဘဲ လစ်လျူရှုခဲ့ကြတယ်။ Camilia ဟာ သူ့ရဲ့ ဝါသနာဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်းပညာကို ကိုယ်တိုင်လေ့လာရင်း သူ့ကို အမှန်တကယ် နားလည်ပေးတဲ့ သူငယ်ချင်းကောင်း Sophia နဲ့ တွေ့ဆုံခဲ့ပါတယ်။ မောင်လေးဖြစ်သူရဲ့ ကောက်ကျစ်မှုကြောင့် အိမ်ကနှင်ချခံရပြီး ကိုယ်ထူးကိုယ်ချွန် ကြိုးစားခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ Camilia တစ်ယောက် သူ့အရည်အချင်းနဲ့သူ ထိုက်တန်တဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပါပြီ။ ဒီဇာတ်လမ်းလေးက ပေးချင်တဲ့ Message ကတော့ ရှင်းပါတယ်။ မိသားစုဆိုတာ သွေးတော်မှ မဟုတ်ပါဘူး။ ကိုယ်ဒုက္ခရောက်နေချိန်မှာ လက်ကမ်းကူညီပြီး ဖေးမပေးတဲ့သူတွေကသာ ကိုယ့်ရဲ့ စစ်မှန်တဲ့ မိသားစုပါ။ ❤️ Video လေးကို crd ပေးပါတယ်ရှင့်။ #Inspirational #AnimationStory #WomenEmpowerment #SuccessStory #ChosenFamily
အကယ်၍ သင် သို့မဟုတ် သင့်မိတ်ဆွေတစ်ဦးဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရပါက အောက်ပါ အချက်များကို လိုက်နာဆောင်ရွက်နိုင်ပါသည်။ လုံခြုံရေးအတွက် ဘေးကင်းသော နေရာသို့ အရင် ရွှေ့ပြောင်းပါ။ သက်သေအထောက်အထားအတွက် ရေချိုးခြင်း၊ အဝတ်အစား လဲလှယ်ခြင်း ချက်ချင်း မပြုလုပ်ပါနှင့် (DNA အထောက်အထားအတွက် အရေးကြီးပါသည်)။ ဆေးဝါးကုသမှုခံယူရန် နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ ၇၂ နာရီအတွင်း သွားရောက်ပါ။ (PEP နှင့် Emergency Contraception အတွက်)။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုရယူရန် ယုံကြည်ရသော မိတ်ဆွေ သို့မဟုတ် ဆွေးနွေးအကြံပေးသူများနှင့် စကားပြောပါ။ သတိပြုရန် - သင်တစ်ယောက်တည်း မဟုတ်ပါ။ အကူအညီ တောင်းခံရန် ဝန်မလေးပါနှင့်။
ဒီပို့စ်ကို တွေ့ရင် ခဏရပ်ပြီး ဖတ်ပေးပါ။ ဒီနေ့ဟာ သာမန်ရက်စွဲတစ်ခု မဟုတ်ပါဘူး။ နိုဝင်ဘာ ၂၀ ရက်နေ့၊ TDoR (Transgender Day of Remembrance) မှာ မုန်းတီးမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ ထရန်စ်အစ်မတွေ၊ ညီမတွေအတွက် ကျွန်မ ဖယောင်းတိုင် ထွန်းညှိခဲ့ပါတယ်။ စာရေးသူ ထက်အနေနဲ့ ကျွန်မရဲ့ ဆယ်ကျော်သက်အရွယ် ရုန်းကန်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခတွေနဲ့ ဂျန်ဒါနိုင်ငံရေးဆိုင်ရာ ခံယူချက် တွေကို ဒီဆောင်းပါးမှာ ရင်ဖွင့်ထားပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ဘာကြောင့် စစ်မြေပြင် ဖြစ်နေရတာလဲ။ လူ့အဖွဲ့အစည်းက ကျွန်မတို့အပေါ် ကျူးလွန်နေတဲ့ Structural Violence တွေက ဘာတွေလဲ။ ကျွန်မတို့ ဘာကြောင့် ရဲရင့်စွာ ဆက်လက် ရှင်သန်ပြဖို့ လိုအပ်နေတာလဲ။ ဒီဆောင်းပါးဟာ ရိုးရိုးသားသား ရင်ဖွင့်ချက်တစ်ခုပါ။ နားလည်မှုနဲ့ အတူတူ ရပ်တည်ပေးခြင်း ကို လိုအပ်နေတဲ့ လူငယ်တစ်ယောက်ရဲ့ အသံပါပဲ။ ❗️ သတိပေးချက်။ ဤလင့်ခ်သည် ကျွန်မ၏ တရားဝင် WordPress Blog သာ ဖြစ်ပြီး အန္တရာယ်ရှိသော လင့်ခ် (Spam/Phishing/ကျားဖြန့်လင့်ခ်) မဟုတ်ကြောင်း အာမခံပါသည်။ ရှင်တို့ရဲ့ နားလည်ပေးမှုက ကျွန်မတို့အတွက် အားအင်ပါ။ ကျေးဇူးပြုပြီး အချိန်ပေးပြီး ဝင်ဖတ်ပေးပါ။ 👇 🔗 ဆောင်းပါးအပြည့်အစုံကို ဒီမှာ ဝင်ဖတ်နိုင်ပါတယ်။ 👉 https://htetofficial.wordpress.com/2025/11/20/transgender-day-remembrance-nov-20-article/ #TDoR #TransgenderDayofRemembrance #GenderEquality #HumanRights #Feminism #SocialJustice #MyanmarYouth #Htet #WomenNation #Article #Essay #HtetWrites #Transwoman #IdeaHub
မှိုတက်တဲ့ Pad ဂယက် အလှအပ Gp တစ်ခုမှာ တက်လာတဲ့ လစဉ်သုံးပစ္စည်းရဲ့ အတွင်းထဲမှာ မှိုတွေ တွေ့တယ်ဆိုတာ မြင်တော့ ကျဲန်းသုံးနေကျတံဆိပ်လည်း ပါနေလို့ လန့်သွားသေးတယ်။ ဒါပေမဲ့ အဲ့ဒါက ဂွမ်းမညီတာ ဖြစ်နိုင်ပါတယ်။ ဆိုတော့ ရှာဖတ်ပြီး ဒါလေးလာပြောပြတာပါ။ 📌လစဉ်သုံး Pad တွေက မှိုစွဲနိုင်သလား ? အဖြေက စွဲနိုင်ပါတယ်။ 🔹 Package က လေမလုံတာ၊ ပျက်ဆီးနေတာ 🔹 Damp & Humid ဖြစ်တဲ့နေရာတွေမှာ သိမ်းမိတာ 🔹 မသုံးခင်မှာ ရေစိုထားတာ 🔹 Expire date ဖြစ်နေတာ စတဲ့ ကိစ္စတွေကြောင့် လစဉ်သုံးပစ္စည်းတွေမှာ မှိုတက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ 📌 ဘယ်လိုသိနိုင်မလဲ ? Pad ကို ဖြန့်လိုက်တာနဲ့ အပေါ်ယံမှာ အမဲစက်ရှိနေတာ၊ အစိမ်းရောင်၊ အညိုရောင် အစက်တွေရှိနေရင် မသုံးသင့်ပါဘူး။ 📌 အတွင်းထဲမှာ မှိုစွဲနေရင်ရော ဘယ်လိုလုပ်မလဲ? Pad တွေက သေချာ pressed and sealed လုပ်ထားတာဖြစ်လို့ အတွင်းထဲမှာပဲ မှိုတက်နေဖို့ဆိုတာ အတော်ဖြစ်နိုင်ခြေ နည်းပါတယ်။ မှိုတက်မယ်ဆို လေနဲ့တိုက်ရိုက်ထိတွေ့မယ့် အပေါ်ယံက ဖြစ်နိုင်ခြေအများဆုံးပါပဲ။ 📌 ဒါဆို ဘာလို့မီးရောင်အောက်မှာ အဲ့လိုမြင်ရတာလဲ? Pad တွေက မတူညီတဲ့ Layer တွေ အများကြီးနဲ့ ပြုလုပ်ထားတာပါ။ 🔹အတွင်းထဲက Glue lines တွေက Darker Stripes တွေအနေနဲ့ မြင်ရနိုင်သလို 🔹အရည်ကိုစုပ်ယူနိုင်တဲ့ Absorbent layers တွေက တညီတညာတည်း မဖြစ်နိုင်ပါဘူး။ 🔹 ပြီးတော့ တချို့အလွှာတွေက အလင်းကို reflect လုပ်တဲ့ပုံချင်း မတူပါဘူး။ 📌 ဘယ်လိုခွဲခြားသိနိုင်မလဲ ? 📍ဒီလိုဆိုရင် မှိုမဟုတ်ပါဘူး။ 🔹 မီးရောင်ပေါ် တင်ကြည့်မှ မြင်ရတယ်၊ 🔹 အပေါ်ယံမှာ အစိမ်း၊ အမဲ၊ အညိုစက်တွေ မတွေ့ရဘူး၊ 🔹 အရိပ်ကျတာ၊ တစ်ခုခုက ထူလို့ အလင်းမပေါက်တဲ့ပုံနဲ့ ပိုတူတယ်။ 📍ဒါတွေ မြင်နေရရင်တော့ မှိုတက်တာပါ။ 🔸 မီးထွန်းစရာမလိုပဲ အပေါ်ယံမှာတင် မြင်နေရရင်၊ 🔸 အမဲရောင်၊ အညိုရောင်၊ ခဲရောင်၊ အစိမ်းရောင် အစက်အပြောက်တွေ ရှိနေရင်၊ 🔸 ဇဝေဇဝါဖြစ်စရာ အကွက်တွေ၊ ပြောက်တိပြောက်ကျားတွေ ရှိနေရင်တော့ မှိုတက်နေတာပါရှင်။ မသုံးပါနဲ့နော်၊ ဝဲပစ်လိုက်ပါ 😚 ချစ်ခြင်းများစွာဖြင့် ပေါ်တော်မူ ကျဲန်းကျဲန်း 💛 Crd
ပုံထဲက ညီမလေးလို "Assignment" တွေ "A+" တွေနဲ့ အေးဆေး ပြီး GL/BL ကြည့်ဖို့ အချိန်ပိုတွေ လိုချင်လား? 💖😁👭👬👩❤️👩💑👩❤️💋👩 "Assignment" ဆိုတဲ့ Monster ကြီးကို Cute ကျကျ Kill မယ့် "Assignment Bible" လာပြီ! Stress-free နဲ့ Distinction တွေ ယူမယ့် Secret Tips တွေကို အမက "Step-by-Step" ရှင်းပြထားတယ်။ ⬇️ ဆောင်းပါး အပြည့်အစုံဖတ်ရန်: https://htetofficialmm.blogspot.com/2025/11/assignment-glbl-assignment-smart.html (Link က စိတ်ပူစရာမရှိပါဘူးနော်။ လုံခြုံစိတ်ချပါရှင့်။) 💋 ညီမလေးတို့ရဲ့ တာဝန် ဝင်ဖတ်ပါ။ (Link ကို နှိပ်) သူငယ်ချင်းတွေအတွက် Share (Forward) လုပ်ပေးပါ။ ညီမလေးရဲ့ "Assignment" အတွေ့အကြုံကို Comment မှာ ပြောပြခဲ့ပါ။ ဒါမှမဟုတ် အမဆောင်းပါးနဲ့ပက်သက်ပြီး ပြောပြခဲ့ပါ။👇 #Htet #HtetWrites #Assignment #School #Education #Sisters #Student #Myamar #Blog
ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု (Grooming) ကို 'အချစ်' ဟု ပုံဖော်ခြင်းအား စစ်ကြေညာခြင်း – BL/GL Fic ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း၏ အမြင်မှားများ ဒီဆောင်းပါးမှာ Pedophilia နဲ့ Child Grooming ဆိုတာ ဘာလဲ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီကိစ္စတွေ ဘယ်လို 'ပုံမှန်' အနေနဲ့ လက်ခံနေကြသလဲ BL/GL Fic အချို့၊ ရုပ်ရှင်၊ဇာတ်လမ်းအချို့က ဒီလိုအဆိပ်အတောက်တွေကို ဘယ်လို "အချစ်" အဖြစ် ဖုံးအုပ်နေကြသလဲ ကို စိတ်ဝင်စားသူတိုင်းအတွက် ဖတ်ဖို့အချက်တွေ နဲ့ သတိပေးချက်တွေ ပါဝင်ပါတယ်။ 📖 ဖတ်ပြီးရင် အများနဲ့ မျှဝေဖို့လည်း တောင်းဆိုပါရစေနော်။ ကလေးတွေကိုကာကွယ်ရုံမက အနာဂတ်စာရေးသူတွေကိုလည်း သတိပေးနိုင်ပါတယ်။ ဒီရက်ထဲအလုပ်တွေရှုပ်နေလို့ ထက်လည်း ခုမှဘဲ တင်ဖြစ်ပါတော့တယ်။ ➡️ ဖတ်ရအောင် - https://htetofficialmm.blogspot.com/2025/10/grooming-not-love-bl-gl-misconceptions.html Women Nation ကို follow, subscribe လုပ်ပေးသွားပါအုန်းရှင့်။ https://facebook.com/womennationwomenkingdom (Facebook) https://t.me/womennationwomenkingdom (တယ်ရီဂရမ်) #ChildProtection #SayNoToGrooming #BLGLAwareness #PedophiliaAwareness #ResponsibleMedia #ThinkBeforeYouRead
🌸 ရင်သားကင်ဆာကို စောစောသိ၊ အသက်ကို ကယ်! 🌸 ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုပါ။ အသက်ကြီးမှ ဖြစ်တယ်လို့ ထင်ရပေမယ့် ဆယ်ကျော်သက်၊ အသက်ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ဂရုစိုက်ပြီး စောစောသိနိုင်ဖို့ အရေးကြီးပါတယ်။ ⚠️ သတိထားရမယ့် လက္ခဏာများ (ဘယ်အချိန် ဆရာဝန်ပြမလဲ?) သင့်ရင်သားမှာ ဒီလိုပြောင်းလဲမှုတွေ ရှိနေရင် လုံးဝမပေါ့ပါနဲ့။ အကျိတ်အဖု (Lump) စမ်းမိတာ။ (နာတာ/မနာတာ နှစ်မျိုးလုံး ဖြစ်နိုင်တယ်။) နို့သီးခေါင်းက ချိုင့်ဝင်သွားတာ (သို့) ပုံမှန်မဟုတ်ဘဲ သွေး/အရည်ကြည်/အရည်နောက်တွေ ထွက်တာ (နို့မတိုက်ပါဘဲ)။ ရင်သားအရေပြားက လိမ္မော်ခွံလို ချိုင့်ခွက်လေးတွေ ဖြစ်လာတာ၊ ဒါမှမဟုတ် နီရဲပြီး ရောင်ရမ်းနေတာ။ ချိုင်းအောက်မှာ အကျိတ် (ဖု) စမ်းမိတာ။ 🔎 ကိုယ့်ကိုယ်ကို ဘယ်လို စစ်ဆေးမလဲ? (Breast Self-Exam) ဒါဟာ အသက်အရွယ်မရွေး မိမိကိုယ်ကို ကာကွယ်ခြင်းရဲ့ ပထမဆုံး ခြေလှမ်းပါပဲ။ ဘယ်အချိန်လဲဆိုရင် လစဉ် ရာသီလာပြီး ၅ ရက်ကနေ ၇ ရက် မြောက်နေ့လောက် (ရင်သား အတင်းမာဆုံး အချိန်) မှာ လုပ်ပါ။ ဘယ်လိုလုပ်မလဲဆိုရင် မှန်ရှေ့မှာ ကြည့်ပါ။ ပြီးရင် လက်ချောင်းလေးတွေနဲ့ ရင်သား တစ်ခုလုံးကို စက်ဝိုင်းပုံ ဒါမှမဟုတ် အထက်အောက် ပုံစံနဲ့ အကျိတ်အဖု၊ ထူးခြားတဲ့ ပြောင်းလဲမှု ရှိမရှိ သေချာ စမ်းသပ်စစ်ဆေးပါ။ 🛡 ကာကွယ်ခြင်းနှင့် စောစောသိခြင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ အသီးအရွက် များများစားပါ၊ အရက်နဲ့ ဆေးလိပ်ကို လုံးဝရှောင်ပါ။ မျိုးရိုးရာဇဝင်ရှိရင် မိခင်၊ အဒေါ်၊ အစ်မတို့မှာ ဖြစ်ဖူးတဲ့ မျိုးရိုးရှိရင် ပိုပြီး ဂရုတစိုက်နေထိုင်ပါ။ အသက် (၄၀) ကျော်ရင် (သို့မဟုတ်) မျိုးရိုးရာဇဝင် စတာတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး Mammogram (ရင်သားဓာတ်မှန်) ပုံမှန် ရိုက်ပါ။ မှတ်ထားပါ! ရင်သားကင်ဆာကို စောစောသိရင် ခွဲစိတ်တာ၊ ဆေးသွင်းတာတွေနဲ့ ကုသပျောက်ကင်းနိုင်ခြေ အရမ်းများပါတယ်။ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပါ။ 💖 မေးမြန်းစရာရှိပါက ဆက်သွယ်ရန် - @htetmmofficial Channel လေး subscribe မလုပ်ရသေးရင် လုပ်သွားပါအုန်းရှင့်။ https://t.me/ideahub_hb #ရင်သားကင်ဆာ #ကျန်းမာရေး #BreastCancer #SelfExam #စောစောသိရင်ပျောက်ကင်းနိုင်တယ်
အရေးကြီးသော သတိပေးချက် (သံပုရာရည်) သံပုရာရည်ကို မျက်နှာပေါ်မှာ တိုက်ရိုက် အသုံးမပြုသင့်ပါ။ သံပုရာရည်ရဲ့ pH ဟာ အလွန်နိမ့် (အက်စစ်ဓာတ်ပြင်း) ပြီး နေရောင်ခြည်နဲ့ ထိတွေ့ပါက Phytophotodermatitis လို့ခေါ်တဲ့ ဓာတ်မတည့်မှုနဲ့ အရောင်ရင့်တဲ့ အကွက်များ (Severe Hyperpigmentation)…
အရေးကြီးသော သတိပေးချက် (သံပုရာရည်) သံပုရာရည်ကို မျက်နှာပေါ်မှာ တိုက်ရိုက် အသုံးမပြုသင့်ပါ။ သံပုရာရည်ရဲ့ pH ဟာ အလွန်နိမ့် (အက်စစ်ဓာတ်ပြင်း) ပြီး နေရောင်ခြည်နဲ့ ထိတွေ့ပါက Phytophotodermatitis လို့ခေါ်တဲ့ ဓာတ်မတည့်မှုနဲ့ အရောင်ရင့်တဲ့ အကွက်များ (Severe Hyperpigmentation) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ညဘက် တွင်သာ ပျားရည် သို့မဟုတ် အခြားပစ္စည်းများနှင့် အနည်းငယ် ရောစပ်ပြီး အသုံးပြုသင့်ကာ နောက်တစ်နေ့ မနက်တွင် မျက်နှာကို သေချာဆေးကြောပါ။ https://t.me/ideahub_hb
без подписи
‼️ ဟယ်လို... နင်တို့တွေ ဘရာစီယာကို မှန်မှန်ကန်ကန် ဝတ်နေကြရဲ့လား? ‼️ ဒီမှာ ထက်ရဲ့ အရေးကြီးတဲ့ မေးခွန်းလေးရှိတယ်နော်။ နင်တို့ ဝတ်နေတဲ့ ဘရာစီယာဆိုဒ်က တကယ်ပဲ နင်တို့နဲ့ ကိုက်ရဲ့လား? 🧐 ရင်သားနာတာ၊ ပုခုံးနာတာ၊ ကျောနာတာတွေ ဖြစ်နေပြီလား? အဲ့ဒါတွေက ဘရာစီယာဆိုဒ်မှားလို့ ဖြစ်တာနင်တို့သိလား? ဒါဆို ဒီဆောင်းပါးကို ဝင်ဖတ်သင့်ပြီနော်။ 📣 ဘရာစီယာအကြောင်း - ဘရာစီယာဆိုဒ် မှန်ကန်စွာ ရွေးချယ်နည်း - အသေးစိတ်လမ်းညွှန် (စာရေးသူ ထက်) 👙 မင်္ဂလာပါရှင်။ ဒီနေ့ ထက်က လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘရာစီယာ နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို မျှဝေပေးချင်ပါတယ်။ ကျန်းမာရေးနဲ့ သက်တောင့်သက်သာရှိဖို့အတွက် ဘရာစီယာဆိုဒ် မှန်ကန်စွာ ရွေးချယ်တတ်ဖို့က အရေးကြီးဆုံးပါပဲ။ ဒီစာလေးက အမှန်တော့ 2024 တုန်းက ရေးထားတာလေးပါ။ ခုမှ လူတစ်ဦးတစ်ယောက်ကြောင့်တင်ဖြစ်တာပါ။ ဒီဆောင်းပါးထဲမှာ... ✅ Band Size နဲ့ Cup Size တိုင်းတာနည်း ✅ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဘရာစီယာကို ဘယ်လို ရွေးချယ်မလဲ (အရေးကြီးအချက် ၅ ချက်) ✅ အမျိုးအစားအလိုက် ဘရာစီယာ အမျိုးအစားများ (T-Shirt Bra, Sports Bra, Push-Up Bra အစရှိသည်) ✅ ဘရာစီယာကို ဘယ်အချိန် ဝတ်သင့်လဲ၊ ဘယ်လို ထိန်းသိမ်းရမလဲ ✅ ဘရာစီယာနဲ့ပတ်သက်တဲ့ အယူအဆမှားများ ဒီအသေးစိတ် လမ်းညွှန်ချက်တွေက စာဖတ်သူတို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထက် ယုံကြည်ပါတယ်။ ဘရာစီယာ ဆိုဒ်တိုင်းတာနည်းကစလို့၊ အမျိုးအစားရွေးချယ်နည်း၊ ဂရုစိုက်ထိန်းသိမ်းနည်းအထိ အသေးစိတ် အကုန်ရေးပေးထားတယ်။ ဘာမှ မသိသေးဘူးဆိုရင်တောင် ဒီဆောင်းပါးလေးတစ်ပုဒ် ဖတ်လိုက်တာနဲ့ ပညာတွေ အကုန်စုံသွားစေရမယ်! ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဘရာစီယာကို ရွေးချယ်ပြီး သက်တောင့်သက်သာရှိတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 💖 အောက်ပါ Link မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ် ⬇️ https://htetofficialmm.blogspot.com/2025/06/blog-post_19.html ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🙏 ဖတ်ပြီးရင် ကိုယ်ချစ်တဲ့သူငယ်ချင်းတွေ၊ မမတွေ၊ ညီမလေးတွေကိုလည်း Share ပေးဖို့ မမေ့နဲ့နော်။ သူတို့လည်း ကိုယ့်လိုပဲ အမှားတွေ မလုပ်မိအောင်လို့ပေါ့။ 💖 #ဘရာစီယာ #ရင်သားကျန်းမာရေး #Transgender #အလှအပ #ကျန်းမာရေး #ထက် #BraSizeGuide
📢 Htet - Official 💡 အတွက် Video Editor (Volunteer) များ ခေါ်ယူခြင်း 📢 Htet - Official 💡 ၏ Facebook Page, Telegram Channel, TikTok, နှင့် YouTube တို့အတွက် ဆွဲဆောင်မှုရှိသော ဗီဒီယိုများ (video content) ဖန်တီးပေးနိုင်မည့် Video Editor (Volunteer) များအား ဖိတ်ခေါ်ပါသည်။ ဤသည်မှာ ဗီဒီယိုတည်းဖြတ်ခြင်း (video editing) အတွေ့အကြုံ ရယူလိုသူများ၊ မိမိ၏ ဖန်တီးနိုင်စွမ်းကို ပြသလိုသူများအတွက် အကောင်းဆုံး အခွင့်အလမ်း ဖြစ်ပါသည်။ မည်သည့် ကျား၊ မ၊ လိင်စိတ်ခံယူမှု (Gender, Sexual Orientation) မဆို လျှောက်ထားနိုင်ပါသည်။ LGBTQIA+ များအား လှိုက်လှဲစွာ ကြိုဆိုပါသည်။ ✨ Volunteer အဖြစ် ပါဝင်ခြင်း၏ အကျိုးကျေးဇူးများ ✨ 40% လျှော့စျေး: IdeaHub မှ ထုတ်ဝေမည့် စာအုပ်များနှင့် ဖွင့်လှစ်မည့် သင်တန်းများအားလုံးအတွက် အထူးလျှော့စျေး။ အသိအမှတ်ပြုလက်မှတ်: Volunteer သက်တမ်း (၆) လ ပြည့်မြောက်ပါက IdeaHub မှ တရားဝင် အသိအမှတ်ပြု Volunteer Certificate ကို ချီးမြှင့်ပေးအပ်သွားပါမည်။ ဤ Certificate သည် သင်၏ Portfolio တွင် ထည့်သွင်းဖော်ပြနိုင်ပြီး အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းများအတွက် အထောက်အကူဖြစ်စေပါမည်။ ✅ လိုအပ်သော အရည်အချင်းများ (Requirements): ဗီဒီယိုတည်းဖြတ်ခြင်း (Video Editing) အခြေခံ ရှိရပါမည်။ (Adobe Premiere Pro, DaVinci Resolve, CapCut, သို့မဟုတ် အခြား Video Editing Software များ အသုံးပြုနိုင်ရမည်။) စိတ်ကူးဉာဏ် ကောင်းမွန်ပြီး ဖန်တီးနိုင်စွမ်း ရှိရပါမည်။ Visual Storytelling ကို နားလည်ရပါမည်။ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရပါမည်။ သတ်မှတ်ထားသော အချိန်အတွင်း အလုပ်ပြီးစီးနိုင်ရပါမည်။ 🚀 တာဝန်များ (Responsibilities): Htet - Official 💡 ၏ Facebook Page, Telegram Channel, TikTok, နှင့် YouTube တို့အတွက် လိုအပ်သော ဗီဒီယိုများ (ဥပမာ- Short Videos, Explainers, Interviews, etc.) ကို ဖန်တီးပေးရပါမည်။ IdeaHub/Htet - Official ၏ Branding Guidelines နှင့် ကိုက်ညီသော ဒီဇိုင်းများ ဖန်တီးရပါမည်။ အခြားသော ဒီဇိုင်နာများ၊ Content Writer များ နှင့် ပူးပေါင်းဆောင်ရွက်ရပါမည်။ လျှောက်လွှာတင်သွင်းရန်: စိတ်ပါဝင်စားသူများသည် https://forms.gle/37j1tgqZfLPnPqax6 သို့ လျှောက်ထားနိုင်ပါသည်။ #HtetOfficial #Volunteer #Admin #Myanmar #SocialMedia #KnowledgeSharing #Facebook #Telegram #TikTok #YouTube #IdeaHub #LGBTQIA #Inclusivity #Diversity
အားလုံး မင်္ဂလာပါနော်။ 👋 သူငယ်ချင်းတို့ရေ... ကိုယ်တို့တတွေ တက္ကသိုလ်ရောက်ရင် အဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာတွေ၊ သိချင်တာတွေ အများကြီးရှိကြမယ်ထင်ပါတယ်။ အခုလက်ရှိ အဆောင်တွေရဲ့ အခြေအနေတွေ၊ တကယ်ဖြစ်သင့်တဲ့ပုံစံတွေနဲ့ ကြုံတွေ့နေရတဲ့ ပြဿနာလေးတွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြရအောင်၊ အသိအမြင်တွေ ဖလှယ်ကြရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ Zoom Meeting လေးကို စီစဥ်လိုက်တာပါရှင်။ Main ကတော့ Gender အရေးနဲ့ အဆောင်တွင်းပြဿနာများကို ဦးတည်ပါမယ်နော်။ စိတ်ဝင်စားတယ်ဆိုရင် အောက်ပါ Zoom Link မှာ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်ရှင်။ 🗓 နေ့ရက်: 10/5/2025 ⏰ အချိန်: 7:15 PM Zoom Meeting Details: 🔗 Join Zoom Meeting: https://us05web.zoom.us/j/8302542934?pwd=J6jALWa9uSHOmBTl7WLzxdV26meIA3.1 🆔 Meeting ID: 830 254 2934 🔑 Passcode: j51Kyi အားလုံးရဲ့ ရင်ထဲမှာရှိတဲ့ စကားသံလေးတွေ၊ အမြင်လေးတွေကို လာရောက်မျှဝေဖို့နဲ့ နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ လာဖြစ်အောင် လာခဲ့ကြပါဦးနော်။ နွေးထွေးစွာဖြင့် IdeaHub, Htet-Official, Htet
အို... ဟေး... စာဖတ်သူတို့ရေ! မျက်လုံးလေးတွေ ခဏရပ်၊ နားလေးတွေ ခဏစွင့်ပြီး ထက်ပြောမယ့်စကားကို နားထောင်ကြည့်ပါဦးနော်။ သမိုင်းဆိုတာ ပျင်းဖို့ကောင်းတယ်လို့ ထင်နေလားဟင်။ တကယ်တော့ မဟုတ်ဘူးနော်။ ထက်ရဲ့ ပထမဆုံးသမိုင်းစာအုပ်လေး ထွက်ပါပြီ။ စာအုပ်နာမည်လေးကတော့ "အမေရိကန်သမိုင်း၊…
အို... ဟေး... စာဖတ်သူတို့ရေ! မျက်လုံးလေးတွေ ခဏရပ်၊ နားလေးတွေ ခဏစွင့်ပြီး ထက်ပြောမယ့်စကားကို နားထောင်ကြည့်ပါဦးနော်။ သမိုင်းဆိုတာ ပျင်းဖို့ကောင်းတယ်လို့ ထင်နေလားဟင်။ တကယ်တော့ မဟုတ်ဘူးနော်။ ထက်ရဲ့ ပထမဆုံးသမိုင်းစာအုပ်လေး ထွက်ပါပြီ။ စာအုပ်နာမည်လေးကတော့ "အမေရိကန်သမိုင်း၊…
အို... ဟေး... စာဖတ်သူတို့ရေ! မျက်လုံးလေးတွေ ခဏရပ်၊ နားလေးတွေ ခဏစွင့်ပြီး ထက်ပြောမယ့်စကားကို နားထောင်ကြည့်ပါဦးနော်။ သမိုင်းဆိုတာ ပျင်းဖို့ကောင်းတယ်လို့ ထင်နေလားဟင်။ တကယ်တော့ မဟုတ်ဘူးနော်။ ထက်ရဲ့ ပထမဆုံးသမိုင်းစာအုပ်လေး ထွက်ပါပြီ။ စာအုပ်နာမည်လေးကတော့ "အမေရိကန်သမိုင်း၊…
အို... ဟေး... စာဖတ်သူတို့ရေ! မျက်လုံးလေးတွေ ခဏရပ်၊ နားလေးတွေ ခဏစွင့်ပြီး ထက်ပြောမယ့်စကားကို နားထောင်ကြည့်ပါဦးနော်။ သမိုင်းဆိုတာ ပျင်းဖို့ကောင်းတယ်လို့ ထင်နေလားဟင်။ တကယ်တော့ မဟုတ်ဘူးနော်။ ထက်ရဲ့ ပထမဆုံးသမိုင်းစာအုပ်လေး ထွက်ပါပြီ။ စာအုပ်နာမည်လေးကတော့ "အမေရိကန်သမိုင်း၊ ဖိနှိပ်မှု၊ ရုန်းကန်မှုနှင့် အမှန်တရား" တဲ့။ နာမည်လေးအတိုင်းပဲ သမိုင်းရဲ့ လှပတဲ့ မျက်နှာစာတင်မကဘဲ မှောင်မိုက်တဲ့ ထောင့်ချိုးတွေ၊ ဖိနှိပ်ခံရသူတွေရဲ့ ရင်နာစရာဇာတ်လမ်းတွေ၊ သူတို့ရဲ့ ရုန်းကန်မှုတွေနဲ့ ဖုံးကွယ်ထားတဲ့ "အမှန်တရား" တွေကိုပါ ထက်က ဖော်ထုတ်ပြချင်ခဲ့လို့ ရေးဖြစ်ခဲ့တာပါ။ ဒီစာအုပ်ထဲမှာ ကိုလံဘတ်စ်မတိုင်မီခေတ်ကနေ ယနေ့ ၂၁ ရာစုအထိ အမေရိကန်သမိုင်းကို ခေတ်အလိုက်တင်ပြထားပါတယ်။ ဒါပေမဲ့ အချက်အလက်ခြောက်သွေ့တွေချည်း မဟုတ်ဘဲ ကျွန်စနစ်၊ တိုင်းရင်းသားဖိနှိပ်မှု၊ အမျိုးသမီးနဲ့ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုလို "ဖိနှိပ်မှု" ပုံစံအမျိုးမျိုးကို မီးမောင်းထိုးပြထားတယ်။ ဒီဖိနှိပ်မှုတွေကြားကနေ ပေါ်ပေါက်လာတဲ့ Civil Rights Movement လို "ရုန်းကန်မှု" တွေကိုလည်း စိတ်ဓာတ်ခွန်အားရအောင် ဖော်ပြထားပါတယ်။ နိုင်ငံရေးသိပ္ပံနဲ့ လူမှုရေးကို စိတ်ဝင်စားတဲ့သူတွေအတွက် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အာဏာခွဲဝေမှု၊ နိုင်ငံရေးပါတီတွေလိုမျိုး အခြေခံသီအိုရီတွေနဲ့ လက်တွေ့သမိုင်းဖြစ်စဉ်ကို ချိတ်ဆက်ပြီး နားလည်လွယ်အောင် ရေးသားထားပါတယ်။ ဒါ့အပြင် အခြေခံစီးပွားရေး၊ စစ်ပွဲကြီးတွေ၊ စီးပွားရေးပြဿနာတွေအကြောင်းအပြင် နိုင်ငံသားအခွင့်အရေးနဲ့ တာဝန်တွေလို ဗဟုသုတတွေလည်း အစုံအလင်ပါဝင်ပါတယ်။ ဒီစာအုပ်ဟာ သမိုင်းကို အပေါ်ယံမကြည့်ဘဲ နက်နက်ရှိုင်းရှိုင်းမြင်စေဖို့၊ လူ့အဖွဲ့အစည်းရဲ့ အောက်ဆုံးအလွှာကလူတွေရဲ့ ဇာတ်လမ်းတွေကို သိစေဖို့၊ အမှန်တရားကို ဖော်ထုတ်ဖို့ ထက် အားထုတ်ရေးသားထားတာပါ။ ထက်တို့ လူငယ်တွေအတွက်၊ အနာဂတ်ကို ပုံဖော်မယ့်သူတွေအတွက် မဖြစ်မနေသိထားသင့်တဲ့ အမှန်တရားတွေပါလို့ ထက် ယုံကြည်တယ်။ ဒီစာအုပ်ရဲ့ PDF paid version ကို ၁၀၀၀၀ ကျပ် (ကျပ်တစ်သောင်း) နဲ့ ရရှိနိုင်ပါပြီရှင်။ ထက်ရဲ့ ကြိုးပမ်းမှုနဲ့ စာအုပ်ရဲ့ တန်ဖိုးကို တန်ဖိုးထားတယ်ဆိုရင် ဝယ်ယူအားပေးနိုင်ပါတယ်နော်။ ဝယ်ယူလိုပါက ဒီကို ဆက်သွယ်ပါနော်: https://t.me/htetmmofficial ဒီစာအုပ်လေးဟာ စာဖတ်သူတို့အတွက် အဖိုးတန်ဗဟုသုတတွေ အများကြီးပေးနိုင်လိမ့်မယ်လို့ ထက် ယုံကြည်ပါတယ်။ ထက်နဲ့အတူ အမေရိကန်သမိုင်းရဲ့ အမှန်တရား ခရီးလမ်းကို လျှောက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်နော်။ ကျေးဇူးအထူးတင်ပါတယ်ရှင်။ မေတ္တာဖြင့် ထက်
K Pop Girl Group ထဲ မဝင်သင့်သည့်လူအမျိုးအစားများ အိုးရ်! K-Pop Girl Group Idol ဖြစ်ဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်လေးတစ်ခုလိုပဲ။ ✨👑 ဒါပေမဲ့ ဒီလမ်းက အရမ်းခက်ခဲတယ်ဆိုတာ သိထားဖို့လိုတယ်နော်။ အချို့ Type လေးတွေက ဒီလမ်းနဲ့ အဆင်ပြေမှာ မဟုတ်ဘူးရယ်။ ကိုယ်က ဒီထဲ ပါနေလား စဉ်းစားကြည့်ရအောင် 🤔👇 💖 1. အရည်အချင်း လုံးဝမရှိသူလေးတွေ: သီချင်းဆိုတာ၊ ကတာက အခြေခံပဲလေ။ Practice လုပ်လို့ရပေမယ့် ကိုယ့်မှာ ဘာ Talent မှ မရှိဘူးထင်ရင်၊ ဒါမှမဟုတ် ကြိုးစားဖို့ ဝန်လေးနေရင်တော့ နည်းနည်းခက်လိမ့်မယ်နော်။ 💖 2. ပင်ပန်းတာ မကြိုက်တဲ့ သဲလေးတွေ: မနက်အစောကြီးထ၊ ညမိုးချုပ်တဲ့ထိ Training ဆင်း၊ Diet လုပ်... အိပ်ချိန်တောင် ပုံမှန်မဟုတ်ဘူး။ ဒီလိုဒဏ်တွေ မခံနိုင်ရင်တော့ အဆင်မပြေဘူးရယ်။ 💖 3. စိတ်ဓာတ် ပျော့တဲ့ မီးမီးလေးတွေ: ဝေဖန်သံတွေ၊ Pressure တွေ၊ Hater တွေကတော့ Idol Life မှာ အမြဲရှိမှာပဲ။ အဲ့ဒါတွေကို ကြံ့ကြံ့မခံနိုင်ဘဲ လွယ်လွယ်စိတ်ဓာတ်ကျတတ်ရင် အရမ်းပင်ပန်းလိမ့်မယ်။ 💖 4. Teamwork စိတ်ဓာတ် မရှိတဲ့ ချစ်လေးတို့: Girl Group ဆိုတာ တစ်ယောက်တည်း မဟုတ်ဘူးလေ။ Member တွေနဲ့ အတူတူနေ၊ အတူတူကြိုးစားရမှာ။ ကိုယ်တစ်ယောက်တည်း သီးသန့်နေချင်စိတ်များရင်၊ သူများနဲ့ အဆင်ပြေအောင် မပေါင်းတတ်ရင် ခက်ခဲမှာ အသေအချာပဲ။ 💖 5. ကိုယ်ပိုင် Privacy ကို အရမ်းတန်ဖိုးထားသူ: Idol ဖြစ်ပြီဆို ကိုယ့်ရဲ့ Lifestyle က လူတွေရဲ့ စိတ်ဝင်စားမှုအများဆုံး ဖြစ်သွားပြီ။ ကိုယ်ပိုင်အချိန်ဆိုတာ အရမ်းနည်းသွားမယ်။ အမြဲတမ်း လူတွေစောင့်ကြည့်နေတာမျိုး မကြိုက်ရင် မဖြစ်ဘူးနော်။ 📸🙅♀️ 💖 6. ကုမ္ပဏီ Rules ကို မလိုက်နာချင်သူ: ကုမ္ပဏီမှာ သူ့ Concept နဲ့သူ၊ သူ့စည်းကမ်းနဲ့သူ ရှိတယ်။ ကိုယ့်သဘောအတိုင်း လုပ်လို့မရတဲ့ အရာတွေ အများကြီးပဲ။ စည်းကမ်းတင်းကျပ်တာ မကြိုက်ရင်တော့ စဉ်းစားပေါ့။ 💖 7. Passion အစစ်အမှန် မဟုတ်ရင်: ဒီအလုပ်ကို တကယ်စိတ်ဝင်စားတာ မဟုတ်ဘဲ နာမည်ကြီးချင်လို့၊ ပိုက်ဆံရချင်လို့ သက်သက်ပဲဆိုရင် ကြာကြာဆက်လုပ်ဖို့ ခက်ခဲသလို၊ ပင်ပန်းတဲ့အခါ အားတင်းဖို့ မလွယ်ဘူး။ ဒါလေးတွေကတော့ ကိုယ် Idol ဖြစ်ချင်တယ်ဆိုရင် ပြန်စဉ်းစားသင့်တဲ့ အချက်လေးတွေပေါ့နော်။ Idol ဆိုတာ အပြင်ကကြည့်သလောက် မလွယ်ကူပါဘူး။ တကယ် ဝါသနာပါပြီး အပင်ပန်းခံနိုင်မှ ဖြစ်မှာ! 💪 Fighting! 🔥 #Kpop #GirlGroup #IdolLife #KpopDreams #MyanmarKpopFans #ThinkAboutIt #ကြိုးစားမှရမယ်