wu-s/jesus/သခင်ယေရှု/ဘုရားသခင်/耶稣基督/上帝
Статистикаစကားပြောလိုရပါတယ်မသိတာနားမလည်းတာရှိရင်လည်းမေးလိုရပါတယ် https://t.me/jisusisa 头像群 https://t.me/Blackpinktx ASMR群 https://t.me/ASMRxj 生活群 https://t.me/happydayhappylife ✞群 https://t.me/jesus_wu_s
- Последний пост
- 2 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 22
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 106
- 1/48двое суток
- 121
- 1/72трое суток
- 131
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ယေရှုကဘုရားဖြစ်ရင် ဘာလို့ဘုရားသခင်ထံဆုတောင်းခဲ့တာလဲ။ ဘာသာခြားတွေအမေးများတဲ့မေးခွန်းလည်းဖြစ်ပါတယ်။ "ယေရှုက ဘုရားဆိုရင် ဘာလို့ဆုတောင်းနေရသေးတာလဲ" ဆိုပြီးမေးစရာရှိပါတယ်။ ဘုရားသခင်က ခမည်းတော်ဆုတောင်းတယ်ဆိုတာအဓိပ္ပာယ်မရှိဘူး၊ ဒါကြောင့် သုံးပါးတစ်လုံးတဝဆိုတာမဖြစ်နိုင်ပါဘူးလို့ ကန့်ကွက်ကြတာမျိုးပုံမှန်ပါပဲ။ ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာတော့ ဒီအချက်ကို ရှင်းရှင်းလင်းလင်းပြထားတာ ရှိပါတယ်။ ၁။ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” (ယောဟန် ၁:၁) သားတော်နဲ့ ခမည်းတော်ဟာ သီးခြားစီဖြစ်ပေမဲ့ နှစ်ပါးလုံးဟာ ထာဝရဘုရားသခင်ပဲဖြစ်ပါတယ်။ ၂။ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊” (ယောဟန် ၁:၁၄) ယေရှုဟာ လူ့ဇာတိကိုအပြည့်အဝခံယူခဲ့တာကြောင့် လူတစ်ယောက်အနေနဲ့ အသက်ရှင်နေထိုင်ခဲ့ပါတယ်။ ၃။ “ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပဌာနာပြုလျက် တညဉ့်နေတော်မူ၏။” (လုကာ ၆:၁၂) လူတစ်ယောက်အနေနဲ့ ခမည်းတော်အပေါ် လုံးဝမှီခိုပုံကို စံနမူနာပြခဲ့တာဖြစ်ပါတယ်။ ၄။ “အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၏စကားကို နားထောင်တော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။” (ယောဟန် ၁၁:၄၁) သူ့ရဲ့ ဆုတောင်းသံဟာ ခမည်းတော်နဲ့ သားတော်အကြားရှိတဲ့ နီးကပ်တဲ့ဆက်ဆံရေးကိုဖော်ပြနေတာပါ။ ၅။ “အကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏အလိုအတိုင်းဖြစ်ပါစေသော။” (လုကာ ၂၂:၄၂) ကမ္ဘာလောကသားတွေကိုကယ်တင်ဖို့အတွက် သားတော်ဟာ ခမည်းတော်၏ အလိုတော်ကို မငြင်းဆန်ဘဲနာခံခဲ့ပါတယ်။ ၆။ “ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။” (ယောဟန် ၁၀:၃၀) ဆုတောင်းနေလို့ ခမည်းတော်နဲ့ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အခြေအနေပျက်ပြားမသွားပါဘူး။ ၇။ “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ ” (ဟဗြဲ ၄:၁၅) ယေရှုဟာ ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့ စစ်မှန်သော ယဇ်ပုရောဟိတ်အဖြစ်ဆုတောင်းပေးနေပါတယ်။ အချုပ်ပြောရရင် - ယေရှု ဘုရားသခင်ဖြစ်ပါလျက်နဲ့ ဘာလို့ ဆုတောင်းတာလဲဆိုရင် သားတော်ဟာလူ့ဇာတိကို လူစစ်စစ်အဖြစ် အမှန်တကယ်ခံယူခဲ့ပြီး ခမည်းတော်နဲ့ ပြည့်စုံတဲ့ ဆက်ဆံရေးမျိုးနဲ့ သက်ရှင်ခဲ့လို့ပါ။ ဒါကြောင့် ကိုယ်တော်ရဲ့ဆုတောင်းခြင်းကဘုရားဖြစ်မှုကိုမပျက်စီးစေပါဘူး။ စာကျမ်းအရဆိုရင် ဒါဟာသုံးပါးတစ်လုံးတဝဘုရားသခင်ရဲ့ သဘောသဘာဝနဲ့ ကိုယ်တော်ရဲ့စစ်မှန်တဲ့ လူ့ဇာတိကိုပိုပြီးထင်ရှားစေတာပဲဖြစ်ပါတယ်။
без подписи
လမ်းပျောက်သွားတဲ့ သိုး... လက်မလွှတ်တဲ့ သိုးထိန်း ၉၉ ကောင်ကို ချန်ထားခဲ့တဲ့ အကြောင်းရင်း... တချို့လူတွေက ဒီပုံပြင်ကို ဖတ်ပြီး မေးကြတယ်။"၉၉ ကောင်ကို ချန်ထားခဲ့တာ မှန်ရဲ့လား။"လူ့အမြင်နဲ့ဆိုရင် ဒါဟာ မိုက်မဲတဲ့ဆုံးဖြတ်ချက်တစ်ခုလို ထင်ရပါလိမ့်မယ်။ ၉၉ ကောင်က လုံခြုံနေတယ်။တစ်ကောင်ပဲ ပျောက်သွားတာ။"အဲဒီတစ်ကောင်ကို လွှတ်လိုက်ရုံပေါ့..."လို့တောင် ပြောမိနိုင်တယ်။ ဒါပေမယ့်...ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက "ဘယ်နှယောက်ကျန်သေးလဲ" လို့ မတွက်ဘူး။"ဘယ်သူ ပျောက်နေသလဲ" ဆိုတာကိုပဲ ရှာတယ်။ လူတွေက မင်းရဲ့အတိတ်ကို ကြည့်ပြီး တန်ဖိုးဖြတ်နိုင်တယ်။ "ဒီလူတော့ မဖြစ်နိုင်တော့ဘူး။" "သူ ပြန်မလာတော့ဘူး။" "အခွင့်အရေး ပေးစရာ မလိုတော့ဘူး။" လို့ ပြောနိုင်တယ်။ ဒါပေမယ့် ဘုရားသခင်ကတော့..."သူက ငါ့သိုးပဲ။"လို့ ပြောတယ်။ အဲဒါကြောင့်ပဲ...တောနက်နက်ထဲကိုလည်း ဝင်တယ်။အန္တရာယ်ရှိတဲ့ လမ်းကိုလည်း လျှောက်တယ်။တွေ့တဲ့အထိ မရပ်ဘူး။ ဒီပုံပြင်မှာ အံ့ဩစရာအကောင်းဆုံးအရာက...သိုးက သိုးထိန်းကို ရှာတွေ့တာ မဟုတ်ဘူး။သိုးထိန်းက သိုးကို ရှာတွေ့ခဲ့တာပါ။အဒါဟာ ဧဝံဂေလိတရားရဲ့ နှလုံးသားပဲ။ ကျွန်တော်တို့က ဘုရားသခင်ဆီ ပြန်ရောက်လာခဲ့တာ မဟုတ်ဘူး။ဘုရားသခင်က ကျွန်တော်တို့ကို အရင်ရှာခဲ့တာပါ။မင်း ဒီနေ့ ဘယ်လောက်ဝေးဝေး ရောက်နေပါစေ...ဆုမတောင်းတာ ဘယ်လောက်ကြာကြာ ရှိနေပါစေ...အသင်းတော်နဲ့ ဝေးနေတာဘယ်လောက်ကြာကြာ ဖြစ်နေပါစေ...ဘုရားသခင်က မင်းကို မေ့မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့...လက်ဝတ်ရတနာတစ်ခု ပျောက်သွားရင် လူတွေ ရှာကြတယ်။ငွေတစ်ရွက် ပျောက်သွားရင် လူတွေ ရှာကြတယ်။တန်ဖိုးမရှိတဲ့အရာကိုတော့ ဘယ်သူမှ အချိန်ကုန်ပြီး မရှာကြပါဘူး။ ဘုရားသခင်က မင်းကို ရှာနေသေးတယ်ဆိုရင်...မင်းဟာ ဘုရားသခင်အတွက် တန်ဖိုးရှိနေသေးတယ်ဆိုတဲ့ သက်သေပါပဲ။ ၉၉ ကောင်ကို ချန်ထားခဲ့တာ...၉၉ ကောင်က အရေးမကြီးလို့ မဟုတ်ဘူး။ပျောက်ဆုံးနေတဲ့ တစ်ကောင်ကို လက်မလွှတ်ချင်လို့ပါ။ ဒီနေ့...လမ်းပျောက်နေတဲ့ သိုးက မင်းဖြစ်နေနိုင်တယ်။ဒါပေမယ့် ဝမ်းမြောက်စရာတစ်ခု ရှိတယ်။မင်း ဘုရားသခင်ကို မတွေ့ခင်မှာတောင်... ဘုရားသခင်က မင်းကို စရှာနေခဲ့ပြီးသားပါ။ သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။ — လုကာ ၁၅:၄ #nevergiveup #သမ္မာကျမ်းစာ #ခွန်အားဖြစ်စေသော #ဆုတောင်းခြင်း #CBNmyanmar
без подписи
без подписи
без подписи
без подписи
без подписи
“ဘုရားအလိုတော်” နဲ့ “ဘုရားအခွင့်တော်” ကို လူအများက တစ်ခုတည်းလို သုံးတတ်ပေမယ့် အဓိပ္ပာယ်အနည်းငယ် ကွာပါတယ်။ ၁။ ဘုရားအလိုတော် (God’s Will) ဘုရားက ဘာကို ဖြစ်စေချင်သလဲ၊ ဘာကို လုပ်စေချင်သလဲ ဆိုတာပါ။ ဥပမာ (၁) လူတိုင်း ကယ်တင်ခြင်းရဖို့ (၁ တိ ၂:၄) (၂) သန့်ရှင်းစွာ အသက်ရှင်ဖို့ (၁ သက် ၄:၃) (၃) အချင်းချင်း ချစ်ဖို့ (ယော ၁၃:၃၄) ဒါတွေက ဘုရားရဲ့ အလိုတော်တွေ ဖြစ်တယ်။ ၂။ ဘုရားအခွင့်တော် (God’s Permission) ဘုရားက မကြိုက်ပေမယ့် လူ့လွတ်လပ်စွာ ရွေးချယ်ခွင့်ကို လေးစားပြီး ဖြစ်ခွင့်ပေးထားတာ ဖြစ်တယ်။ ဥပမာ (၁) အာဒံနဲ့ ဧဝက တားမြစ်ထားတဲ့ အသီးကို စားခဲ့ကြတယ်။ (၂) ဘုရားက မစားစေချင်ဘူး (အလိုတော်မဟုတ်) (၃) ဒါပေမယ့် စားဖို့ ရွေးချယ်နိုင်တဲ့ အခွင့်တော့ ပေးထားတယ် (အခွင့်တော်) ၃။ “အလိုတော်” နဲ့ “အခွင့်တော်” ဆက်စပ်ပုံ အရာအားလုံးက ဘုရားရဲ့ အချုပ်အခြာအာဏာ (Sovereignty) အောက်မှာ ရှိတယ်။ ဒါပေမယ့် ဖြစ်ပျက်သမျှ အရာအားလုံးက ဘုရားရဲ့ အလိုတော် မဟုတ်ဘူး။ တချို့အရာတွေက ဘုရားရဲ့ အလိုတော် ဖြစ်ပြီး၊ တချို့အရာတွေက ဘုရားရဲ့ အခွင့်တော် (permissive will) အောက်မှာ ဖြစ်ပျက်နေကြတာ ဖြစ်တယ်။ ဥပမာ (၁) လူတွေ ချစ်ကြဖို့ → ဘုရားအလိုတော် (၂) လူတွေ မုန်းတီးကြတာ → ဘုရားအခွင့်တော်အောက်မှာ ဖြစ်ပျက်နေတဲ့အရာ ဒါဆိုမေးစကားမေးခွန်းကြီး တစ်ခုရှိလာပြီ။ ကျွန်တော်တို့မေးနေကြမေးခွန်းပါ။ “ဘာလို့ဘုရားက လူတွေ ပျက်စီးမှာ သိရဲ့သားနဲ့ ခွင့်ပြုရတာလဲ” ဒီမေးခွန်းက ခရစ်ယာန် Theology မှာလည်း အကြီးမားဆုံး မေးခွန်းတွေထဲက တစ်ခုပါ။ အဖြေတစ်ခုတည်း မရှိပေမယ့် ခရစ်ယာန် Theology မှာ အဓိက အမြင်အချို့ ရှိပါတယ်။ စာရှည်နေပြီဖြစ်လို့ အဓိကအချက်တစ်ခုပဲ ရေးသားပါရစေ။ ၁။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာမှာ လွတ်လပ်စွာရွေးချယ်နိုင်ခွင့်ပါဝင်တယ် ဘုရားက လူကို စက်ရုပ်လို မဖန်ဆင်းဘူး။ အကယ်၍ လူဟာ မကောင်းမှုကို မရွေးနိုင်ဘဲ ကောင်းတာပဲ လုပ်နိုင်ရင်၊ ဘုရားကို ချစ်တာတောင် စစ်မှန်တဲ့ ချစ်ခြင်း မဟုတ်တော့ဘူး။ ဥပမာ သင်က AI စက်ရုပ် တစ်လုံးကို “ငါ မင်းကို ချစ်တယ်” လို့ ပြောအောင် Program ရေးထားတယ်ဆိုရင် အဲဒါ ချစ်ခြင်းအစစ်လား? မဟုတ်ဘူး။ ဒါကြောင့် စစ်မှန်တဲ့ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ နာခံခြင်းတွေ ဖြစ်ဖို့ “No” လို့ ပြောနိုင်တဲ့ လွတ်လပ်ခွင့်လည်း ရှိရမယ်လို့ အချို့ Theologians တွေက ရှင်းပြကြတာဖြစ်တယ်။ သင်ကိုယ်တိုင်လည်း ပြန်စဉ်းစားကြည့် … သင်ချစ်တဲ့သူတွေကို ချုပ်ကိုင်တာထက် … သူ့ကိုပျော်စေချင်၊ လွတ်လပ်စေချင်မှာဖြစ်သလို၊ သင့်မှာသာ အစွမ်းရှိရင် အမြဲသူ့ကို ကွယ်ကာနေမှာပါ။ အခု အစွမ်းမရှိတာတောင် အတတ်နိုင်ဆုံး ကာကွယ်ပေးချင်တယ်မဟုတ်လား။ ဘုရားကတော့ သင့်ကို အကောင်းဆုံး ဖြစ်စေချင်တာကတော့ သူ့အလိုတော်ပေါ့။ သင်ဟာအလိုတော် ထဲကကွဲထွက်ပြီး အခွင့်တော်ထဲမှာ ရပ်တည်လျက် ဆုံးဖြတ်ချက်တွေမှားနေရင်တောင် ကွယ်ကာပေးမဲ့ဘုရားပါ။ အလိုတော်ထဲ ပြန်လျှောက်လှမ်းနိုင်အောင် သူကိုယ်တိုင်ကပဲ လမ်းပြန်ပြပါလိမ့်မယ်။ ဒါကို ကြီးမားတဲ့မေတ္တာ Agape Love လို့ခေါ်တယ်။ ဒါကြောင့် အတိုချုပ်ပြောရရင် ဘုရားအလိုတော် = ဘုရား အမှန်တကယ် ဖြစ်စေချင်သောအရာ ဘုရားအခွင့်တော် = ဘုရား မကြိုက်ပေမယ့် လူ့ရွေးချယ်ခွင့်ကြောင့် ဖြစ်ခွင့်ပေးထားသောအရာ ဖြစ်ပါတယ်။ မေတ္တာဖြင့် ရေးသားခြင်းမို့ မေတ္တာဖြင့် ထောက်ပြနိုင်ပါသည်။ ဦးကောင်း JMT ✍️
без подписи
အပြောင်းအလဲဆိုတာ ချက်ချင်းကြီး ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ အစပိုင်းမှာတော့ ကိုယ်ကရှာဖွေစမ်းသပ်မိရာကစတယ်။ ပြီးတော့ သမ္မာကျမ်းစာကို စတင်ဖွင့်ဖတ်လာတယ်။ အဲဒီနောက်မှာတော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်က ကိုယ့်နှလုံးသားကို တစ်စတစ်စ ပြောင်းလဲပေးလာတယ်။ အဲဒီကနေတစ်ဆင့် ကျေးဇူးတရားကိုသိတတ်တဲ့စိတ်ကကိုးကွယ်ချီးမွမ်းခြင်း၊ ကိုယ့်ရဲ့ နေ့စဉ်အသက်တာ ဖြစ်လို့သွားတော့တယ်။ ခရစ်ယာန်ဖြစ်ခြင်းဆိုတာ ပြီးပြည့်စုံချင်ယောင် ဆောင်နေဖို့ မဟုတ်ပါဘူး။ ဘုရားသခင်က ကိုယ့်ကို အတွင်းကနေအပြင်ဘက်အထိ တဖြည်းဖြည်းချင်း အသွင်ပြောင်းလဲပေးတာကို လက်ခံအသက်ရှင်ဖို့ပဲ ဖြစ်ပါတယ်။🙏 “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။" -၂ ကော ၅း၁၇ #ဘုရားသခင်တစ်ပါးတည်းသာဘုန်းကြီးပါစေ #ခရစ်တော်၏ပြီးပြည့်စုံသောအမှုတော် #KingJamesBible #ခရစ်တော်တစ်ပါးတည်းသာ #ယုံကြည်ခြင်းအားဖြင့်သာ #ဧဝံဂေလိသမ္မာတရား #ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရ၏
без подписи
ခရစ်ယာန်တစ်ယောက်အတွက် ဆုတောင်းခြင်းနဲ့ အစာရှောင်ခြင်းဟာ အစွမ်းထက်တဲ့ လက်နက်တွေပါပဲ။ အဲဒါတွေက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ခွန်အားပေးတယ်၊ ဇာတိခန္ဓာကို ထိန်းချုပ်စေတယ်၊ နတ်ဆိုးတွေကို နှင်ထုတ်နိုင်သလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အစာရှောင်ရင်း ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ရဲ့ အသံဟာ ပိုပြီးတော့လေးနက်သွားပြီး ဆုတောင်းချက်တွေက ပိုပြီးတော့ ထိရောက်မှုရှိစေပါတယ်။ ဒါ့အပြင် အစာရှောင်ခြင်းက ခန္ဓာကိုယ်ကို လေ့ကျင့်ပေးတဲ့အတွက် ဇာတိသွေးသားရဲ့ သွေးဆောင်မှုတွေကို ကျော်လွှားနိုင်စွမ်း ရှိလာစေပါတယ်။ 📖 ရှင်မဿဲခရစ်ဝင် ၁၇:၁၈-၂၁ "ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိဖြစ်လေ၏။ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကိုအဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။သို့သော်လည်း ဆုတောင်ခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ်ဟု မိန့်တော်မူ၏။" 📖 ကောရိန္သုဩဝါဒစာဒုတိယစောင် ၁၀:၃-၄ "အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့ လိုက်၍ စစ်တိုက်ကြသည်မဟုတ်။ ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။"
без подписи
ဘုရားသခင်၌အမြစ်စွဲသည့်ယုံကြည်ခြင်း ဗုဒ္ဓဟူးနေ့ | ဇွန်လ (၂၄) ရက် နေ့စဉ်ခွန်အားဖတ်ရန် ။ ။ မြန်မာဘာသာဖြင့် သမ္မာကျမ်းစာဖတ်ရန် ။ ။ ဖတ်ရန် ရှင်မဿဲခရစ်ဝင် ၁၉:၂၃-၂၆ | သမ္မာကျမ်းစာတစ်နှစ်တာ ယောဘ ၁-၂ နှင့် တ ၇:၂၂-၄၃ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည် ဟု မိန့်တော်မူ၏။ [ မ ၁၉:၂၆ ] Bethune Cookman (ဘက်သယူးန် ခွတ်မဲန်း)တက္ကသိုလ်ကိုတည်ထောင်သူ Mary McLeod Bethune (မေရီ မခလောက်ဒ် ဘက်သယူးန်)၏ သမိုင်းဝင် ဘဝမှတ်တမ်းစာအုပ်ကို ဖတ်ပြီး ကျွန်မခွန်အားရမိသည်။ သူမ၏ စိတ်ပိုင်းဖြတ်ချက်နှင့် အခြားသူအပေါ် ဂရုစိုက်မှုအကြောင်းများက သူမအကြောင်းကို တိုး၍ဖတ်ချင်စိတ်ဖြစ်စေခဲ့သည်။ ၁၉၀၀ ပြည့်နှစ် အစောပိုင်းက သူမသည် လုပ်ငန်းရှင်သူဌေးတစ်ဦးအား ကျောင်းမှ အာဖရိကန်- အမေရိကန် အမျိုးသမီးငယ်များအတွက် တည်ထားသည့် အဆောက်အအုံများ အကြောင်းကို ပြောပြခဲ့သည်။ သို့သော် ကောလိပ်ဝင်းထဲသို့ ထိုသူ ရောက်သွားသောအခါ အဆောင်တစ်ခုတည်းကိုသာ တွေ့ရှိခဲ့သည်။ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးတွင် ထိုသူရင်းနှီးမြှုပ်နှံရန် မျှော်လင့်လျက် သူမ၏အိပ်မက်ကို သူ့အား ပြောပြခဲ့ခြင်းဖြစ်သည်။ သူမ၏ယုံကြည်ခြင်းနှင့် ရူပါရုံကို ဖော်ဆောင်ခြင်းကြောင့် ယုံကြည်မှုဖြင့် ကျောင်းရံပုံငွေ ထည့်ဝင်ငွေများကို ရရှိခဲ့သည်။ နောက်ဆုံးတွင် ကျောင်းတော်ကြီးကို တည်ထောင်နိုင်ခဲ့ပြီး၊ ယခုအချိန်အထိ လေးနှစ်တက်ရသော တက္ကသိုလ်တစ်ခုအဖြစ် တည်ရှိနေသည်။ “ယုံကြည်ခြင်းမရှိလျှင် ဘာမှဖြစ်မလာနိုင်။ ယုံကြည်ခြင်းရှိပါက ဘယ်အရာမျှ မဖြစ်နိုင်စရာအကြောင်းမရှိ”ဟူသည့် ဘက်သယူးန်၏စကားက လေးစားဖွယ်ပင်။ သူ့စကားက ကယ်တင်ခြင်းနှင့်ပတ်သက်၍ အံ့သြမှုနှင့်မေးလာသော တပည့်တော်များအား သခင်ယေရှု ပြန်ပြောသောစကားနှင့်အလားတူဖြစ်သည်။ သူတို့က “ဘုရားသခင်၏နိုင်ငံတော်”(သို့) ကောင်းကင်ဘုံသို့ (မ ၁၉:၂၄) မည်သို့ဝင်နိုင်မည်နည်း၊ မည်သူကယ်တင်ခြင်းသို့ ရောက်နိုင်မည်နည်းဟု(:၂၅) သိလိုသည်။ “ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်နိုင်”သည်ဖြစ်၍ (:၂၆)၊ ဘုရားသခင်ကို သက်ဝင် ယုံကြည်ခြင်းတစ်လမ်းတည်းသာ ဖြစ်ကြောင်း သခင်ယေရှုမိန့်ကြားခဲ့သည်။ ယုံကြည်ခြင်းသည် ဘုရားသခင်နှင့် သူ၏တတ်စွမ်းနိုင်မှုအပေါ် ယုံကြည်ခြင်း၌ အခြေတည်သည်။ယုံကြည်ခြင်းသည်-အခွင့်ထူးခံမရှိသူများအတွက် ကျောင်းဆောင် ရရှိရန်အိပ်မက်(သို့)ခရစ်တော်ကို ယုံကြည်သူအတွက် ထာဝရအိမ် မျှော်လင့်ချက် စသည့်မမြင်ရသေးသောအရာများ ဖြစ်နိုင်သည်ဟု ယုံကြည်ရန် ကျွန်မတို့အား နှိုးဆော်သည်(ဟေဗြဲ ၁၁:၁ကိုရှု)။ ကိုယ်တော် မြင်သောအရာကို ကျွန်မတို့မြင်ရန် ဘုရားသခင်ကူမပါစေသား။ စာရေးသူ Katara Patton မည်သည့်အရာကို သင်ယုံကြည်နိုင်ရန်အရေး သင်ရုန်းကန်နေရသနည်း။ ဘုရားသခင်၏တန်ခိုးအစွမ်းကို ကိုးစားအမှီပြုခြင်းက သင့်ကို မည်သို့အထောက်အမပြုသနည်း။ အရာခပ်သိမ်းပိုင်သသောဘုရားသခင်၊ မဖြစ်နိုင်သောအရာကို ဖြစ်စေသောကိုယ်တော်၏တန်ခိုးအစွမ်းအပေါ် ကျွန်ုပ်၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ။ ************************************ အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။
без подписи
အသင်းတော်တစ်ခုမှာ အလွန်အရေးကြီးပြီး ထိခိုက် လွယ်တဲ့ ဝန်ဆောင်မှုတစ်ခုကတော့ နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) ပဲ ဖြစ်ပါတယ်။ သောကရောက်နေသူတွေ၊ စိတ်ဒဏ်ရာရနေသူတွေဟာ သူတို့ရဲ့ ရင်ဖွင့်စရာတွေကို ယုံကြည်စိတ်ချစွာနဲ့ လာရောက်ဆွေးနွေးကြတာပါ။ ဒါကြောင့် Counseling လုပ်မယ့်သူတစ်ယောက်မှာ ရှိရမယ့် အခြေခံအကျဆုံးနဲ့ အမြင့်မြတ်ဆုံး အရည်အချင်းကတော့ “လျှို့ဝှက်ချက်ကို စောင့်ထိန်းနိုင်ခြင်း” နဲ့ “နှုတ်ကို ထိန်းချုပ်နိုင်ခြင်း” ပဲ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ မိမိရဲ့ နှုတ်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် အသင်းတော်မှာ Counseling ဝန်ဆောင်မှု လုံးဝမလုပ်ပါနဲ့ဦး။ အကြောင်းရင်းကတော့ - ၁။ သူတစ်ပါးရဲ့ ယုံကြည်မှုကို ဖျက်ဆီးရာရောက်ခြင်း လာရောက်ဆွေးနွေးသူတွေဟာ သူတို့ရဲ့ အရှက်တရား၊ အားနည်းချက်နဲ့ လျှို့ဝှက်ချက်တွေကို ဘုရားသခင်ရဲ့ အစေခံဖြစ်တဲ့ သင့်ကို ယုံကြည်လို့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့် ကြတာပါ။ သင်က နှုတ်မလုံဘဲ အဲဒီအကြောင်း အရာတွေကို အခြားသူတစ်ယောက် (သို့မဟုတ်) ဆုတောင်းချက်အဖြစ် အသွင်ပြောင်းပြီး အများသိအောင် ပြောဆိုမိမယ်ဆိုရင် အဲဒီလူရဲ့ ယုံကြည်မှုကို သင်ကိုယ်တိုင် ရိုက်ချိုးလိုက်တာနဲ့ အတူတူပါပဲ။ ၂။ ဆောက်တည်ရာမရဖြစ်ပြီး ပိုမိုထိခိုက်နာကျင်စေခြင်း ဝန်ထုတ်ဝန်ပိုးဖြစ်နေလို့ အကူအညီလာတောင်းတဲ့သူဟာ မိမိရဲ့ လျှို့ဝှက်ချက်တွေ အပြင်ကို ပေါက်ကြားသွားတာ သိရတဲ့အခါ ခံစားရမယ့် စိတ်ဒဏ်ရာဟာ မူလဒဏ်ရာထက် ပိုမိုပြင်းထန်တတ်ပါတယ်။ အနာပေါ် ဓားနဲ့မွှန်းသလို ဖြစ်သွားပြီး အသင်းတော်နဲ့ ဘုရားသခင်အပေါ်မှာပါ စိတ်ပျက်လက်ပျက် ဖြစ်သွားစေနိုင်ပါတယ်။ ၃။ နှုတ်ကပတ်တော်နှင့် မညီညွတ်ခြင်း သမ္မာကျမ်းစာက မိမိနှုတ်ကို မထိန်းချုပ်နိုင်သူရဲ့ ကိုးကွယ်ခြင်းဟာ အချည်းနှီးပဲလို့ ဖော်ပြထားပါတယ်။ "သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏။" (ယာကုပ် ၁:၂၆) ✅✅ Counseling ဆိုတာ စကားတတ်တိုင်း၊ အကြံပေးနိုင်တိုင်း လုပ်လို့ရတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ နှုတ်ကို ချုပ်တည်းခြင်း၊ စာနာနားလည်ခြင်းနဲ့ လျှို့ဝှက်ချက်ကို ပစ္စည်းတစ်ခုလို လုံခြုံအောင် ထိန်းသိမ်းထားနိုင်ခြင်းတို့ လိုအပ်ပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ပါ။ ငါဟာ စကားများတတ်သလား၊ ပတ်ချာလည် ပြောမိတတ်သလား၊ လျှို့ဝှက်ချက်ကို ရင်ထဲမှာ မြိုသိပ်မထားနိုင်ဘူးလား။ အဖြေက "ဟုတ်ပါတယ်" ဆိုရင်တော့ ဘုရားသခင်ရဲ့ သိုးတော်စုတွေကို ထပ်မံ မထိခိုက်မိစေဖို့အတွက် အသင်းတော်ရဲ့ Counseling ကဏ္ဍမှာ ပါဝင်ခြင်းကို ချက်ချင်းရပ်တန့်ပြီး မိမိရဲ့ နှုတ်ကို အရင်ဆုံး ထိန်းချုပ်နိုင်အောင် ဘုရားသခင်ထံ ဆုတောင်းပြင်ဆင်ပါလို့ မေတ္တာရှေ့ထားကာ အကြံပြုနှိုးဆော်လိုက်ရပါတယ်။ #ThangOm.
без подписи
အာဒံနဲ့ ဧဝတို့ တားမြစ်ထားတဲ့ အသီးကို စားပြီးတဲ့အခါ၊ ဘုရားသခင်ရဲ့ ပထမဆုံး မေးခွန်းက “မင်းတို့ ဘာလုပ်လိုက်တာလဲ” မဟုတ်ဘူး။ “မင်းတို့ ဘယ်မှာလဲ” လို့ မေးခဲ့တာပါ။ ဘုရားသခင်က သူတို့ ဘယ်မှာ ပုန်းနေလဲဆိုတာ မသိလို့ မေးခဲ့တာ မဟုတ်ဘူး။ သူတို့ ရှိနေတဲ့နေရာကို အတိအကျ သိတော်မူ၏။ ဒါပေမဲ့ “ဘယ်မှာလဲ” လို့ မေးခဲ့တာက သူတို့ကို အပြစ်တင်ဖို့ မဟုတ်ဘဲ၊ ကိုယ်တော်ဆီ ပြန်လာဖို့ ဖိတ်ခေါ်တာ ဖြစ်တယ်။ “မင်း ဘယ်မှာလဲ” ဆိုတာ နေရာကို မေးတဲ့ မေးခွန်း မဟုတ်ဘူး။ ဘုရားသခင်နဲ့ ပြန်လည်နီးကပ်ပြီး ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ ခေါ်သံတစ်ခု ဖြစ်တယ်။ ဒီနေ့လည်း ဘုရားသခင်က ကျွန်တော်တို့ကို အဲဒီမေးခွန်းတစ်ခုပဲ မေးနေတယ်— “မင်း ဘယ်မှာလဲ?” 🤍✝️ youtube.com/@thanglamsang #translatedbysangpi
без подписи