K Knowledge channel
Статистикаjoinပြီးပြန်မထွက်ပါနဲ့ဗျာ Founder acc - @Canna_Bell တောင်းဆိုစရာရှိရင်မင်မင် acc မှာလာပြောလို့ရပါတယ်။
- Последний пост
- 6 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 52
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 7
- 1/48двое суток
- 8
- 1/72трое суток
- 8
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
သင် မသိသေးတဲ့အကြောင်းအရာများ ဘားကုတ် scan ဖတ်တယ်ဆိုတာ အမဲလိုင်းတွေကြား အဖြူ space တွေကို ဖတ်တာပါရှင့်။ 📊🖨️ 🌌 အကယ်၍ သင်သည် အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်လို့ဒီလ်ို အစက်လေးတွေ ပျံဝဲနေတာကို မြင်တွေ့ခဲ့မယ်ဆိုရင် သင့်ရဲ့မျက်စိထဲရှိ သွေးဖြူဥတွေကို…
သင် မသိသေးတဲ့အကြောင်းအရာများ ဘားကုတ် scan ဖတ်တယ်ဆိုတာ အမဲလိုင်းတွေကြား အဖြူ space တွေကို ဖတ်တာပါရှင့်။ 📊🖨️ 🌌 အကယ်၍ သင်သည် အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်လို့ဒီလ်ို အစက်လေးတွေ ပျံဝဲနေတာကို မြင်တွေ့ခဲ့မယ်ဆိုရင် သင့်ရဲ့မျက်စိထဲရှိ သွေးဖြူဥတွေကို သင်မြင်နေရပါမည်။ ✨👀 🧠 လူ့ဦးနှောက်ကတစ်စက္ကန့်အတွင်းအချက်အလက် သိန်းချီလက်င်္ခနိုင်ပါတယ်” ⚡️💭 🏎️ 🏁 အဘူဒါဘီတွင် Ferrari ရဲ့ အကြီးဆုံး indoor ကစားကွင်းရှိပြီး Rossa ရိုလာကိုစတာသည် ၅စက္ကန် အတွင်း တစ်နာရီမိုင်၁၅၀နှုန်းထိ အရှိန် ဆွဲတင်နိုင်သော ကမ္ဘာ အမြန်ဆုံး ရိုလာကိုစတာဖြစ်သည်။ 🎢⚡️💨 🌊 နယူးယောက်မှာရှိတဲ့ မသေဆုံးနိုင်တဲ့ မီးတောက်ကတော့ ရေတံခွန်အောက်မှာ အမြဲတောက်လျက်ရှိပါတယ်။ 🔥✨ 🌊 ဂျပန်တွေ ရေထဲမှာ ဆောက်ထားတဲ့ လေဆိပ်ကြီး ဒေါ်လာ သန်းပေါင်း ၂ သောင်း ကုန်ကျတဲ့ အခုအခါမှာတော့ တဖြည်းဖြည်းနစ်မြုပ်နေပြီ 🏗️💸 🧮 ဂေါက်စ်(gauss) ကိုးနှစ် သားအရွယ်မှာ ၁ ကနေ ၄၀ အထိပေါင်းရင် ဘယ်လောက်ရသလဲဆိုတာကို ၈၂၀ ရတယ်လို့ ချက်ချင်းဖြေနိုင်ခဲ့တယ်။ ✨ 🐌 သာမန်ခရုတစ်ကောင်သည် ဓား၏ချွန်ထက်သောအစွန်းပေါ်ကို ရွေးလျားသွားလာနိုင်ပါတယ်ရှင့်။ 🔪 ✨ ☀️ နေမင်းကြီးက အဝါရောင်လို့ထင်ရပေမယ့် အစစ်မှန်က အဖြူရောင်ပါရှင့် 🌕✨ 📶 တီထွင်မှုဆိုင်ရာ Fact အနေနဲ့ Wi-Fi ရဲ့ အခြေခံနည်းပညာကို ၁၉၄၂ မှာ ဟောလိဝုဒ်မင်းသမီး Hedy Lamarr က စတင်ဖန်တီးခဲ့ပြီး လက်ရှိသုံးနေတဲ့ အမြန်နှုန်းမြင့် Wi-Fi ကိုတော့ ၁၉၉၀ ပြည့်လွန်နှစ်များမှာ သြစတြေးလျ သိပ္ပံပညာရှင် John O'Sullivan တို့အဖွဲ့က တီထွင်ပေးခဲ့တာ ဖြစ်ပါတယ်။ 🇦🇺💡 #Moe #Science_Facts #Interesting_Facts #Forward_only
💡 သတိပြုရန်အချက်✨ 💖 အဓိကအချက်ကတော့ မိမိကိုယ်ကို ချစ်ရမည်။ သင့်ပေါ် တစ်ကိုယ်ကောင်းဆန်ပြီး စနာစိတ်မရှိတဲ့ ဆက်ဆံရေးတစ်ခုထဲမှာ သင့်အချိန်တွေကို အကုန်မခံပါနဲ့။ လိုအပ်ရင် အဆက်အသွယ် ဖြတ်တောက်ဖို့ (No Contact) သတ္တိရှိရှိ ဆုံးဖြတ်ရမည်။⏳🛑 #Moe #Dark_Psychology #Personal_Boundaries #Forward_only
4⃣ 🚧 ပြတ်သားတဲ့ Boundary (စည်း) တားနည်း 🛑 🙅♂️ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုနောက်ကို လိုက်မပါပါနဲ့။ မလုပ်ပေးနိုင်တာကို "မရပါဘူး / မလုပ်ပေးနိုင်ပါဘူး" လို့ အပြစ်ရှိစိတ် လုံးဝမဝင်ဘဲ ပြတ်ပြတ်သားသား ပြောဆို စည်းတားရမည်။ ❌ 5⃣ ကိုယ့်ရဲ့ Support System ကို ခိုင်မာအောင်ထားနည်း 🛡️ 🚫 သူတို့ဟာ သင့်ကို တခြားသူတွေနဲ့ ကင်းကွာအောင် လုပ်ပြီး သူတို့အပေါ်ပဲ မှီခိုလာအောင် ဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် သင့်ကို အမှန်တကယ် ချစ်ခင်တဲ့ မိသားစု၊ မိတ်ဆွေကောင်းတွေနဲ့ ဆက်ဆံရေးမပြတ်ဘဲ စိတ်ဓာတ်ခွန်အား ယူရမည်။ 👨👩👧👦 💪✨ 6⃣ သူတို့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့ 🙅♂️ 🙅♀️ နွေးထွေးတဲ့ မေတ္တာနဲ့ ပြောင်းလဲလို့ရလိမ့်မယ်လို့ သွားမတွေးပါနဲ့ ။ သနားညှာတာစိတ် မရှိတဲ့သူတစ်ယောက်ကို ပြောင်းလဲဖို့ ကြိုးစားခြင်းဟာ သင့်ရဲ့ စွမ်းအင်တွေကိုပဲ အလဟဿ ကုန်ဆုံးလိမ့်မည်။ 🔋💨 🖼️ ပုံထဲက meaning တွေကို cmt မှာရှင်းပြပေးပါမယ်ရှင့်။ 📝 #Moe #Dark_Psychology #Personal_Boundaries #Forward_only
❤️ 1⃣ စာနာသနားမှု ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့ 🚫 သူတို့ဆီကနေ စာနာစိတ်၊ သနားစိတ်ကို မမျှော်လင့်ပါနဲ့။ သင့်ရဲ့ နာကျင်မှုကို သွားပြလေလေ၊ သူတို့က သင့်ရဲ့ ပျော့ကွက်ကို အခွင့်ကောင်းယူပြီး ထပ်မံ ချုပ်ကိုင်ဖို့ လွယ်ကူသွားတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို…
❤️ 1⃣ စာနာသနားမှု ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့ 🚫 သူတို့ဆီကနေ စာနာစိတ်၊ သနားစိတ်ကို မမျှော်လင့်ပါနဲ့။ သင့်ရဲ့ နာကျင်မှုကို သွားပြလေလေ၊ သူတို့က သင့်ရဲ့ ပျော့ကွက်ကို အခွင့်ကောင်းယူပြီး ထပ်မံ ချုပ်ကိုင်ဖို့ လွယ်ကူသွားတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို သူတို့ရှေ့မှာ မပြပါနဲ့။ 🛑🩹 2⃣ 🔦 Gaslighting (စကားလှည့်စားမှု) ထဲ မပါသွားပါစေနဲ့ 🚫 📝😵💫 သူတို့ဟာ ပြဿနာတစ်ခုဖြစ်တိုင်း မိမိကိုယ်ကို ကာကွယ်ဖို့အတွက် ("နင် မှားတွေးနေတာပါ"၊ "ငါက အဲဒီလို မပြောပါဘူး၊ နင် စိတ်ကူးယဉ်နေတာ") ဆိုပြီး သင့်ရဲ့ မှတ်ဉာဏ်နဲ့ အသိဉာဏ်ကို သံသယဝင်အောင် လုပ်တတ်ပါတယ်။ သူတို့စကားထက် ဖြစ်ပျက်သွားတဲ့ အချက်အလက် (Facts) ကိုပဲ ဆွဲကိုင်ထားရမည်။ ✅ 3⃣ 🪨 Gray Rock Method (ကျောက်တုံးလို အေးဆေးနေသည့် နည်းလမ်း) 😐 🙅♂️ Narcissist တွေဟာ သင့်ရဲ့ ဝမ်းနည်းမှု၊ ဒေါသထွက်မှုတွေကို အခွင့်ကောင်းယူပြီး အသာစီးရယူတတ်သူတွေဖြစ်လို့ သူတို့ ရန်စလာရင် အားရပါးရ တုံ့ပြန်တာမျိုး မလုပ်ပါနဲ့။ ကျောက်တုံးတစ်တုံးလိုပဲ စိတ်လှုပ်ရှားမှု မပြဘဲ အေးဆေး ပြတ်ပြတ်သားသား တုံ့ပြန်ရမည်။ 🧱🛑 #Moe #Dark_Psychology #Personal_Boundaries #Forward_only
💔 Narcissistic ချစ်သူ သို့မဟုတ် အပေါင်းအသင်းနဲ့ ကြုံရရင် ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲ? 🤔 🧍သင့်ရဲ့ ချစ်သူ၊ ဒါမှမဟုတ် အနီးကပ် အပေါင်းအသင်းဟာ မိမိကိုယ်ကိုပဲ ဗဟိုပြုပြီး လွန်လွန်ကဲကဲ တစ်ကိုယ်ကောင်းဆန်တတ်သူ ဖြစ်နေပါသလား? 🌪️ 😶 Narcissist တွေရဲ့ အဆိုးဆုံး သဘာဝကတော့ သူတို့မှာ စာနာသနားညှာတာစိတ် (Empathy) ကင်းမဲ့နေတာဖြစ်ပါတယ်။ 🚫 🚫 သင့်ဘက်က ဘယ်လောက်ပဲ နာကျင်နေပါစေ၊ စိတ်ဆင်းရဲနေပါစေ... သူတို့ရဲ့ အလိုဆန္ဒနဲ့ အကျိုးအမြတ်အတွက်ပဲ ကြည့်ပြီး သင့်စိတ်ခံစားချက်ကို လုံးဝ ဂရုစိုက်မှာ မဟုတ်ပါဘူး။ 💔 📉 အချိန်ကြာလာတာနဲ့အမျှ သင့်ဘက်က စိတ်ဓာတ်ကျဆင်းပြီး အမြဲ စိတ်ပင်ပန်းရုံမကဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ ပျောက်ဆုံးတတ်လာပါတယ်။ 😞 🛡️ ဒီလို တစ်ကိုယ်ကောင်းဆန်ပြီး သနားညှာတာမှုမရှိတဲ့သူတွေဆီကနေ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲဆိုတာ Dark Psychology & Boundaries နည်းလမ်း(6)ချက်နဲ့ မျှဝေပေးချင်ပါတယ်။ ✨ 👉 See you in the next post! ➡️ #Moe #Dark_Psychology #Personal_Boundaries #Forward_only 🖼️ ပုံထဲက meaning တွေကို cmt မှာရှင်းပြပေးပါမယ်ရှင့်။ 📝 #Moe
видео или голосовое, без подписи
🤔🎭 အပြင်ပန်းမှာ စိတ်ကောင်းဝင်နေပေမဲ့ အတွင်းထဲမှာ Manipulate လုပ်တတ်တဲ့ Covert Narcissist အကြောင်း 🤯💔 သင့်ပတ်ဝန်းကျင်မှာ အပြင်ပန်းတော့ အရမ်းစိတ်ကောင်းရှိတယ်၊ မာနကြီးဘူးလို့ ထင်ရပေမဲ့... သူနဲ့ ပေါင်းကြည့်မှပဲ ကိုယ့်စိတ်ထဲ မသိမသာ စိတ်ဆင်းရဲမှု၊ ဖိအားတွေ ကြုံနေရပါသလား?…
🤔🎭 အပြင်ပန်းမှာ စိတ်ကောင်းဝင်နေပေမဲ့ အတွင်းထဲမှာ Manipulate လုပ်တတ်တဲ့ Covert Narcissist အကြောင်း 🤯💔 သင့်ပတ်ဝန်းကျင်မှာ အပြင်ပန်းတော့ အရမ်းစိတ်ကောင်းရှိတယ်၊ မာနကြီးဘူးလို့ ထင်ရပေမဲ့... သူနဲ့ ပေါင်းကြည့်မှပဲ ကိုယ့်စိတ်ထဲ မသိမသာ စိတ်ဆင်းရဲမှု၊ ဖိအားတွေ ကြုံနေရပါသလား? စိတ်ပညာအရ သူတို့ကို Covert Narcissist (မသိမသာ အတ္တကြီးသူ) လို့ ခေါ်ပါတယ်။ 🚫🗣️ သူတို့ဟာ ပေါ်ပေါ်ထင်ထင် ကြွားဝါတတ်တဲ့သူတွေ မဟုတ်ပါဘူး။ တိတ်ဆိတ်တယ်၊ ရိုးရိုးသားသား ရှိတဲ့သူလို့ ထင်ရတယ်။ တစ်ခါတစ်ရံ သနားစရာအသွင် ဆောင်ထားတတ်တာကြောင့် ရုတ်တရက် ရိပ်မိဖို့ အင်မတန် ခက်ခဲပါတယ်။ 🕵️♂️🔍 🎭👁️ Covert Narcissist သုံးလေ့ရှိတဲ့ Dark Psychology လှည့်ကွက်များ 1⃣ 🥺🎭 သနားစရာအသွင်ယူခြင်း (Playing the Victim) 🎯🤡 သူတို့ဟာ ပြဿနာတိုင်းမှာ ဒုက္ခသည်အဖြစ် အမြဲ ရုပ်ဆောင်လေ့ ရှိပါတယ်။ ကိုယ့်ဘက်က သနားစိတ်၊ ကူညီချင်စိတ်ဝင်လာအောင် ဖန်တီးပြီးမှ သူတို့ လိုချင်တာကို မသိမသာ ယူတတ်ပါတယ်။ 2⃣ အပြစ်ရှိစိတ်ဝင်အောင် လုပ်ခြင်း (Guilt-Tripping) 🥺 💭 စကားကို တိုက်ရိုက် မပြောဘဲ "ရပါတယ်... ငါကပဲ အသုံးမကျတာပါ။ နင်ကတော့ မအားဘူးမလား" ဆိုတဲ့ စကားမျိုးနဲ့ သင့်ကို မသိမသာ အပြစ်မကင်းသလို ခံစားရအောင် လုပ်တတ်ပါတယ်။ ရလဒ်အနေနဲ့ သင့်မှာ အပြစ်ရှိတဲ့စိတ်ကြောင့် သူတို့ခိုင်းတာကို မငြင်းနိုင်ဘဲ လုပ်ပေးရလေ့ ရှိပါတယ်။ 💔🤦♂️ 🎭👁️ Covert Narcissist သုံးလေ့ရှိတဲ့ Dark Psychology လှည့်ကွက်များ 3⃣ ငြိမ်သက်ခြင်းဖြင့် အပြစ်ပေးခြင်း (Silent Treatment) 🤐 သူတို့ဖြစ်ချင်တာ မရရင် စိတ်ဆိုးပြီး သင့်ကို လုံးဝ စကားမပြောဘဲ ပစ်ထားတတ်ပါတယ်။ 🚫 ဘာကြောင့်လဲ ဆိုတာကို မပြောဘဲ စိတ်ဆင်းရဲအောင် လုပ်ထားပြီး၊ နောက်ဆုံး သင့်ဘက်က တောင်းပန်လာအောင် ပိရိယာယ် ဆင်တတ်ပါတယ်။ 🎭 4⃣ မသိမသာ စေတနာယောင်ဆောင်ခြင်း (Passive-Aggressive) 😶🌫️ သင့်ကို ကူညီသလိုလို၊ ချီးကျူးသလိုလိုနဲ့ အတွင်းထဲက သင့်ယုံကြည်မှုကို ထိခိုက်အောင် စကားလုံးဝှက်တွေ သုံးတတ်ပါတယ်။ 🗣️🔪 (ဥပမာ - "ဒီလို ဝတ်စုံမျိုးက နင်နဲ့ ကြည့်ရတာ တစ်မျိုးလေးပဲနော်၊ အရင်ကဆို မလိုက်ပေမဲ့ အခုတော့ အဆင်ပြေပါတယ်" ဆိုပြီး ချီးကျူးသလိုလိုနဲ့ နှိမ့်ချတတ်ပါတယ်။) 👗🙄 သူတို့နဲ့ ကြုံလာရရင် ဘယ်လို တုံ့ပြန်မလဲ? 🤔 Gray Rock Method ကို သုံးပါ။ 🪨 😌သူတို့ရဲ့ သနားစရာ အကွက်တွေ သို့မဟုတ် မသိမသာ ရန်စမှုတွေကို အလွန်အမင်း တုံ့ပြန်တာမျိုး မလုပ်ဘဲ အေးဆေး ပုံမှန်အတိုင်းပဲ တုံ့ပြန်ပါ။ 🚧 Boundary ပြတ်ပြတ်သားသား သတ်မှတ်ပါ။ ❌ သင့်ရဲ့ အကူအညီနဲ့ စေတနာကို အခွင့်ကောင်းယူခွင့် မပေးဘဲ မလုပ်ပေးနိုင်တာကို အပြစ်ရှိစိတ် မဝင်ဘဲ ပြတ်ပြတ်သားသား ငြင်းဆိုပါ။ သင့်ပတ်ဝန်းကျင်မှာရော အထက်မှာ ပြောပြသွားတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ Covert Narcissist မျိုး ကြုံဖူးပါသလား? သူတို့နဲ့ ကြုံရတုန်းကရော ဘယ်လို ရင်ဆိုင်ခဲ့ရသလဲဆိုတာ Comment မှာ ဝေမျှပေးသွားခဲ့ပါဦးနော်။ ✨ #Moe #Dark_Psychology #Covert_Narcissist #Forward_only
2038 ခုနှစ်မှာရော ကမ္ဘာကြီး ဘာပြဿနာ ထပ်ကြုံရမလဲ? ⏳💻 (Final-Part) 1999 တုန်းက Y2K ဟာ Software ရေးနည်း အကန့်အသတ်ကြောင့် ဖြစ်ခဲ့တာဆိုရင်... 2038 ခုနှစ်မှာ ရောက်လာမယ့် Y2K38 Overflow ကတော့ Hardware Bit အကန့်အသတ်ကြောင့် ဖြစ်လာမယ့် ဒုတိယမြောက် Time-Bug ဖြစ်ပါတယ်။…
2038 ခုနှစ်မှာရော ကမ္ဘာကြီး ဘာပြဿနာ ထပ်ကြုံရမလဲ? ⏳💻 (Final-Part) 1999 တုန်းက Y2K ဟာ Software ရေးနည်း အကန့်အသတ်ကြောင့် ဖြစ်ခဲ့တာဆိုရင်... 2038 ခုနှစ်မှာ ရောက်လာမယ့် Y2K38 Overflow ကတော့ Hardware Bit အကန့်အသတ်ကြောင့် ဖြစ်လာမယ့် ဒုတိယမြောက် Time-Bug ဖြစ်ပါတယ်။ 💡 Y2K38 ဆိုတာ ဘာလဲ? 32-bit စနစ်သုံး ကွန်ပျူတာတွေဟာ အချိန်ကို 1970 ခုနှစ်၊ ဇန်နဝါရီ 1 ရက် ကစပြီး ကုန်လွန်သွားတဲ့ "စက္ကန့် အရေအတွက်" နဲ့ ရေတွက်ပါတယ်။ 32-bit စနစ်မှာ မှတ်သားနိုင်တဲ့ အမြင့်ဆုံး စက္ကန့် ပမာဏဟာ 2,147,483,647 စက္ကန့် ပဲ ရှိတာကြောင့်... 📅 အမြင့်ဆုံး ရောက်ရှိမယ့်အချိန် 2038 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်၊ မနက် 03:14:07 အချိန်ကို ရောက်တာနဲ့ ဒီ အမြင့်ဆုံး ကိန်းဂဏန်း ပြည့်သွားမှာဖြစ်ပါတယ်။ ⚠️ အဲဒီအချိန်ကျရင် ဘာဖြစ်သွားမလဲ? နောက်ထပ် 1 စက္ကန့် တိုးလိုက်တာနဲ့ ကွန်ပျူတာရဲ့ Bit တွေ လျှံထွက်သွားပြီး (Integer Overflow ဖြစ်ကာ) အပေါင်းဂဏန်းကနေ အနှုတ်ဂဏန်း ပြောင်းသွားပါမည်။ ရလဒ်ကတော့ ကွန်ပျူတာက အချိန်ကို 2038 လို့ မသိတော့ဘဲ 1901 ခုနှစ် ဆိုပြီး နောက်ပြန်ဆုတ်သွားပါလိမ့်မည်။ 🏦 ဘဏ်စနစ်တွေ၊ သက်တမ်းတွက်ချက်မှုတွေ မှားယွင်းသွားမည်။ ✈️ လေကြောင်းလိုင်းနဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်တွေ အမှားပြပြီး ရပ်တန့်သွားနိုင်မည်။ 📟 32-bit Chip သုံးထားတဲ့ သက်တမ်းရင့် စက်ရုံသုံး စက်ပစ္စည်းတွေ ကမောက်ကမ ဖြစ်သွားမည်။ 🛠️ ကမ္ဘာကြီး ပျက်စီးသွားမှာလား? မစိုးရိမ်ပါနဲ့နော်။ အခုလက်ရှိ ကျနော်တို့ သုံးနေတဲ့ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေ (Windows 11, macOS, Android, iOS) အများစုဟာ 64-bit စနစ် ကို ပြောင်းလဲထားပြီးသားဖြစ်ပါတယ်။ 64-bit စနစ်မှာဆိုရင်တော့ နောက်ထပ် နှစ်ပေါင်း 292 ဘီလီယံ အထိ အချိန်ကို ဘာပြဿနာမှမရှိဘဲ ရေတွက်နိုင်သွားပါပြီ။ ဒါပေမဲ့ ကမ္ဘာတလွှားမှာ ကျန်ရှိနေသေးတဲ့ 32-bit Legacy စနစ်တွေနဲ့ သက်တမ်းရင့် Internet Of Things Device တွေကိုတော့ 2038 မရောက်ခင် အပြိုင်အဆိုင် အဆင့်မြှင့်တင်နေကြရဆဲ ဖြစ်ပါတယ်။ 🔧🌍 #Moe #Tech_Facts #Science_Facts #Forward_only
1999 ခုနှစ်တုန်းက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ Y2K Bug ဆိုတာ ဘာလဲ? ⏳💻 (Part 1) 1999 ခုနှစ်ကုန်ခါနီး၊ မီဒီယာတွေ၊ သတင်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေမှာ အကြီးအကျယ် ပွင့်လောကီသွားခဲ့တဲ့ "Y2K Bug" (သို့မဟုတ် Millennium Bug) အကြောင်း မှတ်မိကြဦးမယ်လို့ထင်ပါတယ်။…