tgindex
ကဗျာစာတိုလေးများ 🍀

ကဗျာစာတိုလေးများ 🍀

Статистика

Channel Date : 9.7.2023 Owner - @primesonix မပြောဖြစ်ခဲ့တဲ့ စကားတွေကို ကဗျာဖြစ်စေတယ်။ မေ့မရတဲ့ အမှတ်တရတွေကို စာလုံးတွေအဖြစ် အသက်သွင်းတယ်။ နှလုံးသားက နားလည်သူတွေအတွက်… ချစ်ခြင်းများစွာဖြင့်... #sonix

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
6
Всего постов
24
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
13 авг.
Подписчики
2 000
+57 за 4 дн.
Сутки
+20
+1,01%
Неделя
 
Месяц
 
Просмотров на пост
447
24 постов
Вовлечённость
22,4%
к подписчикам
Постов в день
0,9
всего 24
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
218
1/48двое суток
249
1/72трое суток
269

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • မင်းကချစ်ဖို့ကောင်းတယ် ဘယ်လောက်ထိလဲဆို ငါ့မှာတစ်ယောက်တည်း ပြုံးနေရတဲ့အထိပါပဲ။  -မြကျေး

  • နှစ်တွေလည်းကြာချင်တယ် အချစ်တွေလည်း မြဲချင်တယ် တွေ့ဆုံခဲ့ခြင်းက နောက်ကျပေမဲ့ မင်းနဲ့မှ ခက်ခက်ခဲခဲ စခဲ့ရတာမို့ ကိုယ့်ရဲ့ အချစ်တွေကို မင်းနဲ့ပဲ အဆုံးသတ်ချင်ပါတယ်💞

  • ပျော်အောင်ထားပါ့မယ်လို့ ပြောတဲ့လူဟာ ငိုအောင်လုပ်ရင် လုပ်မိလိမ့်မယ် ပျော်အောင်ထားပါ့မယ် မပြောတဲ့လူက ပျော်အောင်ထားရင် ထားမိလိမ့်မယ် တကယ်တမ်းက စကားလုံးတွေလှအောင်ပြောနေတာထက် အလုပ်နဲ့သက်သေပြတဲ့လူကိုသာ ကျွန်တော်တို့ ပိုလိုအပ်ပါတယ် ။ -Aung Thu Moe

  • လူတွေက သူတို့မမေ့ချင်တဲ့အရာတွေကို မေ့ဖျောက်လေ့မရှိကြဘူး မင်းက ကိုယ်မမေ့ချင်တဲ့ ပန်းကလေးတစ်ပွင့် ပါပဲ ။ ဒီထက်ပိုရင်တော့ ကိုယ့်ဥယျာဉ်ထဲ ရှားရှားပါးပါး ပွင့်ခဲ့တဲ့ပန်းကလေးပေါ့ ကိုယ်အရူးတယောက်လို တသသဖြစ်ခဲ့တာလည်း မဆန်းပါဘူး ။ #ဂန္ဓမာ #ဖူးပွင့်ဒေလီယာ

  • ကျွန်မ သိချင်လှပါရဲ့ မောင် ကျွန်မအပါးမှ ထွက်ခွာခဲ့စဉ်က မောင့်ခြေလှမ်းတို့ နာကျင်ခဲ့သေးသလား။ တွန့်ဆုတ်ခဲ့သေးလား။ ဝေခွဲရခက်ခဲ့သေးလား။ နည်းနည်းဖြစ်ဖြစ်လေ။ - ဂျူး

  • မင်းငါ့ကိုလှည့်မကြည့်တော့တာလဲကောင်းပါတယ် မဟုတ်ရင် နှစ်ယောက်လုံးချစ်လျက်နဲ့ ဝေးကြတယ်လို့ ငါထင်နေဦးမယ် ။ -လင်းလက်ကဘို

  • တစ်မိုးဟောင်းလို့ တစ်ဆောင်းသစ်ပြန်ပြီ တို့တတွေ ဒီထက်ပိုချစ်ကြရင် အနွေးထည်တောင် ၀တ်စရာမလိုဘူး။ -လှသန်း

  • ဝေးသွားကြတယ်ဆိုပေမဲ့ တစ်နေ့နေ့တော့... မင်းပြန်လာမှာပါဆိုတဲ့ စိတ်နဲ့ ပြန်ရှင်လာရတဲ့သူမလို့ အသက်ရှိနေတယ်ဆိုရုံလေးပါပဲ ။ ~ စာတိုငဖြူ

  • အဆင်မပြေတာတွေကို သေသေချာချာစုပီး တစ်နေရာရာမှာ တစ်ရက်လောက်တော့ သွားငိုဦးမယ်  ။    ။ - စစ်ငြိမ်း

  • 7 авг.453115

    အချစ်ရေ... ကမ္ဘာတစ်ပတ် ပတ်ပြီး ရှာမယ် ဆိုရင်တောင်... ကိုယ့်လောက် မင်းကို ချစ်တဲ့သူ ရှာတွေ့မယ် မထင်ဘူးကွယ်...။ -လောင်ချိတ်

  • "နှစ်တွေ အကြာကြီး ဘယ်လိုများ မြဲအောင်တွဲခဲ့သလဲ"တဲ့ သူက စချစ်တယ် ကိုယ်က ဆက်ချစ်တယ် ဒီလိုပဲပေါ့။ -သွယ်မြိတ်

  • 6 авг.496126

    လူတစ်ယောက်ဟာ သူ့တစ်သက်တာမှာ အကြိမ်ကြိမ်ချစ်နိုင်ပါတယ် ။ ဒါပေမယ့် သူအချစ်ဆုံးကတော့ တစ်ယောက်ပဲရှိပါလိမ့်မယ် ။ -တက္ကသိုလ်ဘုန်းနိုင်

  • ချမ်းးသာ ချင်တယ် .. ပို"က်ဆံတွေ အများးကြီးလည်းရှိချင်တယ် သုံးးချင် ဖြု" န်:: လို့ မ"'ဟုတ်ပါဖူးးး ခုလို ချိန် လိုအပ်နေတဲ့ နေရာလေးးတွေကို ကိုယ်တိုင် သွားးရောက် လှူဒါန်းးချင်လို့ပါ 🥹

  • အေးလေ နော့်🙂

  • မမရယ်… ဘာမှန်းတော့ မသိပေမဲ့ တစ်ခုခု ကျပျောက်ခဲ့တယ် ။ -ခန့်သွယ် အသစ်စက်စက်ကဗျာရှည်မှ အမြည်း

  • 4 авг.614107

    ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင် နွေးထွေးတဲ့ဂရုစိုက်မှုလေးတွေပေးရင်း တစ်ယောက်က Moti ပေးလို့ တစ်ယောက်က ကြိုးစားနေတာမျိုး။ ဘယ်သူကမှားတယ် မှန်တယ်ဆိုတာထက် ဘယ်လိုပြုပြင်သွားကြမယ်ဆိုတာမျိုး။ တစ်ယောက်က လဲကျရင် တစ်ယောက်က ပြန်ထူပေးနေတာမျိုး။ ကိုယ်လိုချင်တာ အဲ့လိုချစ်ခြင်းမေတ္တာမျိုး ကိုယ်ကလဲ ပေးမယ် ကိုယ်တိုင်လဲ ပြန်ရချင်တယ် ရိုးရိုးရှင်းရှင်း မျှမျှတတလေးပါပဲ။

  • 4 авг.550101

    ရွက်နုတွေထဲ အဖြူရောင်သံယောဇဉ်တွေ ထည့်သိမ်းထားတယ် အချစ်ဦးတဲ့။ ဒီရွက်နုတွေ ခြောက်သွေ့ပြီး ကြွေလွင့်ချိန်တိုင်ရင် အရူးရင့်ရချည်သေးရဲ့။ -နော်ယာ -လွမ်းဆွတ်သတိရမိခြင်းများ

  • 2 авг.663114

    ဟိုသီချင်းလေးထဲကလို သူပန်ထားတဲ့ ပန်းနီနီလေးလည်း ကိုယ်ဖြစ်ခွင့်မရခဲ့ ယုတ်စွအဆုံး သူဆင်မြန်းတဲ့ ဖိနပ်နီနီလေးလည်း ကိုယ်ဖြစ်ခွင့်မရခဲ့ ။ -သွယ်မြိတ်

  • ငါခေါ်မှ ထူးတယ် ငါမေးမှ ဖြေတယ် ငါ့ဘက်က တိတ်ဆိတ်နေရင် မင်းဘဝလေးဟာ အေးချမ်းနေရော ။ -နွေသစ်ငြိမ်း

  • နှစ်ယောက်အတူဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို တစ်ယောက်ထဲ ဆက်လက်သိမ်းဆည်းထားဖို့ ခံနိုင်ရည် မရှိခဲ့သူတွေ။ ▪️ ဂန္ဓမာ