Chinese Anime Movie
Статистика- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 12
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Видео
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 58
- 1/48двое суток
- 66
- 1/72трое суток
- 71
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဇာတ်လမ်းအကျဉ်းကတော့ ထန်မင်းဆက်ကဘုရင်မဝူကျဲ့ထျန်းတည်ဆောက်ပူဇော်ခဲ့တဲ့ကျောက်စိမ်းဗုဒ္ဓဆင်းတုတော်ကြီးဟာဆိုရင်အရမ်းကိုအဖိုးတန်တဲ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပါတယ် အဲ့ဒီရုပ်ထုရဲ့ဦးခေါင်းတော်ဟာသစ္စာဖောက်တစ်ယောက်ကြောင့်ဂျပန်နိုင်ငံ ကိုပါသွားခဲ့ရပါတယ် နှစ်တွေကြာတဲ့အခါဂျပန်နိုင်ငံကနေပြီးအဲ့ဒီရုပ်ထုကိုပြန်ပြီးတော့အပ်နှင်းဖိုစီစဉ်ခဲ့ပါတယ်ဒါပေမယ့်ရုပ်ထုဦးခေါင်းတော်ဟာအစစ်မဟုတ်ဘဲဖြစ်နေတာကိုသိလိုက်ရပါတယ်ဒီလိုနဲ့သစ္စာဖောက်လိုစွပ်စွဲခံခဲ့ရတဲ့ရွှ မိသားစုရဲ့နောက်ဆုံးမျိုးဆက်ရွှယွမ်ဟာဦးခေါင််းတော်အစစ်ကိုရှာဖိုစွန့်စားခန်းထွက်ရပါတော့တယ်တစ်ကားလုံးစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ် Schemes in Antiques 2021 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/AllDramaWo1/8407
Hijack 1971ရုပ်ရှင်ဟာဆိုရင်တော့ ၁၉၇၁ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတာဘဲဖြစ်ပါတယ်။ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားဆိုတာကတော့တကယ်ကိုစစ်ရေးအရတင်းမာတဲ့နိုင်ငံနှစ်ခုဘဲဖြစ်ပါတယ်။ ဒီလိုစစ်ရေးတင်းမာနေတဲ့အခြေအနေမှာ တောင်ကိုးရီးယား ပိုင်လေယာဉ်တစ်စီးက လေယာဉ်ပြန်ပေးဆွဲသမားတစ်ယောက်ရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုနဲ့မြောက်ကိုးရီးယားပိုင်နက်ထဲကို ဆင်းသက်ဖို့အကြပ်ကိုင်ခံရပါတယ်။တောင်ကိုးရီးယားလေတပ်ကလည်း အမိန်းမလိုက်နာရင်ပစ်မိန့်ပါ ပေးထားပြီးပြီဖြစ်ပါတယ်။ဒီလိုအရေးကြုံလာတဲ့ အချိနိမှာ လေယာဉ်မှုးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခရီးသည်တွေကိုရအောင်ဘယ်လို ကယ်တင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဘဲဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကြီးမင်းသား Ha Jung-Woo,Yoo Jin-Goo,Sung Dong-Bin နဲ့ မင်းသမီးချောလေး Chae Soo-Binတို့အဓိကပါဝင်သရုပ်ဆောင် ထားကြပါတယ်။ H-i-j-a-c-k-1971 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/SkyNetCha/4855
ကံဆိုးနေတဲ့ စုံထောက်တစ်ယောက်ကို လူတစ်ယောက်က ထူးဆန်းတဲ့အလုပ်တစ်ခုအပ်လာခဲ့ပါတယ်။သူ့တာဝန်ကတော့ သံသယရှိဖွယ် လုပ်ငန်းရှင် ဖရန့် နဲ့ အဆိုတော်မလေး ဖိုဆေးတို့ကြား ချစ်ခြင်းမေတ္တာကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီအမှုကို လုပ်ဆောင်နေချိန်မှာ သူကပန်လို့ခေါ်တဲ့ ဖိုဆေးရဲ့ အစ်မဖြစ်သူနဲ့ တွေ့ခဲ့ရပါ တယ်။ ပန်ကတော့ မူမမှန်တာတစ်ခုခုကိုခံစားနေရပြီး ဖွင့်ချဖို့ကြိုးစားပါတယ်။ နောက်ဆုံးမှာဖန့်နဲ့ဖိုဆေးအဆင်ပြေသွားပါ့မလားဆိုတာကို ကြည့်ရှုလို့ရပါပြီ။ L_o_v_eo_rL_i_e2025 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/ThaiMovieBox/7855
လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီနှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံးရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကိုကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းကအကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက်လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။သူ့ဇာတ်ကောင်တွေနည်းတူသူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ Fireflies in the Sun 2021 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/DramaFpMovie/6222
IMDRating (6.3) ရရှိထားတဲ့ ဒီဇာတ်ကားက ရုံတင်တုန်းကလဲ အတော်ဟော့ခဲ့တာပါ…မင်းသား Donnie Yen ,Chen Kun တို့နဲ့ နာမည်ကြီးမင်းသမီး Zhao Wei,Zhou Xun တို့နဲ့ ရိုက်ကူးထားတဲ့သဘာဝလွန်သိုင်းကား တဖြစ်လဲ အချစ်ရို မန့်ဇာတ်ကားလေးပါ။လူ့နှလုံးသားကိုစားသုံးပြီး လူတွေကြားမှာ ရှင်သန်နေကြတဲ့ မှင်စာမိစ္ဆာ အချောလေးကို ချစ်မိကြတဲ့ဇာတ်လမ်းလေး ပေါ့…ရိုက်ကူးထားတာတွေမိုက်တဲ့အပြင် သိုင်းကားရသလဲအပြည့်ပါတာမို့ သိုင်းကားပရိတ်သတ်ဆို လက်လွတ်မခံသင့်ပါ။ Painted Skin 2008 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/AllDramaWo1/8399
ယခုတစ်ခါတင်ဆက်ပေးသွားမှာကတော့မင်းသမီးချောလေး Han So Hee ပါဝင်ထားတဲ့ HEAVY SNOW ဆိုတဲ့ Film လေးဘဲ ဖြစ်ပါတယ်ရှင်ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးကြားမှာဖြစ်ပေါ်လာတဲ့ ချစ်ခင်ရင်းနှီးမှုအပြင် ကြည်နူးလွမ်းဆွတ်ဖွယ် ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ညွှန်းထားတဲ့ ကြည်နူးဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်Gangneung ကနေ Seoul ကိုသွားတဲ့လမ်းတစ်လျှောက်မှာ သူတို့နှစ်ဦးရဲ့အကြောင်းတွေကို အပြန်လှန်မျှဝေရင်း ခံစားချက်မျိုးစုံနဲ့ အတွေ့အကြုံတွေကို စူးစမ်းရှာဖွေ ကြပါတော့တယ် တစ်ယောက်နဲ့တစ်ယောက်အခြေနေအနေအထားချင်းမတူပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ဆယ်ကျော်သက်များပီပီ တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ခံစားချက်များကိုမစွန့်လွှတ်နိုင်တဲ့အခါဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာကို H-e-a-v-y-S-n-o-w-2023 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/SkyNetCha/4847
လောကကြီးထဲမှာ အချစ်ကိုဘုရားတစ်ဆူလိုကိုးကွယ်နေတဲ့လူတွေရှိသလို အချစ်ကြောင့်စိတ်ဒဏ်ရာပြီး ဘယ်တော့မှမယုံနိုင်တော့တဲ့အထိဖြစ်တဲ့လူလည်းရှိပါတယ်။ "ထဲန်"ဆိုတဲ့လူလည်း အချစ်ကြောင့်စိတ်နာပြီး အချစ်ကိုခုတုံးလုပ်ပြီး လူတွေဆီကနေ အကျိုးအမြတ်ထုတ်တဲ့သူဆိုရင်လည်းမမှားပါဘူး။ "ထဲန်"လုပ်တဲ့အလုပ်ကတော့ "နှစ်နှစ်အတွင်းမပြတ်ရင် အတိုးငွေရတယ်"ဆိုတဲ့ အာမခံအလုပ်ပဲဖြစ်ပါတယ်။ ဒီအာမခံက ချစ်သူစုံတွဲတွေကိုမက်လုံးပေးပြီး နှစ်နှစ်သာကာလအတွင်းမှာ မပြတ်ခဲ့ရင်အတိုးရမယ်ဆိုတာပါပဲ။သို့ပေမယ့်အာမခံစတင်လုပ်ပြီး ၃လအကြာမှာတော့အာမခံကုမ္ပဏီဘက်က အမြင်မတူတာကြောင့် သတ်မှတ်ထားတဲ့အချိန်ကာလ တနှစ်အတွင်း "ထဲန်"တွက်ချက်ထားသလိုမဖြစ်ရင် ဒီအာမခံကိုဖျက်သိမ်းမယ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မို့ "ထဲန်"တစ်ယောက် ကိုယ့်အာမခံလေးအဖျက်သိမ်းမခံရအောင် အတွဲတွေမပြတ်ပြတ်အောင် ကြံစည်ပါတော့တယ်။ တဘက်မှာလည်း အချစ်ကိုကိုးကွယ်နေတဲ့ "ကျစ်"တစ်ယောက်တော့ အတွဲရှာပေးတဲ့ကုမ္ပဏီတခုမှာ အောင်သွယ်တော်လုပ်ခဲ့ပါတယ်။ Love Battle 2019 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/ThaiMovieBox/7846
Undercover ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်...အမှုတစ်ခု အမှန်တရားတစ်ခုကို ဖော်ထုတ်ဖိုအတွက် လက်တွေ့ကွင်းဆင်းပြီးကိုယ်တိုင်ကိုယ်ကျ ခံစားဖော်ထုတ်ဖိုကြိုးစားရင်တစ်စုံတစ်ယောက်အသွင်ယူပြီး စုံစမ်းလေ့လာတာပါ...ဒါပေမယ့် ဒီကားလေးထဲမှာတော့ အသွင်ယူတဲ့သူကတရားစီရင်နိုင်တဲ့ အာဏာပိုင်မဟုတ်သလို....အရာရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ငွေရှင်လည်းမဟုတ်ဘူး...ကလောင်အစွမ်းနဲ့ အမှန်တရားကို လောကမြစ်ထဲစီးဆင်းစေတဲ့ သတင်းထောက်သမားလေးပါ...ဇာတ်လမ်းကတော့ တစ်နေ့ ဟောင်ကောင်မြိုလူအိုရုံ (မသန်စွမ်းဂေဟာ) မှာမသန်စွမ်းတဲ့ လူအိုတွေကို မြိုလယ်ကောင့နေရာလွတ်ထဲကိုယ်လုံးတီး ရေပန်းတွေဖြန်းပြီး ရေချိုးပေးတဲ့ဓာတ်ပုံတွေအေဝမ်းမီဒီယာကို ရောက်လာလို ဒီသတင်းကိုလိုက်ဖိုအတွက်ရှောင်ချီဆိုတဲ့ သတင်းသမားလေးက သူငယ်ပြန်နေတဲ့ ထုံဖိုးဖိုးရဲ့မြေးမလေးအနေနဲ့ သက်တံဂေဟာကို ရောက်လာတာပေါ့... In Broad Daylight 2024 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/DramaFpMovie/6215
မင်းဆက်သစ်ထူထောင်ပြီး တရုတ်ပြည်ရဲ့ ပထမဆုံး အမျိုးသမီးဧကရီအဖြစ် နန်းတက်ဖို့ ပြင်ဆင်နေတဲ့ ဝူဇဲထျန်း (Wu Zetian) ရဲ့ နန်းတက်ပွဲနီးကပ်လာချိန်မှာပဲ မြို့တော်လိုယန်မှာ ထူးဆန်းဆန်းပြားတဲ့ လူသေမှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။ သေဆုံးသူတွေဟာ နေရောင်ခြည်နဲ့ ထိတွေ့တာနဲ့ ခန္ဓာကိုယ်အတွင်းထဲကနေ မီးဟုန်းဟုန်းတောက်ပြီး ပြာကျသေဆုံး သွားကြတာပါ။နန်းတက်ပွဲအတွက် တည်ဆောက်နေတဲ့ ပေ ၆၀၀ မြင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးအနီးမှာပါ ဒီလိုအလောင်းကောင်တွေ တွေ့လာရတဲ့အတွက် အဓိကတရားခံကို ရှာဖွေဖို့ ဝူဇဲထျန်းဟာ မင်းပြစ်မင်းဒဏ်သင့်ပြီး ထောင်ကျနေတဲ့ မဟာစုံထောက်ကြီး တီရင်ဂျေး (Di Renjie) ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်လိုက်ပါတယ်။တီရင်ဂျေးဟာဘုရင်မရဲ့ ယုံကြည်ရတဲ့ အနီးကပ်အမျိုးသမီးအရာရှိ ရှန်းကွမ်းကျင်းအာ၊ သွေးကြောက်ရောဂါရှိပြီးလက်မြန်ခြေမြန် စုံထောက် ပေတုန်းလိုက်တို့နဲ့အတူ ပူးပေါင်းပြီး အမှုမှန်ကို လိုက်လံဖော်ထုတ်ပါတော့တယ်။ Detective Dee : The Mystery of Celestial Passage 2025 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/AllDramaWo1/8393
ဟျောဆူနဲ့ဟယ်ရီဆိုတဲ့ စီနီယာ၊ဂျူနီယာနှစ်ယောက်ဟာသေဆုံးသွားတဲ့ ချစ်ရသူတွေနဲ့ဆက်သွယ်စကားပြောနိုင်မဲ့ Ai ဆားဗစ်တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။ ဒီဆားဗစ်ကိုလေယာဉ်မယ်လေးဂျောင်အင်နဲ့ မိခင်တစ်ဦးတို့ကအဓိကအသုံးပြုခဲ့ကြပါတယ်။ ဒီနည်းပညာနဲ့ ချစ်ရတဲ့သူတွေကို လွမ်းဆွတ်တမ်းတမှုကိုခနတာဖျောက်ဖျက်နိုင်ပေမဲ့ ခံစားချက်အတုတွေဟာဘယ်အချိန်အထိတာရှည်ခံနိုင်ပါသလဲ။ နာမည်ကြီးဒိတ်ဒိတ်ကြဲသရုပ်ဆောင်မင်းသား၊မင်းသမီးများစွာနဲ့ရိုက်ကူး ထားတာဖြစ်တဲ့အတွက် ဒီအချက်နဲ့တင်ကြည့်ရှုဖို့အရမ်းတန်နေပါပြီ။ နည်းပညာရဲ့စိတ်ဝင်စားစရာကောင်းမှုတွေကိုအများကြီးမြင်တွေ့နိုင်မှာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ W-o-n-d-e-r-l-a-n-d-2024 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/SkyNetCha/4840
ဇာတ်လမ်းအကျဉ်းကတော့... ခေတ်တွေပြောင်းလာတာနဲ့အမျှ ရိုးရာဂီတအဖွဲကို ဆက်လက်ရပ်တည်ဖို ရုန်းကန်ရတဲ့အခါ၊ အဖွဲသားတွေကြားက အလွဲလွဲအချော်ချော် ဟာသတွေ၊ စင်နောက်ကွယ်က အချစ်ဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါးလေး ရိုက်ပြထားတာပါ။ အထာကျကျ မင်းသားချောချောလေးနဲ့အတူ ဟာသဇာတ်ပို့တွေ ပါဝင်အားဖြည့်ထားလို ရယ်ရလွန်းလို ဗိုက်နာရမယ့်အပြင် ရင်ထဲနွေးထွေးသွားစေမယ့် Feel-good vibe မျိုးပါ ရစေမှာပါ။ရိုးရာယဉ်ကျေးမှုအငွေ့အသက်လည်းမပျောက်ဘဲ ခေတ်လူငယ်တွေ စိတ်ကြိုက်လည်း ဖြစ်လာ အောင် မော်လမ်ဂီတကို သူတို့ ပြောင်းလဲနိုင်ပါ့မလား။ ဘယ်လို အလွဲအချော်တွေ ကြုံရမလဲဆိုတာကို စိတ်ညစ်စရာတွေမေ့ပြီး သီချင်းလေးတွေ နားထောင်ရင်း အူတက်အောင်ရယ်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို အခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ဗျာ။ Mor Lam Rhythm Rabiab Wathasilp 2026 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/ThaiMovieBox/7828
တယ်လီဖုန်းလိမ်လည်လှည့်ဖြားမှုဂိုဏ်းချုပ် Chen Yiwu ဟာ ပြည်ပနိုင်ငံဆီ ထွက်ပြေးပုန်းအောင်းကာ ရာဇဝတ်မှုတွေကို ဆက်လက် ကျူးလွန်နေခဲ့ပါတယ်တရုတ်နိုင်ငံမှ တရားခံလွှဲပြောင်းရယူရေးနဲ့ စုံစမ်းဖမ်းဆီးရေး အထူးတပ်ဖွဲ့ခေါင်းဆောင် Tan Haotian ဟာ ရာဇာကြီး Chen Yiwu ကို တိုင်းပြည်အတွင်း ပြန်လည်ခေါ်ဆောင်နိုင်ဖို့ အိမ်ရှင်နိုင်ငံ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အလုပ်လုပ်ခဲ့ပါတော့တယ်သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ Chen Yiwu ရဲ့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထား အပြည့်အဝ ရှိထားတဲ့ သက်သေ Lu Li ကို ရှာဖွေဖမ်းဆီးဖို့ပဲ ဖြစ်ပါတယ်သက်သေ Lu Li ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ စက္ကန့်ပိုင်းအလိုမှာ Tan Haotian ဟာ မိမိအသက်ကိုပင် မငဲ့ဘဲ သွားရောက် ကယ်တင်ခဲ့တာကြောင့် Lu Li ရဲ့ စိတ်ဓာတ်ကို ပြောင်းလဲစေခဲ့ပြီး တရားဝင် ပြစ်ဒဏ်ခံယူဖို့ သဘောတူစေခဲ့ပါတယ် International Manhunt 2026 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/AllDramaWo1/8385
My Liberation Note ထဲက မင်းသားကြီး Son Suk Ku ရဲ့ အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ.. သတင်းထောက်အင်ဆန်းဂျင်(Son Suk Ku)ဟာ တစ်နေ့ အူဆောင်း Data ရဲ့နည်းပညာအခိုးခံရတဲ့သတင်းကိုလိုက်ရင်း မန်ဂျွန်းလို့ခေါ်တဲ့ အဖွဲ့ အစည်းတစ်ခုကို ထိပါးခဲ့မိပြီး သတင်းအမှားရေးမှုနဲ့ အလုပ်ထုတ်ခံခဲ့ရပါတယ်..အဲလိုနဲ့ တစ်နှစ်အကြာ ချာထာ့ခါ့လို့ခေါ်တဲ့ လူတစ်ယောက်က ဆက်သွယ်လာခဲ့တယ်..အဲဲဒီကနေ ချာထာ့ခါ့တို့ သူငယ်ချင်းသုံးယောက် အရှုပ်တော်ပုံတွေဖန်တီး ရင်းမန်ဂျွန်းအဖွဲ့အစည်းနဲ့ပတ်သက်မိပြီး ဘယ်လိုပြဿနာတွေတက်လာမလဲ..သတင်းထောက်အင်ဆန်းဂျင်တစ်ယောက်ကရော မန်ဂျွန်းအဖွဲ့အစည်းရဲ့ မကောင်းမှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ..ဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရှုသွားလိုက်ရအောင် T-r-o-l-l-F-a-c-t-o-r-y-2024 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/SkyNetCha/4831
ရွာတစ်ရွာမှာ ဆင်းရဲနွမ်းပါးလှတဲ့လယ်သမားလေး "ခရောင့်"ဟာအကြွေးနွံတွေထဲမှာ မရုန်းထွက်နိုင်ပါဘူး။ ဒါကြောင့်လည်း "ဂျိတ်"ရဲ့ဦးလေးဆီမှာပေါင်နှံထားတဲ့လယ်ကွက်တွေ အသိမ်းခံလိုက်ရပါတယ်။ ဥစ္စာဆင်းရဲပေမယ့် အချစ်ရေးမှာတော့ ရွာထဲကသူဌေးထော်န်ကော့ရဲ့ သမီးဖြစ်သူ "ထော်န်ကွာ"နဲ့ချစ်ကြိုက်နေတာပဲဖြစ်ပါတယ်။ "ဂျိတ်"ကလည်း "ထော်န်ကွာ"ကို အပိုင်လိုချင်တဲ့လူဆိုရင်လည်းမမှားပါဘူး။ ထော်န်ကွာရဲ့ အဖေဖြစ်သူကတော့ ဆင်းရဲတဲ့ ခရောင့်နဲ့သဘောမတူဘဲ ချမ်းသာပြီးယုတ်မာတဲ့ "ဂျိတ်"ကိုပဲ သဘောတူခဲ့ပါတယ်။ တနေ့မှာတော့ခရောင့်လည်း သူ့ဘဝကိုစိတ်ညစ်ပြီး ဆိုင်ကယ်ထွက်စီးတဲ့ချိန်မှာ မထင်မှတ်ဘဲ ထူးဆန်းတဲ့ကြက်တစ်ကောင်နဲ့တွေ့ခဲ့ပါတယ်။ ကြက်ရဲ့ရုပ်အဆင်းတော့ မလှပေမယ့် အစွမ်းကတော့ရုပ်နဲ့ပြောင်းပြန်ပါပဲ။ ခရောင့်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဘန်ကောက်ပြန်ရုပ်ရှင်စကားပြန်လုပ်တဲ့ "ဝဲန့်"ဆိုသူကလည်း ခရောင့်ကြုံတွေ့နေရတဲ့ပြဿနာကို ကူညီခဲ့ပါတယ်။ သို့ပေမယ့် သူဌေးကြီးထော်န်ကော့ရဲ့ကောက်ကျစ်မှုကြောင့် ထော်န်ကွာကိုလိုချင်ရင် ပိုက်ဆံ၁၀သောင်းနဲ့လာတင် Love You 100K 2015 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/ThaiMovieBox/7817
တကယ့်အက်ရှင်ကားမှ ကြည့်ချင်ပါတယ်ဆို ရှောင်လင်ကိုယ်ရင် ကတုံးလေးကားထဲက ကလေးသရုပ်ဆောင် ကတုံးလေးရဲ့ ၂၀၂၄ ခုနှစ် မှာ ထွက်တဲ့ ကားသစ်လေးကို ညွှန်ပေးလိုက်ပါတယ်... ဒီကားလေး ကတော့ မိမိသည် မိမိဘာသာနေသော်လည်း ပြဿနာက မိမိအား လာရှာသော်အခါ ဆိုတဲ့ အတိုင်းပါပဲ.... ဇာတ်လိုက်မင်းသား ခွေးရူး ခေါ် ဖေရှင်း က ယနေ့ခေတ်အခေါ်ဆို ကြေးစားလူသတ်သမားပေါ့…ဒါပေမယ့် သူက ရုံးတော်က ဝရမ်းထုတ်ထားတဲ့ အပြစ်သားတွေကို ပဲ တကူးတက သတ်ပေးတဲ့ ကြေးစားသမား..ဒီတော့ သူ့အလုပ်သူ လုပ်ချိန်မှာပဲ..ပုလဲသူခိုးဆိုပြီး သွားဖမ်းတာ..သူခိုးသေပြီး ပုလဲ ရတနာမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်.. မလွှဲသာ တော့လည်း ရုံးတော်ကို အပ်ခဲ့တာ.. ဆုကြေး မရတဲ့အပြင် သူအပ်ခဲ့ တဲ့ အမျိုးသမီးကိုလည်း ညတွင်းချင်း တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့ ကြတယ်..နောက်တော့ သူ့ကိုသတ်ဖို့ပါ တခြားကြေးစားလူသတ် သမားတွေ ထပ်ငှားခဲ့ကြတယ်တဲ့... ဒီတော့ သူလည်း သူ့ကိုသတ်ဖို့ ကြေးစားအထိငှားတဲ့သူကို ရှာရတော့မယ်အချိန် ရောက်လာသောအခါ.... Blade Of Fury 2024 The Wandering Earth 2 2023 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/AllDramaWo1/8376
ဒီနေ့မှာတင်ဆက်ပေးမဲ့ရုပ်ရှင်လေးကတော့ mystery horror အမျိုးအစားလေးဖြစ်တဲ့ The Antique shopဆိုတဲ့ thai-singaporean ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ တစ်နေ့တခြား ပိုပိုပြီးဆန်းသစ်လာတဲ့ထိုင်းmovieတွေက ဒီတစ်ခါမှာရော ဘယ်လိုရသအဆန်းတွေ ပေးစွမ်းမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ။ တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့နည်းပညာနဲ့အတူ ဆန်းသစ်ခေတ်မီအသုံးဝင်လာတဲ့ပစ္စည်းတွေကြားမှာ ရှေးဟောင်းပစ္စည်းတွေကို ကြေးမြင့်ပေးပြီးဝယ်နေကြတာ ဘာကြောင့်များလဲ။ ရှေးဟောင်းပစ္စည်းတစ်ခုရဲ့တန်ဖိုးက ဘယ်ပေါ်မှာမူတည်နေမလဲသူ့ရဲ့တစ်ချိန်က ခမ်းနားထည်ဝါခဲ့တဲ့သမိုင်းကြောင်းလား၊ သူ့ကိုဖန်တီးခဲ့တဲ့လူ ပုဂ္ဂိုလ်ရဲ့ကျော်ဇောမှုလား ဒါမှမဟုတ် ဒီပစ္စည်းရဲ့နောက်ကွယ်မှာရှိနေခဲ့တဲ့ယုံရခက် မယုံရခက် ဖြစ်ရပ်ဆန်းကြယ်ဇာတ်လမ်းတွေကြောင့်လား။ ဘာကြောင့်ပဲဖြစ်ဖြစ် Antique shopတွေက ဖြစ်ရပ်ဆန်းတွေနဲ့ ထူးဆန်းထွေလာပုံပြင်တွေ ဝမ်းနည်းစရာအဖြစ်အပျက်တွေစုစည်းနေတဲ့နေရာတစ်ခုဆိုရင် ငြင်းနိုင်မယ်မထင်ပါဘူး။ The Antique Shop 2022 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/ThaiMovieBox/7798
ခေါင်းစားရတဲ့မှုခင်းမျိုးကိုမှကြိုက်တဲ့သူတွေအတွက်လက်မလွှတ်သင့်တဲ့ကားလေးပါ ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်အဲ့ဒီအဖွဲ့အစည်းကအလုပ်အပ်တဲ့သူတွေပြောတဲ့ ပစ်မှတ်ရဲ့နေထိုင်မှုဘဝတွေကိုလေ့လာပြီးမတော်တဆမှုပုံစံနဲ့သေသွားအောင်ဖန်တီးတာပိပိရိရိအလုပ်လုပ်တဲ့အတွက်ကြောင့်အခကြေးငွေလည်းများပြီးလာအပ်တဲ့သူတွေကလည်း နိုင်ငံရေးသမားစီးပွားရေးသမားတွေသာ ဖြစ်တယ်တနေ့မာ မထင်မှတ်ထားတဲ့အလုပ်တစ်ခုလာအပ်ပြီး ဘယ်လိုပြသနာတွေဘယ်လိုအရှုပ်တွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမာမို့လို့လက်မလွှတ်သင့်တဲ့ကားလေးပါ T-h-e-P-l-o-t-2024 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/SkyNetCha/4821
သာ့ကန်းနိုင်ငံရဲ့ အမတ်ကြီး ဝမ်ယွိယန်ဟာ ဧကရာဇ်မင်းမြတ်ရဲ့မွေးစားသားတော်တဖြစ်လဲ ရှန်ချဲ့ တပ်ဖွဲ့ရဲ့ စစ်သူကြီး လိန်ရှောက်ထျန်းကို ဧည့်ခံပွဲကျင်းပပေးခဲ့ပါတယ်အဲဒီစားသောက်ပွဲမှာတင် အမတ်ကြီးက မြောက်ပိုင်းနယ်စားမင်းအသစ်ဖြစ်တဲ့ ရွှေရှီမင်ဟာ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပြီး အဲဒီအမှုကြောင့် နာမည်ကြီး ဆေးဆရာကြီး လီချန်ရှန့်နဲ့ အတူ သားဖြစ်သူတို့ က မတရား စွပ်စွဲခံထားရကာ မကြာခင်ခေါင်းဖြတ်ကွပ်မျက်ခံရတော့မယ်ဆိုတဲ့ သတင်းဆိုးကို အသိပေးလိုက်ပါတယ်အမှန်တရားကို ဖုံးကွယ်ထားတဲ့ ပဟေဠိတွေရဲ့ နောက်ကွယ်မှာ မကင်းရာမကင်းကြောင်း သဲလွန်စတွေ ရှိနေမှန်း ရိပ်မိသွားတဲ့ စစ်သူကြီး လိန်ရှောက်ထျန်း ဟာ ဆေးဆရာကြီးသားအဖကို ကယ်တင်ဖို့နဲ့ အမှန် တရားကို စုံစမ်းဖော်ထုတ်ဖို့အတွက် အန္တရာယ်များလှတဲ့ ခြေလှမ်းတွေကို စတင်လိုက်ပါတော့တယ်ဒီလိုနဲ့ သူတို့ နန်းတွင်းအရှုပ်တော်ပုံရဲ့အမှောင်ထုနောက်ကွယ်က ကြံစည်သူ လက်မည်ကြီးကို ဘယ်လိုမျိုး အမိအရဖော်ထုတ်သွားမလဲဆိုတာ...... To Break the Dark 2026 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/DramaFpMovie/6182
ဘဏ္ဍာရေးဝန်ကြီး ယဲ့ထင်ဟာ နိုင်ငံတော်ဘဏ္ဍာတွေကို မတရားခိုးယူထားပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရားထောင်ချခံရမယ့် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရပါတယ်အဖေဖြစ်သူမှာ အပြစ်မရှိဘူးလို့ အခိုင်အမာယုံကြည်ထားတဲ့ သားဖြစ်သူ ယဲ့ဟုဟာ အခြားနည်းလမ်းမရှိတော့ဘဲ ဖခင်ဖြစ်သူကို ခေါ်ဆောင်ကာ ထွက်ပြေးလွတ်မြောက် အောင် ကူညီခဲ့ပါတော့တယ်ဒါပေမဲ့ လမ်းခုလတ်မှာ နန်းတွင်းအရာရှိရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အပြန်အလှန် တိုက်ခိုက်ရင်းမှ အရာရှိကို မှားယွင်းသတ်ဖြတ်မိသွားခဲ့ပါတယ်ဖခင်ဖြစ်သူ မြို့ပြင်သို့ ဘေးကင်းစွာ ထွက်ခွာနိုင်ဖို့အတွက် ယဲ့ဟု ဟာ အဲဒီအရာရှိအဖြစ် ဟန်ဆောင်ကာ နန်းတွင်းထဲ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်အခက်အခဲ မျိုးစုံနဲ့ အလှည့်အပြောင်းတွေကြားမှာ ရုန်းကန်ရင်း နောက်ဆုံးမှာတော့ သူ့ဖခင် စွပ်စွဲခံရတဲ့ အမှုရဲ့ နောက်ကွယ်မှာ အလွန်ကြီးမားတဲ့ ပဟေဠိနဲ့ ကြံစည်မှုကြီး ရှိနေမှန်း သိရှိသွားခဲ့ရချိန်မှာတော့...သူတို့သားအဖနှစ်ဦး အမှန်တရားကို ဘယ်လိုမျိုး ဖော်ထုတ်သွားမလဲဆိုတာ ...... Secret in an impasse 2026 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/AllDramaWo1/8369
Monstrum ဟာ ဘုရင်ဂျောင်ဂျုံလက်ထပ် ၁၅၇၂ ခုနှစ်မှာ တော်၀င်နန်းတော်ကိုခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဆိုးကြီးအကြောင်းကိုမှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်းရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်…ဘုရင်က အဲဒီသတ္တဝါကြီးကို အမဲလိုက်ဖို့သူ့လူယုံတွေကိုစေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်…Action ကားတွေကြိုက်တဲ့လူတွေအတွက် ဇာတ်ကားအစပိုင်းမှာ အရသာပေါ့သလိုခံစားနိုင်ပေမယ့်နောက်ပိုင်းတွေကစပြီးတော့ အပြီးထိကြည့်ချင်စိတ်ကိုဆွဲခေါ်သွားစေနိုင်မယ့် ကားဖြစ်ပါတယ်…. M_o_n_s_t_r_u_m 2018 Channel လေးတွေ အရင် Join ပေးပါနော် https://t.me/addlist/QywZs-GaaIo3NjVl ဇာတ်ကားကြည့်ရန်လင့် https://t.me/SkyNetCha/4815