- Последний пост
- 31 янв.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ချစ်သူစစ် ဘဝမှာ အဆင်ပြေချောမွေ့နေတဲ့ အချိန်တွေမှာ ဘေးနားရှိနေပေးဖို့ဆိုတာ ဘယ်သူမဆို လွယ်ကူပါတယ်။ ဒါပေမဲ့ တကယ့် "ချစ်သူစစ်" ဆိုတာကတော့... တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်လို့ စိတ်ကောက်နေချိန်၊ စကားများပြီး မျက်နှာချင်းတောင် မကြည့်ချင်လောက်အောင် ဖြစ်နေတဲ့ အချိန်တွေမှာတောင် မင်းကို လုံးဝပစ်မသွားဘဲ အနားမှာပဲ တဝဲလည်လည် ရှိနေပေးတတ်သူမျိုးပါ။ သူတို့က ထွက်မသွားတာဟာ အားငယ်လို့ မဟုတ်သလို၊ သည်းခံလွန်းနေလို့လည်း မဟုတ်ပါဘူး။ "မင်းမရှိတဲ့ ကမ္ဘာကြီးထက် မင်းနဲ့အတူ ရုန်းကန်ရမယ့် ကမ္ဘာကြီးက ပိုပြီးနေပျော်တယ်" လို့ ယုံကြည်ထားကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်... လှပတဲ့ ရုပ်ရည်၊ ပြည့်စုံတဲ့ ငွေကြေးတွေထက် မင်း စိတ်ဓာတ်ကျနေချိန်မှာ မင်းလက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားပေးမယ့်သူကိုပဲ ရှာဖွေပါ။ အဲ့ဒီလို လူမျိုးကို တွေ့ပြီဆိုရင်တော့ ဘယ်တော့မှ လက်လွှတ်မခံပါနဲ့။ ဘာလို့လဲဆိုတော့... တကယ်ချစ်တဲ့သူဆိုတာ ဘယ်တော့မှ ထားမသွားသလို၊ လွယ်လွယ်နဲ့ ထားခဲ့တဲ့သူကလည်း ဘယ်တုန်းကမှ တကယ်မချစ်ခဲ့လို့ပါပဲ။ By Adm
သစ္စာတွေရှားလာပြီး မေတ္တာတွေပါးလာတဲ့ခေတ်မှာ တစ်ယောက်ယောက်ကများ ကိုယ့်အပေါ်တကယ်မေတ္တာထားလာခဲ့ရင် သေသေချာချာလေးတန်ဖိုးထားပေးပါ။ ပြန်လိုချင်တိုင်းပြန်မရတဲ့အထဲမှာ ချစ်ခြင်းမေတ္တာဟာထိပ်ဆုံးကပဲ။ ကိုယ်နဲ့ထိုက်တဲ့သူကိုယ့်အနားရောက်လာပြီးမှ ကိုယ့်အနားကထွက်ခွာသွားခဲ့ရင် အဓိကတရားခံဟာ ကိုယ်ပါပဲ။
🍀🍀🍀🍀🍀 ဘဝဆိုတာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာသလို မမျှော်လင့်ထားတာတွေလဲ ဖြစ်လာတတ်တယ် ခံနိုင်ရည်ရှိပါစေ။ 🍀🍀🍀🍀🍀
ဝဋ်ကြွေးတဲ့
ကွဲသွားတဲ့မှန်တစ်ချပ် ပြန်ပြုပြင်လဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်သလို ခွဲစိတ်ကုသမှုခံယူဖူးတဲ့ လူသားတိုင်းလဲ အကောင်းပကတိအတိုင်း ပြန်မကောင်းနိုင်ဘူးဆိုတာ သိကြမှာပါပဲ။ By SLA;
ငါ့ရဲ့ဘဝကိုအဖက်ဖက်ကနေဟန်ချက်ညီအောင်ကြိုးစားမယ် လူတိုင်း လူတိုင်းလဲ ကိုယ့်ရဲ့ဘဝကိုအဖက်ဖက်ကနေဟန်ချက်ညီအောင်ကြိုးစားကြပါ
သဘာဝဘေး အန္တရာယ်တွေကြားမှာ အစစအရာရာ ဂရုစိုက်ကြပါ ချစ်မိတ်ဆွေတို့. သတ္တဝါအပေါင်း ဘေးရန်ကင်း၍ အေးချမ်းကြပါစေ
လူအများရှေ့မှာ ရဲရင့်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ သက်တောင့်သက်သာရပ်တည်ရဲဖို့ဆိုတာ လူတွေမမြင်နိုင်တဲ့ နောက်ကွယ်မှာလည်း ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ စနစ်တကျလိုက်နာနေထိုင်နိုင်သူဖြစ်မှ ရတာ ပါ။ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတဲ့ လိပ်ပြာလုံမှုတွေ၊ ကြိုးစား အားထုတ်မှုတွေ၊ ကိုယ်တိုင်ချမှတ်ထားတဲ့ ကိုယ်ပိုင်စည်းမျဉ်းကောင်းတွေကို မချိုးဖောက်ဘဲ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်စွာ ထိန်းကျောင်းနိုင်ခြင်းတွေဆီကနေ လာပါတယ်။ လူအများရှေ့ ပွဲလယ်တင့်နေတဲ့ ကိုယ့်ရဲ့အောင်မြင်မှုတွေဆိုတာ တစ်နည်းအားဖြင့် နောက်ကွယ်မှာ တစ်ယောက်တည်း စွမ်းဆောင်နိုင်ခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ ရောင်ပြန်ဟပ်ခြင်းပါပဲ။ ဒီယုံကြည်မှုကသာ အစစ်အမှန်နဲ့ တစ်သက်လုံးလည်း ရေရှည်တည်တံ့ပါတယ်။ နောက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ်မနိုင်ဘဲ လူရှေ့မှ ဟန်ဆောင်တဲ့ ယုံကြည်မှုမျိုးက ကြာရှည်မခံပါဘူး။
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
နွေ တဲ့ တစ်လုံးတည်းနဲ့ လွမ်းစရာတွေမှ တပုံကြီး......
ဘယ်လောက်ပဲ စိတ်ရှည်သူ ဖြစ်ပါစေ နားလည်ပေးရတာများလာရင် စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာပဲ။ ဘယ်လောက်ပဲ သည်းခံသူဖြစ်ပါစေ သူမှားလဲသည်းခံ သူမှန်လဲသည်းခံ သည်းခံရတာများလာတော့ တုန့်ပြန်တဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။ ဘယ်လောက်ပဲ တော်သူဖြစ်ပါစေ လောကဒဏ်ဖိအားပြင်းထန်လာတဲ့အခါ အားငယ်တဲ့အချိန်ရှိလာမှာပဲလေ။ ဘယ်လောက်ပဲ သဘောကောင်းပြီး အားနာသူဖြစ်ပါစေ ကိုဟ်ကပဲ အလိုက်တသိလျော့ပေးပြီး မနိုင်၀န်ထမ်းရတာများလာတော့ အားနာ တက်တာကို နောင်တ ရတဲ့နေ့ဆိုတာ ရှိလာမှာပဲ။ ဘယ်လောက်ပဲ ရိုးသားသူဖြစ်ပါစေ ဖြူစင်မှု့ကို အသုံးချခံရတာများလာတော့ ပေါက်ကွဲတဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။ ဘယ်လောက်ပဲ ယုံကြည်သူဖြစ်ပါစေ အလိမ်ခံရတာများလာတော့ သံသယ၀င်ပြီး မယုံကြည်တဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။ ဒါကြောင့် ကိုယ်ဘေးက တန်ဖိုးထားရသူတွေ ကိုယ့်အနားက မစွန့်ခွါချင်ရင် သူ့ဘက်ကိုယ့်ဘက်မျှတွေးပါ။ ကိုယ့်ကြောင့် သူတို့ရဲ့နှလုံးသားကို အနာတရ မဖြစ်စေနဲ့။ လူဆိုတာ ခံနိုင်ရည်ထက်ကျော်သွားရင် အပြီးတိုင် စိတ်ပျက်ပြီး ဥပေက္ခာပြုသွားတက်တယ်။ သူ့ဘက် ကိုယ့်ဘက် မျှတွေးတက်တဲ့ ကိုယ်ချင်းစာတရား မွေးမြူထားမှ ကိုယ်တန်ဖိုးထားရသူတွေ ကိုယ့်အနားကနေ မစွန့်ခွါမှာပါ။
🍀🍀🍀🍀🍀🍀🍀🍀🍀 စိတ်ဓာတ်ပဲလိုတယ် လူတစ်ယောက်က ဘယ်အလုပ်ကိုပဲ လုပ်လုပ် စိတ်ဓာတ်ခွန်အား အရေးကြီးပါတယ်။ ဒီအလုပ်ကို ငါ...ဖြစ်အောင်လုပ်မယ်လို့ တစ်ထစ်ချ ယုံကြည်နေရင် အဲဒီအလုပ်ကိုလုပ်ကြည့် ဖြစ်ကိုဖြစ်တယ်။ ငါ...လုပ်နိုင်မှာမဟုတ်ဘူးလို့ အားလျှော့ လိုက်တာနဲ့ အဲဒီအလုပ်ကို ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် မအောင်မြင်ပါဘူး။ သင့်ကို ကျွန်ုပ် ပြောလိုက်မယ်။ လူတစ်ယောက်မှာ အရေးကြီးဆုံးက စိတ်ဓာတ်ပဲရှင်...စိတ်ဓာတ်ပဲ။ ဘယ်လောက်မြင့်မြင့် ရည်မှန်းထားလဲ ရည်မှန်းထားတဲ့ အမြင့်ကိုရောက်အောင် ကြိုးစားလုပ်ဖို့က စိတ်ဓာတ်ပဲ လိုတယ် 🍀🍀🍀🍀🍀🍀🍀🍀🍀🍀
နေရာတကာ လူရာဝင်ချင်စိတ်ပြင်းပြပြီး ကိုယ့်ပုံစံအစစ်အမှန်ကို မဖုံးကွယ်မိစေနဲ့ မပြောင်းလဲမိစေနဲ့ ဘယ်အသက်အရွယ်ရောက်ရောက် ပျော်ရွှင်ခွင့်ရှိတယ် စိတ်ချမ်းသာခွင့်ရှိတယ် ဘယ်တော့မှ နောက်ကျနေပြီလို့ မထင်လိုက်ပါနဲ့ By Hope 🫰
🍀အကောင်းမြင်စိတ်ဖြင့် ရှင်သန်ပါ🍀 အကောင်းမြင်စိတ်ဖြင့် ရှင်သန်ပါ။ နေပူတော့ ပူလို့ ၊ မိုးရွာတော့ရွာလို့ဆိုပြီး ထိန်းချုပ်ခန့်မှန်းရခက်တဲ့ ရာသီဥတုကိုတောင် အပြစ်ဆိုတတ်ကြသူတွေ တွေ့ဖူးကြမှာပေါ့။ ဒီလိုပြောတဲ့သူတွေရဲ့ စိတ်ထဲမှာ ဘဝင်မကျနိုင်မှုတွေသာ စိုးမိုးနေမှာလည်း မလွဲပါဘူး။ နေသာလိုက်တာ၊ မိုးလေးတစိမ့်စိမ့်နဲ့ အေးချမ်းလိုက်တာ စသဖြင့် ပြောကြည့်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာပါ အေးချမ်းနေမှာပါ။ ဘယ်လို အခြေအနေမျိုးကိုမဆို ကောင်းတဲ့ဘက်က လှည့်တွေးတတ်တဲ့ အကျင့်လေး ရှိရင် သောကတွေ လျော့ပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ်နဲ့သာ နေထိုင်ပါ။ ကောင်းတဲ့ဘက်က လှည့်တွေးကြည့်ပါလေ။ By Hope🫰