- Последний пост
- 5 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 364
- 1/48двое суток
- 417
- 1/72трое суток
- 449
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🚩 ညနေပိုင်းကစမယ့် ခြေစမ်းပွဲကောင်းများ အေစီမီလန် 🆚 အင်တာမီလန် ညနေ ၅:၃၀ နေရာ - သြစတြေးလျ K လိဂ် All Star 🆚 မန်စီးတီး ညနေ ၅:၃၀ နေရာ - တောင်ကိုရီးယား ချဲလ်ဆီး 🆚 ဂျူဗင်တပ်စ် ညနေ ၆:၀၀ နေရာ - ဟောင်ကောင် နာပိုလီ 🆚 အိုဆာဆူနာ ည ၁:၀၀ နေရာ - အီတလီ(ကြားကွင်း) အာဆင်နယ် 🆚 ဘက်တစ် ည ၁:၀၀ နေရာ - အိုင်ယာလန် မာယော့ကာ 🆚 ပီအက်စ်ဂျီ ည ၁:၃၀ နေရာ - မာယော့ကာကွင်း 👏 ခြေစမ်းပွဲများ ကံစမ်းအားပေးလိုပါက 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺 )
без подписи
ဒီအပတ် ကြားရက်မှာ ဒီညကစလို့ ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲနဲ့အတူ ယူရိုပါလိဂ်၊ ကွန်းဖရန့်စ်လိဂ်တွေလည်း ကစားကြမှာ အားလုံးသိကြမှာပါ။ အများစု စိတ်ဝင်စား ရွေးချယ်ကြမယ့် ချန်ပီယံလိဂ်ဟာ တတိယခြေစစ်ပွဲ ပထမအကျော့ပွဲစဥ်တွေ ကစားမှာဖြစ်ပြီး ဒါပြီးရင် အုပ်စုအဆင့်မှာ ပါဝင်ခွင့်ရမယ့် Play-Off နောက်ဆုံးအဆင့်ပဲ ကျန်ပါတော့တယ်။ အရေးကြီးတဲ့ အဆင့် ရောက်လာပြီ ဆိုပါတော့။ ဒါ့ကြောင့် ဖီနာဘာချီ၊ လိုင်ယွန် တို့လို နာမည်ကြီး အသင်းတွေ ပါဝင်လာပါတယ်။ ဖီနာဘာချီမှာ ဒီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ဂရင်းဝုဒ်၊ နသန်အကီတို့ကို ဒီညမှာ ရှု့စားရဖို့ရှိပါတယ်။ စကားမစပ် အခုတလော အိုင်ဘတ်က တူထုတဲ့ပုံတွေ၊ ဂွပုံတွေပြပြီး အလုပ်စကားအရ စက်ပြင်နေတာပေါ့ အဲ့ဒါက နာရီတော်တော်ကြာကြာ မပြီးတော့ ကစားသူတွေ ငွေထုတ်ချင်ရင် ချက်ချင်းပြန်မထုတ်ပေးနိုင်တာ ဒါကလည်း တစ်ခါတလေမှ ဖြစ်တာပါလေ ဆိုပေမယ့် မကောင်းပါဘူး။ အမျိုးမျိုး အထွေထွေ ဘောလုံးပွဲ ကံစမ်းသူတွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ခဏလောက်ဖြစ်ဖြစ် ပြန်ထုတ်ချင်ကြတာမျိုး ရှိမှာပါပဲ။ ဒါ့ကြောင့် အဲ့ဒီလို ပြဿနာမျိုးကင်းတဲ့ ပုံစံချင်းလည်းတူတဲ့အပြင် ကစားနည်း ၄၇ မျိုးအထိ နှစ်သက်ရာရွေးချယ်ကစားနိုင်တဲ့ Mix 247 ကိုလည်း သိပြီးသားရော မသိသေးတဲ့သူတွေရော စမ်းကံစမ်းကြည့်စေချင်ပါတယ်။ ဒီနေရာမှာ အရင်တည်းက လူကြိုက်များပြီးသားဖြစ်တဲ့ Mix 247 ကို ကြော်ငြာပေးတာလည်း မဟုတ်ပါဘူး။ နိုင်ထားတာဖြစ်ဖြစ် လက်ကျန်ယူနစ်ဖြစ်ဖြစ် ဟိုတရက်က အိုင်ဘတ်စက်ပြင်ချိန်ကြာသလိုမျိုး ငွေပြန်ထုတ်ရတာ ကစားတဲ့သူတွေဘက်က ရတနိုးနိုး လည်ပင်းမရှည်စေချင်တာပါ။ ကျွန်တော့်ဆီမှာတော့ ၂ ခုလုံး ဝန်ဆောင်မှူရှိပါတယ်။ လုပ်ငန်းတူကိုယ်စားလှယ်များ အစမ်းသဘောမျိုး ဖြန့်ချင်ရင်လည်း လုပ်ငန်းအခေါ် ဂိတ်ဆုံးနီးပါးစျေးလား အဲ့ဒီနှုန်းလောက်နဲ့ လက်တွဲလို့ရပါတယ်။ ကျွန်တော်တို့က ကစားတဲ့သူတွေ စိတ်ချမ်းသာအောင် ဝန်ဆောင်မှူပေးရတာ နံပါတ် ၁ ဆိုရင် သူတို့ ဟိုရက်ကလိုမျိုး ဝင်မရ ပြုမရ ထုတ်မရ သွင်းမရတာမျိုး၊ ကိုယ်လည်း နာရီအတော်ကြာ မထုတ်ပေးနိုင်ဘဲ စိတ်ရှုပ်နေတာမျိုး မဖြစ်ချင်ပါဘူး။ Mix 247 လည်း တစ်ယူနစ် - ၁၀၀၀ ပါပဲ။ ဝင်ရန် Link ၃ မျိုးရှိပါတယ်။ ဒါက အိုင်ဘတ်လို Website ပုံစံပါ https://www1.247mix.net/ ဒါကတော့ Website နဲ့ပဲ App ပုံစံပါ။ https://m.247mix.net/ ဒါက 555 Mix တို့လို့ App Download ပုံစံပါ။ https://mix247.app/ ပုံကတော့ Website မြင်ကွင်းနဲ့ ဒီည ချန်ပီယံလိဂ်ခြေစစ်ပွဲစျေးကွက်ဖြစ်ပါတယ်။ စုံလင်လှပါတယ်ဆိုတဲ့ ပွဲတစ်ပွဲတည်းက အခြားကစားနည်းတွေကို လေ့လာချင်ရင် Box နဲ့ပြထားတဲ့ ဥပမာ 43 ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ ဟင့်အင်း ... အသစ်တွေ မစမ်းချင်ဘူး ရှုပ်တယ် ကစားနေကျ အိုင်ဘတ်တို့ 555 တို့ပဲဆိုရင်လည်း ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺 ) ဒီအချိန်အတွင်း 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ဒီနံပါတ်ကို ဆက်သွယ်လိုက်ပါခင်ဗျ။
🔴 အင်္ဂလန်နဲ့ မန်ယူကို တစ်ညတည်း အားပေးရမယ့် အခွင့်အရေး ဒီ စနေညဟာ မန်ယူနဲ့ အင်္ဂလန် အားပေးတဲ့ ပရိသတ်တွေအတွက် ရှားရှားပါးပါး ဘဝမှာ တစ်ညတည်း ၂ ပွဲလုံး အားပေးခွင့်ရမှာပါ။ မန်ယူက ရာသီကြို ပထမဆုံးခြေစမ်းပွဲအဖြစ် ည ၉ နာရီခွဲမှာ အင်္ဂလန်ကလပ် ဝရက်ဇ်ဟမ်းနဲ့ ဖင်လန်နိုင်ငံ၊ ဟယ်ဆင်ကီးမှာ ကစားမှာပါ။ ကမ္ဘာ့ဖလားမှာပါဝင်တဲ့ ကစားသမားတွေကတော့ ပူးပေါင်းနိုင်ဦးမှာမဟုတ်သေးပေမယ့် မက်ဂွိုင်းယား၊ လုခ်ရှော၊ ဟေဗန်၊ မောင့်၊ ဇက်ဇီ၊ ယိုရို၊ အမ်ဘူမိုတို့နဲ့အတူ ချဲလ်ဆီးကခေါ်ထားတဲ့ အန်ဒရီဆန်းတို့စ်လည်း မိနစ်ပိုင်း စမ်းသပ်ခွင့်ရဖွယ်ရှိနေပါတယ်။ ဆက်စ်ကိုနဲ့ အူဂါတီကတော့ ဒဏ်ရာရနေပါတယ်။ ဒီပွဲမှာ မန်ယူက လောလောဆယ် -၈၀/၃-၅၀ ဖွင့်လှစ်ထားပါတယ်။ ခြေစမ်းပွဲတွေဆိုတော့ သိတဲ့အတိုင်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာတဲ့အပေါ် မူတည်ပြီး ကြေးအပြောင်းအလဲဖြစ်နိုင်ပါတယ်။ တစ်ခါတလေဆို အဓိက ကစားသမားတွေ ဝင်လာတဲ့အချိန်မှ မူလကြေးထက်တောင် ပိုများနေတာမျိုး တွေ့ရတတ်ပါတယ်။ ဒီပွဲပြီးရင် ရိုစင်ဘော့၊ အက်သလက်တီကို၊ ပီအက်စ်ဂျီ၊ လိဒ်စ်ဦ အေစီမီလန်တို့နဲ့ဆိုတော့ ဒီရာသီမန်ယူရဲ့ ခြေစမ်းပွဲဟာ စိတ်ဝင်စားဖွယ်ရာအပြည့်ဖြစ်ပြီး ချန်ပီယံလိဂ် ချန်ပီယံအပြင် နည်းပြဟောင်း အမိုရင်နဲ့ပါ ပြန်လည်တွေ့ဆံမှာပါ။ ဝရက်ဇ်ဟမ်းဟာ ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင် ရွိုင်ယန်ရေးနော့ ပိုင်ဆိုင်တဲ့ အသင်းဖြစ်ပြီး ဒီရာသီမှာ ၁၉၈၂ နှစ် နောက်ပိုင်း ချန်ပီယံရှစ်မှာ ပြန်လည် တန်းတက်လာတာ ဖြစ်ပါတယ်။ ည ၁၁ ခွဲ မန်ယူပွဲအပြီး ၃ နာရီခွဲမှာတော့ အင်္ဂလန်ဟာ ရင်ထဲ ခံနုံ့နုံ့နဲ့ တတိယနေရာလုပွဲကို ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ပြင်သစ်နဲ့ ကစားရမှာပါ။ အင်္ဂလိပ်ဘောလုံးဂန္တဝင်တွေကတော့ တတိယနေရာလုပွဲဆိုတာ ဘောလုံးမှာ အဓိပ္ပါယ်မရှိဆုံးပွဲဆိုပြီး ဆိုနေပါရဲ့။ အင်္ဂလန်ဟာ ကမ္ဘ့ာဖလားပြိုင်ပွဲမှာ တတိယနေရာလုပ်ပွဲ ၂ ကြိမ် ကစားဖူးပြီး ၁၉၉၀ မှာ အိမ်ရှင် အီတလီကို ၂-၁၊ နောက် ၂၀၁၈ မှာ ဘယ်ဂျီယံကို ၂-၀ ဂိုးနဲ့ ၂ ပွဲလုံးရှုံးခဲ့တာပါ။ ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယလူ အများဆုံးစံချိန်က ဥရုဂွေး ၃ ကြိမ်ဖြစ်နေတာကြောင့် ဒီတစ်ကြိမ်သာ ပြင်သစ်ကို အရေးနိမ့်ရင် စံချိန်ဆိုးတစ်ခုပါ အသံတွေ ထွက်လာဦးမှာဖြစ်ပါတယ်။ ပြီးတော့ ပြင်သစ်နဲ့ နောက်ဆုံး ၉ ပွဲမှာ အင်္ဂလန် ၁ ပွဲပဲ နိုင်ဖူးတယ်။ ပြင်သစ်ကတော့ နည်းပြနေရာ ဇီဒန်းနဲ့ သဘောတူညီမှူရသွားလို့ ဒက်ရွှမ့်ရဲ့ လက်ရွေးစင်နည်းပြ ၁၈၇ ပွဲမြောက်ရဲ့ နောက်ဆုံးပွဲပါ။ သူ့လက်ထက်မှာ ပြင်သစ်ဟာ ၁၂၁ ပွဲအထိ နိုင်ပွဲအားကောင်းခဲ့တယ်။ ဒီပွဲဟာ တတိယနေရာလုပွဲဆိုပေမယ့် အမ်ဘက်ပီအတွက် အရေးပါနေသေးတယ်။ မက်ဆီနဲ့ ၈ ဂိုးချင်းတူနေပြီး ဟိုဘက်က ဂုတ်က ဗိုလ်လုပွဲဆိုတော့ ဂိုးရဖို့ခက်နိုင်ပေမယ့် အမ်ဘက်ပီကျတော့ ပွဲအခြေအနေ ချောင်နေတယ်။ ပြင်သစ်က သရေအရှုံး၊ ဂိုးပေါင်း ၃-၅၀ ဖွင့်လှစ်ထားပြီး တတိယနေရာလုပွဲတွေ ဂိုးများလေ့ရှိတဲ့ အစဥ်အလာကို အားလုံးချောင်းနေကြပါတယ်။ ၁၉၃၀ ကစလို့ တတိယနေရာ ပွဲ ၂၀ မှာ ၂ သင်းပေါင်း ၄ ဂိုးပြည့်တဲ့ပွဲ ၁၀ ပွဲရှိခဲ့ပါတယ်။ အနည်းဆုံး ၃ ဂိုးဖြစ်တည်တဲ့ပွဲတွေများပါတယ်။ 🥉 ကမ္ဘာ့ဖလားတတိယနေရာလုပွဲရလဒ်များ 2022: Croatia 2, Morocco 1 2018: Belgium 2, England 0 2014: Netherlands 3, Brazil 0 2010: Germany 3, Uruguay 2 2006: Germany 3, Portugal 1 2002: Turkey 3, South Korea 2 1998: Croatia 2, Netherlands 1 1994: Sweden 4, Bulgaria 0 1990: Italy 2, England 1 1986: France 4, Belgium 2 1982: Poland 3, France 2 1978: Brazil 2, Italy 1 1974: Poland 1, Brazil 0 1970: West Germany 1, Uruguay 0 1966: Portugal 2, Soviet Union 1 1962: Chile 1, Yugoslavia 0 1958: France 6, West Germany 3 1954: Austria 3, Uruguay 1 1938: Brazil 4, Sweden 2 1934: Germany 3, Austria 2
တကယ်တော့ အဲ့ဒီလိုပြဿနာတွေ ရှောင်လွှဲဖို့ရာ အခု ဗိုလ်လုပွဲရော အာဂျင်တီးနားနဲ့ စပိန်က လမ်းပြပါပဲ။ ကမ္ဘာ့ဖလားမှာ နိုင်ငံခြားသားနည်းပြနဲ့ ချန်ပီယံဖြစ်ဖူးတာမရှိသလို ဒီပြိုင်ပွဲမှာလည်း အန်ဆလော့တီလို နည်းပြအပါအဝင် နိုင်ငံခြားသားနည်းပြ ၉ ဦးလုံး မအောင်ခဲ့ဘူး။ အဲ့ဒါထက် ပိုအားကျစရာ၊ အဖွဲ့ချုပ်တာဝန်ရှိသူတွေ အခုချိန်ကစပြီး သေချာစဥ်းစားသင့်တာကတော့ လက်ရွေးစင်အသင်းကြောင်း ဘယ်လောက်အထိ အချိန်ပေးနားလည်တဲ့နည်းပြမျိုးကို ရွေးချယ်သင့်တာပါ။ ၆၅ နှစ်ရှိပြီဖြစ်တဲ့ စပိန်နည်းပြကြီး လာဖူအန်တီဟာ ကလပ်နည်းပြဘဝမှာ ဘီလ်ဘာအိုလောက်ပဲ ကိုင်တွယ်ဖူးပြီး နာမည်ကြီးဖို့နေသာသာ ဘယ်သူ့မှမသိပါဘူး။ ဒါပေမဲ့ စပိန် ယူ-၁၉၊ ၂၁၊ ၂၃ စတဲ့ သက်တမ်းအလိုက်အသင်းတွေကို ဆက်တိုက်ကိုင်တွယ်နိုင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ယူရိုပြိုင်ပွဲမှာပါ တာဝန်ပေးခံရပြီး ချက်ချင်းပဲ ယူရိုချန်ပီယံဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်အခါက တောင်ပံ ၂ ဖက်ပေါင်းမှ အသက် ၄၀ မပြည့်တဲ့ ဝီလျံနဲ့ ယာမယ်ဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ခြေစွမ်းမျိုးပြနိုင်ခဲ့တယ်။ အံ့အားသင့်ဖွယ်ထပ်ပြောရရင် အဲ့ဒီတုန်းက အခုဗိုလ်လုပွဲရောက်အသင်းသားတွေဟာ ယူရိုချန်ပီယံတည်းကမဟုတ်ဘဲ လာဖူအန်တီရဲ့ ယူ-၁၉၊ ယူ-၂၁ ယူရိုချန်ပီယံအသင်းသားတွေဆိုတာပါ။ အာဂျင်တီးနားဟာလည်း စကာလိုနီမတိုင်ခင်နည်းပြတွေနဲ့ တိုင်ပတ်နေတာပါ။ လက်ရွေးစင်ဟောင်း စကာလိုနီဟာ ၂၀၁၆ ခုနှစ်မှာ အာဂျင်တီးနားဆမ်ပါအိုလီရဲ့ လက်ထောက်အဖြစ် အသင်းကို ရောက်ခဲ့ပါတယ်။ နောက်နှစ်မှာ ယူ-၂၀ ကို ကိုင်တွယ်ခဲ့ပြီး အဲ့ဒီအသင်းက မျိုးဆက်တစ်ချို့နဲ့ မက်ဆီတို့ဆီက အကောင်းဆုံးခြေစွမ်း ဘယ်လိုရနိုင်မလဲ နားလည်ထားတာကြောင့် အခုဆို ကိုပါဆို ၂ နှစ် ချန်ပီယံ၊ ကမ္ဘာ့ဖလားဆိုလည်း ၂ နှစ်ချန်ပီယံဖြစ်ဖို့ အလှမ်းနီးနေပါပြီ။ စကာလိုနီဟာ ခြေစစ်ပွဲတွေမှာ ကစားသင့်မသင့်၊ ပြိုင်ပွဲကြီးတွေမှာ ဘယ်လိုပြင်ဆင်ကစားကြမယ်ဆိုတာ မက်ဆီနဲ့ အသေအချာဆွေးနွေးခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဆိုချင်တာက စကာလိုနီတို့၊ လာဖူအန်တီတို့ဟာ ကိုယ့်ပုံရိပ်ထက် ကိုယ့်နိုင်ငံအသင်း အောင်မြင်ဖို့အရေး ကိုက်ညီမယ့်နည်းလမ်းတွေကိုပဲ ဦးစားပေး ရွေးချယ်ခဲ့ကြလို့ ဒီနေ့လို အသီးအပွင့်ကို ခံစားကြတာဖြစ်ပါတယ်။ လမ်းကြုံလို့ထပ်ပြောရရင် မန်ယူဆိုလည်း နည်းပြတွေစုံနေပြီ၊ နောက်ဆုံးတော့ အသင်းရဲ့ အခြေအနေအကြောင်း ကောင်းကောင်းနားလည်ထားတဲ့ မိုက်ကယ်ကာရစ်နဲ့မှ မျက်စိတဆုံး မကြည့်ရသေးမယ့်လည်း လောလောဆယ်တော့ အဆင်ပြေနေသေး မဟုတ်ပါလား။ ရေတိုနည်းလမ်းတွေနဲ့ကတော့ လေကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။
တူချယ်နဲ့ အဆင်မပြေရင် လာဖူအန်တီ၊ စကာလိုနီတို့နဲ့သာ ဘောလုံးဆိုတာ စသိတည်းက အင်္ဂလန်နဲ့ မကင်းတာကြောင့် အင်္ဂလန်ပရိသတ် အလိုလိုတော့ ဖြစ်ပေမယ့် တူချယ်ကို ကြိုက်လားဆိုတော့ ၅၀-၅၀ ပါပဲ။ ကိုယ်ကြိုက်တဲ့အသင်းကို တာဝန်ပေးခံရတဲ့နည်းပြအနေနဲ့ပေါ့။ မန်ယူကိုအားပေးပြီး ခရေဇီဖြစ်တဲ့ မော်ရင်ဟို ရောက်လာတဲ့အချိန် ခံစားချက်နဲ့တော့မတူဘူးပေါ့လေ။ ဘယ်လိုပဲနေနေ နည်းပြတွေကို ဝေဖန်တာမျိုးတွေထဲမှာဆိုရင်တော့ ကျွန်တော့် တစ်ဦးအမြင်အရ အလှမ်းဝေးပြီး ဘယ်လိုမှအဆင့်ချင်း မတူတာကြောင့် ဘယ်တော့မှ စိတ်မကူးဖူးပါဘူး။ တစ်ခု ဝန်ခံစရာရှိတာက အမိုရင်တုန်းကတော့ ဒီကစားကွက်နဲ့ မဖြစ်နိုင်တော့မှန်း သိသိကြီးနဲ့ ခေါင်းဆက်မာနေလို့ စိတ်ပျက်မိတာတော့ရှိတယ်။ ဒါပေမဲ့လည်း သူအကြောင်းနဲ့ သူ့အကျိုး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာပဲလေ။ ချီးမွှမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ဆိုသလို နောက်တော့လည်း အခု အေစီမီလန်နည်းပြသစ်လေးကို စိတ်မဝင်စားကြတော့ဘူးပေါ့။ သူတို့ဘောလုံးနဲ့ ကိုယ်တွေနဲ့က အဝေးကြီးပါ။ ဆွေးမျိုးသားချင်းနဲ့ နီးစပ်တာမျိုးလည်း မဟုတ်၊ ငယ်တုန်းကတော့ အစွန်းရောက်ခဲ့သလိုရှိပေမယ့် အခုတော့ အားပေးသူပါပဲ။ နိုင်ရင်ပျော်သလို ရှုံးလည်း ပြုံးပြုံးပေါ့။ အခု တူချယ်ကိုလည်း ဖြစ်ပေါ်လာမယ့်ရလဒ်ဟာ သူပဲ တာဝန်ယူရမှာပဲလို့ သဘောထားပါတယ်။ အဓိကဖြစ်တဲ့ကိစ္စပြောရရင် အာဂျင်တီးနားနဲ့ပွဲမှာ ၁-၀ ဂိုးနဲ့ ဦးဆောင်နေတယ်၊ မိနစ် ၇၀ မိနစ်ထဲရောက်လာပြီ သူသူ ကိုယ်ကိုယ် ခံစစ်ကို စတင်စဥ်းစားမိမှာပဲ။ အရေးကြီးပွဲတော်တော်များများမှာ ဂန္တဝင်နည်းပြတွေလည်း ဒီလိုပဲ စဥ်းစားကြတာတွေခဲ့ရဖူးပါတယ်။ တကယ်လို့သာ ၁-၀ ရလဒ်အတိုင်းပြီးသွားခဲ့ရင် ဂျာမနီနည်းပြကြီးရဲ့ လုပ်ရပ်က သိပ်မှန်တာပဲ၊ ခံစစ်ကို လိုတဲ့အချိန်မှာ ပိတ်လိုက်တော့ မက်ဆီတို့ ဘာမှလုပ်လို့မရခဲ့ဘူး၊ အာဂျင်တီးနားကို ဒါမျိုး ကစားပြရမှာ ဆိုပြီး ချီမွှမ်းခန်းတွေ အမလေးဖြစ်လာမှာပေါ့။ ဒါပေမဲ့ ဘောလုံးပွဲမှာ ပဥ္စလက်ဆန်မှူတွေဟာ အခုပွဲမှမဟုတ် တူချယ်အတွက် နောက်တန်းတွေကို လူစားလဲပြီးကာမှ ၂ ဂိုးပေးရပြီး ပြန်လိုက်ဖို့အတွက်လည်း ပွဲချိန်မကျန်တော့ဘူး ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ တူချယ် လူကြောက်ကြီးပေ့ါ။ တကယ်တော့ ပွဲပြီးရလဒ်အပေါ် ချီးမွှမ်းခန်းတွေ၊ ဝေဖန်အပြစ်တင်ရတာတွေဟာ ငှက်ပျော်သီးအခွင်နွှာစားရတာထက်တောင် လွယ်ပါတယ်။ ဟုတ်ပြီ ဒီရလဒ်အပေါ် ပရိသတ်တွေ စို့တနင်နင်နဲ့ အပြစ်ပုံချဖို့အတွက် နည်းပြပဲရှိတော့တယ်။ ဒါပေမဲ့ သူတစ်ဦးတည်းကို လက်ညှိုးထိုးရင် မတရားရာရောက်နေမလား ဆိုတာတော့ ဖြည့်တွေးပေးနိုင်ကြရင် အကောင်းဆုံးပေါ့။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ တူချယ်ကို ဒီလောက်အသုံးမကြမှန်းမသိပဲနဲ့ ပရိသတ်အမြင်လောက် မညံ့ပါဘူး။ အခုတောင် ယူရို ၂၀၂၆ အထိ ဆက်ခန့်ထားတယ်ဆိုတော့ သူတို့က အသိဆုံးဖြစ်မှာပါ။ တကယ်လည်း တူချယ်ဟာ A+ နည်းပြအဆင့်မဟုတ်တောင် A တန်းထဲမှာပါတယ်။ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ရယူထားသူ ဖြစ်တယ်။ ပြီးတော့ ရွန်းနီတို့ ဝေဖန်တယ်ဆိုတာက တူချယ် နားထဲ ရောက်တယ်ဗျ။ ကိုယ့်ဝေဖန်ချက်ကို သူ့နားထဲ မရောက်နိုင်ပဲနဲ့ ဘယ်ဘယ်လိုတွေပြောပြော ဘာလုပ်မှာလဲဗျာ အလကားနေ ကိုယ့်စိတ်ကိုယ် အရှုပ်ခံသလိုပဲ ဖြစ်မှာပေါ့။ ဥပမာ တူချယ် မင်း ဒီနေရာတွေ ငါတို့တောင် သိတာ မင်းညံ့လှပါလားဆိုပြီး သူ သိသွားလို့ ကျွန်တော့်အမှားတွေ ပြင်ဆင်ပါမယ့်ခင်ဗျာ ဆိုပြီး ကိုယ့်ဆီတိုက်ရိုက် တောင်းပန်တာမျိုးဆိုရင်လည်း တစ်မျိုးပေါ့ဗျာ။ ပြီးတော့ ရွိုင်ကိန်းတို့အဖွဲ့လို ဝေဖန်လို့ ပိုက်ဆံရတယ်ဆိုလည်း တစ်မျိုးပေါ့။ အခု ဖတ်နေရင်းနဲ့ တူချယ်မကလို့ တူချယ့်အဖေဖြစ်ဖြစ် လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိတယ်ဆိုပြီး စိတ်ထဲ ခပ်မြှောင်းမြှောင်း ဖြစ်နေနိုင်ပေမယ့် တကယ်တမ်းက ဘောလုံးမှာ အဲ့ဒါတွေ တခဏဖြစ်တဲ့စိတ်တွေပါ။ ဟင်းတစ်ခွက်ကို မကြိုက်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ်မကြိုက်တာနဲ့တင် ဒီဟင်း မကောင်းဘူးလို့တော့ ပြောလို့မရပါဘူး။ တူချယ်နဲ့ အင်္ဂလန်က ပုံရိပ်အရမ်းကြီးတဲ့ ဆက်နွယ်မှူဖြစ်နေလို့ ပြောစရာကြီးတွေသွားတာပါ။ ဒီ ကမ္ဘာ့ဖလားမှာ နည်းပြနဲ့ လက်ရွေးစင်အသင်း အစပ်အဟပ် မတည့်တာတွေ တစ်ပုံမှ တစ်ပုံကြီးပါ။ အခုပဲ ပြိုင်ပွဲက ထွက်ရတာရှိသေး မိနစ်ပိုင်းအတွင်းမှာ နည်းပြက နုတ်ထွက်တာနဲ့ လမ်းခွဲရတာနဲ့ စဥ်းစားကြည့်တာ ဒီပြိုင်ပွဲအတွက်ပဲ နည်းပြကို ခန့်အပ်တာလား ရေရှည်အတွက်ရော မစဥ်းစားပဲ ကာလတိုပြိုင်ပွဲတစ်ခုရဲ့ ရလဒ်အပေါ်ပဲ မူတည်ပြီး တာဝန်ပေးထားတာလားပေ့ါ။ တူချယ်ကိုပြောကြေးဆို ဒီပြိုင်ပွဲမှာ မာတီနက်ဇ်ရဲ့ ပေါ်တူဂီလက်ရွေးစင်အခြေအနေဟာ စိတ်ပျက်စရာ ပိုကာင်းနိုင်ပါလိမ့်မယ်။
🏴 အင်္ဂလန် 🆚 အာဂျင်တီးနား 🇦🇷 (ည ၁:၃၀) ပြင်သစ်တော့ လစ်သွားပြီ။ စပိန်ကို ရှုံးသင့်လို့ကို ရှုံးတာ။ လက်ရှိ ယူရို ချန်ပီယံပီပီ စပိန်ကစားသွားတာလည်း ကြွပ်ရွ နေတာပဲ။ ဒီပုံအရ ၂၀၀၈၊ ၂၀၁၀ လို ပြိုင်ပွဲ ၂ ရက်ဆက် ဗိုလ်စွဲတဲ့ စပိန်တစ်ခေတ်ဖြစ်မလားပဲ။ ရိုးရိုးလေးနဲ့ ဒီည ၂ သင်းထဲက ဘယ်အသင်းတက်လာလာ စပိန်ပဲ အလေးသာနေတယ်။ မနေ့ကညကပွဲ ဂိုးသာ မပေါ်ခံပေမယ့် ၂ လုံးအထိတော့ ရောက်ခဲ့တယ်။ ပွဲတိုင်းဂိုးသွင်းတဲ့ ပြင်သစ်ပဲ မသွင်းနိုင်ခဲ့လို့။ ပြောချင်တာက ဂိုးအပေါ်သာ မဝင်ခဲ့ပေမယ့် ဂိုးပေါင်းဖွင့်လှစ်မှူအတိုင်း အပေါ်အောင်ဖို့ နီးနီးစပ်စပ် ဖြစ်ခဲ့တယ်။ ဒီညလည်း မနေ့က စဥ်းစားထားတဲ့ ဂိုးပေါင်းဖွင့်လှစ်မှူအတိုင်း ဂိုးအောက်ပဲ အကြိုက်တွေ့မိတယ်။ ဘာလို့လဲဆိုတော့ အနိုင်အရှုံးကျတော့ သရေပဲ ဖြစ်ဖို့ များနေလို့ပါ။ အင်္ဂလန် ဟော့ နေပေမယ့် အာဂျင်တီးနားကိုလည်း လျှော့တွက်လို့မရဘူး။ လက်ရှိ ချန်ပီယံ။ ပွဲတိုင်း ဂိုးသွင်းနိုင်လို့ ဆီမီးရောက်လာတာထက် အင်္ဂလန်က ၃ ပွဲဆက်၊ အာဂျင်တီးနားက ၄ ပွဲဆက် ဂိုးတွေပေးထားရတယ်။ အာဂျင်တီးနားဆို နောက်ဆုံး ၄ ပွဲမှာ ၄ ဂိုးပေးလိုက်ရတာ အီဂျစ်၊ ကိတ်ဗာဒီ၊ ဂျော်ဒန်တို့တောင် ပါသေးတယ်။ ဒါ့ကြောင့် အခုပွဲ ဂိုးပေါင်းဖွင့်လှစ်မှူဟာ ၂-၃၀ ဆိုတာတော့ အင်မတန် မဟုတ်ရင်တောင် နည်းတဲ့ဘက်မှာရှိပြီး အမှန်ဘက် ဂိုးနည်းနိုင်ခြေရှိလို့သာ ထပ်တိုးမြင့်ဖွယ်မရှိတာ ဖြစ်နိုင်ပါတယ်။ အင်္ဂလန်က ဖွင့်ကစားတာမျိုးမဟုတ်ဘဲ ပရီးမီးယားလိဂ်ဟန်အတိုင်း အမြင့်ဘောတွေ၊ ကောင်တာတွေနဲ့ ကစားတာမျိုးပါ။ DR ကွန်ဂို၊ နော်ဝေတို့နဲ့ပွဲမှာ ဂိုးအရင်ပေးပြီးမှ အင်္ဂလန်က ပိုကောင်းလာတာမျိုး။ အာဂျင်တီးနားကလည်း ဆွစ်ဇာလန်နဲ့ပွဲမှာ ၁ ဂိုးရပြီးတာတောင် တိုင်ပတ်နေတာ။ နောက် မက်ဆီ ပါနေတယ်ဆိုတဲ့ကိစ္စကလည်း တစ်ဖက်အသင်းအနေနဲ့ ပိတ်ကစားရမယ်ဆိုတဲ့ လန့်ဖြန့်မှူအသိက ရှိနေတယ်။ အခုက ဆီမီးဖြစ်နေတော့ အင်္ဂလန်နောက်တန်းတွေ ပိုအသိရှိနိုင်တယ်။ မက်ဆီဟာ အင်္ဂလန်နဲ့သာ မကြုံဖူးပေမယ့် ပရီးမီးယားလိဂ်နောက်တန်းတွေကို တွေ့တိုင်း ဒုက္ခပေးနေတာပဲမဟုတ်လား။ ဒါ့ကြောင့် အလွန်ဆုံး တစ်ဖက် ၁ ဂိုးစီသာပေးကြည့်ချင်ပြီး ဂိုးအောက် အကြိုက်တွေ့မိပါတယ်။ ရွေးချယ်မှူ - ဂိုးအောက် 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
မက်ဆီအတွက် ကံကောင်းစေမယ့် ကွင်းလယ်ဒိုင်လား တာဝန်ယူမယ့် ကွင်းလယ်ဒိုင်အကြောင်းတွေ ပြောရတာ ဝါသနာတော့ မပါ ပါဘူး။ ကမ္ဘာ့ဖလားလို ပြိုင်ပွဲအဆင့်မျိုးမှာ ဒိုင်တွေ ဘက်လိုက်မှူရှိတယ်ဆိုတာလည်း ဘယ်တော့မှ အယုံအကြည်မရှိပါဘူး။ အားလုံး အကြောင်းရှိလို့သာ အကျိုး ဖြစ်လာတာချည်းပါပဲ။ ဒါပေမဲ့ အင်္ဂလန်နဲ့ အာဂျင်တီးနားပွဲမှာ တရားသူကြီးလုပ်မယ့်သူ အကြောင်းအနည်းအကျဥ်းကိုတော့ ရှားရှားပါးပါးဒီတစ်ကြိမ်လေးပဲ ဖော်ပြခွင့်ရှိနိုင်လို့ ဖော်ပြပေးချင်ပါတယ်။ အသက် ၄၄ နှစ်ပဲရှိသေးတဲ့ အစ္စမေးလ်အယ်ဖတ်ဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး အတ္တလန္တာမြို့မှာကစားမယ့်ပွဲကို အမေရိကန်လူမျိုးပဲဖြစ်တဲ့ စည်းကြပ်ဒိုင် ၂ ဦးနဲ့အတူ အခြား အီတလီလူမျိုး အကူဒိုင် ၂ ဦးနဲ့ မိနစ် ၉၀ ဖြတ်သန်းရမှာပါ။ အာဖရိကအမည်ဆိုတဲ့အတိုင်း သူဟာ အသက် ၁၈ နှစ်အရွယ်မှာ ဒီမှာအခေါ် DV ပေါ့ အဲ့ဒါ ပေါက်ပြီး မော်ရိုကိုကနေ ရောက်လာပြီး အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရသွားတာပါ။ ဆိုတော့ မော်ရိုကိုမွေးတာပေါ့။ မေဂျာလိဂ်ကလပ် သြစတင်းလိုက်တနင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်မှာ ဒိုင်လူကြီးလောကထဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ကိုပါအမေရိကပြိုင်ပွဲအတွင်း ဒူးဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ၂ ကြိမ် ခွဲစိတ်ခဲ့ရတာကြောင့် ၁ နှစ်လောက် အနားယူခဲ့ရပါသေးတယ်။ ဒီပြိုင်ပွဲမှာ ၃ ပွဲ တာဝန်ယူပြီးပါပြီ။ ဂျပန်-နယ်သာလန်၊ ဥရုဂွေး-စပိန်နဲ့ ဘရာဇီးကို နော်ဝေ အနိုင်ရသွားတဲ့ ၁၆ သင်းအဆင့်ပွဲပါ။ အဝါကတ် ၆ ကတ်ပြထားပြီး ဥရုဂွေးကွင်းလယ်လူ ကာနော့ဘိုင်အိုကို အနီကတ်နဲ့ ထုတ်ပယ်ဖူးပါတယ်။ ဖြစ်ရပ်အပြီး ကစားသမားရဲ့ အကြောင်းပြချက်ရှာ၊ အင်္ကျီဆွဲတာနဲ့ ကြုံခဲ့ရပါတယ်။ အဲ့ဒါတွေထက် အားလုံးသိချင်တဲ့အချက်က အခုမှ လာမှာပါ။ အာဂျင်တီးနားကို ဒိုင်တွေ ထိလို့မရဘူးလို့ အသံတွေထွက်နေချိန်မှာ မက်ဆီဟာ အယ်ဖတ် ကိုင်တွယ်ဖူးတဲ့ ၅ ပွဲလုံး အနိုင်ရထားတဲ့ မှတ်တမ်းပါပဲ။ မက်ဆီတို့ ပြင်သစ်ကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ဆုဖလားကိုင်မြှောက်ခဲ့တဲ့ ၂၀၂၂ ဗိုလ်လုပွဲမှာ အယ်ဖက်ဟာ စတုတ္တဒိုင်ဖြစ်ခဲ့ပြီး တစ်နှစ်အကြာ အင်တာမိုင်ယာမီအတွက် ပင်နယ်တီအဆုံးအဖြတ်နဲ့နိုင်တဲ့ ပထမဆုံးဆုဖလားမှာလည်း ကွင်းလယ်ဒိုင်ဖြစ်ခဲ့တယ်။ ဒါ့အပြင် အခြား သူကိုင်တွယ်တဲ့ မေဂျာလိဂ် ၃ ပွဲလုံးလည်း မိုင်ယာမီ အနိုင်ရခဲ့ပြီး မက်ဆီက ၄ ဂိုးတောင် သွင်းနိုင်ပါသတဲ့။ ဆိုတော့ အယ်ဖတ်တာဝန်ယူဖူးတဲ့ ၅ ပွဲလုံး မက်ဆီက ရာနှုန်းပြည့်နိုင်ဖူးတာ ဖြစ်သွားတာပေါ့။ ပြဿနာက အင်္ဂလန်ကစားသမားတွေနဲ့ မှတ်တမ်းရှိဖူးကောင်း ရှိဖူးပေမယ့် အာဂျင်တီးနားကစားသမားတွေထဲကမှ အယ်ဖတ်ဟာ မက်ဆီအတွက် ကံကောင်းစေတဲ့ ကွင်းလယ်ဒိုင်အဖြစ် ရောက်သွားတာပါ။ အင်္ဂလိပ်မီဒီယာတွေအတွက်တော့ ဒီအကြောင်းပြောစရာရှာနေပါတယ်ဆိုမှ ဂွင်ပေါ့။ အမှန်တော့ အယ်ဖတ်ဟာ ဆီမီးပွဲကု အစတည်းက တာဝန်ကျခဲ့တာမျိုး မဟုတ်ပါဘူး။ ကစားမယ့် နိုင်ငံတွေအပေါ် မူတည်ပြီး ဒိုင်ကော်မတီက ပြန်ရွေးတာရမျိုးပါ။ ကိုယ်နိုင်ငံပါဝင်တဲ့ပွဲတွေကို ဒိုင်တွေ ပတ်သက်ခွင့်မရှိတာတော့ အားလုံးသိကြမှာပါ။ နောက် စိတ်ဝင်စားစရာက အင်္ဂလန်-အာဂျင်တီးနားရဲ့ နောက်ခံ ဖောက်ကလန်ကျွန်းစစ်ပွဲသမိုင်းကြောင့် ဒီ ၂ နိုင်ငံပါဝင်တဲ့ပွဲတွေကိုလည်း အင်္ဂလိပ်နဲ့ အာဂျင်တီးနာလူမျိုးဒိုင်တွေက ကိုင်တွယ်ခွင့်မရှိပါဘူး။ ဆိုပါစို့ အင်္ဂလိပ်လူမျိူး ဒိုင် မိုက်ကယ်အိုလီဗာနဲ့ အန်တိုနီတေလာဟာ ဗိုလ်လုပွဲမှာ တာဝန်ပေးခံရဖို့ ရေပန်းစားခဲ့ပေမယ့် ဒီနှစ်တော့ လွဲသွားပါပြီ။ အလားတူ အာဂျင်တီးနားဒိုင် တယ်လိုလည်း ဗိုလ်လုပွဲအပြင် ဟို အင်္ဂလန်ဒိုင် ၂ ဦးနဲ့ တတိယနေရာလုပွဲပါ ကြီးကြပ်ခွင့်မရှိတော့ပါဘူး။ ဥပမာ ဒီည အာဂျင်တီးနား ဖိုင်နယ်ရောက်သွားခဲ့ရင် အင်္ဂလိပ်လူမျိုး ဒိုင်တစ်ဦးအနေနဲ့ သူတို့ကို အနိုင်ယူသွားလို့ထက် နိုင်ငံရေးသမိုင်းကြောင့် မြင်အောင်ပြောရရင် အာဂျင်တီးနားကို ဘောလုံးထက် ပိုပြင်းနိုင်တဲ့ နိုင်ငံရေးခံယူချက်တွေနဲ့ နှိပ်ကွပ်နိုင်တာမျိုးပေါ့။ ဒီစည်းမျဥ်းကြောင့်ပဲ အင်္ဂလိပ်နာမည်ကြီးကွင်းလယ်ဒိုင် အန်တိုနီတေလဟာ ၂၀၂၂ အာဂျင်တီးနားနဲ့ ပြင်သစ်ဗိုလ်လုပွဲကို တာဝန်အပေးမခံခဲ့ရပါဘူး။
🇫🇷 ပြင်သစ် 🆚 စပိန် 🇪🇸 (ည ၁:၃၀) ဆီမီး ၂ ပွဲလုံး အပေါ်ကြေးဖွင့်လှစ်မှူ ခပ်ပါးပါးလေးတွေနဲ့ တူညီကြပါတယ်။ ပြီးတော့ ကမ္ဘာ့အဆင့် ထိပ်ဆုံး ၄ သင်း တွေ့ကြတာဆိုတော့ သရေကျနိုင်ခြေကို ဦးစားပေးတွက်ဆထားတဲ့ ဖွင့်လှစ်မျိုးပေါ့။ ဒါပေမဲ့ ဂိုးပေါင်းကျတော့ ကွာသွားပါတယ်။ အင်္ဂလန် - အာဂျင်တီးနားပွဲက ၂-၃၀ ဖြစ်ပြီး ဒီညပွဲကတော့ ၂-၁၀၀ ဖွင့်လှစ်ထားပါတယ်။ အင်္ဂလန်နဲ့ အာဂျင်တီးနားဆိုတာ ဆီမီးသာ ရောက်လာပေမယ့် ပြီးခဲ့တဲ့ကွာတားပွဲတွေမှာ ပြိုင်ဘက်တွေကို ဂိုးတွေပေးရပြီး အသည်းအသန် ကြုံခဲ့ရတာပါ။ ခံစစ်တွေလည်း ပြင်သစ်နဲ့ စပိန်လောက် အားမကောင်းကြလို့ ဂိုးပေါင်းကြေး ဒီထက်ပိုသင့်ပေမယ့် ဆီမီးပွဲဆိုတော့လည်း ဖြစ်သင့်ပါတယ်။ ပြင်သစ်နဲ့ စပိန်ကျတော့ အငြင်းပွားဖွယ်ရာ သိပ်မရှိတဲ့ဖြစ်ရပ်နဲ့ ဒီအဆင့် ရောက်လာတာပါ။ စပိန်ဆိုလည်း နောက်ကျဂိုးတွေနဲ့ဆိုပေမယ့် အဖွင့်ပွဲမှာ ကိတ်ဗာဒီနဲ့ သရေပွဲပြီးတည်းက တောက်လျှောက်နိုင်ခဲ့တာပဲ၊ ဘယ်မှာလဲ ထပ်ဆောင်းအချိန်ပို မိနစ် ၃၀ တို့ ပင်နယ်တီတို့မရှိဘူး။ ထပ်ပြီး ကွန့်ရရင် ဘယ်ဂျီယံနဲ့ ၁ ဂိုးပဲ ဒီပြိုင်ပွဲမှာ ပေးဂိုးရှိတာ။ ပြင်သစ်ကတော့ တိုက်စစ် ဘာပြောကောင်းမလဲပေ့ါ။ ပွဲတိုင်းနိုင်ပြီး နောက်ဆုံး ၃ ပွဲဆို ပေးဂိုးတောင် မရှိထားဘူး။ ဆီမီးဖြတ်သန်းမှူ စပိန်ထက်တောင် အားရစရာကောင်းသေး။ စပိန်မှာ ပြင်သစ်လို ပွဲတိုင်နီးပါး ဂိုးသွင်းတဲ့ အမ်ဘက်ပီ မရှိပါဘူး။ ဆိုတော့ ကမ္ဘာ့ဖလား ဆီမီးလိုအဆင့်မျိုးမှာ အင်္ဂလန် - အာဂျင်တီးနားပွဲလိုမျိုး ၂-၃၀ ဝန်းကျင်လောက်ပဲဖြစ်ရမယ့် ဂိုးပေါင်းဖွင့်လှစ်မှူဟာ ၂-၁၀၀ ဖြစ်နေတော့ ၂ သင်းလုံး ဂိုးရနိုင်ခြေများနေတယ် တွက်ဆမိပါတယ်။ တစ်သင်းသင်း ဗိုလ်လုပွဲရောက်သွားရင်တောင် ပွဲချိန် မိနစ် ၉၀ အတွင်း ၂-၁ ဆိုတဲ့ရလဒ်မျိုးနဲ့ပေ့ါ။ နောက် ပြင်သစ် ရေပန်းနည်းနည်းပိုစားတာ မှန်ပေမယ့် အစဥ်အလာမှာ စပိန် အလေးသာခဲ့ပြီး နောက်ဆုံးတွေ့ဆုံမှူ ၁၀ ပွဲမှာ ပြင်သစ်ကို ၂ ပွဲပဲရှုံးဖူးတဲ့ စပိန်ကို လျှော့မတွက်သင့်ပါဘူး။ တွေ့ဆုံမှူ နောက်ဆုံး ၃ ပွဲလုံး ဂိုးမြူးခဲ့သလိုမျိုး အခုပွဲလည်း ၂ သင်းပေါင်း ၃ ဂိုးဖြစ်နိုင်လို့ ဂိုးအပေါ် ကစားပါမယ်။ ရွေးချယ်မှူ - ဂိုးအပေါ် 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
Shared with Public ကလောင်စွမ်းနဲ့ အားဖြည့်ပေးနေတဲ့ အင်္ဂလိပ်မီဒီယာ အစက အဲ့ဒီလောက် မဟုတ်သေးဘူး။ အင်္ဂလန်ဟာ အာဂျင်တီးနားနဲ့ ဆီမီးကစားရတော့မယ် ဆိုတော့မှပဲ အင်္ဂလိပ်မီဒီယာတွေဟာ ပြိုင်ပွဲတစ်လျှောက်လုံး အာဂျင်တီးနား ဘယ်လို မျက်နှာသာရခဲ့ပါတယ်ဆိုတာကို ချော့ကာတစ်လှည့် ခြောက်ကာတစ်ဖုံ သူတို့ကျွမ်းကျင်တဲ့ရေးပုံတွေအတိုင်း ရေးတော့တာပါပဲ။ ဖော်ပြပြီးသား သတင်းကိုတောင် အဲ့ဒီထဲက ကြံဖန်ပြောစရာအချက်ကို ဖယ်ထုတ်ပြီး သတင်းတစ်ပုဒ် ထပ်ပြီးဖော်ပြတာပါ။ ဆွစ်ဇာလန်နဲ့ပွဲမှာ မက်ဆီက ကွင်းလယ်ဒိုင်ကို လက်ညိုးထိုးပြီး စကားကို မလေးစားမပြောဖို့၊ သူ့ကို လေးစားဖို့ ပြောတယ်ဆိုတဲ့ဓာတ်ပုံဟာ အများအမြင်မှာတော့ ကွင်းလယ်ဒိုင်ကို ဒီလောက် ပြောပိုင်ခွင့်ရှိသလား ထင်စေပါတယ်။ ဒိုင်နဲ့ ဘာတွေ ပြောခဲ့သလဲဆိုတာတော့ သေချာမသိ၊ ပြောကြားချက်အားလုံးကို သိနေရင်တောင် မက်ဆီက ဒိုင်ကို လေးစားဖို့ပြောတာကိုပဲ ရှေ့ဆုံးဖော်ပြတယ်။ မက်ဆီဟာ ဒိုင်က သူ့ကို တစ်ခုခု ပြောလိုက်တာ အဆင်မပြေလို့ သူ့ဘက်က ကောင်းကောင်းမွန်မွန် လေးလေးစားစား ပြောနေတာ သူ့ကိုလည်း ဒီလိုပြန်ပြောဖို့ပဲ ပြောခဲ့တာပါ။ ပြောချင်တာက မက်ဆီအရင် ပြောခံရတာကို ဇောင်းပေးဖော်ပြလို့ ရနေတာပဲ။ အင်္ဂလန်ကစားသမားတွေ ဒီလို ဒိုင်နဲ့ဖြစ်ကြည့်ပါလား ဘယ်ဖော်ပြပါ့မလဲ ဖုံးတောင်ထားဦးမှာ။ Daily Mail သတင်းဌာနဟာ ဆွစ်ဇာလန်တစ်သင်းလုံးနီးပါးကို မေးခဲ့ပါတယ်။ ဖြေတာတွေကတော့ မကျေနပ်မှူပေါင်းစုံပေါ့။ ဒါကို အီဂျစ်ကစားသမားတွေနဲ့ အင်တာဗျူး မေးမြန်းခဲ့မှူနဲ့ ထပ်ပြီးပုံကြီးချဲ့ပါတယ်။ စည်းကမ်းက စည်းကမ်းဆိုပေမယ့် အာဂျင်တီးနားရဲ့ ပြိုင်ဘက်ဆိုရင် အမှား သေးသေးလေး တောင် လက်ခံလို့မရဘူး ဆိုတာမျိုးတွေပေါ့။ မျက်နှာငယ်တဲ့ဘက်ကို ဦးစားပေးကြကြေးဆို ကြိုးစားပမ်းစား ချေပဂိုးလေးရပြီးမှ တစ်ဝါထိထားတဲ့ အမ်ဘိုလိုကို ရက်စက်စွာ အဝါပြစရာလားပေါ့။ စည်းမျဥ်းအရလေ ဆိုရင်တောင် ပေါ်တူဂီဒိုင်ဟာ တစ်ခါတည်း တန်းသိနိုင်တဲ့ ပြစ်ဒဏ်ကို VAR ပြန်ကြည့်ပြီးမှ ဆုံးဖြတ်လောက်အောင် အရည်အချင်း မပြည့်မီဘူးလားပေါ့။ ဆိုးလာတာက အီဂျစ်နဲ့ ဆွစ်ဇာလန်ကစားသမားတွေရဲ့ ဖွင့်ဟချက်တွေဟာ အာဂျင်တီးနားဟာ ဖီဖာရဲ့ အလေးပေးမှူကြောင့် အင်္ဂလန်ကို ဆီမီးမှာကျော်ဖြတ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ ဆုဖလားကိုင်မြှောက်မယ့် ကြိုတင်ဇာတ်ညွှန်းကြီးဖြစ်နေတယ်ဆိုတာမျိုးတွေ ဖော်ပြတာပါ။ ပြီးတော့ အာဂျင်တီးနားကစားသမားတွေဟာ ဖောက်ကလန်ကျွန်းစစ်ပွဲ မကျေနပ်မှူအတွက် အင်္ဂလန်ကို လက်စားချေမယ့်သီချင်းတွေ အဝတ်လဲခန်းမှာ အောင်ပွဲခံဆိုကြတယ်ဆိုပြီး နိုင်ငံရေးထည့်သွင်းမှူတွေလည်း ရှိပါတယ်ဆိုပြီး ဖော်ပြသေးတာပါ။ အင်္ဂလန်ကစားသမားတွေဟာ ဒါကိုကြားပြီး စိတ်အဆင်မပြေစေတာမျိုး ဖြစ်စေနိုင်တယ်ပေါ့။ အဲ့ဒီထက် ပိုပြီး မဆီမဆိုင်က အီဂျစ်နဲ့ပွဲအပြီး ဖီဖာဥက္ကဌ အင်ဖန်တီနိုက ဒီပွဲမှာ အာဂျင်တီးနားကို ကြည့်ရတာ အတော်ရုန်းကန်ရတယ် ဆိုတာကို တကယ်လည်း ၀-၂ ရှုံးပြီး ပြန်နိုင်တဲ့ အလွတ်သဘော မှတ်ချက်ပြုခဲ့တာကိုကို အာဂျင်တီးနားဗိုလ်လုပွဲမရောက်မှာစိုးလို့ ဆိုပြီး လူမှူကွန်ယက်တွေမှာပြောစရာဖြစ်အောင် သတင်းဖန်တီးခဲ့တာပါ။ အဲ့ဒီထက် ရယ်စရာရှိသေးတယ်၊ အမ်ဘိုလိုက ဒီပြိုင်ပွဲကို အသင်းနဲ့အတူ မဟုတ်ဘဲ နောက်မှ ပူးပေါင်းတာပါ။ ၂၁ နှစ်မှာ အမှူရင်ဆိုင်ဖူးတာကြောင့် အမေရိကန်က ဗီဇာပေးဖို့ ထုံးစံအတိုင်း ရစ်တာပေါ့။ အီရန်တစ်သင်းလုံးလည်း အရစ်ခံရတာပဲလေ။ အဲ့ဒါကို အမ်ဘိုလိုဆိုတဲ့ကစားသမားလေးအဖြစ်က အခက်အခဲပေါင်းစုံနဲ့ ပြိုင်ပွဲကိုရအောင်လာသည့်တိုင် ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှူ ၂ ကြိမ် လုပ်နိုင်ခဲ့ပေမယ့် အာဂျင်တီးနားကို အခက်ကြုံအောင် သူ့အစွမ်းပြရမယ့်အစား အမှားလေးတစ်ခုကို အပြစ်ကြီးတစ်ခုလို VAR ပြန်ကြည့်ခံရပြီး ပွဲအပြီး မျက်ရည်တွေနဲ့ ဗီလိန်ဘဝရောက်သွားရရှာပါတယ်ဆိုပြီး အဲ့ဒီသတင်းတွေမှာ ထည့်ဖော်ပြတာ ဘယ်လိုမှ ဆက်စပ်မှူမရှိတာပါ။ တကယ်လို့ ဆွစ်ဇာလန်သာ တက်လာခဲ့ရင် မသိချင်ယောင် ဆောင်နေမှာဖြစ်သလို အစောကြီးတည်းကပြုတ်သွားရင်လည်း အမ်ဘိုလိုဆိုတာ ဘယ်ကကောင်လဲဆိုပြီး အဖတ်လုပ်မှာတောင် မဟုတ်ဘူး။ အခုတော့ အာဂျင်တီးနားနဲ့ ဖီဖာအကြောင်းကို ဒိုင်တွေ သိသင့်ပါပြီလေဆိုပြီး အဲ့ဒီပွဲမှာ ကိုင်တွယ်မယ့်ဒိုင်ကို သွယ်ဝိုက်ပြီး သိစေချင်တဲ့သဘောပေ့ါ။ အခုထိတော့ ဘယ်သူကိုင်တွယ်မလဲ မသိသေးဘူး။ အင်းပေါ့လေ သူတို့နိုင်ငံအသင်းဆိုတော့လည်း သူတို့အကျွမ်းကျင်ဆုံးပညာနဲ့ တတ်နိုင်တဲ့ဘက်က ကြိုးစားပေးနေတာ ဖြစ်သင့်ပါတယ်လေ။
🇦🇷 အာဂျင်တီးနား 🆚 ဆွစ်ဇာလန် 🇨🇭 (မနက် ၇:၃၀) တကယ် ဂိုးလိုရင် အာဂျင်တီးနားအတွက် မိနစ် ၂၀ အတွင်း ၃ ဂိုးလည်း ဖြစ်ခဲ့တာပဲ။ ပြီးတော့ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးကိုလည်း ပိုင်ဆိုင်ထားတယ်။ ၎င်းတို့ရဲ့ နောက်ဆုံး ၃ ပွဲလုံး အပြန်အလှန် သွင်းဂိုးလည်း ရှိထားတယ်။ ဒါကို ဂိုးပေါင်း ၂-၃၀ ဝန်းကျင် ဖွင့်လှစ်မှုကတော့ မနည်းဘူးလား ပြောရမယ်။ သဘောကတော့ ဂိုးများနိုင်ခြေနည်းတဲ့ စျေးကွက်ပေါ့။ အာဂျင်တီးနားဟာ နောက်ဆုံး ၁၁ ပွဲလုံး အနည်းဆုံး ၂ ဂိုးသွင်းပြနိုင်ချည်းတာပါပဲ။ ဒါကြောင့် ၂ လုံး ပြားစွန်းအရှုံးဆိုတာ သေချာပေါက်နီးပါး ရလဒ်ကျဥ်းမြောင်းမယ့်ဖွင့်လှစ်မှူပါပဲ။ ဆွစ်ဇာလန်ကလည်း အာဂျင်တီးနားကို တွေ့ဆုံဖူးတဲ့ ၇ ပွဲလုံး မနိုင်ဖူးတာရော၊ ကမ္ဘာ့ဖလားမှာ တောင်အမေရိကအသင်းတွေနဲ့တွေ့တိုင်း ရုန်းကန်ရတတ်တာရောကြောင့် သူတို့အခြေအနေကနေ စဥ်းစားကြည့်ရင် ဖွင့်ကစားရဲဖို့ထက် ဂိုးမပေးရဖို့ကိုပဲ ချောင်းကစားသွားဖို့များတယ်။ ဆွစ်ဇာလန်အတွက် ဖွင့်တိုက်ပြီး ဂိုးအရင်ရတာက နိုင်သွားဖို့ အာမခံချက်မဟုတ်ဘူး။ အမှားနည်းအောင် ကစားနိုင်ဖို့ပါပဲ။ အဲလ်ဂျီးရီးယား ၂-၀ ဂိုးနဲ့နိုင်ပြီး ပေးဂိုးမရှိတာထက် ကိုလံဘီယာတိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဆွစ်ဇာလန်နောက်တန်းကလည်း အထင်ကြီးစရာပါ။ ဒါ့ကြောင့် အာဂျင်တွေ ရေပန်းစားနေပေမယ့် ဘောကွက်ရွေးရမယ်ဆိုရင် ဂိုးအောက် ကြိုက်တယ်။ ရွေးချယ်မှူ - ဂိုးအောက် 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
🇳🇴 နော်ဝေ 🆚 အင်္ဂလန် 🏴 (မနက် ၃:၃၀) အစဥ်အလာတွေ အတွေ့အကြုံတွေကို ပြောနေရင်တော့ အင်္ဂလန်ပဲ သာနေမှာပေါ့။ သေချာတာတစ်ခုက လက်ရှိ နော်ဝေဟာ အင်္ဂလန်ကို ပြဿနာကြီးစေနိုင်တဲ့ကွာတားဖိုင်နယ်ပြိုင်ဘက်ပါ။ နော်ဝေဟာ ဟာလန်းနဲ့ ဘာမဆိုလုပ်ပြနိုင်စွမ်း ရှိနေတယ်။ အင်္ဂလန်က ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးခြေစွမ်းကို မက္ကဆီကိုနဲ့ပွဲမှာ တွေ့ခဲ့ရပေမယ့် ပြင်သစ်၊ စပိန်တို့လို ပွဲတိုင်း အရမ်းအားရစၕရာဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ တူချယ် အလေးထားတဲ့ ကွမ်ဆက်က ပွဲပယ်၊ ဂျီဆီဂျိမ်းစ်က အသေးစားဒဏ်ရာနဲ့ နောက်တန်းအားနည်းချက်လေးရှိနိုင်တယ်။ အင်္ဂလန်က ပစ်ဖို့ဒ် လက်စွမ်းပြနေတာလည်း အားကိုးစရာပါ။ ဒါပေမဲ့ ဟာလန်းအတွက် ပြဿနာမရှိဘူးဆိုတာမျိုးဖြစ်နေတယ်။ ပြင်သစ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ပွဲကလွဲရင် နော်ဝေခြေစွမ်းက အထင်ကြီးစရာပါ။ ဒါတောင် အဲ့ဒီပွဲမှာ ဟာလန်းနဲ့ အိုဒီဂတ်တို့ အနားပေးခံထားရလို့။ အင်္ဂလန်က ပြန်စဥ်းစားကြည့်လိုက်ရင် ရင်တထိတ်ထိတ်နဲ့ပါ။ မက္ကဆီကိုမတိုင်ခင် DR ကွန်ဂိုနဲ့တုန်းကလည်း အသည်းအသန်ပဲ။ အခုလည်း သရေအရှုံးပုံစံအရ ပွဲချိန်အတွင်း အင်္ဂလန် နိုင်ဖို့ အတော်ခက်မယ့်ပုံပဲ။ တကယ်လည်း လက်ရှိနော်ဝေဟာ တစ်ခုခု လုပ်ပြချင်နေတဲ့ ရွှေရောင်မျိုးဆက်ပါ။ နော်ဝေကို မှီခိုထားတာ အားမနည်းလောက်ဘူး ထင်ပါတယ်။ ရွေးချယ်မှူ - နော်ဝေ 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
🇨🇭 ဆွစ်ဇာလန် 🆚 ကိုလံဘီယာ 🇨🇴 (ည ၂:၃၀) ပို ပိုပြီး ကောင်းလာတဲ့ ကိုလံဘီယာနောက်တန်း၊ သိပ်မကွာတဲ့ ၂ နိုင်ငံခြေစွမ်းနဲ့ ဘော်ဒီ၊ ဂိုးပေါင်းဖွင့်လှစ်ထားပုံအရ ဂိုးနည်းတဲ့ပွဲ ဖြစ်ဖို့များပါတယ်။ ကိုလံဘီယာနောက်တန်းကစားပုံဟာ ပြိုင်ပွဲအရှိန် မြင့်လာတာနဲ့အမျှ တိုးတက်ခြေစွမ်းပြလာတယ်။ လူကူမီနဲ့ ဒါဗီဆန်ဆန်းချက်ဇ် ဗဟိုခံစစ်အတွဲဟာ ဝါရင့်နောက်ခံလူ ယာရီမီနာကိုတောင် အရန်ဖြစ်စေပြီး အချိတ်အဆက်ညီလှတယ်။ ဂါနာနဲ့ပွဲမှာဆို ဂိုးပေါက်တည့်ကန်ချက် ၁ ကြိမ်တောင် မကြုံလိုက်ရဘူး။ တိုက်စစ်မှာ ဖန်တီးမှူ အားကောင်းတဲ့သူတွေရှိပေမယ့် ဆွစ်ဇာလန်ကိုတော့ အရမ်းကာရော ဖွင့်ကစားနိုင်မယ်မထင်ဘူး။ ဆွစ်ဇာလန်က ဂါနာလိုမဟုတ် အတွေ့အကြုံလည်းရှိတာကြောင့် ကိုလံဘီယာဟာ ၉ ဂိုးသွင်းထားနိုင်တဲ့ ဆွစ်တွေကို ဂိုးအရင်ပေးလိုက်ရရင် ပြန်ချေပဖို့ ရုန်းကန်ရတာမျိုးကို သတိထားလိမ့်မယ်။ ဆွစ်ဇာလန်ဘက်ကလည်း ဒီလိုပါပဲ။ ဒီယက်ဇ်နေရာလွတ်တွေရှာမယ့် ကိုလံဘီယာတောင်ပံတိုက်စစ်တွေကို ပိတ်ဆို့ရင်း အချိန်ကုန်နေမှာပါ။ ဂိုးပေါင်းဖွင့်လှစ်မှူအရ အောက်ကြိုက်နေတာနဲ့ ကစားကွက်တွေလျှောက်တွေးပြီး ဂိုးနည်းမယ် စိတ်ကူးမိတာထက် အချက်အလက်အရလည်း ဆွစ်ဇာလန်ဆိုရင် နောက်ဆုံး ၁၄ ပွဲမှာ ဂိုးပေးရတဲ့ပွဲတွေရှိပေမယ့် ၁ ဂိုးထက် ပိုပေးရတာ ၁ ပွဲပဲရှိထားတယ်။ ကိုလံဘီယာကလည်း အထက်မှာပြောခဲ့သလို တိုက်စစ်ထက် ခံစစ်က ပိုအားရစရာကောင်းနေတာကြောင့် ဒီပွဲဟာ ကိုလံဘီယာ အပေါ်ကြေး ဖြစ်နေလို့ ရေပန်းနည်းနည်းပိုစားတယ်ဆိုရင်တောင် ဂိုးရလဒ်က နည်းပါးကျဥ်းမြောင်းဖို့ များပါတယ်။ ရွေးချယ်မှူ - ဂိုးအောက် 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
🇦🇷 အာဂျင်တီးနား 🆚 အီဂျစ် 🇪🇬 (ည ၁၀:၃၀) ဒီနှစ်ပြိုင်ပွဲမှာ အာဂျင်တီးနားဟာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အလေးသာမှူတွေ အများကြီးရှိတယ်။ ပြိုင်ပွဲလမ်းကြောင်းအပြင် ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တွေကလည်း အခြားနိုင်ငံတွေနဲ့ယှဥ်ရင် ဟို ဖီဖာဥက္ကဌတင်မက ဒေါ်နယ်ထရမ့်ပါ အကွက်ဆင်ပေးထားသလိုပဲ။ ဒါက တကယ်လည်း ခြေစွမ်းကောင်းလို့သာ လမ်းကြောင်းဖြောင့်ဖြူးတယ် ပြောရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျဥ်းထဲကြပ်ထဲကနေ လွတ်မြောက်နိုင်စွမ်းရှိတာပဲလေ။ မကြာသေးခင်ကပဲ အာဖရိက ၂ နိုင်ငံနဲ့ ကစားခဲ့တယ်။ အဲလ်ဂျီးရီးယားကို ၃-၀ ဂိုးနဲ့နိုင်ပြီး ကိတ်ဗာဒီနဲ့ ၁-၁။ အီဂျစ်ကတော့ ထို ၂ သင်းထက် ပိုကောင်းပေမယ့် မော်ရိုကို၊ ဆီနီဂေါတို့လောက် ဆွဲဆောင်မှူရှိမနေတာ အမှန်ပဲ။ သူတို့ အားထားတဲ့ ဆာလာက အရွယ်လွန်နေပြီ၊ အခုပွဲအတွက်တော့ ဒူးကောက်ကြောဒဏ်ရာ ခပ်ပါးပါးရထားလို့ ကြံ့ခိုင်မှူ သိပ်မပြည့်ဝနိုင်ဘူး ကြားနေရတယ်။ ပြီးခဲ့တဲ့ သြစတြေးလျ၊ အီရန်တို့နဲ့ပွဲတွေမှာ အီဂျစ်လွတ်မြောက်ခဲ့ပေမယ့် တအားရုန်းခဲ့ရတယ်။ ဒါ့ကြောင့် မက်ဆီခြေစွမ်းမပြနိုင်တောင် လက်ရှိ ချန်ပီယံပီပီ အသင်းလိုက် လုပ်အားနှုန်းကောင်းဆဲဖြစ်တဲ့ အာဂျင်တီးနားပဲ ၂ ဂိုးပြတ်လောက် အနိုင်ပေးကြည့်ချင်တယ်။ အီဂျစ်နောက်တန်း အားမကောင်းဘူး။ ပွဲတိုင်းဂိုးပေးထားရချိန် အာဂျင်တီးနားက ကမ္ဘာ့ဖလား ၁၀ ပွဲဆက် အနည်းဆုံး ၂ ဂိုးစီ သွင်းပြထားတာ အခုပွဲအတွက်လည်း ဂိုးပြတ်မျှော်ချင်စရာပါ။ သူ ဘောနိုင် ကိုယ်ကြေးရှုံးအကွက်မျိုးရှိနိုင်ပေမယ့် အာဂျင်တီးနားဟာ ဒီကမ္ဘာ့ဖလားမှာ ကံကြမ္မာကောင်းတွေ ရှိနေပြီးသားပါ။ ရွေးချယ်မှူ - အာဂျင်တီးနား 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
🇺🇸 အမေရိကန် 🆚 ဘယ်ဂျီယံ 🇧🇪 (မနက် ၆:၃၀) ဒီပွဲကတော့ ဂိုးပေါင်းအများပဲ စိတ်ဝင်စားပါတယ်။ သူ့ဟာသူ အမေရိကန်တိုက်စိစ်မှူး ဘာလိုဂန်လား ပွဲပယ်က ပြန်လွတ်လာလို့ ဒေါ်နယ်ထရမ့်ကိစ္စနဲ့ ဂယက်ပဲ ဘယ်လိုထထ စဥ်းစားကြည့်ရင် လယ်ဗယ်ကြေးနဲ့ ဒီလိုအဆင့်မျိုးမှာ ဂိုးပေါင်း ၃+၃၀ ဖွင့်လှစ်မှူဟာ တော်တော်များပါတယ်။ ဘယ်ဂျီယံဟာ နယူးဇီလန်နဲ့တုန်းကလည်း ဂိုးပေါင်း ၄+၃၀ ဖွင့်လှစ်ပြီး တကယ်ဂိုးအပေါ်ခဲ့ပါတယ်။ အမေရိကန်ကစားပုံက open type ဆန်ပါတယ်။ အိမ်ရှင်ဆိုပေမယ့် ပိတ်မကစားဘူး သူဆော်ကိုယ်ဆော်ပဲ။ ဘော့စ်နီးယားကို တစ်ယောက်သာနေတာတောင် ၁ ဂိုးထပ်သွင်းသေးတာ။ ဘယ်ဂျီယံကလည်း တိုက်စစ်သာ ကောင်းပေမယ့် နောက်တန်းမလုံပါဘူး။ ဒီပွဲရဲ့ ဂိုးပေါင်းကြေး ဖွင့်လှစ်မှူအရ ၂ သင်းပေါင်း သွင်းဂိုး ၃ ဂိုးပြည့်ဖို့ များနေလို့ ဂိုးအပေါ် အကြိုက်တွေ့မိတယ်။ ရွေးချယ်မှူ - ဂိုးအပေါ် 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
🇵🇹 ပေါ်တူဂီ 🆚 စပိန် 🇪🇸 (ည ၁:၃၀) ဒီပွဲကိုတော့ ၂ သင်းပေါင်း သွင်းဂိုးအနည်း ခန့်မှန်းထားပါတယ်။ စပိန်က ဂိုးမပေးရသေးဘူး၊ ပေါ်တူဂီတိုက်စစ်ကလည်း အတော်ကြောင်ပျောက်တာပါ။ ရော်နယ်ဒိုနဲ့တိုင်ပတ်နေတာကြောင့် ပေါ်တူဂီတိုက်စစ်ကို စပိန်နဲ့ပွဲမျိုးမှာ ၁ ဂိုးထက် ပိုသွင်းဖို့ မမျှော်လင့်ချင်ဘူး။ ပြီးတော့ ပေါ်တူဂီဟာ စပိန်နဲ့ နိုင်ငံတကာ နောက်ဆုံး ၁၂ ပွဲမှာ ၁ ပွဲသာ နိုင်ထားတာ။ ဆိုတော့ ပေါ်တူဂီလက်ရှိပုံစံနဲ့ စပိန်ကိုသာဖို့ မမျှော်လင့်ချင့်ဘူး။ တစ်ချို့က ပြင်စ်နဲ့ အာဂျင်တီးနားကို ထင်ကြေပေးထားတာရှိသလို စပိန်ကစားပုံကိုလည်း ကြိုက်ကြတယ်။ တကယ်လည်း ကောင်းတယ်။ ဒါပေမဲ့လည်း ပေါ်တူဂီတိုက်စစ်ကို သိပ်မကြိုက်တာကြောင့် ဂိုးအောက်ပဲ အကြိုက်တွေ့မိတယ်။ ပေါ်တူဂီတိုက်စစ်ကို အဓိက အားမရလို့ပါ။ ရွေးချယ်မှူ - ဂိုးအောက် 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
🇨🇴 ကိုလံဘီယာ 🆚 ဂါနာ 🇬🇭 (မနက် ၈:၀၀) ဂါနာက အုပ်စုတွင်း ၃ ပွဲမှာ ၂ ပွဲ ပေးဂိုးမရှိခဲ့ပါဘူး။ ဒီထဲမှာ အင်္ဂလန်လည်း ပါခဲ့တယ်။ ဂါနာက တိုက်စစ်မှာ ဆီမင်ညို ကလပ်အသင်းမှာလောက် ခြေစွမ်းမပြနိုင်ပေမယ့် ခံစစ်တော့ ကောင်းမွန်နေတယ်။ အင်္ဂလန်ကို ဂိုးမပေးရအောင် ဂါနာ နည်းမျိုးစုံနဲ့ ကစားနိုင်ခဲ့သလိုမျိုး အခု ကိုလံဘီယာကိုလည်း သူတို့အခေါ် Low Block ကစားပုံနဲ့ပဲ ဂါနာ ပြင်ဆင်ခင်းကျင်းလာမယ့်သဘောရှိတယ်။ ဘာလို့လဲဆိုတော့ ကိုလံဘီယာကို ဖွင့်ကစားရင် သူတို့ အိပ်ပြန်ရဖို့များနေတာကြောင့်ပါ။ ကိုလံဘီယာကလည်း ၃ ပွဲမှာ ဥဇဘတ်ကို ၁ ဂိုးပဲ ပေးထားရပါတယ်။ ရော်နယ်ဒိုရဲ့ ပေါ်တူဂီကို ကိုလံဘီယာ ဂိုးမပေးရအောင် ကစားနိုင်ခဲ့တယ်။ ကိုလံဘီယာက ခံစစ်အသင်းမဟုတ်ပါဘူး။ ဂါနာကို ခံစစ်ဦးစားပေးကစားမှာ မဟုတ်ပေမယ့် ရှုံးထွက်ပွဲဖြစ်နေတော့ သတိကြီးကြီး ကစားနိုင်တယ်။ ဒါပေမဲ့ ကိုလံဘီယာ ဂိုးပြတ်အနိုင်တောင် မထင်မိဘူး။ ဒါပေမဲ့ နှစ်သင်းပေါင်းသွင်းဂိုး ၃ ဂိုးပြည့်ဖို့ ခက်ခဲနိုင်လို့ ဂိုးအောက် ကြိုက်မိပါတယ်။ ကိုလံဘီယာဟာ အုပ်စုတွင်းမှာ DR ကွန်ဂိုကို ၁-၀ ဂိုးနဲ့နိုင်တဲ့ပွဲမှာ တစ်ပွဲလုံး ဂိုးပေါက်တည့် ကန်ချက် ၁ ကြိမ်သာ ရခဲ့တာပါ။ အလားတူ ခက်ခဲရင်း ဂိုးနည်းမယ် ထင်မိပါတယ်။ ရွေးချယ်မှူ - ဂိုးအောက် 𝗨𝗻𝗶𝘁𝘀 - 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
🇦🇺 သြစတြေးလျ 🆚 အီဂျစ် 🇪🇬 (မနက် ၃:၃၀) ခြေစမ်းပွဲအနေနဲ့ ၂ ပွဲ ကစားဖူးပြီး ၀-၀၊ အီဂျစ် ၃-၀ ရလဒ် ထွက်ဖူးတယ်။ ၁၆ နှစ်အကြာ ဒါးလက်စ်မြို့မှာ ပြန်လည် ဆုံတွေ့တဲ့ပွဲမှာတော့ ရှုံးရင် ထွက်ရမယ့် အရေးကြီးပွဲစဥ် ဖြစ်လာပါပြီ။ အာဖရိကနိုင်ငံတွေ တဖြုတ်ဖြုတ် ကြွေနေပေမယ့် အီဂျစ်က အုပ်စုတွင်း အခြေအနေ ကောင်းခဲ့တာရော သြစတြေးလျနဲ့ ကစားရမှာဆိုတော့ ၁၆ သင်းအဆင့်ရောက်ဖို့ ရေပန်းစားနေတယ် ဆိုပါတော့။ တကယ်လို့ အီဂျစ် နိုင်ခြေများရင် -၅၀ အထက် ကြေးလောက် ပေးစေချင်တာ။ သြစတြေးလျက တူရကီကို မထင်မှတ်ပဲ နိုင်သွားတာ။ နောက် ၂ ပွဲ ဂိုးတောင် မသွင်းနိုင်တော့ဘူး။ တစ်ခုရှိတာက အီဂျစ်မှာ ဆာလက် ဒဏ်ရာကြောင့် ပါဖို့ မသေချာဘူး။ တနင်္လာနေ့အထိ အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်ဘူး ဆိုတော့ တကယ်လို့ ပါလာခဲ့ရင်တောင် ကြံ့ခိုင်မှူက ရာနှုန်းပြည့် ကောင်းနေနိုင်ဘူး။ ဒီအချက်တွေကြောင့် အလေးပေးမှူ လျော့နေတာ ဖြစ်နိုင်တယ်။ ဆိုတော့ အီဂျစ်ဘက်က တိုက်စစ် အားနည်းဖွယ်ရှိသလို သြဇီကလည်း အမေရိကန်ကို ထားတော့၊ ပါရာဂွေးကိုတောင် ဂိုးမသွင်းနိုင်ဘူး။ အုပ်စုတွင်း ၃ ပွဲလုံး စုစုပေါင်း ဂိုးကန်ချက် ၁၁ ကြိမ်ပဲ ရှိတယ်တဲ့။ ဆုံဖူးတဲ့ ၂ ပွဲမှာလည်း အီဂျစ်ဆီက သြဇီ ဂိုးမရဖူးတော့ အခုလည်း မရနိုင်သလောက်ပဲ။ ဒါ့ကြောင့် အီဂျစ်ရေပန်းစားတာထက် tight game ပုံစံမျိုးဖြစ်နေလို့ ဂိုးအောက် ညွှန်းပေးချင်ပါတယ်။ နောက် အရေးကြီးဆုံးအချက်က အပူချိန်က ၃၄-၃၅ တဲ့။ ဒီပြိုင်ပွဲမှာ အပူဆုံးစံချိန်ပဲ ပွဲကြာလေ ကစားသမားတွေ ပြိုင်းကြမှာ။ ရွေးချယ်မှူ - ဂိုးအောက် 𝗨𝗻𝗶𝘁𝘀 - 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
🇦🇷 အာဂျင်တီးနား 🆚 ကိတ်ဗာဒီ 🇨🇻 (မနက် မနက် ၄:၃၀) ကိတ်ဗာဒီဟာ အုပ်စုတွင်း ၃ ပွဲမှာ ၂ ပွဲ ပေးဂိုးမရှိခြင်းနဲ့အတူ သရေ ၃ မှတ်နဲ့ ၃၂ သင်းအဆင့်ကို ရောက်လာခဲ့ပြီး ဒီအဆင့်နဲ့ တော်သင့်ပါပြီလို့ သတ်မှတ်ခံထားရတယ်။ ဒါကလည်း အာဂျင်တီးနားနဲ့ တွေ့လို့ ဆိုပါတော့။ အဲ့ဒီတော့ ကိတ်ဗာဒီတွေဟာ ဒီလိုပွဲမျိုးမှာ ဖွင့်ကစားမှာလား သူ့တို့ အားသာချက်ဖြစ်တဲ့ ပိတ်ကစားခြင်း၊ ၄၀ အရွယ် ဂိုးသမားကြီးရဲ့ ကာကွယ်ခြင်းနဲ့ပဲ ခုခံသွားမှာလား စဥ်းစားရမှာပါ။ ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ် ဆိုပေမယ့် ကိတ်ဗာဒီဟာ အာဂျင်တီးနားကိုတော့ ကျော်ဖြတ်သွားဖို့ မတွေးဝင့်သင့်ပါဘူး။ ဒါဆို အာဂျင်တီးနား ၂ ဂိုးနဲ့လား ၃ ဂိုးနဲ့လား၊ ၂ ဂိုးနဲ့ဆိုရင် ပြားစွားရှုံးဆိုတော့ ကိစ္စမရှိသေးဘူး။ ဂိုးပေါင်းကတော့ ၃+၂၀ ဖွင့်လှစ်ထားပါတယ်။ အာဂျင်တီးနား အောင်မယ်လို့ တွက်ဆထားသူတွေ ဂိုးအပေါ်ပဲ စဥ်းစားသင့်တယ်။ ကျွန်တော့် တစ်ဦးအမြင်အရတော့ ကိတ်ဗာဒီဟာ သူတင်ကိုယ်တင် ကစားဖွယ်မရှိလို့ အာဂျင်တီးနားတစ်သင်းတည်းရဲ့ သွင်းအားအပေါ်ပဲ ကြည့်ရမယ့်သဘော ဖြစ်နေတယ်။ အုပ်စုတွင်းဆို စိတ်ပါသလို သွင်းကြပေမယ့် ဒီလိုပွဲမျိုးကျ ဂိုးကွာခြားချက်လည်းမလို နိုင်ဖို့ပဲ အဓိက ဆိုတော့ အာဂျင်တီးနား ၄ ဂိုးကိုတော့ မမျှော်တော့ဘူး။ ဒီပွဲက မက်ဆီရဲ့ မိုင်ယာမီကွင်းမှာပါ၊ ဒါပေမဲ့ အပူချိန် ၃၀ ဒီဂရီရှိတော့တော့ ဂိုးတွေများမယ် မထင်မိဘူး။ ရွေးချယ်မှူ - ဂိုးအောက် 𝗨𝗻𝗶𝘁𝘀 - 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)
ပေါ်တူဂီ 🆚 ခရိုအေးရှား (မနက် ၃:၃၀) ပေါ်တူဂီဟာ ကိုလံဘီယာကို -၇၀ ပေးပြီး ၀-၀ နဲ့ ကြေးရှုံးခဲ့ပါတယ်။ အခု ခရိုအေးရှားကို ၁+၄၀ အထိ မြင့်လာပါတယ်။ သရေအရှုံးလောက်ဆို မျှတတဲ့ဖွင့်လှစ်မှူလို့ ကျွန်တော့်တစ်ဦးတည်းအမြင်အရ သုံးသပ်မိပေမယ့် ၁+၅၀ အထက် ကြေး သဘောက ပေါ်တူဂီ ၂ ဂိုးပြတ်မှ အပြည့်အောင်မယ်ဆိုတာကတော့ မျှော်လင့်ချက် ကြီးလွန်းလှပါတယ်။ ဘယ်မှာလဲ ပေါ်တူဂီ ၃ ပွဲမှာ ၁ ပွဲလား အောင်တာ၊ ဒါတောင် ဥဇဘတ်ကစ္စတန်နဲ့မို့လို့ DR ကွန်ဂိုကို သရေ၊ ဒါက ထားပါဦး ခရိုအေးရှားထက် နိမ့်တယ်လို့ ပြောလို့ရသေးတဲ့ ကိုလံဘီယာကို သရေအရှုံးတောင် မပေးဘဲ မနိုင်ခဲ့တာပါ။ အခုမှ ၁+၄၀ ဆိုတော့ ပြီးတော့ ပေါ်တူဂီခြေစွမ်းကလည်း ထင်ထားသလောက် ကောင်းမနေလေ။ တိုရွန်တိုအပူချိန်က ၂၉ ဒီဂရီ ဝန်းကျင်ဆိုတော့ ပွဲကြာလေ ပိုပြိုင်းလေပါ။ ခရိုအေးရှားမှာ အဲ့ဒီ ပြဿနာရှိပါတယ်။ ပေါ်တူဂီက ရော်နယ်ဒိုကလွဲရင် ငယ်တဲ့သူများသလို လက်ရှိ ခြေစွမ်းပြနေသူတွေလည်း များပါတယ်။ ခရိုအေးရှားကျတော့ မိုဒရစ်ကြီးကိုပဲ ပုခုံးထမ်းတင်ခိုင်းတာများမျိုး ဖြစ်နေပါတယ်။ အဲ့ဒီကြောင့် ရော်နယ်ဒိုကို ဖယ်ထားလည်း ပြဿနာ သိပ်မရှိတဲ့ ပေါ်တူဂီအတွက် ခရိုအေးရှားကို ကိုလံဘီယာလောက်တုန်းကနဲ့ မခက်လောက်တဲ့ ကြေးမျိုး ဖွင့်လှစ်ထားတာ ဖြစ်ဖွယ်ရှိပါတယ်။ ဒါ့ကြောင့် ၁ ဂိုးနဲ့ပဲ နိုင်နိုင် ရင်းပျော်အောင် ဖွင့်လှစ်ထားခြင်းမရှိတဲ့ ပေါ်တူဂီပဲ ကစားပါမယ်။ နောက် ဒီ ၂ နိုင်ငံက အစဥ်အလာတွေလည်းရှိပါတယ်။ တွေ့ဆုံမှူ ၁၀ ပွဲမှာ ပေါ်တူဂီ ၁ ပွဲပဲရှုံးဖူးပြီး ၇ ပွဲနိုင်၊ ၂ ပွဲသရေပါ။ ပေါ်တူဂီပဲ စဥ်းစားသင့်ပါတယ်။ ရွေးချယ်မှူ - ပေါ်တူဂီ 𝗨𝗻𝗶𝘁𝘀 - 𝗩𝗜𝗯𝗲𝗿 & 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝟬𝟵𝟳𝟲𝟯𝟳𝟳𝟭𝟵𝟮𝟱 ( 𝟴 𝗔𝗺 -𝟭𝟮 𝗣𝗺)