tgindex
Buddha Teachings 🙏🌹🙏☸️🕉️☯️😇

Buddha Teachings 🙏🌹🙏☸️🕉️☯️😇

Статистика

Escaped from SansĂ ra [Liberation / Emancipation ]

Последний пост
12 авг.
Последнее чтение
15 авг.
Постов за неделю
2
Всего постов
21
Тип
открытый
Язык
my
В каталоге с
15 авг.
Подписчики
118
0 Са 1 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
22
21 постов
Вовлечённость
18,6%
к подписчикам
Постов в день
0,3
всогО 21
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
12
1/48двое суток
13
1/72трое суток
14

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဓမ္မဆိုတာအာရုံ (ပဌာန်း၂၄ အာရမ္မဏပစ္စည်း) ဓမ္မမှာဘာသတ္တိရှိလဲ? အပါယ်ရောက်အောင်ပို့ဆောင်တာလဲ ဓမ္မ သံသရာလည်အောင်လုပ်ဆောင်တာလဲ ဓမ္မ မီးဆယ့်တမီးလောင်အောင်လုပ်ဆောင်တာလဲ ဓမ္မ အိုနာသေဖြစ်အောင်ပို့ဆောင်တာလဲ ဓမ္မ အဲဒီဓမ္မကိုဘဲသုံညတလို့သိမြင်ရင် အဲဒီဓမ္မအပေါ်သစ္စာလေးပါးထိုးထွင်းသိမြင်ရင် အပါယ်လွတ်အောင်လုပ်ဆောင်တာလဲဓမ္မ သံသရာရပ်အောင်လုပ်ဆောင်တာလဲဓမ္မ မီးဆယ့်တမီးငြိမ်းအောင်လုပ်ဆောင်တာလဲ ဓမ္မ အိုနာသေရပ်အောင်လုပ်ဆောင်တာလဲဓမ္မ ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ကိုပို့ဆောင်တာလဲဓမ္မ သစ္စာအနက်၁၆ချက်ဟာ ဓမ္မရဲ့လုပ်ဆောင်မှု့တွေပါဘဲ ဓမ္မအဖွင့် နသတ္တ နဇီဝ နိဗ္ဗာနံ ဓါရေတီတိ ဓမ္မော ပုဂ္ဂိုလ် သတ္တဝါမဖက် အသက်မပါ ဒုက္ခချုပ်ငြိမ်းရာသို့မျက်မှောက်ပြုနိုင်ခြင်းသဘောမျှသည်ဓမ္မမည်၏ ✍️တင်မောင်ညွန့် 🙏အလုံ

  • https://www.facebook.com/share/19UdXh96AZ/

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • ဖြစ်ပျက်တရားတွေကို ဖြစ်ဆဲပစ္စုပ္ပန်အနေနဲ့အရှိလုပ်တယ်။ကြိုက် မကြိုက် ကောင်း မကောင်းခံစားတယ်။မကြိုက်ရင်ပယ် ကြိုက်ရင်တွယ်ပါတယ်။အရာအားလုံးကိုတုန့်ပြန်နေပါတယ်။အဲဒါရိုးရိုးမနောဖြစ်ပါတယ်။ရိုးရိုးမနောမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဆိုတဲ့ဝဋ်သုံးပါးလည်နေတယ်။အကျိုးတရားကိုသတ်လို့မရဘူး။ ထိုမနောလုပ်ချက်တွေကို မဆန့်ကျင်တာ မတုံ့ပြန်တာ ကြိုက်ခြင်း မကြိုက်ခြင်းကင်းတာ ဥာဏ်မနော တနည်းအားဖြင့်စင်ကြယ်သောမနောဖြစ်ပါတယ်။#ရိုးရိုးမနောနဲ့ရန်မဖြစ်ဘဲနေနိုင်တာစင်ကြယ်သောမနောဖြစ်ပါတယ်။ #MGMG ✍️ 🔸🔹◾◽🔸🔹◾◽🔺🔻 ဒါကြောင့် မိုးကုတ်ဆရာတော် က စင်ကြယ်သောမနောရမှ နိဗ္ဗာန် မြင်မယ် လို့ မဟောခဲ့ဘူးလား??? ဆရာမောင်ကလည်း ကိုရဲဆင့် အမေး ကို beginner ဆိုတာမရှိဘူး စ၊အလယ်၊အဆုံး စင်ကြယ်သော မနောကိုနားမလည်ရင် ဆက်ခေါ်လို့မရဘူးလို့ပြောခဲ့ပါတယ်၊၊ တရားအားလုံးဟာ ပြုသူမရှိ၊ခံရသူမရှိ၊ အတိုင်းတိုင်းစင်ကြယ်နေတာကို ယုံကြည်ရင်လည်း သစ္စာ၄ပါးတပြိုင်တည်းမို့ သစ္စာ လွတ်တဲ့ ဉာဏ် ၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ဉာဏ် က နောက်ဆုံး အကျိုး ဉာဏ် ပဲ မဟုတ်လား သူတော်ကောင်း ဓမ္မမိတ်ဆွေ တို့ရေ.,,, သာဓုသာဓုသာဓု ပါဗျာ၊၊ 🙏🙏🙏🙏🙏 🙇🙇‍♂️🙇🙇‍♂️🙇 🛐🛐🛐🛐🛐 ရိုးရိုးမနော ဆိုတာ (တနည်း) ဉာဏ် ပါ၊ ဉာဏ် ကလည်းစင်ကြယ်နေရပါတယ်၊၊ ဉာဏ် စင်ကြယ်လိုသူတွေ ဘာမှလုပ်စရာမလိုပါ၊ ပြုံးပြီး၊ ပျော် ပျော်နေကြပါ၊၊ [{(Just Smile 🥰& Happy 😄😇🙂)}] [{(ပြုံးပျော် နေချိန် ကိလေသာကင်းစင်နေပါတယ်၊၊ ကင်းစင်တာသိပြီး၊ ကင်းစင်တဲ့ စင်ကြယ် သောမနောနဲ့ အလုပ်ကုန်ပြီးနေရုံပါဗျာ၊၊)}] (ကျော်ရှိန်) @kokoshein@kokoshane @highlight

  • သက္ကာယ ဒိဌိကို သိရမည်။ =============================== ## အရိပ်​ကို အကောင်​ထင်​သည့်​အမှု၊ သက္ကာယဒိဌိမပြုတ်တာ ကြောက်စရာ အကောင်းဆုံးအမှု ဟု ဘုရားရှင်ဟော ပါသည်။ # အာရုံမှာပေါ်နေသည့် ရုပ်နာမ်တွေသည် ဖြစ်ပြီးပျက်ပြီးရုပ်နာမ်တွေဖြစ်ပါသည်။ # အရိပ်ရုပ်နာမ်တွေကို × မသိမှုအဝိဇ္ဇာမှ မရှိတာ အရှိထင်သည်။ သဿတဒိဌိ။ × အရိပ်ကို အကောင်ထင်သည်။ သက္ကာယဒိဌိ။ × အရှိ​ယူပြီး ပယ်မည်။တွယ်မည်။ ဥစ္ဆေဒဒိဌိ။ × သင်္ခါရကနေ ချစ်ခြင်း/မုန်း​ခြင်း ဆိုသည့် စေတနာဖြင့်ပြုပြင်ပြီး။ အဝိဇ္ဇာ​နဲ့ သင်္ခါရ ကပြုပြင်လို့ အာရုံမှာပေါ်လာသည့်အာရုံခန္ဓာ ဥပါဒါနက္ခန္ဓာဖြစ်ပါသည်။ # အရိပ်ကိုအကောင်ထင်သည့်အမှုကြောင့် မိမိကို သတ်မည့်သူ။ နှိပ်စက်မည့်သူ။ ဆင်းရဲအောင်ပြုမည့်သူ ဖြစ်လာပါသည်။ ## သက္ကာယကို သိလျှင် ဒိဌိ အပြီး​တိုင်​ပြုတ် ပါသည်။ # သက္ကာယ​သည် စွဲလမ်းလို့ဖြစ်သောခန္ဓာငါးပါး၊ ဒိဌိ​သည် ထိုခန္ဓာငါးပါးကို ပုဂ္ဂိုလ်​သတ္တဝါ . ယူသည့်အယူ ။ ထိုခန္ဓာငါးပါးသည် အာရုံ​မှာ စွဲသည့်ခန္ဓာပါ။ # အာရုံတွေသည် အရိပ်​။ lmage ။ ပုဂ္ဂိုလ်​သတ္တဝါ မဟုတ်။ နိသတ္တ ။ နဇီဝ ။ နပုဂ္ဂလ သိနိုင်လျှင် သက္ကာယဒိဌိ အပြီးပြုတ်ပါသည်။ # သစ္စာမသိသောဗြဟ္မာတွေသည် ကမ္ဘာသောင်း ချီ စျာန်ချမ်းသာဖြင့် နေနိုင်ကြပေမယ့် သက်တမ်းကုန်လျှင် အပါယ်လေးဘုံပါဘဲ။ အဘယ်ကြောင့်လဲ--??? # မသိမှုအဝိဇ္ဇာကြောင့်။ သစ္စာတရားကို မသိမှု။ သက္ကာယဒိဌိ မပြုတ်မှု။ နိဗ္ဗာန်ကို မမြင်မှု။ ### ဝိမုတ္တိခေတ် ရောက်မှ သက္ကာယဒိဌိကို သိရ​သည်။ သက္ကာယဒိဌိ ပြုတ်သည့်အသိကို သိရသည်။ လောင်စာကိုသိသည်။ လောင်စာသိမ်းပြီး၊ မီးငြိမ်း​ရမည်။ # လောင်စာမထည့်လျှင် မီး(၁၁)မီးသည် နိဗ္ဗာန်​။ မပယ်လျှင်၊ မတွယ်လျှင် နိဗ္ဗာန်ချမ်းသာ။ # ကိလေသာ၊ မီး(၁၁)မီး​မှ လွတ်​သော​စိတ် ရရှိပါ​လျှင် နိဗ္ဗာန်။ နိဗ္ဗာန်​ချမ်းသာ ။ သစ္စာ​သိ​လျှင် အဝိဇ္ဇာကုန်၏။ တဏှာကုန်၏။ ဥပါဒါန်ကို အုပ်စိုး​တာက တဏှာ။ တဏှာ​ကို အုပ်စိုးတာက အဝိဇ္ဇာ​။ ## အကုသလ ၊ အကရဏံ ။ ကုသလ ၊ သမ္မဒံ ။ သစိတ္တ ၊ ပရိယောဒါပနံ ။ # အချိန်တိုင်း အချိန်တိုင်း မကောင်းမွန် မတင့်တယ်သောစိတ်နှင့် မပေါင်းယှဥ် (သို့) မကောင်းမွန်. မတင့်တယ်သော စိတ်ကို မဖြစ်​အောင် မထူထောင်ရာ။ # အချိန်တိုင်း အချိန်တိုင်း. ကောင်းမွန်တင့် တယ်သောစိတ်နှင့် နေထိုင်ရာ၏။ (သို့) ကောင်းမွန်တင့်တယ်သော စိတ်နှင့် ပြည့်စုံစေရာ၏။ # မိမိ၏စိတ်၌ အမြဲတမ်း စိတ်အကြံ ၊ စိတ်အတွေး တို့ကို သမ္မာ​ဥာဏ်​ယှဥ် ထက်ဝန်းကျင် စင်ကြယ်စေရာ၏။ (သို့) ထက်ဝန်းကျင် စင်ကြယ်​သော ပကတိ​စိတ် ဖြင့် ကျင့်သုံးနေထိုင်ရာ၏။ ## ဤမည်​ကား ပွင့်တော်မူပြီးသော ဘုရားရှင်တို့၏ အဆုံးအမ ဖြစ်သည်။ @highlight မြတ်​သော​ဆရာမော​င်အား ပူဇော်​ပါ၏​။ ✍️KonChitChit 🙏

  • 8 авг.192иС ashinoakzaya

    အာရုံအနန္တ ရှိကြထိုထို မစွဲရလို့ တို့က မဆို စွဲမရလို့ သိဖို့သာလို မဖြုတ်ဘဲ ပြုတ်မြဲ သူ့နဂို။ အာရုံတွေက အများကြီးပါ။ ဘယ်လောက်ပဲ များများ တကယ့် အာရုံအစစ်ကို ဘယ်သူမှ စွဲမ သိမရ ခံစားလို့ မရပါဘူး။ စွဲလို့ရတယ် သိလို့ရတယ် ခံစားလို့ ရတယ် ဆိုတာအထင်ပဲ ရှိပါတယ်။ စွဲတယ်ဆိုတာ အာရုံအသေကို အရှင်ထင်တဲ့ သဘောပါပဲ။ အာရုံတွေက မစွဲခင် မသိခင် မခံစားခင် ကတည်းက ဖြစ်ပျက်ပြီးသားပါ။ မျက်စိ နား နှာခေါင်း လျာ ကိုယ်ပေါ်ကို အာရုံတွေ ကျလာတော့လည်း အရိပ်အာရုံပဲ ကျလာတာပါ။ မနောဒွါရ မနောအကြည် စိတ်မှန်ပေါ်ကို ကျလာတော့လည်း ပုံစံတူ သဏ္ဌာန်တူ အရိပ် အာရုံပဲ ကျလာတာပါ။ အဲဒီ သုံးဆင့်မြောက် ကျလာတဲ့ အာရုံကိုပဲ သိလို့ စွဲလို့ ခံစားလို့ ရတာပါ။ အရိပ်အာရုံကို တစ်သက်လုံးစွဲ စွဲလို့ မရပါဘူး။ တစ်သက်လုံးသိ သိလို့ မရပါဘူး။ တစ်သက်လုံး ခံစား ခံစားလို့ မရပါဘူး။ မနောက အရှိထားလို့ စွဲလို့ရတယ် သိလို့ရတယ် ခံစားလို့ရတယ် ထင်ပြီး စွဲနေ သိနေ ခံစားနေတာပါ။ မနောက အာရုံနဲ့ ပတ်သက်ရင် အရှိထားမယ်။ ပယ်မယ် တွယ်မယ်။ အဲဒါ သူ့အလုပ်ပါ။ အာရုံတွေဟာ စွဲပြီး အရိပ်အနေနဲ့ ပြန်ပြန် ပေါ်လာပါတယ်။ ဘယ်လောက်ပဲ ပေါ်ပေါ် အရိပ်ဟာ အရိပ်ပါပဲ။ အကောင် ဖြစ်မလာပါဘူး။ အဲလို သိရင် အရိပ်ကို အကောင်လို့ ယူတဲ့ သက္ကာယဒိဌိ ဖြုတ်စရာ မလိုပဲ ပြုတ်သွားပါပြီ။

  • 8 авг.201иС dhammasharingbyUKS

    🌿🌿🌿🌿🌿🌿🌿🌿🌿🌿 ၃၊၊ ဝိပရိဏာမ ဒုက္ခ ( ဒုက္ခသစ္စာ) ဖောက်ပြန်ခြင်း၊ အိုနဖောက်ပြန်ခြင်း၊ အာရုံ ဥပါဒါနက္ခန္ဓာ အိုနာသေ​ဖောက်ပြန်​ခြင်းကသာ​လျှင် ဆင်းရဲ​အနန္တ​ကို စီရင်သည့်သဘော၊ တကယ်​ဖြစ်ပျက်​တဲ့​ခန္ဓာ အို၊​နာ​၊သေ ကို ဒုက္ခ​သစ္စာ လို့ ဘုရားရှင်က ပြောတာမဟုတ်ပါ။🔸အာရုံ ဥပါဒါနက္ခန္ဓာ၏ အို၊​နာ​၊သေ ကိုသာလျှင် ဒုက္ခ​သစ္စာ လို့ပြောတာဖြစ်ပါသည်။ 🔹စက်ဆုပ်စရာ၊ ရွံ့စရာ ၊ သ​စ္စာထိုက်အောင် ဆင်းရဲစရာဖြစ်ပါသည်။ 🔸တကယ်​ဖြစ်ပျက်​တဲ့​ခန္ဓာကိုအို၊နာ၊သေ ဖြစ်အောင်စီရင်နေတဲ့တရားသည်အဘယ်တရားနည်း..?? 🔹အာရုံဥပါဒါနက္ခန္ဓာ၏ အို၊နာ၊သေ ကသာ စီရင်သူဖြစ်ပါသည်။ 🔸အို၊နာ၊သေ ဖြစ်စေတဲ့တရားက အာရုံဥပါဒါနက္ခန္ဓာ 🔹စီရင်ခံရတဲ့တရားက အာရမ္မဏိက ခန္ဓာ၊ 🔸ဘုရားရှင်​သည် ဓါတ်လေးပါးဖောက်ပြန်ခြင်းကို ဒုက္ခသစ္စာ လို့ ပြောခဲ့သည်မဟုတ်ပါ။ 🔹ဝိပရိဏာမ ကို ဒုက္ခသစ္စာ လို့ ပြောခြင်းသည်အာရုံ ဥပါဒါနက္ခန္ဓာ အို၊နာ၊သေဖောက်ပြန်ခြင်းကိုပြောတာဖြစ်ပါသည်။ 🔸အာရုံဥပါဒါနက္ခန္ဓာ၏သတ္တိစွမ်းအားသည် အနန္တဆင်းရဲတွင်းထဲမှပြန်မထွက်နိုင်အောင်ပိတ်ဆို့ကာရံထားနိုင်ပါသည်။ 🔹သေခါနီး မရဏံ သန္တာန် ဇောမှာမျက်စေ့အကြည်၊နားအကြည်၊လျှာ​အကြ​ည်၊ ကိုယ်အကြည်ရပ်ဆိုင်းသွားပြီးဖြစ်ပါသည်။ 🔸ဝင်လေ၊ ထွက်လေမရှိပေမယ့် အာရုံံ အာရမ္မဏိက အနေဖြင့် ဝိတက်၊ ဝိစာရ ရှိနေဦးမည်။ ဝိပရိဏာမ ဖောက်ပြန်ခြင်းကိုခံရ ပေ ဦးတော့မည်။ 🔹ထိုအချိန်မှာ အာရုံထဲမှာ အတိတ်ကပြုခဲ့သည့် ကံ၊ ကမ္မနိမိတ်၊ ဂတိ​နိမိတ် ဆိုတဲ့တရားတွေပေါ်လာ​ပါသည်။ 🔸သစ္စာမသိသောပုဂ္ဂိုလ်သည် အတိတ်ကပြုခဲ့သည့် ကုသိုလ် ၊ အကုသိုလ် ၊ ငါ့သား/သမီးပစ္စည်းဥစ္စာ ၊​ကောင်းမှု မကောင်းမှုပြုသမျှ၊ စွဲလမ်းထားသမျှတွေသည်အာရုံမှာအစီအရီပေါ်လာပါမည်။ 🔹အာရုံမှန်းမသိ ၊ သဏ္ဍာန်တူဖြစ်ပျက်ကို တကယ်ဖြစ်ပျက်ထင်လာသည့်အခါဖောက်လွှဲဖောက်ပြန်နှိပ်စက်ပါတော့မည်။ 🔸သက္ကာယဒိဋ္ဌိ မပြုတ်သူတွေကိုအပါယ်ပို့ပြီ။ 🔹တိံဿမထေရ်ဆို တူမကလှူထားတဲ့သင်္ကန်း၊ ငါ့သင်္ကန်းဟုသတိရမိလို့သင်္ကန်းကြားထဲသန်း ဖြစ်ရဘဝ။ 🔸ဖားအောက်သီလရှင်ကသေခါနီး အိမ်မြောင်စုပ်ထိုးသံကြောင့် အိမ်မြောင်ဖြစ်ရတဲ့ဘဝ။ 🔹သေခါနီးလာတဲ့အာရုံသမီးကိုငါ့သမီး ဟု စွဲလမ်းမှုကြောင့်အပါယ်ပို့ပြီ၊ 🔸ဘုရားတည်ပြီးရေစက်မချရသေးတဲ့အစွဲကြောင့်ဘုရားစောင့်ဖြစ်ရတဲ့ဘဝ 🔹အာရုံဥပါဒါနက္ခန္ဓာကို အရှိထားလျှင်၊ သုည​မမြင်​လျှင် နောက်ထပ်မွေး/သေ၊ အနန္တမျက်ရည်၊ အနန္တသွေးမြေကျအောင်၊ ရက်စက်ယုတ်မာဖောက်ပြန်သည့်တရားသည်အာရုံဥပါဒါနက္ခန္ဓာဖြစ်ပါသည်။ 🔸ဝိပရိဏာမ ဒုက္ခဖြစ်ပါသည်။ 🔹ဒုက္ခသစ္စာထိုက်ပါသည်။ 🔸အာရုံဥပါဒါနက္ခန္ဓာသည် အစဥ်မရှိ၊ ပုဂ္ဂိုလ်၊ သတ္တဝါမဟုတ်၊ အ ဖြစ်တရားသာ၊ အရှိတရားမဟုတ်ပါ။ "အစဥ်သုည" ပါ လို့ ပိုင်းခြားပြီးသိမြင်လာသောအခါ အာရမ္မဏိကခန္ဓာသည် "ဝိပရိဏာမ  ဒုက္ခ" မှ အစဥ်လွတ်မြောက်ပါမည်။ 🙏မြတ်သောဆရာဦးမောင် မောင် (ပျဥ်းမနား)အားပူဇော်ပါ၏။🙏 Credit to ✍️ & uploader KonChitChit @highlight မရှိကို... အရှိလုပ် ၊ ဝိမုတ်နဲ့ ကင်းကွာ ၊၊ ပကတိချုပ်မို့... ရှင်းပါသည် ၊ ငြင်းစရာ... မရှိပါဘူး ။ ရှုစရာ... ဗလာစင်သည် ၊ လဟာပြင် အတိ ။ Credit to uploader အရှင်ဥဇ္ဇယ ✍️ ကိုကြည်စိုး မြင်တိုင်း၊ကြားတိုင်း၊နိဗ္ဗာန် ================== လောကဟုခေါ်သော ဥပါဒါနက္ခန္ဓာ၊ အာရုံ ၊ ဓမ္မာရုံခန္ဓာကို သဏ္ဍာန်တူအရိပ်၊ နိသတ္တ၊ နဇီဝ၊ နပုဂ္ဂလ၊ အကောင်အထည်မဟုတ်၊ ဥပါဒ်၊ဌီ၊ဘင်မရှိခြင်း၊ ဖြစ်ပြီးပျက်ပြီး၊အစဥ်မရှိ၊ အစ​ဥ်​သုည ကိုသိမြင်၍ အရှိမထားတော့လျှင်ကာလသုံးပါးမှလွတ်ပါ သည််။ ဥပါဒါနက္ခန္ဓာ ၊ အာရုံရုပ်နာမ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို အရှိ​ထား​လျှင် ဖြစ်​ဆဲ​သည်ပစ္စုပ္ပန် ကာလ​ဖြစ်သည်။ ဖြစ်ပြီး၊ ပျက်ပြီး ဟုဆိုလျှင် အတိတ်ကာလဖြစ်မည်။ နောင်ဖြစ်မည့်အချိန်သည် အနာဂတ်ကာလ​ဖြစ်မည်။ အတိတ်၊​ပစ္စုပ္ပန်၊​အနာဂတ် ကာလသုံးပါးရှိလျှင် ဥပါဒါနက္ခန္ဓာ ရှိခြင်း​ကြောင့်၊ ကိလေသာရှိလာပါမည်။ ကိလေသာ ရှိလျှင် အဝိဇ္ဇာ ရှိပါမည် ။ ဤသို့လျှင်သံသရာ လည်​ပါမည်​။ အာရုံ ဥပါဒါနက္ခန္ဓာသည် အစ​ဥ်​မရှိ​ကြောင်းသိမြင်ပြီးဖြစ်၍ ဥပါဒါနက္ခန္ဓာ ဖြစ်ပျက်​လည်း မရှိနိုင်တော့ပါ။ ဖြစ်တာ​မရှိ​၍ ပစ္စုပ္ပန် မရှိပါ​။ ပျက်​တာ မရှိပါ​သဖြင့် အတိတ်ကာလ​လည်းမရှိနိုင်ပါက အနာဂတ်ကာလလည်း လုံးဝ မရှိ နိုင်တော့​ပေ။ ထိုသို့ ကာလသုံးပါးမှ လွတ်ပြီး၊ အာရုံ ဥပါဒါနက္ခန္ဓာ ကိုအစ​ဥ်​သုည မြင်​လျှင်၊ ဒုက္ခအပေါင်းချုပ်ရာ နိဗ္ဗာန် ကို မြင်​နိုင်ပါ​ပြီ။ ထိုသို့ဆိုလျှင် အချိန်တိုင်း အစဥ်ရှိသော နိဗ္ဗာန်ကိုလိုသလို မြင်တိုင်း၊ ကြား​တိုင်း နိဗ္ဗာန်၊ သိမြင် နိုင်ပါ​သည်။ ဥပါဒါနက္ခန္ဓာ ၊ အာရုံ​ရုပ်​နာမ် များ အစဥ်မရှိပါက သင်္ခ​တတရား​ဖြစ်သော အာရုံအရှု​ခံတရား တို့သည် ဖြစ်ပြီး​ပျက်​ပြီး အစဥ်မရှိ ပါသဖြင့်အသက်မရှိသေပြီးသားတရားသာ ဖြစ်ပါသည်။ အရှု​ခံ အနေဖြင့် ကိလေသာ​တရားတို့​အား အရိပ် ၊ အသက်မရှိ၊ အစ​ဥ်​သေ ဟု နားလည်လျှင်

  • သစ္စာလွတ်တယ် ဆိုတာ အရဟတ္တဖိုလ်စိတ်ကို ပြော တာပါ ။ ✍️အရှင်ဥဇ္ဇယ 🙏

  • ကိလေသာ အာရုံကို အရှိထားခြင်းဟာ သဿတဒိဌိပါ။ သဿတဒိဌိဟာ ဒိဌိအားလုံးရဲ့ ခေါင်းဆောင်ပါ။ ကိလေသာဟာ အာရုံအရိပ် အသေဖြစ်လို့ သူ့သဘာဝက မရှိတရားပါ။ သတိထားလို့ , အားထုတ်လိုက်လို့ မရှိတာ မဟုတ်ပါ။ ✍️အရှင်ဥဇ္ဇယ 🙏

  • အတ္တသီလနဲ့အနတ္တသီလ သီလဆိုတာစင်ကြယ်ခြင်း ဆောက်တည်ခြင်း လောကနယ်မှာပုဂ္ဂိုလ်သတ္တဝါအပေါ်အရှိထား၍ဆောက်တည်ထားသောသီလသည် အတ္တသီလ ၅ပါးသီလ ၈ပါး ၉ပါး ၁၀ပါးစသည့်သီလမျိုး အကျိုးကတော လောကီကုသိုလ်ရ၏ မဂ်ဖိုလ်နိဗ္ဗာန်ရရန်အထောက်အပံ့ဖြစ်၏ ဘယ်တော့ရမလဲတော့မသေချာ အာရုံရုပ်နာမ်တွေအပေါ် နိသတ္တ နဇီဝ နပုဂ္ဂလ သိမြင်ထားခြင်းသည်အနတ္တသီလ လောကုတ္တရာသီလ အခုသိအခုမဂ် ဖိုလ် နိဗ္ဗာန်ရ၏ (ဓမ္မဂုဏ်တော်ခြောက်ပါးမှ သန္ဒိဌိကော အကာလိကောဂုဏ်တော်) ✍️တင်မောင်ညွန့် မင်းမဟော် ဆင်မင်းစျေး အလုံ🙏

  • လုပ်စရာ အလုပ် မရှိတော့ရင် အလုပ်ကုန်ရာနဲ့ နေဖို့ မမေ့နဲ့ ✍️အရှင်ဥဇ္ဇယ နတ်မောက် အင်ပင်တောရ 🙏

  • မြတ်ဆရာပြောပြသော နိဗ္ဗာန်ရှင်းတမ်းတရားတော် 🔸နိဗ္ဗာန်​သည် ဘုံဌာနတစ်ခု မဟုတ်ပါ​။ 🔹 နေရာကို လက်ဖြင့်ညွှန်ပြ၍ မရ​ပါ။ ◽ ကာလဝိမုတ်ဖြစ်၍ ကာလမရှိပါ။ 🔸 အာရုံ​နိဗ္ဗာန်​သည်မည် သည့်ရုပ်နာမ်မှ မရှိပါ။ 🔹 သစ္စာလွတ်သောနာမ်ဓမ္မ။ မနော​ဝိညာဉ် နှင့် စေတသိက်အစုအဝေးသာ ရှိပါသည်။ 🔺 သတိပဌာန်​လမ်း​မှာ သဥပါဲဒိသနိဗ္ဗာန် နှင့် အနု​ပါဒိသ နိဗ္ဗာန် ဟူ၍ ရှိပါသည်။ 🔻 ပညာ​လမ်းမှာ သဥပါဒိသနိဗ္ဗာန်တစ်ခုတည်းသာ ရှိပါသည်။ 🔸 ၁၊၊ တကယ်ဖြစ်ပျက် သည့်ခန္ဓာ၊ ဝိပါက်ခန္ဓာ။ အာရမ္မဏိက ခန္ဓာ​။ ၂၊၊ ဖြစ်ပြီး/ပျက်​ပြီး​ခန္ဓာ၊ အာရုံခန္ဓာ၊ အာရုံဥပါဒါနက္ခန္ဓာ ။ သစ္စာထိုက်အောင် ဆင်းရဲစေသည့်ခန္ဓာ။ အနုပါဒိသေသ နိဗ္ဗာန် ဆိုသည်မှာ ခန္ဓာငါးပါး (ဒုက္ခသစ္စာ) လုံးဝ အကြွင်းမဲ့ ချုပ်ငြိမ်းသွားသည့် နိဗ္ဗာန်တရားတော်ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ​ပါဠိဝေါဟာရ - အ (မရှိ/ကင်းသော) + ဥပါဒိ (တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော ခန္ဓာငါးပါး) + သေသ (အကြွင်းအကျန်) ​အဓိက လက္ခဏာများ ​ခန္ဓာချုပ်ငြိမ်းခြင်း - ရဟန္တာအရှင်မြတ်များ ပရိနိဗ္ဗာန် စံလွန်တော်မူသောအခါ ရုပ်၊ နာမရုပ်၊ ခန္ဓာငါးပါးလုံးဝ ချုပ်ငြိမ်းသွားပြီး သံသရာဝဋ်ဒုက္ခ မှန်သမျှ အပြီးတိုင် ချုပ်ငြိမ်းသွားသည့် အခြေအနေ ဖြစ်ပါသည်။ ​သဥပါဒိသေသ နိဗ္ဗာန်နှင့် ကွဲပြားချက် - ရဟန္တာဖြစ်စဉ် ကိလေသာများ ချုပ်ငြိမ်းသွားသော်လည်း ရုပ်နာမရုပ် ခန္ဓာကျန်ရှိနေသေးပါက သဥပါဒိသေသ နိဗ္ဗာန် ဟုခေါ်ပြီး၊ ပရိနိဗ္ဗာန်စံလွန်၍ ခန္ဓာပါ လုံးဝ အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်းကို အနုပါဒိသေသ နိဗ္ဗာန် ဟု ခေါ်ဆိုပါသည်။ ​မြတ်စွာဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်တို့၏ ခန္ဓာအကြွင်းမရှိ ချုပ်ငြိမ်းရာ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ အမှန်တကယ် ငြိမ်းချမ်းသော နိဗ္ဗာန်ဓာတ်ပင် ဖြစ်ပါသည်။ 🔹ဥပါဒါနက္ခန္ဓာကို 🔸သူ/ငါ လို့​ယူ​မည်။ သဿတဒိဌိ။ 🔹ပုဂ္ဂိုလ်သတ္တဝါလို့ယူမည်။ သက္ကာယဒိဌိ။ 🔸အရှိ​ထားပြီး ကြိုက်ရင်တွယ်မည်။ မ​ကြိုက်​ရင် ပယ်မည်။ ဥစ္ဆေဒဒိဌိ။ 🔹ရုပ်နာမ်ရှိမည်။ ဒုက္ခရှိမည်။ ဆိုလျှင် နိဗ္ဗာန်ကွယ်ပါမည်။ 🔺ဘုရားရှင်ဟောသည့် သစ္စာ​ထိုက်​သည့်​ခန္ဓာ သည် ဥပါဒါနက္ခန္ဓာ ဖြစ်ပါသည်။ ( ပဥ္စုပါဒါနက္ခန္ဓာ တံ ပိ ဒုက္ခံ ) 🔻ထိုကြောင့် 🔸ဥပါဒါနက္ခန္ဓာကို ဒုက္ခသစ္စာ။ 🔹ဥပါဒါနက္ခန္ဓာဖြစ်ကြောင်းကို သမုဒယသစ္စာ။ 🔸ဥပါဒါနက္ခန္ဓာချုပ်ကြောင်းကို နိရောဓသစ္စာ။ 🔹ဥပါဒါနက္ခန္ဓာချုပ်ရာချုပ်ကြောင်းအသိကို မဂ္ဂသစ္စာ လို့ဘုရားရှင်ကဟောပါသည်။ 🔺ဘုရားရှင်သည် ဒုက္ခအစဥ်ကုန်ဆုံးနေသည့်ဥပါဒိသေသနိဗ္ဗာန် သည် အစဥ်ရှိပါသည် ဟုဟောပါသည်။ ## ဥဒါန်းပါဠိတော်မှာ. အတ္ထိဘိက္ခဝေ အဇာတံ။အဘူတံ။အကတံ။အသင်္ခတံ။ 🔸အဇာတံ= အာရုံဥပါဒါနက္ခန္ဓာ အဖြစ်(ဇာတိ) အစဥ်မရှိသည့် အဇာတနိဗ္ဗာန်။ 🔹အဘူတံ= ဥပါဒါနက္ခန္ဓာသည်အစဥ်မရှိ၍ ပျက်ခြင်းမရှိသည့် အဘူတနိဗ္ဗာန်။ 🔸အကတံ= ဒုက္ခအစဥ်ငြိမ်းပြီး၊ အကြောင်းကင်း၊ အကျိုးကင်းသည့် အကတနိဗ္ဗာန်။ 🔹အသင်္ခတံ= ဥပါဒါနက္ခန္ဓာအစဥ်မရှိ၍ အို​နာ​သေ သို့ထာဝရပို့ဆောင်သည့် သင်္ခတတရား တို့အစဥ်ရပ်ဆိုင်းသည့် အသင်္ခတနိဗ္ဗာန် သည် သစ္စာထိုက်အောင်မှန်ကန်သည့် နိ​ရော​ဓ နိဗ္ဗာန် ဖြစ်ပါသည်။ 🔺 နိဗ္ဗာန်​မှာ ဘာမှ မရှိဘူးလို့ မပြောပါနဲ့။ သတ္တိရှိပါသည်။ နိရောဓသစ္စာမှာဖော်ပြထားပါသည်။ 🔸ဒုက္ခငြိမ်းသည့်သတ္တိရှိပါသည်။ 🔹နောအိမ်ကြီးကို အိုနာသေရပ်စေသည့်သတ္တိ။ 🔸သံသရာလည်နေသည့် ဒုက္ခစက်ကြီးမှ လွတ် မြောက်ခွင့်သတ္တိ။ 🔹ဝဋ်သံသရာ(ကိလေသာဝဋ်၊ကမ္မဝဋ်၊ဝိပါကဝဋ် ကိုထွက်သွားအောင်ရပ်ပေးနိုင်သည့်သတ္တိ။ 🔸 ဒုက္ခလက်မှလွတ်မြောက်သည့်သတ္တိ။ 🔹 မီး(၁၁)မီးငြိမ်းနိုင်သည့်သတ္တိ။ 🔸သင်္ခတတရားကိုရပ်ဆိုင်းနိုင်သည့်သတ္တိ ရှိပါသည်။ 🔺နိဗ္ဗာန်မြင်သူတိုင်း 🔹သံသရာထဲမှ ထွက်ခွာလို့ရပါသည်။ 🔸ဝဋ်ကြွေးတွေကို ရပ်ဆိုင်း​ခွင့်​ရပါသည်။ 🔹သင်္ခ​တ စီရင်သူမရှိတော့ပါ။ 🔸ဒုက္ခပေးသည့် ဥပါဒ်၊ဌီ၊ဘင်မရှိဘဲ၊ မပျက်စီး ဘဲ နိဗ္ဗာန်ဝင်ရပါမည်။ 🔻အကြင်မပျက်စီးသောစိတ်သည် အတ္ထိရှိသည်။ 🔻မပျက်စီးသောစိတ်၏လွတ်မြောက်ရာသည် သာသနာတော်၏ အဆုံးအမ ဖြစ်သည် ။ 🔺မပျက်စီးသောစိတ်လွတ်မြောက်ရာသည် သာသနာတော်၏ အဆုံးပန်းတိုင်ဖြစ်သည်။ @highlight မြတ်သောဆရာမောင်အားပူဇော်ပါ၏။ Credit to ✍️ KonChitChit 🙏

  • မီးခဲကိုရေနဲဖြန်းလိုက်လို့မီးငြိမ်းသွားတာ မဂ်ဉာဏ် မီးငြိမ်းသွားပေမဲ့အပူကျန်နေသေးတယ် အပူပါအပြီးငြိမ်းသွားတာက ဖိုလ်ဉာဏ် ✍️တင်မောင်ညွန့်🙏 ၊ မင်းမဟော် ဆင်မင်းစျေး ၊အလုံ