tgindex
Последний пост
12 июн.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 669
−1 за 3 дн.
Сутки
−1
−0,04%
Неделя
 
Месяц
 
Просмотров на пост
11,4 тыс
21 постов
Вовлечённость
427,7%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • The owner of this channel has been inactive for the last 1 month. If they remain inactive for the next 10 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.

  • 27 июл. 2024 г.12 тыс208

    Crypto နဲ့ အလုပ်လုပ်ချင်တယ်ဆိုရင် လုပ်လို့ရတဲ့အပိုင်း (၇) ပိုင်းလောက် ရှိတယ်လို့ ဆိုနိုင်တယ်။ > Hodlr > Trader > Miner > Staker > Investor > Developer > Content Creator Hodlr က ဘာမှမလုပ်ဘူး၊ စိတ်ကြိုက်ကွိုင်တစ်ချို့ ကိုင်ပြီး ပစ်ထားလိုက်တာပဲ။ ငွေလေးပိုလိုက် ထပ်တိုးဝယ်ဖြည့်လိုက်ပေါ့။ ရောင်းတာတွေ ဝယ်တာတွေ သိပ်လုပ်မနေဘူး။ လောလောဆယ် တက်တာ၊ ကျတာတွေကြောင့်လည်း ရင်မခုန်လှဘူး။ လက်ရှိဘာဖြစ်နေနေ၊ ရေရှည်မှာ စျေးတက်ပြီး မြတ်မှာပဲဆိုတာကို ယုံကြည်သူတွေပါ။ Trader တွေကတော့ အတက်အကျစျေးကွက်ထဲမှာ နေ့စဉ် ရောင်းနေ၊ ဝယ်နေတာကိုက သူတို့အလုပ်ပဲ။ ရှုံးတာလည်းရှိမယ်၊ မြတ်တာလည်းရှိမယ်။ Tactical Analysis တွေဘာတွေ နားလည်မယ်။ Margin Trading တွေ Leverage Trading တွေ Future Trading တွေ လုပ်နိုင်မယ်။ စျေးကွက်ကို စျေးကွက်ကြည့် ကြည့်ပြီး ကစားနိုင်သူတွေပါ။ Miner တွေကတော့ စက်တွေဆင်၊ မိုင်းတွေတူး၊ ကွိုင်တွေရ စသည်ဖြင့် Crypto ကိုစိတ်ဝင်စားယုံသာမက စက်တွေနဲ့ အလုပ်လုပ်ရတာကို နားလည်တတ်ကျွမ်းကြသူတွေပါ။ Staker တွေကတော့ အတိုးများများရမယ့် နေရာလေးတွေ စူးစမ်း၊ လေ့လာ၊ ရမယ့်အတိုးနဲ့ ရင်းရမယ့်အရင်း၊ ပေးရမယ့် Risk တွက်ချက်ပြီး ကိုယ့်ရှိတဲ့ ကွိုင်လေးတွေထည့်ပြီး Passive Income ရှာကြသူတွေပါ။ Investor တွေကတော့ အလားအလာကောင်းတဲ့ ပရောဂျက်သစ်တွေကို ရှာဖွေလေ့လာပြီး၊ အစောပိုင်းမှာကတည်းက ထည့်ဝင်မြှုတ်နှံခြင်းအားဖြင့် နောင်တစ်ချိန် အောင်မြင်တဲ့အခါ အကျိုးရလဒ်ပြန်ရလိုသူတွေပါ။ အထည့် မှားတာလည်းရှိမယ်၊ မှန်တာလည်းရှိမယ်။ မှန်ရင်မှန်သလို မျိုးမျိုးမြတ်မြတ် ပြန်ရမှာပါ။ Developer တွေကတော့ Blockchain နည်းပညာတွေကို နှံ့စပ်ကျွမ်းကျင်ပြီး Blockchain Platform တွေ Decentralized App တွေ ရေသားတီထွင်ကြသူတွေပါ။ သူများအတွက် တီထွင်ပေးတာ ဖြစ်နိုင်သလို၊ ကိုယ်ပိုင်စွန့်ဦး တီထွင်တာလည်း ဖြစ်နိုင်ပါတယ်။ Content Creator တွေကတော့ Crypto ဆိုတဲ့ အများစုအတွက် ဆန်းကျယ်နေတဲ့ အကြောင်းအရာကို လူတွေသိရှိအောင်၊ နားလည်အောင် တင်ပြခြင်းအားဖြင့် အလုပ်လုပ်ကြသူတွေပါ။ အခုမှ အရှိန်ယူခါစလိုလို ဖြစ်နေသေးတဲ့အတွက် ဒီကဏ္ဍမှာ အခွင့်အလမ်းတွေကတော့ အများကြီးပါ။ သူများလုပ်တိုင်း လိုက်လုပ်စရာမလိုသလို၊ သူများ ရတယ်ဆိုတိုင်းလည်း အားမကျပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ကျွန်တော်ကတော့ Developer နဲ့ Content Creator ပါ။ ရှိသမျှအကုန် လိုက်လုပ်နေဖို့ မလိုသလို၊ တစ်ခုထဲပဲ လုပ်ရမယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ့်အားသာချက်၊ ကိုယ့်အခြေအနေနဲ့ ကိုယ်ဘယ်လောက် စွန့်စားနိုင်သလဲဆိုတဲ့ပေါ်မှာ ကိုက်ညီရာကဏ္ဍတွေကို ရွေးချယ်လို့ရပါတယ်။ ဘယ်ကစရမလဲ။ ဒါမေးနေရတယ်ဆိုရင် ဘယ်ကမှ မစပါနဲ့ဦး။ စိတ်ရှည်ရှည်နဲ့ လေ့လာပါဦး။ အချိန်တစ်ခုပေးပြီး စောင့်ကြည့်ပါဦး။ အခွင့်အလမ်းတွေက ရက်ပိုင်း၊ လပိုင်းအတွင်း ထွက်မပြေးသလို အသစ်အသစ်တွေ လာစရာတွေလည်း အများကြီးပါ။ အချိန်တစ်ခု ရောက်လာတဲ့အခါ ကိုယ်ဘာလုပ်သင့်လဲ ကိုယ်တိုင် သိသွားပါလိမ့်မယ်။

  • Blockchain နဲ့ ပြုလုပ်မယ်ဆိုရင်တော့ စာချုပ်ပါ အချက်အလတ် တွေကို Block တစ်ခုစီမှာ ခွဲ သိမ်း ထားပြီး ထို block တွေကြား က ဆက်သွယ်မှုကို လျှို့ဝှက် သင်္ကေတ(Hash)နဲ့ ခံထားတယ်။ ထို Hash ဟာ ရှေ့ Block နောက် Block တွေကို ဆက်သွယ် ပေး တယ်။ တကယ်လို့ ထို Block တွေကြား အချက်အလတ်သစ် ထပ်ထည့် မယ်ဆိုရင် ထို Hash တွေရဲ့ ဆက်သွယ်မှ ပျက်ဆီးပြီး ထို Blockchain ရပ်တန့်သွားမယ်။ ဒါကြောင့် လုပ်ပြီးသား စာချုပ်ကို ပြုပြင်လို့မရဘူး။ လုံခြုံတယ်။ Smart Contract ▄▄▄▄▄▄▄▄▄▄ ပုံမှန်အားဖြင့် အရောင်းအဝယ်စာချုပ်ချုပ်တဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်မှာ ငွေ ပေးမယ်ဆိုတာတွေကို ချူပ်ဆိုကြတယ်။ ဒီလိုချုပ်ဆိုမှုတွေက စာရွက်ပေါ်မှာပဲမို့ ပျက်ပြယ်သွားတဲ့ အခါ တရားရုံး စရိတ် တွေပါထပ်ကုန်တယ် ဒီလို မဖြစ်ရအောင် Blockchain နဲ့ ချုပ်ဆိုကြတယ်။ Blockchain နဲ့ smart contract ရေးလိုက်မယ်ဆိုရင် ဘယ်နေ့ ဘယ်အချိန်မှာ ငွေချေမယ်ဆိုတဲ့ သဘောတူညီမှု Block နဲ့ ၂ ဖက် ရဲ့ bank account တွေကို ချိတ်ဆတ်ပေးလိုက်တယ်။ အချိန်စေ့တာနဲ့ အလိုလို ငွေလွှဲပေးမှာဖြစ်တယ်။ ဒါဟာ စာချုပ်စာတန်း တွေကို ပိုမို ခိုင်မာလာစေတယ်။ Voting ▄▄▄▄ Online ကနေ မဲပေးခြင်းကို လုပ်ဆောင်နေကြပေမယ့် မဲခိုးလို တဲ့အခါ hacker တွေ အကူညီနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ အ တွက်ကြောင့် အဆင်အပြေပါဘူး။ Blockchain စနစ်နဲ့ မဲပေးတဲ့အခါမှာတော့ ဒီလို မဲစာရင်းတွေကို hack လို့မရသ လို ပြုပြင်လို့လည်းမရတဲ့အတွက် Blockchain ကို မှန်ကန်တဲ့ရွေးကောက်ပွဲတွေ မှာ သုံးနိုင်မှာဖြစ်ပါတယ်။ သိရှိရန်လိုအပ်သော အချက်များကို သာ ဖော်ပြထားခြင်းဖြစ်ပါတယ်

  • 2-payment အနေနဲ့ သုံးဖို့ ထို ၂ ခုဟာ သတ်ဆိုင်ရာနိင်ငံအပေါ်မူတည်ကွဲပြားပါသေးတယ်။ အချို့နိုင်ငံတွေဟာ ဝယ်ယူစုဆောင်းတာကို လက်ခံပေမယ့် payment အနေနဲ့ လက်မခံတာမျိုး ရှိသလို အချို့နိုင်ငံများကတော့ ၂ မျိုးလုံးလက်ခံ ကြပါတယ်။ Legal digital asset လို့ သုံးနှုန်းတက်ပြီး Not allow payment လို့ သတ်မှတ်တက်ကြပါတယ်။ Cryptocurrency ကို တရားဝင်စေသောနည်းလမ်းများ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ နိုင်ငံ တစ်ခုနဲ့ တစ်ခု bitcoin အပေါ် သဘောထားမတူကြသလို ထိုသဘော ဟာအချိန်တိုင်း ပြောင်းလဲနေပါတယ်။ ဗဟိုဘဏ် အချိုု ရဲ့ cryptocurrency အပေါ် အမြင်ဟာ နိုင်ငံခြား သုံးငွေ ဆိုတဲ့ အမြင် ရှိနေပါတယ်။ ဒီလို ဆို ရင် နိုင်ငံခြားသုံးငွေ ဆိုင်ရာ ဥပဒေနဲ့ အဆင်မပြေနိုင် ပါဘူး။ Cryptocurrency ကို လက်ခံလာတဲ့ နိုင်ငံကြီးတွေကတော့ crypto ကို နိုင်ငံခြားသုံးငွေလို့ မမြင်ပါဘူး။ 2 မျိုး ခွဲခြားထားတာတွေ့ရပါတယ်။ 1- Digital medium exchange အနေနဲ့မြင်တယ်(amazon ဈေးဝယ်codeလို) 2- Digital asset အနေနဲ့မြင်တယ်(အိမ်ခြံမြေ လို asset) US လို နိုင်ငံကြီးတွေက Digital medium exchange အနေ နဲ့ရော crypto asset အနေနဲ့ရော လက်ခံကြပါတယ်။ တချို့နိုင်ငံတွေကတော့ commodity(asset)ထဲ သတ်မှတ် ပြီး regulate လုပ်ကြတယ်။ Commodity ဆိုတာ Stock exchange ခေါင်းစဉ်အောက်က အစုရှယ်ရာ၊ ရွှေ ၊ ဒေါ်လာ ၊ ရေနံ စတာတွေဖြစ်ပါတယ်။ Crypto currency ကို Digital asset လို့ သတ်မှတ်ပြီး ခွင့်ပြု လိုက်တာ ဖြစ်ပါ တယ်။ စင်္ကာပူ မှာ ဆိုရင် Bitcoin အတွက် အလွယ်တကူ ငွေလဲနိုင် အောင် Bitcoin ATM 25 ခု လုပ်ပေးထားတယ်။ Exchanger တွေကို အခွန် ကောက် ယူ ကြပါတယ်။ ထို Exchanger တွေဟာ local bank တွေနဲ့ ချိတ်ဆတ်မှု ရှိရ ပါတယ်။ ယေဘူယျအားဖြင့် local bank တွေ နိုင်ငံတကာ အဆင့်မှီ ဝန်ဆောင်မှု တွေ ရှိလာနိုင်မှ local crypto exchange တွေ တိုးတက်လာတာတွေ့ရပါတယ်။ Cryptocurrency ဆိုတဲ့ အမည်ကြောင့် currency အဖြစ် ရောထွေးမှုမဖြစ် အောင် Digital asset လို့သာ သုံးနှုန်းကြတာ ကို တွေ့ရပါတယ်။ Cryptocurrency ကိုထိန်းချုပ်ခြင်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Cryptocurrency ကို ထိန်းချုပ်ဖို့ စဉ်းစားရင် အားသာချက်တွေ ကို ရနိုင်တဲ့ နည်းလမ်းဘက်ကို ပညာပိုပေးပြီး အားနည်းချက် တွေဘက်ကို တော့ ထိန်းချုပ် ရမှာဖြစ်ပါတယ်။ Cryptocurrency ကို နိုင်ငံခြား သုံးငွေ ဆိုတာထက် Digital asset အနေနဲ့သာ သုံးသပ် ဆုံးဖြတ်ရတာ ပို အမြင် ရှင်းပါ လိမ့်မယ်။ Local exchanger များကို စနစ်တကျ မှတ်ပုံတင်စေပြီး local exchanger website တွေမှာ မှတ်ပုံတင်လာမယ့် user များရဲ့ KYC ကို မဖြစ်မနေ တောင်း ခံရမှာဖြစ်ပါတယ်။ တစ်ယောက်ခြင်းစီရဲ့ ဝယ်ယူတဲ့ပမာဏ ရောင်းချတဲ့ ပမာဏ မှတ်တမ်းတွေ ရှိမှ သာလျှင် လိုအပ်ပါက တိုက်ဆိုင် စစ်ဆေးနိုင် မှာဖြစ်ပါတယ်။ Exchanger များစီမှအခွန် ကောက်ယူ ရ မှာ ဖြစ်ပါတယ်။ Exchanger တိုင်းမှာ user တွေ သိရမယ့် risk warning တွေကို ရှင်းလင်းစွာ ပြသထားရမှာဖြစ်ပါတယ်။ သတ်ဆိုင်ရာဗဟိုဘဏ် အနေနဲ့ မိမိ ခွင့်ပြုနိုင်တဲ့cryptocurrency ပုံစံကို ကြေငြာပေးရမှာ ဖြစ်ပါတယ်။ Digital asset အနေနဲ့သာ ခွင့်ပြုနိုင်မယ်ဆိုရင် payment အနေ နဲ့ တားမြစ်ရမှာ ဖြစ်ပါတယ်။ Cryptocurrency ကြောင့် ဖြစ်နိုင်တဲ့ငွေမဲခဝါချမှုကို ထိန်းချုပ်ခြင်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Cryptocurrency ကြောင့် ဖြစ်လာနိုင်တဲ့ transaction တွေမှာ ပြည်ပသို့ အထွက် ပြည်ပမှ အဝင် ၂ မျိုးသာရှိပါတယ်။ အဝင်ရောအထွက်ရော Local exchanger စီမှာ ငွေသားပြောင်း လဲမှု မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ bitcoin payment လက်ခံခြင်းမရှိတာဟာ local ငွေကြေးကို မဖြစ်မနေလိုအပ်မှာ ဖြစ်လို့ ပြည်ပကို ပို့လျှင် local exchanger ထံမှာ Bitcoin ကို ဝယ်ယူဖို့လိုပြီး ပြည်ပမှ ဝင်လာ လျှင်လည်း local exchanger ထံမှာ ငွေသားလဲယူရမည်ဖြစ်ပါ တယ်။ ဒါကြောင့် KYC စနစ်ရှိသော Local exchanger များရှိနေဖို့ အရေးကြီးတာဖြစ်ပါတယ်။ Blockchain နည်းပညာ အသုံးဝင်မှုများ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Blockchain နည်းပညာ ရဲ့ အသုံးဝင်မှုကို နားလည်နေမှ အသုံးပြု မှုကို နားလည်မှာ ဖြစ်ပါတယ် Blockchain ဆိုတာ ရှေ့မှာ ရှင်းပြခဲ့သလို ပါပဲ အင်တာနက် ထဲက computer တိုင်း မှာ ရှိနေနိုင်တယ်။ Bitcoin တို့လို cryptocurrency တွေဟာ ထို blockchain နဲ့ တည်ဆောက်ရ တဲ့ mobile,website application တွေသာ ဖြစ်ပါတယ်။ Blockchain ကို ထပ်သုံးနိုင်တဲ့ နေရာတွေကတော့ 1- ပိုင်ဆိုင်မှု စာချုပ်စာတန်းတွေ 2- သဘောတူညီမှု စာချုပ်တွေ 3- မဲ ပေး စနစ်တွေ စတာတွေ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု စာချုပ် ▄▄▄▄▄▄▄▄▄ ပိုင်ဆိုင်မှုစာချုပ်တွေလုပ်တဲ့အခါမှာ စာရွက်တွေနဲ့ လုပ်ရင် ပြုပြင် ရ လွယ်တယ်

  • တစ်လကို စုစုပေါင်း အရင်းအနှီးရဲ့ 8% ကနေ 13% လောက်ထိ ဈေးနှန်းပေါ် မူတည်ပြီး ပြန်ဝင်ငွေရနိုင်ပြီး။ Coin ဈေးတွေတက်လာရင် 8 လနဲ့ အရင်းကြေတက်ပြီး ပုံမှန်ဆို တစ်နှစ်ကြာ ပါတယ်။ သာမန် လုပ်ငန်းတွေထက်တော့ သာတဲ့ အမြတ်ရနိုင်တာမို့ အကျိုးရှိနိုင်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများမှ ကမ္ဘာ့ အဆင့် ရင်းနှီးမြုပ်နှံမှုတစ်ခုကို မြေတောင်မြှောက်ပေးနိုင်ပါတယ်။ Bitcoin ရဲ့ စီးပွားရေးစနစ်(ecosystem) ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Bitcoin ရဲ့ စီးပွားရေးလည်ပတ်ပုံစနစ်ကို လေ့လာတဲ့အခါ 1- Mining 2- Exchanges 3- Wallets 4- Payments 5- ATM 6- Financial Services စတာတွေပါဝင်တာကိုတွေ့ရပါတယ်။ 1-Mining Ecosystem Graphic card ထုတ်လုပ်သော company များရဲ့ တစ်နှစ် ရောင်း အားဟာ 5 ဘီလီယံလောက်ရရှိကြပါတယ်။ အထူးသဖြင့်cryptocurrency တူးဖော်သူများဝယ်ယူခြင်းကြောင့် ရရှိတာဖြစ်ပါတယ်။ ဒါဟာ cryptocurrency တွေကြောင့်ရတဲ့ အကျိုးအမြတ် ဖြစ်ပါ တယ်။ အလားတူပဲ Antminer ရောင်းချသော တရုတ် company ရဲ့ တစ်နှစ်စာ အမြတ်ဟာ 5 ဘီလီယံ ရှိပါတယ်။ ဒီလုပ်ငန်းကြီးတွေ လည်ပတ်မှု ကြောင့် cryptocurrency ထဲ ငွေကြေးလည်ပတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါဟာ ecosystem ဖြစ်ပါတယ်။ 2-Exchanges Ecosystem Cryptocurrency ကို local ငွေနဲ့လဲလှယ်ပေးရာမှ ဝန်ဆောင်ခ ရရှိသော လုပ်ငန်းများလည်း ကမ္ဘာအနှံ့ များစွာရှိနေပါတယ်။ 3-Wallet Cryptocurrency များ လွှဲပြောင်းမှုကို ဝန်ဆောင်မှုပေးရာမှ အကျိုး မြတ်ရရှိနေသော လုပ်ငန်းများလည်း ရှိပါတယ်။ 4-Payments Cryptocurrency ဖြင့် ငွေချေ ဝယ်ယူနိုင်သော payment ဝန်ဆောင် မှုများ လည်း ရှိနေပါတယ်။ 5- ATM ATM များ မှ အလွယ်တကူငွေထုတ်ယူနိုင်အောင် ဝန်ဆောင်မှု ပေးရာမှလည်း အကျိုးမြတ်များ ရရှိနေပါတယ်။ 6- Financial Services ကမ္ဘာ အနှံ့ငွေ လွှဲ ဝန်ဆောင်မှုများလည်း လုပ်ဆောင်နိုင်ရာက အကျိုးအမြတ်များ ရရှိနေကြပါတယ်။ 1ရက်ကို financial transaction ငွေသားပမာဏ 8 billion ထိ ရှိပါတယ် Visa transaction တွေ နောက်မှာ အများဆုံးပမာဏပါ transaction fee တွေရှိတာဟာ ecosystemပါပဲ ထို ecosystem များရှိနေခြင်းဟာ Bitcoin ကို ဝယ်လိုအား ၊ ရောင်းလိုအား မျှတနေစေပါတယ်။ Bitcoin ဈေးကွက်စလာပုံ ▄▄▄▄▄▄▄▄▄▄▄▄▄▄ satoshi nakamoto ဟာ Bitcoin 1သန်း ကို ပထမဆုံး Block အနေနဲ့ စတင် မှတ်တမ်းတင်တူးဖော်ပြီးနောက်သူ့ရဲ့ bitcoin source code တွေကို public မှာ တင်ထားခဲ့ပြီး ပျောက်ကွယ် သွားခဲ့ပါတယ်။ Bitcoinကို စုစုပေါင်း 21 သန်း ထုတ်လုပ်မယ်လို့ program ရေးထားခဲ့တာ ဖြစ်ပါတယ်။ ကျန်ရှိခဲ့သော သန်း 20 ကို အခြား computer programmer များက Bitcoin ရဲ့ source code မှ ယူကာ စမ်းသပ် တူးဖော်ခဲ့ပြီး payment အနေနဲ့ အပျော် သဘော စမ်းသုံးခဲ့ကြပါတယ်။ 2011 ခုနှစ်မှာ ပီဇာတစ်ခုကို bitcoin 10000 နဲ့ စတင် ဝယ်ယူ ခဲ့ပါတယ်။ ထို့နောက်မှာ Bitcoin ကို internet ပေါ်က computer programmer များရဲ့ ကြားခံ ငွေတစ်ခုအနေနဲ့ အသုံးပြုလာ ရာကနေ 2013 မှာcrypto stockmarket အဖြစ် တင်ကာ လူတိုင်းဝယ်လို့ရအောင်ပြုလုပ်ပေးခဲ့ပါတယ်။ ထိုအချိန်မှ စတင်ကာ အခြား crypto များလည်း ပေါ်ပေါက်လာ ပြီး ယနေ့မှာ crypto ပေါင်း 1500 လောက်နဲ့ coinmarket ကြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ Bitcoin ကိုလက်ဝယ်ရရှိနည်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Bitcoin digital code ကို ရရှိနိုင်တဲ့ နည်းလမ်း ၂ နည်းရှိပါတယ်။ 1- ဝယ်မယ် 2- တူးမယ် ဝယ်ယူတယ်ဆိုတာကို ၂ နေရာမှာ လုပ်လို့ရပါတယ်.။ 1- မိုင်းတူးစုဆောင်းသူတွေဆီကဝယ်တယ်(offline) 2- Exchange တွေဆီနေဝယ်တယ်(online) Exchange တွေဆီမှာဝယ်ဖို့ visa,master,credit card တွေကို သုံးပြီး ဝယ်နိုင် ပါတယ်။ နောက်ပိုင်းမှာတော့ credit card ကို ပေးမသုံးပဲ မိမိစာရင်းရှိငွေ visa, master card တွေနဲ့သာ ဝယ်စေပါတယ်။ Bitcoin ကို တန်ဖိုးမြင့်တက်စေနိုင်တဲ့ဝယ်ယူစုဆောင်းစရာasset အနေနဲ့ လက်ခံလာကြတဲ့ အခါ ဝယ်ယူစုဆောင်းသူလည်း ပိုမို များပြားလာပါတယ်။ Excange တွေကနေ visa card တွေနဲ့ ဝယ်ယူတဲ့အခါ bank တွေက ထို ဝန်ဆောင်ခ ကို အခြား ဝန်ဆောင်ခတွေထက် ပိုမို ယူဆောင်ကြပါတယ်။ Bitcoin ကို အဓိက ဝယ်ယူစုဆောင်းသူ ၂ မျိုးရှိပါတယ်။ 1- Institutional investors(ကြီးမားသော investorများ) 2- Retail investors ( တနိုင်တပိုင် investor များ) Institutional investor များဟာ ဈေးကွက်ကို အဓိက ထိန်းချုပ် ထားနိုင်တဲ့ အထိ ဈေးကွက်ဝေစုကို ရယူထားနိုင်ကြပါတယ်။ ထိုသူများ ဝယ်လိုက်လျှင် ဈေး ထိုးတက်သွားပြီး ရောင်းလျှင် ဈေကျတက်တယ် လို့ ယေဘူယျ ယူဆရပါမယ်။ Bitcoin ကို အသုံးပြ ုနေပုံ ▄▄▄▄▄▄▄▄▄▄▄▄▄▄ Bitcoin ကို အသုံးပြုပုံ 2 မျိုးရှိပါတယ်။ 1-ဝယ်ယူစုဆောင်ဖို့(အိမ်မြေ ၊ ရွှေ စတာတွေဝယ်စုသလို)

  • ထို wallet မှ Bitcoin ငွေပို့ကြောင်း ပို့လိုက်တဲ့ digital signal လေးတွေဟာ internet network ထဲ ရောက်သွားပြီး ထို signal code လေးတွေ ကို တန်ဖိုးတကယ်ရှိမရှိစစ်ဆေး တွက်ချက် မှတ်တမ်းတင်ကာ လက်ခံသူရဲ့ wallet ဆီ ပို့ဆောင်ရပါတယ်။ ဒီလို ကြားမှာ စစ်ဆေးတွက်ချက်ပြီး အဖြေထုတ်ပေးတာကို mining လုပ်တယ်လို့ခေါ်တာဖြစ်ပါတယ်။ cryptocurrency ကိုတူးဖော်ခြင်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Mining လုပ်တယ်ဆိုတာ ဟာ ငွေလွှဲ လာ တဲ့ code တွေကို အဖြေထွက်ဖို့ တွက်ချက်ရတဲ့ ဖြစ်စဉ်ကို ဆိုလို တာဖြစ်ပါတယ်။ ပို့ချင်တိုင်း ပို့လို့ ရ နေရင် bitcoin ဆိုတာ တန်ဖိုးရှိ မလာနိုင်ပါ ဘူး။ ပို့ဆောင်လိုက်တဲ့ သူဆီက ထွက်သွားတဲ့ digital code ပမာဏ ဟာ ပို့သူဆီမှာ အနှုတ် ပြ သွားမှာ ဖြစ်ပြီး ထို code တွေဟာ internet network ထဲရောက် သွားမှာဖြစ်ပါ တယ်။ ဒီလို ရောက်လာတဲ့ code တွေဟာ ထို ပို့သူ အနေနဲ့ ယခင်က ပို့ပြီးသား code တွေဟုတ်မဟုတ်ဆိုတာကို network ထဲမှာ တွက်ချက်စစ်ဆေးပါတယ်။ တကယ်လို့ ထိုသူဆီက ပို့ခဲ့ပြီးသား code တွေဆိုရင် လက်ခံ မပို့ပေးပါဘူး။ ဒီလို စစ်ဆေး မှ သာ လျှင် Bitcoin တွေဟာ ၂ခါ ထပ် အပို့မခံ ရပဲ တန်ဖိုး ရှိနေ မှာဖြစ်ပါတယ်။ ဒီလို network ထဲမှာ စစ်ဆေး ပြီး တန်ဖိုးရှိကြောင်းသတ်မှတ်ပြီး ရင်တော့ ထို code တွေကို လက်ခံသူရဲ့ wallet ထဲပို့ပေးလိုက်ပြီး ထို လွှဲပို့ခြင်း ဖြစ်စဉ်ကို block အနေနဲ့ မှတ်တမ်း တင်ပါတယ်။ ထိုကဲ့သို့ တွက်ချက်ပေးသော သူကို Miner လိုခေါ်ဆိုရပါတယ်။ Miner ဆိုတာ ▄▄▄▄▄▄▄▄ Bitcoin miner ဆိုတာ ဟာ တွက်ချက် သူ ပဲ ဖြစ်ပါတယ်။ သူအဖြေမှန်အောင်တွက်နိုင်ရင်ထိုငွေလွှဲပို့ခြင်းဖြစ်စဉ် ပြီးမြောက် ပါတယ်။ ဒီလို အဖြေမှန်အောင် တွက်ချက် ပေးနိုင်ဖို့ အတွက် ကွန်ပျူတာ ရဲ့ တွက်ချက်တဲ့ အစိတ်အပိုင်းတွေကို အဓိက လုပ်ပေးတဲ့ Graphic card တွေကို အသုံးပြုရပါ တယ်။ ထို Graphic card တွေဟာ တွက်ချက်ခြင်း တွေကို ပြုလုပ်ရတာ မို့ စွမ်းအင်ကို သုံးစွဲရပါတယ်။ ထိုကဲ့သို့ သုံးစွဲရသော စွမ်းအင် စရိတ် ကွန်ပျူတာ စရိတ်တွေ အတွက် bitcoin စဖန်တီးစဉ်ကထဲကပင် ငွေလွှဲခြင်းများပါတဲ့ block တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်သူအတွက် ပေးရန် ဆုငွေစနစ်ကို blockchain programထဲတွင် ထည့်သွင်း ရေးခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် 10 မိနစ်ကို 1 block ပြီးမြောက်ရပြီး ထို block တစ်ခုမှာ ငွေလွှဲခြင်းအကြိမ် 1800 လောက်ပါဝင်တယ်။ ဆုငွေအနေနဲ့ 1block ကို 50 Bitcoin စပေးခဲ့ရာမှ 4 နှစ် တစ်ခါ တစ်ဝက်လျှော့ စနစ်ဖြစ်လို့ ယခုအခါ 12.5 bitcoin ရရှိပါမယ်။ ထိုကဲ့သို့ တွက်ချက်သူ နည်းနေစဉ်မှာတော့ code တစ်ခုကို တစ်ယောက်ခြင်း ဖြေရှင်းရသောကြောင့် လွယ်ကူနေသော်လည်း တွက်ချက်သူများလာသောအခါ code တစ်ခုကို လူ10 ယောက် ဝိုင်းတွက်သလို ဖြစ်လာပါတယ်။ ထိုအခါအဖြေကို အရင် ဦးအောင်ရဖို့ ဒီထက် စွမ်းအင်ကောင်း တဲ့ ကွန်ပျူတာ တွေ သုံးစွဲလာရပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ ပါဝါပိုကြီးသူသာ ပိုရသလိုဖြစ်လာတဲ့ အတွက် လူတိုင်း မလုပ်နိုင်သလိုဖြစ်လာပါတယ်။ ပါဝါ ပိုကြီးသူတွေသာ ရတဲ့ mining ကို solo mining လို့ ခေါ် ပါတယ်။ ယနေ့မှာတော့ လူတိုင်းလည်း ပါဝင်နိုင်အောင် ဘုံ mining server တစ်ခုဆီသို့ ကွန်ပျူတာ တစ်ခုခြင်းဆီမှပါဝါများလွှဲပြောင်း ပေးရုံနဲ့ တူးဖော်လို့ရတဲ့ pool mining စနစ်ကို လုပ်ဆောင်နေ ကြပါတယ်။ ရရှိလာသော ဆုများကိုတော့ % များဖြင့် ခွဲဝေယူကြပါတယ်။ တူးတဲ့စက်ဆိုတာ ▄▄▄▄▄▄▄▄▄ Mining စက်ဆိုတာ အမည်ကြောင့် ဘယ်လို စက်ကြီးလည်း ထင်နေတာပါ။ တကယ်တော့ mining ဆင်တယ်ဆိုတာ ကွန်ပျူတာ ဆင်တာနဲ့ တူတူပါပဲ။ ပုံမှန်အားဖြင့် ကွန်ပျူတာမှာ Desktop ရှိမယ်။ ဘေးမှာ system box ကြီးပါမယ်။ ထို system box ထဲမှာ hardware တွေပါမယ်။ Mining မှာ အဓိက သုံးတာ ထို System Box ထဲ က Graphic card ရဲ့ တွက်ချက်မှု စွမ်းရည်ကိုပါ။ ထို graphic card ဆိုတာ game ဆိုင်တွေမှာ သုံးတဲ့ card ကို ဆိုလိုတာပါ ။ ဒါပေမယ့် Graphic card တခုထဲနဲ့ မလုံလောက်တော့ Graphic card အများကြီးကို တပ်ဆင်ဖို့ extension လုပ်ပြီး ဆင်ရတယ်။ ဒါကြောင့် mining စက်ဆိုရင် Graphic card တွေဆင်ထားတာ ကို မြင်ရတာဖြစ်ပါတယ်။ Mining လုပ်တဲ့အခါမှာ ကွန်ပျူတာ လို တပ်ဆင်ပြီး တူးဖော် ကြတာ ကို သိရှိပြီး ဖြစ်တဲ့အတွက် mining လုပ်ရာကနေရနိုင်တဲ့ အကျိုးအမြတ်ကို သိဖို့လိုတယ်။ ပုံမှန်အားဖြင့် တူးဖော်သူများတဲ့အခါ ရလာတဲ့ ခွဲတမ်း နည်းတက် ပေမယ့် မိမိ တူးဖော်နေသော coin ရဲ့ ဈေးနှုန်း က တိုးတက်လာ တယ်ဆိုရင် အကျိုးအမြတ် ရနှုန်းက ပိုမို များပြားတက်ပါတယ်။ Graphic card တစ်ခုရဲ့ မီးသုံးအားဟာ120wt လောက်ရှိပါတယ်။ Mining လုပ်နေသူတစ်ယောက်ရဲ့ တစ်လ မီတာခ ဟာ တစ်လ ရတဲ့ ဝင်ငွေထဲ က 20% လောက်ပေးရပါတယ်။ တစ်လကို 10သိန်းဖိုးတူးနိုင်ရင် 2 သိန်းဖိုး မီတာခ ဆောင်ရတဲ့ သဘောဖြစ်ပါတယ်။

  • Cryptocurrency ဆိုတာဘာလည်း? ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Cryptocurrency ဆိုတာ medium exchange (ကြားခံလဲလှယ်နိုင်တဲ့) digital-asset (ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခု) ပဲဖြစ်ပါတယ်။ Digital currency ရဲ့ အဓိက အားသာချက်က - လုံခြုံစိတ်ချရတဲ့ ငွေလွှဲပြောင်းခြင်းတွေကို ပြုလုပ်လို့ရတယ် - စာရင်း လိမ်လည်လို့မရတဲ့ ငွေစာရင်း မှတ်တမ်းရှိတယ် - ထို စာရင်းကို ကြားလူတစ်ယောက်က ဝင်ရောက် ဖျက်ဆီးလို့မရဘူး အတု လုပ်လို့မရဘူး။ - ကမ္ဘာအနှံ့သို့ အချိန်တိုအတွင်း အချိန်မရွေး လွှဲပြောင်းနိုင်တယ်။ Crypto ဆိုသည်မှာ လျှို့ဝှက် သော စစ်သုံး စကားဝှက်မှဆင်းသက် လာတယ်။ ယခင် စစ်သုံး လျှို့ဝှက် သတင်းပို့ သော နည်းစနစ်ကို တိုးမြှင့်တီထွင်ရာမှ Digital code များကို ငွေကြေးကဲ့သို့ သတ်မှတ်လွှဲပြောင်းနိုင်တာကြောင့် Crypto + currency ဟုခေါ်ဆိုရခြင်းဖြစ်ပါတယ်။ 2008 ခုနှစ်ခန့်မှာ Satoshi Nakamoto ဆိုတဲ့ ကွန်ပြူတာပညာရှင် တစ်ယောက်ဟာ Bitcoin ဆိုတဲ့ internet သုံး ကြားခံ ငွေကြေးတစ်ခု အကြောင်း စာတမ်းတစ်ခု ကို အနာဂါတ် ငွေကြေးဝန်ဆောင်မှု အဖြစ် အင်တာနက်ပေါ်မှာ စတင် တင်ပြခဲ့ တယ် ။ ထို စာတမ်းကို Bitcoin Whitepaper လို့ ခေါ်ပါတယ်။ https:// bitcoin org/bitcoin pdf Bitcoin ရဲ့ အနာဂါတ် ရည်မှန်းချက် ၊ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ထို Bitcoin ကို ရေးသားထားတဲ့ code တွေကို အများပြည်သူလေ့လာနိုင်ဖို့ မိတ်ဆက်ခဲ့ပါတယ်။ Blockchain ဆိုတာဘာလည်း? ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ထို Bitcoin digital code များကို လွှဲပြောင်းသိမ်းဆည်းပေးတာကတော့ Blockchain ဆိုတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ Blockchain ဆိုတာဟာ ကျနော်တို့ mobile banking တွေရဲ့ ငွေလွှဲစာရင်း ပုံစံမျိုး ပါပဲ။ မတူညီတာကတော့ သာမန် mobile ငွေလွှဲပြောင်းခြင်းတွေကို Bank တွေရဲ့ Data centerကနေ လိုသလိုထိန်းချုပ်နိုင်ပြီး ဝင်ရောက်ပြုပြင် ဖျက်ဆီးနိုင်ပါတယ်။ ဒီလို ထိန်းချုပ်လို့ရတဲ့ နည်းပညာကို centralized chain လို့ခေါ်ပါ တယ်။ user တွေရဲ့ ငွေပမာဏ ကိန်းဂဏန်းများရဲ့ data တွေကို မူလ server ထဲမှာပဲ သိမ်းဆည်းထားတာကြောင့် ဗဟိုထိန်းချုပ်မှု စနစ်လို့ခေါ်တာ ဖြစ်ပါတယ်။ Blockchain ဆိုတာကတော့ data တွေကို ဗဟို server ထဲက database ထဲမှာသိမ်းထားတာမျိုး မဟုတ်ပဲ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာမှာမဆို user တွေ ရဲ့ data တွေကို ဖြန့်ကြတ် သိမ်းဆည်း ထားတာဖြစ်လို့ ဘယ်သူ က မှ ထိန်းချုပ်လို့ မရပါဘူး။ user တစ်ယောက်ခြင်းကသာလျှင် မိမိ digital code တွေကို စီမံနိုင်ပြီး လိုသလို လွှဲပြောင်း ပေး နိုင် ၊ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ user တစ်ယောက် လွှဲပြောင်းခဲ့သော data ဟာ အင်တာနက်ပေါ်မှာ စာရင်း တစ်ခုအနေနဲ့ ပေါ်လာ ပါတယ် ။ ထို စာရင်းကို ledger သို့မဟုတ် block လို့ ခေါ်ဆိုပါတယ်။ ထိုကဲ့သို့ user များစွာရဲ့ data တွေကို စုပေါင်းသိမ်းဆည်း လိုက်တဲ့ အခါမှာ တော့ အားလုံးကို ဆက်လိုက်တဲ့ chain လိုဖြစ်ပြီး Blockchain လို့ခေါ်တာ ဖြစ်ပါ တယ်။ ထို လွှဲပြောင်းခဲ့တဲ့ စာရင်းဇယား block များကို လူတိုင်းပွင့်လင်းမြင်သာ စွာ ကြည့် ရှူ့ နိုင် အောင် blockchain website မှာ ပြသပေးထား ပါတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ် ပမာဏ ကို လွှဲခဲ့လည်းဆိုတာ ကြည့်ရှု နိုင် ပါတယ်။ https://blockchain info/ Blockchain မှာ 2 ပိုင်း ရှိပါတယ်။ Block + chain (Block ဆိုတာ မှတ်တမ်းတစ်ခု ၊ chain ဆိုတာ ဆက်ပေးတာ) သာမန် server တွေမှာ ငွေလွှဲပြောင်းမှုတွေကိုအလွယ်တကူ ပြု ပြင်လို့ရတယ်။ Blockchain နဲ့ ပြုလုပ်မယ်ဆိုရင်တော့ငွေလွှဲ အချက်အလတ် တွေကို Block တစ်ခုစီမှာ ခွဲ သိမ်း ထားပြီး ထို block တွေကြား က ဆက်သွယ်မှုကို လျှို့ဝှက် သင်္ကေတ(Hash)နဲ့ ခံထားတယ်။ ထို Hash ဟာ ရှေ့ Block နောက် Block တွေ ကို ဆက်သွယ်ပေး တယ်။ တကယ်လို့ ထို Block တွေကြား အချက်အလတ်သစ်ထပ်ထည့် မယ်ဆိုရင် ထို Hash တွေရဲ့ဆက်သွယ်မှ ပျက်ဆီးပြီးBlockchain ရပ်တန့်သွားမယ်။ ဒါကြောင့် လုပ်ပြီးသား transaction ကို ပြုပြင်လို့မရဘူး။ လုံခြုံတယ်။ Bitcoin ▄▄▄▄▄ Bitcoin ဆိုတာ cryptocurrency ဖြစ်ပါတယ်။ ထို Bitcoin ဆိုတာ အမည် သတ်မှတ်ချက်သာ ဖြစ်ပါ တယ်။ ထို Bitcoin ရဲ့ တကယ့် ပုံစံ အမှန်မှာ ငွေလွှဲပြောင်းသိမ်းဆည်း တဲ့ Blockchain ဆိုတာဖြစ်ပါ တယ်။ ထို Blockchain ထဲမှာပဲ Bitcoin ပမာဏတွေ ငွေလွှဲ ပြောင်းမှု တွေ ဖြစ်နေတာ ဖြစ်ပြီး user များဟာ သင့်တော် ရာ wallet တွေနဲ့ သိမ်းဆည်း လွှဲပြောင်းကြ တာဖြစ်ပါ တယ်။ Bitcoin တွေကို သိမ်းဆည်းတဲ့ wallet ဆိုတာဟာ blockchain စနစ်ရဲ့ အစိတ် အပိုင်းတွေဖြစ်ပါတယ်။ ထို wallet တွေမှာ ပိုင်ရှင်သာသိတဲ့ private key နဲ့ လွှဲပြောင်း ရာမှာသုံးတဲ့ public key ဆိုတာရှိပါတယ်။ လွှဲပြောင်းမှုမှာ ပို့ရမယ့်လိပ်စာအဖြစ် public key ကို သုံးရ ပါ တယ်။

  • Airdrop ဆိုတာ ဘာလဲ? Airdrop ဆိုတာ token တွေကိုfree ပေးတာပါ။ (တခါတရံ Coin တွေကိုပါ သူတို့ကို လူသိများစေဖို့ လူတွေသုံးစွဲးစေဖို့ ပေးတတ်ပါတယ်) လကားတော့ မရပါဘူး။ သူခိုင်းတဲ့ tasks( အလုပ်တွေ)ကိုလုပ်ပေးမှသာ token တွေရပါတယ်။ ✔အပြင်လောကမှာ product တစ်ခုကို စထုတ်ထုတ်ချင်းမှာ လူသိပ်မသိသေးဘူးလေ။ သိအောင် give away တွေ၊ မဲဖောက်တာတွေ လုပ်ကြတာမျိူး အပြင်လောကမှာ မြင်ဖူးကြပါလိမ့်မယ်။ Marketing ဆင်းတယ်လို့ပြေားရမှာပေါ့ဗျာ။ လူတွေကို လိုက်ကြေညာ, productလေးတွေ Free စမ်းသုံးခိုင်းတာမျိူးပေါ့။ ✔ Online လောကမှာတော့ သူတို့ကြေညာတဲ့ Token တွေ သူတို့ Share ခိုင်းတဲ့ Linkတွေကို Share မယ်. တယောက်ကနေ တယောက်ကုိသိအောင် လုပ်ပေးမယ်။ ကိုယ်အသုံးပြုတဲ့ social media တွေပေါ်မှာ Share ပေးရမယ်။ (အမျိူးမျုိး ခိုင်းကြပါလိမ့်မယ်).သူတို့ခိုင်းတာတွေကျနော်တို့ လုပ်ဆောင်ပြီးတဲ့အချိန်ကျရင် သူတို့ရဲ့ Tokenတွေကို Free ပေးတာပါ။ -ဒါလုပ်ဖို့အတွက် ကိုယ့်ငွေထုတ်စရာမလိုတာမို့ အရှုံးမရှိပါဘူး 2. Token ဆိုတာကေရာ? ETH platform ဆိုတာက? Token ကတော့ မြန်မာလိုဆို လတ်မှတ်ပေါ့။ ဆိုပါဆို့ ရုပ်ရှင်တစ်ခု သိပ်မသိသေးလို့လူမကြည့်ကြဘူး။ အဲ့ဒါနဲ့ ပထမဆုံး အယောက်(၁၀၀)ကို လတ်မှတ်တွေ အလကားပေးတယ်ပေါ့။ သည်လိုနဲ့ ရုပ်ရှင်က ပေါက်သွားပြီး လတ်မှတ်ကိုလဲ အလကားမပေးတော့ဘူးဆိုရင် အဲ့ လတ်မှတ်ကို မြန်မာငွေနဲ့ ၀ယ်ရပြီလေ။ လတ်မှတ်က token ဆိုရင် မြန်မာငွေက ETH ပါ။ ETH platform ပေါ်မှာရှိတဲ့ token တွေကို ETH နဲ့ ၀ယ်ရသလို ပြန်ရောင်းရင်လဲ ETH ရပါတယ်။ အဲ့ရတဲ့ ETH ကိုမှ BTC, LTC, perfect money စသည်ဖြင့် exchange လုပ်လို့ရပါတယ်။ #(ETH ဆိုတဲ့ Coin ကို coinbase မှာတွေဖူးကြပါလိမ့်မယ် ကျွန်တော်တို့ရတဲ့ Token တွေဟာ ETH platform ပေါ်ကနေ အခြေ ပြုပြီး အများအပြားထွက်ပေါ်နေတယ်လို့ ဆိုလိုတာပါ) 3. Token ကို ဘယ်လိုယူရမလဲ? Airdrop တွေကပေးတဲ့ token တွေယူဖို့အတွက် အရေးအကြီးဆုံးကတော့ ETH address ရှိရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ token တွေကို ကိုယ့်ရဲ့ ETH address ကို လွှဲမှာမလို့ပါ။ (မှတ်ချက်အနေနဲ့ Conbase ထဲက ETH addressကို ပြေားတာမဟုတ်ပါ။အဲ့ထဲလွဲးရင် ဆုံးပါမယ်။ Airdrop token တွေ လက်ခံဖို့ Wallet က သက်သက်ပါ. နောက်ကျရင် ပြေားပြပါမယ်) 4. Token တွေရပြီ။ ဘာဆက်လုပ်ရမှာလဲ။ အဆင့် (၄)ဆင့်ရှိပါတယ် (1) Airdrop မှာ ပါ၀င်တဲ့အဆင့် (2) Token တွေရတဲ့အဆင့် (3) Exchange site ပေါ် ရောက်တဲ့အဆင့် (4) ကိုယ်တိုင် trade လုပ်တဲ့အဆင့် (token ကို exchange site ကို ပို့ပြီး ရောင်းတဲ့အဆင့်) အဆင့် (၂) token တွေရဖို့ airdrop ပြီးတဲ့အထိ စောင့်ရပါမယ်။ အဆင့်(၃) exchange site ပေါ် ရောက်ဖို့ကတော့ အပတ်ရေကနေ ၃၊ ၄ လ အထိ ကြာနိုင်ပါတယ်။ အဆင့်(၄)ကတော့ trade တဲ့အဆင့်. ရောင်းတဲ့အဆင့် ဖြစ်ပါတယ်။

  • 16 мар. 2023 г.23,2 тыс10847

    без подписи

  • 16 мар. 2023 г.20 тыс3323

    без подписи

  • 15 мар. 2023 г.19,2 тыс95154

    လစာနှင့် ငွေကြေးဆိုင်ရာဝေါဟာရများ။ . 임금 လုပ်ခလစာ၊ လုပ်အားခ 월급 လစာ 급료 လစာ 기본급 အခြေခံလစာ 시급 တနာရီလုပ်ခ 특근수당 အထူးလုပ်ခ 연장수당 အချိန်ပိုလုပ်ခ 휴일수당 ပိတ်ရက်လုပ်ခ 추가근로수당 ထပ်လောင်းလုပ်ခများ 제수당 အခြားလုပ်ခများ 급여명세서 လစာပြေစာ 만근수당 ရက်ပြည့်ကြေး 연금 ပင်စင်ကြေး 직급수당 ရာထူးကြေး 근속수당 လုပ်သက်ကြေး 가족수당 မိသားစုကြေး 기타수당 အထွေထွေကြေး 보상 လျော်ကြေး 배상 လျော်ကြေး 손해보상 ပျက်စီးဆုံးရှုံးမှုလျော်ကြေး 손해배상 ပျက်စီးဆုံးရှုံးမှုလျော်ကြေး 보험료 အာမခံကြေး 보너스 အပိုဆုကြေး 상금 ဆုငွေ၊ ဆုကြေး 팁 ဘောက်ဆူး 식대수당 စားစရိတ် 교통수당 ကားစရိတ် 공제내역 ဖြတ်တောက်ခများ 근태감면 အလုပ်ခေါ်ချိန် 결근 ခွင့်မဲ့ပျက်ကွက်ခြင်း 조퇴 အလုပ်စောဆင်းခြင်း 퇴직연금 လုပ်သက်ခံစားခွင့် 국민연금 ပင်စင်ခ 건강보험 ကျန်းမာရေးအာမခံ 장기요양 အိုမင်းမစွမ်းဆေးကုအာမခံ 고용보험 အလုပ်အာမခံ 세금 အခွန် 세입 အခွန် 갑근세 ဝင်ငွေခွန် 소득 ဝင်ငွေ 소득세 ဝင်ငွေခွန် 비용 ကုန်ကျငွေ 주민세 ဒေသတွင်းလူခွန် 기타 အခြား၊ အထွေထွေ 예금 အပ်ငွေ 벌금 ဒဏ်ငွေ 내기 လောင်းကြေးငွေ 보증금 စရံငွေ 착수금 စရံငွေ 자금 ရန်ပုံငွေ 기금 ရန်ပုံငွေ 기부 အလှုုငွေ 보조금 ပညာသင်ထောက်ပံ့ငွေ 사례금 ဂုဏ်ပြုငွေ၊ ဉာဏ်ပူဇော်ခ 잔액 လက်ကျန်ငွေ 계산서 ငွေတောင်ခံလွှာ 현재비용 လစဉ်ပုံမှန်ကုန်ကျငွေ 잉여금 အပိုငွေ၊ ပိုလျှံသည့်ငွေ 할증금 အပိုငွေ၊ ဆုကြေးငွေ 공동 자금 အများသုံးငွေ၊ ဖဲနိုင်သည့်ငွေ ( 카드놀이에서 거는 돈 ) 횡재 မမျှော်လင့်ပဲ အလုံးအခဲရသည့်ငွေ 금전적 이익 အမြတ်ငွေ 기부금 ကူငွေ 부가 요금 အပိုကောက်ခံသည့်အခွန် ထပ်ပေါင်းအခကြေးငွေ 구호 기금 ကယ်ဆယ်ရေးရံပုံငွေ 예산 ဘတ်ဂျက် 경비 အသုံးစရိတ် 지출 ကုန်ကျစရိတ် 연간 용돈 နှစ်စဉ်ကုန်ကျစရိတ် 차비 ကားစရိတ် 교통비 ကားခ၊ ကားစရိတ် 운임 ယာဉ်စီးခ 임대료 ငှားရမ်းခ 임차료 ငှားရမ်းခ 의료비 ဆေးကုသစရိတ်၊ ဆေးဖိုးဝါးခ 저금 စုငွေ 대출 ချေးငွေ 저축 စုဆောင်းခြင်း 여행 경비 ခရီးစရိတ် 부가세 အခွန်ပို 재정 အခွန်တော်၊ ဘဏ္ဏာရေး 대금업자 ငွေချေးသူ 백만장자 သန်းကြွယ်သူဌေး 빚 အကြွေး 이득 အကျိုးအမြတ် 이익 အမြတ် 수익 အမြတ် 세무국 အစိုးရအခွန် 소비세 စားသုံးမှုအခွန် 부두 사용료 ဆိပ်ကမ်းခွန် 선창사용료 ဆိပ်ခံတံတားအသုံးပြုခ 투자 ရင်းနှီးမြုပ်နှံမှု 임차료 အိမ်လခ 입장료 ဝင်ကြေး၊ အခ 수수료 စုစုပေါင်းဝန်ဆောင်ခ/အဖိုးအခ 할부 အရစ်ကျ 보장 အာမခံ 재보험 ပစ္စည်းအာမခံ 손해보험 ပျက်စီးမှုအာမခံ 손실에 대비한 보험 ဆုံးရှုံးမှုအတွက်ပြင်ဆင်ထားတဲ့အာမခံ 지불 ငွေပေးချေခြင်း 보조금 ငွေကြေးထောက်ပံ့ခြင်း 절약 ချွေတာခြင်း 인색함 ကပ်စေးနဲခြင်း 불균형 စာရင်းမကိုက်ခြင်း 파산 ဒေဝါလီခံရခြင်း 낭비 ငွေဖြုန်းတီးခြင်း 할인하다 ဈေးလျှော့ပေးသည် 벌다 ငွေရှာသည် 지불하다 ငွေပေးချေသည် 예금하다 ငွေအပ်သည် 수익을 얻다 ဝင်ငွေရရှိသည်၊ ဝင်ငွေရှိသည် 저금하다 ငွေစုသည် 변제하다 အကြွေးပြန်ဆပ်သည် 청산하다 အကြွေးစားရင်းရှင်းသည် 환불하다 ငွေပြန်အမ်းသည် 빌려주다 ငွေချေးငှားပေးသည် 대출하다 ချေးငွေချေးယူသည် 대부하다 ချေးငှားသည် 착수금을 주다 စရံငွေ​ကိုပေးသည် 벌금내다 ဒဏ်ငွေပေးဆောင်သည် 담보를 주다 အာမခံကြေးကိုပေးသည် 비용을 치르다 ကုန်ကျစရိတ်ကိုဖြေရှင်းသည် 이익을 주다 အကျိုးအမြတ်ကိုပေးသည် 투자하다 ရင်းနှီးမြှုပ်နှံသည် 제공하다 ထောက်ပံ့သည် 원조하다 ထောက်ပံ့သည် 구조하다 ကယ်ဆယ်သည်၊ မစ သည် 남용하다 အလွဲသုံးစားလုပ်သည် 학대하다 အလွဲသုံးစားလုပ်သည်

  • 11 мар. 2023 г.12,8 тыс2814

    без подписи

  • 11 мар. 2023 г.12,7 тыс1557

    အခန်း (6 ) to ( 59 ) မီးနင်း https://youtube.com/playlist?list=PL6GDzb6bRLdbW31fgGb03FMjf_dMDj2LL

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи