tgindex
littleladder

Knowledge is power.

Последний пост
6 авг.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
15 авг.
Подписчики
640
+1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
271
20 постов
Вовлечённость
42,3%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
190
1/48двое суток
217
1/72трое суток
234

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • အင်္ဂလိပ်စာလေ့လာနေတဲ့ B2 သမားတွေ second/third conditionals ပုံစံတွေနဲ့ဆင်တူပေမယ့် တထပ်တည်းမတူတဲ့ ဆန္ဒပြုတဲ့အခါ/ နောင်တရတဲ့ အခါသုံးတဲ့ Wish/Regret patterns တွေကို အလွတ်ကျက်ပြီး စက်ရုပ်ဆန်ဆန်ပြန်ထုတ်လုပ်တာမဟုတ်ဘဲ ရင်ထဲအသဲထဲက နားလည်ပြီး တတ်မြောက်သွားတာလိုချင်ရင် ဒီသီချင်းလေး ၂ ပုဒ် ထပ်ခါထပ်ခါ နားထောင်ရင်းလေ့ကျင့်ကြည့်ပါ။ ဒီသီချင်းတွေက Wish/Regret patterns တွေကို နားလည်ပြီး grammar လေ့ကျင့်ခန်းတွေလည်း လုပ်နိုင်ပေမယ့် နေ့စဉ် ဘဝ အင်္ဂလိပ်စကားပြော/အရေး အသုံးနှုန်းတွေမှာ ပိုင်ပိုင်နိုင်နိုင် ထည့်မသုံးနိုင်သေးတဲ့သူတွေ အတွက်ပါ။ အခုမှ စပြီး pattern တွေကို လေ့လာမယ့်သူတွေအတွက်တော့ အကြမ်းဖျင်း pattern တွေသိချင်ရင် - I wish I did something (Present and Future/ Wishes) - I wish I had done something (Past/ Regrets) - I should have done something (Past/ Regrets) သီချင်း နားထောင်ဖို့ Youtube link တွေနဲ့ သီချင်းစာသား Lyrics ဖတ်ဖို့ အောက်က comment မှာ link တွေ ပေးထားပါတယ်။ သီချင်းနားထောင်ရင်း အဆင့်မြင့် အင်္ဂလိပ်စာတွေ ပိုင်နိုင် လာနိုင်စေဖို့ ဝေမျှလိုက်ပါတယ်ရှင့်။

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • အားလပ်ချိန်မှာ အင်္ဂလိပ်စကားနားထောင်ပြီး အပန်းဖြေရင်း အင်္ဂလိပ်စွမ်းရည်တိုးတက်အောင် ကြံဆောင်နိုင်ကြစေဖို့ ဝေမျှလိုက်ပါတယ်ရှင့်။ စာကြွင်း- ဒီposter တွေထဲမှာ မပါတဲ့ အခြား ကြည့်ချင်တဲ့ ဇာတ်ကားရှိရင်လည်း ကွန်းမန့်မှာ ရေးခဲ့ပါ။ ကျမရှာတွေ့ရင် ပြန် share ပေးပါ့မယ်။

  • ဒါပေမယ့် ကျမဆီတက်နေတဲ့ ကျောင်းသားအများစုဟာ ကျမဆီ အတန်းတက်ချိန်သာ အင်္ဂလိပ်လို နားထောင် ပြန်ပြော ချရေးလုပ်ပြီး ကျန်အချိန်များမှာ အားလပ်ချိန်တွေမှာ ကိုရီးယားကား၊ ဂျပန် anime ဇာတ်ကားတွေ၊ ထိုင်းဇာတ်လမ်းတွဲတွေနဲ့ တရုတ်ဇာတ်လမ်းတွဲတွေသာ ကြည့်ပြီး အပန်းဖြေကြပါတယ်။ အင်္ဂလိပ်စာလေ့လာသူများအနေနဲ့ အဲ့ဒီလို သင်တန်းအချိန်လေးသာ စာလုပ်သလို အင်္ဂလိပ်စာမလုပ်ကြဘဲ အမြဲတမ်း အင်္ဂလိပ်လိုပဲ ကြားနေရ မြင်နေရအောင် ထိတွေ့မှုများအောင် အင်္ဂလိပ်ဇာတ်လမ်းတွဲတွေ ကြည့်ဖို အကြံပြုလိုပါတယ်။ တချိုလူတွေက ဇာတ်လမ်းမကြိုက်လို လုံးဝ ဇာတ်ကား မကြည့်သူတွေဆိုရင်တော့ ကိုယ်ကြိုက်တဲ့ အကြောင်းအရာ (အားကစား၊ စီးပွားရေး၊ ကားနှင့်စက်ပစ္စည်း၊ ခရီးသွားခြင်း၊ ဟင်းချက်ခြင်း၊ ဖက်ရှင်ဒီဇိုင်း၊ သီချင်းရေး၊ ပန်းချီဆွဲ၊ တူရိယာတခုခုတီးနည်း စတဲ့) ကိုယ်တကယ်နှစ်သက်လို စိတ်ဝင်စားတဲ့အကြောင်းအရာတခုခုကို အင်္ဂလိပ်လိုပြောနေ ရှင်းပြနေတာတွေကို နေ့စဉ် နီးပါး နားထောင်ပါ၊ ကြည့်ပါ။ အသံထွက်နဲ့ သဘာဝကျတဲ့ စကားလုံးတွဲတွေကို တခါတည်း အလိုလျောက်မှတ်မိပြီး ပြန်သုံးနိုင်ဖို အင်္ဂလိပ်အစစ် သို အင်္ဂလိပ်လို ပီသတဲ့ အသံနဲ့ ပြောပြရှင်းပြတဲ့ ဗီဒီယို/ အသံဖိုင်တွေတော့ဖြစ်ဖိုလိုပါတယ်။

  • Immersion လို့ခေါ်တဲ့ ကိုယ်လေ့လာချင်တဲ့ အင်္ဂလိပ်ဘာသာစကားကို ကိုယ့်ပါတ်ဝန်းကျင်မှာ နေ့စဉ်ကြားနေ မြင်နေရအောင် တကယ့် အင်္ဂလိပ်ဘာသာစကားအစစ်တွေနဲ့ ထိတွေ့နေအောင် ဖန်တီးနေထိုင်ခြင်းဟာ အင်္ဂလိပ်ဘာသာစကား လေ့လာရာမှာ တော်တော်ကို ရာခိုင်နှုန်းတော်များများ အရေးပါတယ်လို့ပြောလို့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကျမရဲ့ English speaking skills ကိုအခြေခံ Elementary A2 အဆင့်ကနေ Intermediate B1 အဆင့်ရောက်သွားအောင် သင်ပေးခဲ့တာ အောက်မှာပြထားတဲ့ ဇာတ်ကား ၆ ကားပါ။ အဲ့ဒီထဲက ၄ ကားက အခမဲ့ကြည့်လို့ရမယ့် Telegram bot တွေ့လို့ ဇာတ်ကား တခုချင်းစီရဲ့ပိုစတာတွေအောက်က comment မှာ link ချပေးထားပါတယ်။ ကျမအတွေ့အကြုံကိုပြောပြရမယ်ဆိုရင် ၂၀၁၃ ခုနှစ်မှာ ကျမ ထိုင်းမှာ မဟာသိပ္ပံတက်ဖို့ international institute တခုကိုလျှောက်တော့ ကျမ အင်္ဂလိပ်စာအဆင့်က Intermediate B1 ကိုမီတယ်ဆိုရုံအဆင့်ပါ။ ဒါကလည်း အခြေခံပညာကျောင်းနဲ့တက္ကသိုလ်က သင်ပေးတဲ့ အင်္ဂလိပ်စာနဲ့ လက်လှမ်းမီရာ အင်္ဂလိပ်စာအုပ်တွေဖတ်လို့ ရလာတဲ့ အင်္ဂလိပ်ဘာသာစကားအရည်အသွေးမို့ အရေးပိုင်းမှာပဲ B1 ကိုမီတယ်ဆိုရုံရတာပါ။ အပြောပိုင်းမှာတော့ ကျမအဆင့်က Elementary A2 အဆင့်ပဲရှိပါတယ်။ ကျောင်းဝင်ခွင့်မှာဖြေရတဲ့ အင်္ဂလိပ်စာက အရေးပိုင်းပဲ စစ်တာမို့ ကျမက လွတ်လွတ်ကျွတ်ကျွတ် အောင်သွားပေမယ့် ကျောင်းမှာ အတန်းဖော်တွေနဲ့ စကားပြောရာမှာ သူတို့ပြောတာနားလည်ပေမယ့် ပြန်မပြောနိုင်၊ ပရောဖက်ဆာတွေ ပေးတဲ့ ၁-၂ နာရီကြာအင်္ဂလိပ်လို လက်ချာတွေကို နားလည်အောင် လုပ်ပြီး မှတ်စုမှတ်ရာမှာ တော်တော်ကို နားမလည်တော့ လိုက်မလုပ်နိုင်လို့ grade တွေလည်း မကောင်းဘဲ သူငယ်ချင်းအသစ်လည်း မရနိုင်ခဲ့ပါဘူး။ ကျမဘယ်လောက်ထိ စိတ်ညစ်လည်းဆိုရင် ကျောင်းမှာ Exchange program နဲ့ semester တခုလာတက်တဲ့ အမေရိကန်လူမျိုး တရုတ်မလေးကို သိလည်းမသိဘဲနဲ့ သွားချဉ်းကပ်ပြီး ငါ့ကို အင်္ဂလိပ်စာသင်ပေးပါလို့ သွားပြောဖို့တောင် စိတ်ကူးမိပါတယ်။ (တကယ် မလုပ်မိလို့တော်ပါသေးတယ်၊ အဲ့လိုသွားပြောရင် သူကလည်း ခဏ Exchange program နဲ့လာသူမို့ သူ့အချိန်ဇယားတွေ ရှုပ်ယှက်ခက်နေတာနဲ့၊ သူ့မိခင်ဘာသာစကားမို့ အင်္ဂလိပ်ကို အခြားသူပြန်သင်ပေးဖို့ အဆင်မပြေတာနဲ့၊ ငြင်းလိုက်ရင် တော်တော် နေရခက်တဲ့ အနေအထား ရောက်သွားနိုင်ပါတယ်။) ဒါနဲ့ ကျမစိတ်ညစ်ညစ်နဲ့ အတန်းတက်ချိန်ကလွဲရင် အပြင်လုံးဝမထွက်ပဲ အခန်းအောင်းပြီး ကျမပါသွားတဲ့ ကွန်ပျူတာနဲ့ ကျောင်းကပေးတဲ့ အင်တာနက်သုံးပြီး အဲ့ဒီအချိန်တုန်းက မြန်မာပြည်မှာ လက်လှမ်းမမီခဲ့တဲ့ အမေရိကန် ရုပ်သံလှိုင်းတွေက ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေကို အိပ်ချိန်ကလွဲရင် ကျန်အချိန်အကုန်လုံး ထိုင်ရာက မထပဲ နားကြပ်တပ်ပြီး ကြည့်ပါတယ်။ နေ့တိုင်း အတန်းတက်ချိန်နဲ့ အိပ်ချိန်ပဲနှုတ်ပြီး ကျန်အချိန် အပြည့်ထိုင်ကြည့်နေတာမို့လို့ တရက်ကို ၆ နာရီဝန်းကျင် ကြည့်ဖြစ်မယ်ထင်ပါတယ်။ နားကြပ်ဘာလို့တပ်လဲဆိုတော့ စာတမ်းထိုးလည်း မပါတော့ အကြားအာရုံကိုပဲ အားကိုးပြီး နားလည်ဖို့ အတင်းကြိုးစားရတာမို့ပါ။ First year, first semester ပထမနှစ် ပထမ ၄ လ အဖြတ်မှာ ကျမ အဲ့လို ဇာတ်ကားတွေကြည့်လိုက်တာ ပထမ ၄ လပြီး ကျောင်းခဏပိတ်ပြီး ပြန်ဖွင့်တော့ ကျမအင်္ဂလိပ်စကားပြောစွမ်းရည်ကို မှော်ဆရာတယောက်က မန်းပေးလိုက်သလို ဟတ်ချလောင်းဆို ပြောတတ်သွားတော့တာပါပဲ။ First year, second semester ပထမနှစ် ဒုတိယအဖြတ်ကစလို့ ကျမကျောင်းမှာ သူငယ်ချင်းအသစ်တွေ ရတယ်၊ ကျောင်းက လုပ်ခိုင်းတဲ့ presentation တွေမှာ ရဲရဲဝံ့ဝံ့ ပါဝင်ပြောဆိုလာနိုင်တယ်။ ကျမအတွက် လမ်းတွေ အများကြီးပွင့်သွားပါတယ်။ စုစုပေါင်း ကျမဇာတ်ကားကြည့်ချိန်နာရီ ၃၈၉ နာရီ ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ အခြေခံ A1-A2 ကနေ ပြောနိုင်ဆိုနိုင် ဆက်သွယ် အလုပ်လုပ်နိုင်ဖို့ အနည်းဆုံးလိုအပ်တဲ့ B1 အဆင့်ရောက်ဖို့ သင်တန်းမှာ ကျောင်းမှာ အင်္ဂလိပ်စာသင်တာအပြင် ကိုယ်ပိုင်အချိန်မှာ အင်္ဂလိပ်စကားထဲနှစ်မြုပ်ပြီး immersion လုပ်ဖို့ အချိန် နာရီပေါင်း ၃၀၀-၄၀၀ လိုအပ်ပါတယ်။ အဲ့လို စိတ်ဝင်တစားနဲ့ တကယ့်အင်္ဂလိပ်စကား အစစ်တွေကို နာရီပေါင်း ၃၀၀- ၄၀၀ နားထောင် ပြီးချိန်မှာ မျက်လှည့်ပြလိုက်သလို အင်္ဂလိပ်လို ပြောတတ်သွားပါလိမ့်မယ်။ (အဆင့်မြင့် အင်္ဂလိပ်စာပြောတတ်ရေးတတ်ဖို့တော့ ထပ်လေ့ကျင့်ဖို့ ထပ်နားထောင်ဖို့ လိုပါလိမ့်ဉီးမယ်။) ကျမအသက် ၂၅ နှစ်က စခဲ့တဲ့ အဲ့လို ဇာတ်လမ်းတွဲကြည့်ပြီး အင်္ဂလိပ်စာလေ့လာတာက ခုအသက် ၃၉ ထိလည်း မရပ်ပါဘူး။ အမြဲတမ်း အင်္ဂလိပ်ဇာတ်လမ်းတွဲတွေကြည့်ပါတယ်။ ကိုယ်စိတ်ဝင်စားတာကို ရှာပြီး နေ့စဉ် အင်္ဂလိပ်လို ကြည့်နေ နားထောင်နေဖို့ပဲ လိုတာပါ။

  • ပုံပြင်​ပြောသူတွေထဲမှာ Ray William Johnson က​တော့ ကျမသိသ​လောက် အ​ကောင်းဆုံးပါပဲ။ သူ့ပုံပြင်​တွေက တခုကို 8-10 မိနစ်​လောက်ပဲကြာပြီး Crime series ရုပ်ရှင်ဇာတ်လမ်းတွဲ​ တခု ကြည့်လိုက်ရသလို ဗဟုသုတလည်း ရတယ်၊ တကယ့် လူ​တွေရဲ့ ဖြစ်ရပ်မှန်​တွေက​နေ သင်ခန်းစာယူပြီး ကိုယ့်ဘဝမှာ မ​ကောင်းတာ​တွေ မဖြစ်​စေဖို့ ​ရှောင်ရှားနိုင်တယ်၊ အင်္ဂလိပ်စာလည်း တိုးတက်​စေတယ်၊ အချိန်ကုန်သက်သာတယ်၊ အပျင်း​ပြေ ​စေတယ်။ တကယ့်လူ့ဘဝ​တွေထဲက real life stories ပုံပြင်​တွေကို စိတ်ဝင်စားရင် ​အောက်က comment မှာ သူ့ link ​ပေးထားပါတယ်။ ပုံပြင်​တွေက​နေ အင်္ဂလိပ်စာ သင်ယူနိုင်ကြစေဖို့​ဝေမျှလိုက်ပါတယ်ရှင့်။

  • အဲ့ဒါကြောင့် အင်္ဂလိပ်စာအရေးလေ့ကျင့်ရင်တော့ စာရွက်နဲ့ ဘောပင်သာသုံးကြည့်ပါ၊ နည်းပညာကို ခိုင်းစားနိုင်တဲ့သူပဲဖြစ်အောင် နည်းပညာကြောင့် အရည်ချင်းတွေ ကျသွားတဲ့သူမဖြစ်အောင် ချင့်ချိန်ပြီး နည်းပညာကို အသုံးချကြပါလို အကြံပြုလိုက်ပါတယ်ရှင့်။

  • Writing အရေးကျင့်ရင် စာရွက်နဲ့ ဘောပင်သုံးပါ ခုကနည်းပညာခေတ်ဆိုတော့ အင်္ဂလိပ်စာအရေးလေ့ကျင့်ရင် tablet/ computer မှာ စာရိုက်ကြတာများတယ်။ ကျမသင်တန်းတွေမှာတော့ tablet/computer/smart phone ဘယ်အပေါ်မှာမှ စာရိုက်ပြီး essay ရေးတာကို ခွင့်မပြုပါဘူး။ essay အရေးကျင့်ပြီး ထပ်ရင် လက်ရေးနဲ့ရေးထားသော စာမူကိုသာ လက်ခံပါသည်လို့ သင်တန်းစည်းကမ်းမှာ တခါတည်း ထည့်ပြောပါတယ်။ ဘာလို့လဲဆိုတော့ ကျမကိုယ်တိုင် နည်းပညာကြောင့် writing skills ကျသွားတာကို ကြုံခဲ့ရဖူးလို့ပါ။ ကျမသည် စာရေးဆရာမဟုတ်ပေမယ့် အစီရင်ခံစာတွေ သုတေသနတွေ လုပ်ရတာပဲဆိုတော့ ကျမ ဘွဲ့ရကျောင်းပြီးကတည်းက ဆယ်စုနှစ် တခုကျော်ကျော် နေ့စဉ် ကျမဘဝမှာ အင်္ဂလိပ်စာရေးတာနဲ့ မလွတ်ပါဘူး။ မဟာသိပ္ပံတက်တာလည်း ကျောင်းတက်တယ်လို့သာအမည်ခံတာ ကျမတို့ကျောင်းသည် လက်တွေ့ကိုပဲ ဉီးစားပေးပြီး assignments/group projects တွေသာ အချိန်ပြည့်လုပ်နေရတာမို့ ကျမတော့ ကျောင်းတက်တယ်ဆိုပေမယ့် အလုပ်လုပ်နေရတယ်လို့ပဲ မှတ်ယူပါတယ်။ ဒါ့အပြင် ပညာသင်ဆုအပြည့်ရပြီး တက်ရတာမို့ ကျောင်းတက်နေတယ်ဆိုပေမယ့် လစာသဘောမျိုး အမြဲရနေပြီး နေ့စဉ်လည်း သုတေသနစာတမ်းရေး/ assignment paper တွေရေး/ proposal တွေရေး/ group project တွေအတွက် chapter တွေရေးဆိုတော့ ကျမသည် အလုပ်ထဲမှာရော မဟာသိပ္ပံတက်နေစဉ်ကာလမှာရော စုစုပေါင်း ၁၀ နှစ်ကျော်ကြာ ကျမ အင်္ဂလိပ်စာရေးပြီး အသက်မွေးခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျမ အင်္ဂလိပ်စာစသင်တော့ အရင်ဆုံး နေ့စဉ်အသားကျနေတဲ့ ကျမရဲ့ ရုံးသုံး အင်္ဂလိပ်စာကို သင်ကြားရေးမှာ ပြန်ပြီး အံဝင်အောင် ကျမ ကိုယ့်ဘာသာ ပြန်လေ့ကျင့်ခဲ့ပါတယ်။ Writing မှာ Microsoft Office Word ရဲ့ Options ထဲက Proofing ထဲက Autocorrect options တွေကို အမှန်ခြစ် ဖြုတ်သင့်တာဖြုတ် ခြစ်သင့်တာခြစ်ပြီး နည်းပညာ (ကွန်ပျူတာ) က လိုက်လိုက်ပြင်ပေးနေတာတွေ မပါပဲ ကျမစာရေးကြည့်တာ အမှားပေါင်း သောင်းခြောက်ထောင် ဖြစ်နေလို့ ကျမ IELTS ဖြေဖို့ကို မဖြေရဲတော့ဘဲ တော်တော် စိတ်ဓါတ်ကျသွားဖူးပါတယ်။ အဲ့ဒါနဲ့ပဲ တဖြည်းဖြည်း နေ့စဉ် အရေးလေ့ကျင့်ရင်း စာလည်း တဖက်က သင်ရင်း နောက်ပိုင်း ၃ နှစ်ကျော်ကြာမှ အမှားတွေ နည်းသင့်သလောက်နည်းသွားပြီ၊ နည်းပညာအကူညီမပါလည်း ရေးနိုင်ပြီလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်ရှိလာပြီး IELTS ဖြေနိုင်ခဲ့ပါတယ်။ စဉ်းစားကြည့်ပါ ကျမလောက် နေ့စဉ် ၁၀ နှစ်ကျော်ကြာ အသက်မွေးဝမ်းကျောင်းအလုပ်မှာ အင်္ဂလိပ်လို စာရေးသားနေသူက ကွန်ပျူတာရဲ့ autocorrect function တွေအကူညီမပါတော့ ပေါက်ကရတလွဲတွေဖြစ်တယ်ဆိုတာ တော်တော်ကို အံ့ဩစရာကောင်းသလို ခြောက်ခြားစရာလည်း ကောင်းပါတယ်။ ဒါတောင် ကျမတို့ လုပ်ကိုင် ကျင်လည်အသက်မွေးခဲ့တဲ့ ဆယ်စုနှစ် ၂၀၁၀-၂၀၂၁ အတွင်းမှာ AI မရှိသေးလို့ ဘာရေးရေး ကိုယ့်အင်္ဂလိပ်စာအရည်အသွေးနဲ့ပဲ ရေးရတာပါ။ ကွန်ပျူတာက autocorrect function သည် စာလုံးပေါင်း အကျအပေါက်နဲ့ ပုဒ်ရပ်ပုဒ်ဖြတ် နဲ့ subject-verb agreement, present simple, past simple, present perfect စတဲ့ အခြေခံ grammar တွေကိုပဲ လိုက်ပြီး လိုသလို တည့်ပေးသွားတာပါ။ ခုခေတ် AI နဲ့ဆိုတော့ ပိုဆိုးပါတယ်။ ကျမ ကျောင်းသား ကုမ္ပဏီဝန်ထမ်းတွေ ပြောတာတော့ သူတို့ ရုံးမှာ AI နဲ့အီးမေးရေးရင် copy-paste လုပ်ရင်သတိထားပြီး font တွေညီအောင်ပြန်ညှိရပါတယ်တဲ့ တချို့ဝန်ထမ်းတွေက ဒီအတိုင်းကြီး ကူးချလိုက်တာ AI ထဲကတိုက်ရိုက်ကူးထားတာကြီးတွေ သိသာနေလို့ပါတဲ့။ စာရွက်နဲ့ ဘောပင်နဲ့ ရေးပြီးလေ့ကျင့်ခိုင်းရခြင်း ဒုတိယ အကြောင်းပြချက်က ခု AI ခေတ်မှာက ၄-၅ တန်းကလေးတွေကအစ AI သုံးတတ်နေတော့ စာအရေးသင်ရင် များသောအားဖြင့် AI မေးပြီး copy-paste လုပ်ကြတာက digital forms တွေမှာပိုပြီးလွယ်လို့ written form တွေမှာကျတော့ ချက်ချင်း copy-paste လို့မလွယ်ဘူး၊ တဆင့်ကာပြီးသားဖြစ်တယ်။ ကျမသင်တန်းတွေမှာတော့ အစပိုင်းမှာသာ ဒီပြဿနာရှိတာပါ။ နောက်ပိုင်း သင်ပေးရင်း နားလည်အောင် ရှင်းပြရင်း မကူးရဘူးဆိုတာ နားလည်သွားပြီး ကိုယ်တိုင်လည်း ရေးတတ်သွားပြီး မကူးကြတော့ပါဘူး။ ဒါပေမယ့် အစစချင်းမှာကိုပဲ အလွယ်ကူးယူခြင်းမှ ကာကွယ်ပြီးသားဖြစ်လို့ လက်ရေးမူနဲ့ပဲ လေ့ကျင့်ခိုင်းပါတယ်။ AI ရော ကွန်ပျူတာ Microsoft Office Word ရဲ့ AutoCorrect Options တွေရော၊ ဖုန်းတွေ တက်ဘလက်တွေရဲ့ keyboard တွေမှာပါတဲ့ autocorrect function တွေရော အကုန်လုံး အရမ်းအသုံးတည့်ပါတယ်၊ ကျမကိုယ်တိုင်လည်း အကုန်လုံးကို သုံးပါတယ်။ ဒါပေမယ့် နည်းပညာသည် ၂ ဖက်အသွားပါတဲ့ ဓါးလိုပဲ နှစ်ဖက်လုံးကို ရှနိုင်လို့ သေသေချာချာ သတိနဲ့ ပညာဉာဏ်ဆင်ခြင်ပြီး သုံးမှ အဆင်ပြေနိုင်မှာပါ။ အလုပ်မှာတော့ ခရီးတွင်တယ် နည်းပညာက အသာလေး အမှားတွေကို လိုက်ပြင်ပေးသွားတော့ လူသက်သာတယ်၊ အချိန်မကုန်ဘူး။ ဒါပေမယ့် တကယ့် စာလုံးပေါင်းနဲ့ grammar skills တွေနဲ့ အရေးကြီးဆုံး တွေးခေါ်ချိတ်ဆက် သုံးသပ်နိုင်စွမ်းတွေက လူသက်သာသလိုနေရင်း လုံးပါးပါးသွားတယ်။

  • ကျောင်းသားမိဘများကို အသိပေး အကြောင်းကြားပါရစေရှင့်။ ကျမ စနေ၊တနင်္ဂနွေ အပြင်သင်တန်းတွေမှာ မနက် ၈ ကနေ ည ၁၀ ခွဲထိ ကြားထဲ ထမင်းစားချိန်ပဲကျန်တော့ လူက လုံးဝ မတည်နိုင် စိတ်အားလူအား အကုန်သုံးသုံးပြီးသင်နေရပြီး ကျန်ရက်တွေမှာလည်း ပြန်လည်အားဖြည့်အနားယူချိန် လုံးဝ မရဘဲ ကျမ ရှေ့ဆက်သွားရမယ့် ပညာရေးအတွက်အချိန်ပေး စာရေးစာဖတ်လုပ်နေရတာကြောင့်ရော၊ ကျမရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်စရာတွေရှိတာမှာ စိတ်အား/လူအား/အချိန် ပေးနေရတဲ့အတွက်ကြောင့်ရော၊ သင်တန်းနောက်ကွယ်က လုပ်ရတဲ့ စာစစ်/ သင်ခန်းစာပြင်ဆင်/ မေးခွန်းပြင်ဆင်/ အမှတ်စာရင်းထုတ် စတဲ့ သင်တန်းချိန်ပြင်ပ လုပ်ရတဲ့ အလုပ်တွေကိုလည်း သင်တန်းအရည်သွေးကျမှာစိုးတော့ တခုမှမလျှော့ဘဲ လုပ်နေရတာကြောင့်ရော ကျန်းမာရေးကိုပါ ထိခိုက်လာလို့ မနိုင်မနင်းဖြစ်နေတာကြောင့် ကျမဝင်ငွေအလျော့ခံပြီး ကျန်းမာရေးနဲ့ ပညာရေးကိုပဲ ဉီးစားပေးဖို့ ဆုံးဖြတ်လိုက်တာကြောင့် ခုသင်လက်စ အပြင်သင်တန်း ကလေးသင်တန်းတွေ ဒီ level တခုပြီးရင် အကုန်ရပ်လိုက်ပါတော့မယ်။ နောက်ထပ် level တွေလည်း ဆက်မသင်တော့သလို အသစ်စမယ့် ကလေးတွေကိုလည်း မသင်ဖြစ်တော့ပါဘူး။ နောင်တချိန် ကျမ အချိန်ပြန်ပေးပြီး ပြန်အားစိုက်ထုတ်နိုင်တဲ့ အချိန်မှာတော့ ပြန်သင်ပါ့မယ်။ ဒါပေမယ့် အဲ့ဒီနေ့က ရောက်ရင်လည်း ရောက်လာမယ်၊ ရောက်လာချင်မှလည်း ရောက်လာမှာမို့ ကျမကို မစောင့်တော့ဘဲ အခြား သင့်တော်တဲ့ ဆရာ/မ ရှာကြဖို့ ၂ လ ကြိုတင်အကြောင်းကြားလိုက်ပါတယ်ရှင့်။ လူကြီး online သင်တန်းတွေကို တော့ပုံမှန်အတိုင်း ဆက်သင်ပါ့မယ်ရှင့်။

  • Skills ၄ ခုလုံး တညီတည်း တတ်အောင် လေ့ကျင့်ပါ။ အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေကြုံရတာများတဲ့ ပြဿနာက Listening, Reading, Writing, Speaking ဆိုတဲ့ skills ၄ ခုလုံးမညီတာပါ။ များသောအားဖြင့် သင်တန်းတက်ပြီး စနစ်တကျ သေချာ လိုက်ပါလေ့ကျင့်သူတွေမှာ ဒီလိုပြဿနာ သိပ်မရှိပါဘူး။ (ခြွင်းချက်အနေနဲ့ တချို့လည်း သင်တန်းမတက်ပေမယ့် သေသေချာချာ ကြိုးစားပြီး skills 4 ခုလုံး တညီတည်း ရှေ့ကိုတိုးတက်အောင် ကိုယ့်ဘာသာ သင်ယူနိုင်သူတွေရှိပါတယ်။ တချို့တွေတော့ သင်တန်းတက်ပေမယ့် ဆရာ/မ ကဘယ်လိုသင်ပေး၊ လေ့ကျင့်ပေးပေမယ့် ကိုယ်အားနည်းတဲ့ skill အတွက် သင်တန်း ပြင်ပမှာ သီးသန့်ပိုအားစိုက် လေ့ကျင့်ဖို့လိုတာကို မသိချင်ယောင်ဆောင်ပြီး သင်တန်းပြင်ပမှာ နာနာဖိပြီး မလေ့ကျင့်တဲ့အတွက် skill ၄ ခုလုံးက တညီတည်းပါမလာဘဲ တခုကဆွဲချနေလို့ ဒရွတ်ဆွဲပြီး B1 ကိုပဲ မပြီးမြောက်/မကျော်လွန် နိုင်သူတွေရှိပါတယ်။) ငါ့အဆင့်က အရမ်းကြီးမမြင့်သေးဘူး ငါက grammar, vocabulary, sentence writing လောက်ပဲ လေ့ကျင့်ထားမယ် သူ့ဘာသာသူ level မြင့်လာရင် speaking and essay writing အလိုလိုတတ်သွားလိမ့်မယ်လို့ မထင်ပါနဲ့။ ဒါမှမဟုတ်ငါကတော့ စကားပြောတာကို အဓိက လေ့ကျင့်ထားမယ် grammar ဆိုတာ အလကား native speakers တွေလည်း grammar မသိဘဲ ပြောနိုင်ရေးနိုင်တယ် ငါ့ အင်္ဂလိပ် အဆင့်မြင့်လာရင် grammar တွေသူ့အလိုလို တတ်သွားလိမ့်မယ်။ အဲ့လို မထင်ပါနဲ့၊ အဲ့လို မဟုတ်ပါဘူး။ သူ့ level အလိုက် grammar အရေး အပြော အဖတ် နားထောင် စွမ်းရည်တွေဟာ တညီတည်း တတ်မြောက်အောင် လေ့ကျင့်ခဲ့မှ အထက်အဆင့်တွေရောက်ရင် အလိုက်သင့် အဆင့်မြင့်တဲ့ ပုံစံတွေ ပြောနိုင်ရေးနိုင် တတ်မြောက်လာနိုင်တာပါ။ အဲ့လို skill ၄ ခုက အနည်းနဲ့ အများ မညီဘဲ တခုခုက ဆိုးဆိုးရွားရွားအားနည်းနေရင် ကျန်တဲ့ skill တွေ ဘယ်လောက် ကောင်းကောင်း အလုပ်မဖြစ်ပါဘူး။ သင်ပေးရတဲ့ ဆရာ/မ လည်း အရမ်းဒုက္ခရောက်သလို သင်ခံရတဲ့ ကျောင်းသားအတွက်က ပိုလို့တောင် ဒုက္ခရောက်ပါတယ်။ များသောအားဖြင့် ကျောင်းသားတွေ ကွက်ပြီး အားနည်းတတ်တာက speaking သို့ writing ပါ။ (တချို့လည်း listening or reading မှာ အားနည်းတတ်ပေမည့် ဒီ ၂ ခုက ကိုယ်တိုင် ထုတ်လုပ်ရတာမဟုတ်လို့ အားနည်းပေမယ့် ထိန်းပြီး လေ့လာသွားရင် အရမ်းကြီး ပုံမပျက်ပါဘူး။) ပုံပျက်ပန်းပျက်ဖြစ်စေတာက writing and speaking skills တွေမပါလာတာပါ။ တချို့က writing ကိုပျံနေအောင် ရေးနိုင်ပြီး grammar တွေ စကားလုံးတွေသင်ရင်လည်း ပျင်းနေတယ်၊ သူတို့သိပြီးသားတွေဆိုတော့။ ကဲ အဲ့ဒီ grammar တွေ စကားလုံး တွေကို သုံးပြီး စကားပြောရမယ့် အချိန်ရောက်ပြီဆိုတော့ ငုတ်တုတ်မေ့တာပဲ။ သူတို့ grammar, vocabulary, and writing skills တွေက B2 လောက်ရှိနေပြီး သူတို့ speaking skills က A2 သမားလောက်တောင် မရှိလို့ စကားကလည်း တခါပြော တခွန်း ၂ ခွန်းနဲ့ သူများလိုလည်း အငြင်းအခုံ မလုပ်နိုင် ကိုယ်ထင်တာကိုလည်း စီကာပါတ်ကုံး မတင်ပြနိုင် နဲ့ စကားဝိုင်းမှာ အီး..အဲ နဲ့ ဒုက္ခနဲ့လှလှနဲ့ကိုတွေ့တာပဲ။ တချို့ကကျတော့ စကားကတော့ ရွှန်းဝေနေအောင်ပြောပြီး စာရေးတော့ သူငယ်တန်းအဆင့်လောက်သာ ရေးနိုင်သူတွေလည်း မြင်ဖူးတယ်။ အဲ့လောက်ကွာနေတော့ ညှိသင်ရတာ ဘယ်လိုမှ မလွယ်လို့ သူတို့လည်း ဒရွတ်တိုက်လိုက်ရတာ ထင်သလောက် ခရီးမပေါက်ပဲ ကို့လို့ကန့်လန့်နဲ့ လိုရာခရီးမရောက်နိုင်ဖြစ်တာပါပဲ။ ဒီလို မညီတဲ့သူတွေက ညီအောင် လေ့ကျင့်ရမယ်ဆိုရင် တော်တော်ကို ဇွဲရှိပြီး အလုပ်လုပ်ရမှာ လေ့ကျင့်ရမှာ မပျင်းတဲ့ မကြောက်တဲ့သူမှ အောင်မြင်နိုင်မယ်။ တော်ရုံလူကတော့ အဲ့လိုပဲ ဒရွတ်ဆွဲပြီး ချာလည် လိုက်နေမှာပဲ။ အဲ့ဒါကြောင့် အဲ့လို ကို့လို့ကန့်လန့် အခြေနေ မရောက်ချင်ရင် speaking, listening, reading, writing အကုန်လုံးကို ညီအောင် လေ့ကျင့်ကြပါလို့ တိုက်တွန်းပါရစေ။

  • без подписи

  • Elementary A2 အတန်းမှာ လူကြီးတွေကြားထဲမှာ ဇွဲရှိရှိနဲ့ ကြိုးစားပြီးလာတက်နေတဲ့ ကလေးလေး အသက် ၁၃-၁၄ အရွယ်ကောင်လေးတယောက်ရှိတယ်။ သူတို့ကို အိမ်အငှားတင်ဖို့ Online ပေါ်မှာ အိမ်ခန်းကြော်ငြာရေးတင်နည်းသင်ပေးပြီး ရေးခိုင်းတော့ အိမ်ရှင်အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ အနည်းငယ်ထည့်ရေးရတဲ့အခါမှာ ကလေးက ဘာရေးလဲဆိုတော့ "ဥယျာဉ်ထဲက သရက်သီးတွေ စားလို့မရဘူး။ အဲ့ဒါတွေက ငါ့ဥစ္စာတွေ။ ငါက သရက်သီးကြိုက်တယ်" တဲ့ 🤣 အခြားစည်းကမ်းတွေကတော့ ရေးထားတာ အဟုတ်ပဲ၊ ဒါလေးတခုတော့ ကလေးဆိုတော့ ကလေးဆန်ဆန်တွေးပြီးရေးထားတာ ချစ်စရာကောင်းပြီး ရီရလို့ ကျမ သူရေးထားတာလေး အပြာရောင်နဲ့ ဝိုင်းပြထားတယ် ၊ ရယ်ရတော့ စိတ်ကြည်ပြီး ဘဝအမောနည်းနည်းလျော့သွားအောင် ဝေမျှတာပါ။ 😂

  • The art of speaking

  • အပြင်လောကမှာ (ဥပမာ- ပါတီပွဲမှာ ၊ ကျောင်းကန်တင်းမှာ၊ အလုပ်ခနနားချိန် ကော်ဖီသောက်တဲ့အချိန်မှာ စတဲ့ လူမှုဆက်ဆံရေး နေရာတွေမှာ) ဆိုရင်တော့ အဲ့လို ကိုယ်ကချည်းပဲ စွတ်ပွားနေရင် တဖက်သားက ယဉ်ကျေးသူဆိုရင် စကားလှအောင်ဖြတ်ပြီး ကိုယ့်အနားက ခွါသွားမယ်၊ မယဉ်ကျေးသူဆိုရင် ဒီအတိုင်း ထထွက်သွားမယ်၊ သူငယ်ချင်းရဖို့ အဝေးကြီး ကိုယ့်ကို ကြည့်မရသူတွေတောင် တိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် "ဆယ်တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်” ဆိုတဲ့ စကားထွက်လာတာပါ။ ပေါင်းသင်းဆက်ဆံရေးက ပညာအရည်ချင်းနဲ့အခြားကျွမ်းကျင်မှုတွေထက် ဘဝမှာ ပိုအရေးပါပါတယ်။ ခုနောက်ပိုင်း အလုပ်ခန့်ရင် နိုင်ငံတကာ ကုမ္ပဏီကြီးတွေက အင်တာဗျူးခေါ်ပြီး စကားပြောကြည့်ပြီးရင် panel အဖွဲ့ဝင်တွေ အချင်းချင်းအထဲမှာ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချရင် soft skills ကောင်းတဲ့သူမျိုး လိုပါတယ်ဆိုပြီး ပေါ်တင်ကို ပြောကြတာပါ။ hard skills (ပညာအရည်ချင်းနဲ့ ကျွမ်းကျင်မှု) တွေက သင်ပေးလို့ ရတယ် soft skills လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ လူအများနဲ့ ထိန်းညှိအလုပ်လုပ်နိုင်ဖို့ ခက်တဲ့သူတွေဆိုရင် အလုပ်မတွင်လို့ ပညာတော်နေရင်တောင် မခေါ်ကြပါဘူး။ ဒါတွေဘာလို့သိလဲဆိုရင် ကျမကိုယ်တိုင် international community မှာ ၁၀ နှစ်ဝန်းကျင် လုပ်ကိုင်ခဲ့ပြီး ကျမကိုယ်တိုင် အင်တာဗျူးမေးခွန်းတွေ ထုတ်ပေး၊ အင်တာဗျူး panel ထဲဝင်ထိုင်ပြီး မေးပေး၊ ပြီးရင် ဆုံးဖြတ်ချက်ချပေး ခဲ့ရဖူးလို့သိတာပါ။ တချို့ကပြောမယ် စကားပြောရတာမကြိုက်ဘူး ကျမက ကျနော်က introvert မို့လို့ပါဆိုပြီး။ တကယ်တော့ introvert/ extrovert ဆိုတာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်တဲ့နည်းလမ်း မတူတာပါ။ introvert ပဲဖြစ်ဖြစ် extrovert ပဲဖြစ်ဖြစ် ကိုယ်ပါဝင်ရမယ့်နေရာမှာတော့ ယုံကြည်ချက်အပြည့်နဲ့ သတ္တိရှိရှိ ရဲရဲရင့်ရင့် ပါဝင် ဆွေးနွေး လုပ်ဆောင်ရမှာပါပဲ၊ အဲ့လိုမလုပ်နိုင်ဘူးဆိုရင်တော့ introvert ဖြစ်နေလို့မဟုတ်ဘူး အရည်အချင်းမရှိလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလို့ လူတောမတိုးဖြစ်နေတာပါ။ ကျမက introvert စစ်စစ်ပါ၊ ဒါပေမယ့် ကျမအခု စာသင်တယ်၊ အရင် ရုံးအလုပ်တွေမှာလည်း လူ ၁၅-၂၀ ကနေစလို့ ရာနဲ့ချီတဲ့လူအုပ်ရှေ့မှာ စကားပြောပြီးလည်း ပွဲတခုခုကို အောင်မြင်ပြီးမြောက်အောင် ထိန်းညှိနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျမလုပ်ဖို့ လိုအပ်လို့ပါ။ ကျမအဲ့လို လူရှေ့ထွက်ဖို့ မလိုတဲ့အချိန်တွေမှာ spotlight မှာမမြင်ရအောင်နေပါတယ်။ လူတွေနဲ့ ဆက်ဆံရတာ ကျမအတွက် စိတ်ရောလူပါ အရမ်းပင်ပန်းလို့ပါ။ အခုစာသင်တာကလည်း လူတွေနဲ့ အမြဲတမ်း ဆက်ဆံနေရတာမို့လို့ စာသင်ချိန်တွေပြီးရင် ဘာသံမှ မကြားရပဲ တိတ်တိတ်လေး နေပြီး ကိုယ့်အသံကိုယ်တောင် မကြားချင်လို့ မိသားစုကိုတောင် စကားမပြောပဲ စိတ်ရောကိုယ်ပါ အခန်းထဲမှာ တိတ်တိတ်လေး အနားယူမှ နောက်နေ့ စာပြန်သင်နိုင်ဖို့ အားပြန်ပြည့်ပါတယ်။ အဲ့လို အနားယူခွင့်မရလိုက်တဲ့ အလုပ်ရှုပ်တဲ့နေ့တွေဆက်သွားရင် ကျမ မခံနိုင်တော့ဘဲ လဲတာပါပဲ။ အဲ့ဒါကြောင့် စာသင်တာကို နောက်နှစ် အနည်းငယ်လုပ်ပြီးရင် နားပြီး လူတွေနဲ့ အမြဲတမ်း ထိတွေ့နေရတဲ့ အလုပ်မဟုတ်တဲ့ အခြား အလုပ်ကို လုပ်မလို့ စိတ်ကူးထားပါတယ်။ လူတွေနဲ့ တခါတရံထိတွေ့ရတာ အားပြန်ဖြည့်လို့လွယ်ပေမယ့် အမြဲတမ်းထိတွေ့နေရရင် အားက မီးမလာတဲ့အချိန်များလို့ ဘယ်လိုဖြည့်ဖြည့် မပြည့်တဲ့ အင်ဗာတာ ဘက်ထရီလိုပဲ အားပြည့်မယ်ကြံလိုက် မီးမလာလို့ အားထုတ်သုံးလိုက်ရနဲ့ အားပြည့်လန်းဆန်းအနေအထားကို မရောက်နိုင်တော့လို့ပါ။ ကိုယ့် personality အရ introvert ဆိုရင် လူအများကြီးနဲ့ အချိန်ပြည့် အလုပ်မှာ ထိတွေ့ဆက်ဆံနေရတာမျိုး ရှောင်ပြီး လိုအပ်မှ စကားပြောရတဲ့ ဥပမာ -ဓါတ်ခွဲခန်းတို့ ကွန်ပျူတာတို့နဲ့ အလုပ်လုပ်ရတာမျိုး ကိုယ်နဲ့ကိုက်မယ့်အလုပ်ကိုရွေးပါ။ ဒါပေမယ့် ဘယ်အလုပ်မဆို နည်းတာ/များတာပဲ ရှိမယ် လူတွေနဲ့ တော့ စကားဖြစ်မြောက်အောင် မပြောတတ်လို့မရပါဘူး။ လူမှုဆက်ဆံရေးအားနည်းရင် အခွင့်အရေးတွေ အများကြီး အများကြီး ဆုံးရှုံးပါတယ်။ အဲ့ဒါကြောင့် ငါကတော့ introvert မို့ စကားမပြောတတ်ဖူးတို့ ဘာတို့ဆိုပြီး လိပ်လို အခွံထဲကမထွက်ပဲ နေတာမျိုး၊ ငါကတော့ extrovert မို့ဟေ့ ငါက စကားပြောရတာကြိုက်လို့ ငါပဲ ပြောမယ်ဆိုပြီး spotlight အတင်းဝင်လုနေတဲ့ သူမျိုး မဖြစ်ဖို့ အစွန်း ၂ ဖက်ရှောင်ပြီး စကားပြောစွမ်းရည်မြင့်တဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့သူဖြစ်ဖို့ လေ့ကျင့်ကြပါလို့ တိုက်တွန်းပါရစေ။

  • စကားပြောခြင်း အနုပညာ Dale Carnegie ရေးခဲ့တဲ့ "How to Win Friends and Influence People" စာအုပ်ကို ဉီးနုက ဘာသာပြန်ထုတ်ဝေထားတဲ့ "မိတ္တဗလဋီကာ" စာအုပ်ကို ကျမငယ်ငယ် ၃ တန်း ၄ တန်း အရွယ်မှာ ဖန်တရာတေပြီး အလွတ်နီးပါးရနေအောင် အပြန်ပြန် အလှန်လှန်ဖတ်ခဲ့ဖူးပါတယ်။ (၃ တန်း ၄ တန်းမှာ ဒီလို ကြီးကြီးကျယ်ကျယ် ပျင်းစရာကောင်းတဲ့ တက်ကျမ်းစာအုပ်တွေဖတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ အပိုတွေပြောနေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါအမှန်တရားပါ။ ဘာကြောင့်ဖတ်ဖြစ်လဲ စိတ်ဝင်စားရင် comment မှာ ဖတ်ကြည့်ပါ။ ဒီမှာ သိပ်မသက်ဆိုင်လို့ပါ။) တချို့ကလည်း ဒီလို ပေါင်းသင်းဆက်ဆံရေး တက်ကျမ်းတွေ မဖတ်ပဲ သူ့အလိုလို စကားပြောစွမ်းရည်ကောင်းပြီး ပေါင်းသင်းဆက်ဆံရေး ဝင်ဆန့်သူတွေ ရှိနိုင်ပါတယ်။ ကျမ အဓိက ပြောချင်တာက သူတို့လည်း အဲ့လို ပေါင်းသင်းဆက်ဆံရေးကောင်းအောင် ရှေ့ဆောင်လမ်းပြ သင်ပေးခဲ့သူ (သို့) သပ်သပ်ကြီး သင်ပေးတာမဟုတ်ပေမယ့် သူတို့ပတ်ဝန်းကျင်ကတယောက်ယောက်ဆီကနေ အတုမြင် အတတ်သင် ခဲ့တာ ရှိမှာပါ။ အဲ့လိုမရှိ ဘူး၊ စကားပြောနည်းကို တတ်လည်း တတ်မနေဘူး ဆိုရင်တော့ ဒါကိုအရေးတကြီး သတိထားပြီး သင်ယူဖို့လိုနေပါပြီ။ အင်္ဂလိပ်လိုပဲ ပြောပြော မြန်မာလိုပဲ ပြောပြော ပေါ်တူဂီလိုပဲ ပြောပြော စကားပြော ပေါင်းသင်းဆက်ဆံရာမှာ နားထောင်ရတာ အဓိကပါ။ သူများနဲ့ စကားပြောရင် စိတ်ဝင်တစား နားထောင်ရမယ်၊ သူဆက်ပြောလာအောင် နောက်ဆက်တွဲ follow-up questions မေးခွန်းလေးတွေမေးရမယ် “Oh, why’s that?” “How did it happen?” What did you do?” “Why do you feel that way?” စသည်ဖြင့်ပါ။ နောက်တခုကတော့ သူပြောတာကို ကိုယ့်ထင်မြင်ချက်နဲ့ တူရင် ထောက်ခံအားပေးရမယ် “Oh, I feel the same way. I think.....” “You and I have the same opinion, I also think......” စသဖြင့်ပါ။ သူ့အမြင်နဲ့ ကိုယ့်အမြင်မတူရင်လည်း ယဉ်ကျေးစွာ မတူကြောင်း ဝင်ပြောပြဆွေးနွေးနိုင်ရမယ် “It’s interesting that you see it that way, but I think.....” “You said ......, but I have a different opinion. I think.....” စသဖြင့်ပါ။ အဲ့ဒီလိုတွေ မေးနိုင် စကားထောက်ပေးနိုင် ဝင်ဆွေးနွေးပြောပြနိုင်ဖို့ဆိုရင် တဖက်သားပြောနေတာကို အစကတည်းက သေသေချာချာ စိတ်ဝင်တစားနားထောင်နေပြီး နားလည်နေမှရပါမယ်။ အဲ့လို သူများ ပြောတာလည်း နားမထောင်နေဘူး၊ သူများဘာပြောသွားလဲလည်း မသိဘူး၊ နင်ပြောပြီးပြီ ဒါငါ့အလှည့် ငါပြောမယ် ဆိုပြီး “ဒါက နင်ပြောအလှည့် နင်ပြောချင်ရာပြော၊ ဒါက ငါပြောအလှည့် ငါပြောချင်ရာပြောမယ်” ဆိုပြီးသွားလုပ်နေလို့ တယောက်နဲ့တယောက်ကလည်း အစေးမကပ် သပ်သပ်စီဖြစ်နေပြီး စကားဝိုင်းက အသက်မပါ တာဝန်အရ ဓါးမိုးပြီး ပြောခိုင်းလို့ ပြောရသလိုဖြစ်နေမှာပေါ့။ တချို့က ပိုဆိုးတာက တယောက်တည်း အချိန်အပြည့်ယူပြီး သူများကို အလှည့်မပေးပဲ ပြောတာပါ။ ဒီလိုဆိုရင် အခြားစကားပြောဖော်က သွက်သွက်လက်လက်ရှိရင်တော့ စကားကို ရအောင်ဝင်ဖြတ်ပြီး သူတို့အလှည့်ရအောင် ဝင်ယူတတ်ပါတယ်။ အနေအေးတဲ့ စကားနည်းတဲ့ သူတွေကျတော့ အချိန်သာ ပြည့်သွားတယ် သူတို့ မပြောလိုက်ရပဲ ဟိုတဖက်ကပဲ ပြောသွားတာကိုပဲ နားထောင်လိုက်ရပါတယ်။ ကျမဝင်နားထောင်နေတာနဲ့ ကြုံရင်တော့ ကြားဝင်ပြီး အလှည့်ရအောင် လုပ်ပေးပါတယ်၊ ကျမ အချိန်မီမရောက်လာရင်တော့ ကိုယ့်တာဝန်ကိုယ်ယူပြီး “လူမှုပေါင်းသင်းဆက်ဆံရေး နားလည်မှု/ယဉ်ကျေးမှု” မရှိတဲ့ တယောက်တည်း လွှတ်မှုတ်နေသူကို ကိုယ့်ဘာသာ ကိုင်တွယ်ဖြေရှင်းရမှာပါ။ ဒီလိုမျိုးလုပ်နိုင်ဖို့က အလုပ်ထဲမှာ လည်း အတူတူပါပဲ၊ ကိုယ့်အတွက်ကို ရပ်တည်ပြီး ကိုယ့်အလှည့်ရအောင် ယူရပါတယ်။ ကိုယ့်စကားပြောလေ့ကျင့်ဖော် (သို့) လုပ်ဖော်ကိုင်ဖက်သည် ယဉ်ကျေးမှု နားလည်မှုရှိပြီး အလှည့်ပေးတတ်တဲ့သူမျိုး၊ တဖက်သားစကားကို သေချာနားထောင်တတ်တဲ့ သူမျိုးမဟုတ်ရင် ကိုယ့်ဖက်က စကားကို ရအောင်ဖြတ်ပြီး ကိုယ်ပြောစရာရှိတာကို ဝင်ပြောရမှာပါ။ နိုင်ငံတကာ မီဒီယာတွေက အင်တာဗျူးတွေ သတင်းကြေငြာတာတွေမှာ သူတို့စကား ဘယ်လိုဖြတ်ပြီး အလှည့်ရအောင် ယူလဲ နမူနာ ကြည့်ကြည့်ပါ။ အဓိကအရေးကြီးဆုံးနားလည်ကျင့်သုံးရမှာကတော့ လူတိုင်းသည် ကိုယ့်ကိုကိုယ်ပဲ ဗဟိုပြုပြီး ကိုယ့်ကိုကိုယ်သာ စိတ်အဝင်စားဆုံးပါ။ အဲ့ဒါကြောင့် စကားပြောရင် ကိုယ်ကြိုက်တာတွေချည်း/ ကိုယ့်အကြောင်းတွေချည်း လှိမ့်မပြောပဲ တဖက်သားလည်း သူတို့အကြောင်းပြောလာအောင် မေးခွန်းလေးတွေမေးပြီး အလှည့်ပေးသင့်ပါတယ်။ စဉ်းစားကြည့်ပါ လူတိုင်းက ကိုယ့်အကြောင်းပဲ ကိုယ်စိတ်ဝင်စားတာကို ကိုယ်က အလှည့်မပေးပဲ ကိုယ်ပြောချင်ရာကို စွတ်ပြောနေရင် တဖက်သားက ပါဝင်ခွင့်မရတော့ ကိုယ်ပြောနေတာတွေကို ငြီးငွေ့ပြီး မလှုပ်မယှက် ကျောက်ရုပ်လို ဖြစ်နေပြီး စကားဝိုင်းကအသက်မဝင်တော့ဘဲ “အ” သွားတတ်ပါတယ်။