tgindex
Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
15
Всего постов
23
Тип
открытый
Язык
my
Категория
Спорт (по похожим)
В каталоге с
14 авг.
Подписчики
5 624
−25 за 3 дн.
Сутки
−6
−0,11%
Неделя
 
Месяц
 
Просмотров на пост
582
23 постов
Вовлечённость
10,3%
к подписчикам
Постов в день
2,1
всего 23
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
521
1/48двое суток
597
1/72трое суток
643

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 🔴 ဒီရာသီဟာ ၂၀၁၅/၁၆ ရာသီနောက်ပိုင်း ဖာမီနို၊ ဆာလာ နဲ့ မာနေးတို့ သုံးယောက်စလုံး တိုက်စစ်မှာ တစ်ယောက်မှ မရှိတော့ဘဲ ဖြတ်သန်းရမယ့် လီဗာပူးလ်ရဲ့ ပထမဆုံးသော ရာသီသစ်တစ်ခု ဖြစ်လာတော့မှာပါ...

  • 🔴 စပါးအသင်းနှင့် ကိုဒီ ဂက်ပိုတို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း ဒတ်ခ်ျသတင်းဌာန VI မှ အတည်ပြုခဲ့သည်။ နည်းပြ ရောဘတ်တို ဒီ ဇာဘီက ဒတ်ခ်ျတိုက်စစ်ကစားသမားကို ခေါ်ယူလိုနေပြီး စပါးအသင်းသည် လီဗာပူးလ်အသင်းထံ စတင်ဆက်သွယ် ဆွေးနွေးနေပြီဖြစ်သည်။ အဆိုပါ အပြောင်းအရွှေ့ အကောင်အထည်ပေါ်လာရန် ပါဝင်ပတ်သက်သူ ဘက်အသီးသီးမှ မျှော်လင့်ချက်များ ပိုမိုမြင့်မားလာလျက် ရှိသည်။

  • 💬 ကော်တင်ဟို "လီဗာပူးလ်အသင်းဟာ ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်း အထူးနေရာတစ်ခု ရထားမှာပါ။ နောက်ကြောင်းကို ပြန်တွေးကြည့်ရင် အကယ်၍သာ ကျွန်တော့်ကစားသမားဘဝ ပြောင်းလဲသွားခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ ကံကြမ္မာကို တစ်ခါတစ်လေ တွေးမိပါတယ်။ လီဗာပူးလ်ကနေ ထွက်ခွာခဲ့တာဟာ ထိုစဉ်ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ခံစားခဲ့ရပေမဲ့ ကျွန်တော် လုံးဝ မမျှော်လင့်ထားတဲ့ နည်းလမ်းတွေနဲ့ ကျွန်တော့်ရဲ့ ကံကြမ္မာကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒါ့အပြင် အဲဒီပြောင်းရွှေ့မှုနဲ့အတူ ကြီးမားတဲ့ မျှော်လင့်ချက်တွေလည်း ပါလာခဲ့တာပါ။ လူတွေက ကျွန်တော့်ကို လီဗာပူးလ်မှာ ရှိခဲ့တဲ့ ကစားသမားမျိုး ချက်ချင်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပြီး အဲဒီလို ဖြစ်မလာတဲ့အခါမှာတော့ ဖိအားတွေက အကြီးအကျယ် ဖြစ်လာခဲ့ပါတယ်။ တစ်ခါတစ်လေမှာ ဆုံးဖြတ်ချက်တစ်ခုနဲ့ အဲဒီနောက်မှာ ပါလာတဲ့ မျှော်လင့်ချက်တွေဟာ ခင်ဗျားရဲ့ ကစားသမားဘဝ လမ်းကြောင်းတစ်ခုလုံးကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်"

  • 💬 အာလင်းဟာလန်း "ကလော့ပ် လက်ထက်တုန်းက အန်ဖီးလ်မှာ ကျွန်တော် ဘာလို့ ဂိုးမသွင်းနိုင်ခဲ့တာလဲဆိုပြီး တစ်ခါတလေ တွေးမိတယ်။ ပွဲမစခင်ကတည်းက အဲဒီနေရာရဲ့ ဖိအားနဲ့ ပွဲအရှိန်ကို ခံစားလို့ရနေတာ။ လီဗာပူးက ခင်ဗျားကို လုံးဝ အနားမရအောင် လုပ်ထားသလို ပရိသတ်တွေကလည်း မနားတမ်း အားပေးနေတာဖြစ်လို့ ရတဲ့ အခွင့်အရေးတိုင်းက ဖိအားအောက်မှာပဲ ရတာပါ။ ဒါကြောင့်မို့လို့ စလော့လက်ထက် ရောက်မှ အန်ဖီးလ်မှာ ဂိုးရလိုက်တဲ့အခါ ကျွန်တော် ရူးမတတ် အောင်ပွဲခံခဲ့တာပါ။ အဲဒီအခိုက်အတန့်ကို စောင့်မျှော်နေခဲ့တာ အရမ်း ကြာခဲ့ပြီလေ။ ရင်ထဲက ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ကျသွားသလိုပါပဲ"

  • 🔴 လီဗာပူးအသင်းဟာ ဘယ်တောင်ပံနေရာအတွက် ဘရက်ဒလေ ဘာကိုလာကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အပြောင်းအရွှေ့ ရာသီမပိတ်မီ သဘောတူညီမှု ရရှိဖို့ PSG အသင်းနဲ့ ဆက်လက် ညှိနှိုင်းနေပြီး ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်မှု ရှိနေပါတယ်။ အက်စတွန်ဗီလာနဲ့ ပွဲမှာတော့ ဘာကိုလာအနေနဲ့ ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ တကယ်လို့ ဘာကိုလာသာ ရောက်ရှိလာခဲ့ရင် အသက် ၁၇ နှစ်အရွယ် ပါရမီရှင်သစ် ရီယို အန်ဂူမိုဟာကို ညာတောင်ပံနေရာမှာ ပိုမို အဓိကထား အသုံးပြုသွားဖွယ် ရှိပါတယ်။

  • 🔴 ဗစ်တာ မူညိုဇ်ကို လေ့ကျင့်ရေးကွင်းမှာ ညာနောက်ခံလူ (Right-back) နေရာအတွက် စမ်းသပ် အသုံးပြုနေပါတယ်။ ကလပ်အသင်းဘက်ကလည်း သူ့ကို ဒီနေရာမှာ အဆင်ပြေနိုင်မယ့် ရွေးချယ်မှုတစ်ခုအဖြစ် မြင်နေပြီး နောက်ထပ် နောက်ခံလူတွေ ထပ်မံဝယ်ယူဖို့ အစီအစဉ် မရှိတော့ပါဘူးလို့သိရပါတယ်။

  • 💬 ဂျော်ဒန်ဟန်ဒါဆင် "ချဲလ်ဆီး‌ကိုပြောင်းရွေ့သွားလို့ လီဗာပူး ပရိသတ်အချို့ စိတ်ပျက်သွားကြတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒါကို သစ္စာဖောက်မှုလို့တော့ မမြင်ပါဘူး။ လီဗာပူးဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝနဲ့ ဘဝအတွက် အမြဲတမ်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာပါ။ အသင်းနဲ့ ပရိသတ်တွေအပေါ်လည်း အမြဲတမ်း လေးစားမှု ရှိနေမှာပါ။ ဒါပေမဲ့ ဘောလုံးဆိုတာ စိန်ခေါ်မှုအသစ်တွေနဲ့ မိမိအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လည်း လိုအပ်ပါတယ်။ ချဲလ်ဆီးဆီ ပြောင်းတာက လီဗာပူးမှာ ကျွန်တော် ပေးဆပ်ခဲ့သမျှတွေကို ပျောက်ကွယ်သွားစေမှာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်ကလာခဲ့လဲဆိုတာကို လေးစားလျက်နဲ့ပဲ အနာဂတ်အတွက် ရှေ့ဆက်သွားမှာပါ" 🔴🔵

  • без подписи

  • 🔴 PSG က Mika Godts နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီဆိုတာနဲ့တင် လီဗာပူးက လက်ပိုက်ကြည့်နေရမှာလား? ဒီအပြောင်းအရွှေ့ကို ကြားဖြတ်လုယူလိုက်ဖို့ အရမ်းကောင်းတဲ့ အခွင့်အရေးပါပဲ။ လီဗာပူးအနေနဲ့ တွန့်ဆုတ်မနေဘဲ ပြတ်ပြတ်သားသား လှုပ်ရှားသင့်ပါတယ်။ အေဂျက်စ်တောင်းဆိုထားတဲ့ ယူရို သန်း ၅၀ ကို အပြတ်ပေးပြီး Godts ကို PSG လက်ထဲကနေ ကြားဖြတ် အရယူလိုက်ရမှာပါ။ ဒီလိုနဲ့ တောင်ပံတိုက်စစ်မှူးတစ်ယောက် ရသွားပြီဆိုရင် ကျန်တဲ့ ဘတ်ဂျက်တွေကို အီရာအိုလာရဲ့ အသင်းသစ် ပြန်လည်တည်ဆောက်ရေးမှာ တခြား တကယ်လိုအပ်နေတဲ့ အရေးကြီးနေရာတွေအတွက် ပိုမိုအသုံးချနိုင်သွားမှာ ဖြစ်ပါတယ်။ PSG ဘက်က ဘာကိုလာအပြောင်းအရွှေ့မှာ အချိန်ဆွဲ ကစားချင်နေတယ်ဆိုရင် လီဗာပူးဘက်ကလည်း အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့ထက် ပိုပါးနပ်ကြောင်း လက်တွေ့ပြသလိုက်ဖို့ပဲ ရှိပါတော့တယ်။

  • 🔴 အင်တာမီလန်အသင်းဟာ ကွင်းလယ်လူ ကားတစ် ဂျုန်းစ်ကို ခေါ်ယူဖို့ လီဗာပူးနဲ့ ဆွေးနွေးပွဲတွေ ပြန်စတင်နေပြီဖြစ်ပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့တစ်လျှောက်လုံးမှာ ကားတစ် ဂျုန်းစ်ဟာ အင်တာမီလန်ရဲ့ အဓိက ပစ်မှတ်တွေထဲက တစ်ယောက် ဖြစ်ခဲ့တာပါ။ သို့သော်လည်း အသင်းဘက်က ကစားသမားသစ် မခေါ်ယူမီ လက်ရှိကစားသမားအချို့ကို ရောင်းထုတ်ဖို့ စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပါတယ်။

  • 💬 အင်္ဂလန်ကို ပြန်လာနိုင်ခြေနဲ့ ပတ်သက်ပြီး အာနေး စလော့တ်ရဲ့ပြောကြားချက် - "အမှန်အတိုင်း ပြောရရင် အင်္ဂလန်ကို ပြန်လာဖို့ ကျွန်တော် ဝန်မလေးပါဘူး။ ပရီးမီးယားလိဂ်ကိုရော ထိပ်တန်းအဆင့်မှာ နည်းပြရတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကိုပါ လွမ်းမိပါတယ်။ အန်ဖီးလ်မှာ မို ဆာလာ၊ ဗန်ဒိုက် တို့လို ကစားသမားတွေနဲ့ လက်တွဲခဲ့ရတဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေ ကျွန်တော့်မှာ ရှိနေဆဲပါ။ လီဗာပူး ပရိသတ်အချို့က ကျွန်တော် ပြန်လာတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမှာ မဟုတ်မှန်း သိပေမဲ့... ဘောလုံးဆိုတာ ဘောလုံးပါပဲ။ တကယ်လို့ ဇန်နဝါရီမတိုင်ခင် ချဲလ်ဆီးကများ ကျွန်တော့်ကို ဖုန်းဆက်လာရင်တော့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး။ အကယ်၍ လီဗာပူးမှာ အီရာအိုလာက လက်ထောက်တစ်ယောက် လိုအပ်နေတယ်ဆိုရင်လည်း... ကဲ ကျွန်တော့်ဖုန်းကတော့ အမြဲတမ်း ပွင့်နေပါတယ်ဗျာ။"

  • 💬 ကိုဒီ ဂက်ပို : "လီဗာပူး ပရိသတ်အချို့ ကျွန်တော့်အပေါ် ယုံကြည်မှု လျော့နည်းသွားကြတာ သိပါတယ်၊ ဝေဖန်သံတွေကိုလည်း ကြားနေရပါတယ်။ ပုန်းရှောင်နေမှာ မဟုတ်ပါဘူး။ ဆက်လက် ကြိုးစားမယ်၊ တိုက်ပွဲဝင်မယ်၊ ပိုကောင်းအောင် ဆက်ပြင်ဆင်သွားပါမယ်။ စကားတွေနဲ့ တုံ့ပြန်နေဖို့ မလိုပါဘူး၊ ကျွန်တော့်ရဲ့ ခြေစွမ်းနဲ့ပဲ သက်သေပြချင်တာပါ။ ကျွန်တော့်ရဲ့ ပစ်မှတ်ကတော့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူဖို့နဲ့ ကျွန်တော်ဟာ ဒီအသင်းနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ပါပဲ။"

  • 💬 မက်အလစ္စတာ "အသင်းနဲ့ ပြန်လည် ပူးပေါင်းခွင့်ရတာ တကယ်ကို စိတ်ထဲ အဆင်ပြေပါတယ်။ အပြောင်းအရွှေ့ ကာလဖွင့်ချိန်ဆို သတင်းအကောလဟာလတွေ ထွက်လေ့ရှိမှန်း သိပေမဲ့ ကျွန်တော်ကတော့ ဒါတွေကို နားမယောင်မိအောင် ကြိုးစားပါတယ်။ ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှုက လီဗာပူးလ်၊ အသင်းဖော်တွေနဲ့ ရှေ့မှာ ကြုံတွေ့ရမယ့် ရာသီသစ်အပေါ်မှာပဲ ရှိတာပါ။" "ဒါ့အပြင် ကျွန်တော်တို့အသင်းဆီ အဆင့်မြင့် ကစားသမားကောင်းအချို့လည်း ရောက်ရှိလာခဲ့ပြီဆိုတော့ အသင်းရဲ့ အရည်အသွေးနဲ့ အပြိုင်အဆိုင် ဖြစ်မှုတွေကို အခုတည်းက ခံစားနေရပါပြီ။ စစ်ကူသစ်တွေက လန်းဆန်းတဲ့ စွမ်းအင်တွေကို ယူဆောင်လာပေးပြီး ဒါက ကျွန်တော်တို့ကို ပိုပြီး သန်မာလာစေမှာပါ။ ဒီရာသီမှာ ကျွန်တော်တို့မှာ ကြီးမားတဲ့ မျှော်မှန်းချက်တွေ ရှိနေသလို ကျွန်တော်ကိုယ်တိုင်လည်း ဒီခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်ပါတယ်။"

  • 💬 ကျောနံပါတ် ၃၃ ကို ရွေးချယ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ရော်နယ် အာရူဟိုရဲ့ ပြောကြားချက် - "ကျွန်တော် အဓိပ္ပာယ်ရှိတဲ့ ကျောနံပါတ်မျိုးပဲ လိုချင်ခဲ့တာပါ။ ကျွန်တော့်မတိုင်မီ ဒီနံပါတ် ၃၃ ကို ဝတ်ဆင်ခဲ့ဖူးတဲ့ ကစားသမားတွေကို ကြည့်ပြီး ဒီနံပါတ်ဟာ ရိုးရိုးနံပါတ်တစ်ခု မဟုတ်တာကို သဘောကျမိတာပေါ့။" "ဗန်ဒိုက်က နံပါတ် ၄ ကို ဝတ်တာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ဘေးမှာ ရပ်တည်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်သမိုင်းသစ်တစ်ခုကို ဖန်တီးချင်တာပါ။" "အန်းဖီးလ်မှာ ဒီအင်္ကျီကို ပထမဆုံးအကြိမ် ဝတ်ဆင်လိုက်တဲ့အခါ နံပါတ် ၃၃ ဆိုတာ လီဗာပူးလ်ပရိသတ်တွေအတွက် အဓိပ္ပာယ်ရှိတဲ့ နံပါတ်တစ်ခု ဖြစ်စေချင်ပါတယ်။"

  • 💬 ဘာစီလိုနာနဲ့ ယှဉ်ရင် လီဗာပူးလ်ရဲ့ လေ့ကျင့်ရေးပိုင်း ဘယ်လောက်ကွာခြားလဲဆိုတာကို ရော်နယ် အာရူဟိုရဲ့ပြောကြားချက် - "လေ့ကျင့်ရေး အရှိန်အဟုန်ကတော့ လုံးဝကို ကွာခြားပါတယ်။ ဘာစီလိုနာမှာတုန်းက ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကစားသလိုမျိုး လေ့ကျင့်ခဲ့ရတာပါ။ ဒီမှာကတော့ စစ်ပွဲတစ်ခုကို ပြင်ဆင်နေရသလိုကို ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာပါ။" "အီရာအိုလာက အရာရာကို အမြန်နှုန်းအပြည့်နဲ့ လုပ်စေချင်တာလေ။ သွေးပူလေ့ကျင့်ခန်း လုပ်နေတာတောင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားနေရသလိုမျိုး ခံစားရတယ်။" "ပြီးတော့ ဗန်ဒိုက်၊ ဗာ့ဇ်၊ အီဆက်နဲ့ ဆိုဘိုစလိုင်းတို့လို ကစားသမားတွေက ကိုယ့်ဆီကို အရှိန်နဲ့ ပြေးဝင်လာတာကို တွေ့ရမှာပါ။ ကျွန်တော်တော့ ဒီလိုမျိုးကို တကယ် သဘောကျပါတယ်။" "နောက်ပြီး ဘာကိုလာနဲ့ ဂျက်ဖ် ဘေးဇို့စ် သတင်းတွေကလည်း နေရာတိုင်းမှာ ပျံ့နေတာဆိုတော့ လီဗာပူးလ်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုခု ဖြစ်လာတော့မယ်ဆိုတာ အပြည့်အဝ ခံစားနေရပါတယ်။"

  • 🔴 မိုနာကိုနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်လာခဲ့တဲ့ စပိန်တောင်ပံကစားသမား ဗစ်တာ မူးနို့ဇ် ဟာ လီဗာပူးလ်အသင်း ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့ တိုက်စစ်ပိုင်းမှာ တက်ကြွမှုနဲ့ အားစိုက်ထုတ်မှုအပြည့် ရှိနေတာကို ပြသနိုင်ခဲ့ပါတယ်။ မူးနို့ဇ်ကတော့ လီဗာပူးလ် ပရိသတ်တွေရှေ့မှာ ပွဲဦးထွက် ကစားခွင့်ရခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိကြောင်း နဲ့ အသင်းအတွက် ပိုကောင်းအောင် ကြိုးစားအားထုတ်သွားဖို့ပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အသင်းအတွက်တော့ ခက်ခဲတဲ့ညတစ်ည ဖြစ်ခဲ့ပေမဲ့ စာချုပ်သစ်ကစားသမားလေးအတွက်တော့ အမှတ်တရဖြစ်စရာ အခိုက်အတန့်ပါပဲ။ ဒါဟာ အန်ဖီးလ်မှာ မူးနို့ဇ်ရဲ့ အောင်မြင်မယ့် ခရီးလမ်းအတွက် အစပျိုးမှုတစ်ခုပဲ ဖြစ်ပါစေလို့ မျှော်လင့်ရပါတယ်။

  • без подписи

  • 🔴 လီဗာပူးလ်ရဲ့ တကယ့်ပြဿနာက ခံစစ်တန်းမှာ မဟုတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အဓိကပြဿနာက ခံစစ်မှူးတွေ မဟုတ်ဘဲ ကွင်းလယ်ပိုင်းက ခံစစ်ကို လုံလောက်တဲ့ အကာအကွယ် မပေးနိုင်ဘဲ ဗလာကျင်း ဖြစ်နေတာပါ။ မာနူး ကိုနေးလို ကစားသမားမျိုးက လီဗာပူးလ် လက်ရှိ လိုအပ်နေတဲ့ ခံစစ်အားစိုက်မှု၊ ဘောလုံးလုယူနိုင်စွမ်းနဲ့ ကြံ့ခိုင်မှုတွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို၊ အာဒမ် ဝှာတွန်လို ကစားသမားကလည်း ကွင်းလယ်ကနေ ပွဲကို ဘောလုံးပေးပို့မှု ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိန်းချုပ်ကစားပေးနိုင်မှာပါ။ လက်ရှိမှာ ဘောလုံး ဆုံးရှုံးသွားတိုင်း ဗဟိုခံစစ်မှူးတွေရှေ့မှာ ကာကွယ်ပေးမယ့်သူ မရှိသလို၊ ကွင်းလယ်မှာလည်း ပွဲကို စိုးမိုးထားနိုင်စွမ်း မရှိတာကြောင့် လီဗာပူးလ်ရဲ့ ခံစစ်ဟာ အလွယ်တကူ ထိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။ ခံစစ်မှူးတွေ ဘယ်လောက်ပဲ ထပ်ဝယ်ဝယ်၊ ကွင်းလယ်ရဲ့ စနစ်နဲ့ တည်ဆောက်ပုံက မမျှတနေသရွေ့တော့ ဒီပြဿနာက ထပ်ခါထပ်ခါ ပေါ်လာနေဦးမှာပါပဲ။

  • 🔴 အန်ဒိုနီ အီရာအိုလာကတော့ သူ့ရဲ့ ကစားသမားတွေဟာ မိနစ် ၃၀ တောင် ဆက်တိုက် မပြေးနိုင်ကြသေးဘဲ ပုံမှန် ကြံ့ခိုင်မှုအဆင့် ရောက်ဖို့ အချိန်တော်တော်လေး ယူရဦးမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အာနေး ဆလော့ရဲ့ လေ့ကျင့်ရေး နည်းစနစ်တွေက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိခဲ့လဲဆိုတာ အထင်အရှား မြင်နိုင်ပါတယ်။ အီရာအိုလာ အနေနဲ့ ဒီအသင်းကို သူလိုချင်တဲ့ ကစားဟန်အတိုင်း ပွဲအပြည့် အားစိုက်လိုက်ပါ ပြေးလွှားနိုင်အောင် အစကနေ ပြန်တည်ဆောက်ဖို့ အချိန်တစ်ခုတော့ အသေအချာ ပေးရပါလိမ့်မယ်။

  • 🔴 FSG ဘက်ကတော့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ရှယ်ယာ အရောင်းအဝယ် ကိစ္စတစ်ခုကို ဒီအပတ်အတွင်းမှာပဲ တရားဝင် ထုတ်ပြန်ကြေညာဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက် လာဝယ်မယ့် ရင်းနှီးမြှုပ်နှံသူများအဖွဲ့ရဲ့ ထိပ်ဆုံးမှာတော့ ဘီလျံနာကြီး လက်ရှ်မီ မစ်တယ်လ်ရဲ့ သမက်ဖြစ်သူ အမစ် ဘာတီယာက အဓိက ဦးဆောင်ထားတာပါ။ သူဟာ မကြာသေးမီကမှ ချန်ပီယံရှစ်ကလပ် QPR အသင်းရဲ့ ရှယ်ယာတွေကို ရောင်းထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။ အကယ်၍ ဒီအစီအစဉ်သာ အကောင်အထည် ပေါ်လာခဲ့ရင်တော့ အင်္ဂလန်ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး ကလပ်တစ်ခုဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ ပိုင်ရှင်နေရာမှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး သုံးဦး တစ်ပြိုင်နက်တည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။