tgindex
ဘဲဥမမ🇲🇲

ဘဲဥမမ🇲🇲

Статистика
Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
57
Всего постов
272
Тип
открытый
Язык
my
В каталоге с
12 авг.
Подписчики
1 074
−4 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
27
40 постов
Вовлечённость
2,5%
к подписчикам
Постов в день
8,1
всего 272
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
39
1/48двое суток
44
1/72трое суток
48

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 15 авг.24из shnews07

    видео или голосовое, без подписи

  • 15 авг.24из shnews07

    ဂျပန်နိုင်ငံ ချီဘာဒေသတွင် စံချိန်တင်မိုးကြောင့် ရေကြီး၊ လူ ၈ ဦးသေဆုံးပြီး နာရီတာလေဆိပ်တွင် ခရီးသည်ထောင်ချီ ပိတ်မိ နိုင်ငံတကာသတင်း ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၅ ရက် ဂျပန်နိုင်ငံ တိုကျိုမြို့အရှေ့ဘက်ရှိ ချီဘာခရိုင်တွင် ဩဂုတ်လ ၁၃ ရက်မှ ၁၄ ရက်အတွင်း စံချိန်တင်မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာကြောင်း နောက်ဆုံးရသတင်းများအရ သိရသည်။ ချီဘာဒေသအချို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃၆၀ မီလီမီတာကျော်အထိ ရွာသွန်းခဲ့ပြီး ယခင်မိုးရေချိန်စံချိန်များကို ကျော်လွန်ခဲ့သည်။ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ကလည်း ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ကြောင့် အမြင့်ဆုံးအဆင့် မိုးကြီးသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ မိုးသည်းထန်မှုကြောင့် လမ်းမများနှင့် ရထားလမ်းများ ရေမြုပ်ကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အကြီးအကျယ် ထိခိုက်ခဲ့ပြီး နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားလာရေးလမ်းကြောင်းများလည်း ပြတ်တောက်ခဲ့သည်။ လေဆိပ်တွင် ခရီးသည် ၇,၀၀၀ ခန့် ညအိပ်စောင့်ဆိုင်းခဲ့ရပြီး လေဆိပ်ဝန်ထမ်းများက အိပ်ရာခင်းများနှင့် လိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း Reuters က ဖော်ပြသည်။ ရေကြီးမှုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံများ ရေဝင်မှုကြောင့် နေအိမ် သောင်းနှင့်ချီ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး အချို့ဒေသများတွင် ဓာတ်ငွေ့ဝန်ဆောင်မှုများလည်း ထိခိုက်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်တပ်ဖွဲ့များနှင့် စစ်ဘက်ဆိုင်ရာအဖွဲ့များ ပါဝင်ကူညီနေကြောင်း သိရသည်။ မိုးရွာသွန်းမှု အနည်းငယ်လျော့ကျလာသော်လည်း မြစ်ရေမြင့်တက်မှု၊ မြေသားများ ရေစိုရွှဲနေမှုနှင့် ရေကြီး၊ မြေပြိုနိုင်ခြေများကြောင့် အာဏာပိုင်များက ဆက်လက်သတိထားရန် တိုက်တွန်းထားသည်။ သတင်းရင်းမြစ် — Reuters၊ Associated Press (AP)၊ Japan Meteorological Agency (JMA)၊ Al Jazeera #SHMediaGroup #ဂျပန် #ချီဘာ #မိုးကြီး #ရေကြီး #သဘာဝဘေး 📰 Chief Online News Editor. .................................................................. ‎🟥 SH Media Group ကို Follow လုပ်ရန် ‎ ‎🔹 Website – https://shmediagroupmm.blogspot.com ‎ ‎🔹 Telegram – https://t.me/shnews07 ‎ ‎🔹 Facebook (SH အထူးဟစ်တိုင်သတင်း) – https://www.facebook.com/SHMedia2026 ‎ ‎🔹 Facebook (ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်) – https://www.facebook.com/SHNews07 ‎ ‎🔹 Facebook (အမှန်တရား သတင်းဂျာနယ်) – https://www.facebook.com/SHNewsZaw7 ‎ ‎🔹 TikTok – https://www.tiktok.com/@sh314789 ‎ ‎🔹 YouTube – https://youtube.com/channel/UCLqnKVthBqtyxX0nMRf8-eQ ‎ ‎🔹 Viber Channel – https://invite.viber.com/?g2=AQBmevNkgyhVplZ9lkTwkTaNPLgUEOwOLCAvKZjqEbKHZH35DVNiImXT6yAlDom7 ‎ ‎🔔 အချိန်နှင့်တစ်ပြေးညီ သတင်းများ၊ ဓာတ်ပုံများနှင့် Video များကို ကြည့်ရှုနိုင်ရန် Follow လုပ်ထားပေးပါ။

  • 15 авг.5из the_way_of_buddha

    စိတ်ချမ်းသာချင်ရင် ခေါင်းထဲမှာ အမှိုက်တွေမထည့်နဲ့။ ----------------------- နေ့စဉ်တရားအသိတစ်ခုရယူပါ။ လိုက်နာကျင့်သုံးပါ။ တရားထူးလေးများနာယူနိုင်ရန် Channel join ထားပါနော်။ https://t.me/the_way_of_buddha

  • 15 авг.10из peoplemedianews

    မိတ်ဆွေများ ခင်ဗျာ ခရီးသွားနေသောကြောင့် သတင်း မတင်ပြနိုင်ရခြင်း ဖြစ်ပါတယ် ခင်ဗျာ။

  • 15 авг.9из peoplemedianews

    видео или голосовое, без подписи

  • 15 авг.9из peoplemedianews

    ညောင်ဦးမြို့နယ်တွင် ရေးကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်း (၈) ကျောင်း ယာယီပိတ်ထား …………………………………………… နေပြည်တော်၊ ဩဂုတ် ၁၄ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်း(၈) ကျောင်းယာယီပိတ်ထားရကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/aiaod

  • 15 авг.8из peoplemedianews

    видео или голосовое, без подписи

  • 15 авг.8из peoplemedianews

    ကျိုက္ခမီမြို့တွင် အမျိုးသမီးတစ်ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါပိုး တွေ့ရှိ …………………………………………… နေပြည်တော်၊ ဩဂုတ် ၁၄ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/TBZQa

  • 15 авг.10из NPNewsMyanmar

    Audio(14.8.2026) - K Comedy

  • 15 авг.10из NPNewsMyanmar

    တော်လှန်ရေး သူတောင်းစားဖြစ်လာတဲ့ NUG နဲ့ မြန်မာတွေကို လက်ဖြန့်နည်း သင်ပေးတဲ့ EU ၊ ဒုဋ္ဌဝတီမြစ်ဘေးက အပန်းဖြေစခန်း (၁၅) ခုမှာ (၂) ခုသာ လိုင်စင်ရှိ၊ လျှပ်စစ် Smart မီတာ အနိမ့်ဆုံး ငွေ (၂) သိန်းခွဲနဲ့ စမယ့်ကိစ္စ၊ ရွှေတိဂုံစေတီတော်ကြီးမှာ CCTV အလုံး (၆၅၀) ကျော် တပ်မယ်(၁၄-၈-၂၀၂၆) https://www.nssmy.com/news_detail/24593/8/8 လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန် ဖုန်း - 09-444681478 (Viber)

  • 15 авг.10из MT_News_Media

    ​ယေရှုတရုတ်မအဖွဲ့ ဝင်ရောက်လာမှုကြောင့် "ဝ" ဒေသရှိ ခရစ်ယာန်ဘုရားကျောင်းများ UWSA ယာယီပိတ်သိမ်း ​နေမိုး ၁၄. ၈. ၂၀၂၆ ​"ယေရှုတရုတ်မ" အမည်ခံအဖွဲ့ "ဝ" ဒေသအတွင်း ဝင်ရောက်လာသည့်အတွက် UWSA ထိန်းချုပ်နယ်မြေဖြစ်သော ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နှင့် တောင်ပိုင်း ၁၇၁ စစ်ဒေသတို့ရှိ ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးကို "ဝ" တပ်ဖွဲ့ဘက်မှ ယာယီပိတ်သိမ်းလိုက်ကြောင်း UWSA ထိန်းချုပ် မီဒီယာတစ်ခုဖြစ်သည့် Wa News Land (WNL) က ယနေ့တွင် သတင်းဖော်ပြသည်။ ​လတ်တလော နာမည်ကြီးနေသည့် ခရစ်ယာန်အမည်ခံ တရုတ်ဂိုဏ်း (ဒေသအခေါ် "ယေရှုတရုတ်မ" အဖွဲ့) ဝင်ရောက်လာသည့် သတင်းများကြောင့် ယခုကဲ့သို့ ဘုရားကျောင်းများ ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း WNL က ဆိုသည်။ ​"ပန်ဆန်းက ဘုရားကျောင်းအားလုံးကို ယာယီပိတ်သိမ်းလိုက်တာ မှန်ပါတယ်။ ယေရှုတရုတ်မအဖွဲ့တွေ လာရှုပ်နေတဲ့ သတင်းကြောင့်ပါ။ ဒီမှာက အသင်းတော် ၂၀ ကျော်ရှိပါတယ်။ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ ပြီးရင်တော့ ပြန်ဖွင့်ပေးမယ်လို့ ကြားသိရပါတယ်" ဟု WNL ၏ သတင်းရင်းမြစ်တစ်ခုက ပြောကြားထားသည်။ ​အဆိုပါကိစ္စကို UWSA/UWSP ဗဟိုမှ တိုက်ရိုက်ကိုင်တွယ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ အလားတူ နားဝီးမြို့ရှိ အသင်းတော် ၇ ခုလုံးကိုလည်း ပိတ်သိမ်းထားပြီး "ယေရှုတရုတ်မ" ကို ယုံကြည်သူ အမျိုးသမီးတစ်ဦးနှင့် ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း.... ◾ Website တွင် ဆက်လက် ဖတ်ရှုရန် https://www.mtnewstoday.com/?p=143819 Ref & Photo WNL #ယေရှု #ခရစ်တော် #ယေရှုတရုတ်မ #UWSA #ဝလက်နက်ကိုင် #ခရစ်ယာန်ဘုရားကျောင်း #ယာယီပိတ်သိမ်း #MT #mtnews #MyanmarTransparency

  • 15 авг.9из MT_News_Media

    ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ယနေ့ အသိပေး ◾ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၅၄၀၀၀၀ ကျော်သာရှိပြီး ဘင်္ဂါလီတစ်သန်းကျော် ထွက်ပြေးဟု ပြောဆိုမှုများ မှားယွင်းဟုပါ ပြော ◾ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူများ စာရင်းအဖြစ် ၈၂၈၈၂၄ ဦး စာရင်းပေးပို့ခဲ့ရာ ၄၂၆၅၄၅ ဦးအား စိစစ်ခဲ့ပြီးဖြစ်ပြီး စိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အထောက် အထားတွေ့ရှိသူ ၃၀၈၇၉၇ ဦးနှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄၂၄၁ ဦးသာ တွေ့ရှိ သတိုး ၁၅. ၈. ၂၀၂၆ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ရှင်းလင်း အသိပေးသည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိစခန်းများတွင် နေထိုင်လျက်ရှိသူများနှင့် ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံ ပုံဖော်ရေးသားလျက် ရှိကြသည်။ ယင်းသို့ ရေးသားထုတ်ဝေ၊ ထုတ်လွှင့်ပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ်အခြေခံလျက် တစ်ဖက်စောင်းနင်း ရေးသားပြောဆိုနေကြခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ကို ရှင်းလင်း ဖော်ပြလိုသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရှင်းလင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများနှင့် ပတ်သက်သည့် အဖြစ်မှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် အာဆာအကြမ်းဖက်အဖွဲ့က လူအင်အား၊ လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို တစ်ပြိုင်နက်တိုက်ခိုက်မှုများ၊ ထပ်တိုးတိုက်ခိုက် မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တပ်မတော်က အကြမ်းဖက် နှိမ်နင်းမှုစစ်ဆင်ရေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရသည်။ အာဆာ အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်တိုက်ခိုက်မှုကြောင့်ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့ ထွက်ပြေးကြရပြီး ဘင်္ဂါလီ အမြောက်အမြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသီးသီး နေရပ်စွန့်ခွာ သွားခဲ့ခြင်းဖြစ်ပါသည်။ မှတ်တမ်းများအရ အာဆာအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် မတိုင်မီ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ရှိ ဘင်္ဂါလီ လူဦးရေမှာ ၇၄၀၀၀၀ ကျော်ရှိခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါလီ လူဦးရေ၂၀၀၀၀၀ ကျော် ကျန်ရှိနေထိုင်လျက်ရှိသဖြင့်၊ ဘင်္ဂါလီလူဦးရေ ၅၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းစိစစ်ချက်အရ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ (၁)သန်းကျော်ရှိသည်ဟု ပြောကြားနေမှုများမှာ မှားယွင်း .... ◾ Website တွင် ဆက်လက် ဖတ်ရှုရန် https://www.mtnewstoday.com/?p=143822 #ရခိုင် #ဘင်္ဂလီ #ARSA #အကြမ်းဖက် #ဒုက္ခသည် #လှေစီးဒုက္ခသည် #လုံခြုံရေးအခြေအနေ #တိုးတက် #ပြန်လည်လက်ခံမည် #နေရပ်စွန့်ခွာသူများ #နေထိုင်ဖူးကြောင်းအထောက်အထား #ဘင်္ဂလားဒေ့ရှ် #MT #mtnews #MyanmarTransparency

  • 15 авг.8из myanmarhardtalk

    MHTNewsရဲ့(14-08-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့ (၁)သံတမန်နေအိမ်မှဖယ်ပေးဖိုငြင်းဆန်တဲ့အင်္ဂလန်သံအမတ်ပြုတ်ဦးကျော်စွာလင်းလမ်းအမှု၊ (၂)ဂျပန်-ရုရှားနယ်မြေပိုင်ဆိုင်မှုအငြင်းပွါးမှုကိုသုံးသပ်ခြင်း၊ (၃)မြန်မာမှာနိူင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖိုမှတ်ချက်ပေးတဲ့အမေရိကန်သံအမတ်၊ စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။ K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။ #mhtnews

  • 15 авг.9из myanmarhardtalk

    MHTNewsရဲ့(14-08-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့ (၁)သံတမန်နေအိမ်မှဖယ်ပေးဖို့ငြင်းဆန်တဲ့အင်္ဂလန်သံအမတ်ပြုတ်ဦးကျော်စွာလင်းလမ်းအမှု့၊ (၂)ဂျပန်-ရုရှားနယ်မြေပိုင်ဆိုင်မှု့အငြင်းပွါးမှု့ကိုသုံးသပ်ခြင်း၊ (၃)မြန်မာမှာနိူင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့မှတ်ချက်ပေးတဲ့အမေရိကန်သံအမတ်၊ စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။ K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။ #mhtnews

  • 15 авг.13из popularjournal

    видео или голосовое, без подписи

  • 15 авг.7из the_way_of_buddha

    အရာအားလုံးဟာ ခဏလေးပါပဲ။ ----------------------- နေ့စဉ်တရားအသိတစ်ခုရယူပါ။ လိုက်နာကျင့်သုံးပါ။ တရားထူးလေးများနာယူနိုင်ရန် Channel join ထားပါနော်။ https://t.me/the_way_of_buddha

  • ရရှိလာတဲ့ သတင်းများအရ သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းအထိ လေးမျက်နှာ ငဝန်မြစ် တာကျိုးပေါက် ပိတ်ဆို့မှု လုပ်ငန်းစဥ်ဟာ ၂၄ ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးကြောင်း သိရပါတယ်။ တာကျိုးပေါက်ကို ပိတ်ရန် ပိုင်တိုင်ရိုက်ရမည့် သံချောင်းအရေအတွက်မှာ (၂၈၆) ချောင်း ဖြစ်ပြီး လက်ရှိချိန်အထိ (၆၉) ချောင်းသာ ရိုက်သွင်းနိုင်ပါသေးကြောင်း သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ငဝန်မြစ်ရေလည်း မြင့်တက်လာနေပါတယ်။ အိုင်သပြုမြို့တွင်လည်း ရေပြန်တက်နေပြီး ယခင်ရေတက်ခဲ့တဲ့ အမြင့်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ရေပြန်ကျဖို့ လုံးဝ မရှိသေးတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးများ ပိုမိုလိုအပ်လာမှာ ဖြစ်ပါတယ်။ ရေဘေးဒုက္ခသည် ပြည်သူများကိုလည်း ရေကင်းလွတ်ရာ နေရာတွေမှာ ရေရှည်နေထိုင်ဖို့ စဥ်းစားရတော့မယ့် အချိန် ရောက်နေပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။ #လေးမျက်နှာ

  • 14 авг.94из shnews07

    видео или голосовое, без подписи

  • 14 авг.93из shnews07

    သဖန်းဆိပ်ဆည်မှ ရေထပ်လွှတ်၍ ဒေသခံများ အရေးပေါ်ရွှေ့ပြောင်းရန်လို စစ်ကိုင်းတိုင်း ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၄ ရက် သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်လာသဖြင့် ဩဂုတ် ၁၃ ရက် မနက်ပိုင်းမှစ၍ ရေပိုလွှဲပေါက်များမှ ရေထပ်မံလွှတ်ချနေပြီး မူးမြစ်အတွင်း ရေပြန်တိုးလာနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါရေကြောင့် ကာဘိုးဆည်အောက်ပိုင်းနှင့် မူးမြစ်ကမ်းဘေး မြေနိမ့်ပိုင်းဒေသများတွင် ရေပြန်တက်နိုင်သဖြင့် ရေဘေးအန္တရာယ်ရှိသည့် ဒေသခံများအနေဖြင့် ကုန်းမြင့်နှင့် ရေလွတ်ရာနေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ရန် လိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း ရေဘေးကြောင့် အိမ်ထောင်စု ၃,၂၂၁ စု၊ လူဦးရေ ၁၁,၄၀၃ ဦးမှာ ရေဘေးရှောင်စခန်း ၂၉ ခုတွင် ယာယီနေထိုင်နေရပြီး ရေဘေးကယ်ဆယ်ရေးအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ #SHMediaGroup #စစ်ကိုင်းတိုင်း #သဖန်းဆိပ်ဆည် #မူးမြစ် #ရေဘေး 📰 Chief Online News Editor. .................................................................. ‎🟥 SH Media Group ကို Follow လုပ်ရန် ‎ ‎🔹 Website – https://shmediagroupmm.blogspot.com ‎ ‎🔹 Telegram – https://t.me/shnews07 ‎ ‎🔹 Facebook (SH အထူးဟစ်တိုင်သတင်း) – https://www.facebook.com/SHMedia2026 ‎ ‎🔹 Facebook (ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်) – https://www.facebook.com/SHNews07 ‎ ‎🔹 Facebook (အမှန်တရား သတင်းဂျာနယ်) – https://www.facebook.com/SHNewsZaw7 ‎ ‎🔹 TikTok – https://www.tiktok.com/@sh314789 ‎ ‎🔹 YouTube – https://youtube.com/channel/UCLqnKVthBqtyxX0nMRf8-eQ ‎ ‎🔹 Viber Channel – https://invite.viber.com/?g2=AQBmevNkgyhVplZ9lkTwkTaNPLgUEOwOLCAvKZjqEbKHZH35DVNiImXT6yAlDom7 ‎ ‎🔔 အချိန်နှင့်တစ်ပြေးညီ သတင်းများ၊ ဓာတ်ပုံများနှင့် Video များကို ကြည့်ရှုနိုင်ရန် Follow လုပ်ထားပေးပါ။

  • видео или голосовое, без подписи

ဘဲဥမမ🇲🇲 — tgindex