tgindex
Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️

Master Neo ရဲ့ဘောလုံးသတင်း တင်ဆက်မှုများ⚽️

Статистика

18+/ကြော်ငြာများ သည်းခံပေးကြပါ ❌ Tips channel - https://t.me/mastertipsneo

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
66
Всего постов
78
Тип
открытый
Язык
my
Категория
Эротика
В каталоге с
13 авг.
Подписчики
1 254
+8 за 3 дн.
Сутки
+8
+0,64%
Неделя
 
Месяц
 
Просмотров на пост
88
40 постов
Вовлечённость
7,0%
к подписчикам
Постов в день
9,4
всего 78
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
105
1/48двое суток
120
1/72трое суток
129

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 🚨HERE WE GO! အရောင်းရော အဝယ်ပါ ခပ်သွက်သွက် လှုပ်ရှားနေတဲ့ ပီအက်စ်ဂျီ ပီအက်စ်ဂျီအသင်းဟာ အိုင်ယက်စ်အသင်းမှ ဘယ်လ်ဂျီယံ လူငယ်တောင်ပံကစားသမား မီကာ ဂေါ့ဒ်စ် ကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီ ဘက်က နောက်ဆုံး တရားဝင်ကမ်းလှမ်းမှု ပေးပို့ပြီးနောက် စုစုပေါင်း ယူရို ၅၅ သန်း တန်ကြေးရှိတဲ့ အပြောင်းအရွှေ့ သဘောတူညီချက်ကို ရရှိခဲ့တာပါ။ လက်ရှိမှာ စာရွက်စာတမ်းကိစ္စများ မပြီးသေးပေမယ့် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

  • 🚨 BREAKING: ချဲလ်ဆီးအသင်းရဲ့ ကာဇက်စတန် လူငယ်ကြယ်ပွင့် ဒက်စတန် ဆတ်ပါယက်ဗ်ဟာ ဘန်လေအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘန်လေအသင်းဟာ ဆတ်ပါယက်ဗ်ကို ခေါ်ယူရန် အပြင်းအထန် ကြိုးပမ်းခဲ့ပြီး ချဲလ်ဆီးအသင်းကလည်း ယနေ့ညတွင် ခွင့်ပြု ပေးခဲ့ပါတယ်။ စာချုပ်တွင် အပြီးသတ်ဝယ်ယူခွင့် မပါဝင် တဲ့အတွက် ဆတ်ပါယက်ဗ်ဟာ ဘန်လေအသင်းတွင် အငှားကာလ ပြီးဆုံးပြီးနောက် ၂၀၂၇ ခုနှစ် ဇွန်လတွင် ချဲလ်ဆီးအသင်းထံ ပြန်လည် လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

  • 🚨BREAKING: သောကြာနေ့ ညနေ ၅ နာရီအထိ ချယ်လ်ဆီးအသင်းက သတ်မှတ်ထားတဲ့ အန်ဇို ဖာနန်ဒက်ဇ် အတွက် ကမ်းလှမ်းမှုနောက်ဆုံးအချိန် သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး မန်စီးတီးအသင်းအပါအဝင် ဘယ်အသင်းကမှ တရားဝင် ကမ်းလှမ်းမှု မပို့ခဲ့ပါဘူး။ ပေါင် သန်း ၁၂၀ ဖြင့် ထွက်ခွာခွင့် သတ်မှတ်ချက်ဟာလည်း ယခုအချိန်ကစပြီး အလိုအလျောက် ပယ်ဖျက်သွားပြီဖြစ်ပါတယ်။ အဆိုပါ သတ်မှတ် ချက်ကို မေလအတွင်း အန်ဇိုရဲ့ အေးဂျင့်များဆီကို နှုတ်ဖြင့် အသိပေးထားခဲ့ပြီး စိတ်ဝင်စားတဲ့ အသင်းများကို ပေးပို့နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်းက သတ်မှတ်ချိန်ကျော်လွန်ပြီးမှ ကမ်းလှမ်းမှုတင်သွင်းလာမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဘက်ကတော့ အန်ဇို ဖာနန်ဒက်ဇ် ဟာ ၂၀၂၆-၂၇ ရာသီမှာ အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။

  • အာဆင်နယ်ရဲ့ တောင်ပံကစားသမား မာတင်နယ်လီအနေနဲ့ ဂါလာတာစာရေးရဲ့စိတ်ဝင်စားမှုကိုသိရှိပေမယ့် အာဆင်နယ်ကနေ ထွက်ခွာမှာမဟုတ်ဘူးဆိုပြီး အသင်းကို အသိပေးလာပါတယ် 🇧🇷 အာဆင်နယ်ဘက်က သင့်တော်တဲ့ကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းလာရင် ဂါလာစာရေးကိုရောင်းချဖို့စိတ်ကူးခဲ့ပေမယ့် ကစားသမားဘက်က အာကြီးမှအာကြီးပဲစိတ်ထဲမှာရှိခဲ့ပါတယ် 🔴 [via David_Ornstein]

  • အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို အခုချိန်ထိ ခေါ်ယူလို့ မရသေးတာဟာ ရီးရဲလ်မက်ဒရစ်က ဝင်နှောင့်ယှက်ခဲ့တာကြောင့်လို့ ဘာစီလိုနာက ယူဆနေပြီး အသင်းနှစ်သင်းကြား ဆက်ဆံရေးဟာ လုံး၀ကို ပျက်စီးယိုယွင်းသွားပြီလို့ jfelixdiaz က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့လအတွင်းက အယ်လ်ဗာရက်ဇ်ကို ယူရိုသန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့ပြီး အေတီကိုက ချက်ချင်းပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းမှုဟာ အယ်လ်ဗာရက်ဇ်ရဲ့ တန်ဖိုးကို အေတီကိုဘက်က ပိုပြီး မြှင့်တင်ဖို့အတွက် ဖြစ်သွားခဲ့ပြီး အမှန်တကယ်ခေါ်ယူချင်နေတဲ့ ဘာစီလိုနာအတွက် အခုချိန်ထိ ပြသနာကြီး ဖြစ်နေပါတယ်။ အယ်လ်ဗာရက်ဇ်ကလည်း ဘာကာကို ပြောင်းချင်နေပေမယ့် အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးပမာဏက ညှိနှိုင်းမရဖြစ်နေပြီး အေတီကိုဘက်က တင်းခံနေတာပါ။ ဒါဟာ အယ်လ်ဗာရက်ဇ်ကို တကယ်ခေါ်ယူချင်တာမဟုတ်ဘဲ ဘာစီလိုနာကို သက်သက်မယ့် ကဖျက်ကယက်လုပ်ချင်လို့ ကမ်းလှမ်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ စနက်ကြောင့်လို့ နူးကမ့်ဘက်က ယုံကြည်နေပြီး ဒေါသထွက်နေတာပါ။ ပီရက်ဇ်ရဲ့ ဘာစီလိုနာကို အခက်တွေ့အောင် လုပ်လိုက်ပုံကတော့ တကယ်ကို ပြောစမှတ်တွင်စရာ ဖြစ်နေပါပြီ။ ဘာကာဟာ အယ်လ်ဗာရက်ဇ်အတွက် ယူရိုသန်း ၁၅၀ ကျော် ပေးချေမှပဲ ခေါ်ယူနိုင်မယ့်ကိန်းပါ ဆိုက်နေပါတယ်။

  • မန်စီးတီးကတော့ နည်းပြသစ်လက်ထက်မှာ အသင်းရဲ့ကွင်းလယ်ကို အကြီးအကျယ်ပြောင်းလဲတော့မှာပါ ။ တီအာနေ ရိန်းဒါးစ်ကို ဆော်ဒီလိဂ်ဆီ ယူရို သန်း ၆၀ နဲ့ ‌ရောင်းထုတ်နိုင်ခဲ့တာက တကယ်ကောင်းမွန်တဲ့လုပ်ရပ်လို့ ပြောရမှာပါ ။ ရိုဒရီကိုလည်း အပြောင်းအရွှေ့မပိတ်ခင်မှာ ဘာစီလိုနာဆီကို ရောင်းထုတ်ပါလိမ့်မယ် ။ ပြန်ခေါ်မယ့်ကစားသမားတွေအတွက် စိတ်ချရခြင်းမရှိသေးတာကြောင့် ရိုဒရီကိစ္စက ကြန့်ကြာနေတာပါ ။ အီလီယော့ အန်ဒါဆင်က အသင်းကို ရောက်ထားနှင့်ပြီ ၊ မော်ရိုကိုကွင်းလယ်ကြယ်ပွင့် ဘူအာဒီ ကိုလည်း ကြိုးစားနေတယ် ၊ မကြာခင်ရောက်လာတော့မယ် ( ရိန်းဒါးစ်ရဲ့ အပြောင်းအရွှေ့က အကူအညီပေးသွားခဲ့ပါပြီ ) ။ အန်ဇို ဖာနန်ဒက်ဇ်ကတော့ ရောက်မယ်မရောက်ဘူး ပြောဖို့ခက်ပါတယ် ၊ ရိုဒရီဆက်ရှိနေရင် အန်ဇို မရောက်လာနိုင်ပါဘူး ။ ဘာပဲဖြစ်ဖြစ် မန်စီးတီးကတော့ နည်းပြသစ်လက်ထက်မှာ အရင်နှစ်က အားနည်းခဲ့တဲ့ကွင်းလယ်ကို အဓိကတည်ဆောက်နေတာ အသိသာကြီးပါပဲ ။ မန်စီးတီး ဘယ်လောက်အထိ ပြန်ကောင်းလာမလဲဆိုတာတော့ စောင့်ကြည့်သင့်နေပါပြီ

  • 🚨HERE WE GO! နာပိုလီအသင်းက ချယ်လ်ဆီးနောက်ခံလူ ဘန်နွာ ဘာဒီယာရှီးလ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ အသင်းနှစ်သင်းကြား နှုတ်အားဖြင့် သဘောတူညီမှု ပြီးမြောက်သွားခဲ့ပြီး အငှားကြေး ယူရို ၃ သန်း၊ အပိုဆုကြေး ယူရို ၁ သန်းနှင့် အပြီးသတ် ဝယ်ယူခွင့် ယူရို ၂၇ သန်း ပါဝင်တဲ့ စာချုပ်ပုံစံဖြစ်ပါတယ်။ ထို့အပြင် ကစားသမားရဲ့ လစာကိုလည်း နာပိုလီဘက်က အပြည့်အဝ တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီအတွက် ဗဟိုနောက်ခံလူသစ်တစ်ဦး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

  • 🚨 ဘာစီလိုနာအသင်းက မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား ရိုဒရီကို ခေါ်ယူနိုင်ဖို့ တတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ ယခင် ယူရို သန်း ၅၀ နှင့် ယူရို သန်း ၆၀ တန် ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို မန်စီးတီးဘက်က ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ နှစ်သင်းကြား တိုက်ရိုက် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေပါတယ်။ မန်စီးတီးအသင်းက ယူရို သန်း ၈၀ ဝန်းကျင် အလိုရှိနေပြီး၊ ဘာစီလိုနာဘက်ကလည်း ယူရို သန်း ၆၀ နှင့် ယူရို သန်း ၈၀ ကြား ညှိနှိုင်းကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ရိုဒရီကို ခေါ်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်မှုအပြည့်ရှိနေဆဲ ဖြစ်ပြီး အပြောင်းအရွှေ့ အောင်မြင်ဖို့ အကောင်းမြင်နေပါတယ်။

  • လေဗာကူဆင်အသင်းဟာ အသင်းရဲ့ အသက် ၂၇နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်ကစားသမား အက်ဆီကွီလ် ပလာစီယို့စ်အတွက် အစ်ပ်စ်ဝစ်ချ် အသင်းထံမှ ယူရို ၂၀ သန်းဝန်းကျင်ဖြင့်ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါသည်။ လေဗာကူဆင်အသင်းဘက်ကတော့ အဆိုပါကမ်းလှမ်းမှုဟာ“ အာဂျင်တိုင်သားအတွက်အလွန်နည်းပါးလွန်းတယ် ” လို့ သတ်မှတ်ထားပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန်အလိုရှိနေပြီး ၎င်းရဲ့ဆန္ဒနဲ့ပတ်သက်၍လေဗာကူဆင်အသင်းထံ ကို အသိပေးထားတယ်လို့ သတင်းများထွက်ပေါ်လျှက်ရှိပါသည်။

  • ဂျာမန်ကလပ် Dynamo Dresden ကတော့ ကွင်းအတွင်းမှာ Influencer တွေနဲ့ Vlogger တွေ ရိုက်ကူးခွင့်ကို အပြီးတိုင် ပိတ်ပင်လိုက်တဲ့ ပထမဆုံး ဂျာမန်ကလပ် ဖြစ်လာခဲ့ပါတယ်။ ကွင်းထဲမှာ ကိုယ့်အသင်းကို လာအားပေးတာထက် သူတို့ရဲ့ ကိုယ်ပိုင် ဆိုရှယ် အကောင့်တွေမှာ Followers တိုးဖို့ ၊ attention ရဖို့ အတွက် လာရောက် ရိုက်ကူးနေသူမှန်သမျှကို ကွင်းထဲကနေ ချက်ချင်း မောင်းထုတ်သွားမယ်လို့ တင်းတင်းကျပ်ကျပ် ကြေညာလိုက်တာပါ။ ကလပ်ရဲ့ သဘောထားကတော့ ရှင်းရှင်းလေးပါ – "ပွဲကစားချိန်ဆိုတာ ကွင်းထဲက မိမိအသင်းကို အားသွန်ခွန်စိုက် အားပေးရမယ့် အချိန်ဖြစ်ပြီး၊ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေရမယ့်အချိန် မဟုတ်ဘူး" ဆိုတာပါပဲ။ ဒီနေ့ခေတ်မှာ IShowSpeed လို Creator တွေဟာ အဓိက ရုပ်သံလိုင်းတွေရဲ့ ဘောလုံးအစီအစဉ်တွေမှာ ပါဝင်လာကြတယ်၊ ကွင်းထဲက ကို့ရို့ကားယား လုပ်ပြတယ် ၊ လွန်ကဲတဲ့ အောင်ပွဲခံမှုတွေ ၊ တုံ့ပြန်မှုတွေကို တိုက်ရိုက်ထုတ်လွှင့်ကြတယ်၊ နောက်ဆုံး ကမ္ဘာ့ဖလား ပိတ်ပွဲအခမ်းအနားအထိပါ ပါဝင်ခွင့်ရလာတဲ့အထိ အားကစားပွဲတွေမှာ Content Creator တွေက နေရာယူလာခဲ့ကြပါတယ် ။ ဒီလို ခေတ်ရေစီးကြောင်းကြီးထဲမှာ Dresden ရဲ့ လုပ်ရပ်ဟာ ဘောလုံးပွဲရဲ့ စစ်မှန်တဲ့ အားပေးမှု ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ထိန်းသိမ်းလိုက်တာလား၊ ဒါမှမဟုတ် မော်ဒန် ခေတ် ပရိသတ်ယဉ်ကျေးမှုကို မလိုအပ်ဘဲ ဆန့်ကျင်ဘက် လုပ်လိုက်တာလား ဆိုတာကတော့ ကိုယ့်အတွေး ကိုယ့်အကြိုက်နဲ့ ပဲ ဆုံးဖြတ်ရပါလိမ့်မယ်

  • 🚨 အန်ဇို မာရက်စကာက မန်ချက်စတာစီးတီးအသင်းနှင့် အန်ဇို ဖာနန်ဒက်ဇ်တို့ရဲ့ အပြောင်းအရွှေ့သတင်းများအပေါ် မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းက ယနေ့ ညနေ ၅ နာရီ နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ အန်ဇို ဖာနန်ဒက်ဇ်အတွက် ကမ်းလှမ်းမှု ပြုလုပ်နိုင်မလားဆိုတဲ့ မေးခွန်းအပေါ် မာရက်စကာက “အမှန်အတိုင်း ပြောရရင် ဒီနေ့တော့ ဘာမှ ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဒီနေ့ ကျွန်တော်တို့ ဘာမှ လုပ်ဖြစ်မယ်လို့လည်း မထင်ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်အထိ မန်စီးတီးအသင်းဘက်မှ အန်ဇို ဖာနန်ဒက်ဇ်အတွက် တရားဝင် လှုပ်ရှားမှုများ အလောတကြီး ပြုလုပ်သွားဖွယ်မရှိသေးကြောင်း မာရက်စကာရဲ့ ပြောကြားချက်က ဖော်ပြနေပါတယ်။ဒါပေမယ့် ချဲလ်ဆီးအသင်းဘက်က ပေါင်သန်း ၁၂၀ တန်ကြေး သတ်မှတ်ထားခြင်း နဲ့ ယနေ့ ညနေ ၅ နာရီ နောက်ဆုံးသတ်မှတ်ချိန် ရှိနေခြင်းကြောင့် အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် နောက်ဆုံးအချိန်တွေမှာ စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာနိုင်သေးပါတယ်။

  • နယူးကာဆယ်အသင်းသည် ဘင်ဖီကာအသင်းရဲ့ အသက် ၂၃နှစ်အရွယ် ဘော့စနီးယားညာနောက်ခံလူ အာမာ ဒီဒစ်ချ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ Package ဖြင့်ခေါ်ယူရန် ဘင်ဖီကာအသင်းနှင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

  • တူရကီကလပ် ဂါလာတာဆာရေးအသင်း နဲ့ FC ပေါ်တိုအသင်းတို့သည် တော့တင်ဟမ်အသင်းရဲ့ တိုက်စစ်မှူး မက်သီစ်တယ်ကို ဒီနွေရာသီမှာ ခေါ်ယူသွားရန် အပြိုင်စိတ်ဝင်စားနေကြပါတယ်။ ဂါလာတာဆာရေးအသင်းဟာ တော့တင်ဟမ်းအသင်းထံ တစ်ရာသီ အငှားပြောင်းရွှေ့ကြေး ယူရို 2.5 သန်း + အပြီးသတ်ဝယ်ယူခွင့် £21 သန်း ပါဝင်တဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ပေါ်တိုအသင်းကတော့ Tel ကိုတစ်ရာသီ အငှားနဲ့ ခေါ်ယူသွားရန် ကမ်းလှမ်းထားကြောင်း သိရှိရပါသည်။ အသက်၂၁နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမားကတော့ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ တော့တင်ဟမ်ကနေ ထွက်ခွာရန်အလိုရှိနေပြီး ပေါ်တိုအသင်းထက် ဂါလာတာဆာရေးအသင်းကို ပြောင်းရွှေ့ကစားရန် ပိုမိုအလိုရှိနေကြောင်းသိရှိရပါသည်။

  • ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အသင်းရဲ့ အသက် ၃၁နှစ်အရွယ်ဘယ်နောက်ခံလူ ဖာလန်မန်ဒီ နဲ့စပိန်လူငယ်နောက်ခံလူ ရာအူးလ် အဆန်စီယိုတို့ကို အသင်းကနေရောင်းထုတ်သွားရန် စီစဉ်နေပါသည်။

  • တူရကီကလပ် ဂါလာတာဆာရေးအသင်းသည် အသင်းရဲ့ အသက်၂၇နှစ်အရွယ် တိုက်စစ်မှူး ဗစ်တာအိုစီမန်အတွက် ဆော်ဒီကလပ်အယ်လ်ဟီလာလ်အသင်းမှ ယူရို ၁၃၀ သန်းဖြင့် ကမ်းလှမ်းမှုကိုငြင်းဆန် ပယ်ချလိုက်ပါသည်။ ဂါလာတာဆာရေးအသင်းဟာ ယူရို သန်း၁၀၀ကျော် ကမ်းလှမ်းမှုတစ်ခုဖြစ်ပေမယ့်လည်း ဗစ်တာအိုစီမန်ကို အသင်းရဲ့ untouchable Player တစ်ဦးဟုသတ်မှတ်ထားပြီး လုံးဝရောင်းချသွားမည်မဟုတ်ဟု ငြင်းဆန်းထားသည့်အပြင် အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေစတင်ဖို့လည်း အစီအစဉ်မရှိကြောင်း ပြောကြားသွားခဲ့ပါသည်။

  • ဘင်ဖီကာအသင်းသည် ဆောက်သမ်တန်အသင်းရဲ့နောက်ခံလူတေလာဟာဝုဒ်ဘဲလစ်စ် ကိုခေါ်ယူရန် ပစ်မှတ်ထားနေပြီး အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကစားသမားအတွက် ပေါင် ၁၇ သန်းနဲ့ စတင်ကမ်းလှမ်းသွားရန် ဆန္ဒရှိနေပါသည်။

  • မိုနာကိုအသင်းရဲ့အသက် ၂၅ နှစ်အရွယ် အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်သည် တော့တင်ဟမ်ဟော့စပါးကို အသင်း ပြောင်းရွှေ့ဖို သဘောတူလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်အထိ စပါးအသင်းဘက်က မိုနာကိုအသင်းထံ တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးပေမယ့် နှစ်ဖက်အကြား ဆွေးနွေးမှုတွေက တိုးတက်လာနေပြီး ဘာလိုဂန်ကိုယ်တိုင်ကလည်း လန်ဒန်ကို ပြန်လာဖို့အသင့်ရှိနေကြောင်း သိရှိရပါသည်။

  • အက်စတွန်ဗီလာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသက် ၃၁နှစ်အရွယ် ပေါ်တူဂီကွင်းလယ်ကစားသမား ဂျာအို ပါဟင်ညာကို တစ်ရာသီအငှား + နောက်ရာသီအပြီးသတ်ဝယ်ယူခွင့်တို့နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဂျာမန်ကလပ်ကတော့ အငှားအပြောင်းအရွှေ့ထက် တခါတည်း အပြီးသတ်ရောင်းချမည့် အပြောင်းအရွှေ့ကိုသာ စိတ်ဝင်စားကြောင်း တုံ့ပြန်ပြောကြားသွားခဲ့ပါသည်။

  • နယူးကာဆယ်အသင်းသည် ဒီနွေရာသီတွင်အသင်းမှထွက်ခွာသွားကြသည့် အသက် ၂၈ နှစ်အရွယ်ဘရာဇီးကွင်းလယ်ကစားသမား ဘရူနို ဂီမာရေးစ် နှင့် အီတလီကစားသမား ဆန်ဒရို တိုနာလီတို့ရဲ့ နေရာကို အစားထိုးရန်အတွက် ဘရိုက်တန်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကင်မရွန်းကွင်းလယ်ကစားသမား ကားလို့စ် ဘယ်လီဘာကိုခေါ်ယူရန် ပစ်မှတ်ထားနေပါသည်။

  • видео или голосовое, без подписи