မောင်ပုည
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 55
- Всего постов
- 65
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 45
- 1/48двое суток
- 51
- 1/72трое суток
- 55
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
PDF အမည်ခံအဖွဲဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦးတိုသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို ဝင်ရောက် နေပြည်တော်၊ ဩဂုတ် ၁၄ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲအစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲအစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံအဖွဲဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂ဝ ဦးတိုသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင် အတွင်းသို ထပ်မံဝင်ရောက်လာကြသည်။
ကျောက်တော်ဒေသမှာ အကြမ်းဖက် AA အဖွဲက လူသစ်စုပေါ်တာဆွဲနေတဲ့အတွက် ကြောက်ပြီးထွက်ပြေးနေတဲ့ အမျိုးသမီးငယ်တွေကို AA အဖွဲက ပြန်လည်ဖမ်းဆီးပြီး နှိပ်စက်နေ..
ဇလွန်မြိုနယ်၌ ဧရာဝတီမြစ်ကမ်းပါးနှင့် တာကြံ့ခိုင်ရေးလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး ပုသိမ်၊ ဩဂုတ် ၁၄ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲသည် ယနေ့တွင် ဇလွန်မြိုနယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ရေပေါက်ကြီးကျေးရွာသို ရောက်ရှိပြီး ဧရာဝတီမြစ်ရေ ဝဲလှည့်တိုက်စားမှုကြောင့် ကမ်းပါးအလျား ၂၅၀ ပေ၊ အနံ ၇၀ ပေခန့် ရေတိုက်စားမှုအား ကာကွယ်ရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို ကြည့်ရှုစစ်ဆေးရာတွင် ရေတိုက်စားမှု ကာကွယ်နိုင်ရေးအတွက် Steel Cable Groyne ၂၅၀ ပေ တပ်ဆင်ထားရှိမှုနှင့် သဲအိတ်၊ ဆွဲသစ်ကိုင်းများ ချထားဆောင်ရွက်နေမှုတိုကို စစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ပေးသည်။
အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ အမေရိကန်ကြံစည်နေ "အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို ပြင်ဆင်နေပါတယ်"လို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။ "ကျနော်တိုဟာ စစ်ရေးလှုပ်ရှားမှုဖြစ်တဲ့ Epic Fury အဆင့်ကနေ စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတဲ့အဆင့်ကို ကူးပြောင်းခဲ့တာပါ။ အခုဆိုရင် သမ္မတရဲ့ အမိန့်အတိုင်း ဒီထက်မကတဲ့ အဆင့်အထိ တိုးမြှင့်လိုက်ပါပြီ။ လာမယ့်သီးတင်းပတ်မှာ သတင်းထုတ်ပြန်ချက်တွေ ဆက်ထွက်လာမှာမို စောင့်ကြည့်ကြပါ။ စီးပွားရေးအရ ပိတ်ဆိုသီးခြားခွဲထုတ်မှု သမိုင်းမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ ပြင်းထန်တဲ့ နည်းလမ်းတွေကို ကျနော်တို ကျင့်သုံးသွားမှာပါ" လို Newsmax သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ပြောသွားခဲ့တာပါ။
Source: BBC Burmese NUG တရားရေးရဲ့ မစီရင်နိုင်သေးတဲ့အမှုတွေ ဓာတ်ပုံ ရင်းမြစ်, NUG/GETTY စစ်ကိုင်းတိုင်းအတွင်းက (NUG) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ တရားစီရင်ရေး ခေါင်းစဉ်အောက်မှာ တုံဆိုင်းနေဆဲဖြစ်ပါတယ်။ မနှစ်တုန်းက ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းက PDF အမျိုးသမီးရဲဘော်တစ်ဦးအဓမ္မပြုကျင့်ခံရမှုကို ၆ လကျော်တဲ့အထိ သေချာ ကိုင်တွယ်မစစ်ဆေးခဲ့ဘူးလို အခြေအနေကို သိသူတချိုက ဘီဘီစီကို ပြောပါတယ်။ NUG ဟာ တရားစီရင်ရေးမှာ အားနည်းနေတာဟာ ပြည်သူတွေကို မလေးစားရာကျတယ်ဆိုပြီး အမျိုးသမီးနဲ့ လူ့အခွင့်အရေး အရပ်ဘက်အင်အားစု တစ်ရာကျော်ကလည်း စာထုတ်တောင်းဆိုထားပါတယ်။ ကန့်ဘလူခရိုင်နဲ့ မြိုနယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲတာဝန်ခံကို သံသယတရားခံအဖြစ် စစ်ဆေးနေတဲ့ မုဒိမ်းမှုတစ်ခုကိုလည်း ၃ နှစ်နီးပါးကြာတဲ့အထိ စီရင်ချက်မချရသေးပါဘူး။
■ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၆၅၀ တပ်ဆင်၍ ဆောင်ရွက်မည် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံခြုံရေးအတွက် စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် CCTV ကင်မရာ ၃၅၀ လုံးအား ၂၀၁၇ ခုနှစ်မှ စတင်ပြီး တပ်ဆင်ထားရှိကြောင်း၊ ယာဉ်ဝင်/ထွက်ပေါက်များ၊ လူဝင်/ထွက်ပေါက်များ၊ ယာဉ်ဝင်ကြေးကောက်ခံသည့်နေရာများ၊ ရင်ပြင်အဆင်းလမ်း နေရာများနှင့် ယာဉ်ရပ်နား ကားဝင်းနေရာများတွင် CCTV ကင်မရာ ၃၅ လုံး တပ်ဆင်ထားကြောင်း၊ စေတီတော်မြတ်ကြီးနှင့် ဆက်စပ်ကားလမ်းများဖြစ်သည့် အာဇာနည်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဦးဥတ္တမလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းတိုတွင်လည်း ကားပတ်လမ်းတစ်လျှောက် CTV ကင်မရာ ၁၅ လုံး တပ်ဆင်ထားရှိကြောင်း၊ ထိုကြောင့် လက်ရှိမြေပြင်တွင် CCTV ကင်မရာ ၄၀၀ တပ်ဆင်ထားပြီး ထပ်မံ၍ CCTV ကင်မရာ အလုံး ၂၅၀ တပ်ဆင်ရန် တင်ဒါခေါ်ယူထားပြီးဖြစ်ကြောင်း ပြန်ကြားရေး၊ ကယ်ဆယ်ရေး၊ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားသည်။
Myanmar Women’s League ဒုတိယအကျော့အတွက် ကစားသမားအပြောင်းအရွှေ့ကာလ သတ်မှတ် ရန်ကုန်၊ဩဂုတ်-၁၄ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို ကြီးမှူးကျင်းပနေသည့် Myanmar Women’s League2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ၁၉ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအကျော့အတွက် အသင်းများအနေဖြင့် ကစားသမားအသစ်များ ခေါ်ယူခြင်း၊ ကစားသမားအပြောင်းအရွှေ့ပြုလုပ်ခြင်းနှင့် စာချုပ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် 2nd Round Player Transfer Window Period ကို ဩဂုတ် ၁၁ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ သတ်မှတ်ပေးထားသည်။
မီတာအသစ်များ မနက်ဖန်(ဩဂုတ် ၁၅ ရက်)မှ စတင်ကာ Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီ နေပြည်တော်၊ဩဂုတ်-၁၄ လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ တစ်ဆင့်ခံပွဲစားများနှင့် ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ကင်းဝေးပြီး အချိန်နှင့် စရိတ်စက သက်သာစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ Website မှတစ်ဆင့် ရုံးချုပ်သို တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်သည်။ Website မှတစ်ဆင့် လျှောက်ထားရာတွင် ဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပေးသွင်းရမည့် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခ အပါအဝင် ကျသင့်နှုန်းထားများသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ အောက်ပါအတိုင်း ပေးသွင်းရမည်ဖြစ်သည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF ကျား ၁၈ ဦး၊ မ ၂ ဦးတို လက်နက်/ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက် တောင်သူမြို၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဩဂုတ်လ ၁၄ ရက် ယနေ့တွင် PDF အဖွဲဝင် ကျား ၁၈ ဦး၊ မ ၂ ဦးတိုလက်နက်/ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြသည်။ အလင်းဝင်ရောက်လာကြသူများအား တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လက်နက်ခဲယမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ မိဘများထံ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့သည်။
အပူပိုင်းမုန်တိုင်း ‘လာလာ’ဝင်ရောက်လာနိုင်သဖြင့် ဟာဝိုင်ယီပြည်နယ်က အရေးပေါ်အခြေအနေထုတ်ပြန် အပူပိုင်းမုန်တိုင်း လာလာ (LaLa) ကြောင့် ယခုသီးတင်းပတ်ကုန်တွင် လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို ဖြစ်ပေါ်နိုင်သဖြင့် အမေရိကန်၏ ဟာဝိုင်ယီပြည်နယ်က သြဂုတ် ၁၃ ရက်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းဖြစ်ပေါ်နေသောအဆိုပါ မုန်တိုင်းမှာအားကောင်းလာနေပြီး ဟာဝိုင်ယီပြည်နယ်၏ဘစ်အိုင်းလန်းကျွန်းသို ချဉ်းကပ်လာချိန်တွင် အားကောင်းလာကာ ဟာရီကိန်းမုန်တိုင်းအဖြစ်ပြောင်းလဲသွားနိုင်သည်ဟုအမေရိကန် အမျိုးသားမိုးလေဝသဌာန(NWS)က ခန့်မှန်း ထားသည်။ လက်ရှိတွင် မုန်တိုင်း၏အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ (ကီ လိုမီတာ ၈၀)ခန့်ရှိပြီး ထိုထက်ပို၍ ပြင်းထန်သည့် လေပြင်းများလည်း တိုက်ခတ်နေသည်။
ဟိုတုန်းက NLD အကြီးပိုင်းတွေရဲ့ အတွေးအခေါ် တွေကလည်း မလွယ်ပါလား။ အဲဒီတုန်းကသာ ရန်ကုန်မှာနေရာချပေးခဲ့ရင် အခုလောက်ဆို ရန်ကုန်ရဲ့ လူဦးရေဟာ အခုထက် ၂ ဆလောက် မဖြစ်သွားဖူးလို့ ပြောမရဘူးနော်။
ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းမြိုနယ်တိုရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆိုနေသည့် ဗေဒါပင်များကိုရှင်းလင်း ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၊ ငသိုင်းချောင်းမြိုနှင့် ကျောင်းကုန်းမြိုနယ်တိုရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆိုနေသော ဗေဒါများကို သြဂုတ် ၁၃ ရက်က ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။ လေးမျက်နှာမြိုနယ်ဘက်မှ စီးဝင်လာသော ရေများ အဟန့်အတားမရှိ လွယ်ကူစွာစီးဆင်းလျော့ကျနိုင်ရေး၊ ရေလမ်းကြောင်းပိတ်ဆိုမှုမရှိဘဲ ရေစီးရေလာကောင်း မွန်စေရေးနှင့် ဒေသခံများ ရေလမ်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးတိုအတွက် ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။
ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၃ ဦးသေဆုံး ဂါဇာမှာ ကြာသပတေးနေ့က အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လူ ၃ ယောက် သေဆုံးခဲ့ကြောင်း ဆေးဘက် ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။ အမေရိကန် ဖိအားကြောင့် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသအတွင်း ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို လျှော့ချထားပေမယ့် ကြာသပတေးနေ့က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲအရာရှိကြီး တစ်ယောက်နဲ့ အရပ်သားပါလက်စတိုင်း နှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ တစ်ပတ်ကျော်ကာလအတွင်း ပထမဆုံးသေဆုံးမှု သတင်းဖော်ပြချက်ဖြစ်ပါတယ်။ ပထမအကြိမ် တိုက် ခိုက်မှုက ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယူနစ်မြို အနောက်ဘက်ပိုင်းက ဆိုင်ကယ်စီးလာသူ နှစ်ယောက်ကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။
အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက် စားနပ်ရိက္ခာထောက်ပံ့၊ ရေကြီးမှုနောက်ဆက်တွဲ ရောဂါအန္တရာယ် အထူးသတိပြုရန် တိုက်တွန်း မန္တလေး၊ ဩဂုတ် ၁၄ မန္တလေးတိုင်းဒေသကြီး အမရပူရမြိုနယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက် ငွေကျပ် ၇၈ သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အဆိုပါ ယာယီရေဘေးရှောင်စခန်းသို သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥတိုကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကြာမြင့်စွာနေရာချထားသည့်USS Lincolnနေရာအစားထိုးရန်လေယာဉ်တင်သင်္ဘောသစ် အရှေ့အလယ်ပိုင်းသိုထွက်ခွာ 14 August 2026 လေယာဉ်တင်သင်္ဘော USS George Washington ဟာ USS Abraham Lincoln နေရာမှာ အစားထိုးရန်အတွက် အာရှ-ပစိဖိတ်ဒေသမှ အရှေ့အလယ်ပိုင်းသို ဦးတည်ထွက်ခွာနေပါတယ်။ ဒီလိုပြန်လည်နေရာချထားမှုကြောင့် ပစိဖိတ်ဒေသမှာ ကာလတစ်ခုအထိ အမေရိကန် လေယာဉ်တင်သင်္ဘော အခြေစိုက်မရှိတော့ဘဲ လစ်ဟာသွားမှာ ဖြစ်ပါတယ်။ USS Abraham Lincoln ဟာ အီရန်အပေါ် အမေရိကန်စစ်ရေးလှုပ်ရှားမှုများကို ပံ့ပိုးရန် ဇန်နဝါရီလတည်းက အရှေ့အလယ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေခဲ့ခြင်း ဖြစ်ပါတယ်။ Lincoln သင်္ဘောဟာ မူလပြန်ရမယ့် မေလထက် အချိန်များစွာ ကျော်လွန်ပြီး ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၄၀ ကျော် ဆက်တိုက်တာဝန်ထမ်းဆောင်ကာ စံချိန်သစ် တင်ခဲ့ပါတယ်။
■ ကော်စတာရီကာနိုင်ငံမှ မူးယစ်ဆေးဝါးမှောင်ခိုသမားတစ်ဦးနှင့် ဂိုဏ်းဝင်တစ်ဦးကို အမေရိကန်သို လွှပြောင်း ကော်စတာရီကာနိုင်ငံမှ မူးယစ်ဆေးဝါးမှောင်ခိုသမားတစ်ဦးနှင့် မူးယစ်ဆေးဝါးဂိုဏ်းဝင်တစ်ဦးကို အမေရိကန်သို ဩဂုတ် ၁၃ ရက်တွင် လွှပြောင်းပေးအပ်ခဲ့ကြောင်း ကော်စတာရီကာ အာဏာပိုင်များက ပြောကြားခဲ့သည်။ Macho Coca ဟု လူသိများသော ကော်စတာရီကာ စီးပွားရေးလုပ်ငန်းရှင် ဂေးလ်ဘတ် ဘဲလ် ဖာနန်ဒက်စ်နှင့် Compadre ဟု လူသိများသော ကိုလံဘီယာနိုင်ငံသား ဂါဘရီယယ် လိုဇာနို ဘိုနီလာတိုအား စန်ဟိုဆေးမြို၏ အနောက်မြောက်ဘက်ရှိ ဟွမ် ဆန်တာမာရီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် နယူးယော့ခ်မြိုသို လေကြောင်းဖြင့် ပိုဆောင်ခဲ့ခြင်းဖြစ်သည်။ အသက် ၆၃ နှစ်အရွယ် ဘဲလ် ဖာနန်ဒက်စ်အား ကော်စတာရီကာနိုင်ငံ၏ အကြီးဆုံး မူးယစ်ဆေးဝါးမှောင်ခိုသမားများထဲမှ တစ်ဦးအဖြစ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ထားပြီး၊ အဆိုပါ ဝန်ကြီးဌာန၏ အချက်အလက်များအရ ၎င်းကို ၂၀၂၃ ခုနှစ်တွင် ပိတ်ဆိုအရေးယူမှုစာရင်း၌ ထည့်သွင်းခဲ့ကြောင်း သိရသည်။
ဘဏ်များ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်မည် နေပြည်တော်၊ ဩဂုတ် ၁၄ ဘဏ်များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များသို ၎င်းတို၏ ငွေကြေးရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ ကျင်းပသည့် ဘဏ်များ၏ ငွေကြေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်နိုင်ရေးဆိုင်ရာ အစည်းအဝေးတွင် ယင်းကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။
без подписи
без подписи
без подписи