tgindex
မိုးနတ်မင်း သတင်းစုံ 📣📣📣

မိုးနတ်မင်း သတင်းစုံ 📣📣📣

Статистика

✅ မိုးနတ်မင်း သတင်းဌာနမှ ပြည်တွင်းပြည်ပသတင်းများ၊ ဗေဒင်၊ ဗဟုသုတများကို နေ့စဉ် တင်ဆက်ပေးနေပါပြီ။ ✅ Web - http://moenatmin.com Telegram - https://t.me/moenatminmedia YouTube - https://youtube.com/@moenatminmedia FB- https://facebook.com/moenatminmedia

Последний пост
25 апр. 2025 г.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
627
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
354
20 постов
Вовлечённость
56,5%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • အိန္ဒိယကျောင်းသား ၃ ဦးက လျှပ်စစ်ဓာတ်မလိုတဲ့ ဆားဓာတ်စွမ်းအင်သုံး ရေခဲသေတ္တာငယ် တီထွင်ဖန်တီး အိန္ဒိယနိုင်ငံမှ အထက်တန်းကျောင်းသား ၃ ယောက်ဟာ လျှပ်စစ်ဓာတ်အား မလိုတဲ့ ရေခဲသေတ္တာငယ်ကို တီထွင်ဖန်တီးခဲ့ကြပြီး ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာမြေဆု ဆွတ်ခူးခဲ့ပါတယ်။ အင်ဒိုရီပြည်နယ်မှာ နေထိုင်တဲ့ ချောင်ဒါရီ၊ လာဒါနီယာ၊ ဂျိန်းတို့ ၃ ယောက်ရဲ့ မိဘတွေက ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ အလုပ်လုပ်ကြသူတွေပါ။ လျှပ်စစ်ဓာတ်အား မရတဲ့ ကျေးလက်ဒေသတွေဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး ပို့ဆောင်ရာမှာ အခက်အခဲတွေ ကြုံရတယ်ဆိုတာ သိရှိပြီးနောက် သူတို့က လျှပ်စစ်ဓာတ်အား မလိုတဲ့ ရေခဲသေတ္တာငယ် ဖန်တီးဖို့ အကြံရခဲ့တာပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/international/%e1%80%a1%e1%80%ad%e1%80%94%e1%80%b9%e1%80%92%e1%80%ad%e1%80%9a%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8-%e1%81%83-%e1%80%a6%e1%80%b8%e1%80%80/

  • ရုရှားစစ်တပ်တွင် အဓိက စစ်လက်နက်ပစ္စည်းများပြတ်လပ်နေဆဲဖြစ်ကြောင်းပူတင်ဝန်ခံ ယမန်နှစ်တွင် လက်နက်များ ထုတ်လုပ်မှု သိသိသာသာ မြှင့်တင်ခဲ့သော်လည်း ရုရှားစစ်တပ်တွင်အဓိက စစ်လက်နက်ပစ္စည်းများ ပြတ်လပ်နေဆဲဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်ကယမန်နေ့တွင် ပြုလုပ်သော နိုင်ငံပိုင် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ကော်မရှင် အစည်းအဝေး၌ ပြောကြားခဲ့သည်ဟု ရုရှားအစိုးရ မီဒီယာက ဖော်ပြသည်။ ရုရှားစစ်တပ်သည် ယမန်နှစ်တွင် သံချပ်ကာယာဉ် အစီးရေ ၄၀၀၀ ကျော်၊ စစ်လေယာဉ်နှင့် ရဟတ်ယာဉ် အစင်း ၁၈၀ နှင့် အမျိုးအစားစုံမောင်းသူမဲ့လေယာဉ် အစင်းတစ်သန်းခွဲကျော် လက်ခံရရှိခဲ့ပြီး ဒရုန်းစင်းရေ ၄၀၀ ခန့်ကို စစ်မြေပြင်သို့ နေ့စဉ် ပို့ဆောင်နေရကြောင်း သမ္မတပူတင်က ပြောကြားသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/international/%e1%80%9b%e1%80%af%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%93%e1%80%ad%e1%80%80-%e1%80%85%e1%80%85/

  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဈာပန ဧပြီ ၂၆ ရက်တွင် ကျင်းပမည် ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ကျင်းပရန် ဗာတီကန်နန်းတော် ကာဒီနယ် ဘုန်းတော်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ရုတ်တရက်နှလုံးရပ်မှုနှင့်လေဖြတ်မှုတို့ကြောင့် ဧပြီ ၂၁ ရက်တွင် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ရပြီး ကွယ်လွန်ချိန်တွင် သက်တော် (၈၈) နှစ်ရှိပြီဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး၏ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ဗာတီကန်စီးတီးမြို့တော် စိန့်ပီတာရင်ပြင်၌ ကျင်းပမည်ဖြစ်ကြောင်း ဗာတီကန်နန်းတော်က ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/international/%e1%80%95%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%9f%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-%e1%80%96%e1%80%9b%e1%80%94%e1%80%ba-2/

  • ၄ နှစ်လုံး နေ့တိုင်း လေယာဉ်နဲ့ တက္ကသိုလ်တက်ခဲ့တဲ့ ဂျပန်ပေါ့ပ်အဆိုတော် ကျောင်းသား/သူအများစုက ဘတ်စ်ကား၊ ကား၊ ရထားတွေကို စီးပြီး တက္ကသိုလ်တက်ကြပေမဲ့ ဂျပန်ပေါ့ပ်အဆိုတော် ယူဇူခီ နာခါရှိမာကတော့ ၄ နှစ်လုံး နေ့တိုင်းလေယာဉ်နဲ့ တက္ကသိုလ်တက်ခဲ့တာပါ။ မတ်လတုန်းက Kitakyushu City University ကနေ ဘွဲ့ရခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ယူဇူခီက သူ့ရဲ့နေ့စဉ်အလေ့အထတွေအကြောင်း Vlog ကို YouTube မှာ မကြာသေးခင်ကမှ တင်ခဲ့တာပါ။ ဂျပန်အဆိုအဖွဲ့ Sakurazaka46 ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သူက တိုကျိုမှာ နေတာဖြစ်ပြီး ကီလိုမီတာ ၁၀၀၀ ခန့်အကွာဖူကူအိုကာမြို့ဆီ နေ့စဉ် လေးနာရီကြာ အသွားအပြန်ခရီးလုပ်ခဲ့တာပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/celebrity/%e1%81%84-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%b8-%e1%80%94%e1%80%b1%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%9c%e1%80%b1%e1%80%9a/

  • ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင် ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်လာကြောင်း နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကိုနေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ ယနေ့(ဧပြီ ၂၄ ရက်)ထုတ်ပြန်ချက်အရသိရသည်။ မကွေးတိုင်းရှိချောက်မြို့မှာ ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၈) နေရာ၌ အပူချိန် ၄၄ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်ဖြင့်ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ချောက်မြို့သည် ပြီးခဲ့သည့်(မတ် ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်) များတွင်လည်း ကမ္ဘာ့အပူချိန် အမြင့်ဆုံးစာရင်းနံပါတ်(၂) နေရာသို့သုံးရက်တိုင်ရောက်ရှိခဲ့ကြောင်း El Dorado Weather ၏ ထုတ်ပြန်ချက်အရ သိရသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/news/%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%b7%e1%80%a1%e1%80%95%e1%80%b0%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%a1%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%86%e1%80%af-3/

  • “လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ” တခြားလုပ်ငန်းကိုင်ငန်းတွေထက် အထူးသဖြင့် မိမိကိုချစ်ခင်အောင် စိတ်ဝင်စားလာအောင် ဆောင်ရမယ့် အဆောင်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အချစ်ရေးတွေ အတွက်ဆို အဓိကလုပ်ဆောင်ရမဲ့ အဆောင်မျိုးဖြစ်တယ်။ သိပ့်ပြီးမခက်ခဲဘဲ မိမိသွားလေရာမှာ ပြောဆိုဆောင်ရွတ်တဲ့အခါမှာ မိမိလိုရာကိစ္စကို မိမိကပြောဆိုဆောင်ရွတ်တဲ့အခါမျိုးမှာ အဆင်ပြေအောင် အောင်မြင်အောင် မိမိကို တဖက်သားကနေပြီးတော့ လေးလေးစားစားနဲ့ ခင်ခင်မင်မင်ဖြစ်လာအောင် အကျိုးပြုသည့် အဆောင်မျိုးဖြစ်ပါတယ်။ နေ့သားအလိုက် မိမိနေ့နာမ်ကစလို့ ပဉ်စပှတျနံနဲ့ ဆုံးတဲ့အသားကို အရုပ်ထုရမှာ ဖြစ်တယ် ။အဲ့ဒိအရုပ်ကလည်း ပဉ္စပွတ်နဲ့ဆုံးတဲ့ နေ့နာမ်အသားကို ထုရမှာ ဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/astrology/%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%80%e1%80%bc%e1%80%b6%e1%80%90%e1%80%ad%e1%80%af/

  • ငါးကြိမ်မြောက် ငလျင်ဘေးသင့်အလှူအဖြစ် ကျပ် သိန်း ၁၀၀၀ နဲ့အတူ စားသောက်စရာတွေကို လှူရင်း အားပေးစကားတွေပြောခဲ့တဲ့ ဖြူဖြူထွေး သဘာဝဘေးအန္တရာယ်တွေ ကြုံတိုင်းမှာ နိုင်တဲ့အင်အားနဲ့ အမြဲတမ်းလှူဒါန်းမှုတွေလုပ်ဆောင်ပေးနေတဲ့ သရုပ်ဆောင်ဖြူဖြူထွေးကတော့ ငါးကြိမ်မြောက် ငလျင်ဘေးသင့်အလှူအဖြစ် ကျပ်သိန်း ၁၀၀၀ နဲ့အတူ စားသောက်စရာတွေကို ကိုယ်တိုင်သွားလှူရင်း အားပေးစကားတွေပြောဆိုခဲ့ပါတယ်။ “ခုလှူဒါန်းတာကတော့ ငါးကြိမ်မြောက်သွားလှူတာပါ။ ငွေသားပဲ သိန်း ၁၀၀၀ ပါ။ လူအရောက်အပေါက် နည်းတဲ့ နေရာတွေကို လှူသွားမှာပေါ့နော်။ အရင်လိုပဲ ခေါက်ဆွဲခြောက်တွေ မုန့်တွေနဲ့ပါပါတယ်။ အဓိက ငွေသား လှူမှာပေါ့နော်။ တချို့ အိမ်လေးတွေပြန်ဆောက်ပြီး နေနိုင်အောင်လို့ပါ။ ကိုယ်တိုင်က အလှူမခံဘဲနဲ့ ပါဝင်လှူဒါန်းကြတဲ့ ခုနှစ်ရက်သားသမီးတွေက ကိုယ့်ကိုယုံကြည်ပြီးတော့ ပါဝင်လှူဒါန်းကြတာပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/celebrity/%e1%80%84%e1%80%ab%e1%80%b8%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%84%e1%80%9c%e1%80%bb%e1%80%84%e1%80%ba%e1%80%98%e1%80%b1%e1%80%b8/

  • ပျော်ဘွယ်က ငလျင်ဘေးသင့် ပြည်သူတွေအတွက် Tent ၁၀၅ လုံးကို လှူဒါန်းခဲ့တဲ့ မင်းသမီးဖွေးဖွေး ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ မင်းသမီး ဖွေးဖွေးကတော့ ပျော်ဘွယ်က ငလျင်ဘေးသင့် ပြည်သူတွေအတွက် Tent ၁၀၅ လုံးကို ယနေ့ ဧပြီ ၂၂ ရက်မှာ လှူဒါန်းခဲ့ပါတယ်။ “ဖွေးဆီမှာ ငလျင်ဘေးသင့်သူတွေ တကယ်လိုအပ်နေတဲ့ Tent ၃၀၀ ကို မှာထားခဲ့တာ ရောက်လာပါပြီ။ ဒီ Tent ၃၀၀ မှ ၁၀၅ လုံး ပျော်ဘွယ်မြို့ကို ပို့လိုက်ပါပြီ။ အကူအညီတောင်းလာတဲ့ ပျော်ဘွယ်က လူပျိုကြီးဆီသို့ ပို့ဆောင်လိုက်ပါပြီ။ ဖွေး လက်ထဲ Tent လှူဖို့ ကျန်နေတဲ့ နေရာတွေကို ကောင်းမွန်တဲ့ အကြံပေးမှုတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/celebrity/%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%98%e1%80%bd%e1%80%9a%e1%80%ba%e1%80%80-%e1%80%84%e1%80%9c%e1%80%bb%e1%80%84%e1%80%ba%e1%80%98%e1%80%b1%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba/

  • ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ရောမကက်သလစ် ဂိုဏ်းရဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ သက်တော် ၈၈ နှစ်မှာ ဒီမနက် အစောပိုင်းက ပျံတော်မူသွားခဲ့ပါတယ်။ လက်တင်အမေရိကက ပထမဆုံး တင်မြှောက်ခံရတဲ့ ပုပ်ရဟန်းမင်းလည်း ဖြစ်ပါတယ်။ ပုပ်ဖရန်စစ်ရဲ့ ဘ၀ တလျှောက်လုံး ဘုရားသခင်နဲ့ ကျောင်းတော်ရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့ မြှုပ်နှံခဲ့ကြောင်း ဗာတီကန် နန်းတော်က ပြောပါတယ်။ ဒီည သူ့ရုပ်ကလာပ်ကို အခေါင်းသွင်းပြီးနောက် ဗုဒ္ဓဟူးနေ့ အစောဆုံးထားပြီး စိန့်ပီတာ ဘုရားကျောင်းကြီးကို ရွှေ့နိုင်ပါတယ်။ စျာပနကိုတော့ တပတ်အတွင်း ကျင်းပမှာပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/international/%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b2%e1%80%9e%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%81%8a-%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%99/

  • နှစ် ၂၀ တိုင်တိုင် မိုင် ၈၀၀၀ ကျော် ခရီးနှင်ပြီး မိတ်ဖက်ဆီပြန်လာလေ့ရှိတဲ့ ငှက်ကျား ကလီပီတန်နဲ့ မာလီနာတို့ ငှက်ကျားမောင်နှံရဲ့ ဇာတ်လမ်းတစ်ပုဒ်က ခရိုအေးရှားနိုင်ငံရဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ နာမည်ကြီးပါတယ်။ ကလီပီတန်ဆိုတဲ့ ငှက်ကျားထီးဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ နှစ် ၂၀ တိုင်တိုင် နှစ်စဉ်နှစ်တိုင်း တောင်အာဖရိကကနေ ခရိုအေးရှားအထိ မိုင် ၈၀၀၀ ခရီးနှင်ပြီး မိတ်လိုက်ဖော် ငှက်ကျားအမ မာလီနာထံ ပျံသန်းလာလေ့ ရှိပါတယ်။ စတီဖန်ဗိုကစ်ဆိုတဲ့ ခရိုအေးရှားအမျိုးသားတစ်ဦးဟာ ၁၉၉၃ ခုနှစ်က ငါးမျှားထွက်ရင်း မုဆိုးတွေရဲ့ ကျည်ဆန် ထိမှန်ထားတဲ့ ငှက်ကျားအမတစ်ကောင် တွေ့လို့ သူ့အိမ် ခေါ်လာပြီး ဆေးထည့်ပေးခဲ့ပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/international/%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%81%82%e1%81%80-%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba-%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba/

  • မန္တလေးတက္ကသိုလ်တွင်မီးလောင်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများအတွက် ကျောင်းသား/သူများစာမေးပွဲပြန်ဖြေရမည် ငလျင်လှုပ်ခတ်ခြင်းကြောင့်မီးလောင်ပျက်စီးခဲ့သည့် မန္တလေးတက္ကသိုလ်ရှိတက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများအတွက် စာမေးပွဲပြန်လည်ဖြေဆိုရမည်ဖြစ်‌ကြောင်း နစက က ယနေ့(ဧပြီ ၂၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင်ကြေညာသည်။ ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိမြေငလျင်နှင့်နောက်ဆက် တွဲ ငလျင်များလှုပ်ခတ်ပြီးနောက် အဆိုပါမန္တလေးတက္ကသိုလ်ပင်မ‌ဆောင်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲအတွက်ဖြေဆိုထားသည့်အဖြေလွှာများ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/news/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%ae/

  • နောက်ဆက်တွဲငလျင်များကြောင့် ပြန်လည်ထူထောင်ရေးတွင်အခက်ကြုံနေဟု UNOCHA ထုတ်ပြန် ငလျင်ဒဏ်သင့်ဒေသများ၌ နောက်ဆက်တွဲငလျင်များကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်ခဲဖြစ်နေကြောင်း UNOCHA Myanmar ကယမန်နေ့(ဧပြီ ၂၁ ရက်) ကထုတ်ပြန်သည်။ ပြီးခဲ့သည့်မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော်ပျက်စီးခဲ့ရပြီး လက်ရှိတွင်လည်း ငလျင်ကြောင့်အိမ်ထဲပြန်ဝင်ရမည်ကိုကြောက်နေသည့်မိသားစုများမှာ မြေပြင်များတွင်အိပ်စက်နေကြရဆဲဖြစ်ကြောင်း UNOCHA Myanmar က ဆိုသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/news/%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b2%e1%80%84%e1%80%9c%e1%80%bb%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bc/

  • ပျောက်ဆုံးပြီးနောက် သေဆုံးလျက်တွေ့ရှိခဲ့ရတဲ့ ဂျပန်အဆိုတော်သရုပ်ဆောင်မင်းသား ဂျပန်အဆိုတော်သရုပ်ဆောင်မင်းသား မီဇူခီ အီတာဂါခီဟာ အသက် ၂၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးသွားပြီဆိုတာကို သူ့မိသားစုက ဧပြီ ၁၇ ရက်နေ့ကမှ သူ့ရဲ့အင်စတာဂရမ်အကောင့် Story ကနေ အသိပေးခဲ့တာပါ။ သူ့မိသားစုက အခုလို အသိပေးပြောကြားခဲ့တာပါ။ “မင်းသားမီဇူခီ အီတာဂါခီဟာ ကံမကောင်းအကြောင်းမလှစွာနဲ့ ကွယ်လွန်သွားကြောင်း အသိပေးရတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/celebrity/%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%9e%e1%80%b1%e1%80%86/

  • အရင်တုန်းကဆို အကောင်းနဲ့ အဆိုးမျှတချင်ပေမယ့် အရွယ်တစ်ခုရောက်လာတော့ ကောင်းတာတွေပဲ ပိုလုပ်ချင်လာတယ်လို့ ဖွင့်ဟလာတဲ့ ဖွေးဖွေး ပရိသတ်ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ ဖွေးဖွေးကတော့ အရင်တုန်းကဆို အကောင်းနဲ့ အဆိုးမျှတချင်ပေမယ့် အရွယ်တစ်ခုရောက်လာတော့ ကောင်းတာတွေပဲ ပိုလုပ်ချင်လာတယ်လို့ ဖွင့်ဟလာပါ တယ်။ “အရင်တုန်းကဆို အကောင်းနဲ့ အဆိုးမျှတချင်တယ်။ ခု အရွယ်တစ်ခုရောက်လာတော့ ကောင်းတာတွေကိုပဲ ပိုဖြစ်ချင် လုပ်ချင်လာတယ် … ။ အဆိုးတွေလျော့အောင်တော့ ကြိုးစားနေဆဲ …။ စိတ်အေးချမ်းမှု ငြိမ်နေတဲ့ နောက်တွေ ပိုပြီးလိုက်ချင်လာတယ်။ အားလုံးလည်း ကိုယ်ဖြစ်ချင်တာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ရနိုင်ကြပြီး ကိုယ်မလိုချင်တာကိုလည်း ရအောင် ငြင်းပယ်နိုင်ကြပါစေ… ။ မိသားစု ၃ ယောက်ရဲ့ တိတ်ဆိတ်တဲ့ မြန်မာနှစ်သစ်လေး တစ်ရက်ပါပဲ”လို့ အကယ်ဒမီ ဖွေးဖွေးက ပရိသတ်သိအောင်ဖွင့်ဟလာပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/celebrity/%e1%80%a1%e1%80%9b%e1%80%84%e1%80%ba%e1%80%90%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%86%e1%80%ad%e1%80%af-%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2/

  • ငလျင်ဘေးအလှူအဖြစ် ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်း ငါးထောင်ဖိုးဝန်းကျင်ကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ ငါးကြိမ်မြောက် ငလျင်ဘေးအလှူအနေနဲ့ ဆက်လက်လှူဒါန်းသွားမှာဖြစ်သလို လက်ရှိအချိန်အထိ ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်း ငါးထောင်ဖိုးဝန်းကျင်ကို လှူဒါန်းခဲ့ပြီးပြီလို့ ပြောပါတယ်။ “ငါးကြိမ်မြောက် အလှူပစ္စည်းတွေကို မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်နဲ့ လိုအပ်တဲ့နေရာတွေလည်း ထပ်မံပို့ဆောင်လှုဒါန်းဖြစ်ပါတယ်။ ငွေသားသီးသန့် သိန်းပေါင်း ခုနစ်သောင်းနဲ့ အလှုပစ္စည်းတွေ တန်ဖိုးငွေကျပ် သိန်းငါးထောင်ဝန်းကျင်ခန့်အတွက် နည်းများ မဆို ပါဝင်လှုဒါန်းပေးပါတဲ့ ခုနှစ်ရက် သားသမီး အလှူရှင်တွေ အားလုံးနဲ့ လှူဒါန်းကြတာပါ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/celebrity/%e1%80%84%e1%80%9c%e1%80%bb%e1%80%84%e1%80%ba%e1%80%98%e1%80%b1%e1%80%b8%e1%80%a1%e1%80%9c%e1%80%be%e1%80%b0%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba-%e1%80%84%e1%80%bd%e1%80%b1%e1%80%9e%e1%80%ac/

  • ထိုင်းဆုန်ခရန်ပွဲတော်မှ ဝင်ငွေ ဘတ်လေးဘီလီယံကျော်ရရှိ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂ဝ၂၅ ဆုန်ခရန်ပွဲတော်ကာလတွင်မြို့တော်ဗန်ကောက်အပါအဝင် တစ်နိုင်ငံလုံးမှဝင်ငွေစုစုပေါင်း ဘတ် ၄ ဒသမ ၁ ဘီလီယံအထိရရှိခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံတွင် ၂ဝ၂၅ ခုနှစ်ဆုန်ခရန်ပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၅ ရက်အထိကျင်းပခဲ့ရာ နိုင်ငံတွင်း၌လည်ပတ်သူ ၁ ဒသမ ၁ သန်းရှိခဲ့ကြောင်းနှင့် ယင်းအထဲမှ ၉ဝ ရာခိုင်နှုန်းမှာ ရွှေ့ပြောင်းလုပ်သားများအပါအဝင် ထိုင်းနိုင်ငံအတွင်းမှာပင်နေထိုင်သူများ ဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့(Tou-rism Authority of Thailand-TAT)၏ ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုခဲ့သည်ကို ကိုးကားပြီး ဗန်ကောက်ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားခြင်းဖြစ်သည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/international/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%af%e1%80%94%e1%80%ba%e1%80%81%e1%80%9b%e1%80%94%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%99/

  • ပုပ်ရဟန်းမင်းကြီးရဲ့ စျာပန ဘယ်လိုဖြစ်လာနိုင်လဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ စျာပနာဟာ ဘုန်းတော်ဝင်စားခဲ့ကြတဲ့ အရင်တုန်းက ရဟန်းမင်းကြီးတွေရဲ့ စာပနထက် အနည်းငယ်ကွဲပြားနိုင်ခြေရှိပါတယ်။ စီတန်းလှည့်လည်တာတွေကို ဗာတီကန်က ရာထူးအကြီးဆုံးရဟန်းအမတ် ကယ်ဗင် ဖရဲလ်က ကမကထ ပြုလုပ်မှာဖြစ်ပါတယ်။ ‘‘ဘုန်းတော်ဝင်စားကြောင်း အတည်ပြုတဲ့ပြုကျင့်ဖွယ်’’ကို ရဟန်းအမတ်က ဦးဆောင်ပြုလုပ်ပြီးတဲ့နောက်မှာ ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို ခေါင်းတလားထဲ ထည့်မှာဖြစ်ပါတယ်။ ရဟန်းမင်းကြီးတစ်ပါးရဲ့ စျာပနာကို ပုံမှန်အားဖြင့် ခမ်းခမ်းနားနားကျင်းပပြုလုပ်လေ့ရှိပေမဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ သူ့စျာပနတစ်ခုလုံးကို ရိုးရိုးရှင်းရှင်းပြုလုပ်ဖို့ မကြာသေးခင်တုန်းကပဲ အတည်ပြုခဲ့တာပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/international/%e1%80%95%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%9f%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%85%e1%80%bb/

  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန် ကက်သလစ်သာသနာရဲ့ ၂၆၆ ပါးမြောက် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ ဧပြီ ၂၁ ရက် ဗာတီကန်က သူ့ရဲ့နန်းတော်မှာပဲ ကွယ်လွန်သွားပြီလို့ ဗာတီကန်က သတင်းထုတ်ပြန်ပါတယ်။ သူဟာ (နမိုးနီးယား)အဆုတ်ရောင်ရောဂါပိုး အဆုတ် ၂ဖက်စလုံးမှာ ကူးစက်ခံရပြီးနောက် ပြန်လည်နာလန်ထူဖို့ နားနားနေနေနေထိုင်တုန်း အသက် ၈၈ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/international/%e1%80%95%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%9f%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-%e1%80%96%e1%80%9b%e1%80%94%e1%80%ba%e1%80%85/

  • လွန်စွာအကျိုးထူးပေး၍ လျင်မြန်စွာ အစွမ်းပြသော အဂ်ဝိဇ္ဇာယတြာအလှူ (ယုံကြည်စွာ ပူဇော်ဆောင်ရွက်ကြည့်ပါလေ) ဝေလရဲ့သီချင်းထဲကလို “ယတြာတွေတောင်စုံနေပြီ ဗေဒင်ဆရာတောင် ငိုနေပြီ ” ဒါပင်မဲ့ ယတြာကောင်းတခုကိုမတွေ့သေးဘူးဆိုရင် ဒီယတြာကို ပြုလုပ်ကြည့်ပါ။ အင်္ဂဝိဇ္ဇာယတြာခန်းတွင် “ပဉ္စပွတ်၊ ဆပွတ်၊ အညွှန့်” ဟူသည်ကားအလွန်အားထားကြရသော ပညာခန်းဖြစ်ပါတယ်။ မိမိမွေးနံနေ့ရဲ့ (၅ခုမြောက်သောနေ့)ပဉ္စပွတ်နေ့ နံနက် ၅နာရီမွာမြတ်စွာဘုရားရှင်ကို ဆွမ်းကပ်မယ်ဆိုရင်အလွန်အကျိုးထူးပေးသော ကုသိုလ်အဖြစ် ချက်ချင်း လက်တွေ့ဆုတောင်းပြည့်စေပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/astrology/%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%85%e1%80%bd%e1%80%ac%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%b0%e1%80%b8%e1%80%95%e1%80%b1%e1%80%b8%e1%81%8d-%e1%80%9c-2/

  • ဒါရိုက်တာစတီး (ဒွေးမေတ္တာ) အင်းစိန်အကျဉ်းထောင်မှလွတ်မြောက် လူမှုကွန်ရက်တွင် နစကအားဝေဖန်ရေးသားခြင်းများကြောင့်ဖမ်းဆီးခံရသူဒါရိုက်တာစတီး (ဒွေးမေတ္တာ) (ဧပြီ ၁၇ ရက်)တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။ သရုပ်ဆောင်ဆုပန်ထွာ၏ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က “ဒါရိုက်တာစတီးလွတ်ပြီ” ဟု၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။ ဒါရိုက်တာစတီးသည် နစက ဥက္ကဋ္ဌနှင့်ပတ်သက်သည့်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်မျှဝေကာဝေဖန်ပြောဆိုခြင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနှင့်ပတ်သက်၍ ဝေဖန်ရေးသားခြင်းများကြောင့် နစက၏ လုံခြုံရေးအဖွဲ့ဝင်များက ၎င်းနေထိုင်ရာ သန်လျင်မြို့ရှိ နေအိမ်သို့ ၂၀၂၃ ခုနှစ်၊ မတ်လပိုင်းတွင် သွားရောက်ဖမ်းဆီးခဲ့သည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2025/04/myanmarnews/celebrity/%e1%80%92%e1%80%ab%e1%80%9b%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%ac%e1%80%85%e1%80%90%e1%80%ae%e1%80%b8-%e1%80%92%e1%80%bd%e1%80%b1%e1%80%b8%e1%80%99%e1%80%b1%e1%80%90%e1%80%b9%e1%80%90/