- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 2
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 231
- 1/48двое суток
- 264
- 1/72трое суток
- 285
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
видео или голосовое, без подписи
ဖာဘရီဇီယို ရိုမာနိုရဲ့ နောက်ဆုံးဖော်ပြချက်အရ ချဲလ်ဆီးဘက်က အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အပြောင်းအရွှေ့ကိစ္စကို အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်အထိ ဆွဲမထားချင်ဘူးလို့ သိရတယ်။ အသင်းရဲ့ သဘောထားက ရှင်းပါတယ်။ ရော-င်းမယ်ဆိုလည်း မြန်မြန်ဆုံးဖြတ်မယ်၊ မရော-င်းဘူးဆိုရင်လည်း ရာသီသစ်အတွက် အန်ဇိုနဲ့ပဲ ဆက်သွားမယ်ဆိုတဲ့ ရပ်တည်ချက်ပါ။ တစ်ဖက်မှာတော့ မန်ချက်စတာ စီးတီးက အန်ဇိုကို စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် ညှိနှိုင်းရမယ့်အပိုင်းတွေက မလွယ်သေးဘူးလို့ သတင်းတွေက ဆိုနေတယ်။ ချဲလ်ဆီးဘက်က ကစားသမားကို အလွယ်တကူ လက်လွှတ်ဖို့ မစဉ်းစားထားသလို ပြောင်းရွှေ့ကြေးပိုင်းမှာလည်း အလျှော့ပေးမယ့် အရိပ်အယောင် မတွေ့ရသေးဘူး။ အဲ့ဒါကြောင့် လက်ရှိအခြေအနေကို ကြည့်ရင်တော့ အန်ဇိုရဲ့ အပြောင်းအရွှေ့က ခန့်မှန်းထားသလောက် လွယ်လွယ်ကူကူ ဖြစ်လာမယ့် အခြေအနေ မဟုတ်သေးဘူး။ အခုချိန်အထိတော့ ချဲလ်ဆီးမှာပဲ ဆက်ရှိဖို့က အလားအလာ အကောင်းဆုံး Scenario အဖြစ် ရှိနေဆဲလို့ ပြောရမယ်။ ချဲလ်ဆီးဘက်က အမြန်အဖြေလိုချင်နေပြီး မန်စီးတီးဘက်ကတော့ ဆုံးဖြတ်ချက်ချဖို့ လိုနေတဲ့အချိန်ပါ။ ဒီ Transfer Saga က ဘယ်လိုအဆုံးသတ်မလဲဆိုတာ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ပိုပြီး ရှင်းရှင်းလင်းလင်း သိလာရဖို့ ရှိနေပါတယ်။ Photo Credit Chelsea Talks - Michael Sports
အေစီမီလန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ဒီနေ့ပွဲမှာ ဂျာအိုပက်ဒရိုက တစ်ယောက်တည်းနဲ့ ချဲလ်ဆီးရဲ့ အနိုင်ကို ပုံဖော်ပေးသွားတယ်။ ပထမပိုင်း နောက်ဆုံးမိနစ်မှာ ကိုင်စီဒိုရဲ့ Corner ကို ပြေးဝင်ပြီး ခေါင်းတိုက်ကာ ဦးဆောင်ဂိုးသွင်းခဲ့သလို ဒုတိယပိုင်း စတင်ပြီး မကြာခင်မှာလည်း နက်တိုရဲ့ ပေးပို့မှုကို အဆုံးသတ်ပြီး ဒုတိယဂိုး ထပ်သွင်းခဲ့တယ်။ ၄၅+ မိနစ်မှာ ဂိုးတစ်ဂိုး၊ ၄၆ မိနစ်မှာ နောက်တစ်ဂိုး… တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ အချိန်ကိုက်မှုဆိုတာ ဒီလိုမျိုးပဲ။ ပထမဂိုးက သူ့ရဲ့ သဘာဝတိုက်စစ်မှူးအရည်အသွေးကို ပြတယ်။ ဘယ်အချိန်မှာ နောက်ခံလူတွေကြားထဲ ဝင်ရမလဲ၊ ဘောလုံးဘယ်နေရာကျမလဲဆိုတာ ကြိုတွက်ပြီး တစ်ချက်တည်းနဲ့ အဆုံးသတ်သွားတယ်။ ဒုတိယဂိုးမှာတော့ Box ထဲမှာ နေရာယူထားပုံ၊ ဘောလုံးရောက်လာတဲ့အချိန် အလျင်အမြန်ဆုံးဖြတ်နိုင်ပုံက ပိုထင်ရှားတယ်။ သူက ရိုးရိုး ဂိုးသွင်းနိုင်တဲ့ သီးသန့်တိုက်စစ်မှူး တစ်ယောက်မဟုတ်ဘူး။ Link-up လုပ်နိုင်တယ်၊ နေရာလွတ်ထဲ ရွေ့နိုင်တယ်၊ တစ်ခါတလေ ကွင်းလယ်ထဲ ဆင်းပြီး တိုက်စစ်ကို စတင်ပေးနိုင်တယ်။ အဲ့ဒီအတွက်ပဲ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းရဲ့ နောက်ဆုံးလူစာရင်းထဲ ဂျာအိုပက်ဒရို မပါခဲ့တာကို ပြန်ကြည့်ရင် ပိုပြီး အံ့သြစရာကောင်းလာတယ်။ အန်ဆယ်လော့တီကိုယ်တိုင်လည်း သူ့ရဲ့ ရာသီစွမ်းဆောင်ရည်အရ ထိုက်တန်ခဲ့ပေမယ့် တခြားကစားသမားတွေကို ရွေးခဲ့တာလို့ ရှင်းပြခဲ့တယ်။ အဲ့ဒီရာသီမှာ ဂျာအိုပက်ဒရိုက ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၂၀ ဂိုးသွင်းထားခဲ့တာပါ။ ဒါကြောင့် ဒီနေ့လိုပွဲမှာ ၂ ဂိုးနဲ့ ထပ်ပြီး သက်သေပြလိုက်တာကို ကြည့်ပြီးတော့ “အန်ဆယ်လော့တီရေ… ဒီကောင်ကို အိမ်မှာထားခဲ့တာ နောင်တရသင့်ပြီ” လို့ ပြောချင်စရာ ဖြစ်လာတယ်။ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်ရဲ့ တိုက်စစ်က ခက်ခဲနေတဲ့အချိန်မျိုးမှာ ဂျာအိုပက်ဒရိုလို နေရာယူတတ်၊ အဆုံးသတ်တတ်၊ ပုံစံမျိုးစုံနဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်တဲ့ ကစားသမားတစ်ယောက် ရှိနေခဲ့ရင် ဘာတွေကွာခြားသွားမလဲဆိုတာ တွေးမိစရာပဲ။ ဒီနေ့တော့ အဖြေကို ချဲလ်ဆီးအတွက် ပြန်ပေးလိုက်တယ်။ ကမ္ဘာ့ဖလားကို မသွားခဲ့ရတဲ့ကောင်က ပြန်လာပြီး ချဲလ်ဆီးအတွက် ၂ ဂိုးနဲ့ ပြောပြလိုက်ပါပြီ။ အဲဒါကတော့ “ငါ့ကို မရွေးခဲ့တာ မင်းတို့ရဲ့ ဆုံးဖြတ်ချက်ပဲ” ဆိုပြီးတော့ ပြောလိုက်တာပါပဲ။ Photo Credit Chelsea Talks - Michael Sports
𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐓𝐢𝐦𝐞 🔍 ဒီနေ့ညနေ Thailand နဲ့ Myanmar ပွဲစဉ်ရဲ့ Correct Score ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚫Edit တွေ နှစ်ခါမန့်တွေဆိုပယ်ပါမယ် 💵ဆုငွေ 50000 ကျပ်ပါ မှန်တဲ့သူအရေတွက်ပေါ်မူတည်ပီးခွဲထည့်ပေးသွားပါမယ်(တစ်ဦးတည်းမှန်လျှင်တစ်ဦးတည်းရမည်) 👍အား…
𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐓𝐢𝐦𝐞 🔍 ဒီနေ့ညနေ Thailand နဲ့ Myanmar ပွဲစဉ်ရဲ့ Correct Score ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚫Edit တွေ နှစ်ခါမန့်တွေဆိုပယ်ပါမယ် 💵ဆုငွေ 50000 ကျပ်ပါ မှန်တဲ့သူအရေတွက်ပေါ်မူတည်ပီးခွဲထည့်ပေးသွားပါမယ်(တစ်ဦးတည်းမှန်လျှင်တစ်ဦးတည်းရမည်) 👍အားလုံးဘဲကံကောင်းကြပါစေဗျာ ⚡️Your Trustest and Fastest Agent 🤜 @michaelnaygyii
ဂျူဗင်တပ်စ်နဲ့ ပွဲအပြီး ချဲလ်ဆီးဘက်ကနေ အနိုင်ရလဒ်တစ်ခုကို မရခဲ့ပေမယ့် တစ်ယောက်သောကစားသမားကတော့ သူ့ရဲ့နာမည်ကို ပရိသတ်တွေရဲ့ ခေါင်းထဲမှာ ခိုင်ခိုင်မာမာ ရေးထိုးသွားခဲ့တယ်။ အဲဒီလူငယ်ကတော့ ဂျီယိုဗန်နီ ကွန်ဒါပါ။ ပထမပိုင်းမှာပဲ ပါဝင်ကစားခဲ့ပြီး Goal ဒါမှမဟုတ် Assist တစ်ခုမှ မရခဲ့ပေမယ့် ကွန်ဒါရဲ့တန်ဖိုးကို အဲ့ဒီဂဏန်းနှစ်ခုနဲ့ တိုင်းတာလို့မရဘူး။ ညာတောင်ပံမှာ ဘောလုံးရတဲ့အချိန်တိုင်း ရှေ့ကိုတက်ပြီး ပြိုင်ဘက်ကို ဖိအားပေးတယ်၊ 1v1 မှာ နောက်ခံလူကို တိုက်ရိုက်စိန်ခေါ်တယ်၊ အခွင့်အရေးရတာနဲ့ Final Third ထဲကို အမြန်ဆုံးရောက်အောင် ကြိုးစားတယ်။ တစ်နည်းအားဖြင့် သူ့ဆီ ဘောလုံးရောက်လာတာနဲ့ ချဲလ်ဆီးရဲ့တိုက်စစ်က ချက်ချင်းအသက်ဝင်သွားခဲ့တာပဲ။ အဲဒီပုံစံက ချဲလ်ဆီးပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ ဝီလီယံရဲ့ကစားပုံကိုတောင် သတိရစေတယ်။ အထူးသဖြင့် Work Rate နဲ့ Directness ပိုင်းမှာ ကွန်ဒါက သိသိသာသာ ထင်ရှားခဲ့တယ်။ ပြိုင်ဘက်ကို ကျော်ဖို့ပဲ စဉ်းစားတာမဟုတ်ဘဲ ဘောလုံးပျက်သွားတာနဲ့ နောက်တစ်ကြိမ် ပြန်ရဖို့ ချက်ချင်း Pressing လုပ်တယ်။ လိုအပ်ရင် ကိုယ့်ဘက်ခြမ်းအထိ ပြန်ဆင်းပြီး ခံစစ်ကိုပါ ကူပေးတယ်။ Winger တစ်ယောက်ဆီက လိုချင်တဲ့ အလုပ်လုပ်နိုင်စွမ်းကို တော်တော်ပြည့်ပြည့်ဝဝ ပြသနိုင်ခဲ့တယ်။ ညာခြမ်းမှာ မာကို ပါလက်စထရာနဲ့ တွဲကစားတဲ့အခါမှာလည်း နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကို မြင်ခဲ့ရတယ်။ ပါလက်စထရာက နောက်ကနေ Overlap တက်လာတဲ့အချိန် ကွန်ဒါက အတွင်းဘက်ကို ရွှေ့ပြီး နေရာဖန်တီးပေးတာမျိုး၊ တစ်ခါတလေ ကွန်ဒါကိုယ်တိုင် Touchline အတိုင်း ဆွဲထွက်ပြီး ပါလက်စထရာအတွက် နေရာချန်ပေးတာမျိုးတွေကြောင့် ညာခြမ်းမှာ လူနှစ်ယောက်ကြား Combination က တော်တော်အသက်ဝင်ခဲ့တယ်။ ဒီလို နားလည်မှုမျိုးက ရာသီအစမှာ ပိုပြီးအရေးပါလာနိုင်တယ်။ Crossing ပိုင်းမှာလည်း အန္တရာယ်ရှိတဲ့ ဘောလုံးတွေကို အကြိမ်ကြိမ် ထည့်ပေးနိုင်ခဲ့တယ်။ Set-piece တွေမှာတော့ ကန်တင်မှုတချို့ တိကျမှုနည်းခဲ့တာတွေ့ရပေမယ့် နည်းပြသစ် ဇာဘီ အလွန်ဆိုရဲ့ Pattern အသစ်တွေကို ကစားသမားတွေက လိုက်လျောညီထွေဖြစ်အောင် စမ်းသပ်နေတဲ့အဆင့်ဆိုတာကိုလည်း ထည့်စဉ်းစားရမယ်။ ဒီပွဲမှာ အရေးကြီးဆုံးအချက်ကတော့ ကွန်ဒါဟာ အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက် ဆိုတဲ့အဆင့်ကနေ တစ်ဆင့်တက်ပြီး အလွန်ဆိုရဲ့ စနစ်ထဲမှာ တကယ်အသုံးဝင်နိုင်တဲ့ Winger ဆိုတာကို ကွင်းထဲမှာ ပြသနိုင်ခဲ့တာပဲ။ အနိုင်အရှုံးက ခြေစမ်းပွဲတစ်ပွဲရဲ့ ရလဒ်အဖြစ်ပဲ ကျန်ခဲ့နိုင်ပေမယ့် ကွန်ဒါအတွက်တော့ ဒီပွဲက အဲ့ဒီထက်ပိုတဲ့ အဓိပ္ပာယ်ရှိနိုင်တယ်။ ညာတောင်ပံမှာ အမြန်နှုန်း၊ 1v1 Ability၊ Directness နဲ့ Defensive Work Rate တွေကို တစ်ခါတည်း ပေါင်းစပ်ပြနိုင်ခဲ့တာကြောင့် ရာသီသစ်မှာ သူ့အတွက် တံခါးတစ်ချပ် ပွင့်လာနေပြီလို့တောင် ပြောလို့ရတယ်။ ချဲလ်ဆီးရဲ့ ရာသီသစ်ကို စောင့်ကြည့်ရင်း သတိထားရမယ့် နာမည်တွေထဲမှာတော့ ဂျီယိုဗန်နီ ကွန်ဒါကို မထည့်ဘဲ ဖြတ်သွားလို့ရတော့မယ် မထင်ဘူး။ Photo Credit Chelsea Talks - Michael Sports
ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာ ကိုးလ် ပါးမားကို Position တစ်နေရာတည်းမှာ ကန့်သ-တ်ထားတာမျိုး မရှိပါဘူး။ Free Role ပေးထားပြီး ကွင်းအနှံ့ လွတ်လပ်စွာ လှုပ်ရှားစေတယ်၊ Between the Lines မှာ နေရာလွတ်တွေကို ရှာဖွေစေသလို အသင်းလိုအပ်တဲ့နေရာတိုင်းမှာ ဂိမ်းအပေါ် သြဇာလွှမ်းမိုးနိုင်အောင် တာဝန်ပေးထားပါတယ်။ ဒီလို လွတ်လပ်မှုက ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာကို မာရက်စ်ကာလက်ထက် UEFA Conference League Final နဲ့ FIFA Club World Cup Final တွေမှာ မြင်တွေ့ခဲ့ပြီးသားပါ။ ကိုးလ် ပါးမားဟာ အရေးပါတဲ့ Goals တွေ၊ Assists တွေနဲ့ Decisive Moments တွေကို ဖန်တီးပေးခဲ့ပြီး ချဲလ်ဆီးကို ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ဖူးတယ်။ အခုလည်း ဇာဘီ အလွန်ဆိုက ချဲလ်ဆီးရဲ့ Attack ကို ကိုးလ် ပါးမားရဲ့ အားသာချက်တွေပေါ် အခြေခံပြီး တည်ဆောက်ချင်နေတဲ့ပုံစံကို မြင်တွေ့နေရတယ်။ သူ့ရဲ့ Movement ကို ကန့်သတ်မယ့်အစား Drift လုပ်ခွင့်ပေးတယ်၊ Create လုပ်ခွင့်ပေးတယ်၊ Game ရဲ့ Tempo နဲ့ Playmaking ကို ဦးဆောင်ခွင့်ပေးနေတာပါ။ ကိုးလ် ပါးမားရဲ့ အကြီးမားဆုံးလက်နက်က Freedom ပါပဲ။ အဲဒီ Freedom ကို ဖယ်ရှားလိုက်ရင် သူက အရည်အသွေးမြင့် ကစားသမားတစ်ယောက်အဖြစ် ရှိနေဦးမှာပါ။ ဒါပေမယ့် Freedom ကို ပြန်ပေးလိုက်ရင်တော့ Football လောကရဲ့ Most Decisive Players တွေထဲက တစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ အကောင်းဆုံး Version of Cole Palmer ကို မြင်တွေ့ရဖို့ နီးစပ်လာပြီလို့ ပြောရမှာပါ။ Photo Credit Chelsea Talks - Michael Sports
ရာသီကြိုခရီးစဉ်တစ်လျှောက် ချဲလ်ဆီးအကယ်ဒမီက လူငယ်လေးတွေ အများကြီးအတွက်တော့ ဒါဟာ ကိုယ့်အိပ်မက်ကို သက်သေပြဖို့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းကြီးတစ်သင်းမှာ နေရာတစ်နေရာရဖို့ဆိုတာ အားလုံးအတွက် မဖြစ်နိုင်ပါဘူး။ နည်းပြတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ဘယ်သူတွေက အနာဂတ်အတွက် အဆင်သင့်ဖြစ်နေပြီလဲဆိုတာ ဖော်ပြပေးနေပါတယ်။ လက်ရှိသတင်းတွေအရ မက်ဒီ နီကောလ်-ဂျာဇူလီ (Mahdi Nicoll-Jazuli) နဲ့ တေးယို ဆူဘူလိုယီ (Tayo Subuloye) တို့နှစ်ဦးဟာသာ ဇာဘီ အလွန်ဆိုရဲ့ ရာသီကြိုခရီးစဉ်မှာ အသင်းကြီးနဲ့အတူ ဆက်လက်ရှိနေခဲ့ပါတယ်။ ကျန်တဲ့ လူငယ်ကစားသမားတွေကတော့ U21 အသင်းဆီ ပြန်လည်ပူးပေါင်းသွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာဟာ သူတို့အတွက် အဆုံးမဟုတ်ပါဘူး။ တစ်ချိန်က အလားတူအခြေအနေကနေ စတင်ခဲ့ကြတဲ့ ကြယ်ပွင့်တွေဟာ ချဲလ်ဆီးအသင်းမှာ အများကြီးရှိခဲ့ပါတယ်။ အလွန်ဆိုကတော့ နာမည်ကြီးသူတွေကိုသာ ကြည့်တဲ့ နည်းပြမျိုး မဟုတ်ပါဘူး။ သူလိုချင်တာက အသင်းအတွက် တိုက်ပွဲဝင်နိုင်တဲ့ စိတ်ဓာတ်၊ သင်ယူလိုစိတ်နဲ့ သူ့ရဲ့ ဘောလုံးအတွေးအခေါ်ကို လိုက်နာနိုင်တဲ့ ကစားသမားတွေပါ။ ဒါကြောင့် မက်ဒီ နဲ့ တေးယိုတို့ ဆက်လက်ပါဝင်ခွင့်ရတာဟာ ကံကောင်းမှုတစ်ခုထက် ပိုပါတယ်။ သူတို့က ဇာဘီ အလွန်ဆိုရဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့ လူငယ်တွေဖြစ်လာခဲ့ပါပြီ။ တစ်နေ့မှာ စတန်းဖို့ဒ်ဘရစ်ချ်ရဲ့ မြက်ခင်းပေါ်မှာ ဒီနာမည်တွေကို ချဲလ်ဆီးပရိသတ်တွေ အော်ဟစ်ခေါ်ဆိုရမလားဆိုတာ… အချိန်ကပဲ အဖြေပေးသွားမှာပါ။ Photo Credit Chelsea Talks - Michael Sports
EWCxMSC 2026 First Runner Up Yangon Galacticos 🇲🇲👏 Champion ဆုနဲ့ အနည်းငယ် လွဲချော်ခဲ့ရပေမယ့် ပြိုင်ပွဲတစ်လျှောက်လုံး YG တို့ရဲ့ မလျှော့သော ဇွဲလုံ့လနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့မှုတွေကို မြင်တွေ့ခဲ့ရတာဟာ တကယ်ကိုဂုဏ်ယူစရာပါပဲ 5 နှစ်လောက်ဝေးကွာနေခဲ့တဲ့ Grand Final အရသာကို တကျော့ပြန်လည်ခံစားရအောင်လုပ်ပေးတဲ့ YG အသင်းကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ရှေ့ဆက်မယ့် ခရီးစဉ်တွေမှာ ဒီထက်ပိုကောင်းတဲ့ ရလဒ်တွေ ရယူနိုင်ပါစေဗျာ....
Lets Gooooo, YG.... Just one more game guys 💪
𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐓𝐢𝐦𝐞 🔍 🚩ယနေ့ည Birmingham City နဲ့ Barcelona ပွဲစဉ်ရဲ့ Correct Score ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚩Facebook က Post လေးကို ရှယ်ပေးပါက အရမ်းကိုကျေးဇူးတင်မိမှာပါ (➡️ ဒီမှာနှိပ်ပါ) 🚫Edit တွေ နှစ်ခါမန့်တွေဆိုပယ်ပါမယ် 💵ဆုငွေ 50000 ကျပ်ပါ…
𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐓𝐢𝐦𝐞 🔍 🚩ယနေ့ည Birmingham City နဲ့ Barcelona ပွဲစဉ်ရဲ့ Correct Score ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚩Facebook က Post လေးကို ရှယ်ပေးပါက အရမ်းကိုကျေးဇူးတင်မိမှာပါ (➡️ ဒီမှာနှိပ်ပါ) 🚫Edit တွေ နှစ်ခါမန့်တွေဆိုပယ်ပါမယ် 💵ဆုငွေ 50000 ကျပ်ပါ မှန်တဲ့သူအရေတွက်ပေါ်မူတည်ပီးခွဲထည့်ပေးသွားပါမယ်(တစ်ဦးတည်းမှန်လျှင်တစ်ဦးတည်းရမည်) 👍အားလုံးဘဲကံကောင်းကြပါစေဗျာ ⚡️Your Trustest and Fastest Agent 🤜 @michaelnaygyii
𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐓𝐢𝐦𝐞 🔍 ပွဲမရှိတော့ ကိုယ့်လူတို့ပျင်းနေမှာဆိုးလို့🤟 🚩ယနေ့ည Osasuna နဲ့ Racing Santander ပွဲစဉ်ရဲ့ Correct Score ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚩Facebook က Post လေးကို ရှယ်ပေးပါက အရမ်းကိုကျေးဇူးတင်မိမှာပါ (➡️ ဒီမှာနှိပ်ပါ) 🚫Edit တွေ နှ…
𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐓𝐢𝐦𝐞 🔍 ပွဲမရှိတော့ ကိုယ့်လူတို့ပျင်းနေမှာဆိုးလို့🤟 🚩ယနေ့ည Osasuna နဲ့ Racing Santander ပွဲစဉ်ရဲ့ Correct Score ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚩Facebook က Post လေးကို ရှယ်ပေးပါက အရမ်းကိုကျေးဇူးတင်မိမှာပါ (➡️ ဒီမှာနှိပ်ပါ) 🚫Edit တွေ နှစ်ခါမန့်တွေဆိုပယ်ပါမယ် 💵ဆုငွေ 50000 ကျပ်ပါ မှန်တဲ့သူအရေတွက်ပေါ်မူတည်ပီးခွဲထည့်ပေးသွားပါမယ်(တစ်ဦးတည်းမှန်လျှင်တစ်ဦးတည်းရမည်) 👍အားလုံးဘဲကံကောင်းကြပါစေဗျာ ⚡️Your Trustest and Fastest Agent 🤜 @michaelnaygyii
ချဲလ်ဆီးရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ စိတ်ဝင်စားစရာ အပြောင်းအလဲတစ်ခု ဖြစ်လာပြန်ပြီဗျာ။ Set Pieces အထူးကျွမ်းကျင်သူ ဘာနာဒိုကွေဗာတစ်ယောက် ကွင်းထဲမှာ ကစားသမားတွေကို တိုက်ရိုက်နည်းပြပေးတဲ့ အလုပ်ကနေ ဆင်းပေးလိုက်ပြီ။ သူက ဇာဘီ အလွန်ဆိုရဲ့ နောက်ကွယ်က အစီအမံတွေကို ပိုပြီး အာရုံစိုက်မယ့် အခန်းကဏ္ဍသစ်ကို ပြောင်းလဲတာဝန်ယူလိုက်တာပါ။ အရင်တုန်းကဆိုရင်တော့ ပွဲမစခင်မှာ ကစားသမားတွေ အချင်းချင်း အော်ဟစ်ညွှန်ကြားနေတာမျိုးတွေ၊ ဘောလုံးကို ဘယ်နေရာက ဘယ်လိုကန်မလဲဆိုတာတွေကို ကွင်းထဲမှာပဲ အလုပ်ရှုပ်နေရတာမျိုးပါ။ အခုတော့ သူက ပိုပြီး အနုစိတ်တဲ့ Tactical Analysis တွေ၊ ပြိုင်ဘက်အသင်းရဲ့ အားနည်းချက်တွေကို ရှာဖွေတဲ့ Scouting ပိုင်းတွေမှာပဲ သူကနေ ဦးစီးတော့မှာပါ။ ဒါဟာ အလွန်ဆိုရဲ့ ခေတ်သစ် ချဲလ်ဆီးအသင်းအတွက် ပိုပြီး တိကျတဲ့ ဒေတာအချက်အလက်တွေကို အခြေခံတဲ့ ပြင်ဆင်မှုမျိုးလို့ ပြောရမယ်။ ဇာဘီ အလွန်ဆိုဆိုတာကလည်း လေဗာကူဆင်မှာတုန်းကတည်းက ဒေတာနဲ့ နည်းစနစ်ကို အကောင်းဆုံးပေါင်းစပ်ပြီး အသင်းကို တည်ဆောက်ခဲ့တဲ့ ဘဲလေ။ အခု ကွေဗာကို ကွင်းထဲကနေ ရုံးခန်းထဲ ပို့လိုက်တာဟာ အသင်းရဲ့ Set-piece effectiveness ကို ပိုပြီး တိုးမြှင့်ချင်တာမျိုး ဖြစ်သလို၊ တစ်ဖက်မှာလည်း Opposition scouting & preparation ပိုင်းမှာ အသေးစိတ်အထိ အချိန်ပေးချင်တာမျိုးပါ။ ပွဲတစ်ပွဲရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ Margin အသေးလေးတွေကအစ ချဲလ်ဆီးတို့ ဂရုစိုက်လာပြီလို့ပဲ ဆိုရမှာပါ။ နည်းစနစ်ပိုင်းအရ ကြည့်မယ်ဆိုရင် ဒီလိုမျိုး Backroom staff တွေကို Functional role အလိုက် ပြန်ခွဲထုတ်လိုက်တာဟာ Performance insights တွေကို ပိုပြီး ထိရောက်စေပါတယ်။ အလွန်ဆိုရဲ့ သက်သေပြပြီးသား အမြင်နဲ့ ကွေဗာရဲ့ အချက်အလက်ဆိုင်ရာ ကျွမ်းကျင်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။ Photo Credit Chelsea Talks - Michael Sports
မနေ့က အဖြေမှန်မရှိလို့ ဒီနေ့ဖိုင်နယ်အတွက်ထပ်လုပ်ပေးပါမယ် 🔍 ➡️ယနေ့ည Spain နဲ့ Argentina ပွဲစဉ်ရဲ့ HT/FT Correct Score (ပထမပိုင်းရလဒ်/ ပွဲပြီးရလဒ်) ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚫Edit တွေ နှစ်ခါမန့်တွေဆိုပယ်ပါမယ် 💵ဆုငွေ 150000 ကျပ်ပါ မှန်တဲ့သူ…
မနေ့က အဖြေမှန်မရှိလို့ ဒီနေ့ဖိုင်နယ်အတွက်ထပ်လုပ်ပေးပါမယ် 🔍 ➡️ယနေ့ည Spain နဲ့ Argentina ပွဲစဉ်ရဲ့ HT/FT Correct Score (ပထမပိုင်းရလဒ်/ ပွဲပြီးရလဒ်) ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚫Edit တွေ နှစ်ခါမန့်တွေဆိုပယ်ပါမယ် 💵ဆုငွေ 150000 ကျပ်ပါ မှန်တဲ့သူအရေတွက်ပေါ်မူတည်ပီးခွဲထည့်ပေးသွားပါမယ်(တစ်ဦးတည်းမှန်လျှင်တစ်ဦးတည်းရမည်) 👍အားလုံးဘဲကံကောင်းကြပါစေဗျာ ⚡️Your Trustest and Fastest Agent 🤜 @michaelnaygyii
𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐓𝐢𝐦𝐞 🔍 ➡️ယနေ့ည France နဲ့ England ပွဲစဉ်ရဲ့ HT/FT Correct Score (ပထမပိုင်းရလဒ်/ ပွဲပြီးရလဒ်) ခန့်မှန်းပေးပါ ID လေးပါတစ်ခါတည်းရေးပေးပါ 🚫Edit တွေ နှစ်ခါမန့်တွေဆိုပယ်ပါမယ် 💵ဆုငွေ 100000 ကျပ်ပါ မှန်တဲ့သူအရေတွက်ပေါ်မူတည်ပီးခွဲထည့်ပေးသွားပါမယ်(တစ်ဦးတည်းမှန်လျှင်တစ်ဦးတည်းရမည်) 👍အားလုံးဘဲကံကောင်းကြပါစေဗျာ ⚡️Your Trustest and Fastest Agent 🤜 @michaelnaygyii
အင်္ဂလန်နဲ့ အာဂျင်ပွဲမှာ မောင်စပိအား ဗူးနဲ့ပေါက်မှု ဖြစ်ပွား
အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ကွင်းလယ်စိုးမိုးမှုတွေကို ကြည့်ရတာ တစ်ခေတ်က ဇာဗီနဲ့ အင်နီယေစတာတို့ရဲ့ ပွဲတွေကို ပြန်ကြည့်နေရသလိုပါပဲ။ ဒီနေ့ပွဲမှာ အန်ဇိုတစ်ယောက် အင်္ဂလန်ကွင်းလယ်ကို အသက်ရှူပေါက်မရအောင် ဖိအားပေးသွားတာ ကြည့်လိုက်ရတာ အသည်းယားစရာပါပဲ။ ဘောလုံးကို ခြေထောက်မှာ ပိုင်ပိုင်နိုင်နိုင်ကိုင်ထားပြီး ကွင်းတစ်ကွင်းလုံးကို သူ့လက်ဖဝါးထဲကအတိုင်း လိုသလို ကစားသွားတာပါ။ သူ့ရဲ့ ပေးပို့မှုတွေက စာအုပ်ထဲကအတိုင်း Perfect ဖြစ်နေသလို၊ Final third ထဲကို ဘောလုံးတွေ ဖြတ်ပို့နေတာက တကယ့် Masterclass ပါပဲ။ အန်ဇိုရဲ့ ပွဲထွက်ပုံက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အန်ဂိုလို ကန်တီ ရှိစဉ်တုန်းကလိုမျိုး ကွင်းလယ်မှာ တည်ငြိမ်မှုအပြည့်နဲ့ ပြိုင်ဘက်တွေကို အကြပ်ရို-က်စေခဲ့တာပါ။ ဒီနေ့ပွဲမှာ သူသွင်းလိုက်တဲ့ ဂိုးတစ်ဂိုးကလည်း သူ့ရဲ့ Confidence ဘယ်လောက် မြင့်မားနေလဲဆိုတာ သက်သေပြလိုက်သလိုပါပဲ။ ကွင်းလယ်မှာ သူအလုပ်လုပ်နေပုံက တကယ့်ကို Total Midfield Domination ပါ။ ဘောလုံးကို အေးအေးဆေးဆေး Control လုပ်တယ်၊ လိုအပ်တဲ့အချိန်မှာ အကောင်းဆုံး Tempo နဲ့ ဂိုးဖန်တီးမှုတွေ လုပ်ပြတယ်။ အသက် (၂၅) နှစ်အရွယ်မှာတင် ဒီလိုမျိုး အတွေ့အကြုံရင့်ကျက်တဲ့ကစားဟန်ကို ပြသနိုင်တာက တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။ အန်ဇိုဟာ အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူစာရင်းမှာ အခိုင်အမာ နေရာယူနေပြီလို့ ပြောရမှာပါ။ Photo Credit Chelsea Talks - Michael Sports