tgindex
Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
5
Всего постов
45
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 359
+12 за 4 дн.
Сутки
+5
+0,21%
Неделя
 
Месяц
 
Просмотров на пост
278
40 постов
Вовлечённость
11,8%
к подписчикам
Постов в день
0,7
всего 45
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
124
1/48двое суток
142
1/72трое суток
153

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • ✏️ စာမေးပွဲခန်းထဲရောက်ပြီဆိုတာနဲ့ ဘာတွေကို သတိထားသင့်လဲ? ✅စာမေးပွဲအတွက် စာတွေကိုဘယ်လို practice လုပ်ရမလဲဆိုတာအရေးကြီးသလို📚 ✅တစ်ခါတလေ စာမသိလို့ အမှတ်လျော့တာထက် အလျင်လိုလို့၊ စိတ်လှုပ်ရှားလို့၊ မေးခွန်းဖတ်မှားလို့ အမှတ်တွေ ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် စာမေးပွဲနေ့မှာ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေ ပြောပြပေးသွားပါမယ်👇 ⏰ ၁။ Instructions ဖတ်ဖို့ပေးထားတဲ့အချိန်ကို အကျိုးရှိရှိအသုံးချပါ။ “ဒါတွေက သိပြီးသားပါ” ဆိုပြီး အလျင်လိုပြီး မကျော်လိုက်ပါနဲ့။ ပေးထားတဲ့အချိန်အတွင်းမှာ အသက်ကို ဖြည်းဖြည်းရှူပြီး စိတ်ကို အရင်တည်ငြိမ်အောင်လုပ်ပါ။ စိတ်ငြိမ်နေမှ ကိုယ်သိထားတာတွေကို သေချာအသုံးချနိုင်မှာပါ။ 🤍 🎯 ၂။ လွယ်တာကို အရင်ဖြေပါ။ မေးခွန်းတစ်ပုဒ်ကို ကြည့်လိုက်တာနဲ့ “ဒီဟာက နည်းနည်းခက်မယ်” လို့ ထင်ရင် Flag ပြပြီးခဏကျော်ထားလိုက်လို့ရပါတယ်။ ကိုယ်သိတဲ့အပုဒ်၊ လွယ်တဲ့အပုဒ်တွေကို အရင်ဖြေပြီး ရနိုင်တဲ့အမှတ်တွေကို အရင်စုပါ။ ပြီးမှ အချိန်ပိုလိုတဲ့မေးခွန်းတွေဆီ ပြန်လာပြီး သေချာစဉ်းစားပါ။ ခက်တဲ့တစ်ပုဒ်မှာ အချိန်ကုန်သွားပြီး လွယ်တဲ့အပုဒ်တွေ မဖြေနိုင်တာမျိုး မဖြစ်စေချင်ပါဘူး။ ✨ 🔍 ၃။ အချိန်ကျန်ရင် မဖြေထားတာတွေကို ပြန်စစ်ပါ။ ဖြေပြီးပြီဆိုပြီး submitတန်းလုပ်မယ့်အစား အချိန်နည်းနည်းကျန်ရင် ပြန်စစ်ကြည့်ပါ။ ✔️ မေးခွန်းတစ်ပုဒ်ကျော်ထားမိလား ✔️ ရွေးထားတဲ့အဖြေ မှန်ရဲ့လား ✔️ မေးခွန်းက တကယ်မေးထားတာနဲ့ ကိုက်ညီတဲ့အဖြေကို ရွေးထားရဲ့လား ✔️ NOT, EXCEPT, MOST, LEAST လို စကားလုံးတွေကို ဖတ်မိရဲ့လား ✅တစ်ခါတလေ မသိလို့ အမှတ်လျော့တာမဟုတ်ဘဲ မေးခွန်းကို အလျင်လိုဖတ်မိလို့ အမှတ်ဆုံးတာ တွေလည်း ရှိပါတယ်။ 🧥 ၄။ အေးတတ်ရင် အနွေးထည်တစ်ထည် ယူသွားပါ။ စာမေးပွဲခန်းဆိုတော့ အဲကွန်းဖွင့်ထားတာမျိုး ရှိနိုင်ပါတယ်။ အေးတတ်တဲ့သူတွေက ကိုယ်အဆင်ပြေမယ့် အနွေးထည်လေး ယူသွားပါနော်။ စာဖြေနေရင်း အရမ်းအေးနေမယ်ဆိုရင် မေးခွန်းအပေါ် အာရုံစိုက်ဖို့တောင် ခက်သွားနိုင်လို့ပါ။ 🧠 ၅။ မေးခွန်းတစ်ပုဒ်ကြောင့် စိတ်မလှုပ်ရှားပါနဲ့။ တစ်ပုဒ်ကို ကြည့်လိုက်တာနဲ့ မသိဘူးဆိုပြီး “ငါတော့ မဖြေနိုင်တော့ဘူး” လို့ မတွေးလိုက်ပါနဲ့။ ခဏကျော်ထားပါ။ သိတဲ့အပုဒ်ကို အရင်ဖြေပါ။ နောက်မှ ပြန်လာပြီး ထပ်စဉ်းစားပါ။ စာမေးပွဲတစ်ခုလုံးကို မေးခွန်းတစ်ပုဒ်နဲ့ မဆုံးဖြတ်ပါနဲ့။ ✨ နောက်ဆုံးအနေနဲ့… စာမေးပွဲခန်းထဲဝင်တဲ့အချိန်မှာ “ငါ ဘာမှမသိတော့ဘူး” ဆိုတာထက် “ငါလေ့လာထားသလောက် အကောင်းဆုံးဖြေမယ်” လို့ ကိုယ့်ကိုယ်ကို ပြောပေးပါ။ စိတ်အေးအေးထားပါ။ မေးခွန်းကို သေချာဖတ်ပါ။ သိတာကနေ စဖြေပါ။ တစ်ပုဒ်ချင်းစီ အကောင်းဆုံးဖြေသွားပါ။ 💪📖 အမှတ်ကောင်းကောင်းရဖို့ စာတွေပိုင်နိုင်ယုံနဲ့တင်မပြီးပါဘူး စာမေးပွဲခန်းထဲမှာ ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းမလဲဆိုတာလည်း အရေးကြီးပါတယ်။ ✨ ဒီအချက်လေးတွေက စာမေးပွဲဖြေမယ့်သူတွေအတွက် အသုံးဝင်မယ်ဆိုရင် သူတို့လည်း ဖတ်ရအောင် Share လေးလုပ်ပေးထားပါနော်။ 📩 1 Day Free Trial အတွက် အသေးစိတ်သိရှိလိုပါက Page Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ 🟦GEDအတန်းများစုံစမ်းရန် @luumon_edu ☎️ 09-768922432 🎯Follow Us for More 🟦Weekly Discussion Group https://t.me/studentcommunitylmec 🟦Telegram Channel  https://t.me/morgan_your_navigator 🟦Facebook https://www.facebook.com/share/17fk5U1aHQ/

  • Hello everyone! 👋 ဒီနေ့မှာတော့ GED Social Studies မှာ မကြာခဏတွေ့ရတတ်တဲ့ အရေးကြီးတဲ့ Supreme Court case တစ်ခုဖြစ်တဲ့ Brown v. Board of Education အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ 🫰 ဒီအမှုကို နားလည်ဖို့အတွက် အရင်ဆုံး အဲဒီအချိန်က အမေရိကန်နိုင်ငံမှာရှိခဲ့တဲ့ racial segregation အခြေအနေကို သိထားဖို့လိုပါတယ်။ ၁၉ရာစုအဆုံးပိုင်းနဲ့ ၂၀ရာစုအစပိုင်းကာလတွေမှာ အမေရိကန်နိုင်ငံမှာ လူမည်းတွေနဲ့ လူဖြူတွေကို နေ့စဉ်ဘဝရဲ့ နေရာအများအပြားမှာ လူမျိုးအလိုက် ခွဲခြားထားခဲ့ကြပါတယ်။ ကျောင်းတွေ၊ ဘတ်စ်ကားတွေ၊ စားသောက်ဆိုင်တွေ၊ အများပြည်သူသုံးနေရာတွေမှာတောင် သီးခြားခွဲထားခဲ့ပါတယ်။ ဒီလိုခွဲခြားထားတဲ့စနစ်ကို 1896 ခုနှစ် Plessy v. Ferguson အမှုက “separate but equal” ဆိုတဲ့ မူဝါဒနဲ့ တရားဝင်ခွင့်ပြုခဲ့ပါတယ်။ “Separate but equal” ဆိုတာက လူမည်းနဲ့ လူဖြူတွေကို သီးခြားခွဲထားနိုင်ပေမယ့် ပေးအပ်တဲ့ အခွင့်အရေးနဲ့ အရည်အသွေးတွေက တန်းတူညီမျှဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ equal မဖြစ်ခဲ့ပါဘူး။ လူမည်းကျောင်းတွေဟာ လူဖြူကျောင်းတွေနဲ့ နှိုင်းယှဉ်ရင် အဆောက်အဦး၊ စာအုပ်စာတမ်းနဲ့ ပညာရေးအရင်းအမြစ်တွေ မလုံလောက်တာတွေ ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ Linda Brown ဆိုတဲ့ လူမည်းကလေးမလေးရဲ့ ဖြစ်ရပ်က အရေးကြီးတဲ့ တရားရုံးအမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ Linda Brown ဟာ Kansas ပြည်နယ်၊ Topeka မြို့မှာ နေထိုင်ခဲ့ပါတယ်။ သူမရဲ့အိမ်နဲ့ အနီးဆုံးမှာ လူဖြူကလေးတွေတက်တဲ့ ကျောင်းတစ်ကျောင်းရှိပေမယ့် Linda ဟာ လူမည်းဖြစ်တာကြောင့် အဲဒီကျောင်းကို တက်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ဝေးတဲ့ လူမည်းကျောင်းကို သွားတက်ခဲ့ရပါတယ်။ Linda ရဲ့ဖခင် Oliver Brown အပါအဝင် မိဘတွေက ဒီလိုခွဲခြားမှုဟာ မတရားဘူးလို့ ယုံကြည်ခဲ့ကြပြီး တရားရုံးမှာ စိန်ခေါ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဒီအမှုဟာ အမေရိကန် Supreme Court အထိ ရောက်ရှိလာခဲ့ပါတယ်။ ပြီးတော့ 1954 ခုနှစ်၊ မေလ 17 ရက်နေ့မှာ Supreme Court က သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ Chief Justice Earl Warren ဦးဆောင်တဲ့ တရားသူကြီး ၉ ဦးလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး၊ Public schools တွေမှာ လူမျိုးအလိုက် ခွဲခြားထားခြင်းဟာ 14th Amendment ရဲ့ Equal Protection Clause နဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ရဲ့ အဓိကအချက်ကတော့ “Separate educational facilities are inherently unequal.” ဆိုလိုတာက ကျောင်းတွေကို လူမျိုးအလိုက် ခွဲထားခြင်းကိုယ်တိုင်က တန်းတူညီမျှမှုကို မဖြစ်နိုင်စေဘူး ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကြောင့် Brown v. Board of Education ဟာ အမေရိကန်နိုင်ငံရဲ့ public school segregation ကို တရားဝင်အဆုံးသတ်ဖို့ လမ်းဖွင့်ပေးခဲ့တဲ့ အရေးကြီးဆုံး Supreme Court decisions တွေထဲက တစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် ဒီဆုံးဖြတ်ချက်ဟာ Civil Rights Movement အတွက်လည်း အရေးကြီးတဲ့ turning point တစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လူမျိုးရေးတန်းတူညီမျှမှုနဲ့ civil rights တွေအတွက် တိုက်ပွဲဝင်မှုတွေ ပိုမိုအားကောင်းလာခဲ့ပါတယ်။ ဒါကြောင့် GED Social Studies မှာ Brown v. Board of Education ကိုတွေ့ရင် အဓိကမှတ်ထားသင့်တာက ✅Plessy v. Ferguson (Separate but Equal) ✅Brown v. Board of Education (School segregation is unconstitutional) ဆိုတဲ့ ဆက်စပ်မှုပါ။ နောက်ဆုံးအနေနဲ့ Brown v. Board of Education ဟာ ကျောင်းတစ်ကျောင်းအကြောင်းတင်မဟုတ်ဘဲ လူတိုင်းအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးရှိသင့်တယ်ဆိုတဲ့ အခြေခံမူကို အမေရိကန်သမိုင်းမှာ ပိုမိုခိုင်မာစေခဲ့တဲ့ အမှုတစ်ခု ဖြစ်ပါတယ်။ 📩 1 Day Free Trial အတွက် အသေးစိတ်သိရှိလိုပါက Page Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ 🟦GEDအတန်းများစုံစမ်းရန် @luumon_edu ☎️ 09-768922432 🎯Follow Us for More 🟦Weekly Discussion Group https://t.me/studentcommunitylmec 🟦Telegram Channel  https://t.me/morgan_your_navigator 🟦Facebook https://www.facebook.com/share/17fk5U1aHQ/

  • без подписи

  • 📣 GED Science Chemistry Basic Workshop လေး လာပါပြီနော်! Chemistry ဆိုတာနဲ့… ❓ Elements တွေ မမှတ်မိဘူး… ❓ Chemical Equations တွေ မညှိတတ်ဘူး… ❓ Endothermic နဲ့ Exothermic ကို ရောထွေးနေတယ်… ❓ Limiting Reactant တွက်တာ အမြဲမှားနေတယ်… ဒီလိုအခက်အခဲတွေကြောင့် GED…

  • без подписи

  • без подписи

  • без подписи

  • ဒီနေ့မှာတော့ Social Studies questions practice test လေးတွေshare ပေးထားပါရှင့်🫶🏻✨

  • 📣 GED Science Chemistry Basic Workshop လေး လာပါပြီနော်! Chemistry ဆိုတာနဲ့… ❓ Elements တွေ မမှတ်မိဘူး… ❓ Chemical Equations တွေ မညှိတတ်ဘူး… ❓ Endothermic နဲ့ Exothermic ကို ရောထွေးနေတယ်… ❓ Limiting Reactant တွက်တာ အမြဲမှားနေတယ်… ဒီလိုအခက်အခဲတွေကြောင့် GED Science Chemistry ကို ကြောက်နေသေးလား? စိတ်မပူပါနဲ့နော်! ✨ Chemistry ကို အခြေခံကနေ နားလည်ပြီး GED Science Exam ကို ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်ဖို့ ဒီ Workshop ကို တက်ရောက်လိုက်ပါ။ 🗓️ Workshop Date: Sunday, 9.8.2026 🕖 Time: 7:00 PM (Myanmar Time) 📚 သင်ကြားပေးမယ့် Topics ✅ Atom and Ion ✅ Elements, Molecules and Compounds ✅ Balancing Chemical Equations + Practice Questions ✅ Endothermic & Exothermic Reactions + Practice Questions ✅ Limiting Reactant & Excess Reactant 💡 Theory ကိုသာမက Practice Questions တွေနဲ့ပါ လေ့ကျင့်ပေးမှာဖြစ်လို့ Chemistry Concept တွေကို ပိုမိုနားလည်လာပြီး GED Science Exam အတွက် အဆင်သင့်ဖြစ်လာမှာပါ။ 📍 Basic Level ကစပြီး သင်ကြားပေးမှာဖြစ်လို့ Chemistry အခြေခံအားနည်းသူများလည်း အဆင်ပြေစွာ တက်ရောက်နိုင်ပါတယ်။ ✅ အခုပဲ Register လာတင်လိုက်တော့နော်! 👇🏻👇🏻 📩 Register Here – @luumon_edu ☎️ 09-768922432 🎯 Follow Us for More 🟦 Weekly Discussion Group https://t.me/studentcommunitylmec 🟦 Telegram Channel https://t.me/morgan_your_navigator 🟦 Facebook Page https://www.facebook.com/share/17fk5U1aHQ/

  • без подписи

  • без подписи

  • 📣မိမိရဲ့ Maths level skill ကိုစစ်ဖို့အချိန်ရောက်လာပါပြီနော်ကိုယ့်လူတို့!! 🆘 ဒီနေ့မှာတော့ LMECကနေ လူမွန်တို့အတွက် mock test လေးတင်ပေးလိုက်ပါပြီနော် ✅ real exam questions format နဲ့အဆင်တူဆုံးကို collect လုပ်ပေးထားတာဖြစ်လို့ timer လေးသတ်မှတ်ပြီးအခုပဲဖြေကြည့်လိုက်တော့နော်😜✨ 📩 1 Day Free Trial အတွက် အသေးစိတ်သိရှိလိုပါက Page Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ 🟦GEDအတန်းများစုံစမ်းရန် @luumon_edu ☎️ 09-768922432 🎯Follow Us for More 🟦Weekly Discussion Group https://t.me/studentcommunitylmec 🟦Telegram Channel  https://t.me/morgan_your_navigator 🟦Facebook https://www.facebook.com/share/17fk5U1aHQ/

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи