- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 55
- Всего постов
- 68
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 14
- 1/48двое суток
- 16
- 1/72трое суток
- 17
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
. ☯️ အိန္ဒိယကတရုတ်ကို အကူအညီပေးနေတဲ့ “Shadow Network” လျှို့ဝှက်ကွန်ရက် လည်ပတ်နေတယ်လို့ အမေရိကန်စွပ်စွဲ အမေရိကန်က အိန္ဒိယအပါအဝင် ကုန်သွယ်ဖက်နိုင်ငံ ၄၀ လောက်ဟာ တရုတ်နိုင်ငံကို ကူညီပြီး “Shadow Trans-shipment Network” (နောက်ကွယ်ကနေ ကုန်ပစ္စည်းလမ်းကြောင်းပြောင်းပို့တဲ့ ကွန်ရက်) တစ်ခု လည်ပတ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒီကိစ္စကြောင့် အိန္ဒိယနဲ့ အမေရိကန်ကြား ဆက်ဆံရေးမှာ နောက်ထပ် ပြဿနာတစ်ခု တိုးလာနိုင်ပါတယ်။ ဘာကြောင့် အမေရိကန်က စွပ်စွဲတာလဲ❓ အမေရိကန်အစိုးရရဲ့ အစီရင်ခံစာအသစ်ကို “The Great Transshipment Scam” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ အဲဒီအစီရင်ခံစာမှာ အိန္ဒိယအပါအဝင် အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံ (၄၀) ကျော်ဟာ တရုတ်နိုင်ငံက အမေရိကန်ရဲ့ မြင့်မားတဲ့ အခွန် (tariffs) တွေကို ရှောင်နိုင်အောင် ကူညီပေးနေတယ်လို့ ဖော်ပြထားပါတယ်။ အဓိကအားဖြင့် “Shadow Trans-shipment Network” ကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။ Transshipment ဆိုတာ ဘာလဲ❓ ဥပမာ တရုတ်ကုန်ပစ္စည်းတစ်ခုကို အမေရိကန်က တရုတ်အပေါ် အခွန်အလွန်မြင့်မြင့် ချထားတယ်ဆိုပါစို့။ တရုတ်ကနေ အမေရိကန်ကို တိုက်ရိုက်မပို့ဘဲ— China 🇨🇳 → India 🇮🇳 → USA 🇺🇸 လိုမျိုး တတိယနိုင်ငံတစ်ခုကို ဖြတ်ပြီးမှ အမေရိကန်ကို ပို့တာမျိုး ဖြစ်ပါတယ်။ အဲဒီလိုလုပ်ရင် တရုတ်ကုန်ပစ္စည်းကို တိုက်ရိုက်တင်သွင်းတာထက် အခွန်ပိုနည်းနိုင်တဲ့ အခွင့်အရေး ရှိလာပါတယ်။ အမေရိကန်က ဒီလိုလုပ်ဆောင်မှုကို “illegal transshipment” (တရားမဝင် ကုန်ပစ္စည်းလမ်းကြောင်းပြောင်းပို့မှု) လို့ ခေါ်ပါတယ်။ Crd
■ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ စူပါကွန်ပျူတာ ခန့်မှန်း လာမယ့် ၂၀၂၆-၂၇ ဘောလုံးရာသီမှာလည်း အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ Opta စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးကို ကျော်ဖြတ်ပြီး ၂၂ နှစ်အတွင်း ပထမဆုံး အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးခဲ့တာပါ။ ယင်းမတိုင်ခင်မှာ အာဆင်နယ်အနေနဲ့ သုံးရာသီဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်တယ်။ Opta က အချက်အလက်စုစုပေါင်း ၁၀၀၀၀ ကျော်ကို အခြေခံပြီး အခုခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့တာပါ။ အာဆင်နယ်အသင်းက ချန်ပီယံ ထပ်ဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းကတော့ ချန်ပီယံအခွင့်အလမ်း ၂၀.၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အဲဒီနှစ်သင်းနောက်မှာ လီဗာပူးလ်အသင်းက ၉.၂ ရာခိုင်နှုန်း၊ မန်ယူနိုက်တက်အသင်းက ၆.၂ ရာခိုင်နှုန်း၊ အက်စတွန်ဗီလာအသင်းက ၄.၈ ရာခိုင်နှုန်း၊ ချယ်လ်ဆီးအသင်းက ၄.၁ ရာခိုင်နှုန်း၊ စပါးအသင်းက ၂.၉ ရာခိုင်နှုန်း အသီးသီး ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ချန်ပီယံ လီဗာပူးလ်အသင်းက ၂၈.၅ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ ရာသီကုန်မှာ အဆင့်ငါးနေရာသာ ရပ်တည်ခဲ့ပါတယ်။ Photos: Arsenal
без подписи
ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး ရန်ကုန်မြို့တော် ရေပေးဝေရေး၌ ကလိုရင်းဆေး စနစ်တကျ ခတ်ပေးလျက်ရှိ
အပူပိုင်းမုန်တိုင်း လာလာဟာဝိုင်အီကျွန်းသို့ဦးတည်နေ *********** NOM အပူပိုင်း မုန်တိုင်းလာလာသည် ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ရပြီး စနေနေ့တွင် ဟာဝိုင်အီ၏ ကျွန်းမကြီး သို့ မရောက်ရှိမီ ဟာရီကိန်းအဆင့်သို့ ရောက်ရှိလာနိုင်သည်။ ဟာဝိုင်အီကျွန်းမကြီးသည် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု၊ အန္တရာယ်ရှိသော လှိုင်းလုံးများ၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြင့် အကြီးမားဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ နေရာအချို့တွင် မိုးရေချိန် ၅-၁၀ လက်မအထိ ရွာသွန်းနိုင်ပြီး သီးခြားဒေသများတွင် ၂၀ လက်မအထိ ရွာသွန်းနိုင်သည်။ အခြားဟာဝိုင်အီကျွန်းများလည်း လာလာ ၏လမ်းကြောင်းကို အနီးကပ်စောင့်ကြည့်နေကြသည်။ Crd
တပ်မတော်သားတစ်ဦးလျှင် တစ်လ လစာ၊စားရိတ်၊ရိက္ခာ၊ စသည့်လစာစားရိတ်၊CRM အပါအဝင် ၅သိန်းကျော် ရရှိခံစားရပါမည်။ မြန်မာ့တပ်မတော် တွင်ဝင်ရောက်တာဝန်ထမ်းဆောင်လိုသူများအတွက်အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုက ရေစီမြန်မာနိုင်ငံတော် ကြီးအဖြစ်ကမ္ဘာတည်သ ရွေ့တည်ရှိဘို့နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ရန်တပ်မတော်သို့ ဝင်ရောက်အမှုထမ်းဆောင်ကြပါစို့ 💵စားပြီးသောက်ပြီးစားရိတ်ငြိမ်း တစ်လဝင်ငွေ ၃သိန်းကျော်မှ ၃သိန်း၉ သောင်းကျော်ရရှိမည်။ စုစုပေါင်း လစာစားရိတ်တန်ဘိုး ၅သိန်း၄ သောင်းကျော်ခံစားခွင့်ရရှိမည်။ 🏘️🏘️💡🚰လူပျိုများအတွက်ရိပ်သာ၊ အိမ်ထောင်သည်များအတွက် တိုက်ခန်းများနေအိမ်လိုင်းခန်းများတွင် ရေ၊မီး၊အိမ်လခ အခမဲ့နေထိုင်ခွင့်ရရှိမည်။ 💊🏨မိမိအပါအဝင် မိသားစုဝင်များအား တပ်မတော်ဆေးရုံ၊ဆေးခန်းများတွင် ဆေးကုသခွင့်အခမဲ့ ကုသပေးသည်။ 👮🏻သတ်မှတ်နယ်မြေက ရဲမေများ တစ်လ ၁ သိန်း လစဉ်ထောက်ပံ့ကြေးရရှိမည်။ အမှန်တကယ်ဝင်လိုသော တပ်သားသစ်များအား သီးခြားထောက်ပံ့ငွေအဖြစ် ၅ သိန်းမှ ၁၀ သိန်း ကြား မိသားစုထောက်ပံ့ငွေအဖြစ် ဆေးစစ်ချက်ျအာင်မြင်ရင် ပေးအပ်သွားပါမည်။ စိတ်ပါ၀င်စားသူများ အနေဖြင့် 09254948853 09687890712 Viber PH- 09254948853 Telegram 09687890712 ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ https://t.me/motherkomyoည
မော်လမြိုင်မှာ ဓာတ်ကြိုးလာခိုးတဲ့အမျိုးသား ဓာတ်လိုက်သေဆုံး မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ညောင်ပင်ဆိပ်ရပ်ကွက် ၊ စက်မှုဇုန်(၁၆)လမ်းမှာ မနေ့ ဩဂုတ် ၁၃ ရက်နေ့ မနက်အစောပိုင်းက ဓာတ်ကြိုးလာခိုးတဲ့အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ စက်မှုဇုန်(၁၆)လမ်းမှာရှိတဲ့ ဓာတ်တိုင်ကတွဲလောင်းကျနေတဲ့ ဓာတ်ကြိုးကို ဖြုတ်ယူရာကနေ ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်ကြောင်း သိရပါတယ် ။ " ပြောပုံအရဆိုရင် ၅ နာရီကျော်ကျော်လောက်ထဲက ဖြစ်နေတာ ။ကျွန်တော်တို့သွားတော့ သူ့လက်ထဲမှာ ဓာတ်ကြိုးကိုင်ရက်သား တွေ့ရတယ်။ အရင် သူခိုးခိုးဖြတ်ထားတဲ့ ဓာတ်ကြိုးက ဓာတ်တိုင်ပေါ်ကနေ တွဲလောင်းကျနေတာ။ အဲဒါကို သူကဆွဲတာကနေ အပေါ်က ကြေးကြိုးပါတွဲကျလာပြီး ကြိုးတွေပူးပြီး ဓာတ်လိုက်တဲ့ သဘောလို့သိရတယ်။ သူတို့ကတော့ ပလုံကောက်တာလို့ပြောပေမယ့် တချို့ကတော့ မနက်အစောကြီးဆိုတော့ ခိုးတာပဲ ဖြစ်ဖို့များတယ်ပေါ့လေ ။ " လို့ ကူညီရေးလုပ်ကိုင်ခဲ့တဲ့ မွန်မြတ်သောနှလုံးသားပိုင်ရှင်များ နာရေးနှင့်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ အဆိုပါ ဓာတ်လိုက်သေဆုံးတဲ့ အမျိုးသားက အသက် ၃၁ နှစ်အရွယ် ဦးစိုးလင်းပိုင် ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်း ဇာတိဖြစ်ကြောင်း ၊ မော်လမြိုင်မြို့ စက်မှုဇုန်ထဲမှာပဲ အိမ်ငှားနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဇွန် ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း ၊ အောင်ပန်းမြို့ ၊ ရွာသစ်ရပ်ကွက်ရှိ ၊ ပစ္စပ္ပုန်ဘုန်းကြီးကျောင်းဝန်းထဲရှိ ထရန်စဖော်မာ TransFormer က ကြေးနန်းကြိုးကို လာခိုးတဲ့ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်ကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ဇဇ -၇၊ ၅၄ လမ်းနှင့် ၁၀၇(D)လမ်းထောင့်ရှိ ဓာတ်တိုင်ပေါ်ကို လျှပ်စစ်မီးကြိုး တက်ခိုးတဲ့ အမျိုးသားတယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
без подписи
без подписи
လှည်းကူး ရုပ်ရှင်မြို့တော်မှ ဇုန်(၆)ဇုန် (၅)နှစ်အတွင်း ရုပ်လုံးပေါ်လာဖွယ်ရှိ ************* သန့်ဇင် (NP News) - သြဂုတ်လ ၁၃ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အတွင်းမှ ဧက(၂၀ဝ)အကျယ်ရှိ ရုပ်ရှင်မြို့တော်သည် (၅) နှစ်အတွင်း ဇုန်(၆) ဇုန် ရုပ်လုံးပေါ်လာဖွယ်ရှိနေ ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အ တွင်းရေးမှူး ဦးချမ်းသာကြည်စိုးက NP News သို့ပြောသည်။ ရုပ်ရှင်မြို့တော်စီမံကိန်းကို Master Plan ဖြင့် ဇုန် (၁၀) ဇုန်ကို အပိုင်းလိုက်ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိတွင် အပန်းဖြေဥယျာဉ်ဖော်ဆောင်ရေး ဇုန်(၂)ဇုန်ကို လုပ်ငန်းရှင်တစ်ဦးကို နှစ် (၃၀)ငှားရမ်း စာချုပ်ဖြင့်လည်းကောင်း၊ မြို့ပြနှင့်ရပ်ကွက် Setting များဖော်ဆောင်ရေးဇုန် (၃)ဇုန်အတွက် လုပ်ငန်းရှင် တစ်ဦးကိုလည်းကောင်း ဆောက်လုပ်ခွင့်ပြုထားပြီဖြစ် ကြောင်းသိရသည်။ “သူကလည်း ပေါ်မယ်။ ထို့အတူပဲ အ နောက်ဘက်နဲ့တောင်ဘက်မှာရှိတဲ့ ဇုန် (၃)ဇုန်ကို လည်း လုပ်ငန်းရှင်တစ်ဦးကယူလိုက်ပြီ။ ပြီးတော့ သူ တို့လည်း မြေရှင်းတယ်။ ပြီးခဲ့တဲ့ မိုးမကျခင်ကတော့ သူတို့ မြေတွေအကုန်ရှင်းပြီးတော့ တံတားတွေ၊ လမ်း တွေ ထိုးဖို့လုပ်နေတယ်။ သူကလည်း (၃) နှစ်နဲ့ (၅) နှစ်အတွင်းမှာ မြို့ပြနဲ့ Setting ရပ်ကွက် အကောင် အထည်ဖော်ပေးရမယ်။ အဲဒါ (၅)နှစ်အတွင်းမှာ သူတို့ပေါ်လာရမယ်။ နောက်တစ်ခု C ဇုန်မှာကျတော့ 3D ရုပ်ရှင်တို့ Studio တွေနဲ့ ကစားကွင်းလေးတွေ ဖော်ဆောင်ပေးရမှာရှိတယ်။ အဲဒါလည်း လုပ်ငန်းရှင် တစ်ဦးအနေနဲ့ စိတ်ဝင်စားလို့ သူတို့ရဲ့ဟိုဥစ္စာလုပ်ဖို့အ တွက် စာချုပ်ချုပ်မယ့်အဆင့်ရောက်နေပြီ”ဟု ၎င်းက ပြောသည်။ ဇုန်ပေါင်း (၁၀)ဇုန်ပါဝင်သည် ရုပ်ရှင်မြို့ တော်သည် မြန်မာနိုင်ငံမြို့ကြီးများမှ အထင်ကရနေ ရာများ၊ ရုပ်ရှင်လောကသားများလိုအပ်သည့် တိုင်း ရင်းသားလူမျိုးအသီးသီးတို့၏နေအိမ်များ၊ ချောင်းများ ပါဝင်သည့် တောအုပ်များနှင့် စတူဒီယိုများအပါအဝင် ပြည်သူများအတွက် အပန်းဖြေနားနေရန်နေရာများ၊ စားသောက်ဆိုင်များနှင့် ကလေးကစားကွင်းများ စသဖြင့်ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဇုန်(၁၀)ဇုန်အနက် ပုဂ္ဂလိကငှား ရမ်းလုပ်ပိုင်ခွင့်ဖြင့် ဇုန်(၅)ဇုန်နှင့် ရုပ်ရှင်အစည်းအ ရုံးမှဇုန်တစ်ဇုန်တို့သည် စတင် အကောင်ထည်ဖော် နေပြီဖြစ်ရာ လာမည့်(၅)နှစ်အတွင်း ရုပ်လုံးပေါ်လာ တော့မည်ဖြစ်ကြောင်း ဦးချမ်းသာကြည်စိုးကဆိုသည်။ “တောင်ဘက်မှာကျတော့ နောက်ထပ် (၃)ဇုန်ကျန် သေးတယ်။ ဟိုဘက်က (၂)ဇုန်ထွက်သွားပြီ။ ဒီဘက် က (၃)ဇုန်ထွက်သွားပြီဆိုတော့ (၅)ဇုန်။ ရုပ်ရှင်အ စည်းအရုံးက (၁)ဇုန်ဆိုတော့ (၆)ဇုန်။ (၆)ဇုန်ဆို တော့ ဟိုဘက်က အခု စကားပြောနေတာနဲ့ (၇)ဇုန်။ (၃)ဇုန်ကျန်သေးတာပေါ့။ လက်ရှိကတော့ (၅)ဇုန် ကတော့လုပ်နေပြီ။ ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ စီမံခန့်ခွဲတဲ့ (၁) ဇုန်ရယ်၊။ အားလုံးပေါင်း (၆) ဇုန်က လုပ်ငန်းတွေ စပြီးတော့လုပ်နေပြီ။ (၅) နှစ်အတွင်း အပြီးပြတ်မယ်လို့ပြောလို့ရတယ်။ ပြောလို့ရတယ်ဆို တော့ တစ်ခုတော့ရှိတာပေါ့။ သစ်တော သစ်အုပ်တွေ ဆိုတာတော့ အသစ်အသစ်တွေက အုံဖွဆိုပြီးတော့ ကြီးမသွားဘူးပေါ့။ (၄)၊ (၅)နှစ်ဆိုရင် လုပ်တဲ့လုပ် ကွက်ကတော့ပေါ်လာပြီ။ ဒီတစ်မိုးပြီးရင် စိုက်စရာရှိ တာတွေစိုက်တော့မှာ”ဟု ၎င်းကပြောသည်။ ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် အထက် ပါနေရာမှ မြေဧက (၂၀ဝ)အကျယ်ရှိမြေကွက်ကို သမ္မတဦးသိန်းစိန်လက်ထက် (၂၀၁၄)ခုနှစ်က ပြန် ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကခွင့်ပြုပေးခဲ့သည့် စီမံကိန်း ဖြစ်ရာ နစကအစိုးရလက်ထက်တွင် ပြန်လည်ရုပ်လုံး ပေါ်လာပြီးနောက် နှစ်(၃၀)လုပ်ပိုင်ခွင့်ရရှိထား ကြောင်းသိရသည်။
13.8.2026 📚 အခေါက်ရွှေ 16 ပဲရည် {စနစ်ဟောင်း}💫 ✅ အရောင်း >> 10,120,000 ကျပ် ✅ အဝယ် >> 10,020,000 ကျပ် --------- အခေါက်ရွှေ 16 ပဲရည် {စနစ်သစ်}💫 ✅ အရောင်း >> 9,960,000 ကျပ် ✅ အဝယ် >> 9,860,000 ကျပ် --------- USD >> 4300-4400 ks ➖➖➖➖➖➖➖➖➖ အရောင်းအဝယ်မလုပ်ပါ...ပေါက်ဈေးနှုန်း တင်ပေးခြင်းဖြစ်ပါတယ်...💥
လူငယ်များ၏ ပေါင်းစည်းအားဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးမှုပန်းတိုင်သို ရောက်ရှိနိုင်ဟု နိုင်ငံတော်သမ္မတ ပြောကြား ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် မျိုးဆက်သစ်လူငယ်များ၏ ရင့်ကျက်သည့် အတွေးအခေါ်နှင့် မှန်ကန်သည့် လုပ်ရပ်များ ပေါင်းစည်း ဆောင်ရွက်သွားမည်ဆိုပါက အားလုံး မျှော်မှန်းသည့် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးမှု ပန်းတိုင်သို ရောက်ရှိရန် အထောက်အပံ့များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားလိုက်ပါတယ်။ အဆိုပါ အမှာစကားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုအပြင် ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်ဖြစ်သည့် “နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား - Different Contexts, Common Aspirations” ဆိုသည့်အတိုင်း လူငယ်များ၏ မတူကွဲပြားသော အတွေးအမြင်များကို စုစည်းကာ နိုင်ငံတော်၏ လူမှုစီးပွား ဖွံဖြိုးတိုးတက်စေမည့် ချဉ်းကပ်ဆောင်ရွက်မှု နည်းလမ်းသစ်များကို ရှာဖွေဖော်ထုတ်သွားကြရန် လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဘတို့က နေရာပေးတာကျလို့😂😂😂
без подписи
без подписи
без подписи
■ အက်သလက်တီကိုအသင်းနဲ့ ရိုမဲရိုး သဘောတူညီမှုရရှိ စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ စပါးအသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ စပိန်သတင်းစာတွေရဲ့ဖော်ပြချက်အရ အက်သလက်တီကိုအသင်းအနေနဲ့ ရိုမဲရိုးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀)ပေးချေရမှာဖြစ်ပြီး နည်းပြ ဆီမြွန်နီရဲ့ စိတ်ကြိုက်ကစားသမားဖြစ်လာဖွယ် ရှိနေပါတယ်။ တခြားဥရောပထိပ်သီးအသင်းတချို့ ပစ်မှတ်ထားခြင်းကိုခံခဲ့ရပေမဲ့ ရိုမဲရိုးကိုယ်တိုင် အက်သလက်တီကိုအသင်းရဲ့ ချိတ်ဆက်မှုကို လက်ခံခဲ့ပြီး မကြာခင် ဆေးစစ်မှုခံယူသွားမှာပါ။ အသက် (၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုမဲရိုးဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၂၃)ပွဲအထိကစားခဲ့တဲ့ ဝါရင့်နောက်ခံလူတစ်ယောက်ဖြစ်ပါတယ်။ Photos: X
без подписи
без подписи
■ တူရကီကလပ် ဘက်ဆစ်တက်စ်သို့ ဗလာဟိုဗစ်ပြောင်းရွှေ့ ဂျူဗင်တပ်စ်အသင်းရဲ့ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဘက်ဆစ်တက်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပါတယ.်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗလာဟိုဗစ်ကို ဘက်ဆစ်တက်စ်ပရိသတ်(၃)ထောင်ဝန်းကျင်က ကြိုဆိုခဲ့ကြပြီး တူရကီကလပ်က သူ့ကို (၃)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။ ဒါ့အပြင် ဘက်ဆစ်တက်စ်အသင်းဟာ ဗလာဟိုဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမဲ့ လက်မှတ်ထိုးကြေးအပါအဝင် သူ့အတွက်စုစုပေါင်းအသုံးစရိတ် ယူရို (၃၅)သန်းဝန်းကျင်အထိ အသုံးပြုခဲ့ရပါတယ်။ "ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ အမှတ်ပေးချန်ပီယံဆုအတွက် ကျွန်တော်တို့အကောင်းဆုံးတိုက်ပွဲဝင်သွားမှာပါ။ ပွဲထွက်ခွင့်ရဖို့ တကယ်ကိုမစောင့်နိုင်တော့ပါဘူး"လို့ ဗလာဟိုဗစ်က ပြောကြားခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းအတွက် (၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၆၈)ပွဲကစားကာ (၆၈)ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ နောက်ဆုံးရာသီမှာတော့ သူ့အတွက် ပွဲထွက်ခွင့်တွေနည်းပါးခဲ့ပါတယ်။ စီရော်နယ်လ်ဒိုနဲ့ အီဘရာဟီမိုဗစ်ရဲ့ ပရိသတ်ဖြစ်ခဲ့တဲ့ ဗလာဟိုဗစ်ဟာ တူရကီမြေမှာ ပုံစံကောင်းပြဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ Photos : X
без подписи