- Последний пост
- 16 авг.
- Последнее чтение
- ещё не заходили
- Постов за неделю
- 3
- Всего постов
- 330
- Тип
- открытый
- Язык
- английский
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 127
- 1/48двое суток
- 145
- 1/72трое суток
- 156
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Apple Products တွေ ဝယ်ဖို့အတွက် အဝေးကြီးတွေမသွားနဲ့တော့ 62 လမ်းမကြီးပေါ်မှာ အသစ်ဖွင့်လှစ်တော့မယ့် M STUDIO 62nd Branch က ဘယ်ဘက်ကလာလာ အနီးဆုံးပဲ… 👉 မြို့သစ်ဘက်က လာမယ်ဆိုလည်း မြို့ထဲထိ အဝေးကြီး လာစရာမလိုတော့ဘူး။ 62 လမ်းအတိုင်း ခဏလေး မောင်းလာရုံပဲ။ 👉 မြို့ပြင်နဲ့ နယ်ဘက်က လာမယ်ဆိုရင်လည်း မြို့ထဲအထိ အဝေးကြီး ဝင်နေစရာမလိုဘဲ 62 လမ်းမကြီးအတိုင်း တည့်တည့်ဝင်လာလို့ရတယ်။ 62 လမ်းမကြီးအတိုင်း မောင်းလာရင်း Central Point Shopping Mall ကို လှမ်းမြင်လိုက်ရပြီဆိုရင် “M STUDIO ကို ရောက်တော့မယ်” ဆိုတာ တန်းသိလိုက်လို့ရပြီ.. မန္တလေးရဲ့ ဘယ်နေရာကပဲ လာခဲ့လာခဲ့… သွားရလာရ အဆင်ပြေဆုံးဖြစ်မယ့် M STUDIO 62nd Branch မှာ မကြာခင် Soft Opening နဲ့အတူ တွေ့ကြစို့နော်… 👋 Location: 62nd Street, Between 108th and 109th Street, Mandalay. #MSTUDIO #MSTUDIOMandalay #62ndStreetBranch #CentralPointMandalay #SoftOpeningComingSoon
без подписи
ဒီ Promotion Post ကို မြင်လိုက်တဲ့သူကတော့ အရမ်းကံကောင်းသွားပါပြီ... ဘာလို့လဲဆိုတော့ ဒီ Promotion မှာ iPhone တစ်လုံးဝယ်ယူရုံနဲ့ iPad, MacBook, Apple Watch, AirPods စတဲ့ Ecosystem ပစ္စည်း 4 မျိုးစလုံးကို အလကားရသွားနိုင်တာမလို့ပါ.. တစ်မျိုးတည်းရမှာမဟုတ်ဘူးနော်၊ Product 4 မျိုးစလုံးကို တစ်စုတစ်စည်းတည်းရမှာ.. M STUDIO မှာ August 31 ရက်နေ့မတိုင်ခင် iPhone 15 Series (eSIM Only) နှင့်အထက် ဘယ် Model ကိုမဆို ဝယ်ယူမယ်ဆိုတာနဲ့ Lucky Draw Coupon လေးတစ်စောင် ရရှိမှာပါ။ ဒီ Lucky Draw Coupon လေးက ဘာတွေကို ကံထူးနိုင်မှာလဲ ဆိုတော့.. 🎁 Grand Prize အနေနဲ့ MacBook Neo, iPad 11th Gen, Apple Watch SE 3 , AirPods 4 စတဲ့ Apple Ecosystem Collection (3) ဆု 🎁 Tier Prize အနေနဲ့ Apple Watch Series 11 (14) ဆု စုစုပေါင်း (17) ဆုအထိ ကံထူးနိုင်မှာပါ။ ကံထူးရှင် (17) ဦးကိုတော့ Campaign ပြီးဆုံးတဲ့အခါ Random Draw နဲ့ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်.. ဒါကြောင့်မလို့ အခုချိန် iPhone ဝယ်မယ်ဆိုရင် Apple Ecosystem တစ်ခုလုံးကို ပိုင်ဆိုင်သွားနိုင်တာကြောင့် M STUDIO မှာ အချိန်မီ လာဝယ်လိုက်တော့နော်..
တောင်တက်တာပဲဖြစ်ဖြစ်၊ ရေငုပ်တာပဲဖြစ်ဖြစ်၊ စွန့်စားရတဲ့ ခရီးတွေ ထွက်တာပဲဖြစ်ဖြစ် ခက်ခဲတဲ့ စိန်ခေါ်မှုတွေကိုမှ ကြိုက်တဲ့သူဆိုရင် ကိုယ့်ရဲ့ခရီးလမ်းမှာ အထောက်အကူဖြစ်မယ့် ပစ္စည်းတစ်ခုကတော့ လိုအပ်မှာပေါ့။ သေချာတယ်.. အဲဒီ လိုအပ်ချက်က Apple Watch Ultra 3 ပဲ…✔ Apple Watch Ultra 3 နဲ့ဆို ကမ္ဘာအဆုံးအထိပဲ သွားမလား..? Aerospace-grade Titanium Body နဲ့ ပြုလုပ်ထားလို့ ဘယ်လိုကြမ်းကြမ်း ခံနိုင်ရည်ရှိရုံတင်မကဘူး၊ Sapphire Crystal ဖန်သားကြောင့် ပွန်းပဲ့မှာကို လုံးဝ စိတ်ပူစရာမလိုပါဘူး။ ရေအနက် မီတာ ၁၀၀ အထိ စိတ်ချလက်ချ အသုံးပြုနိုင်ပြီး Precision Dual-Frequency GPS စနစ် ပါဝင်တာကြောင့် လမ်းကြောင်းပျောက်မှာကိုလည်း စိတ်ကူးနဲ့တောင် ပူစရာမလိုတော့ဘူး။ တခြား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Features တွေ၊ Lifestyle Features တွေကတော့ Apple Watch Ultra 3 အတွက် ပြောစရာမလိုလောက်အောင်ကို ပြည့်စုံပြီးသားပါ။ ဒါကြောင့်မလို့.. ခက်ခဲတဲ့ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်ဖို့ Apple Watch Ultra 3 ကို M STUDIO မှာ လာရောက်ဝယ်ယူလိုက်ပါ..✔
MacBook မှာ Screenshot ရိုက်တာ၊ Record ဖမ်းတာမျိုးတွေလောက်ကတော့ User တိုင်း လုပ်တတ်ကြပါတယ်.. ဒါပေမယ့် MacBook ရဲ့ Shortcut Keys လေးတွေထဲကမှ လူသိနည်းပြီး အသုံးဝင်တာလေးတွေလည်း ရှိသေးတယ်နော်။ အခုပြောပြမယ့် Shortcut Keys လေးတွေက အသုံးဝင်ပြီး လိုက်လုပ်ရတာလည်း အရမ်းလွယ်တာမို့ အခုပဲစမ်းကြည့်လိုက်ပါ.. 📌 Option + Shift + Volume Up/Down (သို့) Brightness Up/Down ပုံမှန် Key တွေကိုသုံးပြီး Volume နဲ့ Brightness အတိုးအလျှော့ပြုလုပ်ရင် သတ်မှတ်ထားတဲ့ပမာဏအတိုင်း အတိုးအလျှော့ပြုလုပ်သွားမှာပါ။ ဒါပေမယ့် ဒီ Key လေးတွေကို တွဲနှိပ်ရင်တော့ ပုံမှန်ပမာဏရဲ့ 4ပုံ 1ပုံလောက် ပိုင်းပြီး အလွန်အသေးစိတ် ချိန်လို့ရသွားမှာပါ။ 📌 Option + Command + Delete File တစ်ခုကို ရွေးပြီး ဒီ Key ကို နှိပ်လိုက်ရင် Trash Bin ထဲ ရောက်မသွားဘဲ MacBook ထဲကနေ Permanent ဖျက်ပစ်နိုင်ပါတယ်။ 📌 Control + Command + D စာဖတ်နေရင်း/ရိုက်နေရင်းနဲ့ ကိုယ်မသိတဲ့ အင်္ဂလိပ်စာလုံးပေါ်မှာ Cursor တင်ပြီး ဒီ Key ကို နှိပ်လိုက်တာနဲ့ Dictionary နှင့် သတ်ပုံမှန်၊ မမှန်၊ အဓိပ္ပာယ်အပြည့်အစုံကိုဖော်ပြတဲ့ Pop-up လေး တက်လာပါလိမ့်မယ်။ 📌 Option + Spacebar (Full Screen) ဓာတ်ပုံ၊ PDF၊ Video တွေကို Double Click နှိပ်ပြီး ဖွင့်စရာမလိုဘဲ File ပေါ်ကို Click တစ်ချက်နှိပ်ကာ Spacebar ကို နှိပ်လိုက်ရင် Full Screen တန်းပြပေးပါတယ်။
MacBook တွေအတွက် အသုံးဝင်တဲ့ Shortcut Keys များ..
ဖုန်းတစ်လုံးက သုံးဖို့အတွက်ပဲမဟုတ်ဘူး.. ကိုယ့်ရဲ့ OOTD ကိုပါ ပိုကြည့်ကောင်းသွားစေရမယ် ဆိုတဲ့သူတွေအတွက် iPhone 16 ✨ Outfit ကို Style ကျကျ ပြင်ဆင်ထားပေမဲ့ လက်ထဲမှာကိုင်ထားတဲ့ ဖုန်းက အဆင်မပြေတဲ့အခါ တစ်ခုခု လိုနေသလို ခံစားရဖူးတယ်မဟုတ်လား? ဒီဇိုင်းဆန်းဆန်းနဲ့ သပ်ရပ်လှပတဲ့ iPhone 16 လေးက Vibe တွေအားလုံးနဲ့ ကိုက်ညီပြီး သူ့ရဲ့ Color လေးတွေကလည်း မြင်သူတိုင်းအတွက် မျက်စိကျချင်စရာကောင်းလှပါတယ်။ နူးညံ့တဲ့ Soft vibe လေး ကြိုက်တာပဲဖြစ်ဖြစ်၊ တည်ငြိမ်လှပတဲ့ Vibe လေး ရချင်တာပဲဖြစ်ဖြစ်၊ လူတွေကြားထဲမှာတောင် ပေါ်လွင်ထင်ရှားနေစေမယ့် အရောင်ဆန်းလေးတွေကြောင့် အရမ်းကို အထာကျနေမှာပါ.. "ကြည့်လေ ကြိုက်လေ၊ စွဲလန်းလေ" ဖြစ်စေမယ့် iPhone 16 ရဲ့ အလှပဆုံး အရောင်တွေထဲက အကြိုက်ဆုံးအရောင်လေးကို ရွေးချယ်ပြီး M STUDIO မှာ လာရောက်ဝယ်ယူလိုက်တော့နော် ✨ M STUDIO “EVERYTHING APPLE IS HERE” Hotline - 09 792 932 000
မနက်နိုးလို့ ဖုန်းလေး ကြည့်လိုက်တာနဲ့ Application အမျိုးမျိုးက Notifications တွေနဲ့ Lock Screen တစ်ခုလုံး ပြည့်နှက်နေတာမျိုး ခဏခဏ ကြုံဖူးကြမှာပါ။ အရေးကြီးတဲ့ Message တွေတောင် အဲ့ဒီထဲ မြုပ်သွားတတ်သလို၊ တနေကုန်လည်း ခဏခဏ ဝင်နေတော့ အလုပ်လုပ်ရတာ အာရုံစိုက်လို့ မရတော့ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ iPhone မှာ Scheduled Summary ဆိုတဲ့ Feature လေး ပါဝင်ပါတယ်။ ဒီ Feature ရဲ့ အလုပ်လုပ်ပုံက အရမ်းရိုးရှင်းပါတယ်။ အရေးမကြီးတဲ့ Notification တွေကို တနေကုန် ဝင်မလာစေဘဲ မိမိစိတ်ကြိုက် သတ်မှတ်ထားတဲ့ အချိန်ကျမှသာအစုလိုက်ဝင်လာစေမှာပါ။ ဥပမာ- မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် စသဖြင့် Notifications တွေ ဝင်လာစေချင်တဲ့ အချိန်ကို သတ်မှတ်ထားလိုက်ရင် တစ်နေ့တာလုံး Lock Screen မှာ ရှုပ်ပွမနေတော့ဘဲ အလုပ်ကို အာရုံစိုက်နိုင်သွားမှာပါ။ ဒီလိုမျိုးပိတ်ထားလိုက်ရင် အရေးကြီးတဲ့ Message တွေ လွတ်သွားမှာလား ဆိုပြီး စိတ်ပူစရာလည်း မလိုပါဘူး။ Phone Call, iMessage နဲ့ Messenger တို့လို Application တွေကို ရွေးချယ်ထားပြီး Message ဝင်လာအောင် လုပ်ထားလို့လည်း ရပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ iPhone ရဲ့ Settings ထဲက Notifications ကို သွားပြီး Scheduled Summary ကို ဖွင့်ပေးလိုက်ရုံပါပဲ။ အဲ့ဒီနောက်မှာ Notifications တွေ ဝင်လာစေချင်တဲ့ အချိန်နဲ့ Summary ထဲ ထည့်ချင်တဲ့ App တွေကို စိတ်ကြိုက် ရွေးချယ်ပေးလိုက်ရင် ရပါပြီ။ အရေးမကြီးတဲ့ Notification တွေနဲ့ စိတ်ရှုပ်မခံတော့ဘဲ iPhone ရဲ့ Lock Screen ကို ရှင်းရှင်းလင်းလင်းလေး ဖြစ်သွားအောင် ပြင်ဆင်လိုက်တော့နော် .😉 #M_STUDIO #iPhoneTips #iOSFeatures #ScheduledSummary #iPhoneUser #TechTips #KnowledgeSharing
Lock Screen ကို ဖွင့်လိုက်တိုင်း Notification တွေ မြင်ပြီးစိတ်ရှုပ်နေရလား🤔
Application တွေပေါ်မှာ အနီစက်တွေနဲ့ Noti Badges တွေကိုမြင်ရင် မျက်စိရှုပ်စရာကောင်းတယ်မလား?? အဲ့တာတွေကို မမြင်ချင်လို့ Noti တွေဝင်လာတိုင်း လိုက်ဖျောက်နေရတာ အလုပ်ရှုပ်တယ်နော်.. iPhone တွေမှာ အဲဒီ Noti Badges တွေကို လုံးဝပေါ်မလာအောင် လုပ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ လွယ်လွယ်လေးပါ.. Setting > Apps > ကိုယ်ပိတ်ထားချင်တဲ့ App > Notifications > Badges ဆိုတာလေးကို ပိတ်ထားလိုက်ရုံပါပဲ.. ဒါဆိုရင်တော့ မျက်စိရှုပ်စရာကောင်းတဲ့ အနီရောင် Noti Badges တွေ ပေါ်နေမှာ မဟုတ်တော့ပါဘူး.. ဒါပေမဲ့ တစ်ခုရှိတာက ဒီ Setting ကို ပိတ်ထားမယ်ဆိုရင် တစ်ချို့ အရေးကြီးတဲ့ Noti လေးတွေကို သတိမထားမိလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ Noti တွေမလွတ်သွားဖို့က ပိုအရေးကြီးတယ်ဆိုရင်တော့ မပိတ်ထားဖို့ အကြံပေးချင်ပါတယ်။
iPad တစ်လုံးဝယ်ဖို့ စဉ်းစားတဲ့အခါ iPad (Standard), iPad Air နဲ့ iPad Pro ဆိုပြီး Series တွေ အများကြီးရှိတော့ ဘာတွေကွာပြီး ဘယ် Model ကို ရွေးရမှန်းမသိဘဲ ခေါင်းရှုပ်နေရတတ်ပါတယ်။ ဒါကြောင့် မတူညီတဲ့ Chipset နဲ့ Performance အလိုက် ကိုယ်နဲ့ ဘယ်အမျိုးအစားက အသင့်တော်ဆုံးဖြစ်မလဲဆိုတာသိရဖို့ အလွယ်ကူဆုံးဖြစ်အောင် ရှင်းပြပေးလိုက်ပါတယ်နော်။ 1. iPad Generation Series (Standard Model) iPad Standard Model ဖြစ်တဲ့ Generation Series မှာတော့ လက်ရှိအချိန်အထိ A-Series Chips တွေကိုအသုံးပြုထားပါတယ်။ (ဥပမာ- iPad 11th Gen မှာ A16 Bionic ပါဝင်ပါတယ် ) ဒီ Series ကို ဘယ်သူတွေရွေးချယ်သင့်လဲဆိုတော့ အဓိကအားဖြင့် ကျောင်းစာလေ့လာသူတွေ၊ Online Class တက်ချင်သူတွေ၊ လုပ်ငန်းအတွက် စာရင်းတွက်ဖို့ သုံးချင်သူတွေနဲ့ Movie ကြည့်ဖို့၊ Social Media ကြည့်ဖို့လောက်ပဲသုံးချင်သူတွေအတွက် ရွေးချယ်သင့်ပါတယ်။ iPad Generation Series တွေက ဈေးနှုန်းလည်းအသက်သာဆုံးနဲ့ Apple ရဲ့ Ecosystem ကို အပြည့်အဝခံစားနိုင်မယ့် Base Model လည်းဖြစ်ပါတယ်။ 2. iPad Air iPad Air Series တွေမှာတော့ M-Series Chips တွေကို အသုံးပြုထားပါတယ်။ iPad Air Model အသစ်တွေမှာ M4 Chip အထိ ပါဝင်လာလို့ MacBook တစ်လုံးနီးပါးအထိ အသုံးပြုရတာမြန်ဆန်ပါတယ် iPad Air Series ကို ဘယ်သူတွေ ရွေးချယ်သင့်လဲဆိုတော့ Digital Arts အပျော်တမ်းဆွဲသူတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ Content Creator တွေနဲ့ Game ကို Performance ကောင်းကောင်း ဆော့ချင်သူတွေ ရွေးချယ်သင့်ပါတယ်။ iPad Air တွေက အလေးချိန်ပေါ့ပါးပြီး အရောင်အသွေးစုံလင်သလို၊ iPad Pro ရဲ့ Features အတော်များများကို ဈေးနှုန်းအလယ်အလတ်နဲ့ ရရှိနိုင်မယ့် Model တွေလည်း ဖြစ်ပါတယ်။ 3. iPad Pro iPad Pro Series တွေမှာလည်း M Series Chip တွေကိုပဲအသုံးပြုထားပါတယ်။ Overall Performance မှာတော့ iPad Pro အတွက် သုံးထားတဲ့ M Series Chip တွေက ပိုကောင်းပါတယ်။ လက်ရှိနောက်ဆုံးထွက်ထားတဲ့ Model အတွက်လည်း M5 Chip အထိ အသုံးပြုထားပါတယ်။ ဘယ်သူတွေအတွက်လဲ ဆိုတော့ 4K Video Editing အကြီးစားလုပ်မယ့်သူတွေ၊ 3D သမားတွေ၊ Professional Digital Artists တွေနဲ့ iPad တစ်လုံးရဲ့ Performance ကို အမြင့်ဆုံးထိလိုချင်တဲ့ Users တွေအတွက်ပါ။ Ultra Retina XDR Display (OLED) ပါဝင်လို့ ရုပ်ထွက်အရောင်အစစ်မှန်ဆုံး ပေးစွမ်းနိုင်ပြီး ProMotion 120Hz Refresh Rate ကြောင့် သုံးရတာက အိစက်ညက်ညောနေမှာပဲဖြစ်ပါတယ်။ ဆိုတော့ လွယ်လွယ်ကူကူပြောရရင်.. စာဖတ်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ အခြေခံလောက်ပဲသုံးမယ်ဆိုရင် >> iPad Standard Model ပုံဆွဲမယ်၊ အလုပ်လုပ်မယ်၊ Content တွေဖန်တီးမယ်၊ ဂိမ်းဆော့မယ်ဆိုရင် >> iPad Air အကြမ်းစား Videoတွေ Edit မယ်၊ Heavy Work တွေအတွက်သုံးမယ်၊ Performance အကောင်းဆုံးလိုချင်တယ်ဆိုရင် >> iPad Pro တွေကို ရွေးချယ်သင့်ပါတယ်။ မိမိလိုအပ်ချက်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် iPad Generation Series, iPad Air နဲ့ iPad Pro Model အစုံအလင်ကို အာမခံချက်အပြည့်နဲ့ M STUDIO မှာ အခုပဲလာရောက်ဝယ်ယူလိုက်ပါနော်.. 🛒 ကိုယ်လိုချင်တဲ့ Model နဲ့ Storage အလိုက် ဈေးနှုန်းတွေကို သိချင်ရင်လည်း Page Chat Box ကနေတစ်ဆင့် အသေးစိတ်မေးမြန်းနိုင်ပါတယ် #M_STUDIO #iPadSeries #iPadPro #iPadAir #AppleiPad #TechKnowledge
iPad Generation Series, iPad Pro, iPad Air ဘာတွေကွာသွားလဲ? ဘယ် Series က ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မလဲ?
မနက်ဖြန် August 1 ရက်နေ့က ချစ်သူကောင်လေးတိုင်း လုံးဝ မမေ့ထားသင့်တဲ့ "National Girlfriend’s Day" ပါ.. ကိုယ့်ကို အမြဲ အလိုလိုက်၊ ဂရုစိုက်ပေးတဲ့ ကောင်မလေးကို “ဘယ်လောက်အထိတောင် ချစ်ပါတယ်” ဆိုပြီး ကိုယ့်ရဲ့အချစ်တွေကို ဖော်ပြဖို့ အကောင်းဆုံးနေ့လေးပေါ့။ ဒါကို မသိသေးတဲ့ ယောက်ျားလေးတွေကတော့ မနက်ဖြန်မှ ကောင်မလေးဆီက "ဒီနေ့ ဘာနေ့လဲ" ဆိုတဲ့ မေးခွန်းနဲ့ ချွေးပြန်နေရမယ်နော်..😏 ဘာလို့လဲဆိုတော့ ဒီလိုမျိုးမေးခွန်းက ယောက်ကျားလေး တော်တော်များများအတွက်တော့ ရင်တုန်စရာအကောင်းဆုံး မေးခွန်းထဲမှာ ပါတာကိုး..🤭 ဒီလို National Girlfriend’s Day မှာ ကိုယ့်အချစ်တွေကို ဖော်ပြဖို့အတွက် ဘာလက်ဆောင် ပေးရမလဲဆိုပြီး ခေါင်းခြောက်မနေနဲ့... မိန်းကလေးတွေတိုင်း သဘောကျရတဲ့ Pink Color Sweet Tone iPhone လေးတွေ၊ Aesthetic ဖြစ်ပြီး သပ်ရပ်လှပတဲ့ Apple Watch, AirPods နဲ့ ချစ်စရာ Apple Accessories လေးတွေကိုသာ M STUDIO ကနေဝယ်ပြီး လက်ဆောင်ပေးလိုက်မယ်ဆိုရင် ချစ်သူလေးဆီက အမှတ်ပြည့်ရမှာ အသေအချာပဲ..😁 ကဲ..အခု ကိုယ့်အချစ်တွေကို ဖော်ပြနိုင်မယ့်နည်းလမ်း သိသွားပြီဆိုတော့ မနက်ဖြန် National Girlfriend’s Day မှာ ကောင်မလေးကို Surprise လုပ်ပြီး အမှတ်ပြည့် ယူချင်တယ်ဆိုရင် M STUDIO ကိုသာ လှမ်းခဲ့လိုက်နော် 💖 M STUDIO “EVERYTHING APPLE IS HERE” Hotline - 09 792 932 000 MDY- Address : Corner of 73 street and 28 street , Chan Aye Thar Zan Tsp , Mandalay . Contact : 09 796 304 000 Service - 09 740 010 002 YGN- Address : 6.5 Mile Marketplace, Pyay Road, Hlaing Township,Yangon. Contact : 09 798 406 000 YGN- Address : No-(472), Thein Phyu Road, Mingalar Taung Nyunt Township,Yangon. Contact : 09 792 931 000 Service - 09 740 010 003 #M_STUDIO #NationalGirlfriendsDay #iPHone #Love #SurpriseGift
မနက်ဖြန် ဘာနေ့လဲ သိကြရဲ့လား .👀
ခုနောက်ပိုင်း လူတော်တော်များများက iPhone တွေကိုပဲ ရွေးချယ်ကြတာနဲ့ ပတ်သက်ပြီး အချက် (3) ချက် ရှိပါတယ်။ ပထမဆုံးအချက်ကတော့ Apple ရဲ့ Privacy ကို အလေးထားမှုကြောင့်ပါ။ App Store ရဲ့ Security ကလည်း မြင့်မားတာကြောင့် Application ကနေတစ်ဆင့် အန္တရာယ်ရှိတဲ့ Virus တွေ ပါလာမှာကို လုံးဝစိတ်ပူစရာမလိုပါဘူး။ App Tracking လိုမျိုး Feature တွေလည်းပါဝင်လို့ ကိုယ့်ရဲ့ Data တွေကို ဘယ် App က ယူသုံးနေလဲဆိုတာ အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်။ ဒုတိယတစ်ချက်ကတော့ iOS ကြောင့်ပါပဲ။ Apple က iOS Software Update တွေကို အနည်းဆုံး (5) နှစ်ကနေ (7) နှစ်အထိ ပုံမှန်ပေးလေ့ရှိလို့ iPhone တစ်လုံးဝယ်ထားပြီးရင် နှစ်တွေအတော်ကြာတဲ့အထိ စိတ်ချလက်ချ သုံးလို့ရပါတယ်။ ဒါ့အပြင် Used ပြန်ရောင်းတဲ့အခါ ဈေးနှုန်းအရလည်းအဆင်ပြေပြီး ပြန်ရောင်းထုတ်ရတာလည်း အရမ်းလွယ်ကူပါတယ်။ တတိယအချက်ကတော့ Apple Ecosystem ရဲ့ ဆွဲဆောင်မှုကြောင့်ပါ။ iPhone တစ်လုံးတည်း မဟုတ်ဘဲ MacBook, iPad, Apple Watch, AirPods စတာတွေနဲ့ တွဲသုံးတဲ့အခါ ချိတ်ဆက်မှုတွေက အရမ်းအဆင်ပြေပြီး သုံးရတာ လွယ်ကူစေပါတယ်။ Device တစ်ခုနဲ့တစ်ခု Data အကူးအပြောင်းလုပ်တဲ့အခါမှာ အချိန်ကုန်သက်သာစေတာကလည်း Apple ရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒီလိုအချက်တွေကြောင့်ပဲ လူတော်တော်များများက ဖုန်းဝယ်တော့မယ်ဆိုရင် iPhone တွေကိုပဲ ဦးစားပေးပြီး ရွေးချယ်လာကြတာပါ။ ကိုယ်တိုင်ကရော ဘာကြောင့် iPhone ကို ရွေးချယ်ခဲ့တာလဲဆိုတာ Comment မှာ ပြောပြပေးခဲ့ကြဦးနော် ..👇 စစ်မှန်ပြီး အာမခံမှုစိတ်ချရတဲ့ iPhone တွေကို ဝယ်ယူချင်တယ်ဆိုရင်လည်း M STUDIO ကို လှမ်းလာခဲ့ဖို့ မမေ့နဲ့နော်.. #M_STUDIO #iPhone_ #AppleEcosystem #apple
ဖုန်းဝယ်တော့မယ်ဆိုရင် လူတော်တော်များများက ဘာကြောင့် iPhone တွေကိုပဲရွေးချယ်ကြတာလဲ?
တကယ်တော့ iPhone ရဲ့ Notes App ထဲမှာ လူသိနည်းပေမဲ့ အရမ်းအသုံးဝင်တဲ့ Features တွေ အများကြီး ပါဝင်ပါတယ်။ အဲဒီထဲကမှ အသုံးဝင်ဆုံး Features (3) ခုကို ပြောပြပေးမယ်နော်.. 1️⃣ Math Notes ဒီ Feature က Notes App ထဲမှာ သင်္ချာပုစ္ဆာတွေ၊ တွက်ချက်မှုတွေကို ရေးလိုက်တာနဲ့ ပုစ္ဆာရဲ့ အဖြေကို တိုက်ရိုက် တွက်ထုတ်ပေးသွားတာဖြစ်ပါတယ်။ ဥပမာ - 150 + 450 = လို့ ရေးလိုက်တာနဲ့ အဖြေ = 600 ကို ချက်ချင်း ပေါ်လာစေမှာပါ။ စာရင်း တွက်တာ၊ စျေးနှုန်း ပေါင်းတာနှုတ်တာတွေကို Calculators App ထဲ သွားစရာမလိုဘဲ Note App ထဲမှာတင် ချက်ချင်း တွက်ချက်နိုင်ပါတယ်။ 2️⃣ Record Audio ဒီ Feature က တော်တော်လေး လူသိနည်းပါးပါတယ်။ Note App ကို ကြာကြာလေး ဖိထားလိုက်တာနဲ့ Menu Bar လေး ပေါ်လာမှာဖြစ်ပြီး အဲ့ထဲကမှ Record Audio ဆိုတဲ့ Feature လေးကို ရွေးပေးလိုက်ရုံပါပဲ။ ဒီ Feature လေးက Note ထဲမှာတင် Audio Record လုပ်နိုင်ရုံတင်မကဘဲ ပြောသွားတဲ့ အသံတွေကို စာသားအဖြစ် Live Transcription ပါ ပြုလုပ်ပေးတာကြောင့် Meeting တွေ၊ စာသင်ချိန်တွေမှာ အသုံးပြုမယ်ဆိုရင် အရေးကြီးတဲ့ အချက်အလက်တွေလိုက်မှတ်ဖို့အတွက် အရမ်းအထောက်အကူဖြစ်ပါတယ်။ 3️⃣ Scan Text White Board ပေါ်က စာတွေကိုပဲ ဖြစ်ဖြစ် ကိုယ်ကူးယူချင်တဲ့ စာတွေကိုပဲဖြစ်ဖြစ် တစ်လုံးချင်းစီ Typing ရိုက်နေစရာမလိုပါဘူး။ Note ထဲက Link Icon လေးကို နှိပ်ပြီး Scan Text ဆိုတဲ့ Feature လေးကို ရွေးလိုက်တာနဲ့ Camera ထဲမှာ ချိန်ထားတဲ့စာသားတွေကို Scan ဖတ်ပြီး Copy ကူးလို့ရမှာဖြစ်ပါတယ်။ ကဲ.. အခုကစပြီး ကိုယ့်ဖုန်းထဲက Notes App ကို ဖွင့်ပြီး ဒီ Features လေးတွေကို စမ်းသုံးကြည့်လိုက်တော့နော်.. #M_STUDIO #AppleEcosystem #TipsAndTricks #NoteApp #iOSTips #MathNotes #RecordAudio #ScanText #iOSFeatures
iPhone ကိုင်နေပြီး Note App ကို စာတွေမှတ်ရုံလောက်ပဲ သုံးနေတုန်းလား? 🤔
ယခုကျရောက်တဲ့ ဝါဆိုလပြည့်နေ့မနက်မှာ နိုးထလာတဲ့အချိန်ကစပြီး ပန်းလေးတွေ လန်းဆန်းစွာ ပွင့်သလိုမျိုး အားလုံးရဲ့ စိတ်နှလုံးထဲမှာလည်း အေးချမ်းမှုကိုပေးနိုင်သော မေတ္တာပန်းများ ပွင့်လန်းပါစေ..🌸 ဒီနေ့လို မွန်မြတ်လှတဲ့ ဝါဆိုလပြည့်နေ့လေးမှာ ပြုသမျှ ကုသိုလ်၊ သဒ္ဒါတရားတွေကြောင့် စိတ်ရောကိုယ်ပါ အပူပင်ကင်းပြီး တစ်နေ့တာလုံး ကြည်နူးအေးချမ်းကြပါစေနော်..✨ M STUDIO မိသားစုမှ ဆုမွန်ကောင်းတောင်းလျက်.. “ဝါဆိုပန်းများ လန်းဆန်းဝေ၊ သဒ္ဒါစိတ်ဖြင့် ကုသိုလ်ဆွေ၊ အေးချမ်းကြပါစေ...” #M_STUDIO #Warso_Full_Moon_Day #Wish
အိမ်ကနေ ဘယ်မှမသွားဘဲ လိုချင်တာဝယ်လို့ရချင်တဲ့သူတွေ ပျော်လို့ရပြီ.. ဘာလို့ဆို.. M STUDIO Website ကတစ်ဆင့် ကိုယ်လိုချင်တဲ့ Apple Products တွေကို ဝယ်ယူလို့ရနေပြီလေ.. iPhone, iPad တွေက အစ Apple Original Accessories တွေအထိ စိတ်တိုင်းကျ ရွေးချယ်နိုင်သလို.. Order တင်ပြီးရင်လည်း ပစ္စည်းကို ရယူဖို့ M STUDIO Showroom အထိ လာနေစရာမလိုဘူးနော်.. M STUDIOက မြန်ဆန်ပြီး စိတ်ချရတဲ့ Delivery Service နဲ့အတူ Customer တွေရဲ့လက်ထဲအထိ အရောက်ပို့ပေးမှာဖြစ်လို့ အိမ်ကနေ တစ်ဖဝါးမှမခွါဘဲ ကိုယ် Order တင်ထားတဲ့ပစ္စည်းလေး လာပို့တာကို ထိုင်စောင့်နေရုံပါပဲ.. ဒါကြောင့်.. ကိုယ်လိုချင်တဲ့ Apple Products တွေရှိရင် အခုပဲ www.mstudiomyanmar.com မှာ Order တင်လိုက်တော့နော်..😉 M STUDIO “EVERYTHING APPLE IS HERE” Hotline - 09 792 932 000 #M_STUDIO #EVERYTHING_APPLE_IS_HERE #AppleProduct #Buy #Website