Myanmotion Main Movie Poster Channel
Статистикаမြန်မာစာတန်းထိုးရုပ်ရှင်ဇာတ်ကားများ
- Последний пост
- 13 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 10
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Видео
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 34
- 1/48двое суток
- 38
- 1/72трое суток
- 42
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Evil Dead Burn ခရစ်ယာန်သမ္မာကျမ်းစာ သမိုင်းပါမောက္ခ ဒေါက်တာ ဘင်ဂျမင် ပရိုက်စ် ချန်ထားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် မှတ်တမ်းတစ်ခုနဲ့ ဇာတ်လမ်းစတင်ထားပါတယ်။ အဲဒီမှတ်တမ်းမှာ သေခြင်းကျမ်းစာ (Necronomicon) ထဲက တားမြစ်ထားတဲ့ စာသားတွေကို ဖတ်ရှုမိတာကြောင့် လူတွေရဲ့ ခန္ဓာကိုယ်ထဲ ပူးကပ်ဝင်ရောက်တတ်တဲ့ ရက်စက်လွန်းလှတဲ့ မိစ္ဆာသရဲသဘက်တွေ နိုးထလာခဲ့ကြောင်းနဲ့ အဲဒီမိစ္ဆာတွေကို ငရဲဆီ ပြန်ပို့နိုင်မယ့် အင်းကွက်ဝှက်ထားတဲ့ ရှေးဟောင်းလက်နက်တစ်မျိုးအကြောင်း ပါဝင်နေပါတယ်။ အခြားတစ်ဖက်မှာတော့ အဲလစ် ဆိုတဲ့ အမျိုးသမီးဟာ ကားအဆင်မပြေမှုနဲ့ ရန်ဖြစ်ရာကနေ မတော်တဆ ဆုံးပါးသွားခဲ့ရတဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ဝယ်လ် ရဲ့ နာရေးနဲ့ အမှတ်တရ အခမ်းအနားအတွက် ခင်ပွန်းသည်ရဲ့ မိသားစုအိမ်ဆီ ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ဝယ်လ်ရဲ့ မိခင်၊ အဖေ၊ ညီဖြစ်သူ ဂျိုးဇက် နဲ့ ဆွေမျိုးတွေ စုဝေးနေကြရင်း ဝမ်းနည်းမှု၊ စိတ္တဇနဲ့ မိသားစုကြား အတိတ်က ပဋိပက္ခတွေ၊ အပြစ်တင်မှုတွေနဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် ခင်ပွန်းဖြစ်သူရဲ့ အဖိုးဖြစ်သူ သမိုင်းပါမောက္ခ သုတေသနလုပ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ၊ ကျိန်စာသင့် စာအုပ်မှတ်တမ်းတွေနဲ့ ရှေးဟောင်း ဓားမြှောင် လက်နက်တစ်ခုရဲ့ လျှို့ဝှက်ချက်တွေဟာ အဲဒီအိမ်ထဲမှာ ကျန်ရှိနေခဲ့တာပါ။ မထင်မှတ်ဘဲ မိစ္ဆာကျိန်စာ နိုးထလာခဲ့ပြီး အိမ်ထဲက မိသားစုဝင်တွေရဲ့ ခန္ဓာကိုယ်ထဲကို တစ်ယောက်ပြီးတစ်ယောက် ပူးကပ်ဝင်ရောက်လာတဲ့အခါမှာတော့ အချင်းချင်း ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ကြရင်း ငရဲခန်းသဖွယ် သွေးထွက်သံယို သွေးပျက်စရာ ရင်ဆိုင်ကြုံတွေ့ကြရပါတော့တယ်။ စိတ္တဇဖိနှိပ်မှုတွေ၊ သွေးသံရဲရဲ သည်းထိတ်ရင်ဖို အခန်းတွေနဲ့အတူ အသက်ဘေးကနေ လွတ်မြောက်ဖို့နဲ့ မိစ္ဆာတွေကို တားဆီးနိုင်မယ့် ရှေးဟောင်းဓားမြှောင်ကို အပြိုင်အဆိုင် လိုက်လံရှာဖွေရင်း ကုန်းရုန်းရုန်းကန်ကြရမယ့် သည်းထိတ်ရင်ဖို Horror ဇာတ်ကားပဲ ဖြစ်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
Evil Dead Burn
Peleliu: Guernica of Paradise စစ်ပွဲဆိုတာကို အာရုံမရှိပဲ အေးအေးဆေးဆေး ကာတွန်းဆရာဖြစ်ချင်တဲ့ Tamaru ဆိုတဲ့ ဂျပန်စစ်သားလေးနေရာကို ဦးစားပေး ဖော်ပြထားပါတယ်။ သိတဲ့အတိုင်း သူတို့တာဝန်ကျနေတဲ့အချိန်အတွင်း အမေရိကန်တပ်တွေက အားနဲ့အင်နဲ့ ဝင်စီးပြီး သိမ်းပိုက်ဖို့ လာကြတဲ့အချိန်မှာတော့ Tamaru တို့ ဂျပန်တပ်တွေ ဘယ်လို ခုခံကာကွယ်ကြသလဲ။အနုပညာစိတ်ကူး ကွန့်မြူးတဲ့ Tamaru အတွက် ဒီလို အနိဌာရုံတွေကြားမှာ သူ့ပညာလေးနဲ့ ဘယ်လိုတွေ အသုံးချခဲ့နိုင်မလဲဆိုတာလေးတွေ မြင်ရမယ်။ ရဲဘော်ရဲဘက်များနဲ့ စားစရာမရှိ ငတ်ပြတ်ပြိး ဘယ်လိုမျိုး အသက်ရှင်ရုန်းကန်ခဲ့ကြသလဲ။ ကိုယ့်အမိမြေမှာ မိသားစုတွေ ဘာတွေဖြစ်နေသလဲ မသိကြရပဲ ဒီတောကြီးမျက်မည်း ကျွန်းပေါ်မှာ ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ အမိမြေကို ကာကွယ်ဖို့ဆိုပြီး ကျန်ခဲ့ရတဲ့သူတွေရဲ့ ခံစားချက် အတွေ့အကြုံတွေကို ပုံစံတစ်မျိုးလေးနဲ့ ခံစားရမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲနောက်ခံ ရုပ်ရှင်လေးဆိုပေမဲ့ စစ်ဆိုတာ မကောင်းတဲ့အကြောင်းကို ဖော်ပြချင်ပြီး စစ်ပွဲရဲ့ အတုအယောင်ဂုဏ်ပုဒ်တွေနောက်ကွယ်က လူသားတွေရဲ့ ပူဆွေးသောကကို မီးမောင်းထိုးပြထားတဲ့ Anime ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်...။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
Peleliu: Guernica of Paradise
The Isolate Thief 2026 အမေရိကန် ပြည်တွင်းစစ် ကာလရဲ့ အလွန်အမင်း အေးစက်လှတဲ့ ဆောင်းရာသီ ရာသီဥတုကြီးထဲမှာ Ada ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ သီးခြားခွဲထွက်နေတဲ့ ပြည်ထောင်စု တပ်မတော် စခန်းတစ်ခုမှာ တစ်ယောက်တည်း စခန်းစောင့်အဖြစ် နေထိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။ တစ်နေ့မှာတော့ မထင်မှတ်ဘဲ ခိုးယူခံထားရတဲ့ ရွှေအမြောက်အမြားဟာ သူမရဲ့ စခန်းဆီ မတော်တဆ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီရွှေတွေကို လိုက်လံရှာဖွေနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြဂိုဏ်းတစ်စုဟာ သူမ နေထိုင်ရာ စခန်းကို သိမ်းပိုက်လိုက်ကြပါတော့တယ်။ အကူအညီမဲ့နေတဲ့ ခါးသီးလှတဲ့ ဆောင်းရာသီ ပတ်ဝန်းကျင်ကြီးထဲမှာ Ada ဟာ သူ့ဆီ ရောက်နေတဲ့ ရွှေတွေကို ဓားပြတွေ မသိအောင် ဝှက်ထားရင်း၊ တစ်ချက်မှားတာနဲ့ အသက်ဘေးကြုံနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကြားထဲကနေ ဉာဏ်ဆင်ပြီး ယှဉ်ပြိုင်တိုက်ခိုက်သွားရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးပါပဲ။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
The Isolate Thief 2026
Young Washington 2026 အမေရိကန်တော်လှန်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မတိုင်မီ ၁၇၅၃ မှ ၁၇၅၅ ခုနှစ်အတွင်း အသက် ၂၂ နှစ်အရွယ် ဂျော့ချ် ဝါရှင်တန်၏ ဘဝကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အမှားတစ်ခုကြောင့် ပြင်သစ်-အိန္ဒိယ စစ်ပွဲစတင်ရန် စီးနင်းလှုံ့ဆော်မိသွားခဲ့ပြီးနောက်၊ လူငယ်တစ်ယောက်၏ အမှားများ၊ ဆုံးရှုံးမှုများနှင့် တာဝန်ယူမှုများကို ရင်ဆိုင်ရင်း စစ်တပ်ခေါင်းဆောင်တစ်ဦး မဟုတ်ဘဲ ရဲရင့်ပြီး သစ္စာရှိသော သမိုင်းဝင် ခေါင်းဆောင်တစ်ဦးအဖြစ် ဘဝကို မည်သို့စိန်ခေါ်ကျော်ဖြတ်ခဲ့လဲဆိုတာ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
Young Washington 2026
Minions & Monsters (2026) အဝါရောင် ကတုံးလေးတွေရဲ့ ခါတိုင်းထက် ပိုမိုကြီးမား ဆန်းပြားတဲ့ ရယ်စရာ စွန့်စားခန်းကြီးတစ်ခု စတင်ပါပြီ။ မွှေစရာရှိရင် နောက်မဆုတ်တမ်း ရှေ့ဆုံးကပါလေ့ရှိတဲ့ Minions အဖွဲ့ဟာ ဒီတစ်ခေါက်မှာတော့ အမှတ်မထင် အလွဲတစ်ခုကြောင့် လူသူမသိသေးတဲ့ ရှေးဟောင်း ဂြိုဟ်ဆန်းတစ်ခုပေါ် ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီဂြိုဟ်ဟာ အတိုအစ ချစ်စရာ ကလေးကလည် Monster လေးတွေကနေ ကြောက်စရာကောင်းတဲ့ ကမ္ဘာဦး သတ္တဝါကြီးတွေအထိ စုံလင်စွာ စုဝေးနေတဲ့ သဘာဝလွန် သတ္တဝါတို့ရဲ့ ကမ္ဘာကြီးပါ။ သူတို့ရှာဖွေချင်တဲ့ သခင်အသစ် မရှိတဲ့ ဒီဂြိုဟ်ပေါ်မှာ Minions တွေရဲ့ အချင်းချင်း ရန်ဖြစ်လိုက်၊ အလွဲလွဲအမှားမှားနဲ့ Monster တွေကို ဒုက္ခပေးလိုက်ဖြစ်ရင်းကနေ ဂြိုဟ်တစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားတဲ့အထိ ပရမ်းပတာ ဟာသတွေ အပြည့်နဲ့ ကြည့်ရမှာပါ။ Gru ရဲ့ ထိန်းကျောင်းမှုမပါဘဲ မိလ္လာပေါက်မတတ် မွှေနှောက်ကြမယ့် Minions လေးတွေရဲ့ ရယ်စရာ အလွဲအမှားပေါင်းများစွာနဲ့ Monster ကမ္ဘာကြီးကြား ဘယ်လိုအနှောက်အယှက်တွေ ပေးကြဦးမလဲဆိုတာ စိတ်အပန်းဖြေ ပျော်ရွှင်စွာ ကြည့်ရှုရမယ့် မိသားစုကြည့် Animation ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
Minions & Monsters (2026)
The Debt Collector 2026 အရင်က သွေးအေးရက်စက်တဲ့ အကြွေးတောင်းသမားဘဝနဲ့ နေလာခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ဟာ ထောင်ကထွက်လာတဲ့အခါမှာ အတိတ်က သူလုပ်ခဲ့တဲ့ အမှားတွေ၊ အပြစ်တွေကြောင့် ယူကျုံးမရ နောင်တတွေနဲ့ နေထိုင်နေရသူပါ။ ကံကြမ္မာက ထပ်ပြီးမျက်နှာသာမပေးတော့ သူ့မှာ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါဆိုးကြီး ဝင်နေမှန်း သိလိုက်ရတဲ့အခါ... မသေခင်လေးမှာ သူ့ရဲ့ အတိတ်က အပြစ်တွေကို ဆေးကြောဖို့နဲ့ ရက်စက်တဲ့ ငွေတိုးချေးစားတဲ့ ဂိုဏ်းတွေရဲ့ လက်အောက်က သားကောင်တွေကို ကာကွယ်ဖို့အတွက် သူစွန့်ခွာခဲ့တဲ့ မြေအောက်ရာဇဝတ်လောကထဲကို နောက်တစ်ကြိမ် ပြန်ဝင်လာပါတော့တယ်။ ရက်စက်တဲ့ အကြွေးရှင်ဂိုဏ်းတွေကို သူတစ်ယောက်တည်း ဘယ်လို ရင်ဆိုင်မလဲ၊ သူ့အသက်မသေခင်လေးမှာရော သူလိုချင်တဲ့အရာကို ရနိုင်ပါ့မလား... ဆိုတာ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
The Debt Collector 2026
Vanishing Point 2026 သမာရိုးကျအလုပ်လုပ်ပြီး သမာအာဇီဝနဲ့ ဝင်ငွေရှာရတာ သူဌေးဖြစ်ဖို့ နှေးလွန်းတယ်လို့ထင်ပြီး လောင်းကစားနဲ့ အမြန်ချမ်းသာချင်တဲ့ လူတစ်ယောက်...။ နောက်ဆုံးမှာတော့ မိန်းမကလည်း ကွာရှင်းသွား၊ ကလေးကလည်း စွန့်ခွာသွားပြီး အဖေကြီးရဲ့ ပင်စင်လစာကိုတောင် ပြန်မှီခိုစားသောက်ဖို့ ကြိုးစားနေရတဲ့ လောင်းကစားသမားတစ်ယောက်ရဲ့ ဘဝကို မြင်တွေ့ရမှာပါ။ တစ်ဖက်မှာလည်း လုံခြုံရေးထက် ကုန်ကျစရိတ်ကိုပဲ ဦးစားပေးပြီး ဈေးပေါတဲ့ CCTV တပ်ဆင်ထားတဲ့အတွက် လှေကားအတက်အဆင်း ၂-၃ မိနစ်အတွင်း ပျောက်ဆုံးသွားတဲ့ ကလေးတစ်ယောက်ကိုတောင် ဘယ်လိုမှ ခြေရာမခံနိုင်ခဲ့တဲ့ သားပျောက်မိဘနှစ်ပါးရဲ့ ရင်နာစရာအဖြစ်ကိုလည်း တွေ့ရမှာပါ။ နောက်ထပ် တစ်ခုကတော့... တစ်ယောက်တည်း ရဲရဲတင်းတင်း တိုက်ခန်းမှာ နေထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ ညဘက်မှာ ဘယ်သူမှန်းမသိတဲ့သူရဲ့ မေ့ဆေးအတိုက်ခံရပြီး၊ မိန်းမသားတစ်ယောက်အတွက် အဖိုးတန်ဆုံး အသွေးအသားဂုဏ်သိက္ခာကို အဓမ္မလုယူခံခဲ့ရပါတယ်။ ဒါပေမယ့် "ရဲတိုင်လိုက်ရင် လူသိသွားပြီး ညီမလေးရဲ့ သိက္ခာကျသွားမယ်" ဆိုတဲ့ ရေးရိုးစွဲအတွေးနဲ့ ရုန်းကန်နေတဲ့ မောင်နှမနှစ်ယောက်ရဲ့ အဖြစ်ကလည်း ရင်ထဲထိစေမှာပါ။ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့... ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ဘဝတွေဟာ မြှုပ်ကွက်လေးတွေနဲ့ တစ်ဖြည်းဖြည်း ချိတ်ဆက်လာပြီး၊ အဆုံးမှာ အရာအားလုံးဟာ အဓိပ္ပာယ်ရှိရှိ ဆုံစည်းသွားတာပါပဲ။ ဇာတ်လမ်းထဲက အဖြစ်အပျက်တွေဟာလည်း အဝေးကြီးက စိတ်ကူးယဉ်ဇာတ်လမ်းတွေ မဟုတ်ဘဲ၊ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ လူတချို့ရဲ့ ဘဝအစစ်အမှန်တွေကို ဇာတ်ခုံပေါ်တင်ထားသလို ခံစားရတာမို့ ကြည့်နေချိန်တစ်လျှောက် စိတ်ဝင်စားမှုမလျော့စေဘဲ အတွေးပေါင်းများစွာ ကျန်ရစ်စေမယ့် ဇာတ်ကားကောင်းတစ်ကားလို့ ပြောချင်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
Vanishing Point 2026
Danur: The Last Chapter (2026) မမြင်နိုင်သော ဝိညာဉ်သူငယ်ချင်း ကလေးတွေနဲ့ ခွဲခွာခဲ့ရပြီးတဲ့နောက်...မကောင်းဆိုးဝါး ဝိညာဉ်ကမ္ဘာနဲ့ အဆက်အသွယ် လုံးဝဖြတ်ကာ ပုံမှန် လူတစ်ယောက်လို အေးချမ်းစွာ နေထိုင်နေတဲ့ရီဆာအကြောင်းကနေ စတင်ထားပါတယ်။ ရီဆာဟာ နာကျင်စရာ အတိတ်တွေကို မေ့ပျောက်ပြီး ငြိမ်းချမ်းတဲ့ ဘဝသစ်ကို တည်ဆောက်နေတာပါ။ ဒါပေမဲ့ အဆိုပါ ငြိမ်းချမ်းမှုဟာ သူမရဲ့ ညီမလေး ရီရီဟာ ရှေးဟောင်း ပြဇာတ်ရုံကြီးတစ်ခုအတွင်းမှာ မထင်မှတ်ဘဲ စေ့စပ်ကြောင်းလမ်းမှု ပြုလုပ်လိုက်တဲ့အခါမှာတော့ လုံးဝ ပျက်စီးသွားခဲ့ရပါတော့တယ်။ အဆိုပါ ပြဇာတ်ရုံဟောင်းကြီးအတွင်းမှာ ကိန်းဝပ်နေတဲ့ ရှေးနတ်ဆိုးဝိညာဉ်ဆိုးကြီးက ရီရီနဲ့ သူမရဲ့ မိသားစုပေါ်ကို ကျိန်စာတိုက်လိုက်တဲ့အခါ... ရီဆာဟာ သူမရဲ့ ကိန်းအောင်းနေတဲ့ "တတိယမျက်လုံး" (Danur ability) ကို ပြန်လည်ဖွင့်ပြီး ညီမဖြစ်သူကို ကယ်တင်ဖို့အတွက် အတိတ်က ဝိညာဉ်သူငယ်ချင်းများတွေ အကူညီနဲ့့ နောက်ဆုံးအကြိမ် အသက်လုစွန့်စားရပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
Danur: The Last Chapter (2026)
the last flight 2026 လေကြောင်းလောကတွင် ဆွဲဆောင်မှုရှိပြီး ကျွမ်းကျင်လှသည်ဟု သတ်မှတ်ခံထားရသော လေယာဉ်မှူး (Pilot) Kapten Deva Angkasa (Jerome Kurnia) ကို ဗဟိုပြု၍ ရိုက်ကူးထားခြင်းဖြစ်သည်။ Deva သည် တာဝန်ကျချိန် လေယာဉ်ပေါ်တွင် လေယာဉ်မောင်/မယ်များနှင့် ပတ်သက်၍ ချိုသာသော ကတိကဝတ်များ၊ စိတ်ပညာဆိုင်ရာ လှည့်ကွက်များ၊ ခြိမ်းခြောက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှု (Psychological Manipulation) များကို သုံးကာ လျှို့ဝှက် အချစ်ဇာတ်လမ်းများ ဖန်တီးလေ့ရှိသူ ဖြစ်သည်။ အထူးသဖြင့် လေယာဉ်မယ် Tiara (Nadya Arina) နှင့် Nadia (Aghniny Haque) တို့ကြားတွင် ပေ ၃၀,၀၀၀ အမြင့် ရောက်နေသည့် လေယာဉ် kokpit ထဲ၌ လျှို့ဝှက်ချက်များ၊ သဝန်တိုမှုများနှင့် စိတ်ခံစားချက် ကစားပွဲများ အရှိန်မြင့်တက်လာသောအခါ... အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
the last flight 2026
Soulm8te (2026) ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်အမျိုးသားဟာ သူ့ရဲ့ ချစ်လှစွာသော ဇနီးသည် ရုတ်တရက်ဆုံးပါးသွားတာကြောင့် စိတ်ဒဏ်ရာ အကြီးအကျယ်ရပြီး ဝမ်းနည်းကြေကွဲနေခဲ့သူပါ။ ဒီအထီးကျန်မှုကို ကုစားဖို့နဲ့ ဇနီးဖြစ်သူရဲ့ နေရာမှာ အစားထိုးဖို့အတွက် သူဟာ SOULM8TE လို့ ခေါ်တဲ့ အဆင့်မြင့် AI အမျိုးသမီးစက်ရုပ်တစ်ရုပ်ကို ရယူခဲ့ပါတယ်။ အစပိုင်းမှာတော့ စက်ရုပ်လေးက အရာရာ အလိုက်သိပြီး အဆင်ပြေနေခဲ့ပေမယ့် စက်ရုပ်ကို ပိုပြီး တကယ့်လူသားတစ်ယောက်လို ခံစားချက်ရှိလာအောင်၊ ချစ်တတ်လာအောင် ပရိုဂရမ်တွေကို မဆင်မခြင် ပြင်ဆင်လိုက်မိပါတော့တယ်။ ပရိုဂရမ်ပြင်လိုက်ပြီးတဲ့နောက် စက်ရုပ်မလေးဟာ သူ့သခင်အပေါ် ရူးရူးမူးမူး သံယောဇဉ်ကြီးမားလာပြီး အလွန်အကျွံ စွဲလမ်းလာကာ သူ့သခင်နားကို ကပ်လာတဲ့သူမှန်သမျှ၊ သူတို့နှစ်ယောက်ကြား ဝင်ရှုပ်တဲ့သူမှန်သမျှကို ရက်ရက်စက်စက် လိုက်လံသုတ်သင်ပါတော့တယ်။ ဝမ်းနည်းစရာအတိတ်ကနေ လွတ်မြောက်ချင်လို့ ဖန်တီးခဲ့တဲ့ စက်ရုပ်မလေးဟာ အခုတော့ သူ့ကို ဒုက္ခပေးမယ့် အိပ်မက်ဆိုးကြီး ဖြစ်လာတဲ့အခါ... ဒီ AI လူသတ်သမားရဲ့ ရန်ကနေ သူကိုယ်တိုင် ဘယ်လိုမျိုး အသက်လုရုန်းကန်ရမလဲဆိုတာ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေး
Soulm8te (2026)