tgindex
Последний пост
3 янв.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
19
Тип
открытый
Язык
my
В каталоге с
15 авг.
Подписчики
1 538
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
4 768
19 постов
Вовлечённость
310,0%
к подписчикам
Постов в день
0,0
всего 19
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 3 янв.2 230

    သတ်သတ်လွတ် (၉) ရက်စား ၉ ရက် တနေ့တနာရီ တရားထိုင် မွေးနေ့တရက် ၈ ပါးသီလ ဥ ပုသ်ပါ စောင့်ရမယ် ကျွန်မ နဲ့ အတူ အဓိဌာန် ဝင်ချင်သူရှိရင် အဓိဌာန် စမယ့် ရက် ပြောပေးပါမယ်။ တရား နာ ထားပါ ။ နှစ်သက်ရာ ခန္ဓပဋိစ္စသမုပ္ပါဒ် တရားတပုဒ်ကို (၇) ရက် တိတိ နေ့စဉ် နာထားပါ။ မိုးကုတ်ဆရာတော်ကြီး (သို့မဟုတ် မိမိနှစ်သက်ရာဆရာတော်ကြီးများရဲ့ သက္ကာယဒိဌိပြုတ် တရားတော်တွေကို နာပါ။ နှစ်သက်ရာတရားတပုဒ်ကို (၇) ရက် နာထားပါ။ တရားမနာခင် အဖိုးကိုအာရုံပြု မိမိစရိုက်နဲ့ ကိုက်မယ့် မိမိအတွက် ဥာဏ် အလင်းပွင့်မယ့် တရားမျိုး တွေ့ပါစေလို့ ဆုတောင်းအာရုံပြုပြီးမှ ရွေးချယ်ပါ။ ကျွန်မကလည်း တောင်းဆုတွေပြည့်အောင် သစ္စာဆို ဆုတောင်းပေးပါမယ်။ သို့သော်လည်းကျွန်မ အမြဲပြောခဲ့သလိုဘဲ ဘာကြောင့်ဘဲ အဓိဌာန်ဝင်ဝင် တရားအားထုတ်ပြီဆိုရင် အကုန်လွှတ်ချလိုက်ပါ။ အကောင်းဆုံး အမွန်မြတ်ဆုံး တန်ဘိုးမဖြတ်နိုင်တဲ့ သံသရာဆုံးတဲ့အထိ အတူပါမယ့် ကုသိုလ်တွေ ရဘ်ု့ ဘဝများစွာက ဖြည့်ခဲ့သောပါရမီတွေ ပြန်ရဘို့ အတားဆီးပိတ်ဆို့နေတာတွေ ပွင့်သွားစေဘို့ တရားက သူ့အလုပ်သူလုပ်သွားပါလိမ့်မယ်။ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားပါ။ 🌹🌹🌹 သမီးရေအကူအညီလေးတောင်းချင်လို့ပါ အမရဲ့သားကအလုပ်ရပြီးvisaမရသေးတော့သွားလို့မရသေးဘူးမြန်မာပြည်ကနေပြီထိုင်းကိုတော့ပို့လိုက်ပြီ အလုပ်ရအောင်အမကအဘိုးကုဆီမှာအဓိဌာန်ဝင်တယ်ညီမနဲ့လည်းအတူအဓိဌာန်လိုက်ဝင်ပါတယ် ….., သမီးရေသားလေးvisaရသွားပါပြီuaeကိုကောင်းမွန်စွာရောက်သွားပါပြီသမီးပြောသလိုသားလေးကကိုယ်တိုင်အဓိဌာန်ဝင်တယ်အဖိုးကုကတစ်ကယ်စောင့်ရှောက်ပါတယ်သမီးကိုလည်းကျေးဇူးအထူးတင်ပါတယ် 🌹🌹🌹 ၇ လပိုင်းကစပြီးအဓိဌာန်စဝင်ဖြစ်ပါတယ် မမ ကိုကျေးဇူးအများကြီးတင်ပါ တယ် အသိတွေအများကြီးရခဲ့ပါတယ် စိတ်လည်းထားတက်သွားပြီ 🌹🌹🌹 ဆရာမရှင့် ခြေတော်ရာပါဒစေတီတော်မှစအုပ်ပါအတိုင်းတသွေမတိမ်းသမီးအတွက်လိုက်နာဆောင်ရွက်သစ္စာပြုဆုတောင်းတာတခါထဲအောင်မြင်လို့သာသနာပွဲ၊အဖိုးကုပွဲနှင့်သာသနာအတွက်ဝတ္ထုငွေပါသွား‌ေရာက်လှူဒါန်းခဲ့ပြီးပါပြီရှင့်။ဆက်လက်၍ ဆရာမရဲ့postတွေ့လို့၊ပါဒခြေတော်ယာသံဃာဆောင်နဲ့တဆူတောင်လှေခါးအတွက်လှူဒါန်းပါတယ်ဆရာမရှင့်။ကျေးဇူးအထူးတင်ရှိပါတယ်ရှင်❤️🙏❤️ 🌹🌹🌹 မဂ်လာပါအန်တီရှင့် ပထမဆုံး အဓိဌာန်(9)ရက် ၀င်ပြီးနောက် စိတ်တွေအေးချမ်းလာပါတယ်၊ ထိုင်းထီ ဘတ်(4000)ဆုလည်း ပေါက်ပါတယ်ရှင့် တောင်းဆုပြည့်ခဲ့ရင် ခြေတော်ရာနဲ့အဖိုးကုကို ပွဲဆက်ကပ် လှုဒါန်းပါမယ်လို့ပြောထားလို့ ဘယ်လိုလှုရမလဲရှင့်🥰

  • 1 янв.2 170

    တောင်ကလေးဆရာတော်ဘုရား၏ ဩဝါဒ ။ 🙏🏻 ၂၀၂၆ ခုနှစ် နှစ်ဦး တောင်ကလေးဆရာတော်ဘုရား သြဝါဒ မိန့်မှာချက် 🙏🏻 - 🌿 ၂၀၂၆ ခုနှစ်မှာ ဘေးကင်း ရန်ကင်း စိတ်ချမ်းသာစေဖို့အတွက် ရန်သူ ၂ မျိုးကို သိရှိရမှာ ဖြစ်ပါတယ်။ ပထမရန်သူက အတွင်းရန်သူ၊ ဒုတိယ​ရန်သူက အပြင်ရန်သူလို့ သိရမှာဖြစ်ပါတယ်။ . 🌿 အတွင်းရန်သူဆိုတာက မိမိ၏ ခန္ဓာကိုယ်အတွင်း၌ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ထူးသော မြတ်သော တရားတော်တွေကို နားလည်ရန် သိမြင်ဖို့ မိမိကိုယ်တွင်းမှာရှိတဲ့ အနှောင့်အယှက်၊ အတားအဆီး၊ အပိတ်အပင် တရားတွေကို တားမြစ်နိုင်ဖို့ ဖြစ်ပါတယ်။ . 🌿 အပြင်ရန်ကတော့ သဘာဝဘေးတွေ အမျိုးမျိုး၊ အရှေ့/အနောက်/တောင်/မြောက်/အထက်/အောက် သဘာဝဘေးတွေအမျိုးမျိုး ကျရောက်စေတတ်ပါတယ်။ . 🌿 အတွင်းရန်သူမှန်သမျှကို မေတ္တာတည်းဟုသော အစီအရင် #မေတ္တာဝိဓိနာ နဲ့ အောင်မြင်အောင် ကြိုးစားရမယ်၊ #သစ္စာဝိဓိနာ #ခန္တီဝိဓိနာ #ဥပက္ခာဝိဓိနာ #ပညာဝိဓိနာ ဒီဝိဓိနာ ငါးမျိုးဖြင့် ခန္ဓာအတွင်းကရှိသော အဇ္ဇတ္တ ကိလေသာ အတွင်းရန်ကို အောင်မြင်မည့် အစီအရင်ပါပဲ။ . 🔹 ဝိဓိငါးဖြာ ပြည့်သူမှာ လောကချမ်းသာတယ်၊ ဘဝချမ်းသာတယ်၊ ခန္ဓာချမ်းသာတယ်။ . 🔸 ဒီနှစ်ဟာ ရန်သူပေါတဲ့နှစ်မို့ မေတ္တာပွားဖို့ လိုပါတယ်။ . 🔸 ဒီနှစ်ဟာ သစ္စာမဲ့တဲ့နှစ်မို့ သစ္စာပွားဖို့လိုပါတယ်။ . 🔸 ဒီနှစ်ဟာ ကြမ်းတမ်း ကြမ်းကြုပ်စွာသောနှစ် ဖြစ်တာမို့၊ ကြမ်းကြမ်းတမ်းတမ်း မြင်ကွင်းတွေ မြင်ရမှာမို့ ခန္ဓီစိတ်နှင့် နေထိုင်ရပါမယ်။ . 🔸 ဒီနှစ်ဟာ သတ္တဝါတွေ မြောက်များစွာ သေကြေ၊ ပျက်ဆီး၊ ကုန်ဆုံးတဲ့နှစ်မို့ ဥပက္ခာတရားနဲ့ နေထိုင်ရပါမယ်။ . 🔸 ဒီနှစ်ဟာ သီလ၊ သမာဓိ၊ ပညာဖြင့်နေသော ပုဂ္ဂိုလ်တွေကို ပယ်ခွာတဲ့နှစ်ဖြစ်တာမို့ ပညာနဲ့ နေထိုင်ရပါမယ်။ . 🌿 ဒီ မေတ္တာ၊ သစ္စာ၊ ခန္တီ၊ ဥပက္ခာ၊ ပညာ ဝိဓိနာတည်းဟုသော အစီအရင်ငါးမျိုးဖြင့် နေထိုင် ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ဆရာတော်ဘုရား၏ ဩဝါဒကို ရေးသားပူဇော်သူ မောင်မောင်သန့် ။ ❤️ (ဒီနှစ်ကို သတိကြီးစွာနဲ့ ကျော်ဖြတ်ကြရအောင်) ဒေါသထွက်လွယ်သူတွေ သတိထားကြရမယ်။ သီလ မလုံသူတွေ သတိထားကြရမယ်။ သူတပါးကို ပျက်စီးစေချင်စိတ်ရှိသူတွေ အထူးသတိထားရမယ်။ ကိုယ်နှုတ်စိတ် သုံးပါးလုံး ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ) ဆရာတော်ဘုရားမိန့်သော အစီအရင်၅ မျိုးသာလျှင် အားကိုးရာ အစစ်အမှန် ဖြစ်တာမို့ လိုက်နာကျင့်ကြံ နေထိုင် ပွါးများပြီး ကျော်ဖြတ်ကြရအောင်။

  • မနက်ဖြန် မနက် ၅ နာရီ ကျွန်မနဲ့ အတူ တရားထိုင်ချင်တယ်ဆိုရင် မိမိတို့နေအိမ်ကနေ အတူ တရားလိုက်ထိုင်ပါရှင် ။ တနာရီ မပြုမပြင်ဘဲ ထိုင်နိုင်တဲ့ သူက ထိုင်ပါ။ အဓိဌာန် တင်ပြီး ထိုင်ပါ။ မပြုမပြင်ဘဲ ၁နာရီ တိတိ တရားအားထုတ်ပါမည်ဟု အဓိဌာန် ပြုပါသည် ဘုရားလို့ ကတိခံပြီး ထိုင်ပါ။ ၉ ပါးသီလ ယူပြီးထိုင်ပါ ။ ပြီးမှ (၅) ပါးသီလ ပြန်ယူပါ။ တရားထိုင်ခင် ဘုရား သောက်တော်ရေနဲ့ ဆီမီး ပူဇော်ပါ။ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ပါ။ ပရိကံယူပြီးမှ တရားထိုင်ပါ။ လိုချင်စိတ် ဖြစ်ချင်စိတ်တွေ လွှတ်ချပြီး ပြုံးလိုက်ပျော်လိုက် ငိုလိုက်ရီလိုက် ဘဝဇတ်ခုံပေါ်မှာ နေဝင်တဲ့ အခါ အဖော်မပါဘဲတယောက်ထဲသွားရဘို့အတွက် ကြိုပြီး ပြင်ဆင်တယ်လို့ သတိနဲ့ ဆင်ခြင်ပြီးမှ တရားထိုင်ပါ ။ ပြီးမှ မိမိ အဓိဌာန်ထားတာကို သစ္စာဆို တိုင်တည်ပြီး လိုရာဆုတခုတောင်းပါ။ (တရားစထိုင်ပြီဆိုတာနဲ့ အာနာပါန ကို နာရီဝက် ရအောင် မှတ်ပါ၊ ပြီးမှ ထင်ရှားတဲ့ ဝေဒနာ ပေါ်လာတာကို အဆုံးထိ ကြည့်ပါ၊ ဝေဒနာရဲ့ သဘော ကို နားလည်အောင် ကြည့်ပါ။ ထင်ရှားတာတခုကိုဘဲ ဆုံးအောင် လုံးဝ ပျောက်သွားတဲ့ အထိ ကြည့်ပါ၊ ပေါ်လာသမျှ စိတ် မများပါနဲ့ ဟိုပြေးဒီပြေး လိုက် မကြည့်ပါနဲ့ ) အဲဒါ စွန်းလွန်းဆရာတော်ရဲ့ နည်းပါ တနာရီ မပြုမပြင်ဘဲ မှတ်ပါ။ အဖိုးနဲ့ အဖွားကိုမေတ္တာပို့ အမျှဝေပေးပါ။ မိမိရဲ့ သွေးဆက်သားဆက်ပဌာန်းဆက် သိုက်ဆက်များကို အမျှဝေမေတ္တာပို့ပါ ။ အဲဒီတနေ့တာမှာ ခြေလေးချောင်းရှောင်ပါ။

  • အဖြူဝမ်းဆက်တွေ ဝတ်ပြီး ကုန်းတော်ပေါ် တက် အလှူခံနေတာတွေ ရှိတယ် သတိထားဘို့ပါ

  • အဖိုးဆီလာရင် အဖြူဝမ်းဆက် ဝတ်ရမယ်တို့ သတ်သတ်လွတ်စားလာရမယ်တို့ လုံးဝ မဟုတ်ပါဘူး ။ အဂါရဝ မဖြစ်အောင် ဝတ်စားလာရင် ရပါပြီ။ ကုန်းတော်ပေါ်ကို ကြက်ဥဘဲဥ တွေ အသားတွေ ယူမလာရင် ရပါပြီရှင့်။ ကိုယ့်ဖာသာ အိမ်မှာ / လမ်းမှာ ကြိုက်တာစားလာလို့ရပါတယ်။ ကုန်းတော်ပေါ်မှာ တိတ်တိတ် ဆိတ်ဆိတ် ဘုရားဝတ်ပြုပေးပါ။ တချို့ တရားထိုင်ချင်သူတွေ ရှိပါတယ်။ ကိုယ့်ကြောင့် အနှောင့်ယှက်ဖြစ်သွားတယ်ဆိုရင် တူသော အကျိုးပေး ရတတ်ပါတယ်။ တဖက်သားက တရားထိုင်နေတာ ဆိုရင် ပိုပြီး သတိထားရပါတယ်။ ဆုတောင်းမပြည့်ဘဲ ရှိတတ်ပါတယ်။ သတိထားဘို့ပါ ။

  • https://youtu.be/xATl7oX7RhI?si=8ElW2DCQM0aL9h-m

  • အဓိဌာန် အတူဝင်ချင်တယ်ဆိုရင် ၂၇ ရက်နေ့ စပါ ရှင် ။ ၅ ရက် ပါ ။ သဲအင်းဂူဆရာတော်ကြီးရဲ့ အလုပ်ပေးတရားတပုဒ်ကို နေ့စဉ် နာယူပါ။ ဒါမှ မဟုတ် မိမိကြိုက်ရာအလုပ်ပေးတရားကို နာယူပါ။ အထူးသတိပြုရာမှာက နိဗ္ဗာန် လမ်းကိုလျောက်ပြီးသား ဆရာတော်ကြီးများ၏ အလုပ်ပေးတရားမျိုးကို ရှာပါ ။ ပန်းရေချမ်းဆီမီးကပ်လှူပူဇော်ပါ။ ကံကြွေးချေ ပါနော် ။ ၅ ရက်တိတိ ဒါန တခု နေ့စဉ်ပြုပါ။ နည်းတာများတာ အဓိက မဟုတ်ပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ဒါန ပြုပေးပါ ။ စေတနာအလျောက် အကျိုးထူးပေးပါလိမ့်မယ်။ တနာရီရအောင်ထိုင်ပါရှင် ။ မပြောင်းမရွှေ့ဘဲ သဒ္ဓါနဲ့ ဝီရိယ စိုက်ပြီး ထိုင်ပါ။ သီလ အထူးလုံအောင်နေပါရှင် ။ မုသာဝါဒ ကို ရီစရာအနေနဲ့တောင် မပြောပါနဲ့ ။ သစ္စာဆိုရင် မထိရောက်ပါဘူး။ အဓိဌာန်အောင်ပါစေ။ လိုရာဆု ကောင်းသောဆု တောင်းဆုတွေပြည့်ပါစေ။

  • မပေါ့ကြနဲ့တော့

  • အဓိဌာန်ကို ကျွန်မနဲ့ တူတူ အဆက်မပြတ်ဝင်ကြမယ် အဲဒီလူတွေ အကုန်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲက လွတ်မယ် အိုးအိမ်စည်းစိမ်ပျက်ဆီးရတဲ့ဘေးက လွတ်မယ် ၅ ပါးသီလမြဲအောင်နေမယ် နေ့စဉ်တရားထိုင်မယ် ညတိုင်းစည်းချအိပ်မယ်

  • အဓိဌာန်ကို wall မှာ post တင်ပြီး share တာ အမ မလုပ်ပါဘူး ကျန်တဲ့သူတွေလည်းနားလည်ပေးပါရှင့် ပဌာန်းဆက် ပါ တဲ့သူသာ ဖိတ်ခေါ်တဲ့ အဓိဌာန်ပါ သူ့ပဌာန်းဆက်မှန်ရင် မရ ရအောင် လာပါတယ်

  • (ကာလဝိပ္ပတ္တိ။ ပြည်တွင်း မငြိမ်မသက်ဖြစ်သည့်အခါ၊ စစ်မီးတောက်လောင်သည့်အခါသည် ကာလဝိပ္ပတ္တိဟု ခေါ်သည်။ ထိုအခိုက်တွင် လူတို့တွင် ရှေးရှေးက ပါလာသော အကုသိုလ်တို့ အကျိုးပေးဖို့ရာ ခေါင်းထောင်ထလာတော့သည်။ ဆန်ရေစပါး ရှားပါး၊ အငတ်ဘေးဆိုက်၊ အချင်းချင်း လုယက်၊ ပုန်းရခိုရ၊ ပြေးရလွှားရ၊ ကြောင့်ကြကြီးစွာဖြင့် နေရ၊ ချစ်သူခင်သူများနဲ့ ခွဲခွာရ၊ အနာရောဂါ ထူပြော၊ မသေသင့်ပဲ သေရ၊ မီခိုးကြွက်လျောက် အကုသိုလ်တို့ အုံနဲ့ ကျင်းနဲ့ မဖိတ်ခေါ်ပဲ ဆိုက်ရောက်လာတော့သည်။) အရှင်ဇနာကာ ဘိဝံသ။ အခုခေတ် အခြေအနေက အပေါ်ကစာအတိုင်းကွက်တိဖြစ်လာနေပါပြီ ။ အဲဒီကာလတွေကို ကျော်ဖြတ်ဘို့ တခုတည်းသောနည်းလမ်းက တရားဘာဝနာပွါးမျာရခြင်းပါဘဲ။ မိမိ မိသားစုဝင်တွေထဲမှာ ကုသိုလ်ကံကြီးသူ ပါဘို့ ..ရှိဘို့ လိုအပ် လာပါပြီ။ ကုသိုလ်တွေထဲမှာတရားဘာဝနာပွါးများတဲ့ ကုသိုလ်ဟာအကြီးမားဆုံးကုသိူလ်ပါ ။ ဒါန သီလ ထက် ကျေးဇူးအလွန်ကြီးပါတယ်။ အဲဒီလို အမြတ်ဆုံး ကုသိုလ်ကို နေ့စဉ် နာရီဝက် တနာရီ သမထ ဝိပဿနာ ဘာဝနာ ပွါးများမယ်ဆိုရင် ကံပြုစဉ်က နာနာက္ခဏိက ကံတွေဟာဖြစ်ပြီးသည်နောက် ချုပ်ပျောက်ခဲ့ပေမယ့် ခန္ဓာစဉ်မှာ ကံသတ္တိကို မြုပ်နှံခဲ့ပါတယ်။ နာရီဝက် တရားထိုင်ပြီး ပေမယ့် တရားထိုင်စဉ်တုန်းက အားထုတ်ခဲ့တဲ့ ကုသိုလ်စိတ်တွေက ကံသတ္တိအနေနဲ့ မိမိမှာ ကျန်ခဲ့ပါတယ်။ ဒီတော့ နေ့စဉ်တရားထိုင်တာကြာလာရင် အဲဒီကံသတ္တိတွေဟာ သံသရာတလျောက်လုံး ကြီးစွာသော အကျိုးကို ပေးနိုင်စွမ်းတဲ့အပြင် ယခုဘဝ ဘေးဆိုး ရန်ဆိုး ကပ်ဆိုးတွေကနေ လွတ်မြောက်နိုင်ပါတယ်။ အကုသိုလ်ကံ အကျိုးပေးတွေဟာလည်း အဖျားခတ်တတ်ပါတယ်။ ရောယောင်ပြီး ပါသွားတတ်ပါတယ်။ဒါ့ကြောင့် မနက် စောစော တနေ့တာကို တရားဘာဝနာပွါးများအားထုတ်ခြင်းနဲ့ စတင်ပါ။ မနက်ည အရပ်ဆယ်မျက်နှာစည်းချပါ ။ ကံတွေကိုမြှင့်ကြပါ ။ တောင်ကလေးဆရာတော်ဘုရားက ရေနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကို လွန်ခဲ့တဲ့ ၅ လကျော် လောက်ထဲက မိန့်ထားပါတယ်။ ရေမှာအနံ့တွေပါလာရင် သတိထားပါ ဆန်တွေရေဆေးတဲ့အခါ သတိထားပါ နမ်းကြည့်ပါ ။ အနံ့တွေ ထွက်လာရင် သွန်ပစ်ပါ။ အစာအဆိပ်သင့်သလိုမျိုး အစုလိုက်အပြုံလိုက် ဖြစ်တတ်တာမျိုး ဖြစ်မယ်လို့ သတိပေးပြီးထားပါပြီ။ အခုဝမ်းရောဂါတွေ စ နေပါပြီ ။ ရေကိုကျိုချက်သောက်ပါ ။ နာနာဘာဝတွေဟာလည်း အိမ်တွေကို ကပ်ပါတယ်။ မိသားစုဝင်တိုင်း ဘုရားတရားနေ့ည မပြတ်လုပ်တဲ့ ကျွန်မတို့ အိမ်တောင် လာပါတယ်။ ရိုက်မယ်လို့ လုပ်မှ မသွားချင်သွားချင်နဲ့ ထွက်သွားပါတယ်။ သတိထားကြပါ ။

  • အခုဖြစ်တဲ့ ဝမ်းရောဂါ အတွက် ဗုဒ္ဓဟူးနေ့ အတူ အဓိဌာန်လိုက်ဝင်သူတွေက ယတြာခြေလိုက်သလို ဖြစ်ပါတယ် နောက်တကြိမ် လည်း အတူ အဓိဌာန် လိုက်ဝင်ကြပါ အကျိုးမယုတ်ပါဘူး

  • ထူးခြားပါလိမ့်မယ်

  • Wednesday က စပြီး ၉ ရက် တိတိ ကျွန်မနဲ့တူတူ အဓိဌာန် လိုက်ဝင်ပါ အဓိဌာန်က ပေးထားပြီးသားပါ ကျွန်မ တရားစခန်း ဝင်နေတဲ့ အဲဒီ၉ ရက် အတွင်း နေ့စဉ် သစ္စာဆိုဆုတောင်းပေးမယ်

  • ရည်းစားအတွက်ဆိုပြီး အဓိဌာန်ဝင်တဲ့ သမီးလေးတယောက် မနက်က လာပြောတယ်။ အဓိဌာန်ဝင်မှ သူ့ရည်းစားနဲ့ ခနခန စကားများတယ်တဲ့ ။ ဒီနေ့ ဂျင်သွားကစားတော့လည်းအဓိဌာန် ဝင်နေတဲ့ သမီးလေးတယောက်က ထပ်ပြောတယ်။ သူ့ချစ်သူက သူ့ကို လမ်းခွဲမယ်ပြောပြီး ဖြတ်သွားတယ်တဲ့။ ပဌာန်းပူဇော်တဲ့အခါ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ ကိုယ့်အနားက ခွါသွားတယ်။ ကိုယ့်အပေါ် အကျိုးပြု စောင့်ရှောက်မယ့် သူတွေ အနားကို ရောက်လာတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား ။ ညီမလေးတယောက်ကလည်း လာပြောဖူးတယ်။ ကျန်တဲ့ အချိန်ဆို ဒီလောက်မဟုတ်ဘူးတဲ့ သူ့ယောက်ကျားက ။ အဓိဌာန်ဝင်တဲ့ အချိန်ဆို သူ့ကို အဓိဌာန် ပျက်အောင် ဖျက်တယ်တဲ့။ တချို့တွေကျပြန်တော့ အဓိဌာန်ကို လင်ရောမယားရော တူတူဝင်ကြပြီး ကုသိုလ်တွေနဲ့ အိမ်ထောင်တခုကို တည်ထောင်ကြတယ်။ စီးပွါးတွေတက်တယ်။ ဒီတော့ မတူကြဘူးနော်။ ရည်းစားဘဝမှာ အဓိဌာန်ဝင်မှ ကိုယ့်ကိုရန်လုပ်တယ်ဆိုရင် သူဟာ ကိုယ့်အပေါ် စိတ်ထားမမှန်တဲ့အတွက် သူတော်ကောင်းတွေက သတိပေးတယ်လို့ သိရမယ်။ သူနဲ့ ကိုယ် ဓါတ်မတဲ့ တော့ဘူးလို့သိရမယ်။ တဖက်က သူတော်ကောင်းဓါတ် ကိန်းလာရင်သူယုတ်မာစိတ်ရှိတဲ့သူက မခံနိုင်ပါဘူးနော် ။ ဒေါသနဲ့ တုန့်ပြန်တယ်။ရန်ဖြစ်ကြတယ်။ ကိုယ့်အနားက ထွက်ပြေးချင်လာပါတယ်။ ကိုယ်က ကိုယ်ကျင့်သီလတွေ ထိမ်းလာပြီ ။ တရားအားထုတ်လာပြီဆိုရင် ကိုယ်နဲ့ ဓါတ်တူနာမ်တူတွေ သာအနားမှာ နေနိုင်ပါတယ်။ မိမိ ဘဝအတွက် ကိုယ်ရောစိတ်ပါ အေးချမ်းလုံခြံုမှု့ကိုပေးနိုင်မယ့် သူမျိုးမှန်ရင် ကိုယ့်အနားကို ပိုပြီး နီးကပ်လာစေပါတယ်။ ပုံပြင်လေးတပုဒ် ကြားဖူးတယ်မဟုတ်လား မိဖုရားဖြစ်မယ့် ကုသိုလ်အကျိုးပေးဘုန်းကံကြီးကပါလာတော့ အဖေပေးစားလိုက်တဲ့သူက အနားတောင်မကပ်ချင်လို့ အဲဒီအမျိုးသမီးကိုသစ်ပင်ပေါ်တင်ထားပြီး သူက ထွက်ပြေးရတယ်။ ဘုရင်က မြင်တော့ တော်ကောက်ပြီး မိဖုရားမြှောက်ရတယ်နော်။

  • ကောင်းသောအရာမှန်သမျှ မျှဝေသွားပါမယ် ။ အားလုံး ဆင်းရဲ ကင်းကြပါစေ

  • Channel photo updated

  • Channel created