- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 64
- Всего постов
- 80
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
တောင်ပြုံးပွဲတော်ကာလ သူရဲဈေး–တောင်ပြုံး အထူးရထား နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲမည် မန္တလေး၊ ဩဂုတ် - ၁၄ တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေးအဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။ အဆိုပါ အထူးရထားခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ နံနက်ပိုင်းခရီးစဉ်တွင် သူရဲဈေးဘူတာမှ နံနက် ၇ နာရီ၌ ထွက်ခွာကာ တောင်ပြုံးဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးစဉ်ကို တောင်ပြုံးဘူတာမှ နံနက် ၉ နာရီ၌ ထွက်ခွာပြီး သူရဲဈေးဘူတာသို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/တောင်ပြုံးပွဲတော်ကာလ-သူ/
ကျောက်တံတားမြို့နယ်အတွင်း ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက် ရန်ကုန်၊ဩဂုတ်-၁၄ ယနေ့ ဩဂုတ် ၁၄ ရက်နေ့လည်ပိုင်းတွင် ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့သည်။ ထို့ပြင် ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြင့် ဆေးရုံတတ်ရသည့်လူနာများရှိသည့်အတွက် ယင်းနေအိမ်များသို့ သွားရောက်ပြီး မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် စည်ပင်မှ ဆေးဖြန်းခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ လူနာ ၁၈၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိသူ ၅၄ ဦးအထိ ရှိကြောင်း သိရသည်။
အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ အမေရိကန်ကြံစည်နေ "အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။ "ကျနော်တို့ဟာ စစ်ရေးလှုပ်ရှားမှုဖြစ်တဲ့ Epic Fury အဆင့်ကနေ စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတဲ့အဆင့်ကို ကူးပြောင်းခဲ့တာပါ။ အခုဆိုရင် သမ္မတရဲ့ အမိန့်အတိုင်း ဒီထက်မကတဲ့ အဆင့်အထိ တိုးမြှင့်လိုက်ပါပြီ။ လာမယ့်သီးတင်းပတ်မှာ သတင်းထုတ်ပြန်ချက်တွေ ဆက်ထွက်လာမှာမို့ စောင့်ကြည့်ကြပါ။ စီးပွားရေးအရ ပိတ်ဆို့သီးခြားခွဲထုတ်မှု သမိုင်းမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ ပြင်းထန်တဲ့ နည်းလမ်းတွေကို ကျနော်တို့ ကျင့်သုံးသွားမှာပါ" လို့ Newsmax သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ပြောသွားခဲ့တာပါ။ Bessent က အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်မပြောသွားပေမဲ့ ဒီနည်းလမ်းတွေကို အမေရိကန်ရဲ့ အီရန်ရေကြောင်း ပိတ်ဆို့မှုတွေနဲ့ ပေါင်းစပ်ပြီး ပူးတွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
без подписи
без подписи
без подписи
ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆိုတင်သွင်းမှုကို ပြည်နယ်လွှတ်တော်အတည်ပြု ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆို တင်သွင်းမှုကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပသည့် တတိယအကြိမ် က ရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)၌ ပြည်နယ်လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။ " ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူလုံခြုံရေးပိုမိုကောင်းမွန်စေရန် ပြည်နယ်အတွင်းရှိ မြို့များအလိုက် အဓိကလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့်နေရာများနှင့် အရေးပါသောနေရာများတွင် CCTV ကင်မရာများတပ်ဆင်အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ဦးဆောင်စီမံဆောင်ရွက်ပေးရန်"အဆိုကို ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်လ(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီလှိုင်ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကရင်ပြည်နယ်ရှိ-မြို့မျာ/
без подписи
စက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်တွင် ပြန်လည်ကျဆင်း (စီးပွားရေး) ဩဂုတ် ၁၄ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ယခုတစ်ပတ်အတွင်း ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ၁၃၅ကျပ် မှ ၁၉၀ကျပ် အထိ ကျဆင်းလာပြီး ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်အထိ အသုံးပြုမည့် ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ထားကြောင်း သိရသည်။ ရန်ကုန်မြို့အတွက် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ Ron တစ်လီတာ ၃,၆၅၀ကျပ်၊ ၉၅ Ron ၃,၇၇၀ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၀၂၀ကျပ် နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၄,၈၇၀ကျပ် ဖြစ်ကြောင်း သိရသည်။ ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ရာတွင် ၉၂ Ron တစ်လီတာ ၁၉၀ကျပ်၊ ၉၅ Ron ၁၈၀ကျပ်၊ ဒီဇယ် ၁၃၅ကျပ် နှင့် ပရီမီယံဒီဇယ် ၁၈၀ကျပ် အသီးသီး ဈေးကျလာခြင်းဖြစ်ကြောင်း သိရသည်။ Telegram.... https://t.me/positiveanglenews #PAN
без подписи
без подписи
без подписи
ဘားအံတွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်၍ ရေဘေးကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံဖွင့်လှစ် (ပြည်တွင်း) ဩဂုတ်၁၄ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်ဖြစ်သည့် ၇၅၀ စင်တီမီတာကို ကျော်လွန်ကာ ယနေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ၈၄၁ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများရှိ ရေဘေးသင့်ပြည်သူများ ဘေးကင်းရာသို့ ပြောင်းရွှေ့နိုင်ရန် ရွှေယဉ်မျှော်ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် အ-ထ-က (၃) ကျောင်းအားကစားရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုတို့ကို ထပ်မံဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဘားအံမြို့ရှိ မိုးလုံလေလုံအားကစားရုံ၊ လေသာဘုန်းတော်ကြီးကျောင်း၊ ရွှေယဉ်မျှော်ဘုရားနှင့် အ-ထ-က (၃) ကျောင်းအားကစားရုံတို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားပြီး ယနေ့ နေ့လယ် ၁၂ နာရီအထိ အိမ်ထောင်စု ၃၃၅ စု၊ ကျား ၇၅၃ ဦး၊ မ ၈၂၈ ဦး၊ စုစုပေါင်း လူဦးရေ ၁,၅၈၁ ဦးအား ယာယီပြောင်းရွှေ့နေရာချထားပေးထားကြောင်း သိရသည်။ Telegram.... https://t.me/positiveanglenews #PAN
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи