- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 16
- Всего постов
- 23
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 18
- 1/48двое суток
- 20
- 1/72трое суток
- 22
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
မြန်မာပြည်မှာက _ အဆွေခင်ပွန်း ပြစ်မှားတဲ့ ကံတွေလည်း တော်တော်ထိုက်ကြတယ်။ သူငယ်ချင်း မိတ်ဆွေတွေပေါ့။ ကူညီဖူးတယ်။ ကျွေးမွေးစားသောက်ဖူးတယ်ဆိုရင် မိတ်ဆွေအရာမှာတည်တယ်။ မကောင်းသတင်းမလွှင့်ရဘူး။ ကွယ်ရာမှာ အတင်းမပြောရဘူးပေါ့။ အကျိုးရှိရာ ရှိကြောင်းတွေကိုပဲ ပြောဆို လမ်းညွှန်ပေးရတယ်။ ထို့ထက် _ ကျေးဇူးကန်းတဲ့အထိ လုပ်လာပြီ၊ အကျိုးမဲ့ပျက်စီးရာ ပျက်ဆီးကြောင်းအထိ သွားပုပ်လေလွင့်ပြောလာပြီဆိုရင် အဲ့လူမှာ အရောင်အဝါညှိုးမှိန်သွားပြီ။ ဘာလုပ်လုပ် အခက်အခဲ အကြပ်အတည်းလေးတွေများလာလိမ့်မယ်။ တစ်ဖက်လူက သီလရှိလေ စိတ်ကောင်းနှလုံးကောင်းရှိလေ ခံရလေပဲသာမှတ်။ အချုပ်ပြောရရင်တော့ _ ကျေးဇူးရှိဖူးသူတွေကို မပြစ်မှားမိစေနဲ့။
နေလနတ်ကြွေနိမိတ်ဖတ် ယတြာနှင့် တစ်နေ့တာကံပေးနိမိတ်ဂဏန်း
ဤကုသိုလ်ယတြာအားတစ်လတာလုံးမပျက်မကွက်ပြုလုပ်ပါ မုချအကျိုးပေးပါလိမ့်မည်
အရက်ပြတ်စေသော ဂမ္ဘီရနည်း ခွေးသေးပန်းရွက် (၇) ရွက် ကို ဖန်ခွက်ထဲ ထည့်ရ၏။ ထို့နောက်အရက် ပျက်စေချင်သူ၏ အရက်ပုလင်းထဲမှ အရက်များကို ယူ၍ ထိုဖန်ခွက် တွင်းသို့ တစ်ဝက် လောက် လောင်းထည့်ပါ၊ ပြီးလျှင် ပြတ်စေချင်သူ၏ မိဘ (သို့မဟုတ်) ဇနီးမယားမှ ထိုဖန်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်၍ အောက်ပါအတိုင်း ပြတ်စေချင် သူ၏ နာမည် ထည့်၍ ရွတ်ရ၏။ "မောင်.......သောက်တဲ့ အဆိပ်တွေ သစ်ပင်ရင်းမှာ....သေ မြေကြီးပေါ်မှာ....ကျေ မောင်.......ဆီက အရက်များ သောက်လို့မရစေသား အထက်ပါအတိုင်း ခုနှစ်ကြိမ် ရွတ်ဆိုပြီး နောက် ထိုဖန်ခွက်မှ အရက်အနည်းငယ်ကို သစ်ပင်ရင်းတွင် လောင်းပါ။ မြေကြီးပေါ်တွင်လည်း အနည်းငယ်လောင်းပါ။ ကျန်တဲ့အရက် တစ်ချို့ကို သူသောက်မယ့် ပုလင်းထဲ ထည့်လိုက်ပါ။ ခွေးသေးပန်းရွက်များကို လွှင့်ပြစ်လိုက်ပါ။
၅၄အောင်ကြလား
без подписи
လောဘ၊ ဒေါသ၊ မောဟ စသော ဆင်းရဲခြင်း ဘေးအပေါင်းတို့မှ လွတ်ကင်းတော်မူပါသော မြတ်စွာဘုရား။ တပည့်တော်နှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများတို့သည် ဆင်းရဲခြင်း ဘေးဥပါဒ်အန္တရာယ်အပေါင်းတို့မှ လွတ်ကင်းနိုင်ကြပါစေသားဘုရား။ သုခိတာဟောထ၊ ဒုက္ခမုစ္ဆထ။
သင်ကိုယ်တိုင် လုပ်နိုင်တဲ့ မဟာပရိတ် ယတြာ ********* "အဂ္ဂနိပုရာဏ်" လာ စကားတစ်ခွန်းရှိတယ်။ " အက္ခရာတစ်လုံးရှိသော မန္တရားကို အကြိမ်တစ်သန်းရွတ်က သိဒ္ဓိပေါက်၏ " တဲ့...။ ဆိုတော့... ကျွန်တော်ကြိုက်တဲ့ ဗုဒ္ဓအန္တရားတစ်ခုရှိတယ်။ "ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ..."။ အင်္ဂုလိမာလသုတ်တော်ပါပဲ။ အဋ္ဌကထာက ဘယ်လောက်တောင် ညွှန်းထားသလဲ ဆိုရင် _ "ဣမဉ္စ ပန ပရိတ္တံ န ကိဉ္စိ ပရိသာယံ န မဒ္ဒတိ၊ မဟာပရိတ္တံ န မေတန္တိ ဝုတ္တံ" ဤပရိတ် မဖျက်ဆီးနိုင်သော ဘေးရန်မရှိ၊ ဤပရိတ်မှာ မဟာပရိတ်မည်၏ " တဲ့...။ အဲ့တော့... အကြိမ်ပေါင်း ၂၁၂၇၆ ကြိမ် ရွတ်ဖတ်ပူဇော်ကြပါ။ ဘုရားမြတ် မိန့်ထားတာ ရှိတယ်။ " သဒ္ဓါယ တရတိ ဩဃံ " ယုံကြည်ချက်ဖြင့် အခက်အခဲကို ကျော်လွှားလွန်မြောက်နိုင်၏။
ဤနေ့သစ်တွင် စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းပြီး လုပ်ဆောင်သမျှ အရာအားလုံး အဆင်ပြေချောမွေ့ပါစေ။ စိတ်ထဲတွင် ပူပန်မှုများကင်းရှင်းပြီး ပျော်ရွှင်ကြည်နူးစရာကောင်းသော အခိုက်အတန့်လေးများဖြင့်သာ ပြည့်နှက်နေပါစေ။ ကြုံတွေ့ရသမျှ အခက်အခဲများကို စွမ်းအားရှိသမျှ ကျော်လွှားနိုင်ပြီး ရည်မှန်းထားသော ပန်းတိုင်များသို့ တစ်လှမ်းချင်း တိုးတက်နိုင်ပါစေ။ သင့်ပတ်ဝန်းကျင်ရှိ သူများထံမှ ချစ်ခင်လေးစားမှုနှင့် ကူညီပံ့ပိုးမှုများကို အမြဲရရှိပြီး နွေးထွေးသော ဆက်ဆံရေးများ ပိုင်ဆိုင်ပါစေ။ ယနေ့တစ်နေ့တာလုံး အောင်မြင်မှုများ၊ ရလဒ်ကောင်းများနှင့် အတူ အဓိပ္ပာယ်ရှိသောနေ့လေး ဖြစ်ပါစေ။
ကုန်းဘောင်ခေတ်လောက်ကနေ ယနေ့ခေတ်တိုင်အောင် လွန်စွာ ထူးခြားသော နဝင်းယတြာကြီး ဖြစ်၏။ ကြှနျုပျတို့ ဗေဒင်ဆရာလောက တွင်လည်း နဝင်းထိုင်တယ် ၊ နဝင်းရိုက်တယ် ၊ နဝင်းစီးတယ် ၊ နဝင်ခြုံတယ် စသည်ဖြင့် အမည် မျိုးစုံဖြင့် ကျော်ကြားလှသော ယတြာကြီးပင် ဖြစ်လေသည်။ လင်ဗန်းထဲတွင် ဆန်နို့ဆီဗူး (၉) ဗူး ၊ ဖယောင်းတိုင် (၉) တိုင် ၊ အမွှေးတိုင်(၉) တိုင် ၊ မတ်စေ့ (၉) စေ့ ၊ လ္ဘက် (၉) လုံး ၊ ကွမ်းယာ (၉) ယာ ၊ မိမိ၏ နဝင်းပန်းများဖြင့် ပွဲပြင်၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အာရုံပြု၍ လှူဒါန်းပူဇော်ရခြင်း ဖြစ်၏။ တစ်ဖက်က ပြန်ကြည့်သောအခါ သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ကိုယ်တော်တိုင် ဖူးတွေ့နေရပြီ ၊ ကိုယ်တိုင် ဆက်ကပ်နေရပြီဟု အာရုံပြု၍ လှူဒါန်းပူဇော်ခြင်း ဖြစ်သောကြောင့် လွန်စွာကုသိုလ် ရသော ယတြာကြီးဖြစ်၍ တစ်ဖက်က ပြန်ကြည့်သော အခါ စနစ်တကျ စီရင်ဆောင်ရွက်ရသော ယတြာဖြစ်သောကြောင့် လွန်စွာမှပင် လောကီ အကျိုးစီးပွားများ ပြည့်စုံခြင်း ၊ မကောင်းသော အညံ့ အခိုက်များ ပြေပျောက်ခြင်းများ စသော အကျိုးကျေးဇူးများကို ရရှိလေသည်။
ဘုမ္မိကြီး ဘုမ္မိကြီး ဆိုတာ ကျမ်းရင်းလင်္ကာ အရ ပြောရရင် ဆိုင်ရာနေ့ သားသမီး သည် လေးခွင်မြောက်ဂြိုလ်မှာ ဂြိုလ်အိပ်ပြီး ခုနှစ်ခွင်မြောက်ဂြိုလ်မှာ သက်ရောက် နေလျှင် ဘုမ္မိကြီး လို့ခေါ်တယ်။ လေးခွင်မြောက်ဂြိုလ်ရော ခုနှစ်ခွင်မြောက်ဂြိုလ်ရော ဘုမ္မိဂြိုလ်တွေဖြစ်ပါတယ်။ မိမိမွေးနာမ်ဂြိုလ်ကနေ ရေတွက်ရင် လေးခုမြောက်ဂြိုလ်ကို ဘုမ္မိ၊ မိမိမွေးနာမ်ဂြိုလ်ကနေ ရေတွက်ရင် ခုနှစ်ခုမြောက်ဂြိုလ်ကို ဘုမ္မိလေး ဆိုပြီး တစ်ချို့တွေက ခွဲခြား ပြောဆိုကြပါတယ်။ ကျမ်းရင်း လင်္ကာကို ဖော်ပြမယ်။ အ-ဝ-ရှာ ကျား-တော-သူ စံ_ပယ်_အုံး လေး-ရွာ-က မြ-ဦး-လူ သူ-ဇာ-မောင် တောင်-သာ-စွ ကျမ်းရင်း အရ.. (၁) အ-ဝ-ရှာ တနင်္ဂနွေ သားသမီးသည် ဗုဒ္ဓဟူးဂြိုလ်တွင် ဂြိုလ်အိပ်ပြီး ရာဟုဂြိုလ်မှာ သက်ရောက်နေလျှင်.. (၂) ကျား-တော-သူ တနင်္လာ သားသမီးသည် စနေဂြိုလ်တွင် ဂြိုလ်အိပ်ပြီး သောကြာ ဂြိုလ်မှာ သက်ရောက်နေလျှင်... (၃) စံ-ပယ်-အုံး အင်္ဂါ သားသမီးသည် ကြာသာပတေးဂြိုလ်တွင် ဂြိုလ်အိပ်ပြီး တနင်္ဂနွေ ွဂြိုလ်မှာ သက်ရောက်နေလျှင်.. . (၄) လေး-ရွာ-က ဗုဒ္ဓဟူး သားသမီးသည် ရာဟုဂြိုလ်တွင် ဂြိုလ်အိပ်နေပြီး တနင်္လာ ဂြိုလ်မှာ သက်ရောက်နေလျှင်.. (၅) မြ-ဦး-လူ ကြာသာပတေး သားသမီးသည် တနင်္ဂနွေဂြိုလ်တွင် ဂြိုလ်အိပ်ပြီး ဗုဒ္ဓဟူးဂြိုလ်မှာ သက်ရောက်နေလျှင်.. (၆) သူ-ဇ-မောင် သောကြာ သားသမီးသည် အင်္ဂါဂြိုလ်တွင် ဂြိုလ်အိပ်ပြီး ကြာသာပတေး ဂြိုလ်မှာ သက်ရောက်နေလျှင်.. (၇) တောင်-သာ-စွ စနေသားသမီးသည် သောကြာဂြိုလ်တွင် ဂြိုလ်အိပ်ပြီး အင်္ဂါဂြိုလ်မှာ သက္ခတ်နေလျှင်.. ဘုမ္မိကြီး ဖြစ်ပါတယ်။ သို့သော် လောကဓံ (၈) ပါး သက္ခတ်ပညာခဏ်းကြီးမှာ ဘုမ္မိကြီးဆိုတာ လေးခွင်မြောက်ဂြိုလ်မှာ ဂြိုလ်အိပ်ပြီး အယသော၊ ဒုက်ခံ၊ နိန္နာ၊ အလာဘော ကို သက်ရောက်နေတဲ့ ကာလတွေကို ခေါ်တယ်။ အဝရွာ ကျားတောသူ ဘုမ္မိကြီး ဟာ တစ်နှစ်သာ ခံရတယ်။ ပြင်းထန်တယ်။မြန်တယ်။ ရောဂါမဖြစ်ပဲ ခေါက်ကနဲ သေတတ်တယ်။ နဝင်းပွဲနဲ့ ကာထားရတယ်။ လောကီ အပျော်အပါးနယ် ကောင်းသော ဂြိုလ် လေးခွင်၌ ကျသော ဘုမ္မိကြီး ဖြစ်တယ်။ ဒါကြောင့် (က)တနင်္ဂနွေ သားသမီး အသက် ၃၅နှစ်၊ ၃၆နှစ်၊ ၃၇နှစ်၊ ၃၈နှစ်၊ ၄၃နှစ်၊ ၄၄နှစ်၊ ၄၅နှစ်၊၄၆နှစ်..၅၁/ ၅၂ /၅၃ / ၅၄ နှစ် ( ခ)တနင်္လာ သားသမီး အသက် ၄၂နှစ်၊၄၃နှစ်၊၄၄နှစ်၊၄၅နှစ်၊ ၅၀နှစ်၊၅၁နှစ်၊ ၅၂နှစ်၊ ၅၃နှစ်.. ( ဂ)အင်္ဂါ သားသမီး အသက် ၃၅နှစ်၊၃၆ နှစ် ၊၄၁နှစ်၊၄၂နှစ်၊၄၃နှစ်၊၄၄နှစ်၊ ၄၉နှစ်၊၅၀နှစ်၊ ၅၁နှစ်၊၅၂နှစ်.. (ဃ)ဗုဒ္ဓဟူး သားသမီး အသက် ၄၈နှစ်၊၄၉နှစ်၊၅၀နှစ်၊၅၁နှစ်၊၅၆နှစ်၊၅၇နှစ်၊ ၅၈နှစ်၊၅၉နှစ်.. ( င)ကြာသာပတေး သားသမီး အသက် ၅၄နှစ်၊၅၅နှစ်၊၅၅နှစ်၊၅၆နှစ်၊၅၇နှစ်.. ( စ)သောကြာ သားသမီး အသက်၄၄နှစ်၊၄၅နှစ်၊၄၆နှစ်၊၄၇နှစ်၊၅၂နှစ်၊၅၃နှစ်၊၅၄နှစ်၊၅၅နှစ်... (ဆ)စနေ သားသမီး အသက် ၄၇နှစ်၊၄၈နှစ်၊၄၉နှစ်၊၅၀နှစ်၊၅၅နှစ်၊၅၆နှစ်၊ ၅၇နှစ်၊၅၈နှစ်..များဟာ ဘုမ္မိကြီး ခတ်နေတဲ့ နှစ်များဖြစ်တယ် ဆိုတာကို သိထားရမယ်။ ဘုမ္မိကြီး ၏အဓိပ်ပါယျ ဘုမ္မိကြီး ကာလကို ဖြတ်သန်းနေချိန်ဟာ ဘဝတစ်လျှောက်လုံး အဆိုးဆုံးဖြစ်တယ်။ လူသေလျှင် သေ၊ မ သေလျှင် ဘဝသေရတယ်။ ကိုယ် စိတ် နှုတ် သုံးပါးစလုံး အကျဉ်းအကြပ် အခက်အခဲ မျိုးစုံ ဖြစ်ရတယ်။ ရှိသမျှ စည်းစိမ်ဥစ္စာ တွေ ရန်သူမျိုး ငါးပါး ကြောင့် ကုန်ရပြန်တယ်။အလွန် ကုသရ ခက်ခဲတဲ့ပြင်းထန်တဲ့့ရောဂါမျိုးစုံ ဖြစ်ကြတယ်။ ရုတ်တရက် ဘေးအန္တရာယ်များ ကြုံတွေ့တယ်။ ထိခိုက်ဒဏ်ရာ အနာတရ ခွဲစိတ်မှု စတဲ့ ခန္ဓာကိုယ် သွေးခြည်သွေးပေါက်ထွက်တဲ့ ဥပါဒ်ဘေးတွေ ဖြစ်ရတယ်။ အမှုဖြစ် ထောင်ကျ အလုပ်ပြုတ် ပြောင်းရွှေ့ရတာတွေ ဖြစ်တယ်။ အတူနေ အုပ်စုတွေ ကွဲကုန်တယ်။ ဂုဏ်သိက္ခာတွေအားလုံး ကျဆင်းရတယ်။ အရှက်တွေ ကွဲကြတယ်။ဘဝ ရဲ့ အဆိုးဆုံး အချိန်တွေ ဖြစ်လို့ ဘုမ္မိကြီး ကာလကို ဖြတ်ကျော်ပြီးတဲ့ ထိုလူသားသည် အတွေးအမြင်များ ပြောင်းလဲပြီး လူသစ် စိတ်သစ်၊ အတွေးအခေါ် အယူအဆသစ်တွေနဲ့ အသစ်တဖန် မွေးဖွားလာတယ်။ ဘဝအသစ် မွေးဖွားလာလို့ တစ်သက်မှာ နှစ်ဘဝ လို့ ခေါ်ရမှာ ဖြစ်တယ်။ ၊ ကြာသာပတေး သားသမီးတွေ ဘုမ္မိကြီး တစ်ခါပဲ ခတ်ကြတယ်။ ဝမ်းမသာပါနဲ့၊ တစ်ကြိမ်ပဲခတ်လို့ တခြားနေ့ သားသမီးတွေထက် ပြင်းထန်တယ်။ ပိုခံရတယ်။ လောကုတ္တရာ ဆိုးသောနယ်မှာ ကျတဲ့ ဘုမ္မိကြီး ဟာ လောကီနယ်မှာ ကျတဲ့ အဝရွာ၊ကျားတောသူ ဘုမ္မိကြီးလို ခေါက်ကနဲ မဖြစ်၊ ဆေးကုချိန် ရတယ်။ မြှင်း၍ ခံရပြန်တယ်။ စနေမှာ ဂြိုလ်အိပ်ပြီး အယသော၊ ဒုက်ခံ၊ နိန္နာမှာ သက္ခတ်လျှင် ရောဂါဖြစ်လျှင် ဖြစ်တယ်။ သို့မဟုတ် ဥပစ္ဆေဒကကံ နဲ့ ခံရတတ်တယ်။ ရောဂါဖြစ်တယ်..လို့ ပုံသေ မမှတ်ရ၊၊ ဘုမ္မိကြီး ထက်ပြင်းထန်တဲ့နေရာ ဖြစ်တယ်ဆိုတာလည်း သိထားရပါမယ် လွန်စွာ အကျိုးပေးထူးသော နဝင်းယတြာကြီး
မိမိစီးပွားရေး တိုးတက်လိုသော်၊ မကျရှုံးလို့ သော်၊ ကံနိမ့်နေသော်၊ အဆင်ပြေစေလိုသော် ခွေးစာကျွေးကြည့်ပါ။ ၁/ ကြက်သားနှံ့ကျွေးပါ။ ၂/ လမ်းလေးစုံ၊လမ်းထောင့်၊ဈေးနား၊ကျောင်းနား၊ဇရပ်ပျက်နား တွေမှာကျွေးပါ။ ၃/ ညနေ့နေဝင်ချိန်မှာသာကျွေးပါ။ ၄/ဘယ်ခွေးကိုမှ ကိုယ့်အစာကိုလာစားဖို့ အချက်မပြပါနဲ့ မခေါ်ပါနဲ့။သူ့တို့ သဘောဆန္ဒ နဲ့ လာစားတာကိုကြည့်ပီး ပီတီယူပါ။ပီတိနဲ့အတူ သူတို့တွေဘေးကင်းဖို့ ဆုတောင်းမေတ္တာပို့သပါ။ ၅/ ခွေးစားစား ကျီးထိုးထိုး မိမိကုသိုလ်ကို ဘေး အလှူအဖြစ်သာ ပေးလှူပါ။ ၆/ စားမယ့် တိရိ စ္ဆာန်မမြင်ဘူးဆိုရင်တောင် အစာကိုချန်ထားခဲ့ပါ။ပြန်မသိမ်းပါနဲ့။ ၇/ အစာကျွေးပီးနောက် ရတဲ့ကုသို့လ်ကို လမ်းရှိဝေနေယျများကို အမျှဝေပေးပါ၊မိမိအခက်အခဲ ကိုလည်း အကူအညီတောင်းပါ။
🙏နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ🙏 မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား ရဟန်း ရှင် လူ ပြည်သူ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းကြပါစေ🙏 ရေဘေး မီးဘေး စစ်ဘေး ငလျင်ဘေး မှ ကင်းဝေးနိုင်ကြပါစေ🙏 မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းနိုင်ပါစေ🙏 သတ္ထန္တရကပ် ဒုဗ္ဘိက္ခန္တရကပ် ရောဂန္တရကပ် ဘေးဆိုးကြီးများမှ လွတ်မြောက်နိုင်ကြပါစေ🙏
ဦးဆန်းထွန်း (မန်းတက္ကသိုလ်) အားကိုးအားထားပြု၍ အမြဲရွတ်လေ့ရှိသောမန္တန်တော် ********** ညီမတစ်ယောက်က "အကောင်းဆုံးဂါထာတစ်ပုဒ်လောက် သင်ပေးပါ" ဟု ဆိုလာသည်။ သူ့စိတ်ထဲ... ဂါထာကောင်းမှ စွမ်းမည်ဟု ထင်နေပုံရသည်။ ဒါနဲ့စပ်လို့ ဆရာကြီးဦးဆန်းထွန်းရွတ်တဲ့မန္တန်လေးကို သတိရမိသည်။ ဦဆန်းထွန်းလို ပုဂ္ဂိုလ်မျိုးကတောင် အားကိုးအားထားရွတ်ရတယ်ဆိုတော့ ဘယ်လိုမန္တန်မျိုးများလည်းဟု ထင်ကောင်းထင်မည်။ ပါဠိပါဉ်သားတွေနဲ့ တကယ့်ပိဋကတ် အဆီအနှစ်တွေ နေမှာပဲဟု ထင်ကောင်းထင်မည်။ ကဲ...ကြည့်ရအောင်_ ဆရာဦးဆန်းထွန်း အသက်၆၀ပြည့်တော့ မန္တလေးတက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိက ဘဝဖြင့်ပင်စင်ယူလိုက်သည်။ ပင်စင်ယူပြီးချိန်တွင် သားသမီး၉ယောက်နှင့် အတော်လေး ချို့တဲ့ရှာပါသည်။ ဆိုတော့... တတ်သည့်ပညာလေးဖြင့် ဘိသိက်ဆရာ၊ စျာပန၊ ဟောပြောပွဲ စသည်တို့၌ လိုက်လံရွတ်ဖတ်ပေးရပါသည်။ သို့သော်... မည်ရွေ့ မည်မျှဟု သတ်သတ်မှတ်မှတ်မရဘဲ၊ ပေးသမျှသာရပါသည်။ ရံခါ ဆန်ကလေး ဆီကလေးများပေးသည်လည်း ရှိသည်။ တစ်ရက်တော့... နွားထိုးကြီးမြို့က ဘုန်းကြီးပျံစျာပနပွဲ ရွတ်ဖတ်ပေးဖို့လာ ခေါ် ပါသည်။ ရွတ်ဖတ်ခအနေနဲ့ နှမ်းဆီတစ်ပုံးပေးပါသတဲ့။ ထိုခေတ် နှမ်းဆီတစ်ပုံးကို ၂၀၀ကျပ် တန်ဖိုးရှိသည်ဟူ၏။ ဤ၌... ဆီတစ်ပုံးအပြင် စာရွက်ခေါက်လေးနှင့် မန္တန်တစ်ပုဒ်ပါ ပေးသတဲ့...။ ပေးသူကဆိုသည်... ယခုပျံလွန်တော်မူသွားသည့် ဆရာတော်ကြီးက "ငါ့စျာပနကို ဒကာဆန်းထွန်းလာရွတ်လိမ့်မယ်၊ သူ့အသက်၆၀ ပင်စင်ယူပြီးရင် သေကိန်းမြင်နေတယ်၊ သူလာရင် ဒီဂါထာကို ပေးလိုက်ကြ၊ ယုံရင်တော့ အဆင်ပြေလိမ့်မယ်၊ မယုံရင်တော့ သူ့ကံပဲ" ဟူသတဲ့...။(ထိုဆရာတော်ကြီးသည် ထွက်ရပ်ပေါက်ဆရာတော်ကြီးဟု အများက ယုံကြည်ကြသည်။) ဦးဆန်းထွန်းလည်း မန္တန်ရရခြင်း အဆက်မပြတ်ရွတ်နေသည်။ တုန်တုန်ယင်ယင်နှင့် ယုံကြည်အားကိုးနေမိသည်။ မန္တန်က... ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့၊ မာတာပိတု၊ အာစရိယ ဂုဏော အနန္တော (ဗုဒ္ဓဂုဏော အနန္တော ဟု အစဉ်အတိုင်းရွတ်ပါ) ပြီးရင် "အရဟံ" ၁၉ခေါက်၊ နောက်ဆုံး "အားလုံးသတ္တဝါ ချမ်းသာပါစေ" ကို ၃ခေါက်။ ဒါလေးပဲ...။ လူတိုင်း ချက်ခြင်းအလွတ်ရမည်ထင်သည်။ ထိုဂါထာရွတ်ပြီးအပြန်... ဦးဆန်းထွန်းစီးလာတဲ့လိုင်းကား မန္တလေးငါးစို့တိုက်နားမှာ မှောက်ပါသည်။ သေပြီးဟု သတ်မှတ်ထားပေမယ့် တစ်စုံတစ်ယောက်က လာကယ်သလိုခံစားရပြီး သေကံမရောက်ခဲ့ပါဘူး။ တခြားကား ပြောင်းစီး၍ အိမ်ပြန်ခဲ့ရပါသတဲ့...။ အိမ်ရောက်တော့ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေကို မြန်မာစာ ပြပေးဖို့ လာရောက်ကမ်းလှမ်းသူနဲ့ ကြုံရပြီး အဆင်ပြေပြေ ပြန်ဖြစ်သွားပါသတဲ့...။ ကဲ... ရွတ်ကြပေတော့။
အဝေရာ ဟောန္တု= သူသူငါငါ ပုဂ္ဂလာတို့(သတ္တဝါတို့) ကာယတွင်းပ ရန်နှစ်ဝ ကင်းပကြပါစေ။ အဗျာပဇ္ဇာ ဟောန္တု= အများသူငါ လူတကာတို့ စိတ်မှာပူဆွေး ဆင်းရဲဘေးမှ ကွာဝေးကြ အေးမြချမ်းသာကြပါစေ။ အနီဃာ ဟောန္တု = အများသူငါ လူတကာတို့ ခန္ဓာကိုယ်ထဲ ဝင်ညှင်းဆဲသည့် ဆင်းရဲအဝဝ ကိုယ်ဒုက္ခ ကင်းပကြပါစေ။ သုခီ အတ္တာနံ ပရိဟရန္တု= ရှင်လူထိုထို ကျန်းမာပျိုမွှေး ချမ်းစိုအေးကာ ရွှင်လန်းဖြာ၍ စိတ်မှာလည်းဖွေး ရွှင်လန်းအေးကာ ကိုယ့်ခန္ဓာကို ကြာကြာတည်ရိုး အရှည်တိုး သည်ပိုးဆောင်နိုင်ကြပါစေ။
မနက်က ... ညီမတစ်ယောက်က မေးလသည်။ " အကို ... တခုလောက်မေးကြည့်ချင်လို့ပါရှင့်။ လွန်ခဲ့တဲ့ နှစ်တွေကကျောင်းဆရာမတဦးက ဘုရားတည်ပြီးလို့ ရေစက်ချအလှူကိုမိသားစုလိုက်သွားရင်း ဆုံးပါးကြတယ်ပေါ့နော်။ အဲဒီရဲ့ သတင်းအောက်မှာ comment ရေးကြသူ တော်တော်များများက ဘုရား မတည်ကောင်းဖူး ဘုရား မလှူကောင်းဖူးဆိုပြီး သူတို့ကြားဖူးတာ သိဖူးတဲ့အဖြစ်ပျက်တွေ ရေးကြတယ် ။ အဲဒီမှာ တချို့ကလည်း ဝင်ရေးကြတယ် ။ ကောင်းတာလုပ်တာ မလုပ်ကောင်းဖူးတားရသလားပေါ့ မဆိုင်ပါဖူးပေါ့ ။" " အဲ့တာလေး ရှင်းပြပေးပါ " အနေမျိုး မေးလာပါသည်။ အပြင်ရောက်နေတာမို့ သေချာမပြောလိုက်ရပါဘူး။ ဆိုတော့... လူတွေမှာ အတိတ်က ထူထောင်ခဲ့တဲ့ကံအမျိုးမျိုးရှိတာကြောင့် ပစ္စုပ္ပန်အကြောင်းတရားနဲ့ ဆက်စပ်မိသွားရင် ကောင်းကျိုးဖြစ်ဖြစ် ဆိုးကျိုးဖြစ်ဖြစ် ပေးတာပါပဲ။ ဘုရား စေတီ ပုထိုးတွေဟာ ဘယ်သူတည်တည် တည်ကောင်းပါတယ်။ တစ်ခုတော့ရှိတယ်။ စေတီဟောင်းပြန်ပြင်တာတို့ ဘာတို့ဆိုရင်တော့ မူလဘုရားဒကာအစောင့်အရှောက်တွေ။ စေတီဝန်းကျင်ကနတ်တွေ မကြိုက်ရင်တော့ တားစီးတာမျိုး လုပ်တတ်ပါတယ်။ သူတို့နေရာ ဘုရားတည်တာမကြိုက်တဲ့ တောင်စောင့်နတ် ဘီလူးတွေ ကန့်ကွက်တားဆီး အန္တရယ်ပြုတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါ ဖြစ်နိုင်ခြေတွေပေါ့။ များသောအားဖြင့်တော့ ဖြစ်ခဲပါတယ်။ သို့သော်... ဘုရားတည်လို့ ကုသိုလ်ရတာက သပ်သပ် ၊ အတိတ်ကံကြောင့်ဖြစ်ဖြစ် နှောင့်ယှက်လို့ဖြစ်ဖြစ် သေတာက သပ်သပ်ပါပဲ။ ဘုရားတည်တာကတော့ သေချာပေါက် ကုသိုလ်ရပါတယ်။ ဘုရားလက်ထက်ကလည်း ဘုရားဖူးရင်းသေသွားတဲ့သူတွေ ရှိကြတာပါပဲ။ အရှင်သာရိပုတ္တရာ ဈာပနပူ ဇော်ပွဲ မှာ လူနင်းခံရပြီး သေသွားတာတွေလည်း ရှိပါတယ်။ များသောအားဖြင့် နတ်ပြည်ရောက်သွားတာ များပါတယ်။ အဲ့တော့... သေတာက သပ်သပ် ၊ ကုသိုလ်ရတာက သပ်သပ်ပါပဲ။
без подписи
без подписи
без подписи