Nay Pyi Taw Division News 2026
Статистикаနေပြည်တော်တိုင်းဒေသကြီးသတင်းများကိုတိကျမှန်ကန်စွာဖော်ပြမည်။
- Последний пост
- 11 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 26
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 24
- 1/48двое суток
- 27
- 1/72трое суток
- 29
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ၊ မှော်ဘီ ရကသ (၄) တွင် သင်တန်းဖွင့်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ် လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲ့ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ #SittNaing
ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတော်သမ္မတ ပြော နေပြည်တော်၊ ဩဂုတ် ၁၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများမှာ - မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၃၁-၇-၂၀၂၆ ရက်နေ့တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့သို့ တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)ပြည့် အခြေပြမိန့်ခွန်းပြောကြားပြီး မီဒီယာများ၏ မေးမြန်းမှုများအပေါ် ဖြေကြားချက်မှ ကောက်နုတ်ချက် #HOS
ရာသီဥတုဖြစ်စဉ် (၂) ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးဇလအသိပေး နေပြည်တော်၊ ဩဂုတ် ၃ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း၌ ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျရေစီးဆင်းခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၃၄/၂၀၂၆) ဖြင့် ထုတ်ပြန်အသိပေးခဲ့သည်။ ထုတ်ပြန်ချက်အရ ယနေ့ ဩဂုတ် ၃ ရက် နံနက်ပိုင်းမှ ဩဂုတ် ၆ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားအထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်ချောင်းများအနီး၊ မြေနိမ့်ပိုင်းဒေသများနှင့် တောင်တန်းဒေသများတွင် ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျရေစီးဆင်းခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကြိုတင်သတိပြုကာ လိုအပ်သည့် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ #SN
без подписи
без подписи
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။ #SN
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင် ၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည် များကို စုံစမ်းမေးမြန်းရန်နှင့်သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်- (က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး(နေပြည်တော်) (၁) ၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇- ၃၄၀၄၉၂၂၊ ၀၆၇- ၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၁ (ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(နေပြည်တော်ကောင်စီ) (၁) ၀၆၇-၄၅၅၀၄၈၈၊၀၆၇-၄၅၅၀၄၉၉ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၂ (ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး) (၁) ၀၇၁- ၂၀၃၂၀၉၁၊၀၇၁-၂၀၃၂၀၉၂ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၇ (ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး) (၁) ၀၅၉- ၂၀၂၄၀၃၇၊၀၅၉-၂၀၂၄၀၃၈ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၈ (င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး) (၁) ၀၅၂- ၂၂၀၁၉၃၉၊၀၅၂-၂၂၀၁၉၄၉ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၉ (စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး) (၁) ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃- ၂၀၂၈၈၇၉ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၀ (ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) (၁) ၀၂- ၄၀၂၁၂၄၅၊ ၀၂- ၄၀၂၁၂၄၆ (၂) မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု (SMS) ၀၉- ၂၅၅၀၀၂၅၁၁ (ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်) (၁) ၀၅၇ -၂၀၂၇၉၃၅၊၀၅၇-၂၀၂၇၉၃၆ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၂ (ဈ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်) (၁) ၀၉- ၂၅၅၀၀၂၅၁၇၊၀၉-၂၅၅၀၀၂၅၁၈ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၃ (ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး) (၁) ၀၁- ၈၃၀၀၀၁၆၊ ၀၁- ၈၃၀၀၀၁၇ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၄ (ဋ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်) (၁) ၀၈၁-၂၁၂၄၅၄၀၊ ၀၈၁- ၂၁၂၄၉၉၅ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် () ၀၉- ၂၅၅၀၀၂၅၁၅ (ဌ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး) (၁) ၀၄၂- ၂၀၂၅၉၉၃၊၀၄၂- ၂၀၂၅၉၉၄ (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၆ ၂။ စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကတ်များကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှု လျော့နည်းစေရန် မီတာဟောင်းများ လဲလှယ်တပ်ဆင်မှု အရှိန်မြှင့်ဆောင်ရွက် ဩဂုတ် ၂ ဩဂုတ် ၁ ရက် နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၊ AMI Control Center နှင့် National Control Center တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ လက်ရှိတွင် နေ့စဉ်ပို့လွှတ်သည့် လျှပ်စစ်ဓာတ်အား၏ ၁၅ ဒသမ ၆ ရာခိုင်နှုန်းခန့် ဆုံးရှုံးနေပြီး နိုင်ငံတော်အနေဖြင့် နေ့စဉ် ငွေကျပ် သန်းပေါင်း ၂၇၅၀ ကျော် ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ရရှိရေးတို့အတွက် ဘက်စုံမှ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #SN
ဦးမောင်မောင်အုန်း (ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်) နှင့်မီဒီယာများတွေ့ဆုံချိန် ခဏ #SN
ပြည်သူအားကိုးသည့် လွှတ်တော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား #SittNaing
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи