အပစ်အခတ် အမိုက်စား ဇာတ်ကားများ
Статистика- Последний пост
- 2 дек.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Видео (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဒီကားလေးက iMDB rating 7.1/10 ရရှိထားတဲ့ အိန္ဒိယအက်ရှင်ကားကောင်းလေးဖြစ်ပြီးတော့ နာမည်ကြီးမင်းသား ဗဒ်ရွတ်ဂျာမဝယ် ရို က်ကူးထားတဲ့ ဘောလိဝုဒ်အက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၂၀၀၇-၂၀၀၈ ကြား စီးပွါးရေး အကြပ်ရိုက်ကာလကို အခြေခံထားပြီး ဒီကာလကြား အလုပ်ပြုတ်သွားတဲ့ ညားခါစ လင်မယားနှစ်ယောက် တိုင်းတစ်ပါး နိုမာန်နိုင်ငံသွား ပြီး အလုပ်ရှာကြပါတယ်။ အဲ့ဒီမှာ လူလိမ်အေဂျင်စီနဲ့ မိပြီး မိန်းမ နိုမာန်နိုင်ငံကို အရင်သွားရာက ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားပါတော့ပါတယ်။ အရမ်းချစ်တတ်တဲ့ အချစ်ကြီးသူ ဆမီးရ်တစ်ယောက် နိုမာန်နိုင်ငံ တစ်ခွင် မိန်းမကို ရေဆုံးမြေဆုံးလိုက်ရှာရင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်၊ မိတ်ဆွေရန်သူလား မခွဲခြားနိုင်တဲ့ မျက်နှာဖုံးနဲ့လူတွေနဲ့ ရဲတွေကြားမှာ ဘယ်လိုတိုက်ခိုက်ရုန်းကန်ခဲ့ရလဲဆိုတာ ကြည့်ရမှာပါ.... 😍ကြည့်ရန်နှိပ်ပါ👇 https://t.me/relax_moviechannel/8 🎬 Main channel 🔗 http://t.me/addlist/-EzJ-VtvfuRhOWJl
Gurudev Hoysala [2023] ------------------ ဒီတစ်ခါမှာတော့ Gurudev Hoysalaဆိုတဲ့ အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါမယ်။ ဂုရူဒေ့ဗ်ဟာ အလွန်စိတ်ဓာတ်မာကျောပြီးသတ္တိရှိတဲ့ရဲအရာရှိတစ်ယောက်ပါ။တစ်နေ့မှာ ဘာဂါ့ဗ်ဆိုတဲ့အရာရှိပျောက်နေတဲ့ အတွက်အဲ့အကြောင်းစုံစမ်းဖို့ သူ့ကိုတာဝန်ပေးခြင်းခံရပါတယ်။အဲ့ဒီတာဝန်နဲ့အတူ သူဟာ အက်သနီကိုပြောင်းသွားခဲ့ပါတယ် အက်သနီကိုရောက်လာတဲ့အခါမှာတော့ နာမည်ကြီးထိပ်တန်လူဆိုးမျိုးနွယ်စုတွေနဲ့တွေ့ပြီးဘယ်လိုတွေကြုံတွေ့ရမလဲ။ ဘာဂါ့ဗ်ကရောဘယ်လိုပျောက်သွားတာလဲ။အကြောင်းအရာတွေကို သိရှိလာတာနဲ့အမျှ ဂုရုဒေ့ဗ်တစ်ယောက် ဘယ်လိုဒုက္ခသုက္ခတွေကို ကိုင်တွယ်ဖြေရှင်းသွားရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဂုရူဒေ့ဗ်ကို ကြည့်ရတာနဲ့တင် ဒီကားကတော်တော်တန်နေပါပြီနော်။ 😍ကြည့်ရန်နှိပ်ပါ👇 https://t.me/movie_mmsub6/9 🎬 Main channel 🔗 http://t.me/addlist/-EzJ-VtvfuRhOWJl
စီးလာတဲ့လေယာဉ်ဟာ ပင်လယ်ထဲပြုတ်ကျရုံသာမက ငါးမန်းတိုက်ခိုက်တာပါခံရသောအခါ... N_o W_a-y U_p (2024) အညွှန်း* 🔽🔽🔽 မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။ ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️ https://t.me/fox_bollywood/206 https://t.me/fox_bollywood/206
D_e-m_o-l_i-t_i-o_n M_a-n ( 1993 ) အညွှန်း* 🔽🔽🔽 ၂၀၃၂ ခုနှစ်၊ ဆန်အန်ဂျလိစ်မြို့မှာ အအေးခန်းထောင်ဆိုတာဟိုးအရင်ကတည်းက ရာဇဝတ်သားတွေကို 0°အောက်အအေးခဲခန်းထဲထည့်နှစ်တွေအကြာကြီးပိတ်လှောင်ထားတယ်....ဖြစ်ချင်တော့ တစ်နေ့မှာ ဆိုင်မွန်ဖီးနစ်ဆိုတဲ့ လူဆိုးတကောင်က ထောင်ထဲကနေ လွတ်သွားတယ်...ဒီကောင်ကလဲဂန္တဝင်လူရမ်းကား လူသတ်သမားဘာစည်းမှမရှိတဲ့ကောင်ဆန်အန်ဂျလိစ်မြို့တော်ဟာ ဖရုဿဝါစာ တခွန်းပြောမိရင်တောင် ဒဏ်ရိုက်ခံရတဲ့အထိ အေးဆေးနေကြပါတယ်သေနတ်တောင် ပြတိုက်မှာသွားကြည့်မှ မြင်ရတာပါ။ ဇာတ်ကားကြည့်ရန် ⬇️⬇️⬇️ https://t.me/member_2005/973 https://t.me/member_2005/973
S_i-c_a-r_i-o ( 2015 ) အညွှန်း* ⬇️⬇️⬇️ ဇာတ်လမ်းမှာ မင်းသမီးချော Emily Blunt က FBI Agent Kate အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ကားအစမှ သူမနဲ့ အဖွဲ့က ပြန်ပေးဆွဲခံရသူတွေကို ကယ်ဖို့ Cartel တွေရဲ့ အိမ်ကို ဝင်စီးရာက အိမ်နံရံကြားထဲထည့်ထားတဲ့ လူ6သအလောင်းတွေ ကို တွေ့ခဲ့ရပါတယ်.....ဒီလူ6သတွေက ဂိုဏ်းဂိုဏ်းချင်းနယ်လုကြရာကအသ!တ်ခံရတာဖြစ်ပါတယ်...ဒါထက်ပိုဆိုးသွားတာက သူတို့၀င်စစ်ဆေးနေတုန်း ကားဂိုထောင်ထဲက ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦး6သဆုံးခဲ့ရပါတယ်.....ဒီနောက်မှာ Josh Brolin ရဲ့ဇာတ်ကောင် Matt Graver က Kate ကို သူအဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ သူတို့ အဖွဲ့ကမက္ကဆီကန် ဂိုဏ်းခေါင်းဆောင် ကြီးကို ရှာဖွေဖမ်းဆီးဖို့ တာဝန်ယူထားပြီးသူမရဲ့ အရည်အချင်းကို သဘောကျလို့ ခေါ်ယူတယ်လို့ဆိုပါတယ်.... ဇာတ်ကားကြည့်ရန် 📥📥📥 https://t.me/Action_DramaMv/100 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ 🤩 http://t.me/addlist/-EzJ-VtvfuRhOWJl
ဘုန််ကြီး နဲ့ အလွဲဖူးစာ 📱 ========================= အညွှန်းဖတ်ရန်⬇️🔽 ဒီကားကတော့ နာမည်ကြီးမင်းသား ပဲ့အာရတ်နဲ့ ရေပန်းစားနေတဲ့မင်းသမီး တိုရဲ့ ဟာသကားလေးပါ ဂျပန်မှာနေထိုင်တဲ့ အွန် ဆိုတဲ့ ညီမလေးရဲ့ မင်္ဂလာဆောင်ကို သူ့အစ်ကိုဖြစ်တဲ့ ဦးဇင်းပဲ့က သူ့ကျောင်းဒကာတွေနဲ့အတူ ဂျပန်ကို သွားရောက်ဖို အကြောင်းဖန်လာခဲ့ပါတယ် ဂျပန်စရောက်ရောက်ချင်း ဂယက်များစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဦးဇင်းပဲ့တိုအဖွဲက သူ့ညီမလက်ထပ်မဲ့သူက သာမာန်လူမဟုတ်ဘဲ ဂျပန်ဘုန်းကြီးဖြစ်နေလို ပိုအံ့အားသင့်ခဲ့ရပါတယ် ဂျပန်ဘုန်းကြီးတွေက ထိုင်းဘုန်းကြီးတွေနဲ့မတူဘဲ သာမာန်လူလို မိန်းမယူ ကလေးမွေး အကုန်လုပ်နိင်တာကို ထူးဆန်းနေတဲ့အပြင် အတိတ်ဇာတ်ကြောင်းမကောင်းခဲ့တဲ့ ဂျပန်ဘုန်းကြီးနဲ့ သူ့ညီမ လက်ထပ်မှာကို လုံးဝလက်မခံနိုင်တာမို ဂျပန်ဘုန်းကြီးတွေရဲ့ နေထိုင်မှုတွေကို အံ့အားသင့်စွာ မြင်တွေ့ရမဲ့အပြင် အွန် က လက်ထပ်ပွဲကို ကျင်းပနိုင်မလား သူ့အစ်ကိုကပဲ လက်ထပ်ပွဲကို တားနိုင်မလား ဆိုတာ ဟာသအနှောတွေနဲ့ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ…..( အပိုမပြောဘူး ကောင်းတယ် ကြည့်လိုက် ) ကြည့်ရန်⬇️🔽 https://t.me/Nickelodeonmoviezone/21 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl
📺➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪ ✅ဇာတ်ကားကောင်းများကြည့်ရန် ⚡🇯🇴🇮🇳⚡ထားပါ⬇️⬇️⬇️ 🤩 http://t.me/addlist/-EzJ-VtvfuRhOWJl ➡️🔞🚫 Main Channel📥📥📥 🤩 https://t.me/addlist/erJwhTWg_95lYjg9 💡💡💡💡💡💡💡💡💡💡💡
M_a-n o_n F_i-r_e (2004 ) အညွှန်း* 🔽🔽🔽 နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်…သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက်အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ….တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့်အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအဝန်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်…သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်…ဘော်ဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်… #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽
R_i-d_e- O_n (2023) အညွှန်း* ⬇️⬇️ ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီး အနေနဲ့ ပါဝင်ထားပါတယ်.....သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေးဖိုးနီပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ်ရှာပြီးအသက်မွေးနေရတာပါသူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကိုစိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မ6သခင်လက်ဆောင်ပေးခဲ့တာပါ.......ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့သိမ်းဖို့ကြိုးစားလာပါတယ်......တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်......အဲဒီအန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက်ခိုက်ရုန်းကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်...... ဇာတ်ကားကြည့်ရန် ⬇️⬇️ https://t.me/moviecity_2/12 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl
အညွှန်း* 🔽🔽🔽 အဆိုတော်မလေးတစ်ယောက်ကို အကြ!မ်းဖက်မှုမှကယ်တင်ခဲ့ချိန်မှစလို့ သူဟာ စံပြနိုင်ငံသားဆုကိုရပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ဒါပေမယ့်သူဟာ နိုင်ငံရေးသမားတွေရဲ့သားကောင်ဖြစ်နေခဲ့ပါတယ်။ တစ်နေ့ သမ္မတလောင်းကိုယ်စားလှယ်အသ!တ်ခံရမှုမှာ မတရားစွပ်စွဲခံရကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ရိုးအတဲ့ ကင်ဂွမ်ဝူး တစ်ယောက်သူ့ရိုးသားမှုကို ပြန်လည်ဖော်ထုတ်နိုင်မလား၊နောက်ဆုံးမှာအာဏာရှိသူကပဲအနိုင်ရသွားမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရန် ⬇️⬇️ https://t.me/+qHzrymkTGZI1YzA1 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl
အညွှန်း* 🔽🔽🔽 IMDb Rating (6.2) ရရှိထားပြီး မင်းသားကြီး နီကိုလပ်ကေ့ချ်ပါဝင်ထားပါတယ်။နီကိုလပ်ကေ့ချ်ဇာတ်ကားတွေရဲ့ မြင်နေကျ/ရနေကျ အရသာဖြစ်တဲ့တစ်ခုခုနောက်ကို သိချင်စိတ်နဲ့လိုက်ပါစီးမျောရမှာပါ…ကျွန်တော့်အတွက်တော့ လိုက်ပါစီးမျောရုံနဲ့ မပြီးဆုံးသွားဘဲ ရက်သတ္တပတ်လုံး မှိုင်းညှို့နေခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။Action, Drama, Mystery အမျိုးအစားဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်ဆန်ကြိုက်နှစ်သက်သူတွေ ခံတွင်းတွေ့မယ်လို့ ညွှန်းပါရစေ။ ဇာတ်ကားကြည့်ရန် ⬇️⬇️ https://t.me/collectionmv2/23 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl
ကလေးကျောင်းလိုက်ပို့ရင်း ကားမှာဗုံးတပ်ခံထားရပီး ကားပေါ်ကဆင်းလို့မရတော့သောအခါ...☄️ ============================= ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပို့ဖို့လုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ် ၊အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ် ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတို့လည်း အတူရှိနေခဲ့ပါတယ် ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ရင်တမမနဲ့ ခံစားကြည့်ရှုရဦးမှာပါ။ ကြည့်ရန်🔽⬇️ https://t.me/+SCTUV0XNjzRiOWRl 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl
ဖိုက်တာကြီးရဲ့မိန်းမကိုမှ သွားပြီးပြန်ပေးဆွဲမိသောအခါ.. ➪➪➪➪➪➪➪➪➪➪➪➪➪➪ ပရိတ်သတ်တို့ရဲ့အချစ်တော်ဆုန်းဂျီဟိုနဲ့လူသန်ကြီးမာဒုံဆော့တို့ရဲ့ဇာတ်လမ်းလေးလာပါပြီ။ အိမ်ထောင်မကျခင်အထိလူမိုက်ဆန်ဆန်နေလာခဲ့တဲ့ဂန်ဒုံချောဟာ ကင်ဂျီဆူးဆိုတဲ့နတ်သမီးလေးနဲ့လက်ထပ်ပြီးတဲ့နောက်မှာ တစ်နိုင်စီးပွားရေးလုပ်ပြီးတော့ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းခဲ့ပါတယ်။ တစ်နေ့မှာလင်မယားနှစ်ယောက်အလုပ်ကနေအိမ်ကိုအတူတူပြန်လာတော့လမ်းမှာနောက်ကနေဝင်တိုက်တဲ့ကားနဲ့ပြသနာရှင်းရာကနေဘယ်လိုတွေဆက်ဖြစ်မလဲ။ လူမိုက်လောကကနေအနားယူထားတဲ့လူကိုသွားထိမိလို့ဘယ်လိုတွေဖြစ်မလဲ။ ချေးငွေလုပ်ငန်းကနေတစ်ဖက်လှည့်နဲ့အမျိုးသမီးတွေကိုအတင်းပြည့်တန်ဆာလုပ်ငန်းလုပ်ခိုင်းတရားမဝင်လူကုန်ကူးနေတဲ့ဂိုဏ်းနဲ့လူမိုက်လောကကနေအနားယူထားတဲ့ဂန်ဒုံချောတို့တွေ့ကြတဲ့အခါဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့ လူသန်ကြီးမှာလည်းအသည်းနဲ့ပါဆိုသလိုဇနီးအပေါ်မှာထားတဲ့မေတ္တာကိုလည်းမြင်တွေ့ရမှာပါ။ Comedy အနည်းငယ်ပါဝင်တဲ့ Action ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပြောပါရစေ 😍ကြည့်ရန်နှိပ်ပါ👇 https://t.me/c/2760153526/46 ချန်နယ်Joinရန်လင့်🇲🇲⚪🎬 🔽⬇️ https://t.me/+RZvp1POevos3ZDll
တစ်စက်ရုံလုံး မီးမြှိုက်လောင်ပြီး အစိမ်းသေထားတဲ့နေရာမှာ အလုပ်လုပ်ရသောအခါ 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ နက်ဖလစ်ထွက် အင်ဒိုသရဲကားအလန်းလေးတွေမှ ကြိုက်ပါတယ်ဆိုသူတွေအတွက် ဒီနေ့ပဲ အမြန်ဆုံးတင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ ဒီတစ်ခါမှာတော့ သကြားစက်ရုံမှာ ကြံရာသီ ရောက်လာချိန်မှာ သကြားစက်ရုံကို အလုပ်လုပ်ဖို့သွားကြမဲ့ အလုပ်သမားတစ်စုရဲ့အဖြစ်ဆိုးကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နယ်ဘက်က သကြားစက်ရုံမှာ ကြံပင်တွေ ရိတ်သိမ်းချိန်ရောက်နေပြီဆို ရာသီအလိုက် အလုပ်သမားတွေလာခေါ်လေ့ရှိပါတယ်။ ချောင်ကျကျနေရာလေးမှာ အလုပ်လုပ်ရတာဆိုပေမဲ့ နေစားငြိမ်းဖြစ်တဲ့အပြင် လုပ်ခကလည်း တခြားနေရာနဲ့ယှဉ်ရင် အတော်များတာဖြစ်လို့ ဝါတီတို့ သူငယ်ချင်းတစ်စုလည်း ကိုယ့်ရဲ့အိပ်မက်လေးတွေ အမြန်ဖြည့်ဆည်းနိုင်ဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့သွားကြတာပေါ့။ ဒါပေမဲ့ ဒီသကြားစက်ရုံမှာ ထူးဆန်းတဲ့ မီးလောင်မှုတွေဖြစ် လူတွေသေထားလို့ အနီးနားကလူတွေကို အလုပ်ခေါ်မရဘူးဆိုတာရယ် ဒီသကြားစက်ရုံမှာ လူမဟုတ်တဲ့ မူလနေထိုင်သူတွေ ရှိနေတယ်ဆိုတာကို သူတို့မသိကြတဲ့အခါမှာတော့... 😍ကြည့်ရန်နှိပ်ပါ👇 https://t.me/+RZvp1POevos3ZDll 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl
လူကြီးလူငယ်မရွေးကြည့်သင့်တဲ့ဇာတ်ကားလေး📱 မင်းသားကြီး အမီခန်း နဲ့ မင်းသမီး ကရီနာကပူး ပါဝင်တဲ့ ရုပ်ရှင်ကားကောင်း အညွှန်းဖတ်ရန်🔽🔽 လားလ် ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပြီး ခြေထောက်မသန်စွမ်းပါဘူး သူဟာ တခြားသူတွေနဲ့ ကွဲပြားမှု မရှိဘဲ အရာရာတတ်စွမ်းကြောင်း ကိုယ့်အားကိုယ်ကိုးတတ်အောင် မိခင်ဖြစ်သူက အမြဲ သင်ပြပေးပါတယ် မိခင်ဖြစ်သူရဲ့အစွမ်းကုန်ပံ့ပိုးပေးမှုကြောင့် သာမန်ကလေးတွေ တက်တဲ့ ကျောင်းမှာ သူလည်း တက်နိုင်ခဲ့ပါတယ် အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံ ဖြစ်နေရတဲ့ သူဟာ ကျောင်းမှာ သူ့ကို အားပေးကူညီတဲ့ ရူပါ နဲ့ သူငယ်ချင်း ဖြစ်လာပါတယ် သူငယ်ချင်းမလေး ရူပါ နဲ့ ကျောင်းအတူ ကောလိပ်အတူတက်ရပြီး သံယောဇဉ်ကြိုးတွေ နှောင်ဖွဲ့လာပါတယ် မိခင်ဖြစ်သူနဲ့ ရူပါ ဟာ သူ့ဘဝမှာ အကောင်းဆုံးလူတွေပါ အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ် သူ့ဘဝတစ်လျှောက် ကြုံတွေ့ရတဲ့ အရာတွေကို ဒီရုပ်ရှင်မှာ ဘယ်လိုစိတ်ဝင်စားဖွယ် တင်ဆက်ပြသထားမလဲ ဆိုတာ ပရိသတ်ကြီးတို့ ကြည့်ရှုအားပေးကြပါဦး... ကြည့်ရန်🔽🔽 https://t.me/c/2760153526/28 ချန်နယ်အရင်Joinပါ🔽🔽 https://t.me/+RZvp1POevos3ZDll
အညွှန်း* 🔽🔽🔽 ဒီဇာတ်လမ်းကတော့ လူသ!တ်သမားဇာတ်လမ်းပဲ ဖြစ်ပါတယ် ။လူပျောက်မှုတွေ ဆက်တိုက်ဖြစ်နေပြီးတော့ ပြစ်မှုကျူးလွန်သူက ဘုန်းတော်ကြီးတစ်ပါးဖြစ်နေတဲ့အခါ …..ကိုရီးယားမှာမူးယ!စ်မှောင်ခိုလုပ်နေတဲ့ တရုတ် ၂ ယောက်က မိန်းကလေးတွေကို အဓ္ဓမပြုကျင့်ပြီး ရ!က်ရ!က်စက်စက်သ!တ်ဖြတ်တာပါ ။ဒီအမှုကိုလိုက်နေတဲ့ ရဲတွေဟာတစ်ရက်မှာတော့ အဲဒီနေရာကိုဝင်ဖမ်းဆီးတဲ့အခါ နောက်ဆက်တွဲ ဘယ်လိုပြဿနာတွေပေါ်လာမလည်းဘယ်လိုအမှုမှန်တွေပေါ်ထွက်လာမလည်းဆိုတာကို စိတ်ဝင်တစားကြည့်ရှုလိုက်ကြရအောင် ပရိတ်သတ်တိုရေ … ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/collectionmv2/19 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl
သရဲခြောက်သော စံအိမ်ကြီး 📱 အညွှန်းဖတ်ရန်🔽🔽 ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။ သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။ တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ကြည့်ရန်🔽🔽⬇️ https://t.me/Commando_32k19/22 https://t.me/Commando_32k19/22
ပိန္နဲသီး သရဲကား📱🧛🧛🔤🔤 အညွှန်းဖတ်ရန်⬇️🔽 ပိန္နဲသီး သရဲကားဆိုပြီး နာမည်ကြီးတဲ့ ထိုင်းသရဲကားဖြစ်ပါတယ်။ပုံမှန်သရဲကားတွေနဲ့ မတူတဲ့အချက်တွေ အများကြီးပါဝင်ပါတယ်။တွေ့နေကြ သရဲကားတွေထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဇာတ်ကားပါ။ ဟာသတွေ ပါတယ်….ကြောက်လန့်စရာတွေ ပါတယ်….ကြည်နူးဖွယ်ရာတွေပါတယ်။အကောင်းဆုံးအချက်ကတော့ တရားသဘောနဲ့ ပတ်သတ်တဲ့ အယူအဆလေးတွေ ပါဝင်ထားပါတယ်။ရသစုံတဲဇာတ်ကား ပါ။ ထူးခြားတဲ့ ဆက်တင်, Effect, ဇာတ်ဆောင် တွေမပါဝင်ဘဲ ဇာတ်လမ်းတစ်ခုလုံးကို အကောင်းဆုံးတင်ဆက်သွားနိုင်တာကိုတော့ မြန်မာဇာတ်ကားဖန်တီးသူတွေ အတုယူသင့်ပါတယ်။ ကြည့်ရန်🔽🔽 https://t.me/+RZvp1POevos3ZDll https://t.me/+RZvp1POevos3ZDll
ဧရာမဘီလူးကြီးတွေကို ခေါင်းဖြတ်သတ်ရမယ့် ဂရိသူရဲကောင်းကြီးများ .. ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဂရိပြည်က စပါတန်မျိုးနွယ်စုတွေဟာ သဘာဝတရားထဲမှာရှင်သန်နိုင်တဲ့ အကောင်းဆုံးလူတွေကိုဘဲမွေးထုတ်တဲ့ မျိုးနွယ်စုဖြစ်ပါတယ်။ ကလေးမွေးလာရင် မွေးလာတဲ့ကလေးကို ရောဂါရှိမရှိ ကိုယ်အင်္ဂါချို့ယွင်းမှုရှိမရှိ စစ်ဆေးကြပြီး ရှိခဲ့ရင်လည်း စွန့်ပစ်ကြပါတယ်။ ဒီစစ်ဆေးမှုမှာအောင်မြင်တဲ့ကလေးတွေဟာ အရွယ်ရောက်ရင် တိုက်ခိုက်ရေးပညာ သင်ကြားရပြီးတော့ စစ်ဆေးမှုတွေခံယူရပါတယ်။ အဲဒါတွေအကုန်ကျော်ဖြတ်ပြီးမှ အရွယ်ရောက်တဲ့စပါတန်တစ်ယောက် ဖြစ်လာတာပါ။ အဲဒီစပါတန်မျိုးနွယ်မှာ လီယိုနာဒ်ဘုရင်အုပ်ချုပ်နေချိန် ပါရှန်းတွေက ကမ္ဘာကြီးမှာအင်အားကောင်းလာပြီး နိုင်ငံအများစုကလည်း တော်လှန်နိုင်စွမ်းမရှိတာကြောင့် လက်အောက်ခံအဖြစ်ခိုလှုံကုန်ကြပါတယ်။ ဒီလိုနဲ့ပါရှန်းတွေရဲ့စစ်မီးက ဂရိပြည်ဆီလည်းရောက်လာခဲ့ပါတယ်။ အဲဒီစစ်ဘေးကနေ ကာကွယ်ဖို့အတွက် လူအင်အားကြီးမားလှတဲ့ ပါရှန်းကျွန်စစ်တပ်ကြီးကို ရဲစွမ်းသတ္တိရှိတဲ့ စပါတန်အယောက် ၃၀၀ နဲ့ ခုခံတိုက်ခိုက်ကြပုံကို ရိုက်ကူးဖော်ပြထားတာပါ။ 😍ကြည့်ရန်နှိပ်ပါ👇 https://t.me/myintmyatthu95/55 🎬 Main channel 🔗 http://t.me/addlist/-EzJ-VtvfuRhOWJl
ပီယသဒ္ဓိယူနေတဲ့ မိန်းမငယ်သုံးယောက်နဲ့ ကြေးမုံစုန်းမကြီး 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ အညွှန်းဖတ်ရန်🔽🔽 ဒီကား ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အင်ဒိုဟော်ရာကားတစ်ကားဖြစ်ပြီး အောက်လမ်းပညာ၊မှော်အတတ် စုန်းအတတ်တွေကိုအခြေခံတဲ့ ဇာတ်ကားပါပဲ၊ ဒီကားရဲ့ထူးခြားချက်ကတော့ အင်ဒိုဟော်ရာကားအများစုမှာမြင်နေကျ ခေါင်းမြီးခြုံ ရိုးရိုးအေးအေး ကောင်မလေးတွေအစား အနောက်တိုင်းသူတွေလို အတိုအပြတ်တွေ၊ မိတ်ကပ်ထူထူတွေနဲ့ အလန်းစားအဟော့စား အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာပါ။ လိုင်လာဆိုတဲ့ အသက်အရွယ်နဲ့မလိုက် အံ့ဩစရာကောင်းအောင်အရွယ်တင်နုပျိုလှတဲ့ အမျိုးသမီးတစ်ယောက်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောက်လမ်းအတတ်ကိုစိတ်ဝင်စားပြီး နတ်ဆရာဆီ ခန္ဓာကိုယ်ပေးအပ်ရင်း ပီယသိဒ္ဓိယူနေတဲ့ သူ့သမီးဖြစ်သူ ရီဟန်းနာနဲ့သူငယ်ချင်း သုံးယောက်၊ ပင်ကိုယ်စိတ်စွမ်းရည်ပိုင်ရှင် တီအားရာဆိုတဲ့ ရိုးသားရှက်ကြောက်တတ်တဲ့ ကောင်မလေးတို့ကြားက မှော်မှန်တစ်ချပ်ရယ်၊မှန်ရဲ့အစောင့်အရှောက်စုန်းမအိုကြီးတို့ကြားက အားပြိုင်မှုတွေကိုရှုစားကြရမှာပါ။ ကြည့်ရန်⬇️🔽 https://t.me/mmsub_3/8 🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့ 🇲🇲⚪🎬 🔽⬇️ http://t.me/addlist/-EzJ-VtvfuRhOWJl