- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 33
- Всего постов
- 40
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 7
- 1/48двое суток
- 8
- 1/72трое суток
- 8
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
သုတေသနပို့ချစဉ် ၂ ဗီဒီယိုဖိုင် https://youtu.be/4DYFa4MMQAQ?si=kbBW7fCa8JKByBpl
без подписи
без подписи
အောင်ပွဲရတပ်မတော်သားများအား တောင်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဂုဏ်ပြုကြိုဆို ၁၃ - ၈ -၂၀၂၆ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများ အား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို မနေ့ညပိုင်း ၁၁ နာရီ ၁၅ မိနစ် တွင် တောင်ပိုင်းတိုင်းစစ်ဌာချုပ်ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် နှင့် ဇနီး၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ #Myanmar #News
ဣဓ ပါတိမောက္ခ သံဝရ သံဝုတော ဥဘတောဝိဘင်းအလာ မာတိကာဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊ မဟာဝါ စူဋ္ဌဝါ၊ ပရိဝါ ပါဠိတော် အရပ်ရပ် ဆုံးဖြတ်ပိုင်းခြား၊ အကျယ်အားဖြင့် ကုဋေကိုးထောင့် တစ်ရာ့ရှစ်ဆယ့် ငါးသန်းသုံးသောင်း ခြောက်ထောင် များမြောင်လှစွာသော အာစာရဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ ထုတ်ပြန်တော်မူအပ်သော သိက္ခာပုဒ်တော်အပေါင်းတို့ကိုထိန်းသိမ်းစောင့်ရှောက်သောဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန်စွာ တက်လှမ်းအောင်မြင်နိုင်ရန် ကျွန်တော်တို့ကို ဒုလ္လဘရဟန်းခံကုသိုလ်ယူ လှူဒါန်း ပေးသည့် သာသနာ့ဒါယကာကြီးလူထုဦးလှ နှင့် သာသနာ့ဒါယိကာမကြီး လူထုဒေါ်အမာကိုယ်စား ဒေါ်ဒေါ် လူထုဒေါ်အမာကို ကျွန်တော်တို့ သင်္ကန်းမစည်းမီ လူဝတ်ကြောင်ဘဝနှင့် ကန်တော့ကြတော့ ဝမ်းသာပီတိမျက်ရည် ဖြိုင်ဖြိုင်ကျမိသည်။ စာပေကျေးဇူးရှင် စာပေ့မိခင်ကြီးမို့လည်း ၃ကြိမ်မက အကြိမ်ကြိမ် ဦးချနေမိပါ၏။ မျက်ရည်ကြားက မြင်ရသောဒေါ်ဒေါ့်မျက်နှာမှာလည်း လွမ်းဆွတ်မှုနှင့် လောကဓံအရိပ်အရောင်တွေ ပျောက်ကာ ပီတိပြုံးချည်းလွှမ်းနေတာ သတိထားမိပါသည်။ ပီတိလွှမ်းသည့် ဒေါ်ဒေါ့် မျက်နှာ..၊ ၁၃၆၁ခုနှစ်၊ နယုန်လဆန်း၈ရက်၊ ၁၉၉၉ခုနှစ် မေလ ၂၂ ရက်။ မြတောင်သာသနာနှစ်၁၀၀ဗိမာန်တော်ကြီးအတွင်း……။ ပခုံးပေါ်ကလွှမ်းရုံထားသော ဧကသီနှင့် ခေါင်းငုံ့ကာ မသိမသာသုတ်သင်အပ်သော်လည်း မျက်ရည်တို့ တားဆီးမနိုင်…။ ရှိနေရာမှ မသိမသာနေရာရွေ့၍ မျက်ရည်တို့ တန့်စေ့ငှာခေါင်းကိုမော့၏။ ကောင်းကင်မော့ ကြည့်မိ၏။ နယုန်လဆန်း၏ တိမ်စတိမ်နတို့ ကောင်းကင်ပြာဝယ် ကြဲရရဲ ဖြစ်နေသည်။ထိန်းသိမ်း ချုပ်တီးရ ခက်ခဲသော စိတ်၏ အဟုန်ဖြင့် တိမ်စတိမ်နတို့ လွင့်မျောသွားသည် …။ တရိပ်ရိပ် …။ မြတောင်တိုက်မှသည် ကျစွာချောင်သို့ ----------------------------------------- ဒေါ်ဒေါ် လူထုဒေါ်အမာက ကျွန်တော်တို့ကို ရဟန်းခံပေးပြီး မဟာဝိသုဒ္ဓါရုံတိုက်သစ် မတ္တရာသူဌေးကျောင်း ဆရာတော် ဦးမာနိတ၏ အစီသစဉ်ဖြင့် စစ်ကိုင်းတောင်ရိုး ဝါးချက်ရွာ ကျစွာချောင်ဆရာတော်ထံ အပ်လိုက်သည်။ ကျစွာချောင် ဆရာတော်၏ ဘွဲ့အမည်မှာ အရှင်လက္ခဏ ဖြစ်ပြီး ထိုစဉ်က စစ်ကိုင်းတောင်ရိုး၊ ကျစွာချောင် မဟာအတုလရံသီ ကမ္မဋ္ဌာန်းဌာန၊ ကျစွာချောင်၊ မဟာဝိဇယရံသီစာသင်တိုက်တွင် ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန် အရပ်ရပ်တို့ကို ထမ်းဆောင်လျက်ရှိသည်။ ထို့ကြောင့် ဦးပဉ္စင်းနှင့် ကိုရင်များအားလုံး ဝါးချက် ကျစွာ ဆရာတော် နှင့် အတူ စစ်ကိုင်းတောင်ရိုး ကျစွာတိုက်သို့ လိုက်ပါ ၍ တောင်ရိုးနံရံရှိ တစ်ပါးကျောင်းများတွင် တစ်ပါးစီ သီတင်းသုံးကာ ဆရာတော်၏ ကမ္မဋ္ဌာန်းတရားကို နာယူကြ ကမ္မဋ္ဌာန်းထိုင်ကြရ၏။ အေးချမ်းမှု ဓမ္မဝတ်ရုံ ------------------------- ကျစွာချောင်က စစ်ကိုင်းတောင်ရိုး၏ မြောက်ဖျားတွင် တည်ရှိကာ ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိသည်။ စစ်ကိုင်းမင်းကွန်း ကားလမ်းဘေးရှိ ကျစွာချောင်တွင် မဟာအတုလရံသီ ကမ္မဋ္ဌာန်းဌာန၊ မဟာဝိဇယရံသီ စာသင်တိုက်တို့ ဖွင့်လှစ်ထားပြီး ကမ္မဋ္ဌာန်းကျောင်းလေးများက တောင်ရိုး၏ တောအုပ်လေးကြားတွင် ဆိတ်ငြိမ်စွာ တည်ရှိသည်။ ကျွန်တော်တို့လည်း ပဉ္စင်းဘဝဖြင့် တောရိပ်တောင်ရိပ်အောက်က ဘုရားရိပ် တရားရိပ် ဓမ္မရိပ်အောက် ၇ရက် တစ်ပတ်မျှ ခိုလှုံခွင့် ရခဲ့သည်မှာ အဖိုးတန်လှသည်။ လောကီ၏ အပူဝတ်ရုံကို ခွာချပြီး အေးချမ်းမှု ဓမ္မဝတ်ရုံ ခဏမျှ ဝတ်ရုံ လိုက်ရသည်နှင့် ကိုယ်ပိုင်လွတ်လပ်မှု ကိုယ်ပိုင် အတွေးအခေါ်နှင့် မျှတစွာတွေးတောခြင်းဟူသော အင်အား ကိုလည်း သဘောပေါက်လာသည်။ အထူးသဖြင့် စိတ်၏ အေးချမ်းမှု တည်ငြိမ်မှုအတွင်းမှ အတွေးအခေါ်နှင့် လုပ်ရပ် လမ်းမှန်ဆိုသည်ကိုလည်း ချင့်ချိန်တတ်လာသည်။ ကျစွာချောင်တွင် ဆရာတော် အရှင်လက္ခဏထံ ဓမ္မရိပ်ခိုလှုံကြပြီး မြင့်မြတ်သော ပဉ္စင်းဘဝကို အမရပူရ တောင်လေးလုံးကျောင်းတိုက်ရှိ ရဟန်းစာဆို ဆရာတော်ဦးပညာထံ တစ်ညာဉ့်တာ နားပြီးနောက် သိက္ခာချခဲ့ကြ၏။ ဆူးငှက် #voiceofmyanmar #VOM #သူတို့အိမ်
မာတိကာဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊ မဟာဝါ စူဋ္ဌဝါ၊ ပရိဝါ ပါဠိတော် အရပ်ရပ် ဆုံးဖြတ်ပိုင်းခြား၊ အကျယ်အားဖြင့် ကုဋေကိုးထောင့်တစ်ရာ့ ရှစ်ဆယ့်ငါးသန်း သုံးသောင်း ခြောက်ထောင် များမြောင်လှစွာသောအာစာရဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ ထုတ်ပြန်တော် မူအပ်သော သိက္ခာပုဒ်တော်အပေါင်းတို့ကိုထိန်းသိမ်းစောင့်ရှောက်သောဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန်စွာ တက်လှမ်းအောင်မြင်ပါစေသတည်း။ ရဟန်းသစ် မင်္ဂလာရက်ချုပ်စာတမ်းကို အဆုံးထိဖတ်လိုက်သော်လည်း နောက်ပိုင်းစာလုံးတွေ သဲကွဲစွာ မမြင်မိတော့။ ရင်ထဲလှိုက်ခနဲ ဝင်ရောက်လာသော ခံစားမှုက ဝမ်းသာဝမ်းနည်းမို့ အင်အားပြင်းလှ၏။ “သိက္ခာပုဒ် အပေါင်းတို့ကို ထိန်းသိမ်း စောင့်ရှောက်သော ဒုလ္လဘအစစ် ဖြစ်ခဲနိုင်စွ သာသနာ့ဝန်ထမ်း” ဖြစ်လေသောကြောင့် ခံစားရှိုက်လွယ် လူဝတ်ကြောင်ကဲ့သို့ ဣန္ဒြေဆည်မရ၊ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျသလို့လည်းမဖြစ်။ သို့သော် မတတ်နိုင်။ ဘယ်လိုမှ ထိန်းမရသည့် မျက်ရည်တို့ တာကျိုးလေပြီ ။ ဦးပဉ္ဇင်းအသစ်မို့ ဖို့ရိုးဖားလျား ရုံတင်ထားသော ညာဖက်ပခုံးပေါ်မှ ဧကသီနှင့် ခေါင်းငုံ့၍ မျက်ရည်သုတ်မိ၏။ ကြုံတောင့်ကြုံခဲ ဝတ်ရသော ဒုလ္လဘရဟန်း ဘဝ -------------------------------------------------- အသက် ၄၀ ကျော်တွင် ကြုံတောင့်ကြုံခဲ ဝတ်ရသော ဒုလ္လဘရဟန်း ဘဝတွင် ကျေးဇူးရှင် မိခင်အိုကြီးကအသက် ၉၀ အရွယ် မို့ အိမ်မှာ သူ့မြေးနှစ်ယောက်နှင့် နေခဲ့ပေါ့။ မနက်လင်းကတည်းက အလှူဝေယျာဝစ္စနှင့် ခင်ပွန်းသည် ဒုလ္လဘရဟန်းအတွက် လိုက်ပါလာသော ဇနီးသည်က မြတောင်ကျောင်းတိုက် ရာပြည့်ဗိမာန်တော်ကြီး ခြေရင်း သမံတလင်းတွင် ဒူးတုပ် လက်အုပ်ချီရင်း ငေးငိုင်နေသည်။ ပဉ္စင်းအသစ်တို့သည် မြတောင်ရာပြည့်ဗိမာန်တော်ကြီးနှင့် သိမ်အကြားသစ်ပင်ရိပ်တွင် အသားမကျသေးသော သင်္ကန်းတို့ကို သေသပ်ပိရိဖို့ ကြိုးစားနေကြ၏။ “ပရိမဏ္ဍလံ = အဝန်းညီစွာ။ နိ-ဝါသေဿာမိ = သင်းပိုင်ကို ဝတ်အံ့။ ပါရုပိဿမိ = ကိုယ်ဝတ်သင်္ကန်းကို ရုံအံ့။ ဣတိ = ဤသို့၊ သိက္ခာ = သင်ခြင်း၊ ကျင့်ခြင်း၊ အားထုတ်ခြင်းကို။ ကရဏိယာ = ပြုကျင့်အပ်၏” ဟူသော စာသားကို သတိတရ အနေနှင့် ဦးစွာပထမ ကိုယ်ဝတ်ကိုယ်ရုံ သင်္ကန်းတွေကို ပြင်ဆင်နေကြခြင်း ဖြစ်သည်။ ရဟန်းဒါယိကာမကြီးကသားနှင့်မခြားဦးပဉ္စင်းရဟန်းသစ်များကို ကြည့်ကာ ပီတိဖြာဝေနေသည်။ ထို့အတူ ဟောဒီသမိုင်းဝင် မြတောင်ကျောင်းတိုက်ကြီးမှာအမှတ်တရမယ်ဇယ်ပင်နှင့် အမှတ်တရကမ္ပည်း မော်ကွန်းကျောက်စာ ရေးထိုးစိုက်ထူဂုဏ်ပြုအပ်သောရဟန်းဒါယကာကြီးကလည်းတမလွန်မှသည် ပြုံးပန်းဖြာဝေနေမှာလည်း သေချာသည်။ ရဟန်းဒါယကာကြီးနှင့် ရဟန်းဒါယိကာမကြီး၏ ရင်နှစ်သည်းချာ သားအရင်း ဆရာညီပုလေးကလည်း အခုတော့ ဦးပဉ္စင်း ဦးဆေကိန္ဒ …တဲ့။ ဦးဆေကိန္ဒနှင့် ညီအစ်ကိုရင်းတမျှ ဖြစ်ရသော နာမည်ရ စီးပွားရေးမဂ္ဂဇင်း ပင်တိုင် ဆောင်းပါးရှင် ဆရာ ကျော်ရင်မြင့် က … ဦးဝိလာသ။ ဦးဆေကိန္ဒ၏ အစ်ကိုနှင့် ရဲဘော်ရဲဘက် ဦးတည်ချက် တူခဲ့သူ၊ လူထုစာအုပ်တိုက်၏ စာပြင်စာတည်းဆရာ ညီစေမင်းက ဦးကောသလ။ ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမတို့ အညာသူ အညာသားများ ပင်လယ်သွားကြသည့် စာပေခရီးစဉ်အစ တူသားနောင်မယ်၊ ဆွေရင်းမျိုးရင်းမခြား ကျွန်းစု ဘိတ်သား ဆရာအောင်မှူး က ဦးဉာဏိက။ ဦးဆေကိန္ဒက ညီငယ် တစ်ယောက်လို ခင်မင်၊ အနုပညာရောင်းရင်း တစ်ယောက်လို လေးစားသော ရန်ကုန်ရောက် မန္တလေးသား ပန်းချီဒီဇိုင်းဆရာ စိုးဝင်းငြိမ်း က ဦးစိန္တိတ။ ကျွန်တော် ဆူးငှက် ကတော့ ဦးကောသလ္လ။ ဦးပဉ္စင်း ၆ပါးသာမက ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမ တို့၏ နှလုံးသည်းပွတ် မြေးနှစ်ယောက်ကလည်း သာမဏေ ၂ပါး အဖြစ် အဘိုး၊ အဘွားကိုကျေးဇူးဆပ်ကြပြန်၏။ “ဒုလ္လဘအစစ်ဖြစ်နိုင်ခဲစွာ့”တဲ့။ သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ် ကျင့်ကြံရခြင်းကဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ တဲ့။ ဝမ်းသာ ဝမ်းနည်းမျက်ရည်တွေ -------------------------------- မိရိုးဖလာ လက်လုပ်လက်စား သာမန်မိဘနှစ်ပါးမှ မွေးဖွားပြီး ကျောင်းပညာမှာလည်း သာမန်မျှဖြစ်သော ကျွန်တော့်အဖို့မှာကား ကမ္ဘာကျော် နိုင်ငံကျော် စာရေးဆရာသတင်းစာဆရာကြီး၊ ဆရာမကြီးများ ဖြစ်ကြသော လူထုဦးလှ နှင့် လူထုဒေါ်အမာတို့၏ အလှူ မှာစာရေးဆရာ၊ အယ်ဒီတာ၊ အနုပညာရှင်များနှင့် အတူ ဒုလ္လဘ ရဟန်းတစ်ပါး အဖြစ် ခံယူခွင့်ရခြင်းကား ကြီးစွာသော “ဒုလ္လဘ” ပင် ဖြစ်ပါ၏။ သည်အချက်ကို တွေးမိတော့ ရင်တွင်းလှိုက်လာသည်။ စောစောမိနစ်ပိုင်းကတွင်ပဲ ဥပဇ္ဈယ် ဆရာတော်ကြီးများ ရှေ့မှောက် တွင် “ဥပဇ္ဈာယောမေဘန္တေ ဟောဟိ” ဟုသုံးကြိမ်သုံးခါ တောင်းဆို၍ ဆရာတော်ကြီးများက “ပါသာဒိကေနသမ္ပာဒေထ” ဟုဆုပေးအပ်၍ ရှင်ရဟန်း သိက္ခာဝတ်နှင့်အညီ နေထိုင်ပါမည်ဟု ဝန်ခံခဲ့ပြီးပါမှ ပုထုဇဉ်မို့ ဝမ်းသာ ဝမ်းနည်းမျက်ရည်တွေ ကျချေပြီ။
без подписи
без подписи
без подписи
နေ့စဉ်ဆန်းသစ် သိပ္ပံခေတ် “Robofish”
တစ်နှစ်ပတ်လုံး ဝင်ငွေရလမ်းဖြစ်စေမည့် မှိုစိုက်ပျိုးရေးလုပ်ငန်း
တွင်ကျယ်လာသည့် အသင့်စား ဟင်းချက်အနှစ်မှုန့်လုပ်ငန်း ထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့် အခြေအနေများကို “လွယ်လွန်းလို့” စားသောက်ကုန်လုပ်ငန်း၏ Founder ဒေါ်သော်တာလင်း နှင့် တွေ့ဆုံမေးမြန်းတင်ပြချက်
ပြင်ဦးလွင်မြို့၊ ကျွဲနွားထောက်ကျေးရွာရှိ Fame Organic Pharming တွင် Eco Tourism ဖွင့်လှစ်ထားပြီး မည်သူမဆို လာရောက်လေ့လာနိုင်
(၃၂)ကြိမ်မြောက်၊ ပခုက္ကူဦးအုန်းဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု ပခုက္ကူစာပေဆုနှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်
ခလောက်အင်းရေတံခွန် (သို့) သဘာဝအလှတရား၏ အလှပဆုံးသောဆုလာဘ်
အဖိုးတန်သက်ရှိသတ္တဝါ ဆင်ရတနာ
https://youtu.be/mov9s5H0OxI?si=_HO7_--tm0wSmSMd
ပုဂံအလှရှာပုံတော် တေးဆို … ချိုဝေလွင်
ကမ္ဘာ့ခြင်္သေ့ထိန်းသိမ်းရေးနေ့တွင် အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်စ်ပြည်နယ်တွင် ထိန်းသိမ်းစောင့်ရှောက်မှုအောင်ပွဲ အခမ်းအနားကျင်းပ
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီမားစီရင်စုတွင် crying sumo ပြိုင်ပွဲ ကျင်းပ