tgindex
Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
95
Всего постов
278
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
12 авг.
Подписчики
18 810
−28 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
853
40 постов
Вовлечённость
4,5%
к подписчикам
Постов в день
13,6
всего 278
Упоминаний
4
каналов
Охват размещения
оценка
1/24сутки в ленте
647
1/48двое суток
741
1/72трое суток
799

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ကံ့ကော် ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

  • YBS ယာဉ်စီးခများ စက်တင်ဘာ ၁ ရက်မှစတင်ကာ ကျပ် ၆၀၀ ပြောင်းလဲကောက်ခံမည် ရန်ကုန်၊ ဩဂုတ်-၁၅ 🔹ရန်ကုန့်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို ယခင် ၄၀၀ ကျပ်မှ ယခု ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း YRTC မှသိရသည်။ 🔹စက်တင်ဘာလ ၁ ရက်ကစပြီး ကားခများကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ " မြို့ထဲက ၂၀၀ ကို ၃၀၀၊ ၄၀၀ ကို ၆၀၀ ပါ။ ယာဉ်ပြင်ဆင်စရိတ်တွေ များလို့လေ။ ယာဉ်ပြင်ဆင်စရိတ်တွေ တော်တော် ရှုံးနေလို့၊ အဲဒါကြောင့်။ ယာဉ်ပြင်စရိတ်တွေ တက်တော့ ကားတွေက မပြင်နိုင်တော့ ယာဉ်ထွက်နည်းတာပေါ့။ အရင်တုန်းက ကားအစီးရေ ၄,၀၀၀ လောက် ထွက်တာ၊ အခုက ၃,၂၀၀၊ ၃,၃၀၀ အဲလောက်ပဲ ထွက်နိုင်တယ်၊ အဲဒါကြောင့်။ 🔹အဲဒါ ယာဉ်တွေ ပုံမှန် ပြန်ထွက်နိုင်အောင် ဒီလို ပြင်ဆင်စရိတ်တွေ ကာမိအောင်ပါ" ဟု YRTC မှအတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ybs-ယာဉ်စီးခများ-စက်တင်ဘာ-၁/

  • လေးမျက်နှာမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးယာဉ်များသွားလာမှုအဆင်ပြေစေရန် လမ်းများကိုပြင်ဆင်ပေး 🔹ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်အတွက် ရေဘေးကယ်ဆယ်ရေးယာဥ်များသွားလာမှုအဆင်ပြေစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှပြင် ဆင်ပေးလျက်ရှိကြောင်း သိရသည်။ တလုတ္တော်-လေးမျက်နှာလမ်း၊ ဟင်္သာ တ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင -ခြောက်ရွာ-ကျွဲသောင်လမ်းတို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းဦးစီးဌာနမှ ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ 🔹ထို့ပြင် ရေဘေးကယ်ဆယ်ရေးယာဉ်များ အဓိကသွားလာသော ဟင်္သာတ- ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင- ခြောက်ရွာ-ကျွဲသောင်လမ်းအား လမ်းဦးစီးဌာန၊ ဟင်္သာတခရိုင်နှင့် ကြီးကြပ်ရေးအဖွဲ့တို့မှ အင်ဂျင်နီယာများ၊ အ လုပ်သမားများက ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ 🔹ရေကြီးရေလျှံမှုကြောင့် ကားလမ်းများပေါ်တွင် ချိုင့်ပေါက်ကြီးများဖြစ်ပေါ်နေသဖြင့် ရေပြန်လည်ကျဆင်းသွားချိန်တွင် ကျောက်ဖြည့်သဲညှပ်၍ ယာယီလမ်းပေါက်ဖာထေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ Photo-ဧရာဝတီတိုင်းအစိုးရ

  • ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအတွက် ခွင့်ပြုရန်ပုံငွေများကို ဆက်လက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ======================== 🔹ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအတွက် ကျန်းမာရေးဝန်ကြီးဌာနကို ခွင့်ပြုရန်ပုံငွေများ ချထားပေးလျက်ရှိပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း ရန်ပုံငွေ ကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၁၀ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

  • https://vt.tiktok.com/ZSVRaSdBX/ ဖိုးမောင်

  • မင်္ဂလာနံနက်ခင်းပါ 🔹ယနေ့တစ်နေ့တာလုံး ဘေးအန္တရာယ်ကင်းပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ။ 🔹လုပ်သမျှအလုပ်တိုင်း အဆင်ပြေချောမွေ့ပြီး ကောင်းသောအခွင့်အလမ်းများနဲ့ တွေ့ဆုံကြပါစေ။ 🙏🙏🙏

  • 14 авг.1 211441

    ထိုင်း-မြန်မာနယ်စပ် စစ်ဆေးရေးတင်းကျပ်မှုများကြောင့် NUG နဲ့ တော်လှန်‌ရေးအဖွဲ့များ ရပ်တည်ဖို့ ခက်ခဲနိုင်

  • 14 авг.1 987321

    🧱 မြန်မာပြည်တစ်ဝှမ်း ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး အကူအညီများ လိုအပ်နေ 🔹 ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ သံလွင်နှင့် စစ်တောင်းမြစ်ရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေမှု၊ သဖန်းဆိပ်ဆည်နှင့် ကေဘောဆည်တို့မှ ရေလွှတ်/ရေလျှံမှုများနှင့် လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာတမံ ရေကျော်စီးဝင်မှုတို့ကြောင့် မြန်မာပြည်တစ်ဝှမ်း မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး ပြည်သူများ ရေဘေးသင့်လျက်ရှိသည်။ 🔹 ရေဘေးသင့်ဒေသများသို့ နိုင်ငံတော်သမ္မတ ကိုယ်တိုင် သွားရောက်အားပေးကာ ရေကာတမံ ကြံ့ခိုင်ရေးနှင့် ပိတ်ဆို့ရေးလုပ်ငန်းများကို စက်ယန္တရားများဖြင့် နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသလို အစိုးရ၊ အနုပညာရှင်များ၊ Influencer များ၊ စေတနာရှင်များနှင့် ပရဟိတအဖွဲ့များက ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသော်လည်း သောက်သုံးရေသန့်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ မြေပြင်တွင် ဆက်လက်လိုအပ်နေသဖြင့် ဝိုင်းဝန်းကူညီကြရန် နှိုးဆော်ထားသည်။ #Myanmar #FloodAlert #Monywa #Ayeyarwady #Sagaing #FloodRelief #LocalNews ဖိုးမောင်

  • 14 авг.1 08726

    🧱 စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူ ၁၁,၀၀၀ ကျော်အား ရေဘေးရှောင်စခန်း ၂၉ ခုသို့ ယာယီပြောင်းရွှေ့ပေးထား 🔹 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်ချောင်းများ ရေကြီးရေလျှံမှုကြောင့် ရေဦး၊ ကျွန်းလှ၊ တန့်ဆည်၊ စစ်ကိုင်း၊ ကန့်ဘလူနှင့် မင်းကင်းမြို့နယ်များရှိ အိမ်ထောင်စု ၃,၂၂၁ စု၊ လူဦးရေ ၁၁,၄၀၃ ဦးတို့အား ရေဘေးရှောင်စခန်း ၂၉ ခုသို့ ယာယီပြောင်းရွှေ့ပေးထားကြောင်း သိရသည်။ 🔹 အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့မှု လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးလျက် ရှိသည်။ #Myanmar #Sagaing #FloodRelief #DisasterManagement #LocalNews ဖိုးမောင်

  • 14 авг.1 03620

    🧱 လူငယ်များ၏ ပေါင်းစည်းအားဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုပန်းတိုင်သို့ ရောက်ရှိနိုင်ဟု နိုင်ငံတော်သမ္မတ ပြောကြား 🔹 ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် မျိုးဆက်သစ်လူငယ်များ၏ ရင့်ကျက်သည့် အတွေးအခေါ်နှင့် မှန်ကန်သည့် လုပ်ရပ်များ ပေါင်းစည်းပါက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှု ပန်းတိုင်သို့ ရောက်ရှိနိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ 🔹 ထို့ပြင် ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား” နှင့်အညီ လူငယ်များ၏ မတူကွဲပြားသော အတွေးအမြင်များကို စုစည်း၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းသစ်များ ရှာဖွေဖော်ထုတ်ကြရန် တိုက်တွန်းခဲ့သည်။ #Myanmar #InternationalYouthDay2026 #YouthDevelopment #PresidentSpeech #LocalNews ဖိုးမောင်

  • 14 авг.1 044741

    မင်္ဂလာနံနက်ခင်းပါ 🔹ယနေ့တစ်နေ့တာလုံး ဘေးအန္တရာယ်ကင်းပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ။ 🔹လုပ်သမျှအလုပ်တိုင်း အဆင်ပြေချောမွေ့ပြီး ကောင်းသောအခွင့်အလမ်းများနဲ့ တွေ့ဆုံကြပါစေ။ 🙏🙏🙏

  • 13 авг.1 281404

    🧱 ဂျပန်ရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းဆိုင်ရာ မြန်မာသံရုံး (တိုကျို) ၏ အသိပေးကြေညာချက် 🔹 ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် လျှောက်ထားရာတွင် သက်တမ်းတိုးရန် (၅) နှစ်နှင့် အထက် ပျက်ကွက်နေပါက မြန်မာနိုင်ငံသို့ ပြန်၍ သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ပြန်နိုင်ရန်အတွက် မြန်မာသံရုံးမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။ 🔹 ထို့ကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များအား သက်တမ်းမကုန်ဆုံးမီ (၆) လအလိုတွင် သက်တမ်းတိုး ဆောင်ရွက်ကြရန် မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၂ ရက်စွဲဖြင့် တိုက်တွန်း နှိုးဆော်ထားသည်။ #Myanmar #Japan #Tokyo #Embassy #Passport #ConsularNews ဖိုးမောင်

  • 13 авг.1 306341

    🧱 ဗြိတိန်က မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို သံတမန်အဆောက်အအုံအတွင်း ကျူးကျော်နေထိုင်မှုဖြင့် တရားရုံး၌ စစ်ဆေး 🔹 ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းသည် လန်ဒန်မြို့ရှိ သံအမတ်ကြီး၏ တရားဝင် နေအိမ်၌ ဆက်လက်နေထိုင်နေမှုနှင့် ပတ်သက်၍ သံတမန်အဆောက်အအုံအတွင်း ကျူးကျော်နေထိုင်မှု (Diplomatic Trespass) စွပ်စွဲချက်ဖြင့် ဗြိတိန်တရားရုံးတွင် စတင်ကြားနာ စစ်ဆေးခံခဲ့ရကြောင်း သိရသည်။ 🔹 ဦးကျော်စွာမင်းက ထိုစွပ်စွဲချက်အပေါ် အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပြီး၊ နေအိမ်စွန့်ခွာခိုင်းမှုသည် တရားမဝင်ကြောင်းနှင့် သံတမန် အခွင့်အရေးဆိုင်ရာ ဥပဒေကြောင်းအရ ခုခံချေပထားကြောင်း သိရသည်။ #Myanmar #UK #London #Diplomacy #KyawZwarMinn #GlobalNews ဖိုးမောင်

  • 13 авг.1 292251

    📌 ပြင်ဦးလွင်မြို့၌ သစ်ကိုင်းကျိုးကျ၍ ခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျသဖြင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ 💚 မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၃)၊ အောင်ဇေယျလမ်း၌ ဩဂုတ် (၁၂) ရက် ည ၁၀ နာရီခွဲကျော်ခန့်က တောင်တမာပင်၏ သစ်ကိုင်း ကျိုးကျခဲ့သည်။ 💚 သစ်ကိုင်း ကျိုးကျမှုကြောင့် လမ်းဘေးတွင် ရပ်တန့်ထားသည့် အဝေးပြေး ခရီးသည်တင် ကားပေါ်သို့ ဓာတ်ကြိုး ပြုတ်ကျသွားခဲ့ပြီး ကားပေါ်ရှိ အမျိုးသား (၃) ဦး ဓာတ်လိုက်မှု ဖြစ်ပွားခဲ့သည်။ 💚 အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား (၁) ဦးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ကျန် အမျိုးသား (၂) ဦးတွင် စိုးရိမ်ရ/မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် သန္တိသုခ လူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သက်ထား

  • 13 авг.1 154131
  • 13 авг.1 158201

    🧱 ဒရုန်းခြိမ်းခြောက်မှုကို လေဆာဖြင့် တားဆီးရန် အမေရိကန် စီစဉ် 🔹 အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်သည် ပြည်တွင်း၌ မြင့်တက်လာနေသည့် ဒရုန်းခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် အရေးကြီး စစ်ဘက်စခန်းများနှင့် လေဆိပ်များတွင် စွမ်းအားမြင့် လေဆာလက်နက်များ တပ်ဆင်ရန် စီစဉ်နေကြောင်း သိရသည်။ 🔹 အဆိုပါ အစီအစဉ်တွင် လေဆာအပြင် မိုက်ခရိုဝေ့ဖ်အပါအဝင် ဒရုန်းဖျက် နည်းပညာများကိုပါ အသုံးပြုသွားမည်ဖြစ်ပြီး သမားရိုးကျ ဒုံးကျည်များထက် ကုန်ကျစရိတ် သက်သာစွာဖြင့် ဒရုန်းအများအပြားကို ထိရောက်စွာ တားဆီးရန် ရည်ရွယ်ထားသည်။ ထို့ပြင် ပြည်တွင်းလုံခြုံရေးဌာန၊ ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်၍ အမေရိကန်၏ ဒရုန်းကာကွယ်ရေးစနစ်ကို နောက်တစ်ဆင့်သို့ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ #USA #Pentagon #LaserWeapon #DroneDefense #Technology #GlobalNews ဖိုးမောင်

  • 📌 ထိုင်ဝမ် အစိုးရစနစ်များ AI Agent များကို အသုံးပြုသည့် ဆိုက်ဘာတိုက်ခိုက်မှု ခံရ 💚 ထိုင်ဝမ် အစိုးရဌာနများနှင့် အခြေခံ အဆောက်အအုံများသည် လူသား ဝင်ရောက်ထိန်းချုပ်မှု အနည်းဆုံးဖြင့် ကိုယ်တိုင် ဆုံးဖြတ် လုပ်ဆောင်နိုင်သည့် AI Agent များကို အသုံးပြုထားသော ဆိုက်ဘာတိုက်ခိုက်မှု၏ ပစ်မှတ် ဖြစ်ခဲ့ရကြောင်း သုတေသန အစီရင်ခံစာတစ်ခု၌ ဖော်ပြထားသည်。 💚 တိုက်ခိုက်သူများသည် Open-source AI Agent Framework များကို အသုံးပြု၍ AI Agent (၈) ခုအထိ ပါဝင်သည့် စနစ်တစ်ခုကို တည်ဆောက်ကာ ထိုင်ဝမ်၏ စနစ်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်。 💚 ဖြစ်စဉ် အသေးစိတ်နှင့် ပတ်သက်၍ ထိုင်ဝမ်ဘက်က အတည်ပြု မှတ်ချက် မပေးသေးသော်လည်း AI နည်းပညာ ပါဝင်လာခြင်းကြောင့် ဆိုက်ဘာ ခြိမ်းခြောက်မှုများမှာ ပိုမို ရှုပ်ထွေးပြီး အန္တရာယ် ကြီးမားလာနေကြောင်း သတိပေးထားသည်。 သက်ထား

  • 🧱 လူငယ်များအနေဖြင့် AI အသုံးပြုမှုကျင့်ဝတ်နှင့် ဆိုက်ဘာလုံခြုံရေး သတိပြုရန် နိုင်ငံတော်သမ္မတ မှာကြား 🔹 ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် သတင်းအချက်အလက်များ လျင်မြန်စွာ စီးဆင်းနေသဖြင့် နည်းပညာအသုံးပြုရာ၌ အမှားအမှန် ခွဲခြားသိမြင်နိုင်သော ဝေဖန်ပိုင်းခြားနိုင်မှု (Critical Thinking) ရှိရန်၊ AI အသုံးပြုမှုကျင့်ဝတ်နှင့် ဆိုက်ဘာလုံခြုံရေးကို အထူးသတိပြုရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ် ၁၂ ရက်တွင် နေပြည်တော် MICC-1 ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ 🔹 အဆိုပါ အခမ်းအနားတွင် နည်းပညာ တိုးတက်လာမှုနှင့်အတူ ပါလာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် လူငယ်များအနေဖြင့် နည်းပညာကို အသိပညာ၊ ကျင့်ဝတ်များဖြင့် ပေါင်းစပ်၍ အကျိုးရှိစွာ အသုံးချကြရန် တိုက်တွန်းမှာကြားခဲ့သည်။ #Myanmar #NayPyiTaw #InternationalYouthDay2026 #AI #CyberSecurity #PresidentSpeech #LocalNews ဖိုးမောင်

  • 🧱 မုဒုံတွင် အမျိုးသမီးတစ်ဦးအား နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံး 🔹 မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းရှိ နေအိမ်၌ ငှားရမ်းနေထိုင်သူ ဒေါ်နွယ်နွယ်ခိုင် ဆိုသူအား ဩဂုတ် ၁၂ ရက် ည ၆ နာရီခွဲခန့်တွင် ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ရချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ 🔹 ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာများစွာ ရရှိကာ သေဆုံးခဲ့ရခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူများအား တာဝန်ရှိသူများက စိစစ်ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ #Myanmar #MonState #Mudon #Crime #Shooting #LocalNews ဖိုးမောင်

  • 🧱 ရေပြန်လည်ကျဆင်းပါက စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကို အမြန်ဆုံးဖွင့်လှစ်မည် 🔹 ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေပြန်လည်ကျဆင်းလာပါက စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဩဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အစည်းအဝေး၌ ပြောကြားခဲ့သည်။ 🔹 အဆိုပါ အစည်းအဝေးတွင် ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီကြရန်၊ ရေကျဆင်းပါက ပြန်လည်စိုက်ပျိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန်အတွက် လိုအပ်သည့် စက်ယန္တရားများ၊ မျိုးစေ့နှင့် သွင်းအားစုများကို ကြိုတင် စုဆောင်းထားရန်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ #Myanmar #Ayeyarwady #Lemyethna #FloodRecovery #LocalNews ဖိုးမောင်