Playmaker Journal
Статистика- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 36
- Всего постов
- 36
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 169
- 1/48двое суток
- 193
- 1/72трое суток
- 208
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
=================== ပီအက်စ်ဂျီဟာ ဘာစီလိုနာတိုက်စစ်သမားဖာရန်တောရက်စ်အား ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။ ပြင်သစ်ထိပ်သီးကလပ်ဟာ စပိန်လက်ရွေးစင်တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင်အသုံးပြုလာရဖို့ ရှိပါတယ်။ အသက် ၂၆ နှစ်ရှိ တောရက်စ်ဟာ အပြောင်းအရွှေ့အပြီးသတ်ရေး လုပ်ဆောင်နိုင်ရန်အတွက် ဘာစီလိုနာရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှ နုတ်ထွက်ခွင့် ရရှိခဲ့ပါတယ်။ သူဟာ နွေရာသီတုန်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားဘက်သို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၄၉ ပွဲကစားခဲ့ရာမှာ ၂၁ ဂိုးသွင်းပြီး ၃ ကြိမ် ဖန်တီးကာ လာလီဂါဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအား ကိုင်တွယ်နေတဲ့ လူးဝစ်အန်းနရစ်မှာ ဘာစီလိုနာကို ကိုင်တွယ်စဉ်တုန်းက မန်စီးတီးမှ ဖာရန်တောရက်စ်အား နူးကမ့်သို့ ခေါ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ယခုနွေရာသီတွင် ပြင်သစ်တောင်ပံကစားသမားဘာကိုလာအား လီဗာပူးသို့ ဆုံးရှုံးရနိုင်ခြေ ရှိနေပါတယ်။ မန်စီးတီးတွင် ၂ ရာသီကစားခဲ့ဖူးတဲ့ တောရက်စ်ဟာ စပိန်အတွက် ၆၅ ပွဲကစားထားရာမှာ ၂၅ ဂိုးသွင်းပေးထားပါတယ်။
ဘာစီလိုနာရဲ့ တောရက်စ်အား ခေါ်ယူရန် ပီအက်စ်ဂျီ သဘောတူညီမှု ရရှိလာ
==================== အာဆင်နယ်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် အသင်းရှိ ကစားသမားများအား ဂါလာတာစာရေးထံ ရောင်းချရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ အာဆင်နယ်က ရောင်းချရေး ကမ်းလှမ်းမှု တံခါးဖွင့်ပေးထားတဲ့ ကစားသမားများထဲမှာ ဂါဘရီရယ်မာတင်နယ်လီနှင့် အီသန်နဝမ်နရီတို့လည်း ပါဝင်နေပါတယ်။ ဘရာဇီးလက်ရွေးစင်ကို ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားဘက်က တူရကီသို့ ပြောင်းရေး စိတ်အားထက်သန်နေခြင်း မရှိပါဘူး။ အာဆင်နယ်ဟာ မာတင်နယ်လီရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးရာတွင် ဂါလာတာစာရေးရဲ့ တိုက်စစ်မှူးဗစ်တာအိုဆီမမ်ကို အမ်းမရိတ်သို့ ခေါ်ဆောင်ရေးကိုပါ ဆွေးနွေးမှု ပြုလုပ်ထားကြောင်း သိရပါတယ်။ မာတင်နယ်လီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းက ပီအက်စ်ဂျီရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပေမယ့်လည်း နောက်ပိုင်းတွင် လီဂူး ၁ ထိပ်သီးက အခြားပစ်မှတ်ကိုသာ ခေါ်ယူရေး ကြိုးပမ်းလာခဲ့ပါတယ်။ တဖက်တွင် အာဆင်နယ်ဟာ အသက် ၁၉ နှစ်ှရိ အင်္ဂလန်ယူ-၂၁ လက်ရွေးစင်နဝမ်နရီအတွက် ကမ်းလှမ်းမှုများကိုလည်း တံခါးဖွင့်ပေးလာပါတယ်။ နဝမ်နရီကို အေစီမီလန်၊ ဖူလ်ဟမ်၊ ရက်ဘူးလ်လိုက်ဇစ်နှင့် ဒေါ့မွန်တို့က ခေါ်ယူရေး စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ထားပါတယ်။ အာဆင်နယ်အားကစားဒါရိုက်တာအင်ဒရီယာဘာတာနှင့် လက်ထောက်မူရီဇီယိုမီချယ်လီတို့ဟာ ယခုနွေရာသီတွင် ကစားသမားများ ခေါ်ယူအားဖြည့်မှုများ ပြုလုပ်နေသလို တဖက်တွင် အသင်းရှိ ကစားသမားများကို ရောင်းချရေး ကြိုးပမ်းနေပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီတွင် လီယန်ဒရိုထရိုဆတ်၊ ဂျာကော့ကီဝီယာ၊ ခရစ္စတီယန်နော်ဂတ်နှင့် ကားလ်ဟိန်းတို့အား ရောင်းချထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ တောင်ပံကစားသမားရိုက်စ်နယ်ဆင်ကို ဝက်စ်ဟမ်းသို့ ပေါင် ၃ သန်းဖြင့် ရောင်းချရန်လည်း ဆွေးနွေးနေပါတယ်။ အာဆင်နယ်ဟာ ဘရာဇီးတိုက်စစ်မှူးဂါဘရီရယ်ဂျေဆူး၊ ပေါ်တူဂီအလယ်တန်းကစားသမားဖေဘီယိုဗီအဲရာကိုလည်း ရောင်းချရန် လုပ်ဆောင်နေသလို စပိန်ကွင်းလယ်ကစားသမားဇူဘီမန်ဒီကိုလည်း ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပါတယ်။
မာတင်နယ်လီနှင့် နဝမ်နရီတို့အတွက် ကမ်းလှမ်းမှုများအပေါ် အာဆင်နယ် တံခါးဖွင့်ပေးထား
================== အာဆင်နယ်ဟာ အက်စတွန်ဗီလာမှ ဗဟိုနာက်ခံလူအီဇရီကွန်ဆာကို ခေါ်ယူရေး ပူပူနွေးနွေး ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။ အာဆင်နယ်ဟာ အင်္ဂလန်လက်ရွေးစင်နောက်ခံလူအား ကနဦး ကမ်းလှမ်းမှုအနေဖြင့် ပေါင်သန်း ၃၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ရာ ပယ်ချခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ လက်လျှော့ခြင်း မရှိသေးဘဲ ကွန်ဆာကို ခေါ်ယူရေး နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်လာတာပါ။ အက်စတွန်ဗီလာဘက်က ကွန်ဆာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ တောင်းဆိုထားရာ အာဆင်နယ်ရဲ့ ယခင်ကမ်းလှမ်းမှုက များစွာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီလာက ကွန်ဆာအတွက် ၎င်းတို့ သတ်မှတ်တန်ကြေး ပေါင်သန်း ၆၀ အောက် ကမ်းလှမ်းမှုကို လုံးဝ စဉ်းစားလာမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ရပါတယ်။ အသက် ၂၈ နှစ်ရှိ ကွန်ဆာဟာ အင်္ဂလန်နှင့်အတူ ကမ္ဘာဖ့လားတွင် တတိယရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အပန်းဖြေနေဆဲ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းခေါင်းဆောင်ဂွီမာရေးစ်ကို ပေါင် ၇၅ သန်းဖြင့် ဝယ်ယူထားပြီးဖြစ်တဲ့ အာဆင်နယ်ဟာ ခံစစ်ကိုလည်း အားဖြည့်နေလိုပြီး ကွန်ဆာမှာ နောက်တန်းတွင် နေရာစုံကစားနိုင်ရာ အာတီတာ အကြိုက်တွေ့တဲ့ ကစားသမားမျိုး ဖြစ်နေပါတယ်။ ကွန်ဆာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၈ ပွဲကစားကာ ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဗီလာနောက်ခံလူကွန်ဆာကို ခေါ်ယူရေး အာဆင်နယ် ဆွေးနွေးမှု ပြုလုပ်လာ
==================== ထိုင်းပိုင်ရှင် King Power ဟာ လက်စတာကို ၁၆ နှစ်ကြာ ပိုင်ဆိုင်လာပြီးနောက် ပေါင်သန်း ၂၀၀ ကျော်ဖြင့် ရောင်းချရေး ကြိုးပမ်းလာပါတယ်။ ပရီးမီးယားလိဂ်ဖလားအား ၁ ကြိမ် ရရှိခဲ့ဖူးတဲ့ လက်စတာကို ရောင်းချရေးအတွက် အမေရိကန်ရင်းနှီးမြှပ်နှံရေးဘဏ်တစ်ခုက လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ လက်စတာအား ရောင်းချမှုတွင် အမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ ပရိသတ် ၃၂၀၀၀ ဆန့် King Power ကွင်း၊ ဆီးဂရော့ဗ်လေ့ကျင့်ရေးကွင်းလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လက်စတာကပင် ပိုင်ဆိုင်တဲ့ ဘယ်ဂျီယံကလပ် OH Leuven ကိုလည်း အရောင်းစာရင်းတင်ထားပါတယ်။ လက်စတာကို ပေါင်သန်း ၂၀၀ ကျော်ဖြင့် အရောင်းစာရင်းတင်လာတာ ဖြစ်ပြီး ငွေကြေးအတိအကျတော့ မသိရသေးပါဘူး။ လက်စတာဟာ ၂၀၁၆ ခုနှစ်တုန်းက ဘွတ်ကီဖွင့်ကြေး ၅၀၀၀/၁ အနေအထားမှာ ရှိခဲ့ပေမယ့် အံ့ဩသင့်ဖွယ် ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့သလို ၅ နှစ်အကြာတွင် အက်ဖ်အေဖလားလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်စတာဟာ နောက်ပိုင်းနှစ်များတွင် ဘဏ္ဍာရေးပြဿနာများနှင့် ရုန်ကန်ခဲ့ရပြီး ၂ ကြိမ်ဆက် တန်းဆင်းခဲ့ရကာ လိဂ် ၁ သို့ ကျရောက်နေပါတယ်။ လက်စတာဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းတွင်း ပေါင်သန်း ၁၈၀ ကျော်အထိ ငွေကြေးအရှုံးပေါ်ခဲ့ပါတယ်။ King Power ဟာ ၂၀၁၀ ခုနှစ်တုန်းက လက်စတာကို မီလန်မန်ဒရစ်ထံမှ ပေါင် ၃၅ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တွင် ထိုင်းပိုင်ရှင်ခွန်ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားပြီးနောက် သားဖြစ်သူ ခွန်အေဘာဝတ်ဆရီဗတ်ဒါနာပရာဟာက ဥက္ကဌအဖြစ် ဆောင်ရွက်လာခဲ့ပါတယ်။
လက်စတာကို ပေါင်သန်း ၂၀၀ ကျော်ဖြင့် ရောင်းချလာတော့မယ့် ထိုင်းပိုင်ရှင်
=================== မန်စီးတီးဟာ ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ကန့်သတ်ရက် ယနေ့ ညနေပိုင်း ၅ နာရီ(ဗြိတိန်စံတော်ချိန်)မတိုင်မီ ဖာနန်ဒက်ဇ်အား ပေါင် ၁၂၂ သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်လာပါတယ်။ မန်စီးတီးဟာ ဒတ်ချ်ကွင်းလယ်ကစားသမားတီဂျာနီရိုင်ဒါးလ်ကို Al-Qadsiah သို့ ပေါင် ၅၂ သန်းဖြင့် ရောင်းချရန် သဘောတူညီမှု ရရှိပြီးနောက် ဖာနန်ဒက်ဇ်အား ခေါ်ယူရေး အလျှင်အမြန် လုပ်ဆောင်နေပါတယ်။ မန်စီးတီးဟာ နေထိုင်မကောင်းမှုကြောင့် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိတဲ့ တောင်ပံကစားသမားဆာဗင်ဟိုကိုလည်း စပါးစ်သို့ ပေါင်သန်း ၇၀ ဝန်းကျင်ဖြင့် ရောင်းချရန် လုပ်ဆောင်နေပါတယ်။ မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် လက်တွဲခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်အား အီတီဟတ်သို့ ခေါ်ဆောင်ရန် စိတ်အားထက်သန်နေပါတယ်။ ချဲလ်ဆီးဟာ ယနေ့ သောကြာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး ပေါင်သန်း ၁၂၀ သတ်မှတ်ထားတဲ့ အာဂျင်တီးနားလက်ရွေးစင်အား ကမ်းလှမ်းမှု ပြုလုပ်ရန် သတ်မှတ်ထားပါတယ်။ မန်စီးတီးဟာ ယခုနှစ် အစောပိုင်းတုန်းက ချဲလ်ဆီးမှ ထွက်ခွာခဲ့တဲ့ အန်ဇိုမာရက်စ်ကာအား ခန့်အပ်ရေး ချဲလ်ဆီးကို နစ်နာကြေး ပေါင် ၁၇ သန်းအထိ ပေးခဲ့ရကာ ကလပ်နှစ်ခုအကြား ဆက်ဆံရေး ကောင်းမွန်နေခြင်း မရှိပါဘူး။ တဖက်တွင် မန်စီးတီးဟာ အသက် ၃၀ နှစ်ရှိ ကွင်းလယ်ကစားသမားရိုဒရီကို ဘာစီလိုနာသို့ ရောင်းချရေး ဆွေးနွေးနေပါတယ်။ မန်စီးတီးဟာ ရိုဒရီအတွက် ဘာစီလိုနာရဲ့ ကနဦး ကမ်းလှမ်းမှု ၂ ကြိမ်ကို ပယ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။ နောက်ဆုံးသိရတဲ့သတင်းအရ ဘာစီလိုနာဟာ အသက် ၃၀ နှစ်ရှိ Ballon d'Or ဆုရှင်အတွက် ပေါင် ၅၅ သန်းအပြင် အပိုဆုကြေးထပ်မံပေးမယ့်အချက်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။ မန်စီးတီးဟာ ယခုနွေရာသီတွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းဖြင့် အန်ဒါဆင်အား ခေါ်ယူထားပြီး ဖြစ်သလို မိုနာကိုမှ အာယွတ်ဘူအာဒီကိုလည်း ခေါ်ယူရေး ကြိုးပမ်းနေပါသေးတယ်။
ချဲလ်ဆီးရဲ့ နောက်ဆုံးကန့်သတ်ရက်တွင် ဖာနန်ဒက်ဇ်ကို ပေါင် ၁၂၂ သန်းဖြင့် ကမ်းလှမ်းရန် မန်စီးတီး စီစဉ်လာ
==================== အဲဗာတန်တိုက်စစ်မှူးမာတင်ရှယ်ရစ်ဖ်ဟာ အက်ဖ်အေရဲ့လောင်းကစားစည်းမျဉ်းကို ချိုးဖောက်မှုအတွက် စွဲချက်တင်ခြင်းခံလာရပါတယ်။ အသက် ၂၀ နှစ်ရှိ ကစားသမားဟာ ယခုနှစ် ဖေဖော်ဝါရီလအထိ ၁၅ လတာကာလအတွင်းတွင် လောင်းကစားမှု ၆၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ လောင်းကစားမှု ပြုလုပ်ခဲ့တာပါ။ မာတင်ရှယ်ရှစ်ဖ်အနေဖြင့် အက်ဖ်အေရဲ့ စွဲချက်တင်မှုအား ဩဂုတ်လ ၁၇ ရက်နေ့ တနင်္လာနေ့ နောက်ဆုံးထားကာ တုံ့ပြန်ရပါမယ်။ ဘောလုံးကစားသမားများအားလုံးမှာ မည်သည့်လောင်းကစားမှုမျှ ပြုလုပ်ခွင့် မရှိပါဘူး။ ယင်းအထဲတွင် ဘောလုံးပွဲ၊ အပြောင်းအရွှေ့၊ အသင်းရွေးချယ်မှုတို့လည်း ပါဝင်ပါတယ်။ ရှယ်ရစ်ဖ်ဟာ ၂၀၁၉ ခုနှစ်တုန်းက အဲဗာတန်အကယ်ဒမီသို့ ရောက်လာသူ ဖြစ်ပါတယ်။ ဒတ်ချ်လူငယ်လက်ရွေးစင်ကစားသမားဟာ အဲဗာတန်ရဲ့ ပထမအသင်းတွင် ၇ ကြိမ်တိုင်တိုင် ရွေးချယ်ခြင်းခံရဖူးပေမယ့် စီနီယာပွဲတစ်ပွဲမျှ ကစားခွင့်မရသေးပါဘူး။ ရှယ်ရှစ်ဖ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရိုသာဟမ်ယူနိုက်တက်သို့ အငှားဖြင့် သွားကစားစဉ် ၁၀ ပွဲကစားခွင့်ရခဲ့ပြီး ၂ ဂိုးသွင်းခဲ့ပါတယ်။ သူဟာ ပေါ့ဗေးလ်သို့လည်း အငှားဖြင့် သွားကစားခဲ့ဖူးကာ ၁၉ ပွဲတွင် ၂ ဂိုးသွင်းခဲ့ပါတယ်။ သူဟာ အဲဗာတန်နှင့် တစ်နှစ်စာချုပ်သာ ကျန်တောသူ ဖြစ်ပါတယ်။
အက်ဖ်အေရဲ့လောင်းကစားစည်းမျဉ်းကို ချိုးဖောက်မှုအတွက် အဲဗာတန်တိုက်စစ်မှူးမာတင်ရှယ်ရစ်ဖ် စွဲချက်တင်ခံရ
====================== ဘယ်ဂျီယံတိုက်စစ်မှူးရိုမီလူလူကာကူဟာ နာပိုလီမှ တူရကီထိပ်သီး ဖီနာဘာချီသို့ ပြောင်းရွှေ့လာပါတယ်။ အသက် ၃၃ နှစ်ရှိ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရသူ ဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၇ ပွဲတည်းသာ ကစားနိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ လူကာကူဟာ ၁၉၉၆-၉၇ ရာသီတုန်းက ဖခင်ဖြစ်သူ ရော်ဂျာ တူရကီကလပ် Genclerbirligi တွင် ကစားစဉ် တူရကီမှာ နေထိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ လူကာကူက "ခင်ဗျားကလပ်နဲ့ ပူးပေါင်းခွင့်ရလို့ ဂုဏ်ယူသလို ဒါက အထူးအခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။ ကျွန်တော် ရာနှုန်းပြည့်ကြံ့ခိုင်နေတယ်။ ကျွန်တော့်အဖေနဲ့အတူ ကလေးဘဝတုန်းက နေထိုင်ခဲ့ဖူးတဲ့ တူရကီသို့ ပြန်လာခွင့်ရလို့ အရမ်းစိတ်လှုပ်ရှားရတယ်"လို့ ပြောကြားသွားပါတယ်။ ဖီနာဘာချီဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးခဲ့ရတယ်၊ စာချုပ်သက်တမ်း ဘယ်လောက်ဖြင့် ခေါ်ယူခဲ့တယ်ဆိုတာ ကြေညာသွားခြင်း မရှိပါဘူး။ ချဲလ်ဆီး၊ အဲဗာတန်၊ အင်တာမီလန်တို့တွင်လည်း ကစားခဲ့ဖူးတဲ့ လူကာကူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားတွင် ၃ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ သူဟာ အန်ဒါလက်ချ်နှင့်အတူ ဘယ်ဂျီယံချန်ပီယံ ဖြစ်ခဲ့ဖူးသလို ချဲလ်ဆီးနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားရဖူးပါတယ်။ ဒါ့အပြင် သူဟာ အင်တာမီလန်၊ နာပိုလီတို့နှင့်အတူ စကူဒက်တို ဆွတ်ခူးဖူးပါတယ်။ လူကာကူဟာ မေဆင်ဂရင်းဝုဒ်ပြီးလျှင် ဖီနာဘာချီသို့ ရောက်လာတဲ့ ဒုတိယမြောက် ယူနိုက်တက်ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။ ဖီနာဘာချီဟာ ၂၀၁၄ ခုနှစ်တုန်းက တူရကီအမှတ်ပေးဖလားနှင့် ဝေးကွာလာခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။
တူရကီထိပ်သီးဖီနာဘာချီသို့ ချဲလ်ဆီးနှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းလူကာကူ ပြောင်းရွှေ့လာ
================== လီဗာပူးနည်းပြဟောင်းအန်းဆလော့က လစ်လပ်နေတဲ့ နယ်သာလန်နည်းပြရာထူးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပေမယ့် ကလပ်အသင်းအား ဆက်လက် ကိုင်တွယ်လိုမှုနှင့်အတူ ဆွေးနွေးမှုအား ရပ်ဆိုင်းလိုက်ကြောင်း အတည်ပြုလာပါတယ်။ အသက် ၄၇ နှစ်ရှိ ဒတ်ချ်လူမျိုးနည်းပြဟာ လီဗာပူးအား ပထမဆုံးကိုင်တွယ်တဲ့ ရာသီတွင် ၂၀ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူဟာ မေလ ၃၀ ရက်နေ့မှာ လီဗာပူးနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံလာရပါတယ်။ ရော်နယ်ကိုးမန်းဟာ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်တွင် မော်ရိုကိုအား ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ကာ ထွက်ခွာရပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ ဆလော့က စာချုပ်ကိစ္စပြဿနာကြောင့် နယ်သာဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးမှု ရပ်ဆိုင်းခဲ့ခြင်း မဟုတ်ကြောင်းလည်း ငြင်းဆိုသွားပါတယ်။ ဆလော့က "ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းပေါ့၊ အထူးသဖြင့် ပြီးခဲ့တဲ့ရက်တွေမှာပေါ့။ လစ်လစ်ပ်နေတဲ့ နယ်သာလန်နည်းပြရာထူးနဲ့ပတ်သက်ပြီး သတင်းအများကြီး ထွက်ခဲ့တယ်။ လုပ်ခ၊ စာချုပ်သက်တမ်းစတဲ့အချက်တွေကြောင့် ဆွေးနွေးမှု ရပ်ခဲ့တယ်လို့ ဖတ်ရတယ်။ ဒီကောလာဟလက မမှန်ပါဘူး။ ဆွေးနွေးမှုက အဲဒီအဆင့်ကို မရောက်ခဲ့ပါဘူး"လို့ ပြောကြားသွားပါတယ်။ ဆလော့ဟာ ၂၀၂၃ ခုနှစ်တုန်းက ဖီယင်နုနှင့်အတူ ဒတ်ချ်အဆင့်မြင့်တန်းဖလားလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာက " ကျွန်တော့်နည်းပြဘဝ ဒီအဆင့်မှာ ကစားသမားတွေနဲ့ နေ့တိုင်း လေ့ကျင့်ရေးကွင်းမှာပဲ မြင်တွေ့လိုတယ်။ ဒါမျိုးက လက်ရွေးစင်အသင်းမှာ မဖြစ်နိုင်တဲ့အရာပါ။ ဒီတော့ ဆက်ပြီး မဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ လက်ရွေးစင်အသင်းအပေါ်အများကြီး လေးစားပါတယ်။ ဘောလုံးအဖွဲ့ချုပ်ကိုရောပါ။ အခုအချိန်မှာ ကလပ်ဘောလုံးက ကျွန်တော့်အတွက် အသင့်တော်ဆုံးလို့ ထင်တယ်။ တစ်နေ့ကျရင်တော့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရလာရင်တော့ တကယ့်ကို ဂဏ်ယူစရာ ဖြစ်လာမှာပါ"လို့ ပြောကြားသွားပါတယ်။ နယ်သာလန်တွင် ထွက်ပေါ်နေတဲ့သတင်းအရ နယ်သာလန်နည်းပြရာထူးအတွက် ပေါ်တူဂီနည်းပြရောဘတ်တိုမာတီနက်ဇ် ဆွေးနွေးနေကြောင်းလည်း သိရပါတယ်။
နယ်သာလန်နည်းပြရာထူးအတွက် ဆွေးနွေးခဲ့ပေမဲ့ ကလပ်အသင်းကိုသာ ဆက်လက် ကိုင်တွယ်လာမယ့် အန်းဆလော့
=================== နော်တင်ဟမ်ဖောရက်စ်ဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းမှ အိုင်ဗရီကို့စ်နောက်ခံလူအူစမာနီဒေယိုမန်ဒီအား ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဖြင့် ခေါ်ယူလာပါတယ်။ အသက် ၂၂ နှစ်ရှိ နောက်ခံလူဟာ ဖောရက်စ်နှင့် ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ၁ နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။ နော်တင်ဟမ်ဖောရက်စ်နည်းပြသစ်အိုလီဗာဂလပ်စ်နာဟာ ၃-၅-၂ ကစားကွက်ကို အသုံးပြုလေ့ရှိသူ ဖြစ်ပြီး ဒေယိုမန်ဒီမှာ သုံးယောက်တန်း ခံစစ်ကြောင်းတွင် နီကိုလာမီလန်ကိုဗစ်၊ မူရယ်လိုတို့နှင့် တွဲကစားလာဖို့ ရှိနေပါတယ်။ သူဟာ အိုင်ဗရီကို့စ်အတွက် ၁၅ ပွဲကစားထားသူ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူဟာ စပို့တင်းလစ္စဘွန်းအတွက် ၁၃၂ ပွဲကစားခဲ့သူ ဖြစ်ပြီး ပေါ်တူဂီအမှတ်ပေးဖလား ၂ ကြိမ် ရရှိခဲ့ဖူးပါတယ်။ သူဟာ အိုင်ဗရီကို့စ်ကလပ် Olympic Sport Abobo တွင် ကစားသမားဘဝစတင်ပြီးနောက် ဒိန်းမတ်ကလပ် နော်ဂျီလန်းတွင်လည်း ကစားခဲ့ဖူးပါတယ်။ ယခုနွေရာသီတွင် ပဲလေ့စ်မှ ထွက်ခွာကာ နော်တင်ဟမ်ဖောရက်စ်ကို ကိုင်တွယ်လာတဲ့ ဂလပ်စ်နာဟာ ပဲလေ့စ်ကို ကိုင်တွယ်စဉ်ကတည်းက ဒေယိုမန်ဒီအား ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။
စပို့တင်းမှ အိုင်ဗရီကို့စ်နောက်ခံလူဒေယိုမန်ဒီအား ဖောရက်စ် ခေါ်ယူလာ