ဆရာ အောင်ချိမ့် (စာတို ကဗျာလွယ်အိတ်)
Статистика- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 9
- Всего постов
- 25
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 101
- 1/48двое суток
- 115
- 1/72трое суток
- 124
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
" အစာပြေ ရှိရုံသာ လူတန်းစား ဝါဒ - ၂ " လက်ရှိကို စွန့်ပစ်ပြီး လက်မဲ့ ဖြစ်ရအောင် လွယ်လွယ်နဲ့ တိုက်ယူခဲ့ ရတာဆိုလို့ အမေ့ မျက်ရည်တောင်မရှိ ။ ။ -ကြည်ရှိုင်း
“အချစ်တစ်ခုမှာ” နားလည်မှု့ ပြန်လှန်လေးစားမှု့ တစ်ယောက်ရဲ့စိတ်ခံစားချက် တစ်ယောက်ရဲ့ဂရုစိုက်မှု့ အရာရာဟာဒွန့်တွဲနေသင့်တယ် မို့လား အရာရာကိုကိုယ်ဖြစ်ချင်တာပဲ ရှေ့တန်းတင်နေမယ်ဆိုရင် မင်းရည်းစားမထားနဲ့ ထားခဲ့မယ်ဆိုလဲ မမြဲဘူး ငါရဲရဲကြီးအာမခံတယ်။ _ချယ်🌸
သောတပန်မဖြစ်ရင် စုန်းမဖြစ်ချင်တယ် ပြုစားပစ်မယ် မေမေရယ် သမီး ဒီလောကကို မချစ်ဘူး -စောနန္ဒာခိုင်
မမ ကလွဲရင် နှုတ်ခမ်းမွှေးရိတ်ခိုင်းသူမှန်သမျှဟာ ရန်သူပါပဲ ။ - ဂန္ဓမာ
မောင် ၃၆ မောင်ဆေးလိပ်သောက်ရင် ကျွန်မ ချောင်းဆိုးတယ် မောင်ရေချိုးမှားရင် ကျွန်မအအေးမိတယ် မောင်ထိခိုက်ရှနာဖြစ်ရင် ကျွန်မဒဏ်ရာရတယ် မောင်မပျော်ရင် ကျွန်မဝမ်းနည်းတယ် အဲ့ကြောင့်မောင့်ကို ခဏခဏ ပြောတာပေါ့ အစစအရာရာ ဂရုစိုက်ပါလို့...။ ▪️စာတိုငဖြူ
ရိုမီယို နဲ့ ဂျူးလီးယပ် ကိုလည်း အားမကျပါနဲ့ အချစ်ရယ်... သူတို့ထက် ပိုပြီး အားကျစရာကောင်းတဲ့ အတွဲ လေးတစ်တွဲ ဖြစ်ရအောင် အတူတူ အချစ်သမိုင်းရေးကြရအောင်လား...။ ။ - လောင်ချိတ် " အချစ်သမိုင်း "
ညမနက်ကို အမြဲလွဲနေသူက စားနေကျဆိုင်လေးကို သတိရတယ်။ ထိုင်နေကျနေရာလေးကို သတိရတယ်။ ဟိုးမားရဲ့ အဲပစ်ကဗျာတွေကို သတိရတယ်။ ပါးကွက်ကလေးနှစ်ဖက် အနားသတ်တွေမညီတာကို သတိရတယ်။ လွမ်းတဲ့စိတ်နဲ့သာ အိပ်မနေရင် ငါအခု အသက်မရှိတော့ဘူး။ နတ်သူရဲတွေရဲ့ အရှိန်အ၀ါနဲ့ အဲ့ဒီ့ကောင်းကင်ကို ဘယ်သူတွေ အပိုင်ရထားကြသလဲ။ ငါကအမြဲ ကြွေရသူဆိုတော့ မြေပြင်ကို ပိုပြီး ခင်တွယ်တယ်။ -ရွက်လှေ
ငွေခင်"...ဘယ်ယောက်ကျားမဆို လှတာမက်ကြပေမယ့် တန်ဖိုးရှိတဲ့ယောက်ျားတွေက တန်ဖိုးရှိတဲ့မိန်းမတွေကိုပဲ လိုချင်ကြတာတဲ့။ _ဦးခက်ဂုဏ်{ပုဂံ}📖
မမရဲ့ ဆံနွယ်ခက်ကြီးတွေကြားထဲ ကျနော့်မျက်နှာလေး တစ်မိနစ်အပ်ခွင့်သာပေးရင် ကြိုးစင်တက်သွားဖို့လည်း ဝန်မလေးတော့ဘူးမမရဲ့။ ဒါပေမယ့် ကျနော်သိပါတယ် ကျနော်ဟာ ကောင်းကင်ယံထဲက လနတ်သမီးဆီ ပျံသန်းဖို့ ကြိုးစားမိတဲ့ ရူးမိုက်တဲ့ ဇီဝစိုးငှက်ကလေးပါဗျာ....။ ▪️ပါပီယွန်
အချစ်ဦး တဲ့လေ ရင်ထဲကဆူးတစ်ချောင်းပေါ့ ကာလတွေဘယ်လောက်ပြောင်းပြောင်း မထုတ်နိုင်ခဲ့ဘူး ။ - ရိပ်ငြိမ်
ဆုတောင်းတွေလည်း ထည့်မပေးလိုက်တော့ဘူး။ မှာချင်တာတစ်ခုက ကျွန်တော့်လိုလူမျိုးကို ဘယ်မှာမှလိုက်မရှာပါနဲ့။ ကျွန်တော့်ဆီမှာတောင် ပြန်လာမရှာပါနဲ့မရှိနိုင်တော့ပါဘူး။ အလင်းသင်
အမေရယ် တခြားသူတွေအတွက်တော့ အရာရာဟာ လက်တစ်ပစ်စာရယ်ပါ သားမှာတော့... ယူဇနာသန်းပေါင်းများစွာဝေးကွာလို့။ ▪️မောင်ချောနွယ်
သတိရတယ်ဆိုတာမျိုးက ငှက်ကလေးတွေအော်မှ၊ လကလေးက သာမှ၊ သစ်ရွက်ကလေးတွေ ကြွေမှ၊ ရှုခင်းကလေးက လွမ်းစရာကောင်းမှ သတိရတာ မဟုတ်ပါဘူးကွာ။ သတိရချင်တဲ့အခါ ဘယ်လိုနေရာမှာဖြစ်ဖြစ် သတိရတာပါပဲ။ -မင်းလူ
တစ်နေ့ထွက်ခွာရမယ်လို့တွေးမိတိုင်းမှာ စုဆောင်းနေမှုနဲ့ မာနတရားတွေဟာ အဓိပ္ပာယ်မဲ့လာတယ် ။ ▪️ဂန္ဓမာ ▪️နီးကပ်လာတဲ့အချိန်တွေ
လမ်းကြုံရင် ကိုယ့်သဘောနဲ့ကိုယ် အရှုံးပေးလိုက်ချင်တယ်။ တောင်ကုန်းလေးတောင်မှ မြက်တွေစိမ်းဖို့ စောင့်ရသေးတာပဲလေ။ ရေကန်မှာ ရေမရှိတော့တဲ့ ဆုံးရှုံးမှုမျိုးဆိုတာကရော ကျွန်တော် ထိုက်ထိုက်တန်တန် နားလည်ပါတယ် ခင်ဖုန်းသက်ဝေ။ -သန်းတင့်