- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 1
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 11
- 1/48двое суток
- 12
- 1/72трое суток
- 13
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
. အနွမ်းတစ်ရွက် အနမ်းတစ်ဝက်ပါပဲချစ်သူရေ -အမောင်သျှင် .
လက်ဖက်ရည်နဲ့စီးကရက် တက္ကသိုလ်ဘုန်းနိုင်နဲ့မင်းလူ Supernatural နဲ့မြိုင်ရာဇာတွတ်ပီ ငါတို့ရဲ့သုခဘုံတွေ ရော့အင်ရိုလ်း ကမ်းထရီးဆောင်း စိုင်းထီးဆိုင် လွှမ်းမိုး ငါတို့ရဲ့လူငယ်ဘဝတွေ မိုးရွာတာကိုနှစ်သက်တယ် အပြာကားကြည့်တယ် တရားနာတယ် ငါတို့ရဲ့အကောင်းအဆိုးတွေ ကိုဗာစကီးလိုမဖြစ်ချင် သုခဘုံကိုသာ ငါတို့မက်မောခဲ့ ငါတို့ဟာ မချမ်းသာတဲ့သုခဘုံမှာပဲ မွှေ့လျော်ခဲ့ ။ -အမောင်သျှင် သစ်ရွက်အကြွေများထစ်ချုန်းသည်
. သံသရာက လွတ်မြောက်ခြင်းထက် အမောင်နဲ့ ဘဝဆက်တိုင်း ရေစက်ဆုံခွင့်ကို ပိုမက်မောတတ်လာတယ် တရားအသိထက် ပိုကြီးစိုးသွားတဲ့ ဒီသံယောဇဉ်မှာ ငါဟာ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကိုတောင် တိတ်တဆိတ် ဆန့်ကျင်ရဲတဲ့အထိ ရူးသွပ်ခဲ့ပြီ။ ။ -နုယဉ် .
နွေလတ်ရတု ၊ စိမ်းနုညိုပြာ ၊ လွတ်နှိုင်းသာသည် ၊ သွယ်ဖြာညောင်းသစ်မြတကား နွေ..... နွေဦးရောက်ခဲ့ချေပြီ နတ်သျှင်နောင်လဲ အလွမ်းသမားဖြစ်နေလေတော့ ယခုလို နွေကို လွမ်းမောဖွယ်ကောင်းသောနွေကို မယွင်းသတိ ရှုမိမိသည် အကြိမ်ကြိမ် ဖြစ်ပြီး အလွမ်းဆွတ်ခဲ့ဟန်တူသည် ၊ စံပယ်ဖြူမွှေး ၊ စကားသေးကို ၊ မြတ်လေးစုံမက် ၊ ကျွန်ုပ်လက်ဖြင့် ၊ ရွေးလျက်ရွရွ မဆင်ရတည့် အတိတ်မှဖြစ်ရပ်များကို ပစ္စပ္ပန်၌ ပွင့်ဖူးနေသော ပန်းအလှတို့ကိုကြည့်ကာ လွမ်းမောရှာသေး၏ ၊ နတ်သျှင်နောင်လဲ သူလို ကိုယ်လို မောင်ရင်တို့ ကျွန်ုပ်တို့လို အလွမ်းသမားပါပေ ။ ကျွန်တော်ငယ်စဉ်က နွေအားမကြိုက်ခဲ့ပါလေ မကြိုက်လေရုံမျှမက မုန်းပင်မုန်းမိချေသေး၏ ၊ ပူလောင်သော အရသာအား ကျွန်တော်မုန်း၏ ၊ သစ်ပင်တို့အား ရိုးတံမျှသာကျန်စေသောကြောင့် မုန်းမိ၏ ၊ ယခုမှု အလွမ်းသမားဖြစ်လေသောကြောင့်လားမသိ နွေဥတုအား ချစ်မိ၏ စိမ်းနုညိုပြာ ရာသီနွေအား ချစ်မိလေ၏ ၊ ယခုစာကိုရေးသားခြင်းသည် ဆရာဘုန်း၏ ပိတောက်ပွင့်ဆဲလသာဆဲဝယ်ဝတ္ထုကိုဖတ်၍ ရေးချင်သောဆန္ဒကြောင့်သာ ရေးသားရေးသားမိပါသည် ။ -အမောင်သျှင်
. ကိုယ်ချစ်ရသူရေ ကိုယ့်ကိုချစ်တဲ့သူရေ အရာအားလုံးနဲ့ထိတွေ့တိုင်း မင်းကိုသတိရတယ် ။ -အမောင်သျှင် .
လူတစ်ယောက်အကြောင်းကို လူတစ်ယောက်ကပြောပြတယ် လူတစ်ယောက်ကနားထောင်တယ် ဒါပါပဲ ။ -အမောင်သျှင် ကျူးလစ်စတိုရီ -
. ပိုသင့်လို့ပိုနေတာပါ အရမ်းကြီးဆွဲမကပ်ရဘူး ငါတို့ဟာ အမြဲတမ်း အမြဲတမ်း အပိုအလိုမရှိတဲ့ကမ္ဘာကို ရဖို့ခဲယဉ်းလှ ။ -အမောင်သျှင် ကျူးလစ်စတိုရီ .
ကျုပ်ရင်ဘတ်ထဲက ဒါဏ်ရာမမြင်ရတဲ့ ကျည်၁၃ချက် လွပ်လပ်ရေးသာရခဲ့တာ မလွတ်လပ်သေးဘူး ဗိုလ်ချုပ်ရယ် ခများသာရှိနေသေးရင် ဒီလူတွေလုပ်ပုံမျိုးမြင်ရရင် ဘယ်လောက်ထိ မချိလိုက်မလဲ ခများယူပေးခဲ့တဲ့လွပ်လပ်ရေးကြီး ပျက်စီးနေပြီဗျ..... _၇၉ကြိမ်မြောက် အာဇာနည်နေ့
အမှတ်တရတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ငါတို့ဝေးသွားကြတယ်နော်. _ဘခက်
လောကရဲ့အစွန်မှာ ဆေးလိပ်တိုခဲပြီး လောဘကိုသတ်ချင်နေတဲ့လူ -အမောင်သျှင် (ဝယဓမ္မာများ )
လွမ်းစရာမရှိတာကိုက သိပ်လွမ်းဖို့ကောင်းတာဗျ..... လယ်တွင်းသားစောချစ်
မီးက ဘုရားထက်စောတယ် ဒါကြောင့် မီးကို ကိုးကွယ် ကြတာ ။ မီးကို အသားကင် စားလို့ဝတော့မှ ဘုရားကို တီထွင်တာ ။ ဘုရားက မီးကို ဖန်ဆင်းပေးတော်မူတာ စသဖြင့်ပေါ့လေ ။ စိတ်ကူးကို ကျောက်ဂူနံရံပေါ်မှာ အရုပ်ရေးရင်း ချစ်သူ့ခါးပေါ်က သစ်ရွက်တွေကို ဆေးရောင်လှလှခြယ်တတ်လာတယ် ။ ။ -ကြည်ဇော်အေး(ကျောက်ခေတ်ပန်းချီ)
. အချစ်ဟာ ဘုရားလောင်းကိုတောင် အနော်မာမြစ်ကမ်းဘေး ရောက်စေခဲ့တယ် ။ # ကြည်ဇော်အေး .
° အကျွန်မရောက်ချင်ဆုံးကဒီနေ့ဘဲ မင်းအတွက်တော့ happy anniversary day ဖြစ်မယ်ထင်ပါ့ ကျုပ်အတွက်တော့ ကံကောင်းတာလား ကံဆိုးတာလားပေါ့ အဲ့ဒီနေ့ကစပြီး ကျုပ်အရက်သမားဖြစ်သွားတာ ဒီနေ့အထိပဲအမိရဲ့ ကျုပ်တို့လမ်းလွဲတာ ၇လပြည့်ပြီပေါ့ကွယ် .
ယုဂန်စွန်းက အဖော်နဲ့ ဆေးလိပ်မီးညှိခဲ့တယ် ဓူဝံကြယ်ကိုတွေ့တော့ ဆေးလိပ်မီးသေခဲ့ ပြီးတော့ အဲ့ဒါပြီးတော့ ငါ့အင်္ကျီဟာ ဆေးလိပ်မီးပေါက်ဗရပွနဲ့ ပွတ်သျှကင်မ်ရဲ့ သေနတ်သံဝတ္ထုနဲ့အတူ ငါ့ရဲ့တရားမျှတခြင်းတွေ သေဆုံးခဲ့ ဆီလဗီယိုနဲ့အတူ ခရစ်တော်ပန်းချီကားနဲ့အတူ အမှန်တရားတွေသေဆုံးခဲ့ ။ -အမောင်သျှင် အတိက္ကမ္မနေ့ရက်များ-၂
Don't worry mom အမေ့သား မပျက်စီးသေးပါဘူး _ဘခက်
. အချစ်ရယ် လက်ဖက်ရည်နဲ့ဆေးလိပ်ဟာ ငါအကြိုက်ဆုံး အာဟာရပါ။ အချစ်က ဖြတ်ဆိုရင် ဖြတ်ပါ့မယ် ငါ့ကိုတော့ အဆက်မဖြတ်လိုက်ပါနဲ့ ။ - မင်းလူ .
. သင်္ချိုင်းတစ်ခုရှေ့ ရပ်ပြီး ကြည့်ဖူးလား…။ နာမည်တွေ အများကြီး ရေးထားတယ်… အသက်တွေ မတူဘူး… ဘဝတွေ မတူဘူး… ဒါပေမယ့် အဆုံးသတ်ကတော့ တူကြတယ် ။ -ရွှေတောင်မောင်လွမ်း .
ဗုဒ္ဓဟာ မီး၁၁ပါးထဲမှာ သံယောဇဉ်ကို ထည့်ကာ ဟောမြွက်ခဲ့ အဖဘုရား ကျွန်ုပ်ကား ပြင်းစွာပူပန်နေပါ၏ ဗုဒ္ဓဘုရား အကျွန့်ပညာမဲ့ နားလည်လာပါ၏ ။ -အမောင်သျှင် အတိက္ကမ္မ နေ့ရက်များ