tgindex
ပြည်သူ့သတင်းစကား

ပြည်သူ့သတင်းစကား

Статистика
Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
50
Всего постов
60
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
168
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
7
40 постов
Вовлечённость
4,2%
к подписчикам
Постов в день
7,1
всего 60
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
6
1/48двое суток
6
1/72трое суток
7

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 14 авг.6из PeopleSpring

    без подписи

  • ဒီလအစောပိုင်းမှာပဲ  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာ ကွယ်ရေးတပ်မ တော်(PDF) တပ်မှူးကြီးများအစည်းအဝေးကို ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကနေလည်း ပြည်သူ့ ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို  တက်လှမ်းနိုင်ရေးလုပ်ဆောင်သွားဖို့ ချမှတ်ခဲ့တယ်လို့လည်း ကြားသိရပြန်ပါတယ်။ ဒီသတင်းစကားတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ငါးနှစ်ကျော်ကာလအတွင်း ယုတ် မာရက်စက်မှုအပေါင်း သရဖူဆောင်းထားခဲ့တဲ့ အာဏာရှင်လက်သစ်မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်သိုက် အိပ်မက်ဆိုးမက်ရ မယ့် ကာလ မဝေးတော့ဘူးဆိုတဲ့ သတင်းပေးပို့ချက်ကိုရရှိလိုက်တာလည်းဖြစ်ပါတယ်။  ။ # သျှိသျှား ရေးသားသည် # People`s Spring 14.8.26

  • ကူမယ့်သူတွေရဲ့ နေအိမ်တွေကိုလည်း ချိတ်ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြန်ပါသေးတယ်။ ဒီလိုမင်းအောင်လှိုင်နဲ့အပေါင်းအပါတို့ရဲ့ ယုတ်မာရက်စက်မှုတွေကို ဒီနေရာကနေ တကူးတက ဘာကြောင့် ဖော်ပြ နေရသလဲဆိုရင် ပြီးခဲ့တဲ့ဩဂုတ် ၁၀ ရက်ကကျင်းပခဲ့တဲ့ ကချင်အာဇာနည်နေ့ အခမ်းအနားမှာ ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားတဲ့ မိန့်ခွန်းကို တွေ့ရလို့ပါ။ အဲဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာ တချို့လူ တွေက အာဏာ ရှင်စနစ် ခိုင်မြဲရှည်ကြာဖို့အတွက် ဒေါက်တိုင်များအဖြစ် ပူးပေါင်းကူညီနေတာကို တွေ့ရကြောင်း၊ ဒီလိုပါဝင်ကူညီနေသူများအားလုံး ရပ်တန်းကရပ်ကာ အမှန်တရားဘက်မှာ ရပ် တည်ကြဖို့ဆိုပြီး သတိပေးပြောဆိုထားတာဖြစ်ပါတယ်။ ဆိုခဲ့သလိုအာဏာရှင်စနစ်ခိုင်မြဲရေးဒေါက်တိုက်ပြုပေးနေသူတို့အနေနဲ့ အထက်မှာဖော် ပြခဲ့တဲ့ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ယုတ်မာရက်စက်မှုတွေကို ထင် ရှားပြတ်သားစွာမြင်နိုင်ကြဖို့၊ ဒီလုပ်ရပ်တွေအပေါ် ရှုတ်ချပြီး အာဏာရှင်ချုပ်ငြိမ်းရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့အတွက် မီးမောင်း ထိုးပြရခြင်းဖြစ်ပါတယ်။ ဒီရက်ထဲမှာပဲနောက်ထပ်သတိပြုမိတဲ့ မိန့်ခွန်းတချို့လည်းရှိနေပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သြဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားအာဇာနည် နေ့မှာ ပြောကြားတဲ့မိန့်ခွန်းပါ။ စစ်အာဏာရှင်အုပ်ချုပ်မှုမကုန်ဆုံးသရွေ့ နိုင်ငံဟာ ငြိမ်းချမ်းရေးမရနိုင်သလို ဖွံ့ဖြိုးတိုး တက်မှုလည်း ရှိလာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းရမယ် လို့လည်း သူက ဆိုပါတယ်။ စစ်အာဏာရှင်ကျရှုံးဖို့၊ တော်လှန်ရေး အောင် မြင်ဖို့အတွက် ကျွန်တော်တို့နောက်ထပ် သိ မှတ်လိုက်နာရမယ့်ပြောစကားတစ်ခုလည်းရှိနေပါသေးတယ်။အဲဒါကတော့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ညီညီ ညွတ်ညွတ်၊ စည်းစည်းလုံးလုံး၊ ရဲရင့်ပြတ်သားစွာ ဆက်လက်လုပ်ဆောင်ကြဖို့၊ တော်လှန်ရေးမှာ အဓိကအင်အားကလူထုဖြစ်တာကြောင့် လထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိဖို့ လိုအပ်ပြီး လူထုဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ် ကြဖို့ ဆိုပြီးဖြစ်ပါတယ်။ ဒီစကားကိုတော့ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘော ကျော်ဟဲက ကရင့်အမျိုးသားအာဇာနည်နေ့ အထိမ်း အမှတ်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်း ပြောကြားတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ အလားတူပဲပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ(CRPH)ကလည်း သြဂုတ် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင်အာဇာ နည်နေ့ကိုပေးပို့တဲ့သဝဏ်လွှာမှာ“စစ်အာဏာ ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒ ရယ်ဒီမိုက ရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တော်လှန်ရေးအင်အားစုအားလုံး ၏ စုစည်းညီညွတ်မှုသည်သာ အဓိကသော့ ချက်ဖြစ်ပါသည်”ဆိုပြီးထည့်သွင်းပြောဆိုထားပါတယ်။ သြဂုတ် ၁၂ ရက်နေ့မှာကျရောက်တဲ့ ကရင်အာဇာနည်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာလည်း "မိမိတို့အနေဖြင့်လည်း ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းကာ ကရင်လူထု နှင့် ကရင်အာ ဇာနည် ခေါင်း ဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်နှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုကို မဟာမိတ်တော်လှန်ရေးအင်အားစု အား လုံးနှင့်အတူတကွ တည်ဆောက်သွားမည်ဖြစ်ပါသည်"လို့ ပြောဆိုထားပါတယ်။ တော်လှန်ခေါင်းဆောင်တွေဆီကလာတဲ့ ဒီသ တင်းစကားတွေကို ကြည့်မယ်ဆိုရင် ထင်သာမြင်သာတွေ့ရမှာက ပြည်သူလူထုရဲ့ အသက်တွေ၊ဘဝတွေအပေါ် အချိန်နဲ့အမျှခြိမ်း ခြောက်အန္တရာယ်ပြုနေတဲ့ စစ်အာဏာ ရှင်စနစ်ဆိုး ချုပ်ငြိမ်းရေးဆီကို စုပေါင်းဗဟိုပြုထားတဲ့ သတင်းစကားများဖြစ်တာကို တွေ့ရပါတယ်။ ဒီကာလထဲ စုဖွဲ့မှု အားတစ်ခုအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဆိုတာကိုလည်း မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကောင်စီထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ပါဝင်ပြီး အဖွဲ့ဝင်တွေ ဆက်လက်တိုးချဲ့ပါဝင်နိုင်ရေး တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဆုံကြိုးစားနေတယ်ဆိုတဲ့သတင်းစကား များလည်း ကြားသိရပါတယ်။ ဒီကောင်စီကနေ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့၊ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ တို့ကို စုဖွဲ့ပြီး စစ်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်လာနေတာကိုလည်း တွေ့ရပါတယ်။

  • 👉 မင်းအောင်လှိုင်ကို အိပ်မက်ဆိုး မက်စေမယ့် တော်လှန်ခေါင်းဆောင်ရဲ့သတင်းစကား “ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့  ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး” ဒီစကား ဘယ်သူပြောတယ်ထင်ပါသလဲ။ NUGအစိုးရအဖွဲ့ထဲကခေါင်းဆောင် ဒါမှမ ဟုတ် တိုင်းရင်းသား တော်လှန်​ရေးအဖွဲ့တွေထဲက ခေါင်းဆောင်တစ်ဦးတစ်ယောက်က ပြောခဲ့တဲ့စကား လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း ပြည်သူရှစ်ထောင်ကျော်ကိုရက်ရက်စက်စက်သတ်ဖြတ်ထားတဲ့ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ပြောလိုက်တဲ့စကားပါ။ ဇူလိုင် ၃၁ ရက်နေ့တုန်းက သူ အဓမ္မစုဖွဲ့ပေးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံ တော်အခြေပြဆိုတဲ့ မိန့်ခွန်း ပြောတဲ့အထဲ ဒီစကားကို ထည့်သွင်းပြောဆိုခဲ့တာပါ။ မင်းအောင်လှိုင် ဒီစကားကို ပြောထွက်ခဲ့တဲ့ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်မှာပဲ သူ့လက် အောက်စစ်တပ်က သံတွဲမှာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးသုံးလုံးကြဲချလို့ တစ်နှစ်ခွဲ အရွယ်ကလေးငယ်အပါအဝင် လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ မလှိုင်နားက ဒဟတ်တန်း (တောင်)ရွာကို လေထီးနဲ့ လာရောက်ဗုံးကြဲလို့ အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီရက်အလွန်နောက်တစ်ရက်ဖြစ်တဲ့သြဂုတ် ၁ ရက်နေ့မှာဆိုရင်လည်းမုံရွာမြို့ သစ် ညိုပင်ရွာ ဘုန်းကြီးကျောင်း အနီး တိုက်လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်ငါးဦးအပါအဝင် ပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲဒီမုံရွာမြို့နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ ကနီမြို့နယ်ထဲက ယာကြီးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာ ကြောင့် အရပ် သားအမျိုးသားတစ်ဦး သေဆုံးသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေဟာ အထက်မှာပြောခဲ့သလို “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ”ဆိုတဲ့စကားမင်းအောင်လှိုင်ပြောခဲ့တဲ့နေ့ပတ်ဝန်းကျင်က ဖြစ်စဉ်တချို့ကို ထုတ်နုတ်ပြထားတာပါ။ အဲဒီနေ့ရက်ရဲ့ ရှေ့နဲ့ နောက်ရက်တွေထဲ မှာလည်းအလားတူ လေကြောင်း တိုက်ခိုက်မှု၊ ဗုံးကြဲချမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူ များစွာရှိခဲ့သလို အာဏာသိမ်းငါးနှစ်ကျော်ကာလအတွင်း မင်းအောင်လှိုင်ရဲ့လက်ပါးစေတွေကြောင့် သေဆုံး၊ ထိခိုက်ခဲ့ရတဲ့ပြည်သူ​ထောင်​သောင်းချီ ရှိ​နေပြီဖြစ်ပါတယ်။ ဒီလိုထိခိုက်၊ သေဆုံးဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာမှတ်တမ်းရယူနေတဲ့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့် ရှောက်ရေးအသင်း(AAPP)က မင်းအောင် လှိုင်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ကနေ ဒီနှစ် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ငါးနှစ်ခွဲကာလအတွင်း အတည်ပြုပြီးသေဆုံးသူ စုစုပေါင်း ၈၂၂၂ ဦးရှိပြီး အတည်မပြုနိုင်သေးတဲ့သေဆုံးသူဦးရေက စုစုပေါင်း ၅၂၅၀ ခန့်ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီတော့ “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ”ဆိုတဲ့ မင်းအောင်လှိုင်ရဲ့စကားအပေါ် ခပ်ရိုင်းရိုင်းတုံ့ပြန်ရရင် ခွေးပါးစပ်က နတ်စကားထွက်လေခြင်းလို့ ဆိုရပါလိမ့်မယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ယုတ်မာရက်စက်မှုက ဒီလောက်တင်တော့ မဟုတ်ပါဘူး။ ဒီငါးနှစ် ကျော်ကာလအတွင်း ဒေသအများအပြားက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ၊အပြစ်မဲ့ပြည်သူသုံးသောင်း ကျော်ကို ထောင်သွင်းအကျဉ်းချ နှိပ်စက်ညှဉ်းပန်းခဲ့တာ၊ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတိုင်းပြည်ထဲက လူငယ်လူရွယ်အ များအပြားကို အဓမ္မစစ်တိုက်ခိုင်းရင်း သေ ဆုံးစေခဲ့တာ၊ ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံမှာ ငြိမ်းချမ်းစွာ နေထိုင်မရအောင်လုပ်ခဲ့တာ စတဲ့လုပ်ရပ်များစွာလည်း ရှိနေပါသေးတယ်။ နေဝင်းအာဏာသိမ်းကာလ၊ သန်းရွှေအာဏာ သိမ်းကာလနဲ့ သူအာဏာသိမ်းခဲ့တဲ့ကာလတွေမှာ မတရားမှုကို ငုံ့မခံဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ပြည်သူလူထုကို ပညာရည်နိမ့်ကျလို့ အကြမ်းဖက်ခဲ့ကြတယ်ဆိုတဲ့ စကား လုံး တွေနဲ့လည်း ​စော်ကားမော်ကားပြုခဲ့ပါသေးတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူတွေကိုလက်နက်အားကိုးနဲ့အကြမ်းဖက်သတ် ဖြတ်ခဲ့တာဘယ်သူတွေလဲဆိုတာဖြစ်စဉ်၊ ဖြစ် ရပ်တွေကနေ သက်သေထူထားပြီးသားပါ။ ဒီသက်သေတွေဟာ ပေါက်ပန်းလေးဆယ်စကားလောက်နဲ့ ဖျောက်ဖျက်ရတဲ့အရာမျိုး မဟုတ်ပါဘူး။ ဒီနိုင်ငံမှာတကယ်အကြမ်းဖက်နေတာ၊ ပြည်ဖျက်နေတာ၊ နိုင်ငံကိုချောက်ထဲဆွဲချနေတာ ဘယ်သူတွေလဲဆိုတာ သမိုင်းနဲ့ ချီပြီး နောက် ပြန်ကြည့်ရင် ရှင်းရှင်းလင်းလင်းကြီးကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံဘာကြောင့်အခုလို ချွတ်ခြုံကျတဲ့အခြေအနေနဲ့ ကြုံနေရသလဲဆိုတဲ့အဖြေကိုသိချင်ရင် နိုင်ငံကိုစစ်အာ ဏာရှင်တွေဘယ်လောက်ကြာကြာအုပ်ချုပ် ချယ်လှယ်ကုပ်သွေးစုပ်ခဲ့သလဲဆိုတဲ့ကာလကိုပြန်လှန်ကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။ အခုမင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါစစ်အုပ်စုဟာဘယ်လောက်အထိ ယုတ်မာရက် စက်သလဲဆိုရင် အထက် အညာဒေသမှာ လတ်တလောရေကြီးနစ်မြှုပ်နေချိန် ကူညီကယ်ဆယ်ရမယ့်အစား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာတွေကိုပဲ အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင်ရေဘေးသွားလှူမယ့်၊

  • 14 авг.3из PeopleSpring

    (ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

  • ဩဂုတ် ၁၄၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၁၄ရက် ညပိုင်း ၇နာရီခွဲဝန်းကျင်မှာ KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာကို စစ်တပ် တိုက်လေယာဉ်ပျံသန်းခြိမ်းခြောက်ခဲ့ပြီးနောက် KIA တပ်မဟာ(၆) တပ်ရင်း(၉) နယ်မြေကို လေကြောင်း တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ “KIA တပ်ရင်း(၉)နယ်မြေမှာတော့ ဗုံးကြဲသွားပြီလို့ ကနဦးသိရှိရပါတယ်။  ဒီ တပ်ရင်း(၉)ဟာဆိုရင် KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေလည်းဟုတ်ပါတယ်။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံခြုံရေးယူထားတဲ့ တပ်ရင်းလို့လည်းပြောလို့ရပါတယ်။ အဓိကတော့ ရှမ်းမြောက်မှာရှိနေတဲ့ KIA တပ်ဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရင် လေကြောင်းကနေ ဖိအားစတင်ပေးလိုက်ပြီလို့ ရှုမြင်ပါတယ်။” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ရှမ်းမြောက်ရှိ KIA တပ်စခန်းတွေနဲ့ KIA ထိန်းချုပ်ဒေသက ပြည်သူလူထုတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ပြီး  လေကြောင်းဖိအားပေးတာတွေ ဆက်လက်လုပ်ဆောင်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။ စစ်တပ်ဟာ ရှမ်းမြောက်မှာ တရုတ်အကူအညီနဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ကို အပစ်ရပ်ထားရာ  KIA တပ်ဖွဲ့သာ ကျန်ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ တဖက်မှာလည်း KIA ဟာ ကချင်ပြည်နယ်နဲ့ ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်လျက်ရှိပါတယ်။ “စစ်ရေးနိုင်ငံရေး ရှုံးနိမ့်နေတဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့စစ်တပ်ကတော့ သူ့ဘက်ကတော့ စစ်ရေးအရ ရှုံးနိမ့်လာပြီဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေ ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်လာနိုင်ခြေရှိတဲ့အတွက်ကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းသတင်းတွေကို ဒေသခံ ပြည်သူလူထုတွေရော တော်လှန်ရေးတပ်ဖွဲ့တွေရော အချိန်နဲ့ တပြေးညီသတိပြုနေထိုင်ဖို့လိုပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေတွေကိုလည်း လေကြောင်း တိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်။  ရက္ခိုင်နဲ့ မကွေး၊ ရက္ခိုင်နဲ့ ဧရာ၀တီ၊ ရက္ခိုင်နဲ့ ပဲခူးအစပ်ဒေသတွေမှာ တိုက်ပွဲပြင်းထန်နေပြီး လတ်တလော ဧရာ၀တီ-ရက္ခိုင်အစပ်တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာလျက်ရှိပါတယ်။ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ AA ထိန်းချုပ်ထားတဲ့ သံတွဲ၊ ဂွ၊ အမ်းမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။ စစ်တပ်ဟာ ကိုးကန့်၊ တအာင်းတပ်တွေနဲ့ အပစ်ရပ်စဲခြင်းမပြုမီကလည်း တအာင်းတပ်ထိန်းချုပ်ရာ မြို့ရွာတွေ၊ ကိုးကန့်တပ်ထိန်းချုပ်ရာမြို့ရွာတွေကို လေကြောင်းစစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်ပြီး အရပ်သား ပြည်သူအများအပြားသေဆုံးထိခိုက်စေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ # People`s Spring

  • 14 авг.7из khitthitnews

    без подписи

  • 👉 အေးချမ်းချင်ကြပြီလား...? လက်ရှိပြည်သူ့တော်လှန်ရေးသည် အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ် သဖြင့် တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြပါရန် NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန တိုက်တွန်းလိုက်သည်။ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း ၃၆၀ ကျော်ကို ထောက်ပံ့မှုပေးနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်အသိပေးရာတွင် တိုက်တွန်းထား ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည့်အချိန်မှ စတင်၍ ၃၈ ကြိမ်အထိ ပေးအပ်ခဲ့ပြီး တစ် ကြိမ်လျှင် ပျမ်းမျှအားဖြင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၀.၉၆ သန်း ခန့် သုံးစွဲခဲ့ကြောင်း၊ ထိုသို့ထောက် ပံ့ရာတွင် နိုင်ငံနှင့်တဝှမ်း ဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊တပ် ဖွဲ့၊ စစ်ကြောင်း ၃၆၀ ကျော်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့မှုကို ၂၀၂၆ ခုနှစ်မှ စတင်၍ တပ်ရင်း ထောက်ပံ့မှု တစ်ကြိမ်လျှင် ခန့်မှန်းအမေရိကန် ဒေါ်လာ ၁.၃ သန်းခန့်အထိ တိုးမြှင့် ထောက်ပံ့လျက်ရှိကြောင်း၊ ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေး တပ်ရင်း၊ အဖွဲ့ များကိုလည်း ၃၆ ကြိမ်မြောက်မှ စတင်၍ တိုးချဲ့ ထောက်ပံ့ လျက်ရှိကြောင်း သိရသည်။ ယနေ့အချိန်အထိ သုံးစွဲခဲ့သည့် တပ်ရင်းထောက်ပံ့စရိတ်များ၏ ၈၅ ရာခိုင်နှုန်းကျော် ခန့်မှန်း အမေရိ ကန်ဒေါ်လာ သန်း ၃၀ ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်၏ ၄၆ လ တာ အ တွင်း (၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ) ကောက်ခံရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နှုတ်၍ သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း အသိပေးထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်သည့် အချိန်မှ ယနေ့တိုင် ခိုင်မာသော သန္နိဋ္ဌာန်၊ ပြတ်သားသော ယုံကြည်ချက်တို့ဖြင့် တာဝန်ထမ်းဆောင် ခဲ့ကြသူ တစ်ဦးချင်းစီကို အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ဆက်လက် အသိပေးထားသည်။ လက်ရှိပြည်သူ့တော်လှန်ရေးသည် အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံး၏ စုပေါင်း အင်အားဖြင့်သာ မလွဲဧကန် အောင်ပွဲရရှိမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်နှင့်တကွ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်းစဥ်များတွင် မိမိတို့ တတ်စွမ်းသမျှ အင်တိုက် အားတိုက် ပါဝင်ပူးပေါင်းပေးကြပါရန် အထူးတိုက်တွန်း နှိုးဆော်ထားသည်။ # ခေါတ်သစ်သတင်းမှ *ပြည်သူ့သတင်းစကား* 14.8.26

  • 14 авг.5из PeopleSpring

    без подписи

  • 😁ဘယ်သူယုံမှာလဲ? 😁 လူသတ်ပြည်ဖျက်စစ်တပ်စကား ဘယ်လူတွေက ယုံမှာလဲ...? ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။ စစ်တပ် ဝါဒဖြန့် ချန်နယ်တွေမှာ PDF ဇိုလဲန်း တပ်ဖွဲ့ဝင် ၇ဦး လက်နက်တွေနဲ့အတူ စစ်တပ်ထံ အလင်းဝင်လာတယ်လို့ ရေးသားဖော်ပြကြတဲ့အပေါ် ကိုဂိဒွန်က အခုလို ပြောပြတာပါ။ အခုလို အလင်းဝင်တယ်ဆိုတာ စစ်တပ်ရဲ့  ဝါဒဖြန့်မှု သပ်သပ်သာဖြစ်တယ်လို့လည်း ကိုဂိဒွန်က ပြောပါတယ်။ PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ဦးစီးချုပ် ကိုဂိဒွန်ဟာ လည်း လက်ရှိမှာ ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။ # People`s Spring *ပြည်သူ့သတင်းစကား* 14.8.26

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 14 авг.5из PeopleSpring

    ဩဂုတ် ၁၂ ရက်တိုက်ပွဲ​တွေမှာ စစ်တပ်ထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေနဲ့အ​လောင်းအချို့ ။ဓါတ်ပုံ-AA Infodesk

  • ရေကြည်နဲ့သာ​ပေါင်းမှာတိုက်ပွဲပြင်းထန် စစ်တပ်စစ်​ကြောင်း​တွေတပ်လန်ဆုတ်​ပြေး ■AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့ အ​လောင်း​တွေသိမ်းရ သြဂုတ်-၁၃၊၂၀၂၆ ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ် နဲ့ သာပေါင်းမြို့နယ်တို့မှာ သြဂုတ် ၁၂ ရက်​နေ့မှာ ​နေရာငါး​နေရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်စစ်​ကြောင်း​တွေတပ်လန်ကျသွား လက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်​တော်ကထုတ်ပြန်ပါတယ် ။ # People`s Spring

  • 14 авг.7из PeopleSpring

    စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲမှာ တပ်မ (၃၃)လက်​အောက်ခံ စစ်တပ်စစ်​ကြောင်းက​သေဆုံးစစ်သား​တွေဆီက သိမ်းဆည်းရရှိတဲ့ စစ်အသုံးအ​ဆောင်ပစ္စည်း​တွေ

  • 🤮အ မင်္ဂလာ ၃၃ 🤮 စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုး စစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေ တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။ စစ်ကိုင်းမြို့မှာ အ​ခြေစိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်မ(၃၃ ) ​အောက်မှာ ခလရ(၄)၊ခလရ(၁၁)၊ခလရ(၄၂)၊ခလရ(၇)၊ခမရ(၁၁)၊ ခမရ(၁၂)၊ခမရ(၁၃)၊ခမရ(၁၁၆)ခမရ(၁၁၉)၊ ခမရ(၁၁၁) စတဲ့တပ်ရင်း(၁၀)ရင်းရှိပါတယ်။ အဲဒီတပ်တွေအားလုံးပြီးခဲ့တဲ့ဇူလိုင်လမှာ စစ်ကိုင်း၊ကချင်နယ်စပ်ရှေ့တန်းတိုက်ပွဲ တွေက နေ နောက်တန်းတပ်ရင်းကိုပြန်လာခဲ့ကြပါတယ်။အဲဒီတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်းကမြို့နယ်တွေနဲ့ မန္တလေးတိုင်းကပုသိမ်ကြီးမြို့ နယ်တို့မှာ အ ခြေစိုက်ထားတာပါ။အဆိုပါစစ်​ကြောင်း​တွေဟာ စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်တိုက်ပွဲ​တွေမှာ ​သေဆုံးဒဏ်ရာရသူ​တွေများခဲ့သလိုပြန်ဆုတ်စဥ်မှာ ရပ်ရွာ​တွေထဲက​ရေ​တွေကို အဆိပ်ခတ်သွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။ အဆိုပါတပ်ရင်းတွေအခြေစိုက်ထားတဲ့ မန္တ လေးတိုင်းကပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းအပါအဝင် စစ်ကိုင်းတိုင်းကမြို့နယ်အများ စုမှာ ရေ ဘေးသင့်ကာပြည်သူ ၂၅ ဦးခန့် သေဆုံးခဲ့တာပါ။ ဒါ​ပေမယ့် တပ်မ(၃၃)ရဲ့ လက်အောက်ခံတပ်ရင်း တွေဟာ​ရေ​ဘေး ကူညီ‌‌ကယ်‌ဆယ်ရေးမလုပ်ဘဲ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ပညာမွမ်းမံ သင် တန်း ဆိုပြီး သင်တန်း တွေပေး နေတာလို့ စစ်တပ်နဲ့ နီးစပ်သူ​တွေက​ပြောပါတယ်။ "အစကသင်တန်းပေးဖို့အစီစဉ်မရှိဘူးထင်တယ်။ရေဘေးတွေဖြစ်တော့မှရုတ်တရက်ကြီး သင်တန်းတွေတက်နေရတာ။အရာရှိတွေပါ မွမ်းမံသင်တန်းတက်နေရတယ်"လို့ စစ် တပ်မိသားစုဝင်တဦးကပြောပါတယ်။ အာရက္ခတပ်​တော်က ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ​ကျောက်ဖြူ ၊စစ်​တွေ ၊မာန်​အောင် မြို့နယ်တို့မှအပ ကျန် ၁၄ မြို့နယ်စလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါအပြင် အခုအခါ AA က သိမ်းဖို့ကျန်​နေတဲ့ စစ်​​တွေ နဲ့ ​ကျောက်ဖြူက စစ်တပ်စခန်း​တွေ၊တပ်ရင်း​​တွေ ၊ဌာနချုပ်​တွေကိုပါ သိမ်းပိုက်ဖို့ ထိုးစစ်ဆင်​နေပါတယ် ။ စစ်တပ်ကရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်​တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ​ဒေသချင်းဆက်စပ်​နေတဲ့ မ​ကွေး ၊ပဲခူး ၊ဧရာဝတီ ၊ချင်းပြည်နယ်​တွေက​နေ တန်ပြန်ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုး စားခဲ့​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေပျက်ပြီး ​ရှေ့မတိုးနိုင်ဘဲတပ်လန်ကျ​နေတာဖြစ်ပါတယ် ။ ​ကျောက်ဖြူနဲ့စစ်​တွေမှာလည်း တန် ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့စစ်တပ်စစ်​ကြောင်း​​တွေ အထိနာ​ပြီး​ရှေ့မတိုးနိုင်ပါဘူး။ ဒါ​ပေမယ့် စစ်တပ်က ရခိုင်ပြည်နယ် နဲ့ ဆက်စပ်​ဒေသ တပ်အ​ပြောင်းအလဲလုပ်လို့ပြန်​ရောက်တဲ့စစ်​ကြောင်း​တွေကို ​အောင်ပွဲရစစ်သား​တွေကို ကြိုဆိုတယ်ဆိုပြီး မကြာ ခဏဝါဒဖြန့်​နေပါတယ် ။ စစ်ကိုင်းတိုင်းမှာရေဘေးကူညီရေးမလုပ်တဲ့ စစ်အုပ်စုဟာ ကူညီရေး သွားတဲ့ မန္တလေး မြို့ကပြည်သူတွေကိုစစ်ကိုင်းတံတားကနေ ပြန်လွှတ်ခဲ့သလိုအဖွဲ့အစည်းတွေကိုလည်းရုံချုပ် အထိစစ်ဆေးတာတွေပြုလုပ် နေတယ်လို့ စုံစမ်းသိရပါတယ်။ စစ်ကိုင်းတိုင်းမှာ​ရေ​ဘေးသင့်ပြည်သူနှစ်သိန်း​​ကျော်ရှိပြီး ​ရေ​ဘေး​ကြောင့် ​ကယ်ဆယ်​ရေးလုပ်​နေတဲ့ တော်လှန်​ရေးရဲ​ဘော်အချို့အပါ အဝင် ၂၀ ​ကျော်​သေဆုံးခဲ့ပါတယ် ။ စစ်ကိုင်းတိုင်းကရေဘေးသင့်မြို့နယ် ၁၇ မြို့ နယ်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့ကအရေးပေါ်တုန့်ပြန်ဆောင်ရွက် ရေးပူး ပေါင်း ကော်မတီကိုဖွဲ့စည်းကာ ကယ်ဆယ် ရေးလုပ်ငန်း တွေဆက်တိုက်ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ NUG လက်​အောက်ခံ ပသုံးလုံးနဲ့ PDF တွေ ၊သပိတ်အဖွဲ့​​တွေ ၊စစ်​ဘေး​ရှောင်ကူညီ​ပေး​နေတဲ့လူမှု​ရေးအသင်းအဖွဲ့​တွေ ၊​ဒေသခံ​တွေက ​အ​ရေး​ပေါ်ကယ်ဆယ်​ရေးကို ဝိုင်းဝန်းလုပ်​​နေကြပါတယ်။စစ်တပ်က စစ်တပ်လက်​အောက်ခံပျူ​စောထီးရွာအချို့ကိုသာကူညီတာရှိပြီး ​ရေ​ဘေးသင့် ​ဒေသ​တွေကိုပါ ဗုံးကြဲတိုက်ခိုက်တာ​တွေလုပ်​နေပါတယ် ။ # People`s Spring *ပြည်သူ့သတင်းစကား* 14.8.26

  • 14 авг.5из PeopleSpring

    (ကရင့်အာဇာနည်နေ့အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား။ ဓာတ်ပုံ − KNU)

  • 👍 မှန်ကန်သောလမ်းကြောင်း လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး  စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။ KNU မြိတ်ထားဝယ်ခရိုင်မှာ ဩဂုတ် ၁၂ရက်က ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး ပဒိုစောအယ်နားကို ဆက်သွယ်မေးမြန်းရာ အသက်ပေးလှူခဲ့ကြတဲ့  အာဇာနည်တွေကို  ဂုဏ်ပြုကြောင်း ပြောကြားကာ အထက်ပါအတိုင်း အသိပေးခဲ့တာပါ။ # People`s Spring *ပြည်သူ့သတင်းစကား* 14.8.26