tgindex
Moe Thit

သတင်းပေါင်းစုံတင်ပေးသည်။စစ်မှန်သောသတင်းများလည်းဖြစ်သည်။ပြည်ဖျက်ဝါဒဆန့်ကျင်ကြ

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
10
Всего постов
33
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
2 152
−6 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
461
33 постов
Вовлечённость
21,4%
к подписчикам
Постов в день
1,4
всего 33
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
92
1/48двое суток
105
1/72трое суток
113

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ■ ယာဉ်အပိုပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာသည့်အတွက် စက်တင်ဘာ ၁ ရက်မှ စတင်ကာ YBS ယာဉ်စီးခနှုန်းထား ၂၀၀ ကျပ် ကောက်ခံမှုအစား ၃၀၀ ကျပ်သို့လည်းကောင်း ၊ ၄၀၀ ကျပ် ကောက်ခံမှုအစား ၆၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည် ယာဉ်အပိုပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာသည့်အတွက် စက်တင်ဘာ ၁ ရက်မှ စတင်ကာ YBS ယာဉ်စီးခနှုန်းထား  လက်ရှိ ၂၀၀ ကျပ် ကောက်ခံမှုအစား ၃၀၀ ကျပ်သို့လည်းကောင်း ၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံမှုအစား ၆၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ထံက သိရသည်။ ထို့အတူ YPS ကတ်များကိုလည်း အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံသွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနှင့် သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ YRTC ၏ ကြီးကြပ်မှုအောက်ရှိ YBS  အများပိုင်ကုမ္ပဏီ(၂၁)ခုမှ စာရင်းရှိယာဉ်စီးရေ (၅၃၉၉)စီး ရှိသည့်ထဲမှ တစ်ရက်ပြေးဆွဲနိုင်သည့် ယာဉ်စီးရေမှာ (၃၃၀၀) စီးခန့်သာရှိပြီး အသေးစားပြုပြင်ယာဉ် (၁၀၂၄) စီး၊ အလတ်စားပြုပြင်ယာဉ် (၂၀၉) စီး၊ အကြီးစားပြုပြင်ယာဉ် (၅၁၀) စီးနဲ့ အခြား ပြေးဆွဲနိုင်ခြင်းမရှိယာဉ် (၃၅၆) စီးခန့်ရှိနေသည့်အတွက် လက်ရှိပြုပြင်ဆဲယာဉ်များ၏ ယာဉ်အပိုပစ္စည်းေစျးနှုန်းကြီးမြင့်သော်လည်း ဝယ်ယူပြုပြင်ဆောင်ရွက်ရာတွင် အထိုက်အလျောက်အဆင်ပြေစေ‌ရေးအတွက် ယာဉ်စီးခနှုန်းထားများကို ထိုက်သင့်သရွေ့တိုးမြှင့်ပေးရန် YUPT နှင့် YBPC Co., Ltd တို့က YRTC ထံတင်ပြခဲ့ကြောင်း သိရသည်။ “ YBS ယာဉ်စီးရေတိုးမြှင့်ထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် ကုမ္ပဏီအတွင်းရှိပြုပြင်ဆဲယာဉ်တွေ အမြန်ဆုံး ပြုပြင်ဆောင်ရွက်မှသာလျှင် ခရီးသွားပြည်သူတွေအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်ပြီး ယာဉ်တွေပြုပြင်ရာမှာလည်း ယာဉ်အပိုပစ္စည်းဆက်စပ်ပစ္စည်းတွေကို ဝယ်ယူမှုစျေးနှုန်းမြင့်မားခြင်းနဲ့ ဝင်ငွေ/ထွက်ငွေ မမျှတခြင်းတို့ကို ကုစားနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ ယာဉ်စီးခနှုန်းထားကို ပြန်လည်သတ်မှတ်နိုင်မှသာ YBS ယာဉ်လိုင်းကုမ္ပဏီတွေအတွက် အထိုက်အလျှောက် အဆင်ပြေစေမှာဖြစ်တဲ့အပြင် ခရီးသည်တွေအတွက်လည်း ယာဉ်စီးနင်းရာမှာ အခက်အခဲမရှိ ပြေလည်စေနိုင်မှာ ဖြစ်ကြောင်းကို တွေ့ရှိရတဲ့အတွက် Win-Win ဖြစ်စေဖို့- ဝန်ထုပ်ဝန်ပိုးမဖြစ်စေ တဲ့နှုန်းထားဖြစ်တဲ့ လက်ရှိ ငွေကျပ် (၂၀၀) ကောက်ခံမှုအစား ငွေကျပ် (၃၀၀) သို့လည်းကောင်း ၊ လက်ရှိ ငွေကျပ် (၄၀၀) ကောက်ခံမှုအစား ငွေကျပ်(၆၀၀) သို့လည်းကောင်း တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံသွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနဲ့ ယာဉ်စီးခတိုးမြှင့် ကောက်ခံမှုကို - ၁-၉-၂၀၂၆ ရက်နေ့မှ စတင် ပြောင်းလဲသွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိစေရန် အသိပေးအပ်ပါတယ်ခင်ဗျာ” ဟု YRTC ၏ အသိပေးကြေညာချက်တွင် ဖော်ပြပါရှိသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုအောက်ရှိ YBS ယာဉ်လိုင်းများမှ ခရီးသည်တင်မော်တော်ယာဉ် (၃၃၀၀ )စီးခန့်မှ ခရီးသွားပြည်သူ (၁.၈) သန်းကို နေ့စဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး YBS စီးနင်းသည့် ခရီးသည်များပိုမိုများပြားလာသည့် အတွက်ကြောင့် မှတ်တိုင်များတွင် ခရီးသည်စုပုံခြင်း၊ YBS ယာဉ်များပေါ် ပြည့်ကျပ်စွာ စီးနင်းနေရပြီး စီးနင်းခရီးသည်နဲ့ပြေးဆွဲယာဉ်စီးရေ လောက်ငှမှုမရှိကြောင်းကို တွေ့ရှိရသည့်အတွက် YRTC အနေဖြင့် YBS ခရီးသည်တင်ယာဉ်စီးရေတိုးမြှင့်ထွက်ရှိရေးကို အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ၊ အသေးစား၊ အလတ်စား ပြုပြင်ဆောင်ရွက်နေတဲ့ YBS ယာဉ်တွေကို အမြန်ဆုံးပြုပြင်ကာ ယာဉ်စီးရေ ပိုမိုထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် YBS အများပိုင်ကုမ္ပဏီများကို စိစစ် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း YRTC ကဆိုသည်။ Eleven

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 14 авг.1256из pyithusitt

    အိမ်ပြန်ကြပြီ… မိသားစုတွေနဲ့ ပြန်ဆုံကြပြီ 🇲🇲 ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၄) က နိုင်ငံ့သားကောင်းရတနာ ညီငယ်လေးတွေ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ပြီး အခုတော့အိမ်ပြန်ကြပါပြီ။ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ကြတဲ့အချိန်မှာ မိဘတွေရဲ့ ဝမ်းသာမှု၊ မိသားစုဝင်တွေရဲ့ ကြည်နူးမှုတွေနဲ့ ပြည်သူတွေရဲ့ ဂုဏ်ယူစွာ ကြိုဆိုမှုတွေက တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။ နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ လူငယ်တွေအားလုံးကို ဂုဏ်ယူစွာ ကြိုဆိုလိုက်ပါတယ်။ 🇲🇲 #pms

  • 4 авг.583171

    သြဂုတ် ၄ ပြည်သူတွေကို ဗုံးကြဲတယ်ဆိုတဲ့ကိစ္စပြောမှဖြစ်တော့မယ်။ တစ်ရက် တစ်ရက် ဒါပဲတွေ့နေရလို့ စစ်တပ်က ပြည်သူတွေကို ဗုံးကြဲတာဆိုရင်... မော်လမြိုင်မှာ ဘာလို့မကြဲတာလဲ❓ ဘားအံဘာလို့မကြဲတာလဲ ❓သထုံ" ဘီးလင်း " ကျိုက်ထို" ဝေါ" ပဲခူး" သနပ္ပင်"ကဝ" ရန်ကုန်" ဒလ " ပုသိမ်"မြောင်းမြ" ဘာလို့မကြဲတာလဲ ❓ နေပြည်တော်"မိတ္ထီလာ "သာစည် "မန်းလေး" ဘာလို့မကြဲတာလဲ❓ အဲ့ဒေသမှာ နေတဲ့ လူတွေက ပြည်သူတွေမဟုတ်ဘူးလား။ ပြည်သူကို ကြဲတယ်ဆိုရင် သူတို့ကိုလည်းကြဲရမှာ မဟုတ်ဘူးလား။ ကော့ကရိတ်"မြို့ ဘာကြောင့်ပျက်လဲ ကရင်ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲ လုပ်တော့ ။ ဗုံးကြဲတယ် လက်နက်ကြီးထိတယ်။ ဒေသခံတွေလည်း ထိတယ်။အဲ့တာကြောင့် ကရင်တွေ နောက်ထက်ကော့ကရိတ်မြို့ သိမ်းတိုက်ပွဲမလုပ်တော့ဘူး။ ဗန်းမော်"ဘာကြောင့်ပျက်လဲ ကသာ"ဘာကြောင့်ပျက်လဲ ပြောစရာလိုမယ် မထင်တော့ပါ။ အဲ့ဓိက အဲ့ဒေသမှာ လက်နက်ကိုင် သောင်းကျန်းသူမရှိရင် ဗုံးကြဲစရာမလိုဘူး မြို့ပေါ်ကလူတွေကတော့ ပွဲလမ်းသဘင်တွေနဲ့ ပျော်လို့ပါးလို့ငါတို့အညာက ဗုံးကြဲခံရတယ် မီးရှို့ခံရတယ်၊မှန်တယ်လေ။ ၁၉၄၈ ကစပြီး ၂၀၂၁ အထိ အညာသားတွေ လက်နက်မကိုင်ခင်က။ စစ်တပ်က ဗုံးတစ်လုံးလာကြဲဖူးလား ကျည်တစ်တောင့် လာပစ်ဖူးလား အေးအေးဆေးဆေး နေခဲ့တဲ့ပြည်သူကအေးအေးချမ်းချမ်း နေလို့ရခဲ့တာပဲ မဟုတ်လား။ အာဏာသိမ်းလို့ ဆိုပြီး ပြောစရာရှိမယ်။ ၁၉၆၂ တုန်းက အညာသားတွေ မရှိဘူးလား ၈၈တုန်းက အညာသားတွေ မရှိလို့လား ၂၀၂၁မှာ မေမေ ဆိုတဲ့ပုဂ္ဂိုလ်စွဲနဲ့ ပါတီနိုင်ငံရေးသမားတွေပုံစံခွက်ထဲ ဆွဲခေါ်ခံရလို့ အညာပျက်ရတာ။ အညာသားတွေ ကြိုးကိုင် နဖားအထိုးခံရလို့ အညာပျက်ရတာ။ အညာကို ဖျက်စီးတာ အညာသားတွေပဲ။ ကိုယ့်ဘာသာ ထန်းတက် မြေပဲစိုက် ကြက်သွန် စိုက်ပြီး အေးအေးချမ်းချမ်း လုပ်ကိုင်းစားလို့ ရနေတာကို။လက်သုံးချောင်းထောင်ပြီး လက်နက်ကိုင်ခဲ့ကြတာကို အခုအာဏာရူးပြီး အချင်းချင်း ပြန်လန်ကြုပ် ဆက်ကြေးကောက်။ ဘယ်နားမှာ ကောင်းကျိုးရှိလဲ။ လက်နက်ကိုင်သူ မရှိရင် တိုက်ပွဲဆိုတာဖြစ်မလာဘူး။ ပြည်သူတွေတောင်လက်နက်ကိုင်ရှိတဲ့ဒေသကို စွန့်ခွာကြပြီး စစ်ဘေးရှောင်ရင်လက်နက်ကိုင်သူပုန် မရှိတဲ့ ရန်ကုန်" ပဲခူး" ကျိုက်ထို" မော်လမြိုင်" မန်းတလေး" မိတ္ထီလာ" နေပြည်တော် ဘက်တွေမှာပဲ စစ်လာရှောင်ကြတယ်။ စစ်တပ်က ရုပ်မာရင် စစ်တပ်ရှိတဲ့ နေရာ ဘာလို့ လာရှောင်မှာလဲ။ PDF ရှိတဲ့ ‌နေရာ သွားရှောင်မှာပေါ့။ ရခိုင်တွေတောင် AA အရိပ်မခိုပဲ ရန်ကုန်မှာ လာခိုနေတာ အများကြီးပဲ။ Crd

  • ◾"သာမန်လူတစ်ယောက်"သည် "သေမည့်အချိန်" နီးကပ်လာသောအခါ- -စိုးရိမ်ပူပန်ခြင်း၊ -လွန်ကဲစွာကြောက်ရွံ့ခြင်း၊ ကြောက်မက်ဖွယ်ကောင်းသော၊ "ဘဝ သင်္ခါရတစ်ခု"သည် မျက်နှာပြင်သို့ တက်လာသည်။ ထိုအတိုင်းပင်- -ဝမ်းနည်းခြင်း၊ -စိတ်ဆင်းရဲခြင်း၊ -စိတ်ဓာတ်ကျခြင်းနှင့် အခြားခံစားမှုများသည် "ချစ်ခင်ရသူများနှင့် ကွဲကွာရမည်"ကို စဉ်းစားမိသဖြင့် သက်ဆိုင်သော "သင်္ခါရ"က စိတ်ကို ကြီးစိုးလာသည်။ "ဝိပဿနာကျင့်သူတစ်ဦး" ဆိုပါမူ- "ဝေဒနာများ"ကို "ဥပေက္ခာနှင့် ရှုခြင်း"ဖြင့် "အကုသိုလ် သင်္ခါရများ"ကို အားနည်းစေပြီး  သေခါနီးအချိန်တွင် မပေါ်လာတော့ပေ။ "သေခြင်းကို အမှန်တကယ် ပြင်ဆင်ပုံ"မှာ- "စိတ်နှင့်ကိုယ်"ပေါ်တွင် ပေါ်လာသော "ဝေဒနာများ"ကို "ဥပေက္ခာ"ကျကျ -အဖန်တလဲလဲ ရှုခြင်း၊ -"အနိစ္စ"ကို နားလည်နေခြင်း ပင် ဖြစ်သည်။ သေဆုံးသည့်ခဏတွင်- "အားကောင်းသော ဥပေက္ခာနှင့် ရှုနေတတ်သည့် အကျင့်"သည်၊ သူ့ဘာသာ ပေါ်လာပြီး၊ "ရထား"သည် နောက်ဘဝတွင် "ဝိပဿနာ"ဆက်လက်၍ ကျင့်နိုင်သော "ရထားလမ်းကြောင်း"သို့ပြောင်းသွားလိမ့်မည်။ ဤနည်းဖြင့် မိမိသည်- "အောက်ဘုံများ"သို့ မရောက်ပဲ၊ "မြင့်သောဘုံများ"သို့ ရောက်ရှိပါလိမ့်မည်။ "ဝိပဿနာ"သည် "အောက်ဘုံများ"၌ ကျင့်လို့မရပါ။ ဤကိစ္စ အလွန်အရေးကြီးပါသည်။ တစ်ခါတစ်ရံ- "တရားမရှုမှတ်သူများ"သည်လည်း "ကောင်းသော ပြန်လည် မွေးဖွားခြင်း"ကို ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော်- -သူ၏ရက်ရောမှု၊ -သီလပြည့်စုံမှုနှင့် -အခြားကောင်းမွန်သော အရည်အချင်းများ ရှိသူသည် သေခါနီး တွင် "ကောင်းသောသင်္ခါရများ" ထွက်လာ၍ ဖြစ်သည်။ သို့သော်- "အခြေခိုင်သော ဝိပဿနာတရားသမား"၏ ရလာဒ်သည် "မိမိ ဝိပဿနာ တရားကို ဆက်လက်အားထုတ်နိုင်သည့် နေရာ"သို့ ရောက်သွားသည်။ ဤနည်းအားဖြင့်- "စုဆောင်းထားသော ဘဝသင်္ခါရများ"ကို တဖြည်းဖြည်း နည်းပါးသွားစေပြီး "ဘဝဖြစ်စဉ်" တိုတို လာကာ၊ "လွတ် မြောက်မှုပန်းတိုင်"ကို အမြန်ရောက်ရှိပါလိမ့်မည်။ ဤဘဝ၌ "ဓမ္မနှင့် ထိတွေ့ရခြင်း"မှာ "အတိတ်က ကုသိုလ်ကောင်းမှု"ကို ပြုလုပ်ခဲ့၍ ဖြစ်သည်။ ဤလူ့ဘဝကို အကျိုးရှိစေရန် "ဝိပဿနာ"ကို ကျင့်ကြပါ။ ထိုသို့ကျင့်ပါလျှင်- "သေမင်း"လာသည့်အခါဝယ် "စိတ်"သည် "ဥပေက္ခာ"နှင့်အတိပြီး၍၊ ကောင်းမွန်သောအနာဂတ်အတွက် စိတ်ချသေချာပါလိမ့်မည်။ "ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ" [Mr. Satya Narayan Goenka.]

  • ပလောင်တို့နှင့် တွေ့ဆုံခြင်း အစိုးရသစ် ငြိမ်းချမ်းရေး ရက် ၁၀၀ ခရီးစဉ်အတွက် ဒီနေ့ နောက်ထပ် အားရစရာ တစ်ခုထပ်သိရတယ်။ ဘာလဲဆိုတော့ ... ၁၀၂၇ အပြီး တပ်မတော်နဲ့ ယာယီ အပစ်ရပ်ထားတဲ့ TNLA ခေါ် ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး က ငြိမ်းချမ်းရေးအတွက် NSPNC နဲ့ ပထမဆုံး နေပြည်တော်မှာ လာရောက်တွေ့ဆုံ တယ်တဲ့။ ================== အရင် တပ် နဲ့ အပစ်ရပ်ထားရုံ ရပ်ထားရာကနေ ခုလိုမျိုး နေပြည်တော်ထိ လာရောက်တွေ့ဆုံတယ်ဆိုတာက လွယ်လွယ်နဲ့ဖြစ်လာတာတော့မဟုတ်ဘူး။ ဒီကြားထဲမှာ NSPNC အနေနဲ့ ယုံကြည်မှုများစွာ တည်ဆောက်ခဲ့ရမယ်လို့ထင် တယ်။ ================== ပြောမဲ့သာပြောတာ NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းနိုင် ဆိုတာ TNLA နဲ့ ခုမှ တွေ့ရတာမှမဟုတ်ပဲ။ ယခင် တိုက်ပွဲပြင်းထန်နေချိန်မှာ ဟိုင်ဂင် မှာ တွေ့ခဲ့ဖူးကြသေးတယ်။ အဲ့တုန်းကတောင် သူ ပြောခဲ့တဲ့ စကားကို အစအဆုံး မဖော်ပြပဲ လိုတဲ့အပိုင်းလေးပဲ ကွက်ဖော်ပြခဲ့ဖူးသေးတယ်မဟုတ်လား။ ================== ထားပါ ... ပြီးခဲ့တာတွေ ပြန်ပြောနေလို့လဲ ဘာမှမထူးပါဘူး။ ဆက်ရမယ်ဆိုရင် ... TNLA ဘက်က ဒုတိယဉက္ကဌ (၁) တာဂျုတ်ဂျား ဦးစီးပြီး လာတယ်။ သူနဲ့အတူ TNLA ရဲ့ ဌာနမှူးတွေပါလာတယ်။ ပြောရမယ်ဆိုရင်တော့ NSPNC နဲ့တွေ့ဖို့အတွက် TNLA ရဲ့ သဘောထားက ကောင်းတယ်လို့ပြောရမယ်။ ဆုံးဖြတ်ပေးနိုင်မဲ့လူတွေ အတော်များများပါလာတယ်။ ================== အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ကော်မတီ ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နဲ့ အဖွဲ့ဝင်တွေတက်ကြတယ်။ ထုံးစံအတိုင်း NSPNC ဘက်ကတော့ ငြိမ်းချမ်းရေး အတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ စကားဖွင့်ပေးပြီး ဆွေးနွေးပွဲကို စတယ်။ ================== TNLA ဒုတိယဉက္ကဌ(၁) တာဂျုတ်ဂျား ကတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့ စကားစဖွင့်တယ်။ လက်ရှိ တိုက်ပွဲတွေရပ်တန့်ပြီး ပြည်သူလူထု အနေနဲ့ အေးချမ်းမှုစတင်ရရှိလာရာကနေ ယနေ့ ငြိမ်းချမ်းရေး အတွက် အပြုသဘောဆောင်တဲ့ ရလာဒ်ထွက်ပေါ်မည်လို့ ယူဆပါကြောင်း ဆက် ဆွေးနွေးတယ်။ ================== သီးခြားအနေနဲ့တော့ အခြား တက်ရောက်လာကြတဲ့ ၂ ဖက် အဖွဲ့တွေအနေနဲ့ ဟိုင်ဂင်သဘောတူညီချက်ကို လေးစားလိုက်နာဖို့၊ လက်ရှိ အပစ်ရပ်ထားတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့၊ ကျန်းမာရေး/ပညာရေး/ဒေသ ဖွံ့ဖြိုးဖို့၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ဖို့ အပြန်အလှန်ဆွေးနွေးခဲ့တယ်။ ================== ပွင့်ပွင့်လင်းလင်းပြောရရင် တအောင်းဒေသခံပြည်သူ တွေ သက်သာချောင်ချိရေးရဖို့ဆိုတာ လက်ရှိ အနေအထားနဲ့မလွယ်ဘူး။ စစ်ဒဏ်ကြောင့် အရှေ့မြောက် လမ်းမကြီး ပိတ်နေတယ်။ ပိတ်တော့ကုန်ဈေးနှုန်း တက်တယ်။ အဲ့အတွက် အစိုးရသစ်ဘက်မှ သဘောထားကြီးမှုနှင့် အကူအညီ လိုအပ်တယ်။ ================= ဆိုတော့ TNLA ဘက်ကတော့ ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှင့် အောက်ခြေအဆင့်ထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့တော့ အလွတ်တမ်းပြန်ဆွေးနွေးသွားတယ်။ ================== နိဂုံးချုပ်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် က ယခင် TNLA နဲ့ တွေ့ဆုံ ခဲ့ရမှု အခြေအနေနဲ့ လက်ရှိအခြေအနေမှသည် တည်တံ့ခိုင်မြဲရေးငြိမ်းချမ်းရေး ကို ဆက်လက်လျှောက်လှမ်းသွားနိုင်ဖို့ ဦးတည်ဆွေးနွေးပြီး ပိတ်သွားတယ်။ ============== အရင်က တိုက်ပွဲတွေဖြစ်ခဲ့တာလဲ ဖြစ်ခဲ့တာပေါ့။ ဒါတွေကို နောက်ကြောင်း ပြန်လှည့်ပြီး ပြောနေလို့လဲ ထူးတော့တာမှမဟုတ်တာ။ အဲ့တော့ ရှေ့ဆက်ပြီး တိုင်းပြည်အတွက် အဖြေရှာတဲ့နေရာမှာ ငြိမ်းချမ်းရေး ရဖို့လိုတယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် “ခွင့်လွှတ်သင့်တာတွေခွင့်လွှတ်ပြီး မေ့ပစ်သင့်တာတွေ မေ့ပစ်ရမယ်” မဟုတ်ဘူးလား .... မင်းထက်ကျော်ဇော

  • “ ဘဝသံသရာကြီးကိုငြီးငွေ့သင့်ပြီ “ ဦးဇင်းတို့ဟာ သစ္စာလေးပါးကိုမသိလို့ သံသရာတွေရှည်ခဲ့ရတယ်၊လည်ခဲ့ရတယ်၊ ဘဝသံသရာရဲ့ဒုက္ခတွေဟာ ဘယ်လောက်အထိရှည်လျားခဲ့သလဲဆိုရင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက- ဒီကမ္ဘာမှာရှိတဲ့သစ်ပင်တွေကိုအကုန်ခုတ်၊ လက်တစ်ဆစ်လောက်အတို/အသေးလေးတွေ ဖြစ်အောင်ဖြတ်တောက်လိုက်ပါတဲ့၊ အဲဒီဖြတ်စလေးတွေတစ်ခုစီယူပြီးရင် ဒီတစ်ခုက ငါ့ရဲ့အမေ၊ ဒီတစ်ခုက ငါ့အမေရဲ့အမေ၊ ဒီတစ်ခုက အမေရဲ့အမေရဲ့အမေဆိုပြီးချပါတဲ့၊ သစ်သားစအတိုလေးတွေသာကုန်သွားမယ်၊ အမေတွေဆိုတာ မကုန်နိုင်ပါဘူးတဲ့။ နောက်တစ်ခါ မဟာပထဝီမြေကြီးအားလုံးကို ဆီးသီးလောက်အလုံးလေးတွေလုံး၊ ပြီးရင် ငါ့အဖေဆိုပြီး တစ်လုံးချ၊ နောက် ငါ့အဖေရဲ့အဖေ၊ နောက် ငါ့အဖေရဲ့အဖေရဲ့အဖေဆိုပြီးချသွားပါ၊ မြေလုံးတွေသာကုန်သွားမယ်၊ အဖေတွေကတော့ မကုန်သေးပါဘူးတဲ့။ နောက်တစ်ခုက သံသရာတစ်လျှောက်မှာ မချစ်မနှစ်သက်သူတွေနဲ့အတူနေရလို့ မျက်ရည်ကျခဲ့ရတာတွေရှိတယ်၊ ချစ်ခင်နှစ်သက်သူတွေနဲ့အတူမနေရလို့ မျက်ရည်ကျခဲ့ရတာတွေရှိတယ်၊ အဲဒီမျက်ရည်တွေကိုစုထားလို့ရမယ်ဆိုရင် သမုဒ္ဒရာလေးစင်းထဲကရေတွေကနည်းပြီး မျက်ရည်တွေက ပိုပြီးများနေလိမ့်မယ်တဲ့။ မြတ်စွာဘုရားပေးတဲ့ နောက်ဥပမာတစ်မျိုးက ဘဝသံသရာတလျှောက်လုံးမှာ အမိရဲ့နို့ရည်တွေကိုသောက်စို့ခဲ့ရတယ်နော်၊ အဲဒီနို့ရည်ကိုစုလိုက်မယ်ဆိုရင်လည်း သမုဒ္ဒရာလေးစင်ထဲကရေထက်များတယ်တဲ့။ ပိုပြီးထိတ်လန့်စရာကောင်းတာက မြတ်စွာဘုရားက- “ ရဟန်းတို့..ရှည်လျားလှတဲ့ဘဝသံသရာမှာ မိမိရဲ့ဦးခေါင်းကိုအဖြတ်ခံရလို့ လည်ပင်းကနေစီးကျခဲ့ရတဲ့သွေးတွေနဲ့ မဟာသမုဒ္ဒရာလေးစင်းကရေဟာ ဘယ်ဟာကများမလဲ “လို့မေးတယ်တဲ့၊ ရဟန်းတော်တွေကလည်း မြတ်စွာဘုရားရဲ့တရားတွေကိုကြားခဲ့ဖူးတော့ လည်ပင်းကကျတဲ့သွေးတွေကသာ ပိုများပါတယ်လို့ဖြေကြတယ်တော့ မြတ်စွာဘုရားက သာဓုခေါ်ပြီးတဲ့အခါ- “ ရဟန်းတို့… ဘဝသံသရာဟာ အဲဒီလောက်ရှည်လျားလွန်းလှတဲ့အတွက် ဘဝသံသရာကြီးကို ငြီးငွေ့ခြင်းငှါ သင့်တယ်တဲ့။ သစ္စာရွှေစည်ဆရာတော်🙏

  • 10 июл.824261из hminewai

    လက်နက်ချဆိုတာကို နားမထောင်တော့ ခုတော့ သေကုန်ပြီ။ ချောက်ဘက်က သတင်းပေး ပြည်သူတွေကလည်းတော်တယ် ။ တိတိကျကျပဲ။ ပြည်သူ့လုံခြုံရေးစနစ် အားကောင်းလာတဲ့ အကျိုးကျေးဇူးပေါ့။ ဒီလိုသာအမြဲသတင်းပေးရင် နယ်မြေမြန်မြန်ငြိမ်းချမ်းမယ်။ မှိုင်းဝေ

  • 3 июл.1 063221

    ဘီလာရုစ်ထုတ် ကျည်ကာထရပ်ကား များကို တပ်မတော် စစ်ကြောင်းများအတွက် အသုံးပြုရန် မြန်မာပြည်တွင်းတွင် တပ်ဆင် ထုတ်လုပ်မည် —- MAZ (Minsk Automobile Plant) သည် ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ (Minsk) တွင် အခြေစိုက်သည့် ကမ္ဘာကျော် အကြီးစား ကုန်တင်ကား၊ ဘတ်စကားနှင့် စစ်သုံးမော်တော်တော်ကား ထုတ်လုပ်ရေး နိုင်ငံပိုင်ကုမ္ပဏီကြီး ဖြစ်သည်။ ၁၉၄၄ ခုနှစ် (ဆိုဗီယက်ခေတ်) ကတည်းက စတင်တည်ထောင်ခဲ့ပြီး ဥရောပအရှေ့ပိုင်းတွင် အကြီးမားဆုံး သော မော်တော်ယာဉ်လုပ်ငန်းစုကြီးတ စ်ခု ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံအကြား ဆွေးနွေးမှုများတွင်ပါဝင်သည့် MAZ ကားများ၏ အဓိကအချက်အလက်များနှင့် ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် - ၁။ အဓိက ထုတ်လုပ်သည့် ယာဉ်အမျိုးအစားများ MAZ အမှတ်တံဆိပ်သည် ကမ္ဘာတစ်ဝန်း မော်တော်ယာဉ်မော်ဒယ် ၅၀၀ ကျော် ထုတ်လုပ်ပြီး အောက်ပါကဏ္ဍ သုံးခုတွင် အဓိက နာမည်ကြီးသည် - အကြီးစား ကုန်တင်ကားများနှင့် မြေသယ်ကားများ (Heavy-duty Trucks & Dump Trucks) - ကြံ့ခိုင်မှု အလွန်ကောင်းမွန်ပြီး ဆောက်လုပ်ရေး၊ သတ္တုတွင်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အဓိကသုံးသည်။ (ဥပမာ- MAZ-5336 သို့မဟုတ် MAZ-6501)။ မြို့ပတ် ဘတ်စကားများနှင့် လျှပ်စစ်ကားများ (Buses & Electrobuses) - အရပ်ဘက် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ခေတ်မီဘတ်စကားများနှင့် နောက်ဆုံးပေါ် MAZ TARGO မော်ဒယ်ကဲ့သို့ စမတ်နည်းပညာသုံး လျှပ်စစ်ဘတ်စကားများကို ထုတ်လုပ်သည်။ အထူးပြုလုပ်ငန်းသုံးနှင့် စစ်ဘက်သုံးယာဉ်များ (Special-Purpose & Military Chassis) - ဆိုဗီယက်ခေတ်ကတည်းက ဒုံးကျည်တင်ဆောင်သည့် စစ်သုံးယာဉ်ကြီးများ (TELs) အတွက် အဓိက ကိုယ်ထည် (Chassis) များ ထုတ်လုပ်ပေးခဲ့ပြီး ရုရှားစစ်တပ်၏ Iskander-M နှင့် S-400 ဒုံးကျည်စနစ်များတွင် MAZ ၏ ကိုယ်ထည်များကို ယနေ့တိုင် အဓိကအားထား အသုံးပြုနေရသည်။ ၂။ MAZ ကားများ၏ အားသာချက် စျေးနှုန်းနှင့် အရည်အသွေး မျှတခြင်း - အနောက်နိုင်ငံထုတ် ကုန်တင်ကားကြီးများနှင့်ယှဉ်လျှင် စျေးနှုန်းအလွန်သက်သာပြီး ရေရှည်ခံနိုင်ရည်ရှိခြင်း။ ပြင်းထန်သော ရာသီဥတု ခံနိုင်ခြင်း - အလွန်အေးလွန်းသည့် ရုရှား ဆိုက်ဘေးရီးယားဒေသမှသည် အလွန်ပူပြင်းသည့် အာဖရိကနှင့် အာရှရာသီဥတုအထိ ကြံ့ကြံ့ခံမောင်းနှင်နိုင်ရန် အင်ဂျင်နှင့် တည်ဆောက်ပုံကို အကြမ်းခံပြုလုပ်ထားခြင်း။ ၃။ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရေး လက်ရှိ ဘီလာရုစ်နှင့် မြန်မာအစိုးရ အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအရ MAZ ကုန်တင်ကားများကို အစိတ်အပိုင်းများအလိုက် မြန်မာနိုင်ငံသို့ တင်သွင်းပြီး ပြည်တွင်း၌ပင် စက်ရုံ တည်ဆောက်ကာ လာရောက်တပ်ဆင် ထုတ်လုပ်ရန် (Assembly Factory) စီမံချက်များ ဆွေးနွေးနေခြင်း ဖြစ်သည်။ အကယ်၍ အကောင်အထည်ဖော်ဖြစ်ပါက မြန်မာ့တပ်မတော် အနေဖြင့် ကုန်စည်နှင့် စစ်သည်သယ်ယူပို့ဆောင်ရေးအတွက် စရိတ်သက်သာသည့် အကြမ်းခံ ကုန်တင်ကားများကို အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ဂရုစိုက်စရာမလိုဘဲ ပြည်တွင်း၌ပင် အလွယ်တကူ တပ်ဆင်ရရှိလာနိုင်မည် ဖြစ်သည်။ — Crd

  • ရာမညမှဆွေးနွေးသံ ***** NSPNC ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှု ရက် ၁၀၀ အတွင်း နောက်ထပ် နေပြည်တော်ကို ပေါက်ချလာတဲ့အဖွဲ့က မွန်ပြည်သစ်ပါတီ(NMSP)။ ဆိုတော့ ... NCA ထိုးထားပြီးသား ၇ ဖွဲ့၊ SSPP၊  SNA နဲ့တွေ့ဆုံအပြီး စတုတ္တမြောက် တွေ့ဆုံမှုလို့ပြောရမှာပေါ့။ =============== ဒီကြားထဲ အခြားသော EAOs တွေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာတွေ့တာ  ၃ နေရာ ၅ ဖွဲ့ရှိပြီ။ အစိုးရသစ် ရဲ့ ငြိမ်းချမ်းရေးခြေလှမ်းတွေ ကျဲပြီး ရောင်နီသမ်းနေတယ်လို့တော့မြင်ရတယ် ================= ခုတွေ့ဆုံပွဲကို NMSP ဘက်က ဒုတိယဥက္ကဌ နိုင်အောင်မင်း ဦးစီးပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ နဲ့ ဗဟိုကော်မတီဝင် တွေတက်တယ်။ ပြောရမယ်ဆို ရင်တော့ အရင်တွေ့သွားတဲ့ EAOs တွေလိုပဲ တွေ့ဆုံပွဲကို အလေးအနက်ထားပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ Level တွေလွှတ်တယ်လို့ပြောရမှာပဲ။ ================= အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဘက်ကတော့ တက်ရောက်နေကျအတိုင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် နဲ့ ကော်မတီဝင်တွေတက်ရောက်တယ်။ ================= သမ္မတကြီးညွှန်ကြားချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး အကန့်အသတ်မရှိ ဖိတ်ခေါ်ထားမှုတွေနဲ့ အထွေထွေကို NSPNC ဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ချပြရှင်းလင်းပြီး ဆွေးနွေးပွဲကိုစတင်တယ်။ ================ NMSP ဘက်က ဒုဥက္ကဌ ဆွေးနွေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စနဲ့ နိုင်ငံရေး ပြသနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့နေရာမှာ လိုအပ်လာမဲ့ကိစ္စတွေပေါ့။ အသေးစိတ် ကတော့ ပြောမနေတော့ဘူး။ ================= အဲ ... ထူးထူးခြားခြားအနေနဲ့ သက်ဆိုင်ရာဒေသ မှာ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မွန်စာပေသင်ကြားနိုင်ရေး စတာတွေကို ခြုံငုံဆွေးနွေးခဲ့ပြီး ရေး၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်အနောက်ဘက်ခြမ်း၊ ရေဖြူမြောက်ပိုင်း ကျေးရွာ စတဲ့နေရာတွေမှာ မွေးစာရင်းအချက်အလက်အတည်ပြုဖို့နဲ့ လမ်းတံတားများ ဦးစားပေး ဆောက်လုပ်ပေးရေးတို့ကိုတော့ အသေးစိတ်ဆွေးနွေးခဲ့တယ်လို့သိရတယ်။ ================ ဆွေးနွေးမှုနောက်ဆုံးမှာတော့ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က မွန်ပြည်သစ်ပါတီမှ တင်ပြတဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ နဲ့ ဒေသတည်ငြိမ်ရေးအတွက် တပ်မ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးရေးကိစ္စရပ်များ ကို ထပ်မံ ရှင်းလင်းညှိနှိုင်း တယ်။ NMSP-AD မွန်ခွဲထွက်အဖွဲ့၊ PDF အဖွဲ့၊ ရေဘီလူးအဖွဲ့ စတဲ့ အဖွဲ့တွေ ဝင်ထွက်လှုပ်ရှားနေတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး လည်း ဆွေးနွေးခဲ့တယ်လို့သိရတယ်။ ================= ပြောရမယ်ဆိုရင်တော့ NMSP နဲ့ ဆွေးနွေးမှုက တည်ငြိမ်အေးချမ်းဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ထားဆွေးနွေးခဲ့တယ်လို့ဆိုရမှာပဲ။ NMSP အနေနဲ့လည်း နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်မယ်ဆိုတာ မြင်ရတယ်။ ================= ရာမည က စကားသံ အနေနဲ့တော့ အကောင်းဘက် ရလဒ်ကိုဦးတည်တယ်လို့ ဆိုရမှာပဲဗျ။ မင်းထက်ကျော်ဇော

  • နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်စတင်ထွက်ခွာ ===================== နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ယနေ့ ဇွန် ၁၅ ရက် နံနက် (၈)နာရီတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ် ကြည်ရေးခရီးစဉ်အဖြစ် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတအား ဒု-သမ္မတဦးညိုစော၊ ဒု-သမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အ မျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္က ဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှတာဝန် ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံဝန်ကြီး ချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့်လည်းတွေ့ဆုံဆွေးနွေးမှုများပြု လုပ်သွားမည်ဖြစ်သည်။ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်တက်ရောက်ခြင်း၊ အဆင့်မြင့်နည်းပညာသုံးစက်မှုလုပ်ငန်းများကိုလေ့လာခြင်းတို့ကိုလည်း နိုင်ငံတာ်သမ္မတကပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း၌ မြန်မာ-တ ရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် က ဏဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒု-ဝန် ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြောင်း သိရသည်။

  • 6 июн.1 138153

    နိုင်ငံတော်အစိုးရကျောင်းကိုအပ်နှံရန် တိုက်တွန်းသူ အစိုးရ ဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအားအကြမ်းဖက် PDFအဖွဲ့က ၇ လောင်းပြိုင် ခေါင်းဖြတ် သတ်ဖြတ်ကာ နိုင်ငံတော် အစိုးရအားစိန်ခေါ် ......................... ချောင်းဦး ၊ မေ ၂၈ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိိအကြောင်းအမျိုးမျိုး ကြောင့်ပညာသင်ကြားခွင့်ဆုံံးရှုံံးခဲ့ရသောကျောင်းသား ကျောင်းသူများကို အခြေခံပညာမူလတန်းအဆင့် Grade 2မှ Grade 5နှင့် အခြေခံပညာအလယ်တန်း အဆင့် Grade 6 မှ Grade 9 အထိ ကျောင်းသား ကျောင်းသူများကို မိမိတို့၏အသက်အရွယ်နှင့် ကိုက်ညီသောအတန်းပညာကို အပ်နှံနှိုံင်ကြောင်း (ဥပမာ Grade 5 အတန်းကို ထားချင်လျှင် Grade 4 ကိုဖြေဆိုးရမည်ဖြစ်ပြီး Grade 4 အောင်မြင်လျှင် Grade 5ကိုတက်ခွင့်ရမည်ဖြစ်ပြီး မအောင်မြင်ပါက Grade 4သာတက်ရောက်ခွင့် ရမည်ကြောင်းနှင့်မည့်သည့်အခြေခံပညာကျောင်းမဆို ပညာသင်ကြားခွင့်ပြုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားကြောင်းသိရသည်။ ထိုသို့အစိုးရကျောင်းများကို ပညာသင်ကြားခွင်ဲ့ အပ်နှံထားသူများပြားမှုကြောင့် ချောင်းဦးအကြမ်းဖက် PDFအဖွဲ့မှ ချောင်းဦးမြို့နယ်မှ ဗိုလ်မုတ်ဆိတ် အဖွဲ့ ၊ ပြောင်ကြီး(ခေါ်)အေးလွင်အဖွဲ ၊ ဇာနီသိန်းအဖွဲ့ ၊ တို့မှ ချောင်းဦးမြို့နယ် အနောက်ချောင်းဦးရပ်ကွက်မှ ဒေါ်ပပဦး (ဆရာမ)၊ ဒေါ်ခင်စန်းဌေး (ဆရာမ) ငါးလုံးတင်ကျေးရွာမှ ဦးစိုးတင့် ( အုပ်မှူး )၊ ဦးကျော်ကျော်နိူင် ( ထွေအုပ်စာရေး )+ဒေါ်သီတာမြင့် ( ထွေအုပ်စာရေး) ဇနီးမောင်နှံ နှင့် ဒေါ်မျိုးသန္တာထွန်း(ဆရာမ)၊ ဒေါ်တင်နွဲ့ (ဆရာမ)တို့နှင့် ရှမ်းထူးကျေးရွာဘုန်းကြီးကျောင်းမှ ဆရာတော်ဦးပညာ ( ကျောင်းထိုင် )နှင့် ခန်းနေ ကိုယ်တော် ဘုန်းကြီး ၂ပါး ထူးနီကျေးရွာမှ ဒေါ်လှလှဝင်း(ဆရာမ) ၊ ဒေါ်စန္ဒာ(ဆရာမ) ထူးနီရွာမှ ရွာသား ၃ ဦးတို့ စုစုပေါင်း ၁၅ ဦးအား ၂၆/၂၇ - ၅ - ၂၀၂၆ ရက်များ၌ မတရား ဖမ်းဆီးသွား ပါသည်။ ၂၈ - ၅ - ၂၀၂၆ ရက်နေ့ မနက် ၄ နာရီ အချိန်တွင် ပခုက္ကူ - ချောင်းဦး လမ်း မြို့အဝင် ထွန်းညိုလူ တန်ပိုဂိတ် အနီး လမ်းပေါ်၌ ခေါင်းပြတ်များ ၇ လုံး ချထားကြောင်း သိရပြီး ခေါင်းပြတ်များအနီးတွင် ဒေါ်ပပဦး ၊ဒေါ်ခင်စန်းဌေး၊ ဦးစိုးတင့် ၊ဦးကျော်ကျော်နိူင်+ဒေါ်သီတာမြင့် ဇနီးမောင်နှံ တို့နှင့် ဆရာတော်ဦးပညာ နှင့် ခန်းနေကိုယ်တော် တို့၏ ရုပ်အလောင်းများ ထပ်လျှက် လာရောက်ပို့ခါ နိုင်ငံတာ် အစိုးရအား စိန်ခေါ်မှု ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုသို့အစိုးရကျောင်းများကို ပညာသင်ကြားခွင်ဲ့ အပ်နှံထားသူများစာရင်းအား ချောင်းဦး အကြမ်းဖက် PDF မှ ကောက်ယူလျှက်ရှိပြီး အကြမ်းဖက်PDFအဖွဲ့မှ ၎င်းတို့၏ပညာရေးကျောင်းများ ကိုသာ ပြောင်းရွှေ့ အပ်နှံရမည်ဖြစ်ကြောင်း မအပ်နှံပါက ထပ်မံ သတ်ဖြတ် ရှင်းလင်းသွားမည်ဖြစ်ကြောင်း အုပ်ထိန်သူမိဘများကို အ​သိပေးခံထားရကြောင်း မိဘများထံမှ သိရှိရပါသည်။ ၎င်း အသိပေးချက်အပေါ် ဒေသခံကျောင်းသူ ကျောင်းသား အုပ်ထိန်းသူများက အကြမ်းဖက်PDFအဖွဲ့အပေါ် ထိပ်လန့် ကြောက်ရွံ့မုန်းတီးမှု ဖြစ်ပေါ်နေကြောင်းသိရသည်။ ဒေသခံတဦး၏ပြောပြချက်အရ " ပညာရေးကို သူတို့လက်နက်ကိုင်ပြီး ခြိမ်းခြောက်လာတော့ ကျနော်တို့ မိသားစု ဘဝ ရှေ့ရေး ရင်လေးရပြီဗျာ ကျောင်းသားကျောင်းသူတွေ ပညာရေးနဲ့ကင်းကွာနေတာ ၅ နှစ်မကတော့ဘူးလေး ဒီလို နိုင်ငံတော်က အခွင့်အရေး ပေးတာကို လက်လွတ်ခံလို့မဖြစ်ဖူးလေ လက်လွတ်ခံရင် မိသားစု ရှေ့ရေးက တိုးတက်ဖို့ မမြင်တော့ဘူး မိသားစုတွေပဲ နှစ်နာမှာ လူညွန့်တုန်းမှာ ရိုးရာ တောင်သူဖြစ်လို့ ရွာကိုပြစ်ပြီး မြို့တက်ဖို့ဆိုတာ မလွယ်ဘူးဗျာ ကလေးပဲပို့ပြီး မြို့မှာ စာသင်ခိုင်းရင် ရွာရှိတဲ့ မိသားစုက အသတ်ခံရမှာ " ဒေသခံ၏ပြောဆိုချက်အရသိရပြီး ဒီစိန်ခေါ်မှုကို မည်သို့ ရင်ဆိုင်သွားရမည် မသိကြောင်း မျက်ရည်များဖြင့် ပြောကြားလာမှုကို ကြားသိခဲ့ရပါသည်။ Crd

  • ရန်ကုန်မြို့နေ ဓာတ်အားသုံးစွဲသူများသို့ အသိပေးတင်ပြချက် ++++++++++++++++++++ ယနေ့ (၄.၆.၂၀၂၆) ရက်နေ့ ၊ (၁၆:၄၅) နာရီအချိန်ခန့်တွင် ရတနာကမ်းလွန်ပလက်ဖောင်း Low Pressure (LP) Compressor (A) နှင့် (B) သည် Shutdown ကျသွားပြီး ပုံမှန်အတိုင်း ပြန်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ဓာတ်ငွေ့ရရှိမှု့အပေါ်မူတည်ပြီး ဓာတ်အားထုတ်လုပ်မှု အတိုး အလျော့ရှိနိုင်ပါသဖြင့် ဝန်အားထိန်းညှိမှု့ဆောင်ရွက်သွားမည်ဖြစ်ပါသောကြောင့်  ဓာတ်အားပြတ်တောက်မှု အချို့ရှိနိုင်ပါကြောင်း သိရှိ နိုင်ပါရန် အသိပေး တင်ပြအပ်ပါသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း