𝑺𝒕𝒆𝒍𝒍𝒂𝒓 𝑮𝒖𝒊𝒅𝒆 𝒕𝒐 𝑾𝒉𝒊𝒔𝒑𝒆𝒓 𝒐𝒇 𝑾𝒐𝒓𝒅𝒔
СтатистикаAn organization that creates and shares high-quality Myanmar e-books for free, including epub, KFx, pdf, ❑ Facebook - https://www.facebook.com/mmebookwhisper/ ❑ YouTube - https://www.youtube.com/@whisperofwordsebook ❑ Telegram - https://t.me/TheBookR
- Последний пост
- 13 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 2
- Всего постов
- 22
- Тип
- открытый
- Язык
- my
- Категория
- Книги
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 106
- 1/48двое суток
- 121
- 1/72трое суток
- 131
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကျွန်တော့်စာတန်း ကျွန်တော့် အဟမ်းများ - လူထုဦးလှ အမှာ ဒီနေရာမှာ အမှာဆိုတဲ့ စကားအစား လူထုဦးလှက မိတ်ဆက်ဆိုပြီး သူ့စာအုပ်မှာပါတဲ့ အကြောင်းအရာတွေရဲ့ အကြောင်းနဲ့ သူဘာလို့ ဒီစာအုပ်ကို ရိုက်နှိပ်ထုတ်ဝေတယ်ဆိုတဲ့အကြောင်း သူ့ဘာသာ ရေးနေ ကျပဲ။ နို့ပေမဲ့ ဒီစာအုပ်မှာတော့ သူ မရေးနိုင်တော့လို့ ကျွန်မရေးပါတယ်။ ခင်ပွန်းသည် ဦးလှ ၇-၈-၈၂ နေ့က ကွယ်လွန်အနိစ္စ ရောက် သွားပါတယ်။ သူမဆုံးခင်က စာပေစိစစ်ရေးကိုတင်ဖို့ အဆင်သင့် စာကော်ပီ လေးခုစီ လက်နှိပ်စက်နဲ့ ရိုက်ထားခဲ့တဲ့ စာအုပ်သုံးအုပ် ကျန်ရစ်တယ်။ တချို့က မိတ်ဆက်ပါ ရေးပြီးသားပါ။ မပြီးသေး တာတွေလည်း တော်တော်ကျန်ခဲ့သေးတယ်။ ဒီစာအုပ်အတွက်တော့ စာအုပ်နာမည် “ကျွန်တော့်စာတန်း ကျွန်တော့်အဟမ်းများ” ဆိုတာသာ ပေးထားခဲ့ပြီး လေးကော်ပီ ပွားထားခဲ့တယ်။ မိတ်ဆက် မရေးရ သေးဘူး။ ဦးလှ တစ်သက်တာမှာ စာတန်းတင်တာတွေ၊ စကားပြော တာတွေက များလှတယ်။ အဲဒီလို အလုပ်တွေကို လုပ်ရတဲ့အခါတိုင်း ဦးလှက သေသေချာချာပြင်ဆင်ပြီးမှ တင်တယ်၊ ပြောတယ်။ ထားပါတော့ စာတန်းတင်တာကို သေသေချာချာ ဖတ်မှတ်ကူးယူ ပြီးမှ ပြင်ဆင် ရေးသားတာကတော့ ထုံးစံမို့ စကားပြောရာမှာလည်း ဘယ်အကြောင်းအရာဖြစ်ဖြစ် ကြီးငယ်မဟူ ဦးလှက မပြင်ဆင်ဘဲ မပြောဘူး။ ဘယ်သူ လာဖိတ်ဖိတ် သေသေချာချာ သူပြောမဲ့စကားကို ပြင်တယ်၊ ရေးချတယ်။ ဖိတ်ထားတဲ့နေရာက ကြိုတင်မပြောပေမဲ့ ဟိုရောက်ရင် သူ့ကို စကားပြောပါဦးလို့ ပြောလိမ့်မယ်လို့ တွက်တဲ့၊ ထင်တဲ့နေရာ အတွက်တောင်မှ ဦးလှက နည်းနည်းတော့ အချက် အလက်ကလေးတွေကို စဉ်းစားပြင်ဆင်ပြီး စက္ကူပေါ်မှာချ တေးမှတ် ရေးချသွားတယ်။ ဖိတ်တဲ့ဆီကို ရောက်တော့လည်း သူထင်တဲ့ အတိုင်း ပါပဲ “ဦးလေး စကားနည်းနည်း ပြောပါဦး” လို့ ဆိုလာတာပဲ။ ဦးလှက လူထဲမှာ ထစကားပြောရင် ပြင်ဆင်ပြီးမှပြောရ မယ်ဆိုတာကို သူငယ်ငယ်ကလေး အသက် ၂ဝ ကျော်အရွယ် လူငယ် များ ကြီးပွားရေးအသင်းသား ခေတ်ကတည်းက စိုက်ပျိုးခဲ့တဲ့ အလေ့ အကျင့်။ အဲဒီအလေ့အကျင့်ကို နောက်ဆုံးနေ့အထိ ကျင့်သုံးတာပဲ။ ကျွန်မပါ စကားပြောပါဦးဆိုရင် ကျွန်မက လက်တန်းပြောလည်း ရပါတယ်ဆိုတာမျိုး ကိုယ့်ဘာသာ အထင်ကြီးတာလား၊ ပြောရမဲ့ ကိစ္စကို မထေမဲ့မြင် လုပ်ချင်တာလား၊ ပျင်းတာလားတော့ မသိဘူး။ သိပ်အရေးမကြီးတဲ့ ပွဲမျိုးဆိုရင် ‘ထပြောလို့ ရပါတယ်” လို့ ထင်တတ် တယ်။ ဦးလှက ဘယ်တော့မှ အဲဒီလိုမလုပ်စေဘူး။ “ဟေ မင်းလည်း ပြင်လေ” ဆိုပြီး ကျွန်မကို ကလေးတစ်ယောက်လို ပြောစရာစကား တစ်ခု ရေးသားပြင်ဆင်နည်းကို စိတ်ရှည်လက်ရှည်ပြောတယ်၊ တစ်ခါလည်း မဟုတ်ဘူး။ ကျွန်မကလည်း မရေးဘဲ ပြောချင်တယ်။ သူကလည်း စကားပြောစရာရှိတိုင်း ကျွန်မကို သူပြင်ဆင်သလို အကျအန အပြင်ခိုင်းတယ်။ ပြင်တယ်ဆိုတာ ကိုယ်ပြောမဲ့စကားကို အစအဆုံး ရေးချခိုင်းတာပါ၊ ပြီးတော့ အဲဒါကို သုံးခေါက်လောက် ပြန်ဖတ်အုံးတဲ့။ ဖတ်ပြီးရင် ခေါင်းစဉ်လေးတွေ ဂျပ်စာရွက် တစ်ရွက် ပေါ်မှာ ချရေးထားတဲ့။ နောက် စကားပြောရမဲ့နေရာကို ပထမ အပြည့်အစုံ ရေးထားတာကိုရော ခေါင်းစဉ်လေးတွေချည်း ရေးထားတဲ့ အကျဉ်းချုပ်ကိုရော ယူခဲ့တဲ့။ စကားပြောရင်း မေ့နေရင် ခေါင်းစဉ်လေး တွေကို လှန်ကြည့်တဲ့။ တစ်သက်လုံး အဲဒီလို သင်သွားတာပါ။ သူလည်း ဒီအတိုင်း လုပ်သွားတာပါ။ ငါဘယ်တော့မှ မရေးဘဲ မပြောဘူးလို့လည်း အခိုင်အမာဆိုသေးတယ်။ ခုဒီစာအုပ်မှာ ခေါင်းစဉ် ၉ ခုနဲ့ သူဟောပြောချက်တွေပါ ပါတယ်။ စာတန်းက ၇ စောင်၊ ဟောပြောတာ ၂ စောင်ပါ။ အားလုံးဟာ စာပေနဲ့ ပတ်သက်တာတွေချည်းပါပဲ။ သူတမင် ရွေးထားတဲ့ဟာတွေမို့ သူ့စာပေ အယူအဆ၊ သူ့စာပေဝါဒ၊ ဗမာစာပေအပေါ် သူ့စေတနာကို ဖော်ပြတဲ့ ဒီစာစုကို သတ်သတ်ရွေးထုတ်ပြီး စာအုပ်ရိုက်ဖို့ သူစီစဉ်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ဒါ့ကြောင့် သူကွယ်လွန် အနိစ္စရောက်ပြီးတဲ့နောက် သူ့ ပုံနှိပ် ထုတ်ဝေခွင့်ကို သူ့သားနာမည်လွှဲပြောင်းလို့ ရရချင်း သူ့စာပေ သဘော ထား ဒီစာအုပ်ကို ပထမဆုံး ရိုက်နှိပ်ထုတ်ဝေဖို့ စီစဉ်ရပါတယ်။ ဦးလှဟာ စာပေနဲ့အသက် ၂၃ နှစ်ကစပြီး သေဆုံးတဲ့ ၇၃ နှစ် အထိ နှစ်ပေါင်း ၅ဝ ရာစုတစ်ဝက်တိုင်တိုင် ပေါင်းဖက်သွားတာပါ။ ကျွန်မနဲ့ ပေါင်းသင်းတာကိုက စာပေကို အကြောင်းပြုပြီး ပေါင်းသင်း မိကြတာ။ သူနဲ့ကျွန်မ တစ်သက်လုံး စိတ်ချမ်းသာရတဲ့ အိမ်ထောင်ရေး ဖြစ်ရတာကလည်း စာပေကို အကြောင်းပြုလို့ပါ။ ဂျပန်ခေတ်မှာ ဗုံးမိုးရွာတဲ့ကြား ပြေးရလွှားရ၊ တောရွာတွေ ဝင်ခိုရတော့လည်း သူကတော့ စာရေးချင်၊ စာအုပ်ကောင်းတွေ ထုတ်ချင်နေတာပဲ။ စစ်အတွင်းမှာ ပထမဆုံး စာအုပ်ထုတ်ဝေတာ သူပဲ။ စက္ကူမရှိလို့ တစ်ဖက်ချောစက္ကူ (ရုံးသုံးပြီး တစ်ဖက်ဗလာ) နဲ့ စာအုပ်ရိုက်တာလည်း သူပဲ။ စစ်ပြီးစက္ကူ မရှိလို့ မီးခြစ်ထုပ်စက္ကူပြာနဲ့ စာအုပ်နဲ့ ဂျာနယ် ရိုက်တာလည်း သူပဲ။ ဘယ်အချိန်မဆို ဘယ်နေရာ ရောက်နေနေ စာရေးချင်တယ်၊ စာအုပ်ထုတ်ချင်တယ်လေ။ နိုင်ငံရေးကို မလွှဲသာလို့ ဝင်လုပ်ရပေမဲ့ သူမပျော်ပါဘူး။ သူ့ဟောပြောချက်တွေ၊ သူ့စကားတွေက အားလုံးရေးချပြီးမှ ပြောလေ့ရှိတာမို့ စာအုပ်ရိုက်အုံးမယ်ဆိုရင် အများကြီးကျန်ပါသေးတယ်။ သူ့စာပေဝါဒ၊ သူ့စာပေအယူအဆတွေ အများဆုံးပါတဲ့ ဒီစာအုပ် ကလေးကိုတော့ သူမရှိတဲ့နောက် ပထမဆုံး စာအုပ်အဖြစ် ထုတ်ဝေ လိုက်ပါတယ်။ ခင်ပွန်းသည်ရဲ့ စာပေကျေးဇူးတရားများကို အမြဲလေးစား သတိရလျက် လူထုဒေါ်အမာ (၂၉-၁-၈၃) ❑

https://whispermmepub.github.io/Review/147/index.html ကြယ်စင်များက ကြည့်နေသည်-မောင်ထွန်းသူ💫 - 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐎𝐟 𝐖𝐨𝐫𝐝𝐬 - 𝐦𝐦 𝐄𝐩𝐮𝐛
без подписи
без подписи
https://whispermmepub.github.io/Review/145/index.html လေပြည်ကလေး၏ တေးဆိုသံ - 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐎𝐟 𝐖𝐨𝐫𝐝𝐬 - 𝐦𝐦 𝐄𝐩𝐮𝐛
без подписи
https://whispermmepub.github.io/Review/143/index.html ရဲမြလွင် - 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐎𝐟 𝐖𝐨𝐫𝐝𝐬 - 𝐦𝐦 𝐄𝐩𝐮𝐛
https://whispermmepub.github.io/Review/46/index.html ရှန်ဟိုင်းဂျင်-တော်ကောင်းမင်း🎓 - 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐎𝐟 𝐖𝐨𝐫𝐝𝐬 - 𝐦𝐦 𝐄𝐩𝐮𝐛
https://www.facebook.com/share/p/1GgWohPQbW/
без подписи
https://whispermmepub.github.io/Review/59/index.html အဓိပ္ပာယ်မဲ့ ပြဇာတ် - အောင်ခင်မြင့် - 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐎𝐟 𝐖𝐨𝐫𝐝𝐬 - 𝐦𝐦 𝐄𝐩𝐮𝐛
без подписи
https://whispermmepub.github.io/Review/58/index.html ဂျာနယ်ကျော်မမလေး (သို့မဟုတ်) မေတ္တာပန်းပွင့် - 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐎𝐟 𝐖𝐨𝐫𝐝𝐬 - 𝐦𝐦 𝐄𝐩𝐮𝐛
https://whispermmepub.github.io/Review/57/index.html ရုပ်ပုံလွှာ - ဒဂုန်တာရာ - 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐎𝐟 𝐖𝐨𝐫𝐝𝐬 - 𝐦𝐦 𝐄𝐩𝐮𝐛
без подписи
без подписи
Epub စာအုပ်များ ကို bot ဖြင့် အလွယ်တကူ ရှာဖွေရန် - @wowepubsearch_bot
https://whispermmepub.github.io/Review/55/index.html အမေ့အိမ်က ငရဲခန်း - သက်ပိုင် - 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐎𝐟 𝐖𝐨𝐫𝐝𝐬 - 𝐦𝐦 𝐄𝐩𝐮𝐛
без подписи