လူငယ်🚭
Статистикаငွေကြေးပြည့်စုံတဲ့ ကောင်ဆီမှာ အချစ်ဟာ ဇိမ်ခံပစ္စည်းဖြစ်ပြီး ဆင်းရဲ့ချို့တဲ့ တဲ့ ကောင်ဆီမှာတော့ အချစ်ဟာ ဒုက္ခ ပဲ ကိုယ့်ညီရ....🫠 - ရိပ်ငြိမ်
- Последний пост
- 8 мая 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Hi everyone💗
မုန်းနေသူ အတွက် ကမ္ဘာကြီးက မရှောင်နိုင်အောင်ကျဥ်းလွန်းပါတယ် ချစ်နေသူအဖို့ ကမ္ဘာကြီးက မဆုံနိုင်အောင် ကျယ်လွန်းပါရဲ့ တစ်ခါတလေ (ဆုံချင်စိတ်နဲ့) မင်းကို မုန်းပစ်လိုက်ချင်တယ်ကွယ်...။ -ဆန်းကျော်စွာဝင်း
တိမ်ကြားနေ ပိုပူပြီး ကျောက်ကြားကရေလေး ပိုအေးသတဲ့အချစ်ရဲ့။ အခက်အခဲတွေကြား မပျက်ယွင်းတဲ့ မေတ္တာတရားတွေဟာမင်းအတွက်ပါ။ မကျီစားချင်ပါနဲ့အချစ်ရယ် လောကဓံရဲ့လှိုင်းတံပိုးကြားမှာ မင်းမေတ္တာလေး မရလိုက်မှာကိုယ်စိုးရိမ်တယ်။ - ဝဏ္ဏ
ပြန်တွေးကြည့်ရင်တောင် ကိုယ်တို့အတိတ်က လွမ်းစရာမကောင်းလှဘူး လိမ်ညာမှုတွေ ၊ ဖောက်ပြန်မှုတွေနဲ့... ။ တစ်ခါက ကိုယ်ပြောဖူးသလိုပေါ့ အချစ်နဲ့စစ်မှာ မတရားလို့ရတယ် မရိုးသားလို့မရဘူးဆိုတာလေ...။ ကိုယ့်အတွက်မှမဟုတ်ရင် အရာအားလုံးကိုစွန့်လွှတ်နိုင်သားပဲ နေနိုင်စွမ်းအားကို မစမ်းသပ်နဲ့အချစ်ရယ် မင်းရှုံးသွားမှာပေါ့...။ -ဘယ်လာခင်
ချစ်တာကတော့ ချစ်တာပါပဲ။ မင်း ပြန်သဘောကျမှ ဖြစ်ရမယ်လို့တော့ မရှိဘူး။ ပိုင်ဆိုင်ရရင်လဲ ပြုံးပြုံးလေး။ မပိုင်ဆိုင်ရရင်လဲ ပြုံးပြုံးလေး။ - တာမြူးငယ်
ကိုယ့်ဘဝနဲ့ကိုယ် ပျော်ရွှင်နေတဲ့သူတွေကို အားကျပါတယ် ကျွန်တော့်မှာဖြင့် သတိရစိတ်တွေနဲ့ ပုံလို့ ပိလို့...။ -ဘယ်လာခင်
ဆိုင်ခွင့်မရှိတော့လို့ အဆင်ပြေပါစေ ဆိုယုံလောက်နဲ့ ရပ်ကျန်ပေးခဲ့ရတဲ့ ခြေလှမ်းတွေပဲလေ... မနာကျင်ရဘူး ပြောရင် ကိုယ်ညာရာကျမှာပေါ့... #ꪗꫀꫀ
မင်းမှာ နှလုံးသားမရှိဘူး မျက်ရည်ယိုဗုံး တစ်လုံးပဲရှိတယ်။ မင်းကို ငါကြောက်တယ်ကွယ်။ -မင်းလူ
အတွေးကိုထိန်းရ မေတ္တာကိုသတ်ရနဲ့ စိတ်ကို စိတ်နဲ့ ပြန်မျှားနေရတယ် ငါးမရလို့ ရေချိုးပြန်ရအောင် ငါဟာ ကန္တာရ ။ -ရွက်လှေ
သုံးယောက်မှာ တစ်ယောက်ကဘေးထွက်ပေးလိုက်တယ်ဆိုတာ အဲ့ဒီတစ်ယောက်မှာ တရားရှိခဲ့လို့ကွ..။ ဘာတရားလဲဆိုတော့.. မေတ္တာတရားပေါ့ကွာ..။ -ရွှေစွန်ညို-
Channel name was changed to «လူငယ်🚭»
ငွေကြေးပြည့်စုံတဲ့ ကောင်ဆီမှာ အချစ်ဟာ ဇိမ်ခံပစ္စည်းဖြစ်ပြီး ဆင်းရဲ့ချို့တဲ့ တဲ့ ကောင်ဆီမှာတော့ အချစ်ဟာ ဒုက္ခ ပဲ ကိုယ့်ညီရ..။ - ရိပ်ငြိမ်
ငယ်ငယ်ကလို အမေ့ကြောက်တဲ့စိတ်နဲ့ အိပ်ပျော် ချင်တယ်...၊ စောက်တလွဲ အိမ်မက်တွေအကြောင်း မစဥ်းစားပဲပေါ့။ -ဒဿ
အနာတရ ဖြစ်ခဲ့တယ် ဆိုရင်တောင် သင်ခန်းစာတော့ ရခဲ့ပါတယ်။ - ခွန်း
ပျော်ရွှင်ခြင်းမှာ မင်း အမည်နာမတပ်ရင် နာကျင်ခြင်းမှာ ငါ့ အမည်နာမက္ဗည်းထိုးမယ် ငါရဲ့မင်းအပေါ်ထားတဲ့ ချစ်ခြင်းတရားဟာ "အတ္တ"ကင်းပါတယ် ဟယ်လီရာ # ငြိမ်းဝေ ( အတွေးစာစု)
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းရဲ့မွေးနေ့အတွက် ပန်းဖြစ်ဖြစ် အနမ်းဖြစ်ဖြစ်ပေးခဲ့ရင် အမှတ်တရတစ်ခုစာလောက်ပဲ လွမ်းနေရမှာ။ အခုများတော့ ချစ်ခြင်းမေတ္တာကို မွေးနေ့လက်ဆောင်ပေးမိတော့ တစ်ဘဝလုံးစာ လုံလုံလောက်လောက် အချစ်ခံနေရပြီ။ -ဘယ်လာခင်
တချို့က အထီးကျန်တယ်ဆိုပြီး လူတစ်ယောက်ကိုမှားချစ်မိကြတယ် တချို့ကလူတစ်ယောက်ကို ချစ်ပြီး တစ်သက်လုံးအထီးကျန်သွားကြတယ်။ - တက္ကသိုလ်ဘုန်းနိုင်
ငှက်တွေဟာ တစ်သက်လုံး သီချင်း၁ပုဒ်ထဲကိုပဲ သီဆိုကြတယ် ငါဟာ ငှက်တစ်ကောင်ပေါ့ ငါ့ဘ၀ ရဲ့ ၁ပုဒ်ထဲသော သီချင်းကတော့ မင်းပါပဲ ။ -မင်းခိုက်စိုးစန်
ကံတရားကလှံစွပ်ပီးလာထိုးတော့လည်း ရင်ကော့ခံလိုက်ရုံပေါ့ အသက်ရယ် အကိုမှ မင်းနဲ့ မဝေးနိုင်တာ။ - ရွက်လှေ
မေ့ထားလိုက်ရုံပဲရှိပါတယ် ဘဝမှာဘယ်သူက ဒဏ်ရာတွေပေးခဲ့လဲ ဘယ်သူက မေတ္တာတွေ ပေးခဲ့လဲဆိုတာ ကောင်းကောင်းမှတ်မိတာပေါ့ ။ - ဖားစည်ရည်ကျော်