tgindex
Rina's Book Shop 📚

စာဖတ်ပါ အနာဂတ်ကိုယုံကြည်ပါ📚 မေတ္တာဖြင့်သာရှင်သန်ပါ✨ Welcome to my book shop 📚 Date: 2.8.24📌 Os main channel ➡️ https://t.me/Tulips_Country

Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
1
Всего постов
21
Тип
открытый
Язык
my
Категория
Книги
В каталоге с
13 авг.
Подписчики
538
0 Са 1 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
49
21 постов
Вовлечённость
9,1%
к подписчикам
Постов в день
0,1
всогО 21
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
14
1/48двое суток
16
1/72трое суток
17

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • йоС пОдписи

  • ဘဝကို ရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့ စိတ်နဲ့ပဲ နေထိုင်တယ် တစ်ယောက်ယောက်က ငါ့ကို လာချစ်ပြီး တခြားတစ်ယောက် ပြောင်းချစ်ချင်လည်း ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူးပဲ။ တစ်ယောက်ယောက်က မတည်နိုင်တဲ့ ကတိတွေပေးပြီး ဘဝထဲက ထွက်သွားလည်း ရတယ် ဘာမှမဖြစ်ဘူးပဲ။ မိဘက အလိုမလိုက်လည်း ရတယ် ဘာမှမဖြစ်ဘူး ရည်းစားက မချစ်တော့လည်း ရတယ် ဘာမှမဖြစ်ဘူး သူငယ်ချင်းက စိမ်းသွားရင်လည်း ရတယ် ဘာမှမဖြစ်ဘူး ငါ ဘာမှကို မဖြစ်သွားဘူး တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး ကမ္ဘာကြီးက အေးဆေးလည်နေတုန်း…။ #Owner_Rina

  • မတော်ဘူး မလုပ်တတ်ဘူးဆိုပြီး ရပ်ထားရင် ဘယ်တော့မှ လုပ်တတ်လာမှာမဟုတ်ဘူး ကျွန်တော်တို့မှာ တစ်ယောက်နဲ့တစ်ယောက်ထူးချွန်တဲ့နေရာတွေ၊အားနည်းတဲ့နေရာတွေ မတူညီကြပါဘူး IQ, EQတွေ အားသာကြသလိုပဲ ၊ လက်တွေ့ဘဝမှာလည်း ဘာသာစကားတစ်ခုခု သင်ယူတာပဲဖြစ်ဖြစ် ၊ကျောင်းစာလေ့လာတာပဲ ဖြစ်ဖြစ် ၊ စီးပွါးရေးလေ့လာတာ၊အတက်ပညာတစ်ခုခု သင်ယူကြတဲ့အခါ သူများတွေက ကိုယ့်ထက် မြန်မြန် တက်ပေမဲ့ ကိုယ်ကနည်းနည်းနောက်ကျနေတာ ရှိတတ်တယ် ကျောင်းတုန်းက စာဆို သူများကနှစ်ခေါက်ကျက်ရင်ရတဲ့နေရာမှာ ကိုယ်က သုံးလေးခါကျက်မှ ရသလိုပေါ့။ အသက်ကြီးလာတဲ့အထိလည်း ကျွန်တော်တို့မှာ အားနည်းတဲ့အပိုင်းတွေ၊အားသာတဲ့အပိုင်းတွေ ရှိနေပါသေးတယ်။ တချို့အရာတွေက ငါတော့ဒီနေရာမှာ ပါရမီမပါဘူးဆိုပြီး မလုပ်ဘဲ မသင်ယူဘဲ ထားလိုက်လည်း ဘာမှမဖြစ်ပါဘူး ဥပမာ -တူရိယာတစ်ခုခု တီးခတ်တာမျိုးပေါ့။ ဒါပေမဲ့ တချို့နေရာတွေက ကိုယ်သိပ်မကျွမ်းကျင်ပေမဲ့ ကိုယ်ရောက်နေတဲ့ဘဝက ဒီအရာကို တက်မြောက်မှ ကိုယ့်ဘဝတစ်ဆင့်ကိုတက်နိုင်မယ်ဆိုရင် သေချာပေါက် ကြိုးစားပြီးသင်ယူရပါမယ်။ ဒီနေရာမှာ မတော်လို့ ၊မကျွမ်းကျင်လို့ဆိုပြီး ဆက်မလုပ်တော့ရင် ဘယ်တော့မှ ဒီနေရာမှာ ကျွမ်းကျင်လာတော့မှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဒီအရာကို ကိုယ်တက်မြောက်မှ ကိုယ့်ဘဝကဘတစ်ဆင့်မြင့်မားလာမှာပဲဖြစ်ဖြစ် ၊ဒီနေရာမှာမကျွမ်းကျင်တဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စိတ်ဝင်နေတာပဲဖြစ်ဖြစ် ကိုယ်မလုပ်နိုင်ဘူး ၊မတော်ဘူးလို့ထင်ထားတဲ့အရာကိုလည်း လုပ်ချင်တယ်ဆိုရင် သေချာကြိုးစားပြီးလုပ်ကြည့်ပါ။ လူငယ်ဘဝဟာ ပြိုင်ဆိုင်မှု များပါတယ်။သူများနဲ့ပိုင်ရတာလည်းများသလို မိမိကိုယ်ကိုနဲ့ပြိုင်ရတာလည်း များတယ်။ သူများနဲ့ပြိုင်ရတယ်ဆိုတာက တခြားလူတွေနဲ့ပြိုင်ခိုင်းတာမဟုတ်ဘဲ ခေတ်နဲ့ပြိုင်ခိုင်းတာပါ ၊ ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေပြီး သိသင့်တာသိရမယ်၊လေ့လာသင့်တာလေ့လာရမယ် ဒါမှ နောက်ကျမကျန်နေခဲ့မှာပါ။ မိမိကိုယ်ကိုနဲ့ ပြိုင်ရမယ်ဆိုတာက ကိုယ် မနှစ်ကမလုပ်နိုင်ခဲ့တာကို ဒီနှစ်ကြိုးစားပြီးလုပ်ရမယ်။ ငါမတော်ဘူး မလုပ်နိုင်ဘူးလို့ထင်ထားတဲ့အရာကို နည်းလမ်းပြောင်းပြီး လုပ်နိုင်သွားတာက သင့်အနေနဲ့ တစ်ဆင့်တိုးတက်လာခြင်းပါပဲ သို့ပေမဲ့ သင့်အနေနဲ့မကျွမ်းသင့်တဲ့အရာ၊အားနည်းတဲ့အရာဖြစ်တာကြောင့် သူများထက် ပိုကြိုးစားရမယ်၊ပိုအချိန်ပေးရမယ် သူများက တစ်ခါ၊နှစ်ခါ လေ့လာရရင် သင်က သုံးလေး ငါးခါလည်း လေ့လာရနိုင်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ မခံချင်စိတ်တွေ၊ ရချင်စိတ်တွေ ၊ ဖြစ်ချင်စိတ်တွေ၊ဇွဲတွေအားလုံးပေါင်းစပ်လိုက်ရင် သင်လုပ်နိုင်တယ်ဆိုတာကို အဆုံးသတ်မှာတွေ့ရပါလိမ့်မယ်၊အဓိကအချက်ကတော့ လက်မလျော့လိုက်ဖို့ပါပဲ။ သင်ကသင်ထင်ထားတာထက်အများကြီးပို လုပ်နိုင်တယ်ဆိုတာကိုမမေ့လိုက်ပါနဲ့။သင့်ကိုသင်အခွင့်အရေးသာပေးလိုက်ပါ။ အချိန်မီစတင်ခြင်း-စာအုပ်မှ Nayvel #Owner_Rina

  • လူတစ်ယောက်ကို လက်လွတ်စပါယ်ကျနော်မစွန့်ပစ်ဘူး ငါကတော့ဘယ်လိုခံစားနေရပြီ ငါကတော့ ထွက်သွားမိတော့မှာနော်လို့ တစ်ကြိမ်ထက်မက နှစ်ကြိမ်ထက်မက ထပ်ခါထပ်ခါသတိပေးဖူးတယ် သူတို့ကအမြဲပြောနေကြပါကွာဆိုပြီး အလေးနက်မထားခဲ့တာ ပြီးရင် ပြန်အဆင်ပြေသွားမှာပါကွာလို့တွေးကြတာ ကိုယ့်ဘက်က တကယ်စွန့်ပစ်တော့မှ လုပ်ရက်တယ်လို့ သူတို့ပဲပြောကြတာ .. #Owner_Rina

  • မနက်ဖြန်ဆိုတာ အမြဲရှိတယ်။ ဆိုးတာတစ်ခုခု ကြုံလာရင်တောင် အကောင်းဘက်ကနေ မြင်တတ်အောင် သင်ပေးခဲ့တယ်။ ဘဝကို အကောင်းဘက်ကနေ မြင်တတ်တာကို သဘောကျတယ်။ 💭 || 7.8.2026 #Owner_Rina

  • အရိုးသားဆုံး ပြောရရင်တော့ ကိုယ် တကယ် ခွင့်လွှတ်ချင်တာပါ။ ဒါပေမယ့် ကိုယ် ခွင့်မလွှတ်တတ်ဘူး။ ဒါဟာ သိပ်နာကျင်ဖို့ကောင်းတယ်လို့ပြောရင် မင်းတို့ ယုံမယ်မထင်ဘူး။ ဒါပေမယ့် ဒါဟာ တကယ့် အဖြစ်အပျက်ပါပဲ။ - Lionel Sn #Owner_Rina

  • ဘဝမှာ ဘာမှ မရတာပဲ ကောင်းတယ် ပြန်ပေးရတဲ့အခါကျ ရင်ဘတ်နဲ့မမျှလို့ ။ -လွှင့် #Owner_Rina

  • စိတ်ရှိသလောက်သာ ခံစားမှုနောက်ကို လိုက်ကြေးဆို အသက်တောင် ပြန်ပါမလာဘူး ကြည်ဇော်အေး #Owner_Rina

  • ထပ်ရွေးချယ်ဖြစ်တဲ့အခါ… ခန္ဓာကိုယ်မလှတာ ကျန်းမာရေးကောင်းရဲ့လား။ ဆံပင်ရှည်မထားနိုင်တာအာရုံကြောအားနည်းတာများလား။အစပ်မစားနိုင်တာအစာအိမ်ရောဂါများရှိနေလား။အတိုအပြတ်တွေမဝတ်တာမနေတတ်လို့များလား။ စကားပြောမချိုသာတာဘဝကိုတယောက်ထဲဖြတ်သန်းခဲ့ရလို့များလား။အချိန်ပြည့်စကားပြောချင်နေတာအထီးကျန်တတ်လို့များလားမေးတဲ့သူကိုလိုချင်မိတယ်။အစထဲကဒီပုံစံကိုသဘောကျတာမျိုးလိုချင်မိတယ်။မချစ်တော့တဲ့အခါကိုယ့်ထက်ပိုလှတာမိန်းခလေးဆန်တာတွေရွေးချယ်သွားကြတယ်။ရခဲ့တဲ့Trumaတွေကြောင့်ငါကလှမှမလှပဲဘသူကကြာကြာချစ်မှာလဲလို့တွေးမိပြီးလာနားသမျှလိပ်ပြာတွေမောင်းထုတ်ပစ်မိတယ်…… crd #Owner_Rina

  • ဆိုင်ရာလူနဲ့ တယောက်က စိတ်အေးလက်အေး ဆက်ပျော်နေရင်၊ ထိုင်ကာငူလျှက် တယောက်က ဟိုငေးဒီငေး ဆက်မမျှော်ရဘူး။ ပျော်နေတဲ့သူ ပျော်နေရင်း ခလုပ်တို-က်ရင် မျှော်နေတဲ့သူပဲ မျှော်နေရင်း ထပ်ရင်ကျိုးရမှာ။😔 ပြီးဆုံးသွားတဲ့ ဇာတ်လမ်းကို ကိုယ့်ဘက်က ဘာတွေမပြီးမစီး ဖြစ်စရာရှိလဲ။ မေ့ဖို့ တစ်ခုလေးပဲ ကျန်တော့တာမလား။ မေ့နိုင်အောင်သာ မေ့စမ်းပါ။ မဆိုင် လက်စနဲ့။ ရဲသူလွင် #Owner_Rina

  • အေးစက်သွားတဲ့ ကော်ဖီတစ်ခွက်မှာ ရေနွေးဟာ တာဝန်မကျေသူတစ်ယောက် မဟုတ်ခဲ့ပါဘူး ။ သူလည်း ဒီလိုပါပဲ အချိန်အကြာကြီး မနွေးထွေးပေးနိုင်တဲ့အခါ အေးစက်ခြင်းနဲ့ နေသားကျဖို့ ကြိုးစားရတော့တာပေါ့ ။ နေညိုရောင်ခြည် #Owner_Rina

  • "ဘာဖြစ်လို့ ငါ့ကိုမှ လုပ်ရက်တာလဲ" လို့ မတွေးဘဲ "ငါ့ကိုမိုလို့ လုပ်သွားတာ" လို့ပဲ realityကို လက်ခံလိုက်စေချင်ပါတယ်။ ဒီလိုပြောလို့ မစာနာရာ ရောက်မယ်ဆိုတာ သိပေမဲ့ အဲဒီလို ကိုယ့်ကို လုပ်ချင်တိုင်း လုပ်ခွင့်ရအောင်လည်း ကျွန်မတို့ကိုယ်တိူင်ကပဲ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ လူတွေကလေ လုပ်လို့ရလို့ လုပ်တာနော်။ လုပ်လို့ရတဲ့ လူမိုလို့ လုပ်တာ။ ကိုယ့်အပေါ် ချစ်တဲ့ သည်းခံတဲ့ ညှာတာတဲ့ လူတွေကိုဆို ပိုဆိုးချင်ကြတယ်။ တစ်ဖက်က အပြစ်မမြင်ဘဲ ခွင့်လွှတ်ပေးသလောက် ပြန်သိတတ်တဲ့သူဆိုတာ ရှားတယ်။ Boundaryတစ်ခုကို ကျော်လွန်ပြီး ဘယ်လောက်ထိများ ဆိုးလို့ ရမလဲ၊ သူတို့အပေါ် ဘယ်လောက်ထိများ သည်းခံမလဲလို့ သွေးတိုးစမ်းတတ်ကြတာ လူ့သဘာဝပဲ။ အဲ့ဒါကို တစ်ဖက်ကလည်း ချစ်လွန်းလို့ သည်းခံ၊ အပြစ်မယူဘဲ ခွင့်လွှတ်၊ ကိုယ့်အတွက် အဆင်မပြေတာကိုလည်း ပြန်မပြောဘဲ ခေါင်းငုံ့ခံလာတာ ကြာလာတဲ့အခါ တစ်ဖက်က ငါ့ကို သူသိပ်ချစ်ရှာတာပဲ၊ သည်းခံရှာတာပဲလို့ တွေးမယ်များ ထင်လို့လား။ နိုးနော်။ သူက ငါဘယ်လိုလုပ်လုပ် ရတယ်လို့ပဲ တွေးတော့မှာ။ အဲ့နောက်ပိုင်းလည်း ကိုယ့်ကိုအားနာရကောင်းမှန်း၊ သနားရကောင်းမှန်း မသိတော့ဘဲ လုပ်ချင်တာလုပ်တော့မှာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို သိပ်ချစ်မှန်း၊ သိပ်သည်းခံမှန်း၊ သူဘာပဲလုပ်လုပ် ခွင့်လွှတ်ပေးမှန်း သိနေလို့ပဲ။ "This is why they treat you like sh*t." ကိုယ်တိုင်ကြုံလာခဲ့ဖူးတော့လေ ဘယ်လောက်တောင်မှ အဲ့ကိစ္စတွေက ခက်ခဲရလဲ၊ နာကျင်ရလဲဆိုတာ သိတယ်။ "ငါဒီလောက် ချစ်ပေးရက်နဲ့ ဘာဖြစ်လို့ ငါ့ကိုမှ ဒီလိုလုပ်ရက်ရတာလဲ" ဆိုတဲ့ မေးခွန်းကို အိပ်နေရင်းတောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့အထိပဲ။ နောက်ဆုံးတော့လေ သိသွားတာ တစ်ခုပဲ။ "ငါ့ကိုမိုလို့ လုပ်သွားတာ" ဆိုတဲ့ reality ပဲ။ သူမကောင်းတာ သူ့သန္ဓေနဲ့သူဆိုပေမဲ့ ကိုယ့်ကို ဒီလိုမျိုး treatလုပ်ဖို့အတွက် အခွင့်အရေးတွေ ပေးခဲ့တာက ကိုယ်ကိုယ်တိုင်ပဲလေ။ လူတစ်ယောက်ကို ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်ရဲ့ boundaryကို ဘယ်တော့မှ မချိုးဖျက်နဲ့။ သူများချိုးတာလည်း မခံနဲ့။ ကိုယ့်ရဲ့ boundaryတွေကို ကိုယ်တိုင် ချိုးဖောက်၊ ကိုယ့်ရဲ့ roleကို ကိုယ်တိုင် မနိမ့်ချမိစေနဲ့။ ကိုယ့်ကြောင့်နဲ့ သူတစ်ပါးကို မထိခိုက်ရင်ရပြီ။ ကျန်တာက ဘယ်တော့မဆို ကိုယ့်ကိုယ်ကိုယ်ပဲ 1st priorityထားပါ။ မကြိုက်ရင် မကြိုက်ဘူး No လို့ ရဲရဲငြင်းပါ။ ငါကောင်းပေးသလို လူတွေတိုင်းက ပြန်ကောင်းလိမ့်မှာပဲ၊ ငါအရမ်းသည်းခံပေးလို့ ငါ့ကို ပိုချစ်လာမှာပဲလို့ တွေးနေတဲ့ အတွေးတွေက တကယ်တမ်းတော့ ကိုယ့်6သတွင်းကို ကိုယ်တိုင်တူးနေတဲ့ အတွေးတွေပါပဲ။ စူးရှမေ ငြိမ်းချမ်းမှုတို့စတင်ရာ စာအုပ်မှ #Owner_Rina

  • လူတစ်ယောက်နားမှာ ရှိနေတဲ့အခါ emotional safety ဆိုတဲ့စိတ်လုံခြုံမှုကို ခံစားရဖို့က အရေးအကြီးဆုံးပဲ ။ လူတွေဟာ စိတ်လှုပ်ရှားပြီး Hot and cold တွေနဲ့ ရင်ခုန်ရတာကို အချစ်လို့ထင်တတ်ကြပေမဲ့ တကယ့်အချစ်ကတော့ အဲ့ဒီလိုမဟုတ်ဘဲ တည်ငြိမ်ပြီး သိမ်မွေ့ခြင်းမျိုးတဲ့ ။ စိတ်လုံခြုံမှုဆိုတာ- မအားလို့ ဖုန်းမကိုင်ရင်တောင် ဘယ်တွေရောက်နေလဲဘာတွေလုပ်နေလဲ တမင်မကိုင်တာလား ဆိုတဲ့ သံသယတွေထက် သူခဏနေပြန်ခေါ်မှာပဲ ဆိုတာကို သိတာ ။ စာပို့ထားတာ ချက်ချင်းမပြန်သေးရင်တောင် သူငါ့စာမြင်တာနဲ့ပြန်ပြောမှာပါဆိုတာ ကို သိနေတာမျိုး ။ အခက်အခဲတစ်ခုခုဖြစ်ရင် သူ့ကို ပြောပြရင် သူကတော့ငါ့ကိုနားလည်မှာ ၊ ငါ့ဘက်မှာရှိနေပေးမှာပါဆိုတာကိုသိနေတာမျိုး။အခြေအနေတွေဘယ်လောက်ဝေးကွာကွာနေနေ သူ့ကိုတော့စိတ်ချရပြီး နှစ်ယောက်လုံးကနီးစပ်ဖို့အကောင်းဆုံး ကြိုးစားကြမှာပါဆိုတာကို သိနေတာမျိုးပေါ့။ လူတွေဟာ ငိုချင်တဲ့အခါ ဘယ်သူ့ကိုရှာတတ်ကြသလဲ ၊ စိတ်လုံခြုံရတဲ့လူကိုပဲရှာကြတာနော်၊ ကိုယ့်ကို မငြိုငြင်မဲ့သူ၊ကိုယ့်ရဲ့နာကျင်မှုကို မျက်ကွယ်မပြုမဲ့သူ၊ ကိုယ့်ရဲ့ ခံစားချက်ကို နားလည်နှစ်သိမ့်မဲ့ လူကိုပဲ ရှာကြတာ ၊ ကိုယ့်ရဲ့ပျော့ညံ့မှုကို နွေးထွေးပေးနိုင်တဲ့လူကိုပဲ ရှာကြတာ ။ Emotional safety ဆိုတာ ပြိုကွဲလွဲပြီး ပြန်တည်ဆောက်ဖို့ခက်တဲ့ အရာတစ်ခုပဲ ။ ကိုယ်လည်း စိတ်လုံခြုံမှုရှိခဲ့တယ်လို့ထင်တဲ့ လူဆီမှာ စိတ်လုံခြုံမှုတွေပျက်ဆီးသွားဖူးတယ် ။ အဲ့ဒီအခါ အဲ့ဒီလူကိုတောင်ဘယ်လိုမှ နောက်ထပ်တစ်ကြိမ်အခွင့်အရေးမပေးနိုင် ကိုယ့်စိတ်က သူ့ကို ဘယ်လိုမှအရင်လို ပြန်မယုံကြည်နိုင်တော့တာကို သိခဲ့ရတယ် ။ ဒါပေမဲ့လည်းသူကိုယ်တိုင်က ဒါကို ဖျက်ဆီးပစ်ခဲ့တာပဲ မဟုတ်လား။ လူတစ်ယောက်ကြားမှာရှိနေတဲ့အခါ nervous system က relax ဖြစ်နေဖို့ လိုတယ် ။ သူပြောတဲ့စကားတွေက ဘယ်နှခွန်းအမှန်လဲ ၊ ပေးတဲ့ကတိကကော ဘယ်နှခွန်းယုံရတာလဲ ၊ သူ့စိတ်ကခဏနေတမျိုးပြောင်းဦးမလား၊ သူက ငါ့ကို ဘယ်လိုသဘောထားတာလဲ ၊ ငါ့ကိုချစ်ရဲ့လား၊ တန်ဖိုးထားချင်ရဲ့လား ၊ ငါ့ရဲ့အားနည်းချက်ကိုသိသွားတဲ့အခါ မထားခဲ့မှာသေချာရဲ့လား၊ ငါ့ထက် သာတဲ့လူများ သူ့နားမှာ ရှိနေလား ၊ ငါ့ဆီကို လာပါ့မလား ၊ ငါ့အပေါ်ခံစားချက်ကသေချာရဲ့လားဆိုတဲ့ စိတ်မလုံခြုံမှုတွေမဟုတ်ဘဲ သေချာတဲ့ ခံစားချက်တွေနဲ့ ထွေးပွေ့ပေးမဲ့လူကို ရှာရတယ် ။ ဘယ်အချိန်ပဲပြေးသွားသွား အဲ့ဒီရင်ခွင်ဟာ ကိုယ့်ကို ထွေးပွေ့ပေးမှာသေချာ ပြီး ဘယ်အခြေအနေပဲဖြစ်ဖြစ် အဲ့ဒီလက်ဖဝါးက ကိုယ့်ကို မလွှတ်ချမှာသေချာရင် ချစ်ခြင်းမေတ္တာဟာ လုံခြုံနွေးထွေးနေဦးမှာပဲ ။ ကိုယ်ကတော့ စိတ်လုံခြုံမှုနဲ့ ယုံကြည်မှုသာ မရှိနေတော့ရင် ချစ်တာတွေမချစ်တာတွေလည်း ကြည့်မနေတော့ဘူး ။ စိတ်လုံခြုံမှုမရှိဘဲ လူတွေဟာ ဘယ်လိုလုပ် တစ်ယောက်မျက်ဝန်းတွေတစ်ယောက်ငေးရင် နွေးထွေးကြင်နာစွာ ပြုံးပြနိုင်မှာတဲ့လဲ I fall in love for emotion safety . Nayvel #Owner_Rina

  • ခေတ်ကြီးက ရည်းစားရဖို့ အရမ်းလွယ်လာသလောက် လူမှုရေးဖောက်ပြန်တာတွေ သစ္စာဖောက်တာတွေကလည်း အလေ့အထတစ်ခုလို ဖြစ်လာတယ် အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါပဲ… လူတွေက "ကြိုက်တာ" နဲ့ "ချစ်တာ"ကို ခေါင်းစဉ်တစ်ခုတည်း လာတပ်နေကြလို့ပါ ကြိုက်တာ ဆိုတာ ခဏတာ ရင်ခုန်မှုပါ အချိန်တစ်ခုရောက်ရင် ငြီးငွေ့လာမယ် အသစ်ပြောင်းချင်လာမယ် ဒါဟာ သဘာဝပဲ ဒါပေမဲ့ ချစ်တာ ကတော့ မတူဘူး အဲဒီလူရဲ့ အားနည်းချက် အားသာချက် အားလုံးကို လက်ခံပြီး အတူတူ ဖြတ်သန်းဖို့ သစ္စာရှိရှိ လက်တွဲသွားချင်တဲ့ ဆုံးဖြတ်ချက်ပါ အခုခေတ်မှာ Dating အဆင့်လေးနဲ့တင် "Relationship" ဆိုတဲ့ ခေါင်းစဉ်ကို အလွယ်တကူ တပ်လိုက်ကြတယ် လူတစ်ယောက်ကို တကယ်ချစ်ဖို့ဆိုတာ အချိန်ယူရတယ် သူ့စိတ်နေစိတ်ထား တန်ဖိုးထားတဲ့အရာတွေ ဒေါသထွက်တဲ့အချိန် အခက်အခဲကြုံတဲ့အချိန်… အဲဒီအရာတွေကို သိလာမှ အချစ်ဆိုတာ ဖြစ်လာတာ လူတော်တော်များများက ခဏတာရင်ခုန်မှုကို အချစ်လို့ ထင်ပြီး Relationship တစ်ခု စလိုက်ကြတယ် အချိန်ကြာလာတဲ့အခါ ရင်ခုန်မှုက တဖြည်းဖြည်း လျော့သွားတယ် အဲဒီအချိန်မှာ လူသစ်တစ်ယောက် ရောက်လာပြီး အစတုန်းကလို ရင်ခုန်မှုမျိုးကို ထပ်ခံစားရတဲ့အခါ… "ဒီလူကိုပဲ တကယ်ချစ်တာထင်တယ်" ဆိုပြီး ကိုယ့်ခံစားချက်ကို အချစ်လို့ ထပ်မှားယွင်းသတ်မှတ်လိုက်ကြတယ် တကယ်တော့ အချစ်အသစ်တွေ့တာ မဟုတ်ပါဘူး သူတို့ လိုက်ရှာနေတာ အချစ်မဟုတ်ဘူး… ရင်ခုန်မှုအသစ်ကိုပဲ ဒါကြောင့် ကိုယ့်ကိုယ်ကို တစ်ခါလောက် ပြန်မေးကြည့်ပါ ငါ သူ့ကို တကယ်ချစ်ခဲ့တာလား… ဒါမှမဟုတ် ခဏတာ ရင်ခုန်ခဲ့ရုံပဲလား ခဏတာ ရင်ခုန်မှုတိုင်းကို "အချစ်" လို့ နာမည်မတပ်ပါနဲ့ အချစ်ဆိုတာ ရင်ခုန်မှုထက် ပိုပြီး တာဝန်ယူမှု သစ္စာရှိမှုနဲ့ ရွေးချယ်မှု ပါ Crd owner with respect #Owner_Rina

  • ဘယ်လောက်ပဲ ချစ်ချစ် စိတ်လုံခြုံမှု ပေးနိုင်တဲ့သူကိုပဲ ရွေးပါလို့ ဘာလို့ပြောလဲ သိလား? တချို့ Relationship တွေမှာ အချစ်တော့ ရှိတယ်။ ဒါပေမယ့် စိတ်အေးချမ်းမှု မရှိဘူး။ ဥပမာ - Reply ကြာရင် စိုးရိမ်ရတယ်။ ပြောတဲ့စကားတိုင်းကို အဓိပ္ပာယ်ကောက်နေရတယ်။ ကိုယ်ဖြစ်နေတာတွေကို ပြောဖို့တောင် ကြောက်နေရတယ်။ တချို့ကတော့ ဒါဟာ ကိုယ့်ဘာသာ စိတ်ကဖြစ်နေတာ၊ လျှောက်တွေးနေတာလို့ တွေးကောင်းတွေးနိုင်တယ်။ ဒါပေမယ့် လူတွေရဲ့ အလိုလိုသိစိတ်ဆိုတာ အင်မတန် ထူးဆန်းပါတယ်။ ပြီးတော့ ဒီလိုမျိုး လျှောက်တွေးပြီး မယုံရဘူးဆိုကတည်းက တစ်ခုခု မှားယွင်းနေလို့၊ မှားယွင်းခဲ့ဖူးလို့ပါ။ ဒီလို နေရာတကာ လိုက်စိုးရိမ်နေရပြီ ဆိုကတည်းက တစ်ခုခု မှားယွင်းနေပါပြီ။ အဲဒီလို Relationship က ချစ်နေပေမယ့် ပင်ပန်းစေပါတယ်။ တကယ်တော့ Relationship တစ်ခုက ကိုယ့်ကို မလုံခြုံအောင် မလုပ်သင့်ဘူး။ စိတ်လုံခြုံမှု (Emotional Safety) ဆိုတာ အမှားလုပ်မိရင်လည်း အတူဖြေရှင်းပေးမယ့် ယုံကြည်မှု။ စိတ်ညစ်တဲ့နေ့မှာ အားကိုးလို့ရမယ့် နွေးထွေးမှု။ ကိုယ့်ဖြစ်တည်မှုေလးအတိုင်း နေနိုင်တဲ့ သက်တောင့်သက်သာရှိမှု။ အငြင်းပွားကြတဲ့အချိန်မှာတောင် မလေးစားတဲ့ စကားမပြောဘဲ ဖြေရှင်းချင်တဲ့ စိတ်။ ဒါတွေက Relationship တစ်ခုကို ရေရှည်တည်မြဲစေတဲ့ အခြေခံအုတ်မြစ်တွေပါ။ ရင်ခုန်သံက အချိန်ကြာရင် လျော့သွားနိုင်သလို အလှအပဟာလည်း အချိန်မ ေရွး ပြောင်းလဲသွားနိုပါင်တယ်။ ဒါပေမယ့် ကိုယ့်ဘေးမှာ ရှိနေရုံနဲ့ စိတ်အေးချမ်းရတဲ့ ခံစားချက်ကတော့ အချစ်ကို ပိုခိုင်မာစေပါတယ်။ အဲဒီလို Relationship မှာပဲ အချစ်က ရှင်သန်နိုင်ပါတယ်။ "Choose the person who gives you peace, not just butterflies. Love grows best where you feel safe." ❤️ Crd owner with respect #Owner_Rina

  • "လူတွေက မအားတာ မဟုတ်ဘူး... ဦးစားပေးအစီအစဉ်ပဲ ကွာတာပါ။" တစ်နေ့ကသူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ "သူအလုပ်အရမ်းများလို့ စာတောင် မပြန်နိုင်ဘူးတဲ့..." ကျွန်တော် ပြုံးလိုက်တယ်။ ပြီးတော့"လူတွေက မအားတာတော့ မရှိပါဘူး" "သူတို့ ဦးစားပေးတဲ့အရာထဲမှာ ကိုယ်မပါသေးတာပဲ ရှိတယ်။" လို့ ပြန်ပြောလိုက်တယ်။ စဉ်းစားကြည့်ပါ တစ်နေ့မှာ ၂၄ နာရီပဲ ရှိတယ်။ အဲဒီ ၂၄ နာရီထဲမှာ လူတိုင်းက ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကို အချိန်ပေးနေကြတယ်။ အလုပ်/မိသားစု/သူငယ်ချင်း/ဝါသနာ/ဒါမှမဟုတ်... ချစ်တဲ့သူ။ တကယ်တန်ဖိုးထားတဲ့သူဆိုရင်"မအားဘူး" ဆိုတာထက်... "နည်းနည်းစောင့်ဦးနော်."ဆိုတဲ့ စကားလေးတော့ ရှိတယ်။ စာအရှည်ကြီး မပို့နိုင်ရင်တောင် "အလုပ်ပြီးရင် ပြန်ပြောမယ်။" ဆိုတဲ့ Message လေးတစ်ကြောင်းတော့ ရှိတယ်။ ဘာလို့လဲဆိုတော့ အချိန်ဆိုတာ ရှာတာ မဟုတ်ဘူး... ဖယ်ထားပေးတာပါ။ ဒါပေမယ့် တစ်ယောက်ယောက် အလုပ်များနေလို့ ကိုယ့်ကို မချစ်တော့ဘူးလို့ အလွယ်တကူ မဆုံးဖြတ်ပါနဲ့။ တစ်ခါတလေ သူ့ဘဝမှာ တကယ်ရင်ဆိုင်နေရတဲ့ အရာတွေ ရှိနိုင်တယ်။ အရေးကြီးတာက သူ့ဘဝ ဘယ်လောက်ပဲ အလုပ်များနေပါစေ... ကိုယ့်အတွက် နေရာလေးတစ်ခုတော့ အမြဲချန်ထားပေးသလား ဆိုတာပါ။ "People make time for what they truly value." ❤️ အချစ်ဆိုတာ တစ်နေ့လုံး အတူရှိနေတာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အလုပ်များများ. "မင်းကို မမေ့ဘူး" ဆိုတာကို လုပ်ရပ်နဲ့ ပြသပေးနိုင်တာပါ။ #Owner_Rina

  • ကိုယ်ပိုင်ဝင်ငွေနဲ့ရပ်တည်နိုင်တဲ့မိန်းကလေးပဲဖြစ်အောင်ကြိုးစားမယ်။ အမျိုးသားတစ်ယောက်ရဲ့နောက်ကို ပြေးမလိုက်ပဲ ကိုယ့်ဘဝတိုးတက်ရေးကိုပဲ ပိုအာရုံစိုက်ဖြစ်လာတယ်။ မိဘကိုချမ်းချမ်းသာသာလေးထားနိုင်ဖို့ရယ် သွားချင်တဲ့ခရီးတွေ သွားနိုင်ဖို့ရယ် ပေးကမ်းချင်သမျှ ပေးကမ်းနိုင်ဖို့ရယ် ဒီလောက်ပါပဲ။ လက်တွဲဖော်မရှိလည်း ကိစ္စမရှိဘူး အမျိုးသားတွေရဲ့ ကြိုက်နှစ်သက်မှုကိုမခံရလည်း ကိစ္စမရှိဘူး။ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကောင်းကောင်းမွန်မွန်ရှင်သန်ရပ်တည်နိုင်မယ်ဆိုရင် ဘာလို့အမျိုးသားတစ်ယောက်ကို မှီခိုဖို့ လိုအပ်နေရမှာလဲ။ တန်ဖိုးရှိအောင်နေရင် တန်ဖိုးများတာပဲမလား အမျိုးသားတစ်ယောက်အတွက် ပူလောင်မနေချင်ဘူး။ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ရပ်တည်ရင်း တစ်ယောက်တည်း လှပအေးချမ်းစွာ ရှင်သန်နေထိုင်သွားချင်တယ်။ ဖားစည်ရည်ကျော် #Owner_Rina

  • စိတ်ပင်ပန်းပေမယ့် ကြိုးစားနေတုန်းပဲ။ မလွယ်ကူပေမယ့် ရှေ့ဆက်နေတုန်းပဲ။ ဒီအတိုင်း ငါကရပ်နေမှာမဟုတ်ဘူး။ နည်းနည်းချင်းပဲဖြစ်ဖြစ်၊ တဖြည်းဖြည်းပဲဖြစ်ဖြစ် ငါလိုချင်တဲ့နေရာကိုတော့ ရောက်အောင်သွားမှာ။ ငါဖြစ်ချင်တာကိုတော့ ရအောင်ယူမှာ။ သူများတွေလို မြန်ချင်မှ မြန်လိမ့်မယ်။ ဒါပေမယ့်ငါဟာ ငါ့နှုန်းအတိုင်းပဲ ငါသွားတယ်။ MaryHazel #Owner_Rina

  • "သူချစ်ကို ရွေးမလား... ကိုယ်ချစ်ကို ရွေးမလား?" ❤️ ဒီမေးခွန်းကိုလူတော်တော်များများ မေးဖူးကြတယ်။ တချို့က"ကိုယ်ချစ်တဲ့သူကိုပဲ ရွေးမယ်။"လို့ ပြောတယ်။ တချို့က"ကိုယ့်ကို ချစ်တဲ့သူကို ရွေးမယ်။" လို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်ဆိုရင် တတိယ Option ကိုပဲ ရွေးမယ်။"ကျွန်တော့်ကို ရထားတာ ကံကောင်းလိုက်တာ..."လို့ ဂုဏ်ယူနိုင်တဲ့သူ။ "မင်းရှိနေလို့ ငါ့ဘဝ ပိုပြည့်စုံလာတယ်။" လို့ ခံစားနိုင်တဲ့သူ။ အဲဒီလို လူမျိုးကိုပဲ ရွေးမယ်။ ဘာလို့လဲဆိုတော့ တန်ဖိုးဆိုတာ ထားတတ်တဲ့သူဆီမှာပဲ တန်ဖိုးရှိတယ်။ ကိုယ်က ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် ကိုယ့်တန်ဖိုးကို မမြင်တဲ့သူဆီမှာ... ကိုယ်က အမြဲ "သာမန်" ပဲ ဖြစ်နေမှာပါ။ ဒါပေမယ့် ကိုယ့်ကို တန်ဖိုးထားတဲ့သူဆီမှာတော့ ကိုယ့်ရဲ့ အားနည်းချက်တွေတောင် လက်ခံပေးနိုင်တယ်။ ကိုယ့်ရဲ့ တည်ရှိနေမှုလေးကိုပဲ ကျေးဇူးတင်နေတတ်တယ်။ တကယ်က Relationship တစ်ခုမှာ ဘယ်သူက ဘယ်သူ့ကို ပိုချစ်လဲ ဆိုတာထက် ဘယ်သူက ဘယ်သူ့တန်ဖိုးကို ပိုနားလည်ပေးလဲ ဆိုတာက ပိုအရေးကြီးတယ်။ "You are priceless to the person who truly values you." ❤️ အချစ်က လူတိုင်း ပေးနိုင်တယ်။ ဒါပေမယ့်တန်ဖိုးထားမှုကတော့ လူတိုင်း မပေးနိုင်ဘူး။ Crd #Owner_Rina

  • ဒီAugust မှာ ကိုယ်ဟာ "တစ်ယောက်တည်းပါပဲ"ဆိုတဲ့စကားကို အထီးကျန်ခြင်းမရှိပနဲ့ ပြောပြနိုင်ခဲ့ပါပြီ။ အတိတ်မှာ ပိတ်မိမနေချင်ဘူး ။ ဒါကြောင့်ပဲ လက်ခံပေးလိုက်၊လက်လွှတ်ပေးလိုက်နဲ့ ၊ ကိုယ့်တစ်ကိုယ်စာလေးဟာ အလိုလို ပေါ့ပါးသွားတယ်။ ကိုယ်ဘယ်သူ့ကို ဘာအတွက်ကြောင့်နဲ့မှ စောင့်နေမှာမဟုတ်တော့ဘူး။ သိလား။ ကိုယ်ရှေ့ကိုခပ်ဖြေးဖြေးလေးပဲ ဆက်သွားနေတော့မှာ ။ #Owner_Rina