Running Man Fans From Myanmar ( Run-Mar )
СтатистикаRunning Man mmsub hd အပိုင်းများကို fan တွေအတွက်စုစည်းထားပေးပါတယ်။ အခုလို ကြည့်ခွင့်ရအောင် ဘာသာပြန်ပြီး တင်ပေးကြတဲ့ websiteများ၊ pageများ၊ channelများ၊ translatorများနဲ့ video editorများကို ကျေးဇူးအထူးတင်ပါတယ်။ ❤️
- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 8
- Всего постов
- 27
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 978
- 1/48двое суток
- 1 120
- 1/72трое суток
- 1 208
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Midnight Horror Story S6 အပိုင်းသစ်ရပါပြီဗျ။ https://t.me/runningmanfansfrommyanmar/1397
Murder Club: Liar's Table အစ - အဆုံး ရပါပြီ။ https://t.me/runningmanfansfrommyanmar/1460
без подписи
без подписи
ဒီလမှာ August Born သုံးယောက်ရဲ့ မွေးနေ့ရှိပါတယ်။ မနက်ဖြန်ကတော့ အစ်ကိုဂျယ်ဆော့ရဲ့ ၅၄ နှစ်မွေးနေ့ပါ။ 🎉 သဘက်ခါက အပျိုကြီးမမရဲ့ ၄၅ နှစ်ပြည့်မွေးနေ့။ 🎉 ၂၀ ရက်နေ့မှာတော့ အစ်ကိုဟားဟားရဲ့ ၄၇ နှစ်ပြည့်မွေးနေ့ပါ။🎉 August Born အားလုံး ကျန်းမာပျော်ရွှင်ပြီး Fan တွေနဲ့အတူ ပြေးလို့ရတဲ့အထိ ဆက်ပြေးချင်ပါသေးတယ်ဗျ။♥️ #RunningMan #RunningManMmsub
Hangout with Yoo အပိုင်းသစ်ရပါပြီ။ Summer Gathering / Raising Pleasantness ဒီတစ်ပတ်အပိုင်းကတော့ Comma Club မန်ဘာတွေဆုံဆည်းရာအပိုင်းပဲ ဖြစ်ပါတယ်ရှင် တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုဆိုတာ နည်းပါးကြတဲ့မန်ဘာဝင်တွေပေမယ့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့ အမြဲတွေ့ဆုံပြီး စုပေါင်းအားထုတ်ကြပေမယ့် ထုံးစံအတိုင်း အပြန်အလှန် သံသယတွေ အထင်လွဲတာတွေ မကျေနပ်တာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီအဖွဲ့ကြီးက ဒီတစ်ပတ်လည်း ဘယ်လို activity တွေလုပ်ပြီး ဘယ်လိုရန်ဖြစ်ကြဦးမလဲဆိုတာ ကြည့်လို့ရပါပြီနော် https://t.me/runningmanfansfrommyanmar/80
Whenever Possible S5 (2026) Nation's MC Yoo Jae-Seok နဲ့ မင်းသား Yoo Yeon-Seok တို့ရဲ့ "ဂိမ်းကစားပြီး လက်ဆောင်တွေပေးမယ်" အစီအစဉ်လေးကတော့ Season 5 နဲ့အတူ ပြန်လည် ရောက်ရှိလာပါပြီ။ ပြီးခဲ့တဲ့ Season တွေမှာ ရင်းနှီးထားကြပြီးသားအတိုင်း ပါဝင်ဖို့ လျှောက်ထားလာကြတဲ့ ပရိသတ်တွေဆီကို ကိုယ်တိုင် သွားရောက်ပြီး စိတ်လှုပ်ရှားဖွယ် ဂိမ်းမစ်ရှင်တွေ ဆော့ပြီးတော့ ဆုလက်ဆောင်တွေ ပေးအပ်တဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ အပိုင်းတိုင်းမှာ ပါဝင်လာမဲ့ နာမည်ကြီး Guest တွေနဲ့အတူ ယူညီအစ်ကိုက မစ်ရှင်တိုင်းမှာ အောင်ပန်းဆင်ပြီး လျှောက်ထားသူ ပရိသတ်တွေအတွက် ကံကောင်းခြင်း ဆုလက်ဆောင်တွေကို အရယူပေးသွားနိုင်မလား.... ဒါမှမဟုတ် အလွဲလွဲအချော်ချော်တွေ ဖြစ်ပြီး စိတ်ပျက်လက်ပျက်နဲ့ပဲ လှည့်ပြန်လာရမလားဆိုတာကို အပတ်စဥ် ရင်ခုန်စွာနဲ့ အတူတူ စောင့်ကြည့်ကြရအောင်နော်။ Channel Join ပါ https://t.me/+YIk9-hgGGyo3MDBl Show link https://t.me/c/2173574808/160
The love lab Dating Show အပိုင်းသစ် ရပါပြီ။ https://t.me/runningmanfansfrommyanmar/1366
ဂန်ဟွန်းရဲ့ series အသစ် အပိုင်းသစ်ရပါပြီ။ https://t.me/runningmanfansfrommyanmar/1467
Fresh of the see Season 3 အပိုင်းသစ်ရပါပြီ။ https://t.me/runningmanfansfrommyanmar/1463
EP.815 — “Let’s All Take a Tour Around Jongno” Guest - Hong Jin-ho, Kim Ji-yu ဒီတစ်ပတ်မှာတော့ Running Man မိသားစုဝင်တစ်ပိုင်းဖြစ်နေတဲ့ စကားမပီသူဟုံးဂျင်ဟိုနဲ့ အခုတလော ရသစုံချန်နယ်တော်တော်များများမှာ ပါနေတဲ့ entertainer ဂင်ဂျီဟူတို့မှ ပါဝင်ထားပါတယ် အသင်း၂သင်းခွဲပြီးတော့ မိုနိုပိုလီကစားသလို အံစာတုံးချကာ ဂျုံးနိုကို အနှံ့ပတ်ရမှာဖြစ်ပြီး တစ်ပတ်အမြန်လည်သွားတဲ့အသင်းက အနိုင်ရမှာဖြစ်ပါတယ် အံစာတုံးကျတဲ့နေရာအလိုက်သွားပြီး မစ်ရှင်တွေ ကစားရမှာဖြစ်သလို နေ့လယ်စာစားဖို့ အကွက်၂ကွက်တည်းပါပြီးတော့ ဒီအကွက်ကိုမှ မကျရင် နေ့လယ်စာငတ်မှာပဲဖြစ်ပါတယ် မစ်ရှင်မှာနိုင်ဖို့ ဘယ်လိုဖျံကျဦးမလဲ ဘယ်သူတွေက တလွဲလုပ်ဦးမလဲဆိုတာ ရယ်မောချင်ရင် အခုပဲကြည့်လိုက်ရအောင်နော် https://t.me/runningmanfansfrommyanmar/1201
Bloody Game X အပိုင်းသစ်ရပါပြီ။ https://t.me/runningmanfansfrommyanmar/1453
Stand BI Me (2026) 🏳️🌈 တောင်ကိုးရီးယားရဲ့ ပထမဦးဆုံး Bisexual Dating Show 🏳️🌈 ယောကျ်ားလေးနဲ့ မိန်းကလေးကြားက ချစ်ခြင်းကို အခြေခံထားတဲ့ သာမန် Dating Show တွေနဲ့မတူဘဲ ဒီအစီအစဉ်လေးမှာကတော့ "ကျား၊ မ" ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိမနေဘဲ နှလုံးသားရဲ့ စေညွှန်ရာအတိုင်း ချစ်သူကို ရွေးချယ်သွားကြမှာဖြစ်ပါတယ်။ ဘောင်ခတ်မထားတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ စစ်မှန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ရောက်လာကြတဲ့ သူတို့ရဲ့ ဒီ Stand Bi Me ဆိုတဲ့ ခရီးစဉ်လေးမှာ ဘယ်သူတွေကများ ရင်ခုန်သံချင်း နီးစပ်သွားကြမလဲ... ဘယ်လို ရှုပ်ထွေးပြီး ခန့်မှန်းရခက်တဲ့ ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာဦးမလဲ Channel အရင် join ပါ။ https://t.me/singlesinferno_runmar Show link https://t.me/singlesinferno_runmar/458
Murder Club: Liar's Table အပိုင်းသစ် ရပါပြီ။ https://t.me/runningmanfansfrommyanmar/1460
Punghyangjung (2026) ခေတ်မီနည်းပညာ အကူအညီမပါဘဲ ရှေးရိုးနည်းလမ်းလေးဖြစ်တဲ့ မြေပုံကိုင်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ သွားလာရတဲ့ Punghyang series ကတော့ ဒီတစ်ခါမှာ နိုင်ငံခြားခရီးစဥ်ဖြစ်တဲ့ Punghyanggo မဟုတ်ဘဲ ပြည်တွင်းခရီးစဥ်အနေနဲ့ နယ်မြို့လေးကို သွားကြမဲ့ Punghyanjung အဖြစ် ပြန်လာပါပြီ။ Cast တွေအနေနဲ့ကတော့ အရင် season တွေကလိုပဲ အားလုံးသိကြတဲ့ နိုင်ငံ့ MC ကြီး Yoo Jae Suk၊ Ji Seok Jin၊ Yang Se Chan နဲ့အတူ Teach you a lesson မင်းသားကြီး Lee Sung Min တို့ကပဲ ဆက်လက်ပါဝင်ထားပါတယ်။ Season 2 မှာ ဥရောပတစ်ခွင်ပြဲပြဲစင်ခဲ့တဲ့ ဒီညီအစ်ကိုတွေကတော့ ခု Season 3 မှာတော့ ကိုးရီးယားနိုင်ငံတွင်းမှာပဲ မြေပုံလေးတစ်ကိုင်ကိုင်နဲ့ သွားလာကြဦးမှာပါ။ ကိုယ့်နိုင်ငံပြည်တွင်းခရီးမှာ “၄ ယောက်ပေါင်း လောင်းကျော်” ဆိုတဲ့ သူတို့ပုံစံအတိုင်း ဘယ်လိုတွေပွက်လောရိုက်ကာ ခွီကြရဦးမလဲဆိုတာကို ပရိသတ်ကြီးတို့ ခံစားကြည့်ရှုရဦးမှာဖဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။ Channel အရင် join ပါ။ https://t.me/pinggyego_ddeunddeun Show link https://t.me/pinggyego_ddeunddeun/126
Ramyeon Hangout (2026) ယူဂျယ်ဆော့ ခေါက်ဆွဲပတ်စားတဲ့ EP ဆိုပြီး အော်ပြီး ရှာနေကြတဲ့လူတွေ ကြည့်လို့ရပြီဗျ။ DdeunDdeun Channel ရဲ့ ၂၀၂၆ နွေရာသီ အထူးအစီအစဉ်ဖြစ်တဲ့ "Ramyeon Hangout" ထွက်ရှိလာပါပြီ။ ဒီအစီအစဉ်လေးမှာတော့ အားလုံးရဲ့အချစ်တော် ယူဂျယ်ဆော့နဲ့အတူ ထိတ်ထိတ်ကြဲ မင်းသားကြီးတွေဖြစ်တဲ့ Kim Nam Gil, Ju Ji Hoon နဲ့ Yoon Kyung Ho တို့က Ramyeon အတူတူစားဖို့ Day-trip လေး သွားကြမှာပါ။ လေပြေအေးအေးလေး တိုက်နေတဲ့ သာယာတဲ့ ရာသီဥတုလေးမှာ ဆိုင်ကယ်တွေ၊ ကားတွေစီးရင်း လမ်းတစ်လျှောက် ရှုခင်းတွေကြည့်ကာ တစ်စက္ကန့်လေးတောင် အသံတိတ်မသွားဘဲ စကားတွေ ဆက်တိုက်ဖောင်ဖွဲ့ကြမယ့် သူတို့ ၄ ယောက်ရဲ့ ပေါ့ပေါ့ပါးပါး ခရီးစဉ်လေးကို အခုပဲ ဝင်ကြည့်လိုက်တော့နော် Channel အရင် join ပါ။ https://t.me/pinggyego_ddeunddeun Show link https://t.me/pinggyego_ddeunddeun/122 #ramyeonhangout #yoojaesuk #noodle
နွေရာသီအားလပ်ရက်ကို ပိုပျော်ရွှင်စေဖို့ "Summer Vacation Special Lecture Is Just an Excuse" ဆိုတဲ့ ခေါင်းစဉ်နဲ့ Yoo Jae Suk က နာမည်ကြီးဧည့်သည်တွေကို ဖိတ်ခေါ်ထားတဲ့ Pinggyego EP.115 ထွက်ရှိလာပါတယ်။ ဒီအပိုင်းရဲ့ ဧည့်သည်တွေကတော့ Lee Dong Wook, Kim Hye Jun နဲ့ ဟာသသရုပ်ဆောင် Heo Kyung Hwan တို့ ဖြစ်ပါတယ်။ အရသာရှိတဲ့ အစားအစာတွေကို စားသောက်ရင်း၊ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရတွေ၊ အလုပ်အတွေ့အကြုံတွေ၊ ကိုယ်ရေးကိုယ်တာ အလေ့အထတွေအပြင် အပြန်အလှန်နောက်ပြောင်စကားပြောမှုတွေကြောင့် အစအဆုံး ရယ်မောစရာ မပြတ်တဲ့ အပိုင်းတစ်ပိုင်းပါ။ Lee Dong Wook ရဲ့ ဟာသအပြောတွေ၊ Kim Hye Jun ရဲ့ သဘာဝကျတဲ့ ချစ်စရာအပြုအမူတွေနဲ့ Heo Kyung Hwan ရဲ့ အချိန်ကိုက် ဟာသတွေက Yoo Jae Suk နဲ့ အတူ chemistry ကောင်းကောင်း ဖန်တီးပေးထားပါတယ်။ စိတ်ပင်ပန်းနေတဲ့နေ့တွေမှာ ပေါ့ပေါ့ပါးပါး ရယ်မောချင်သူတွေအတွက် မလွတ်သင့်တဲ့ Pinggyego အပိုင်းတစ်ပိုင်းပါ။ https://t.me/runningmanfansfrommyanmar/419
Disney+ က Original Series အသစ် "A Man's Man" ကို ထုတ်လုပ်သွားမယ်လို့ အတည်ပြုခဲ့ပြီး သရုပ်ဆောင်အဖြစ် Park Jeong Min, Bae Sung Woo, Kim Ji Hyun, Jung Moon Sung, Moon Sang Hoon, Kim Min, Lee Jung Eun, Seolhyun, Kim Dae Myeung, Lee Sang Yi နဲ့ Lee Kwang Soo တို့ ပါဝင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဒရာမာက နာမည်ကြီး Web Novel ကို အခြေခံထားတာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ Webtoon အဖြစ်လည်း ပြန်လည်ဖန်တီးခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း စုစုပေါင်း ဖတ်ရှုမှု သန်း ၄၇၀ ကျော် ရရှိထားတဲ့ နာမည်ကြီး IP တစ်ခုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကုမ္ပဏီ CEO အထိ အောင်မြင်လာခဲ့ပေမယ့် ကိုယ်ချစ်တဲ့အရာအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ Han Yu Hyeon ဟာ အတိတ်ကို နှစ် ၂၀ ပြန်ရောက်သွားပြီး သူ့ဘဝကို အစကနေ ပြန်လည်ရွေးချယ်ခွင့် ရရှိလာတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် Park Jeong Min က Han Yu Hyeon အဖြစ် သရုပ်ဆောင်ထားပါတယ်။ ထို့အပြင် Seolhyun နဲ့ Lee Kwang Soo တို့က အထူးဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Seolhyun က Jo Chan Young ရဲ့ အတွင်းရေးမှူး Lee Ae Rin အဖြစ် ပါဝင်ထားပါတယ်။ Lee Kwang Soo က Han Yu Hyeon အကြောက်ဆုံးနဲ့ မယုံကြည်ရဆုံးလူအဖြစ် Chairman Shin Kyung Soo နေရာက အသွင်ပြောင်း သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ Disney+ စီးရီး "Light Shop" ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Hie Won က ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။ Lee Kwang Soo ရဲ့ အထူးပါဝင်သရုပ်ဆောင်မှုကလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အချက်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ #LeeKwangSoo #RunningMan
🌟 အထူးဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့် Lee Kwang Soo 🌟 အောက်က post မှာ ဆက်ဖတ်ပေးပါ။ 👇👇👇👇
My Bias, My Boss (2026) ဂန်ဟွန်းရဲ့ series အသစ်ပါ။ Bias နဲ့ နီးစပ်ချင်လို့ အလုပ်ဝင်လိုက်ရာကနေ... ရုံးခန်းထဲက CEO ကြီးနဲ့တွေ့ပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်ဦးမယ့် ရုံးတွင်း Romance Comedy စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နမ်ဒါရွန်း (Kim Hye Jun) ဟာ သူမ နှစ်ပေါင်းများစွာ အရူးအမူး ကြိုက်ခဲ့ရတဲ့ Idol သရုပ်ဆောင် အီချန်း (Cha Woo Min) နဲ့ နီးစပ်ခွင့်ရဖို့အတွက် "APPELLO" ဆိုတဲ့ Fashion Platform ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ပါတယ်။ ဂန်ဟာဂီ (Kang Hoon) ကတော့ Appello ကို အောင်မြင်စွာ ဦးဆောင်နေတဲ့ CEO တစ်ယောက်ပါ။ အပြင်ပန်းကကြည့်ရင် အေးစက်စက်နိုင်ပေမဲ့ စိတ်နှလုံးသိမ်မွေ့သူပေါ့။ ဒါပေမဲ့ ဝန်ထမ်းအသစ်လေး နမ်ဒါရွန်း (Kim Hye Jun) ရောက်လာချိန်မှာတော့ သူ့ရဲ့ အေးတိအေးစက်နိုင်တဲ့ ပုံရိပ်က ပြောင်းလဲသွားပါတော့တယ်။ ကိုယ်အကြာကြီး သဘောကျခဲ့ရတဲ့ ကိုယ့် bias နဲ့…ကိုယ့်ရဲ့ အေးစက်လှတဲ့ အထက်လူကြီးကြားက နမ်ဒါရွန်း… လုပ်ငန်းခွင်တစ်ခုတည်းအောက်က သူတို့သုံးယောက် ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်လာမလဲ Channel အရင် join ပါ။ https://t.me/+w_MHmS7vNOFjMmY1 Movie link https://t.me/c/2233830647/1116