tgindex
Sarpay Lann-စာပေလမ်း

Sarpay Lann-စာပေလမ်း

Статистика

စာချစ်သူများအတွက် စာအုပ်ကမ္ဘာလေးတစ်ခုဖန်တီးပေးမယ့် စာပေလမ်း

Последний пост
14 авг.
Последнее чтение
14 авг.
Постов за неделю
28
Всего постов
37
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 543
−3 за 4 дн.
Сутки
−2
−0,13%
Неделя
 
Месяц
 
Просмотров на пост
41
32 постов
Вовлечённость
2,7%
к подписчикам
Постов в день
4,0
всего 37
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
41
1/48двое суток
46
1/72трое суток
50

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • "ဒုက္ခဆိုလည်း သိပ်လှတာပဲလို့ထင်မိ တရားမရနိုင်ဘူးကွယ်... မြဲလှတဲ့ဒီကြိုး ဖြတ်မရတဲ့ ရင်ဆက်ကြိုး..." "အချစ်လားဟေ့… ဝင်ခဲ့လေကွယ်" လို့ ခေါ်ဆောင်လိုက်သလိုမျိုး၊ အချစ်နဲ့ မကင်းနိုင်ကြတဲ့ လူသားတို့ရဲ့ အချိန်ကာလအပိုင်းအခြားတွေကို နူးညံ့သိမ်မွေ့စွာ ပုံဖော်ပေးထားတဲ့ ကဗျာစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ရင်ဆက်ကြိုးကိုဖတ်ကြည့်ခြင်းဖြင့် ကဗျာနဲ့ ချစ်ခြင်းမေတ္တာ၊ ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ ကိုယ်ချင်းစာတရား၊ ပွင့်သောပန်းများနဲ့ ကြွေသူတွေရဲ့ ဒုလ္လဘတရား၊ ခေတ်အဆက်ဆက် မဲဇာတောင်ခြေမှသည် ဆရာအောင်ချိမ့်ရဲ့ ဂန္တဝင်မမ၊ မောင်ချောနွယ်ရဲ့ ညီမလေးမမမြင့်မှသည် ကိုသန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေဂယ်လာရီ၊ အခု ကဗျာဆရာ ဝဇီရာဒီဖိုးက ‘ရင်ဆက်ကြိုး’ အမည်ရ အချစ်ကဗျာတွေ၊ ချစ်ခြင်းနဲ့ မကင်းနိုင်ကြသော လူသားများ၊ ကျွန်တော်တို့ ကဗျာခရီးဖြတ်သန်းခဲ့ရာ အချိန်ကာလ ပို့စကဒ်ကဗျာတွေ၊ ဆရာအောင်ပြည့်နဲ့ ဆရာမင်းလူတို့ရဲ့ အချစ်လားဟေ့ ဝင်ခဲ့လေကွယ် စသည် စသည် …။ ‘ဒုက္ခဆိုလည်း သိပ်လှတာပဲလို့ ထင်မိ၊ တရားမရနိုင်ဘူးကွယ်’ ဆိုတဲ့ ချစ်တတ်သူတစ်ယောက်ရဲ့ ကဗျာတွေကို ဖတ်ကြည့်စေချင်ပါတယ်။ အထူးခြားဆုံးအနေနဲ့ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ (Bilingual) ဖြင့် ယှဉ်တွဲဖော်ပြထားတာမို့ ကဗျာရဲ့ အနက်ရှိုင်းဆုံးရသကို ဘာသာစကားနှစ်မျိုးစလုံးနဲ့ ငြိမ့်ငြိမ့်လေး ခံစားကြည့်ဖို့ ညွှန်းဆိုလိုက်ပါရစေ။ ရင်ဆက်ကြိုးကဗျာများ ဝဇီရာဒီဖိုး စာမျက်နှာ - ၂၀၈ တန်ဖိုး - ၁၂,၀၀၀ ကျပ် ............... မှာယူလိုပါက sarpaylann.com/books/ရင်ဆက်ကြိုးကဗျာများ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

  • без подписи

  • “ပိုကောင်းတဲ့ရလဒ်တွေရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေမယ့်အစား အရေးအပါဆုံးသောလုပ်ဆောင်ချက်တွေကို အလွယ်ကူဆုံးလုပ်ဆောင်လို့ရပါတယ်။” အလုပ်ကြိုးစားမှုဟာ ရလဒ်ကောင်းကောင်းရစေတယ်ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့ အဲဒါကအမှတ်တစ်ခုအထိပဲ မှန်ကန်တာပါ။ နောက်ဆုံးမှာ ကျွန်တော်တို့အနေနဲ့ အချိန်နဲ့အားထုတ်မှု ဘယ်လောက်များများလုပ်နိုင်မလဲဆိုတဲ့ အကန့်အသတ်ရှိပါတယ်။ အဲဒီအမှတ်နောက်မှာ ကျွန်တော်တို့ အားအင်ပိုပြီးစိုက်ထုတ်လေလေ အဲဒီအားထုတ်မှု ကနေ ကျွန်တော်တို့ပြန်ရတာက လျော့ပါးဆုတ်ယုတ်သွားလေလေပါပဲ။ ဒီစက်ဝန်းဟာ ကျွန်တော်တို့ အားအင်ကုန်ခန်းနွမ်းလျမောပန်းသွားတဲ့အထိ ဆက်ပြီးလည်ပတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့တကယ်တမ်းလိုချင်တဲ့ ရလဒ်ကိုလည်း မရစေနိုင်ပါဘူး။ ခင်ဗျားလည်း ဒါကိုသိကောင်းသိပါလိမ့်မယ်။ ခင်ဗျားအနေနဲ့ အဲဒါကို အခုလက်ငင်းအချိန်မှာကိုပဲခံစားနေရ တာလည်းဖြစ်နိုင်ပါတယ်။ အရာအားလုံးကို အလွန်အကျွံအားစိုက်ထုတ်ပြီးလုပ်နေစရာမလိုပါဘူး။ နောက်အဆင့်တစ်ခုကိုရောက်ဖို့အတွက် ပင်ပင်ပန်းပန်းလုပ်မှ၊ ခင်ဗျားရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာရေးကို ထိခိုက်လောက်အောင်လုပ်မှ ဖြစ်မှာမဟုတ်ပါဘူး။ အရေးပါတဲ့အရာတွေကို ကိုင်တွယ်လုပ်ဆောင်ဖို့ ခက်ခဲလွန်းလာတဲ့အခါ ခင်ဗျားဟာ အဲဒါတွေကိုလက်လျှော့လိုက်တာလည်းလုပ်လို့ရသလို ပိုပြီးလွယ်ကူတဲ့နည်းလမ်းတစ်ခုကိုရှာဖွေတာကို လည်းလုပ်လို့ရပါတယ်။ Essentialism (အရေးပါတာတွေကို လုပ်ဆောင်ခြင်း) ဆိုတာက မှန်ကန်တဲ့အရာတွေကိုလုပ်ခြင်းဖြစ်ပါတယ်။ Effortless (အားထုတ်မှုနည်းနည်းနဲ့ ထိရောက်စွာလုပ်ဆောင်ခြင်း) ဆိုတာက အဲဒီမှန်ကန်တဲ့အရာတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့လုပ်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘ၀နဲ့ အလုပ်မှာ အရေးအပါဆုံးအရာတွေကို လွယ်ကူအောင်လုပ်ဆောင်ပြီး စွမ်းဆောင်ရည်မြှင့်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်က ကူညီပေးပါလိမ့်မယ်။ အားထုတ်မှုနည်းနည်းနဲ့ ရလဒ်များများရအောင်လုပ်ပါ Effortless by Greg Mckeown ကက်စပါဇော် စာမျက်နှာ - ၂၈၉ တန်ဖိုး - ၂၁,၀၀၀ ကျပ် ........... မှာယူလိုပါက sarpaylann.com/books/အားထုတ်မှုနည်းနည်းနဲ့-ရလဒ်များများရအောင်လုပ်ပါ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

  • без подписи

  • без подписи

  • “ထိရောက်တဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုက ဘယ်လိုလုပ်ငန်းအတွက်မဆို အောင်မြင်မှုနဲ့ ရေရှည်တည်တံ့မှုအတွက် အလွန်အရေးကြီးပါတယ်” Business Financial Management ဆိုတာက လုပ်ငန်းရဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို လုပ်ငန်းက ချမှတ်ထားတဲ့ရည်မှန်းချက်တွေရရှိအောင် ဆောင်ရွက်တဲ့အခါ ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးပြု‌နိုင်အောင်လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ လုပ်ငန်းတိုင်းအတွက်ကတော့ Financial Management က မရှိမဖြစ် မပါမဖြစ် အရေးကြီးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ လုပ်ငန်း အဖွဲ့အစည်းတွေမှာ Financial Management ကောင်းကောင်း မလုပ်နိုင်ရင် ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပါပဲ။ လုပ်ငန်းရှင်ကိုယ်တိုင် ဒုက္ခရောက်နိုင်သလို လုပ်ငန်းလည်း ဒေဝါလီခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီစာအုပ်မှာ Financial Accounting နဲ့ သက်ဆိုင်တဲ့ အခြေခံသဘောတရားတွေ၊ စာရင်းအမျိုးအစားတွေ၊ Financial Statement တွေနဲ့ပတ်သက်ပြီး သဘောတရားတွေ၊ တွက်ချက်ပုံတွေနဲ့ Format တွေ၊ Financial Management ဆောင်ရွက်ပုံတွေ၊ Financial Analysis လုပ်ဆောင်ချက်တွေ စသဖြင့် ပါဝင်ပါတယ်။ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ လုပ်ငန်းဦးဆောင်သူတွေ၊ ဘဏ္ဍာရေးနဲ့ မကင်းသူတွေအနေနဲ့ ဘဏ္ဍာရေး ကိစ္စအခြေခံတွေ နားလည်သိရှိပြီး လုပ်ငန်းခွင် အထောက်အကူရစေဖို့၊ ဘဏ္ဍာရေးရှင်းတမ်းတွေကို နားလည်ကြည့်ရှု သုံးသပ်တတ်စေဖို့၊ Accounting ရဲ့ အခြေခံသဘောတရားတွေ၊ လုပ်ဆောင်ချက်တွေကို သိရှိနားလည်နိုင်စေဖို့၊ Account and Finance တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန် နားလည်မှု ပိုမိုတိုးတက်လာစေဖို့၊ မိမိတို့ သက်ဆိုင်ရာဌာနရဲ့ ဘဏ္ဍာရေးကိစ္စများကို လွယ်ကူထိရောက်စွာ လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ ◾လက်တွေ့အသုံးချ ဘဏ္ဍာရေးစီမံမှုပညာ ◾ခင်ဇော် (စီးပွားရေး) ◾စာမျက်နှာ - ၁၉၃ ◾တန်ဖိုး - ၁၇,၅၀၀ ကျပ် ........... မှာယူလိုပါက sarpaylann.com/books/လက်တွေ့အသုံးချ-ဘဏ္ဍာရေးစီမံမှုပညာ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

  • без подписи

  • ဘဝကို ပြောင်းလဲဖို့ထက် ဘဝကိုကြည့်တဲ့အမြင်ကို ပြောင်းလဲဖို့ ပစ္စုပ္ပန်၌ သတိဖြင့်နေထိုင်ခြင်း၊ အပြောင်းအလဲများကို လက်ခံခြင်းနှင့် စိတ်ထားတည်ငြိမ်ခြင်းဆိုင်ရာ ဇင်ဒဿန သင်ခန်းစာများကို ရိုးရှင်းနက်နဲသော ပုံပြင်တိုများမှတစ်ဆင့် လမ်းညွှန်ပေးသည့် စာအုပ်ဖြစ်သည်။ ၁။ ပစ္စုပ္ပန်၌ သတိဖြင့်နေထိုင်ခြင်း (𝑷𝒓𝒆𝒔𝒆𝒏𝒄𝒆 & 𝑴𝒊𝒏𝒅𝒇𝒖𝒍𝒏𝒆𝒔𝒔) ▸ ဘုန်းတော်ကြီးနှင့် လိပ်ပြာ: အတိတ်နှင့် အနာဂတ်၏ ဝန်ထုပ်ဝန်ပိုးများကို မထမ်းဘဲ ပစ္စုပ္ပန်၌သာ တည်ရှိခြင်း၏ စစ်မှန်သော ငြိမ်းချမ်းမှုကို ပြသထားသည်။ ▸ ဘုန်းတော်ကြီး၏ မနက်ခင်းလက်ဖက်ရည်: လက်ဖက်ရည်တစ်ခွက်၌ စကြာဝဠာတစ်ခုလုံး ဆက်စပ်ဖြစ်တည်နေမှု (Inter-being) ကို မြင်တွေ့စေပြီး အသေးအဖွဲ့ကိစ္စများ၌ ကျေးဇူးတင်တတ်ရန် သင်ကြားပေးသည်။ ၂။ အပြောင်းအလဲများကို လက်ခံခြင်း (𝑨𝒄𝒄𝒆𝒑𝒕𝒂𝒏𝒄𝒆 & 𝑰𝒎𝒑𝒆𝒓𝒎𝒂𝒏𝒆𝒏𝒄𝒆) ▸ မိုးမခပင်ကြီး၏ သင်ခန်းစာ: လေပြင်းတိုက်စဉ် အလိုက်သင့် ကွေးညွတ်ပေးခြင်းဖြင့် မကျိုးမပဲ့ ရှင်သန်နိုင်ပုံကို မာကျောသည့် ဝက်သစ်ချပင်နှင့် နှိုင်းယှဉ်ပြထားသည်။ ▸ ဘုန်းတော်ကြီးနှင့် ချယ်ရီပင်: သစ်ရွက်ကြွေခြင်းသည် ဆုံးရှုံးခြင်းမဟုတ်ဘဲ အသစ်တစ်ဖန် ပွင့်လန်းရန် နေရာပေးခြင်းဖြစ်ကြောင်း “စွန့်လွှတ်ခြင်း” ၏ တင့်တယ်မှုကို ဖော်ပြထားသည်။ ၃။ လူသားချင်း ဆက်နွှယ်မှုနှင့် စိတ်ထား (𝑪𝒐𝒎𝒑𝒂𝒔𝒔𝒊𝒐𝒏 & 𝑴𝒊𝒏𝒅𝒔𝒆𝒕) ▸ ဘုန်းတော်ကြီးနှင့် ကင်းမြီးကောက်: မိမိကို ကိုက်သည့် ကင်းမြီးကောက်ကို ကယ်တင်ခြင်းဖြင့် စစ်မှန်သော ကရုဏာသည် တစ်ဖက်လူ၏ လုပ်ရပ်ပေါ် မမူတည်ကြောင်း ပြသသည်။ ▸ ဆဲရေးခြင်းလက်ဆောင်: သူတစ်ပါး၏ ရိုင်းပြသော စကားလုံးများကို လက်မခံဘဲ ငြင်းပယ်လိုက်ပါက မိမိ၏ တည်ငြိမ်မှုကို မည်သူမျှ ဖျက်ဆီး၍မရနိုင်ကြောင်း သတိပေးထားသည်။ ▸ လွတ်နေသောခွက်: မာနနှင့် အထင်အမြင်များ လျှော့ချကာ မိမိကိုယ်မိမိ ဗလာကျင်းထားမှသာ စစ်မှန်သော ဉာဏ်ပညာကို လက်ခံနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ • အတိတ်နဲ့ အနာဂတ်အတွက် တွေးပူပြီး စိတ်ရှုပ်ထွေးနေသူများ၊ • ဘဝရဲ့ အပြောင်းအလဲနဲ့ ဆုံးရှုံးမှုတွေကို လက်ခံရခက်နေသူများ၊ • သူတစ်ပါးရဲ့ နှုတ်ပြောစကား၊ အပြုအမူတွေကြောင့် ခံစားလွယ်သူများ၊ • စာအရှည်ကြီးတွေ မဖတ်ချင်ဘဲ တိုတိုနဲ့ ထိထိမိမိ ရသ ပေးနိုင်တဲ့ စာအုပ်ကို ရှာနေသူများ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ဆိုချင်ပါတယ်။ ဇင်ပုံပြင်_60 ကျော်စွာ စာမျက်နှာ - ၃၄၈ တန်ဖိုး - ၁၈,၀၀၀ ကျပ် .......... 22.8.2026 မှာ ထွက်ရှိမှာဖြစ်ပါတယ်။ မှာယူလိုပါက sarpaylann.com/books/ဇင်ပုံပြင်60 မှဖြစ်စေမှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း ....

  • без подписи

  • elf-esteem (မိမိကိုယ်ကို တန်ဖိုးထားမှု) ဆိုတာ ကိုယ့်တန်ဖိုးကို ကိုယ်သိပြီးကိုယ့်အခြေအနေ ကိုယ့်အကြောင်းကို လက်ခံတယ်၊ ကိုယ့်ဘဝအတွက် ယုံကြည်မှုကို ကိုယ်တိုင်တည်ဆောက်တယ်၊ ကိုယ့်ဘဝရပ်တည်မှုကို လေးစားတယ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့ သူတစ်ယောက်လို့ ယုံကြည်တယ် စတဲ့အချက်တွေက Self-esteem (မိမိကိုယ်ကိုတန်ဖိုးထားမှု) ရဲ့ အနှစ်သာရတွေပါပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်အဖြစ် ယုံကြည်ခြင်းက ကိုယ့်ရဲ့ စိတ် ကျန်းမာရေးအခြေအနေ၊ ဆုံးဖြတ်ချက်မှန်ကန်ခြင်းတွေ၊ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက် ထားနိုင်ခြင်းအပြင် ကိုယ့်ရဲ့ Personal Growth ကိုပါတိုးတက်ကောင်းမွန်လာစေပါတယ်။ Self-esteem (မိမိကိုယ်ကို တန်ဖိုးထားမှု) မှာ Healthy Self-esteem နဲ့ Low Self-esteem ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။ Healthy Self-esteem ရှိသူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိပြီး Boundary တွေသတ်မှတ်နိုင် ကြပါတယ်။ အပြင်မှာပြဿနာတွေဖြစ်လာရင်တောင်မှ ဖြစ်ပေါ်လာတဲ့ Stress တွေကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ပြီး လူမှုဆက်ဆံရေးတွေမှာ Balance ဖြစ်အောင်ထိန်းထားနိုင်တတ်ကြပါတယ်။ Low Self-esteem ရှိသူတွေမှာတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းတယ်၊ တစ်ယောက်ယောက်နဲ့ နှိုင်းယှဥ်ပြီး ကိုယ့်တန်ဖိုးကို လျော့အောင်လုပ်တာမျိုး၊ တစ်ခုခုကိုဆုံးဖြတ်တဲ့အခါမျိုးမှာ မပြတ်မသား လုပ်ဆောင်တတ်တာမျိုးတွေ တွေ့ရတတ်ပါတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ကြား စည်း ထားတာမျိုးတွေမှာခက်ခဲမှုတွေ ကြုံရတာမျိုး ရှိနိုင်ပါတယ်။ Low Self-esteem ရဲ့ သက်ရောက်မှုတွေက Relationship ၊ Career ၊ Personal Goals ၊ Mental Health အပေါ် အလွန်သက်ရောက်မှုကြီးတတ်ပါတယ်။ ဒီနေရာမှာ လူတွေက Self-esteem ကို အတ္တစိတ်နဲ့လည်း မကြာခဏ မှားတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ် လို့ မြင်တာနဲ့ “ငါက သိပ်တော်တယ် သိပ်တတ်တယ်” လို့မြင်တာက တခြားစီဖြစ်ပါတယ်။ (မိမိကိုယ်ကို တန်ဖိုးထားမှု ဆောင်းပါးမှ) ကိုယ်ပိုင်စည်း ကိုယ်ပိုင်လွတ်လပ်မှု ဟေမာကျော် စာမျက်နှာ - ၁၄၂ တန်ဖိုး - ၁၄,၀၀၀ ကျပ် ........... မှာယူလိုပါက sarpaylann.com/books/ကိုယ်ပိုင်စည်း-ကိုယ်ပိုင်လွတ်လပ်မှု မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း ....🥨

  • без подписи

  • без подписи

  • တက္ကသိုလ်ဘုန်းနိုင်ဆိုလျှင် ... အလွမ်းအဆွေးသန်သည်ဟု သူ့ပရိသတ်များက သာမန်အားဖြင့် သိကြသည်။ ဆရာကြီးရဲ့ ဝတ္ထုများမှာ နုသည် ၊ စကားပြေကို ကဗျာဟန်နှင့်ရေးတတ်သည် ၊ ရတု ၊ ရကန် ၊ ပျို့ ၊ အိုင်ချင်း စသည်ဖြင့် ရှေးကဗျာများကို ပိုင်နိုင်စွာ ထည့်တတ်သည် ၊ အလေးအနက် ၊ အခန့်အညား စာပေဆောင်းပါးများ ၊ စာပေကျမ်းများ ပြုစုခဲ့သည်လို့သာ အသိများကြသည်။ ဆရာကြီးရဲ့ သရော်စာ ၊ ထေ့စာ ၊ ငေါ့စာ.... ဒါတွေကို ဖတ်ဖူးသူ နည်းလိမ့်မည်။ အတော်နည်းပါလိမ့်မည်။ "ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်ဆန်းများ " ကို ဖတ်ကြည့်ပါ။ နတ်ဘုရားကြီး ဇုစ်မှစ၍ အိုလင်ပီယာတောင်တော်စံ ခေါမနတ်ဘုရားတို့၏ စရိုက်သဘာဝကို အလွန်သွက်လက်စွာ ထိထိမိမိ ကလိတိတိနှင့် ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးပြထားသည်ကို ဖတ်ရှုရမည်။ ယခုစာအုပ်မှာ နတ်ဘုရားတို့အကြောင်းသာဖြစ်သည်။ ဟီးရိုးများအကြောင်းရေးပြရန် ဆရာကြီးစိတ်ကူးရှိခဲ့သော်လည်း ရေးမသွားနိုင်ခဲ့ပါ။ ◾ခေါမသမိုင်းရိပ်ပြ ဂန္ထဝင်ဇာတ်ဆန်းများ ◾တက္ကသိုလ်ဘုန်းနိုင် ◾စာမျက်နှာ - ၁၉၆ ◾တန်ဖိုး - ၁၅,၀၀၀ ကျပ် ............... မှာယူလိုပါက sarpaylann.com/books/ခေါမသမိုင်းရိပ်ပြ-ဂန္ထဝင်ဇာတ်ဆန်းများ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

  • без подписи

  • “ခေတ်သစ်လူသားတို့ရဲ့ စိန်ခေါ်မှုတွေကို ရှေးခေတ်မြတ်ဗုဒ္ဓရဲ့ နည်းနာတွေနဲ့ အဖြေရှာခြင်း" ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းမှာ ‘Mindfulness’ နဲ့ ‘တရားထိုင်ခြင်း’ ဟာ စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ အောင်မြင်မှုရဖို့အတွက် ရေပန်းအစားဆုံးအရာတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ လူ‌အများ ကျင့်သုံးနေတဲ့ အရာတွေဟာ မူလဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေနဲ့ တကယ်ကော ကိုက်ညီရဲ့လား။ ဒီစာအုပ်မှာ ခေတ်သစ်ကမ္ဘာနဲ့ ရှေးခေတ်ဗုဒ္ဓစာပေတွေကို ပေါင်းကူးပေးမယ့် အရေးကြီးတဲ့ သုတေသနစာတမ်း‌တွေကို စုစည်းတင်ပြထားပါတယ်။ Mindfulness (သတိပဋ္ဌာန်)နဲ့ဆိုင်တဲ့စာတမ်းမှာ ရိုးရာဗုဒ္ဓဘာသာလာ ကျင့်ဝတ်၊ လွတ်မြောက်ရေးဦးတည်ချက်တွေကနေ ယနေ့ခေတ် စိတ်ပညာကုထုံးတွေဆီ ဘယ်လိုကူးပြောင်းလာလဲ၊ စီးပွားဖြစ် McMindfulness အသွင်ပြောင်းလာမှုရဲ့ အားသာချက်နဲ့ အန္တရာယ်တွေက ဘာလဲဆိုတာကို နှိုင်းယှဉ်ဆန်းစစ်ထားပါတယ်။ ဗုဒ္ဓဘာသာအခြေခံ ကြားဝင်စေ့စပ်ရေး (Mediation) စနစ်နဲ့ဆိုင်တဲ့စာတမ်းမှာ ခေတ်သစ်လူ့အဖွဲ့အစည်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းရေးချဉ်းကပ်ပုံနည်းနာတွေကို စနစ်တကျ မီးမောင်းထိုးပြထားပါတယ်။ ရှေးခေတ်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနဲ့ ဆေးပညာနှင့်ဆိုင်ရာစာတမ်းမှာတော့‘ဘေသဇ္ဇမဉ္ဇူသာကျမ်း’ ကို အခြေခံပြီး ရှေးခေတ်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ သံဃာတော်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစဉ်အလာနဲ့ ဆေးပညာတိုးတက်ခဲ့ပုံ သမိုင်းအကြောင်းကို စိတ်ဝင်စားဖွယ် ဖော်ထုတ်ထားပါတယ်။ ခေတ်သစ်သိပ္ပံ၊ စိတ်ပညာရှုထောင့်တွေနဲ့ ဗုဒ္ဓဓမ္မရဲ့ မူလအနှစ်သာရကို နှိုင်းယှဉ်လေ့လာလိုသူတိုင်း လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ Mindfulness, Mediation နှင့်ရှေးခေတ်ဆေးပညာ နန္ဒာစာရ စာမျက်နှာ - ၂၁၆ တန်ဖိုး - ၁၆,၀၀၀ ကျပ် ........... 17.8.2026 မှာ ထွက်ရှိမှာဖြစ်ပါတယ်။ မှာယူလိုပါက sarpaylann.com/books/mindfulness-mediation-နှင့်ရှေးခေတ်ဆေးပညာ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

  • без подписи

  • “ပင်စင်ယူဖို့ ငွေဘယ်လောက်စုထားရမလဲ” ဘ၀မှာ အလုပ်ပဲလုပ်နေပြီး ဘာမှ မစုမိဘူးဆိုရင် အသက်ကြီးလာတဲ့အထိ အေးအေးလူလူ ပင်စင်မယူနိုင်ဘဲ အလုပ်တွေဆက်လုပ်နေရမှာပါ။ ပင်စင်အတွက်စုတဲ့အခါ အသက်အရွယ်နဲ့ အလုပ်အကိုင်အပြင် နေထိုင်ရာနိုင်ငံအရလည်း စုဆောင်းပုံချင်း မတူကြဘူး။ မိတ်ဆွေတွေထဲမှာဆိုရင် အသက် ၄၀ ဝန်းကျင် လုပ်သက် ၁၅နှစ်လောက်ရှိတဲ့ စင်ကာပူက အင်ဂျင်နီယာတွေက စုငွေ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ ဝန်းကျင် ရှိတတ်ကြပြီး အမေရိကန်နိုင်ငံမှာ လုပ်သက်အတူတူ အင်ဂျင်နီယာတွေက စုငွေ ဒေါ်လာ ၄၀၀,၀၀၀ လောက် ဝန်းကျင်ရှိကြတာ တွေ့ရတယ်။ အစကတည်းက နှစ်တွေ အများကြီး မကုန်သွားခင် အခြေချတဲ့နိုင်ငံကိုသေချာရွေးဖို့လိုအပ်ပါတယ်။ အမေရိကန်တွေရဲ့ Lifestyle ထဲမှာ ပင်စင်ကောင်းကောင်းယူဖို့အလေ့အထပါဝင်သလို မိဘတွေက သားသမီးဆီက ထောက်ပံ့တာရဖို့ မမျှော်လင့်ထားကြပါဘူး။ ကိုယ်ပိုင် Saving တွေစုဆောင်းထားတတ်ကြပါတယ်။ အသက် ကြီးလာရင် စိတ်မပူရဖို့ ငယ်ရွယ်စဉ်ကတည်းက စောစောစပြီးပိုက်ဆံစုဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံက လူအများစုက အလုပ်စလုပ်ရင် ပင်စင်ယူရင် သက်သောင့်သက်သာနေဖို့ငွေစတင် စုကြပါတယ်။ ပင်စင်ယူရင် ငွေဘယ်လောက်လိုအပ်လဲဆိုတဲ့ မေးခွန်းဟာ ဘယ်အချိန်မှာပင်စင်ယူချင်လဲ၊ ဘယ်လိုလူနေမှုပုံစံမျိုး လိုချင်လဲ ဆိုတာတွေ ထည့်သွင်းစဉ်းစားရမှာပါ။အများစုကတော့ အသက် ၆၇ နှစ်မှာ ဝင်ငွေရဲ့ ဆယ်ဆ စုဆောင်းဖို့ပါပဲ။ နှစ်စဉ် အခွန်မဆောင်မီ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကြား စုဆောင်းပါ။စောစောစစုရင် တိုးရင်းပေါင်းတွေနဲ့ ငွေပွားတာ ပိုမြန်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အကျိုးအမြတ်ရရှိဖို့၊ တိုးပွားစေဖို့ စုငွေရဲ့ ထက်ဝက်ကျော်ကို စတော့ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံပါ။ အသက်အလိုက် အကြံပြုထားတဲ့ ငွေစုရည်မှန်းချက် (နှစ်စဉ်လစာရဲ့ မြှောက်ကိန်းနဲ့ တွက်ပါ) • ၃၀ (နှစ်စဉ်လစာရဲ့ ၁ ဆ) • ၄၀ (နှစ်စဉ်လစာရဲ့ ၃ ဆ) • ၅၀ (နှစ်စဉ်လစာရဲ့ ၆ ဆ) • ၆၀ (နှစ်စဉ်လစာရဲ့ ၈ ဆ) • ၆၇ (နှစ်စဉ်လစာရဲ့ ၁၀ ဆ) သာမန်လူတစ်ယောက်က အသက် ၂၅ နှစ်မှာ ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို စတင်စုဆောင်းပြီး အသက် ၆၇ နှစ်မှာ ပင်စင်ယူဖို့ စီစဉ်ထားကြတယ်။ ငွေစုခြင်းဟာ ပုံမှန် နည်းနည်းနဲ့ စတင်စုဆောင်းကြပြီး ဆယ်စုနှစ်များစွာကြာအောင် တိုးရင်းပေါင်း(Compound Interest) တွေနဲ့ သန်းချီရအောင် ပင်စင်ယူရင် သက်သောင့်သက်သာနေဖို့၊ ခရီးသွားဖို့ ကြိုတင်ပြင်ဆင်ခြင်းတစ်မျိုး ဖြစ်တယ်။ ◾️မီလျံနာတစ်ယောက်လို တွေးပါ ◾️Dr. Moe ◾️စာမျက်နှာ - ၁၅၅ ◾️တန်ဖိုး - ၁၅,၀၀၀ ကျပ် ........... မှာယူလိုပါက sarpaylann.com/books/မီလျံနာတစ်ယောက်လို-တွေးပါ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

  • без подписи

  • без подписи

  • “အောင်မြင်တဲ့ညှိနှိုင်းမှုဆိုတာ ကိုယ်တောင်းဆိုတာအားလုံးကို ရအောင်လုပ်ဖို့ဖြစ်ပြီးတော့ ဘယ်အရာမှပြန်ပေးစရာမလိုဘဲနဲ့ တောင်းဆိုနိုင်ဖို့လိုပါတယ်” ထိရောက်တဲ့ ညှိနှိုင်းတောင်းဆိုမှုတွေက လူတွေကို ထက်မြက်လာစေပြီး ဘဝရဲ့အချိုးအကွေ့တိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ အားသာချက်တွေကိုလည်း ပေးပါတယ်။ အဲဒီအားသာချက်တွေကတော့ လူတစ်ယောက်ကို ဘယ်လိုအကဲဖြတ်မလဲ၊ ကိုယ့်အပေါ်အကဲဖြတ်တာတွေကို ဘယ်လိုပြောင်းလဲစေနိုင်မလဲနဲ့ အဲဒီအသိဉာဏ်တွေကို သုံးပြီးတော့ ကိုယ်လိုချင်တာတွေကို ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။ ညှိနှိုင်းမှုတွေကို နေ့စဉ်လုပ်ဆောင်နိုင်ဖို့အတွက် ဆန်းကြယ်လှတဲ့ ပထမဆုံးအဆင့်တစ်ခုအနေနဲ့ကတော့ ညှိနှိုင်းမှုကိုမနှစ်သက်တဲ့ ကိုယ့်ရဲ့ စိတ်ကို ကျော်လွှားဖို့ ဖြစ်ပါတယ်။ ညှိနှိုင်းမှုကို ကြိုက်နှစ်သက်ဖို့ မလိုပါဘူး။ လောကကြီးက ဘယ်လိုလည်ပတ်နေတယ်ဆိုတာကို သိဖို့ပဲလိုပါတယ် ။ ညှိနှိုင်းမှုဆိုတာ တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်တာမျိုး မဟုတ်သလို နင်းခြေပစ်တာမျိုးလည်း မဟုတ်ပါဘူး ။ လူအဖွဲ့အစည်းကို ထူထောင်ထားတဲ့ စိတ်ခံစားမှုကို ဦးစားပေးတဲ့ကစားပွဲတစ်ခုကို ကစားခြင်းမျိုးလို့ ရိုးရိုးလေး မြင်နိုင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တာကို နည်းမှန်လမ်းမှန်နဲ့ တောင်းဆိုတတ်ဖို့ပဲ လိုပါတယ်။ ဒါကြောင့်မို့ ကိုယ်ထင်တဲ့အတိုင်း မှန်တယ်လို့ ပြောနိုင်ဖို့အတွက် ကိုယ့်ရဲ့ ဩဇာကို တည်ဆောက်ရယူနိုင်ဖို့ လိုပါတယ်။ အောင်မြင်တဲ့ညှိနှိုင်းရေးသမားဆိုတာ ကိုယ်တောင်းဆိုတာ အားလုံးကို ရအောင်လုပ်ဖို့ဖြစ်ပြီးတော့ ဘယ်အရာမှပြန်ပေးစရာမလိုဘဲနဲ့ တောင်းဆိုနိုင်ဖို့လိုပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း ကိုယ်နဲ့ ပြိုင်ဘက်တွေရဲ့ ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေး ထားနိုင်ဖို့ လိုပါသေးတယ် ။ အဲဒီလိုတွေ လုပ်နိုင်ဖို့ သုံးရမယ့် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ လေ့လာသွားနိုင်ပါလိ့မ်မယ်။ ဒီစာအုပ်ရဲ့ အနှစ်သာရအရတော့ ညှိနှိုင်းမှုကို လက်ခံထားနိုင်ဖို့ နဲ့ လေ့လာသင်ယူတဲ့အခါမှာလည်း စိတ်ပညာ ပိုင်းတွေကို သတိထားဆောင်ရွက်ရမယ့် နည်းလမ်းတွေနဲ့ ကိုယ်လိုချင်တာကို ရအောင်တောင်းဆိုနိုင်ဖို့ ဖြစ်ပါတယ် ။ ဒီစာအုပ်ထဲမှာ FBI မှာ လုပ်ကိုင်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကာလအတွင်း ရလာခဲ့တဲ့ သဘောတရားတွေနဲ့ လက်တွေ့လုပ်ကိုင်မှုတွေကရလာတဲ့ နည်းလမ်းအသစ်တွေကို စိတ်လှုပ်ရှားဖွယ်ရာ ဖတ်ရှုရမှာပါ။ အဲဒီနည်းလမ်းအသစ်ကနေ လေ့လာသူတွေကို ကိုယ့်ရဲ့ ပြိုင်ဘက်တွေကို ဘယ်လိုမျိုးအန္တရာယ်မပေးနိုင်အောင်လုပ်မလဲ၊ သူတို့ရဲ့ ဦးတည်ရာကိုဘယ်လို ပြောင်းလဲပစ်မလဲ ဆိုတာနဲ့ ပြိုင်ဘက်ကို ဖြိုခွင်းဖို့အတွက် သုံးနိုင်မယ့် ညှိနှိုင်းမှုပညာတွေကို မြင်ရနိုင်ပါတယ် ။ ဒီစာအုပ်မှာ မရေတွက်နိုင်တဲ့ ဓားစာခံတွေကိုလွှတ်ပေးနိုင်တဲ့ ညှိနှိုင်းမှုဇာတ်လမ်းတွေ၊ အလုပ်၊ ငွေကြေး၊ စီးပွားရေးနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းမှုသင်ခန်းစာတွေကို လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။ ညှိနှိုင်းမှုစကား၀ိုင်းတွေမှာ သင်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဒီစာအုပ်ကနေ လေ့လာသင်ယူလိုက်ပါ။ ◾စေ့စပ်ညှိနှိုင်းမှု အတတ်ပညာ ◾ကိုနေ (Y.I.E) ◾Never Split The Difference by Chris Voss ◾စာမျက်နှာ - ၃၂၂ ◾တန်ဖိုး - ၂၄,၀၀၀ ကျပ် မှာယူလိုပါက sarpaylann.com/books/စေ့စပ်ညှိနှိုင်းမှု-အတတ်ပညာ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....