အမှန်တရားသတင်းစုံဂျာနယ်-
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 2
- Всего постов
- 28
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 4
- 1/48двое суток
- 4
- 1/72трое суток
- 4
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ တာဝန်ရှိသူများ ထံသို့ တင်ပြအကြံပြုစာ ။ရေဥက္ကံကျေးရွာ၊ ဆိပ်ကမ်းသာလမ်းမျက်နှာစာ ကျောင်းဝင်းအတွင်း မလိုလားအပ်သော နေအိမ်များ ဆောက်လုပ်နေထိုင်နေခြင်းအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သလိုဗဆာင်ရွက်နိုင်ရန် တင်ပြခြင်း။ ။ ရေဥက္ကံကျေးရွာ၊ ဆိပ်ကမ်းသာလမ်းမျက်နှာစာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ တာဝန်မဲ့ နေအိမ်များစွာ ဆောက်လုပ်နေထိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ၎င်းအခြေအနေသည် သံဃာတော်များ သီတင်းသုံးရာ သာသနိကနယ်မြေ၏ အေးချမ်းသာယာမှုနှင့် လုံးဝမဆီလျော်သည့်အပြင် အောက်ပါ အနှောင့်အယှက်နှင့် ဒုစရိုက်ပြဿနာများကို ဖြစ်ပေါ်စေလျက်ရှိပါသည် - ။ ကျောင်းဝင်းအတွင်း အမျိုးသမီးဝတ် ထမီများ လှမ်းထားခြင်း၊ ဆဲရေးတိုင်းထွာ ဆူပူသံများ မကြာခဏ ထွက်ပေါ်နေခြင်း။ သူခိုး/သူဝှက်များ ပေါများလာခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများနှင့် ဒုစရိုက်သမားများ ခိုအောင်းရာနေရာ ဖြစ်လာခြင်း။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ မကြာခဏ လာရောက်ထိန်းသိမ်း ပြုပြင်သော်လည်း ဒုစရိုက်သမားများ ကိန်းဝပ်နေသဖြင့် သံဃာတော်များ စိတ်အေးချမ်းစွာ သာသနာပြုရန် ခက်ခဲနေခြင်း။ ယခုအခါ သံဃာတော်များ ဝါဆိုဝါကပ်၍ တတ်မြောက်အပ်သော သာသနာ့တာဝန်များကို အေးချမ်းစွာ ပွားများအားထုတ်ရမည့် ဝါတွင်းကာလ ဖြစ်သည်နှင့်အမျှ - သံဃာတော်များ အေးချမ်းစွာ သာသနာပြုနိုင်ရေး၊ ကျောင်းဝင်းအတွင်း ဒုစရိုက်သမားများနှင့် သူခိုးသူဝှက်များ မခိုအောင်းနိုင်ရေး၊ သာသနိကနယ်မြေ သန့်ရှင်းသပ်ရပ်ရေးနှင့် လုံခြုံရေးအတွက်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျေးဇူးပြု၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သလို အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် အကြံပြု တင်ပြအပ်ပါသည်။
မိထ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြေပြင်တွေ့ကြုံချက်များပေါ် အခြေခံကာ ထောက်ပြဆွေးနွေးအကြံပြုလိုပါသည် ပြည်သူများ၏ လိုလားချက်၊ ရပ်မိရပ်ဖများနှင့် ဆယ်အိမ်မှူးများ၏ အဆင့်ဆင့် စနစ်တကျ ရွေးချယ်မှုဖြင့် မြေပြင်တွင် ပြည်သူ့ယုံကြည်ကိုးစားမှုရရှိထားသည့် ပုဂ္ဂိုလ်များ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ရရှိရေးသည် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက သော့ချက် ဖြစ်ပါသည်။ သတ်မှတ်ထားသည့် အဆင့်ဆင့် ရွေးချယ်မှု စည်းမျဉ်းများနှင့်အညီ အများသဘောတူ ရွေးချယ်ထားပြီးဖြစ်သော အုပ်ချုပ်ရေးမှူးများကို မဟုတ်မမှန် စွတ်စွဲချက်များ၊ သွေးထိုးလှုံ့ဆော်မှုများနှင့် ငွေကြေး/အာဏာ အသုံးပြု၍ မသမာသောနည်းဖြင့် ပြန်လည်ဖြုတ်ချရန် ဆောင်ရွက်နေမှုများသည် အောက်ပါ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်- ၁။ ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများနှင့် အားနည်းချက်များ ပြည်သူနှင့် အုပ်ချုပ်ရေးစနစ်ကြား ယုံကြည်မှု ကင်းမဲ့လာခြင်း: ပြည်သူအများက စနစ်တကျ မဲဆန္ဒ သို့မဟုတ် အများသဘောတူ ရွေးချယ်ထားသည့် ရလဒ်များအား အကြောင်းမဲ့ ပြောင်းလဲလိုက်ပါက အောက်ခြေ အုပ်ချုပ်ရေး စနစ်အပေါ် ပြည်သူများ၏ ယုံကြည်အားကိုးမှု လျော့နည်းသွားနိုင်ပါသည်။ ဒေသတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း: မသမာသော နည်းလမ်းများဖြင့် စည်းရုံးလှုံ့ဆော်ခြင်း၊ မဟုတ်မမှန် စွတ်စွဲခြင်းများကြောင့် ရွာသူရွာသားများကြား သဘောထားကွဲလွဲမှုများနှင့် အုပ်စုဖွဲ့ ပဋိပက္ခများ ကြီးထွားလာနိုင်ပါသည်။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်ခြင်း: ပြည်သူ့ထောက်ခံမှု မရှိဘဲ နည်းမျိုးစုံဖြင့် တာဝန်ရယူလာသူများအနေဖြင့် ရပ်ရွာအကျိုး၊ သာသနာအကျိုးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခက်ခဲသွားမည် ဖြစ်ပါသည်။ ၂။ စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရရှိစေရန်အတွက် အောက်ပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရန် အကြံပြုလိုပါသည်- သက်ဆိုင်ရာ မြို့နယ်/ခရိုင် အုပ်ချုပ်ရေးအဖွဲ့များထို့ စနစ်တကျ တင်ပြခြင်း: ၅ ဦးကော်မတီနှင့် ရပ်မိရပ်ဖများ၏ တရားဝင် သဘောတူညီချက်များ၊ ဆယ်အိမ်မှူးများ၏ ထောက်ခံချက်များနှင့် ပထမအကြိမ် စနစ်တကျ ရွေးချယ်ခဲ့သည့် စေတနာ့ဝန်ထမ်း ထောက်ခံစာများကို စုစည်း၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံ တရားဝင် အယူခံ/တင်ပြလွှာ ပေးပို့ခြင်း။ မဟုတ်မမှန် စွတ်စွဲချက်များနှင့် မသမာသော လာဘ်ပေးလာဘ်ယူမှုများ ရှိမရှိ သက်ဆိုင်ရာ အထက်ဌာနများက မြေပြင်သို့ကွင်းဆင်း စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်း။ ပြည်သူတို့၏ အသံနှင့် မြေပြင် အမှန်တရားကို အထောက်အထား ခိုင်လုံစွာဖြင့် သတင်းမီဒီယာများမှတစ်ဆင့် ပွင့်လင်းမြင်သာစွာ ဖော်ပြတင်ပြခြင်းဖြင့် အောက်ခြေရှိ မသမာမှုများကို ထိန်းကျောင်းနိုင်ခြင်း။ နိုင်ငံတော်၏ စနစ်တကျ တည်ဆောက်ထားသော ရွေးချယ်ရေးမူများကို လေးစားလိုက်နာရန်နှင့် အမှန်တကယ် ဒေသအကျိုး ဆောင်ရွက်လိုသည့် ပြည်သူ့ထောက်ခံသူများ တာဝန်ရရှိစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မြေပြင်အမှန်တရားကို စနစ်တကျ စိစစ်ပေးရန် လိုကြောင်းအကြံပြုပါရစေ အကြံပြုလိုသည့်ကျေးရွာများမှာ မိထ္ထီလာ ဝမ်းတွင်း သဲတော ဘုရားစု ၉ရွာ ဒိုင်ကောင်းကုန်း နဘဲကန် စမုံ လက်ပတ်ကုန်း အင်းကန်းအင်းကန်းကုန်း ထန်းပင်ကုန်း ရွာရှည် ရွေတောင် သခွပ်မြစ် တို့စသည့်ကျေးရွာများကိုစံနစ်တကျနှင့်လာဒ်ပေးလာဒ်ယူမှု့ကင်းစင်စွာဖြင့်ပြည်သူအားကိုးအားထားရသည်အုပ်ချုပ်ရေးမှူးများရွေးချယ်တင်မြှောက်စေလိုကြောင်းအကြံပြုအပ်ပါသည်
без подписи
без подписи
ကျွန်းဦးကျေးရွာမှ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၁၈) သိန်း လှူဒါန်း ဩဂုတ် ၆ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ကျွန်းဦးအုပ်စု၊ ကျွန်းဦးကျေးရွာမှ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ကျေးရွာအတွင်း အလှူခံရရှိသော အလှူငွေကျပ် (၁၈) သိန်းတိတိကို ရေဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်သွားရောက်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။ #KhinMaungLwin(ပျဉ်းမနားSH)
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များ၊ MSME လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တွေ့ဆုံ ထားဝယ်၊ ဩဂုတ် ၃ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့် ဆက်စပ်အစီအစဉ်ဖြစ်သည့် လူငယ်စကားဝိုင်းသို့ တက်ရောက်မည့် တနင်္သာရီတိုင်းဒေသကြီးမှ လူငယ်ကိုယ်စားလှယ်များနှင့် MSME ပြခန်းတွင် ပါဝင်ပြသမည့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ဩဂုတ် ၃ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့သည်။ #SittNaing
без подписи
без подписи
မြို့နယ်အုပ်ချုပ်ရေးမှူး/ လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ် ၃ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး/ လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ကျင်းပသည်။ အဆိုပါ သင်တန်းဖွင့်အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က သင်တန်းသားများအတွက် ဆန်၊ ဆီ နှင့် စားစရိတ် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ #SN
ညအိပ်တည်းခိုသည့် ဧည့်သည်က မိသားစုဝင် ၃ ဦးကို တူဖြင့်ထုရိုက်ပြီး ပစ္စည်းများ လုယက်ထွက်ပြေး တောင်ဥက္ကလာပမြို့နယ် ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ အနော်မာ (၁) လမ်းရှိ နေအိမ်တစ်အိမ်တွင် ဇူလိုင် ၃၁ ရက်က ညအိပ်တည်းခိုသည့် အမျိုးသားတစ်ဦးက အိမ်ရှင်မိသားစုဝင် ၃ ဦးကို တူဖြင့်ထုရိုက်ကာ တန်ဖိုးရှိပစ္စည်းများ လုယက်ထွက်ပြေးသွားကြောင်း သိရသည်။ ဖြစ်စဉ်အတွင်း မိခင်၊ သမီးနှင့် တူမဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသည့် ကျူးလွန်သူအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။ #SHMediaGroup #ရန်ကုန် #တောင်ဥက္ကလာပ #လုယက်မှု #ထိခိုက်ဒဏ်ရာ