- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 7
- Всего постов
- 243
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 262
- 1/48двое суток
- 300
- 1/72трое суток
- 323
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မြန်မာကနေ ကနေဒါကို ပုံတစ်ပုံပို့လိုက်ရင် စက္ကန့်ပိုင်းအတွင်း ရောက်သွားနိုင်တယ်ဟုတ်။ ဒါပေမယ့် ငွေလွှဲငွေပို့တဲ့အခါ နာရီပိုင်း ဒါမှမဟုတ်၊ ရက်ပိုင်းထိ ကြာတတ်တာ ဘာကြောင့်လဲ? ဒါကို မသိသေးသူတွေအတွက် Hotaru အလွယ်ဆုံး ရှင်းပြရရင် ပါဆယ်ပုံးတစ်ပုံးကို အဝေးကို ပို့တယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ 📦 အဲ့ဒီပါဆယ်ပုံးကို တနေရာကနေ တနေရာကို တန်းပြီး ပို့လိုက်ရုံနဲ့ မပြီးဘဲ လမ်းကြောင်းစစ်တာ၊ နယ်ခြားမျဉ်း ဖြတ်တာ၊ လက်ခံသူဆီကို အမှန်တကယ် ရောက်မရောက် စစ်ဆေးတာတွေ ရှိနိုင်ပါတယ်။ နိုင်ငံတကာ ငွေလွှဲတာကလည်း အလားတူပါပဲ။ 💸🌍 လွှဲလိုက်တဲ့ငွေက အင်တာနက်ပေါ်မှာ ဖြည်းဖြည်းလေး သွားနေတာ မဟုတ်ဘဲ ~ ▫️ဘဏ်တွေကြား ချိတ်ပြီး ဆောင်ရွက်ရတာ၊ ▫️ငွေကြေးအမျိုးအစား ပြောင်းလဲပေးတာ ▫️လုံခြုံရေးနဲ့ လွှဲပြောင်းမှု စစ်ဆေးတာ၊ ▫️သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးတာ စတဲ့ အဆင့်တွေကို ဖြတ်သန်းရတာကြောင့် ကြာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံတစ်ပုံက ချက်ချင်းရောက်ပေမယ့် ငွေက ဘာလို့ကြာတာလဲ ဆိုတဲ့မေးခွန်းရဲ့ နောက်ကွယ်မှာ တကယ်တော့ ငွေပေးချေမှုစနစ်တွေရဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်တွေ ရှိနေပါတယ်။ FinTech ကလည်း ဒီလို ငွေပေးချေမှုတွေကို ပိုမြန်၊ ပိုလွယ်ကူပြီး ပိုချိတ်ဆက်နိုင်အောင် ပြောင်းလဲပေးနေပါတယ်။ နေ့စဉ်သုံးနေတဲ့ ငွေပေးချေမှုစနစ်တွေရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ SIF မှာ ဆက်လေ့လာလိုက်တော့နော်။ 💡 FinTech နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို လေ့လာရန် 🔗 https://bit.ly/GoToSIFPlatform #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
ဟိတ် ... Hotaru မှာ အနာဂတ်ကနေ ယူလာတဲ့ လျှို့ဝှက်ချက်လေးတစ်ခု ရှိတယ်။ 🤫 အဲ့ဒါကတော့ နွေဦးဂလက်စီထဲက @SpringZey မှာ တောက်ပလာတော့မယ့် ဂလက်စီကြယ်ပွင့်လေးတစ်ပွင့်ပါပဲ။ 🌟 မကြာခင် ရပ်ဝန်းသားတို့နဲ့ ပိုနီးလာတော့မှာမလို့ ဘာတွေ ဖြစ်လာမလဲဆိုတာ Hotaru နဲ့အတူ စောင့်ကြည့်လိုက်ကြရအောင်ဗျို့။ 👀🌌 #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge #SpringZey #ComingSoon
📢 Payment Option အသစ်နဲ့ SIF Course တွေ တက်လို့ရပြီဗျို့။ 🎉 အခုဆို ငွေပေးချေမှုနည်းလမ်းတွေ ပိုမိုရွေးချယ်လို့ရပြီနော်။ အဆင်ပြေတဲ့ Payment နည်းလမ်းကို ရွေးချယ်ပြီး ကိုယ့်ရဲ့ FinTech လေ့လာရေးခရီးစဉ်ကို ဒီနေ့ပဲ စတင်လိုက်ပါ။ SIF ရဲ့ Payment အသစ်လေး ကိုလည်း SIF Website ထဲဝင်ပြီး ကိုယ်တိုင်စမ်းကြည့်လိုက်တော့နော်။ 💪 🔗 https://bit.ly/GoToSIFPlatform #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
ငွေလွှဲတဲ့အခါ ‘နာမည်’ က ဘာလို့အရေးကြီးတာလဲ? Screenshot မြင်တာနဲ့ ငွေလွှဲပြီးပြီလို့ ယုံလိုက်ပြီလား? 👀 AI ခေတ်မှာ မြင်ရတာထက် ဒေတာနဲ့ အတည်ပြုတာက ပိုအရေးကြီးပါတယ်။ 🔍 ငွေလွှဲတဲ့အခါ လက်ခံသူအချက်အလက် ဘာကြောင့်အရေးကြီးလဲဆိုတာ Hotaru နဲ့အတူ ၁ မိနစ်အတွင်း နားဆင်ကြည့်လိုက်ရအောင်။ #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
ရေဘေးဒဏ်ကနေ လူတွေရဲ့ နေ့စဉ်ဘဝနဲ့ မျှော်လင့်ချက်တွေထိပါ မနစ်မြုပ်စေဖို့ Hotaru ရဲ့ နှိုးဆော်လွှာ 📣 လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူ ၄ သိန်းကျော်အတွက် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ မိုးကာစနဲ့ ယာယီအမိုးအကာတို့လို အရေးပေါ်အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။ FinTech ရပ်ဝန်းသားတို့လည်း @SpringCrowdFund ကနေတဆင့် လိုအပ်နေတဲ့နေရာတွေဆီ စုပေါင်းကူညီပေးကြရအောင်။ ငွေပမာဏ အနည်းအများ မခွဲခြားဘဲ ကိုယ့်ရဲ့ ပါဝင်မှုတိုင်းက အရေးကြီးပါတယ်။ လှူဒါန်းခြင်းအပြင် Share တချက်၊ Click တချက်နဲ့လည်း လိုအပ်နေသူတွေအတွက် အားဖြည့်ပေးနိုင်ပါတယ်။ အားလုံး အတူကူညီပြီး ရပ်တည်ပေးကြရအောင်။ 💪 ဒီကနေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ springcrowdfund.org/c/i1Y1jk SCF ကနေ လှူဒါန်းထောက်ပံ့နည်း အဆင့်ဆင့်ကို ဒီကနေ ကြည့်ပါ။ https://www.facebook.com/share/p/1FCnFBYtE9/ #SIF #SpringInstituteOfFinTech #SpringCrowdFund #စစ်ကိုင်းရေဘေး #ဖေးမစာနာကူညီပေး
မြန်မာလူငယ်တိုင်းရဲ့ ဖြတ်သန်းနေရတဲ့ဘဝ၊ ရင်ဆိုင်နေရတဲ့အခြေအနေတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းနေတဲ့လမ်းတွေက မတူညီကြပါဘူး။ တချို့က CDM လုပ်ရင်း အနာဂတ်လမ်းကြောင်း အသစ်ကို ရှာနေကြတယ်။ တချို့က ရောက်ရာနေရာကနေ အနာဂတ်အတွက် ပညာရေးကို ဆက်လျှောက်နေကြတယ်။ တချို့က အလုပ်လုပ်ရင်း ကိုယ့်အိပ်မက်တွေအတွက် ကြိုးစားနေကြတယ်။ တချို့က ကိုယ်တိုင်လေ့လာရင်း အသစ်တွေကို ရှာဖွေနေကြတယ်။ တချို့က မသေချာသေးတဲ့အနာဂတ်ထဲမှာ ကိုယ့်လမ်းကိုယ် ဖန်တီးနေကြတယ်။ ဒီနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Different Contexts, Common Aspirations” ဆိုသလိုပဲ၊ လမ်းတွေ မတူကြပေမယ့် ပိုကောင်းတဲ့ဘဝ၊ ပိုကောင်းတဲ့အနာဂတ်နဲ့ ကိုယ်တိုင် တစ်ခုခု ဖန်တီးနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်တွေကတော့ တူညီနိုင်ပါတယ်။ 🌱 ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ အခက်အခဲတွေကြားကနေ ဆက်လက် သင်ယူနေကြတဲ့၊ စူးစမ်းနေကြတဲ့၊ အိပ်မက်တွေကို ဆက်လက်တည်ဆောက်နေကြတဲ့ မြန်မာလူငယ်တိုင်းကို SIF အနေနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ မသိသေးရင်တောင် ဒီနေ့မှာ မသိသေးတဲ့ တစ်ခုခုကို လေ့လာလိုက်တာက ကိုယ့်အနာဂတ်ကို တည်ဆောက်ဖို့ ပထမခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ နွေဦးပညာရေးနဲ့ FinTech ကဏ္ဍမှာ မြန်မာလူငယ်တွေရဲ့ သင်ယူလိုစိတ်နဲ့ ရှေ့ဆက်ဖန်တီးလိုစိတ်တွေကို SIF က အားပေးရပ်တည်ပေးနေပါတယ်။ Happy International Youth Day 2026! 🌍✨ #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ ဘဏ်တွေသာ စကားပြောတတ်ခဲ့ရင် သူတို့ရဲ့ ပြောင်းလဲလာတဲ့ Evolution ကို ဘယ်လိုပြောပြလိမ့်မလဲ? 🏦💬 "ငါလည်း အရင်က ဒီလိုမဟုတ်ခဲ့တာ မင်းမှတ်မိသေးရဲ့လား?" ဆိုပြီး မေးနေမလား။ 🤔 ကိုယ်တိုင်သွား၊ စာရွက်ဖြည့်ပြီး နာရီပေါင်းများစွာ တန်းစီခဲ့ရတဲ့ သမားရိုးကျ ဘဏ်စနစ်ကနေ နည်းပညာတွေ ထွန်းကားလာတဲ့အခါ အွန်လိုင်းကတဆင့် ဝန်ဆောင်မှုပေးတဲ့ Digital Banking အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ အခုအချိန်မှာတော့ ကိုယ့်ရဲ့ ဖုန်းထဲမှာတင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဘဏ်ခွဲမလိုတော့ဘဲ ဘေးကင်းပြီး စိတ်ချစွာ အသုံးပြုနိုင်တဲ့ Neo Bank ခေတ်အထိ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါပြီ။ ဘဏ်တွေ ဘာကြောင့် ဒီလို အကြီးအကျယ် ပြောင်းလဲသွားတာလဲ? FinTech တော်လှန်ရေးရဲ့ နောက်ကွယ်က သမိုင်းနဲ့ လုပ်ဆောင်ချက်တွေကို SIF ရဲ့ “The Evolution of Banking” သင်ခန်းစာမှာ အချိန် ၁ နာရီလောက်ပေးရုံနဲ့ လေ့လာနိုင်ပါပြီနော်။ အတိတ်ကို သိအောင် လေ့လာပြီး အနာဂတ် ဘဏ်လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် နားလည်လိုက်ကြရအောင်။ 💪🏼 ❇️ 🏦 The Evolution of Banking သင်တန်းသို့ ဝင်ရောက်ရန် https://sif.institute/courses/ff1ed743-bb83-4d7b-8757-9d38517e1e8f #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
ပညာရေးဆိုတာ စာသင်ခန်းထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ အခွင့်အလမ်းသစ်တွေနဲ့ ပညာရေး အလင်းရောင်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖန်တီးနိုင်ပါတယ်။ 💡 SIF က အွန်လိုင်း FinTech ပညာရေးပလက်ဖောင်းတစ်ခုအနေနဲ့ FinTech၊ Blockchain နဲ့ Digital Finance ဆိုင်ရာ အသိပညာတွေကို အွန်လိုင်းကနေ မျှဝေပေးနေပါတယ်။ ဒီလိုပဲ @SpringCrowdFund ကလည်း မြေပြင်မှာ ပညာရေး ရေသောက်မြစ် ဆက်လက်ရှင်သန်နိုင်ဖို့ လိုအပ်နေတဲ့ အရင်းအမြစ်တွေနဲ့ ပံ့ပိုးမှုတွေကို ချိတ်ဆက်ပေးနေပါတယ်။ ဒီအပတ်မှာတော့ SCF ရဲ့ “ကြယ်ပွင့်များအတွက် အလင်းစက်” ကမ်ပိန်းကနေ အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ ပညာရေးအတွက် လိုအပ်နေတဲ့ Solar၊ Printer နဲ့ Projector တွေကို ဖြည့်ဆည်းနိုင်ဖို့ ရန်ပုံငွေရှာဖွေနေပါတယ်။ FinTech ခရီးသွားတို့အနေနဲ့ အွန်လိုင်းကနေ အသိပညာအတွက် အလင်းရောင်ရှာသလို မြေပြင်မှာ ရှိတဲ့ ကလေးငယ်တွေအတွက်လည်း အလင်းစက်လေးတစ်စက်အဖြစ် ပါဝင်အားဖြည့်လိုက်ကြရအောင်။ ⭐️ ❇️ SCF ကမ်ပိန်းကို ဝင်ရောက်အားဖြည့်ရန် https://app.springcrowdfund.org//c/yjNgAd #SIF #SpringInstituteOfFinTech #SpringCrowdFund #CryptoEducation #FinTechKnowledge
SIF မှာ အသစ်အသစ်တွေ လာပါတော့မယ်။ 🥳 FinTech လေ့လာသူတွေအဖို့ သင်ခန်းစာအသစ်တွေလည်း လာတော့မှာဖြစ်သလို ငွေပေးချေဖို့ Payment Option အသစ်လည်း လာတော့မယ်ဆိုတာ Hotaru ကနေ ရပ်ဝန်းသားတို့အတွက် သတင်းကောင်းပါးလိုက်ပါတယ်နော်။ ဘာတွေ ဘယ်လိုအသစ် လာမလဲဆိုတာကတော့ အသေးစိတ်လေးတွေ မကြာမီ လာပါမည်ဗျို့။ 📢💡 #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
“အကြောက်တရားကနေ လွတ်မြောက်ခြင်း” ဆိုတာ အသံထွက်ဝံ့ရုံတင် မဟုတ်ပါဘူး။ သိဖို့၊ မေးခွန်းထုတ်ဖို့၊ သင်ယူဖို့ မကြောက်ရွံ့တော့တဲ့ စိတ်လို့လည်း အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ ဒီနေ့မှာ ၈၈၈၈ အရေးတော်ပုံအတွင်း အသက်ပေးခဲ့သူများ၊ ထိခိုက်နစ်နာခဲ့သူများနဲ့ ဒီမိုကရေစီအတွက် ရပ်တည်ခဲ့သူအားလုံးကို လေးစားစွာ အမှတ်ရ ဂုဏ်ပြုလိုက်ပါတယ်။ SIF ရဲ့ ယုံကြည်ချက်ကတော့ ပညာရေးဟာ အသက်မွေးဝမ်းကျောင်းအတွက်သာ မဟုတ်ဘဲ လွတ်လပ်စွာ တွေးခေါ်နိုင်ဖို့၊ ဝေဖန်ဆန်းစစ်နိုင်ဖို့၊ အသိပညာနဲ့ အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်နိုင်ဖို့ အခြေခံအင်အားတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ အတိတ်ကို အမှတ်ရရင်း၊ အသိပညာနဲ့ ပိုလွတ်လပ်တဲ့ အနာဂတ်ကို ဆက်လက်တည်ဆောက်ကြပါစို့။ 🌱💪🏼 #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge #၈၈အရေးတော်ပုံ
без подписи
🔗 The Evolution of Banking Course သို့ ဝင်ရောက်ရန် https://sif.institute/courses/ff1ed743-bb83-4d7b-8757-9d38517e1e8f
ဘဏ်တွေ မပေါ်ခင်တုန်းက ရှေးလူကြီးတွေ ပိုက်ဆံတွေကို ဘယ်လို စီမံခဲ့ကြလဲဆိုတာ တွေးကြည့်ဖူးလား? 💭 Hotaru နဲ့အတူ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၀၀၀ ကျော်ဆီ ခဏလောက် ပြန်သွားကြည့်ရအောင်။⏳ အဲ့တုန်းက “ဘဏ်” ဆိုတာ မရှိသေးတဲ့အတွက် ~ 💰 ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့ ရွှေ၊ ငွေတွေကို အိမ်မှာပဲ သိမ်းထားကြတယ်။ 🤝 ပစ္စည်းဝယ်တဲ့အခါ ငွေအစား ပစ္စည်းချင်းဖလှယ်တဲ့ Barter စနစ်ကို အသုံးပြုကြတယ်။ 🪙 နောက်ပိုင်းမှာတော့ ဒင်္ဂါးပြားတွေ ပေါ်လာပြီး အရောင်းအဝယ်လုပ်ရတာ ပိုလွယ်လာတယ်။ 🚶♂️ ဒါပေမယ့် ခရီးဝေး သွားတဲ့ ကုန်သည်တွေကတော့ ငွေတွေကို ကိုယ်တိုင်သယ်ဆောင်ရတဲ့အတွက် ပျောက်ဆုံးတာ၊ လုယက်ခံရတဲ့ အန္တရာယ်တွေလည်း များခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကနေ ငွေကို လုံလုံခြုံခြုံ သိမ်းပေးနိုင်ပြီး လွှဲရတာ လွယ်ကူစေမယ့် "ဘဏ်" ဆိုတာ ပေါ်ပေါက်လာတာပါပဲ။ 💡 အရင်က ရွှေ၊ ငွေကို အိမ်မှာပဲ သိမ်းခဲ့ပေမယ့် အခုတော့ Saving Account ထဲ ထည့်ထားလို့ ရနေပါပြီ။ 💡 အရင်က ဒင်္ဂါးပြားတွေ တနေရာကနေ တနေရာ သယ်ရပေမယ့် အခုဆိုရင် Mobile Banking နဲ့ စက္ကန့်ပိုင်းအတွင်း ငွေလွှဲလို့ ရပါတယ်။ 💡 ငွေလိုရင်လည်း အရင်လို အိမ်နီးချင်းဆီ သွားချေးစရာမလိုဘဲ Digital Loan တွေ ရှိနေပါပြီ။ 💡 ပစ္စည်းချင်း လဲလှယ်ပြီး အရောင်းအဝယ်လုပ်ခဲ့တဲ့ ခေတ်ကနေ အခုဆို QR စကန်ဖတ်ပြီး တန်းရှင်းလို့ရနေပါပြီ။ 💡 Banking App ထဲမှာ အကုန်ကြည့်လို့ ရနေတာမလို့ စာအုပ်ထဲ လက်ရေးနဲ့ စာရင်းမှတ်ခဲ့ရတဲ့ ဒုက္ခတွေလည်း မရှိတော့ပါဘူး။ ဘဏ်တွေဟာ ပိုက်ဆံသိမ်းပေးရုံတင် မဟုတ်ဘဲ လူတွေရဲ့ ငွေကြေးစီမံခန့်ခွဲမှုကို ပိုလုံခြုံ၊ ပိုမြန်ဆန်ပြီး ပိုအဆင်ပြေအောင် ပြောင်းလဲပေးခဲ့တဲ့ အရေးကြီးတဲ့ တီထွင်မှု ဖြစ်နေပါပြီ။ FinTech ကတော့ ဒီဘဏ်လုပ်ငန်းတွေကို ပိုလွယ် ပိုမြန်အောင် လုပ်ပေးတဲ့ နည်းပညာပါပဲ။ ❇️ ဒီနေ့အသုံးပြုနေတဲ့ Banking နဲ့ FinTech စနစ်တွေ ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာ SIF ရဲ့ The Evolution of Banking Course မှာ လေ့လာနားဆင်နိုင်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်နော်။ 🥳 #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
💵 ငွေသားမပါဘဲ တစ်နေ့တာကို ဖြတ်သန်းနိုင်တဲ့ အာဆီယံနိုင်ငံတစ်နိုင်ငံကို ဒီနေ့ သွားလေ့လာကြမယ်။ အဲ့ဒီနိုင်ငံကတော့ ဗီယက်နမ်ပါပဲ။ 🇻🇳 ဗီယက်နမ်မှာဆိုရင် ကော်ဖီဝယ်တာ၊ မုန့်ဝယ်တာ၊ တက်စီ စီးတာကအစ ဖုန်းနဲ့ QR Code ကို Scan လုပ်ပြီး ငွေပေးချေတာက နေ့စဉ်ဘဝရဲ့ ပုံမှန်အရာတစ်ခု ဖြစ်နေပါပြီ။ ဒါကြောင့်လည်း FinTech လုပ်ငန်းရှင်တွေ မျက်စိကျနေတဲ့ အာဆီယံနိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါ။ 🏆 ••• ▫️ Digital Wallet ဝန်ဆောင်မှုတွေ ပိုမိုလွယ်ကူပြီး လူသုံးများလာတာ၊ ▫️ ဆိုင်ကြီး၊ ဆိုင်ငယ်၊ ကော်ဖီဆိုင်၊ လမ်းဘေးဈေးသည်အထိ QR Payment ကို လက်ခံအသုံးပြုလာကြတာ၊ ▫️ စမတ်ဖုန်း အသုံးပြုသူတွေ ပိုများလာတာ စတာတွေက ဗီယက်နမ်ရဲ့ ငွေသားကင်းမဲ့တဲ့ လူမှုအသိုင်းအဝိုင်းကို အရှိန်မြှင့်ပေးခဲ့တဲ့ လောင်စာတွေ ဖြစ်ပါတယ်။ 🌏 Hotaru ရဲ့ FinTech လေ့လာရေးခရီးစဉ်မှာ အလားတူ နောက်ထပ်နိုင်ငံတွေရဲ့ FinTech အောင်မြင်မှု ဇာတ်လမ်းတွေကိုလည်း ဆက်ပြီး လေ့လာကြရအောင်ဗျို့။ #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
без подписи
SIF မှာ FinTech ကို ဘာကြောင့် လေ့လာနေကြတာလဲ? 💡 လူတိုင်းရဲ့လေ့လာရေးခရီးမှာ ကိုယ်ပိုင်ရည်ရွယ်ချက်လေးတွေ ရှိကြမှာပါ။ FinTech ကို လေ့လာတယ်ဆိုတာ သင်တန်းတစ်ခု ပြီးမြောက်ဖို့ပဲ မဟုတ်ပါဘူးနော်။ Hotaru ကို ဖြေပေးခဲ့ကြပါဦးဗျို့။ 💪🏼 #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
FinTech ကို စလေ့လာချင်ပေမယ့် ဘယ်ကနေ စရမလဲ စဉ်းစားနေသူတွေ ရှိကြလား? 👀 ဒီနေ့မှာတော့ Hotaru ကနေ SIF ရဲ့ Free Courseတွေထဲက တစ်ခုဖြစ်တဲ့ “Introduction to FinTech” Course ထဲမှာ ဘာတွေပါလဲဆိုတာ Unboxing လုပ်ပြမယ်နော်။ 📦 🌱 FinTech ဆိုတာ ဘာလဲ 🌱 FinTech ကို ပံ့ပိုးထားတဲ့ အခြေခံအုတ်မြစ် (၄) ခု 🌱 အနာဂတ် FinTech သင်ယူမှုတွေအတွက် လိုအပ်မယ့် အခြေခံဗဟုသုတ FinTech လေ့လာရေးခရီးစဉ်ကို အခြေခံကနေ စတင်ချင်ရင်တော့ ဒီ Course ကို ဒီနေ့ပဲ Enroll လုပ်ပြီး လေ့လာလိုက်တော့နော်။ 🔗 Introduction to FinTech Course သို့ ဝင်ရောက်ရန် https://sif.institute/courses/6b06bc55-1631-4414-8f00-980ae0f50486 #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
“နောင်လာမယ့် အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ်ပညာတတ်တွေ လိုအပ်တယ်။” ဒီယုံကြည်ချက်ကပဲ SIF ဖြစ်လာရတဲ့ အကြောင်းရင်းပါ။ ဒီနေ့ လေ့လာသင်ယူမှုတိုင်းဟာ မနက်ဖြန်ရဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့၊ ပိုကောင်းတဲ့ အနာဂတ်ကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေးနိုင်ဖို့ပါ။ 🌱 @SpringDevBank ရဲ့ (၃) နှစ်ပြည့်အထိမ်းအမှတ်မှာ SIF ရဲ့ ကျောင်းအုပ်ကြီး Ko Jack မျှဝေခဲ့တဲ့ အနာဂတ်အတွက် SIF ရဲ့ ရည်မှန်းချက်တွေကို အတူနားဆင်ကြည့်လိုက်ရအောင်။ 🎙️ #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
နွေဦးဘဏ်နဲ့ SIF အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတို့အကြောင်း Miss Karenni ကရင်နီ လူငယ်ကိုယ်စားလှယ်တို့ကနေ ဘယ်လိုမျိုး ပြောပြဝေမျှထားလဲဆိုတာ ဒီဗီဒီယိုလေးထဲမှာ နားဆင်လိုက်ကြရအောင်။ 🎙💪 #SIF #SpringInstituteOfFinTech #MissKarenni #CryptoEducation #FinTechKnowledge
🚨 FinTech ခရီးသွားတို့အတွက် Hotaru ရဲ့ Reminder SIF ရဲ့ Blockchain 101 Course ကို ၂ ဒေါ်လာတည်းနဲ့ လေ့လာနိုင်မယ့် Promotion Portal က ဒီညမှာ ပိတ်တော့မယ်နော်။ ▪️Blockchain ဆိုတာ ဘာလဲ? ▪️ဘယ်လို အလုပ်လုပ်လဲ? ▪️ဘာကြောင့် ဒစ်ဂျစ်တယ်ကမ္ဘာမှာ အရေးကြီးတာလဲ? ဒီမေးခွန်းလေးတွေကို Blockchain 101 Course မှာ Hotaru နဲ့အတူ အခြေခံကနေ စတင်လေ့လာနိုင်ပါတယ်။ ဒီနေ့ည မြန်မာချိန် ၁၂ နာရီမတိုင်ခင် Promotion ရှိတုန်း Enroll လုပ်ထားဖို့ Hotaru က ဆော်ဩနှိုးဆော်လိုက်ပါတယ်ဗျို့။ 💪 ❇️ Blockchain 101 Course သို့ ဝင်ရောက်ရန် 👉 https://bit.ly/SIFBlockchain101 #SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge