- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 46
- Всего постов
- 72
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 78
- 1/48двое суток
- 89
- 1/72трое суток
- 96
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကာလဝမ်းပျက်ဝမ်းလျှောရောဂါ သတိပေးနှိုးဆော်ချက်
ဩဂုတ် ၁၅ ရက် ယနေ့နံနက် အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း Flores ကျွန်းအနီးမှာ M7.7 ငလျင် လှုပ်ခတ်ခဲ့။ ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်။
IIMM ဆိုတာ ဘာလဲ၊ ဘယ်လိုပေါ်ပေါက်လာတာလဲ? ■ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နေရာမှာ ၂၀၁၈ ခုနှစ်ကစပြီး IIMM ကို အစားထိုး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မြန်မာအစိုးရအဆက်ဆက်ကို ဖိအားပေးရန် ဖြစ်ပါတယ်။ ဘယ်လို ဖွဲ့စည်းလည်ပတ်နေသလဲ? ■ IIMM ကို အမေရိကန်နဲ့ ဂျပန် နိုင်ငံသားနှစ်ဦးက ဦးဆောင်ပြီး ဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်သူများ၊ နည်းပညာရှင်များ အပါအဝင် ဝန်ထမ်း (၅၀) ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ကုလသမဂ္ဂပုံမှန်ရန်ပုံငွေအပြင် အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့ သက်တမ်းအကန့်အသတ်မရှိ ရပ်တည်နေပါတယ်။ (သို့သော် ၂၀၂၆ ဇူလိုင်လထုတ်ပြန်ချက်အရ ဘဏ္ဍာရေး အခက်အခဲတချို့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်)။ IIMM အပေါ် မြန်မာနိုင်ငံ၏ သဘောထားနှင့် ရှုမြင်သုံးသပ်ချက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် IIMM ကို လုံးဝ (လုံးဝ) အသိအမှတ်မပြုသလို ပူးပေါင်းဆောင်ရွက်မှုလည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ - ■ တစ်ဖက်သတ်ဆန်ခြင်း: IIMM ရဲ့ အစီရင်ခံစာတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ၊ တစ်ဆင့်ခံကြားသိရမှု (Hearsay) တွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လုပ်ကြံထွက်ဆိုချက်တွေကိုသာ အဓိက အခြေခံထားတယ်လို့ မြန်မာဘက်က ရှုမြင်ပါတယ်။ ■ အဖြစ်မှန်ကို လျစ်လျူရှုခြင်း: ARSA အကြမ်းဖက်အဖွဲ့ရဲ့ စနစ်တကျ ကြိုတင်စီစဉ်တိုက်ခိုက်မှုတွေလို အရင်းခံအကြောင်းတရားတွေကို ချန်လှပ်ထားခဲ့ပါတယ်။ ■ အလှူရှင်အလိုကျဖြစ်နေခြင်း: IIMM ဟာ စောင့်ကြည့်ကြပ်မတ်မယ့် ယန္တရားမရှိဘဲ လွတ်လပ်ခွင့်ကို အကြောင်းပြကာ အမှန်တရားထက် ရန်ပုံငွေပေးတဲ့ အလှူရှင်နိုင်ငံတွေရဲ့ အလိုကျသာ ဆောင်ရွက်နေတယ်လို့ သုံးသပ်ထားပါတယ်။ ဩဂုတ်လ ၁၁ ရက်နေ့မှာလည်း IIMM က နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး "အရပ်သားတွေကို တိုက်ခိုက်နေတယ်" လို့ စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် ဂျီနီဗာမြို့ရှိ မြန်မာအဖွဲ့ရုံးကနေတစ်ဆင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ကန့်ကွက်တုံ့ပြန်လွှာကို တရားဝင် ပြန်လည်ပေးပို့ထားပါတယ်။ =============== ဆိုချင်တာကတော့ IIMM အဖွဲ့ဆိုတာ မြေပြင်အဖြစ်မှန်များကို လျစ်လျူရှုပြီး အခြေအမြစ်မရှိတဲ့ တစ်ဖက်သတ် စွပ်စွဲချက်တွေကို အခြေခံပြီး မြန်မာနိုင်ငံကို ဖိအားပေးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမှန်တရားကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းဖို့ထက် သူတို့ရပ်တည်နိုင်ရေး ဒေါ်လာပေးနေတဲ့ နိုင်ငံတွေရဲ့အလိုကျတိုင်း မြန်မာနိုင်ငံအပေါ် ပုံဖျက်တိုက်ခိုက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စွက်ဖက်ဖိအားပေးနေတဲ့ IIMM လို အဖွဲ့မျိုးကို UN နဲ့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်တုံ့ပြန်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါတယ်။ KT
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи