tgindex
Bollywood Movie 🇲🇲

Bollywood Movie 🇲🇲

Статистика

ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်

Последний пост
24 док.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Видео
В каталоге с
15 авг.
Подписчики
7 303
−12 за 3 дн.
Сутки
−5
−0,07%
Неделя
—
 
Месяц
—
 
Просмотров на пост
3 681
20 постов
Вовлечённость
50,4%
к подписчикам
Постов в день
0,0
всогО 20
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
—
1/48двое суток
—
1/72трое суток
—

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • Taylor Swift - The Era Toure (2025) အပိုင်း 1 မှ အပိုင်း ၃ အပိုင်း ၆ပိုင်းပါဝင်ပြီး လက်ရှိအပိုင်း ၄ပိုင်းထွက်ရှိထားပါတယ် Channel Link https://t.me/+3NswNk10i1QzODQ1 ဇာတ်လမ်းအညွှန်း Swifties o Taylor Swift The End of an Era miniseries တင်ဆက်ပေးလိုက်ပါတယ်။ ဒီစီးရီးကတော့ The Eras Tour ရဲ့ စင်ပေါ်၊ ပေါ်၊ စင်နောက် အဖြစ်အပျက်တွေ အားလုံးကို ရိုက်ကူးပြသထားတဲ့ စီးရီးတစ်ခုပါ။ ဒီစီးရီးကို မကြည့်ခင် The Eras Tour အကြောင်းကို သိထားရင် ပို အဆင်ပြေပါတယ်။ ဒီ Tour က ကျနော်တို့ မြင်ခဲ့ဖူးတဲ့ ဖျော်ဖြေပွဲတွေနဲ့ မတူ ပါဘူး။ ဒါက တေလာရဲ့ Career တစ်ခုလုံးကို စာအုပ်တစ်အုပ်မှာ ရေးပြီး ပရိသတ် ပေါင်း ၁၀ သန်းရှေ့မှာ တေလာကိုယ်တိုင် ဖတ်ပြလိုက်တဲ့ ပုံစံမျိုးပါ။ တေလာက၂၁ လ အတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ မြို့ပေါင်း ၅၁ မြို့မှာ သုံး နာရီကျော် ကြာမြင့်တဲ့ ရှိုးပွဲပေါင်း ၁၄၉ ပွဲ သီဆိုခဲ့ပါတယ်။ ဝင်ငွေကလည်း ဒေါ်လာ ၂ ဘီလျံကျော် ရှိခဲ့ပြီး ဒီပမာဏက Tour ပွဲအားလုံး ထက် ပိုများတဲ့ ပမာဏ တစ်ခုပါ။ လာရောက်တဲ့ ပရိသတ်တွေကလည်း ရှိုးပွဲ တစ်ခုကို ကြည့်နေရတာတင် မဟုတ်ပါဘူး။ တေလာဆွစ်ရဲ့ အနုပညာသက်တမ်းမှာ ဖြတ်သန်းခဲ့သမျှ ဘဝကဏ္ဍတွေကို တစ်ခန်းပြီးတစ်ခန်း ပါဝင် ဖြတ်သန်းကြသလိုပါပဲ။ အစောပိုင်း ကန်းထရီးဆိုခဲ့တဲ့ ကာလကနေ ပေါ့ပ်ကာလအထိ၊ အဲဒီကနေ Indie-Folk ကာလ၊ အဲဒီကနေ သူမကြာခင် ထွက်ရှိထားတဲ့ အလ်ဘမ်အထိတစ်ကန့်ပြီး တစ်ကန့် လှစ်ဟပြသွားတာပါ။ ပွဲတစ်ပွဲကို သီချင်းအပုဒ်ရေ ၄၀ ကျော် ၅၀ နီးပါး ပါဝင်ပြီး သုံးနာရီကျော် ကြာမြင့်ပါတယ်။ ဒီမှာတင် ပရိသတ်တွေကို တေလာတစ်ယောက် ဘယ်လောက် တန်ဖိုးထား သလဲ မြင်နိုင်ပါတယ်။ မဲလ်ဘုန်းက ခရစ်ကတ်ကွင်းမှာ ဖေဖော်ဝါရီလက လုပ်ခဲ့တဲ့ ရှိုးမှာ ဆိုရင် လည်း ပရိသတ်ပေါင်း ၉၆ဝဝဝ ကျော် လာရောက် အားပေးခဲ့ပါတယ်။ အဲဒီပွဲက တေလာဆွစ် ဖျော်ဖြေခဲ့ဖူးသမျှထဲ ပရိသတ်အများဆုံး ပွဲတစ်ခု ဖြစ် သွားတဲ့အပြင် ဆယ်နှစ်အတွင်းမှာ ပရိသတ် အများဆုံး ဂီတပွဲတစ်ခု အဖြစ် စံချိန်တင်ခဲ့ပါတယ်။ Taylor Swift: The Eras Tour (The Final Show) ရုပ်ရှင်မှာတော့ ပွဲထဲက အရာတွေကို ပြန်ပြောင်းပြောထားတာ ဖြစ်ပေမဲ့ ဒီစီး ရီးမှာတော့ စင်နောက်က ကိစ္စတွေကို ရိုက်ကူးထားပါတယ်။ ဒီ နယ်လှည့်ဖျော်ဖြေပွဲကြီး ဖြစ်မြောက်လာဖို့ အားထုတ်ခဲ့တဲ့ နောက်ကွယ်က လူတွေအကြောင်းကိုပါ ထဲထဲဝင်ဝင် ရိုက်ကူးပြထားတဲ့အပြင် တေလာရဲ့ အခက်အခဲတွေ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေနဲ့ ပွဲထဲမှာ ပြသမယ့် အရာ တွေကို ဖန်တီးပုံကိုပါ ပြောပြထားပါတယ်။ အခုလို ပွင့်ပွင့်လင်းလင်း ပြောထားတာကြောင့်လည်း ဒီစီးရီးက အတော်ကို ရင်ထဲရောက်တာပါ။ တေလာရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဖန်တီးမှုတွေ အားလုံးကို အရှိအတိုင်း မြင်ရပါတယ်။ ပထမဆုံး အပိုင်းမှာတင် ဗီယင်နာမှာ ပွဲပျက်သွားတဲ့အကြောင်း၊ လီဗာပူးမြို့မှာ ဖြစ်ခဲ့တဲ့ စိတ်ထိခိုက်စရာ အဖြစ်အပျက်အကြောင်းတွေကို ပြောပြထားတာပါ။ ဒါက အပြင်လူအနေနဲ့ သာမန်ဆိုရင် ထဲထဲဝင်ဝင် သိနိုင်တဲ့ ကိစ္စတွေ မဟုတ် ပါဘူး။ အဲဒီလို အန္တရာယ်များတဲ့ စိန်ခေါ်မှုတွေကို တေလာတစ်ယောက် ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာကိုပါ ဒီစီးရီးမှာ မြင်ရပါလိမ့်မယ်။ ပွဲအကြောင်း ဆက်ပြောရရင် တေလာက သူ့အလ်ဘမ်တွေ၊ ပုံတွေထဲမှာ Symbolistic ဆန်ဆန် အဓိပ္ပါယ်နက်နက်လေးတွေ မြုပ်ထားတတ်တာကို ပရိသတ်တွေ သိပြီးသားပါ။ ဒီ စီးရီးမှာလည်း အဲဒီလို Easter Egg တွေ ပါ တယ်လီ အမာခံ Swifties တေက ပြောပါတယ်။ ပြောပါတယ်။ အသိအမှတ်ပြုပါတယ်။ ဘောနပ်စ်တွေ ပေးတုန်းကလည်း သူကိုယ်တိုင် နှစ်ပတ်လောက် စာတွေရေး၊ စာအိပ်ကိုလည်း ကိုယ်တိုင် ဖယောင်းနဲ့ ချိပ်ပိတ်ပြီး သေသေချာချာ ပေးတာ ပါ။ ဘောနပ်စ်ပေးတာတင် စုစုပေါင်း ဒေါ်လာ ၁၉၇သန်းလောက် ရှိမယ်လို့ သိရပါတယ်။ ဒါက သာမန် သဘောကောင်းတာတင် မဟုတ်တော့ပါဘူး။ ပုံမှန် ပွဲတွေဆိုရင် နောက်ကွယ်က အဖွဲ့သားတွေက လူမသိ သူမသိ ဖြစ်တတ် ဘယ်။ အသိအမှတ်ပြု မခံရပါဘူး။ The Eras Tour မှာတော့ မှာတော့ ပါဝင်တဲ့လူ တိုင်း အသိအမှတ်ပြုခံရပါတယ်။ ဒါကလည်း တေလာကို တေလာ ဖြစ်လာ စေတဲ့ အချက်တစ်ခုပါ။ ပြောရရင် The Eras Tour က Tour တစ်ခုထက် ပိုသလို ဒီ ဒိုကူစီးရီးက လည်း စီးရီးတစ်ခု ဆိုတာထက် ပိုပါတယ်။ ဒါကြောင့် Love Story သီချင်းကို ညည်းခဲ့ဖူးတာဖြစ်ဖြစ်၊ All Too All Too Well ခဲ့ဖူးတာဖြစ်ဖြစ်၊ Anti- Hero နဲ့ ကြေကွဲခဲ့ဖူးတာဖြစ်ဖြစ်၊ ဘယ်လို သီချင်းနဲ့ ဘယ်လိုတွေ ခံစားခဲ့ဖူးပါစေ.. ဒီစီးရီးက ကိုယ့်ခံစားချက်တွေ ဖြစ်တည်ခဲ့ရာ ကာလတစ်ခုကို The Eras Tour ကတဆင့် ခေါ်ဆောင်သွားပေးမယ့် အချိန် ခရီးသွား စက်ကလေး ဖြစ်ပါကြောင်း..

  • The War Between The Land & The Sea (2025) အပိုင်း 1 မှ အပိုင်း ၅ ( ဇာတ်သိမ်းပိုင်း ) Channel Link https://t.me/+3NswNk10i1QzODQ1 ဇာတ်လမ်းအညွှန်း BBC ကရိုက်တဲ့ဇာတ်လမ်းတွေဆိုရင် Netflix နဲ့မတူဘဲ သေချာထိထိမိမိရှိပြီး စိတ်ဝင်စားဖို့ကောင်းတာများတယ်.. ဒီဇာတ်လမ်းဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ လူသားတွေမပေါ် ခင်ထဲက ရှိခဲ့တဲ့ မျိုးနွယ်စုအကြောင်းကိုရိုက်ကူးထားပါတယ်.. ဟိုမိုအက်ကွာလို့ခေါ်တဲ့ မျိုးနွယ်စုဟာရေနေမျိုးနွယ်စုဖြစ်ပြီး နှစ်သန်းပေါင်း များစွာထဲက ရှိခဲ့တာပါ.. ကမ္ဘာကြီးက ကုန်းမြေတိုက်ကြီးတွေ ခွဲထွက်လာတဲ့အချိန် လူသားတွေ ပေါ်လာတဲ့အခါမှာသူတို့မျိုးနွယ်စုဟာ သမုဒ္ဒရာကြမ်းပြင်မှာပိတ်ခံလိုက်ရပြီး ဆောင်းခိုနေရပါတယ်.. ဒါပေမဲ့ ယနေ့ခေတ်ရောက်လာတော့ လူသားတွေရဲ့ ရေညစ်ညမ်းမှုနဲ့ ပင်လယ် သမုဒ္ဒရာကို ဖျက်စီးမှုတွေကြောင့် ပင်လယ်အောက်ကနေ ပြန်ပေါ်လာပြီး လူသားတွေနဲ့ စစ်ခင်းဖို့အကြောင်းတည်လာပါတော့တယ်.. စစ်မဖြစ်ခင် လူသားကမ္ဘာကို ဟိုမိုအက်ကွာတွေရဲ့ သံအမတ်ကိုခေါ်ပြီး ညှိနှိုင်းဖို့ ပြင်ဆင်ထားပေမဲ့ လူသားမျိုးနွယ်ထဲမှာ သူတို့ကိုယ်စားလှယ်အနေ နဲ့ စကားပြောချင်တာက လူတစ်ယောက်ပဲရှိပါတယ်.. ဘာကလေလို့ခေါ်တဲ့ အစိုးရရုံးဝန်ထမ်းလေးပါ...မိန်းမနဲ့ကွဲထားပြီး ဘဝကို ဖြစ်သလိုဖျက်သန်းနေတဲ့ ဘာကလေဟာ ရေအောက်အသိဉာဏ်ရှိသတ္တဝါ တွေက သူ့ကိုဘာကြောင့်ရွေးချယ်ပြီးဆွေးနွေးချင်တာလဲ..? ကမ္ဘာကြီးနဲ့ လူသားတွေရဲ့ ကံကြမ္ဘာသူ့အပေါ်မူတည်လာတဲ့အခါ ဘယ်လို ရင်ဆိုင်ဖြတ်သန်း သွားရမလဲ ကြည့်ရမှုရမယ့် British ဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်ပါတယ်..

  • Manga Hantai ပြန်တင်ပေးရမလား ????

  • အက်ရှင် ဇာတ်ကားများ - https://t.me/soramovie1 Horror ဇာတ်ကားများ  - https://t.me/soramovie2 Bollywood ဇာတ်ကားများ - https://t.me/soramovie3 Drama ဇာတ်ကားများ - https://t.me/soramovie4 သမိုင်းဝင် ဇာတ်ကားများ - https://t.me/soramovie5 ကာတွန်းကားများ - https://t.me/soramovie6 မှုခင်းနှင့်ဆိုင်သော ဇာတ်ကားများ - https://t.me/soramovie7 ကိုရီးယား Ongoing ဇာတ်လမ်းတွဲများ - https://t.me/thesoundofyourheart77

  • ❗️❗️❗️❗️❗️Uri - The Surgical Strike (2019) IMDB ( 8.2 ) 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/325 Review ------------ “ အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ၊ အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ " အသံတွေဟာ အရောင်မဲ့လည်း ခွန်အားပါလွန်းသည် အထူးတပ်ဖွဲ့မို့လည်း ဗျူဟာ ကျွမ်းလှသည်။ သတ္တိရေးရာမှာ မကြောင်သလို ဉာဏ မှာလည်း မညံ့။ ယောကျာ်း ဘာသား ဟူ၍ တဇွတ်ထိုးထိုးစစ်ဆင်။ စစ်ချီအား အလုံးအရင်း မသုံး။သို့သော် တိုးတက်သောနည်းပညာအပေါ် စနစ်ကျကျ အသုံးချသည်။ တိုက်လည်းတိုက်ရဲသလိုသေလည်း သေရဲသောတပ်ဖွဲ့ဖြစ်သည်။ ဤ အထူး တပ်ဖွဲ့ အား ဦးဆောင်သူကတော့ ကပ္ပတိန် ဗီဟန် ။ ဗီဟန် ဟာ ရဲစွမ်း သတ္တိရှိသူ တစ်ယောက်။ တိုက်ပွဲအတွေ့အကြုံ အရ လည်း အောင်ပွဲတွေ အလီလီ။ သို့သော် ဗီဟန် ရဲ့ဒုက္ခကလည်း မသေးလှ ။ အမေဖြစ်သူက အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားနေပြီး ယောက်ဖဖြစ်သူမှာလည်း စစ်သွေးကြွေတို့ ခြုံခိုတိုက်ခိုက်မှုဗကြာင့်သေဆုံးခဲ့ရသည်။ ထို စစ်သွေးကြွတို့သည် အိန္ဒိယ နှင့် ပါကစ္စတန် နယ်စပ်ကြား တပ်အား အလစ် ဝင်ပြီး တိုက်ခိုက်ခဲ့ကြသည်။ 2015 အခြင်းအရာသည် 2016 Uri : the surgical strike စစ်ဆင်ရေး၏ အခြေခံ အကြောင်းတရားဖြစ်လေတော့သည်။ ဇာတ်လမ်းတစ်ခု တိုက်ပွဲတစ်ခုကို သဏ္ဍာန်လုပ်သရုပ်တူစေဖို့တိုက်ပွဲသရုပ်ဖော်ချက်တွေနဲ့နောက်ခံတီးလုံးတွေဟာအရမ်းကောင်းမွန်နေတာကို ခံစားမိပါတယ်။ အပစ်အခတ်တွေမှာလည်း ရိုက်ချက်တွေဟာပီပြင်လှပြီး တကယ့်စစ်ပွဲထဲ ရောက်နေသလို ခံစားမိပါတယ်။ မင်းသားတွေကို မြင်မြင်ချင်း လူတိုင်းကြိုက်ခဲ့ရတဲ့ Sanju (2018) ထဲမှာဆန်ဂျူးရဲ့ အချစ်ဆုံးသူငယ်ချင်း ကင်မလီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Vicky Kaushal နဲ့ ဆန်ဂျူးရဲ့ အဖေ ဆူနေးဒတ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Paresh Rawal တို့နဲ့ အတူတပ်မတော်အရာရှိတွေအဖြစ်နဲ့ မင်းသမီးချောချောလေးတွေဟာဇာတ်လမ်းထဲ မြိုင်ဆိုင်နေမှာပါ။ #uploadbykevinaris

  • ❗️❗️❗️❗️❗️Hera Pheri (2000) IMDB ( 8.2 ) 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/313 Review ------------ ဒီကားလေးကတော့ အရှေးကူမား နဲ့ ဆူနီးရှက်တီးတို့တွဲဖက်ကောင်းခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ဟာသကားကောင်းလေးလို့ ပြောရမယ်။ အတော်လည်းရယ်ရတယ်။ ရာဂျူး ရှာမ်နဲ့ ဘာဘူရောင်းဆိုတဲ့ မတည့်အတူ‌နေလူသုံးယောက်... ရာဂျူးက အမြဲလူတွေကို နှစ်ကျပ်ကွက်နင်းပြီး ပိုက်ဆံရှာချင်နေတယ် ရှာမ်ကတော့ အလုပ်တစ်ခုရှာလုပ်ပြီး အကြွေးဆပ်ချင်နေ။ ဘာဘူရောင်းကတော့ ဒီနှစ်ယောက်စလုံးကို အိမ်ခေါ်တင်ကြွေးထားတဲ့ စိတ်သဘောထားမြင့်မြတ်တဲ့ ဂလည်အူကြောင်တစ်ယောက်ပေါ့ဗျာ... ဒီလိုလုံးလည်ချာလည်လိုက်နေတဲ့ သူတို့သုံးယောက်ရဲ့ ဘဝထဲမှာ အဆန်းတကြယ်ဖြစ်ရပ်တစ်ခုကြုံခဲ့ပါတယ်။ အဲ့ဒါကတော့ သူဌေးကြီးတစ်ယောက်ရဲ့မြေး ပြန်ပေးဆွဲခံရတာကို သူတို့ဆီကို ဖုန်းဆက်ပြီးပြန်ပေးငွေတောင်းနေပါတယ်။ ဖြစ်ချင်တော့လမ်းညွှန်းစာအုပ်က ဖုန်းနံပါတ်ကို မှားရိုက် မိတာပါပဲ။ ငွေလိုနေတဲ့သူတို့သုံးယောက်စလုံး ဒီကိစ္စကို အခြေခံပြီး ဘယ်လိုနှစ်ကျပ်ကွက်နင်းမလဲဆိုတာတော့…။ တစ်ကားလုံး အလွဲလွဲအချော်ချော်နဲ့ရယ်မောပျော်ရွှင်နေရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... #uploadbyhoshiko

  • ❗️❗️❗️❗️❗️Dil Chahta Hai (2001) IMDB ( 8.1 ) 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/312 Review ------------ ဒီဇာတ်ကားလေးမှာ မင်းသားကြီး အမီရ်ခန်းရယ် ဆေ့ဖ်အလီခန်းရယ် အက်ရှေးခန်နားတို့ ပါဝင်သရုပ်ဆောင်ထားတယ်။ Rating တွေ ကောင်းတဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကြောရိုးကတော့ ရိုးရှင်းပါတယ်...ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲတစ်ခုခုကျန်စေမယ့် ကားမျိုး... သူငယ်ချင်းသုံးယောက်ရှိတယ်...စမီရ် ဆစ်ဒ် နဲ့ အာကာရှ မိဘတွေကငွေကြေးပြည့်စုံကြတော့ သူတို့ဘဝကလိုလေသေးမရှိပေါ့..လူငယ်သဘာဝ ပျော်မယ် ပါးမယ် ကဲမယ် ဘဝရဲ့ ဒဿနလည်းမသိ အချစ်ရဲ့အနက်အဓိပ္ပါယ်လည်းမမှု တစ်ခါတလေ ဘဝက သင်ခန်းစာပေးတယ်လို့ ပြောတတ်ကြတယ်မလား။ အဲ့ဒီလိုပဲ သူတို့သုံးဦးရဲ့ဘဝကိုယ်စီမှာ သင်ခန်းစာတစ်ခုဆီရလာကြတဲ့အခါ ဒီလူငယ်လေးတွေ ရင့်ကျက်လာတဲ့အကြောင်းကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ.. အချစ်ဆိုတာမျိုးက လုပ်ယူဖန်တီးလို့မရသလို ဘဝကြီးမှာလည်း ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပါဘူး... ဒါပေမဲ့ တချို့အရာတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုမရှိဘဲ ပိုင်ဆိုင်ရတာမျိုးမရှိတတ်ပါဘူး ကိုယ်တကယ်ချစ်တဲ့သူကို ဒီဇာတ်ကားလေးနဲ့ အဖြေရှာကြည့်ပြီး ကြည်နူးနိုင်ပါတယ်။ #uploadbykevinaris

  • အက်ရှင် ဇာတ်ကားများ - https://t.me/soramovie1 Horror ဇာတ်ကားများ  - https://t.me/soramovie2 Bollywood ဇာတ်ကားများ - https://t.me/soramovie3 Drama ဇာတ်ကားများ - https://t.me/soramovie4 သမိုင်းဝင် ဇာတ်ကားများ - https://t.me/soramovie5 ကာတွန်းကားများ - https://t.me/soramovie6 မှုခင်းနှင့်ဆိုင်သော ဇာတ်ကားများ - https://t.me/soramovie7 ကိုရီးယား Ongoing ဇာတ်လမ်းတွဲများ - https://t.me/thesoundofyourheart77

  • ❗️❗️❗️❗️❗️Kal Ho Naa Ho (2003) IMDB ( 7.9 ) 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/304 Review ------------ အချစ်ဆိုတာ... အသက်အရွယ် မခွဲခြားပါဘူးလေ... နှလုံးသားသာရှိဖို့ပဲ လိုတာပေါ့.. ကျောင်းသားလေးတစ်ယောက်ဟာ ကိုယ့်ရဲ့အိမ်နီးချင်း ကောင်မလေးကို ချစ်မိသွားတယ်.. ဒါအပြစ်လား.. ချစ်မိတာ အပြစ်ဖြစ်မလား ဘယ်ဟုတ်ပါ့မလဲ... ကိုယ့်သူငယ်ချင်း အဆင်ပြေဖို့အတွက်နဲ့ ကိုယ် တစ်ဖက်သက်ချစ်နေရတဲ့ ကောင်မလေးကို အောင်သွယ်ပေးခဲ့ရတဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ဒုက္ခကိုလည်း ဆင်ခြင်ပေးသင့် စာနာပေးသင့်တာပေါ့ ဒီဇာတ်လမ်းက ရိုးရိုးလေးပဲရယ်... ဒါပေမယ့် ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံအတိုင်းပဲ ဒရာမာကို ပီပြင်အောင် သရုပ်ဖော်ခဲ့မှုကြောင့် Rotten Tomatoes ကြီးရဲ့ အဖွဲ့ဝင်တွေက ၇၇ ရာခိုင်နှုန်းပေးခဲ့ပြီး ကြည့်ရှုသူတွေက ၉၁ရာခိုင်နှုန်းတဲ့... IMDB က 8/10, Netflix ကလည်း 8/10 တဲ့ Rating တွေ ဒီလောက် ကောင်းနေရတာ အလကားမှမဟုတ်ခဲ့တာပဲဟာ... ရိုက်ကူးခဲ့ရာမှာ သန်းနဲ့ချီသုံးခဲ့တဲ့ တန်ကြေးဟာ ကြည့်ရှုသူတွေရဲ့ အကောင်းဘက်နွယ်တဲ့မှတ်ချက်တွေကို ရခဲ့တယ်... ဒါတင်ပဲလားမဟုတ်ပါဘူး နဂိုထဲက နာမည် တစ်ရိပ်ရိပ်တက်နေတဲ့ မင်းသား ရှာရွတ်ခန်းကို နာမည် အရှိန်တင်ပေးတဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တာပေါ့ ဘောလိဝုဒ်ရဲ့ အကောင်းဆုံး ဒရာမာကားတွေထဲတစ်ကားအပါအဝင်ဖြစ်တဲ့ Kal Ho Naa Ho ကို မျက်ရည်ချူတဲ့ကားတွေထဲမှာ တစ်ကားအပါအဝင် အဖြစ်လည်းသတ်မှတ်လို့ရသေးတယ်။ အခုလို အကောင်းဆုံးကားတစ်ကားကို ပရိသတ်ကြီးဆီ အရောက်ပို့လိုက်ရတာ ဂုဏ်ယူလို့မဆုံးပါကြောင်း... #uploadbykevinaris

  • ❗️❗️❗️❗️❗️A Wednesday (2008) IMDB ( 8.1 ) 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/291 Review ------------ "လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး" ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့ နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသောသဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလို သရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့်ဇာတ်မျိုးဖြစ်သည်။ IMDB - 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာ ရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ မြို့၏ နေရာကြီးငါးနေရာတွင် ဗုံးထောင် ခဲ့ကြောင်းဆိုသည်။A ၏ ရည်ရွယ်ချက်မှာ နာမည်ကြီးအကြမ်းဖက်သမားလေးဦးအား လွှတ်ပေးရေးဖြစ်သည်။ ပထမ အစတွင် ရာဟိုးလ် က A ကို မယုံကြည်ခဲ့ပေ။ ဖုန်းနှောင့်ယှက်သူ တစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့သည်။ သို့သော် ရဲစခန်းအိမ်သာ၌ ထောင်ခဲ့သော ဗုံးတစ်နေရာကိုဖွင့်ပြောလိုက်သောအခါမှ ရာဟိုးလ်ယုံကြည်ခဲ့သည်။ ထို့နောက် နည်းပညာအကူအညီဖြင့် A ၏ တည်နေရာအားစုံစမ်းကြသည်။ A ကား မည်သူနည်း ဟု စုံစမ်းခဲ့ကြသည်။ ရဲမှတ်တမ်းများအရလွတ်မြောက်နေသော အကြမ်းဖက်သမားများ ရှိနေသောကြောင့် ရာဟိုးလ်အနေနဲ့ A သည် အကြမ်းဖက်ခေါင်းဆောင် ဖြစ်မည်ဟု မှတ်ယူခဲ့သည်။ A အနေနဲ့လည်း ကျွမ်းကျင်သင့်တင့်သော နည်းပညာရှိနေ၍ Sim card အမျိုးမျိုး တည်နေရာ အမျိုးမျိုးပြောင်းနိုင်ခဲ့သည်။ အကြမ်းဖက်သမားလေးယောက် ကို တစ်နေရာတည်းတစ်စုတစည်း မရပါက ကျန်ရှိနေသည့် ငါးနာရီအတွင်း ဗုံးဖောက်ခွဲရန် ကြုံးဝါးခဲ့သည်။ ဤသို့ဖြင့် ရာဟိုးလ် နှင့် အမည်မသိ ဖုန်းခေါ်သူတို့ အားပြိုင် ဇာတ်ရှိန်တက်လာချိန်မှာတော့ …………? ဘာတွေဆက်ဖြစ်လာမည်နည်း။ A ဟာ မည်သူနည်း။ မည်သို့သော မျက်နှာဖုံးနဲ့ တရားရေးကဏ္ဍ ဆီ ချဉ်းနင်းလာခဲ့ပါသနည်း။ ဤဇာတ်ကားသည် အလှည့်အပြောင်း နှင့် လူ့စိတ်ကို ဖွင့်ဟလိုက်သည်။ "ငါမှ မဆိုင် "ဟူသော စိတ်ဓာတ်နှင့် နိုင်ငံသားကောင်း မဖြစ်နိုင်ခြင်းကိုလည်း ပြောပြသည်။ အမှန်တရားနှင့် ထိုက်တန်သော ပြစ်ဒဏ် ကိုလည်း ကွက်ကွက် ကွင်းကွင်း ဖော်ပြခဲ့သည်။ ဒီကားဟာ အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့သည်။ သီချင်းတွေနဲ့ကတဲ့အခန်းတစ်ခန်းမှမပါ... #uploadbyhoshiko

  • ❗️❗️❗️❗️❗️Dilwale Dulhania Le Jayenge (1995) 📱 8 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/292 Review တမီးလ် ဒရာမာလေးပါ.ကမလီဆိုတဲ့ အမျိုးသမီးကျောင်းသူ တမီးကို လေးကိုအဓိကဇာတ်ကောင်အဖြစ်ရိုက်ကူးထားပါတယ်။ကမလီက ပုံမှန်ရွာသူလေးတစ်ယောက်တနေ့ သူ့အိမ်မှာမိသားစုနဲ့အတူ တီဗီကြည့်ရင်း တနိုင်ငံလုံး အဆင့် ၁ရတဲ့ ကျောင်းသားတစ်ယောက်ကိုတိတ်တခိုး သဘောကျမိတယ်, သူ့အချစ်က အဲ့လောက်နဲ့ရပ် မသွားခဲ့ပါဘူး. သူချစ်တဲ့ ကောင်လေးနဲ့ကျောင်းအတူတက်ရပြီး ချစ်သူဖြစ်တဲ့ထိ သူက ရည်ရွယ် လိုက်ပါတယ်. အဲ့နေ့ကစပြီး ကမလီလေးကစာကိုတစိုက်မတ်မတ်ကြိုးစားပါတော့တယ် သူ့ရဲ့ကြိုးစားမှု တွေက ဖြစ်လာမှာလား? အချစ်စိတ်တစ်ခုထဲနဲ့ ကမလီလေး သူရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ တကယ် ဖြစ်လာမလား?? ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာနဲ့ ဘယ်လို ကျော်လွှားခဲ့လဲဆိုတာကိုစိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါ တယ်. လူငယ်ဆန်ဆန်ကျောင်းသားကားလေးမလို့ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတာမလို့ ညွှန်းချင်ပါတယ်.... #uploadbyshoonshoon

  • ❗️❗️❗️❗️❗️Chak De India (2007) IMDB ( 8.1 ) 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/283 Review ------------ ကာဘာရ်ခန် ဟာ အိန္ဒိယအမျိုးသားဟော်ကီအသင်းရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလိုနာမည်ကျော်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်..ပထမဆုံးမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကမ္ဘာ့ ချန်ပီယံ အမျိုးသားဟော်ကီပွဲကိုယှဉ်ပြိုင်နေကြတာပါ..နောက်ဆုံးမိနစ် ပင်နယ်တီမှာ ကာဘာရ်ခန် တစ်ယောက် လွဲချော်သွားလို့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးတဲ့အခါ ပါကစ္စတန်က ကစားသမားတစ်ဦးကလာရောက်ဖြုတ်ဆက်လို့ရယ်ပြုံးနှုတ်ဆက်မိတာကို သတင်းထောက်တစ်ယောက်ကဓါတ်ပုံအတိအကျရိုက်ပြီး အမျိုးသားသစ္စာဖောက်ခဲ့တာလားဆိုတဲ့ နာမည်ဆိုးနဲ့ဖွပါတော့တယ် ဒီလိုနဲ့ ကာဘာရ်ခန် ဟာပြသနာတွေတက် ပြည်သူတွေကလည်း အမျိုးသား သစ္စာဖောက်အနေနဲ့ ဝိုင်းဝန်းစွပ်စွဲလို့ နေထိုင်ရတဲ့အိမ်ကနေတောင်ပြောင်းပြေးခဲ့ရပြီး နေရာခြားမှာသွားရောက်နေထိုင်ခဲ့ရပါတယ်..ဒီလိုနာမည်ပျက်တွေကြား...အရှုံးတွေကြား သူ့ဂုဏ်အပြင် အိန္ဒိယ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်တက်အောင်..ဘယ်လိုလုပ်မလဲ လူအများထင်ခဲ့တဲ့အမျိုးသားသစ္စာဖောက် ဘဝကနေ ဘယ်လိုမျိုးရုန်းထွက်ကြိုးစားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် #uploadbykevinaris

  • ❗️❗️❗️❗️❗️Zindagi Na Milegi Debora 2011 IMDB (8.2/10) 📱Channel အရင်join ပါ https://t.me/+fdoM7RwLwQM2YTY1 📱ဇာတ်ကားlink https://t.me/c/2177896296/271 Review ~~~~~~~ ဇာတ်ကားနာမည်ရဲ့ အဓိပ္ပါယ်ကတော့ ‘You won't get another life'သူငယ်ချင်းသုံးယောက် လူပျိုဘဝနောက်ဆုံး ခရီးထွက်ရင်းနဲ့ ဘဝမှာ အရေးကြီးတဲ့ အရာတချို့ကို သတိပြုမိသွားပုံကို အချိတ်အဆက် မိမိရိုက်ကူးပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်နေကြဇာတ်ကားတချို့ လို တအံ့တဩ ရင်လှိုက်သည်းဖို ခံစားရမယ့် ဇာတ်ကားမဟုတ်ပါ။ ဘဝနဲ့ပတ်သတ်နဲ့ အမြင်တချို့ကိုသာ ပြောင်းလဲသွားနိုင်တဲ့ ဇာတ်ကားပါ။ အေးအေးဆေးဆေးခံစားကြည့်ရှုသင့်တဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားဖြစ် ပါတယ်။ ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော် သတိပြုမိတဲ့ အရာတစ်ခုရှိပါတယ်။အဲဒါ ကတော့……… "ယောင်္ကျားလေးတွေမှာ ဘုရားပေးထားတဲ့ဆု အနေနဲ့ သူငယ်ချင်းတွေက သူငယ်ချင်းပီသ ကြတာပါပဲ။" #uploadedbyyumyatmin

  • ❗️❗️❗️❗️❗️Barfi (2012) IMDB (8.1/10) 📱Channel အရင် join ပါ။ https://t.me/+fdoM7RwLwQM2YTY1 😍ဇာတ်ကား link https://t.me/+fdoM7RwLwQM2YTY1 Review -------- ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ ကောင်မလေးကြားက အချစ် သံယောဇဉ် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင် လက်တွဲမဖြုတ်ခဲ့မှုတွေ ဆွံ့အနားမကြားကောင်လေးကို အဖြစ်ခုတုံးလုပ်ခဲ့မှု ဆွံ့အနားမကြားကောင်လေးနဲ့ ပြန်ပေးစွဲတရားခံ လူကောင်း မိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေ အချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနား ကြောင်း ပြသထားမှု စတဲ့ရသများစွာကို Barfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ထူးခြားမှုကတော့ Barfi ရုပ်ရှင်မှာ နာမည်ကြီး လူငယ်မင်းသားRanbir Kapoor နဲ့ကမ္ဘာကျော်အိန္ဒိယမင်းသမီး Priyanka Chopraတို့ ဟာ တစ်ကားလုံးမှာ"Barfi"ဆိုတဲ့Dialogueကိုသာ အများဆုံးပြောခဲ့ရပြီး တစ်ကားလုံးရဲ့သရုပ်ဆောင် မူဟာ Slient Acting Methodကိုသာအခြေခံရိုက် ကူးခဲ့ တာဖြစ်ပါတယ်။ #uploadbyhsukaykhaing

  • အက်ရှင် ဇာတ်ကားများ - https://t.me/soramovie1 Horror ဇာတ်ကားများ  - https://t.me/soramovie2 Bollywood ဇာတ်ကားများ - https://t.me/soramovie3 Drama ဇာတ်ကားများ - https://t.me/soramovie4 သမိုင်းဝင် ဇာတ်ကားများ - https://t.me/soramovie5 ကာတွန်းကားများ - https://t.me/soramovie6 မှုခင်းနှင့်ဆိုင်သော ဇာတ်ကားများ - https://t.me/soramovie7 ကိုရီးယား Ongoing ဇာတ်လမ်းတွဲများ - https://t.me/thesoundofyourheart77

  • ❗️❗️❗️❗️❗️The hundred foot journey (2014) IMDB (7.3/10) 📱Channel အရင် join ပါ။ https://t.me/+fdoM7RwLwQM2YTY1 😍ဇာတ်ကား link https://t.me/c/2177896296/262 Review -------- အစားအသောက်တွေက ကျွန်နော်တို့ဘဝရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေလား။ဒါမှမဟုတ် ကျွန်နော်တို့ဘဝတွေကို နီးစပ်စေခဲ့တဲ့ အကြောင်းတရားများလား။ပေ ၁၀၀ သာ အကျယ်ရှိတဲ့ လမ်းတစ်ဖက်တစ်ချက် က မတူညီတဲ့ ယဉ်ကျေးမှု၊ စရိုက်တွေက ပေါင်းစပ်စေခဲ့တာကရော ဘာတွေ များလဲ.။ဒီဇာတ်ကားမှာ ပြင်သစ်နယ်မြို့လေးရဲ့ အလှအပ တွေနဲ့ အစားအသောက်တွေကို တဝကြီး ကြည့်ရမှာ ဖြစ်ပါတယ်။ပြင်သစ်က စိန့်အန်တိုနင်မြို့ကလေးကို အခြေတည် ထားတဲ့ ဒီဇာတ်ကားလေးမှာ ပြင်သစ် အစားအသောက်တွေနဲ့ မီချယ်လင်းစတားရရှိဖို့အတွက်ကလွဲ တခြားဘာမှ မျှော်လင့် မထားတော့တဲ့ မာနကြီး အဖွားအိုကြီးနဲ့ စိတ်ဆတ်တဲ့ အဖိုးအိုကြီးကြားက ပေတစ်ရာသာလှမ်းတဲ့ လမ်းကလေးက ဘယ်လိုမျိုး နီးစပ်သွားမှာလဲ ငယ်စဉ်ကတည်းက အရသာကောင်းကောင်းခံတတ် တဲ့ ကလေးတစ်ယောက် စာဖိုးမှုးဖြစ်လာတဲ့အခါ ဥရောပကိုရောက်လာတဲ့အခါ အနောက်တိုင်း အစားအစာတွေနဲ့ ဘယ်လိုမျိုးနီးစပ်သွားမလဲ…. ဇာတ်လမ်း ဇာတ်ကွက် ကောင်းမွန်လှတဲ့အတွက် အချက်အပြုတ်တွေစိတ်မဝင်စားရင်တောင်မှ ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ရှင် #uploadbyhsukaykhaing

  • ❗️❗️❗️❗️❗️Drishyam (2015) IMDB ( 8.2 ) 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/251 Review ------------ ဒီဇာတ်ကားကတော့ မိတ်ဆွေတို့ရဲ့ ခံယူချက်တွေအသိအမြင်တွေကို ဗြောင်းဆန်စေမယ့်ဇာတ်ကားပါ။ အသိဉာဏ်တွေကို ဇဝေဇဝါအဖြစ်စေဆုံးကတော့ အမှန်နှစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး A Jay Drvgn က လေးတန်းပဲအောင်တဲ့မဟုတ်မခံ ရိုးသားကြိုးစား သူက အသိပညာကို သူ့အလုပ် Cable ရုပ်ရှင်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး ရှာဖွေတတ်သူ။ တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ မဖွယ်မရာ ဗွီဒီယိုကို လူတစ်ယောက်က ရိုက်ကူးပြီး သူ့သမီးနဲ့ သူ့မိန်းမကိုအကြပ်ကိုင်ပါတော့တယ်။ဒီမှာပဲ လူသတ်မှုတစ်ခု မရည်ရွယ်ဘဲ ဖြစ်ပေါ်လာပါတယ်။ ဒီလူသတ်မှုမှာ သူ့မိသားစုကို ကာကွယ်ဖို့ မင်းသားကြီး A Jay က သူသိထားတဲ့ အသိပညာကုန်ထုတ်ပြီး ကြိုးစားပါတော့တယ်။ ဒီအမှုမှာ သူရင်ဆိုင်ရမယ့် လူက ပေါ့သေးသေးပါပဲ။ ဘယ်သူလဲဆိုတော့ ထောက်လှမ်းရေးက ရဲချုပ်ပါ။ရဲချုပ်က ပါစင်နယ်အရရော တာဝန်အရရော ပင်ကိုသဘောအရရော ဒီအမှုကို ရေကုန်ရေခန်းလိုက်မှာပါ။ ရဲချုပ်အဖြစ် မင်းသမီး တဘူးက ခပ်ထည်ထည် သရုပ်ဆောင်ထားပြီး သူက ၄ တန်းအောင်လူနဲ့ ပြိုင်မှာပါ။ ၄ တန်းပဲအောင်ထားတဲ့ လူကလဲ ခပ်ပေါ့ပေါ့တော့ မဟုတ်ချေ။ သူက ရုပ်ရှင်ဇာတ်ကားတွေကို နေ့ညမပြတ်တောက်လျှောက်ကြည့်နေတဲ့ ရုပ်ရှင်တွေကနေ အသိပညာ အမြင်ဗဟုသုတတွေကို စဉ်ဆက်မပြတ်သောက်သုံးနေတဲ့လူ။ ဒီလိုလူနှစ်ယောက်ရဲ့ အမှန်နှစ်ခုက မိသားစုအရပါ ထိပ်တိုက်တွေ့လာတဲ့အခါ………။ အင်မတန့်ကို စိတ်ဝင်စားစရာဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအစကတည်းက ဇာတ်ရှိန်တက်လာတာ ဇာတ်လမ်းသာ ပြီးသွားတယ်။ ဇာတ်ရှိန်က မကျသေးဘဲရင်ဘတ်ထဲမှာ ခိုးလို့ခုလု တစ်လစ်ကြီး ကျန်နေခဲ့ပါတယ်။ ဒါရိုက်တာကလဲ ဇာတ်ရှိန်ကိုတောက်လျှောက်တင်ချင်လို့ ထင်ပါတယ်။ Bollywood ရဲ့ အကတွေတောင် မထည့်ထားပါဘူး။ ဒီနှစ်ထဲ ထွက်ရှိပြီးသမျှ Bollywood ဇာတ်ကားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားပါပဲ။ Rating တွေအနေနဲ့လဲ IMDb (8.2/10) နဲ့ Rotten Tomatoes (79%) ထိရရှိထားပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီး မေးခွန်းထုတ်စရာတွေ များပြားသွားပါတယ်။ ဘယ်သူ့ကိုမှ မေးခွန်းထုတ်ချင်တာမဟုတ်ပါဘူး..ကိုယ့်ဖာသာကိုယ် မေးခွန်းထုတ်ချင်တာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝလက်လွတ်မခံသင့်ပါဘူး။ ကျွန်တော်ဒီဇာတ်ကားကို မိတ်ဆွေတို့ကိုကြည့်စေချင်တဲ့အကြောင်းရင်းလဲ ရှိပါတယ်။ အဲ့ဒါကတော့ ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုမှာ တရားရုံးက သက်သေမခိုင်လုံဘဲ သံသယတရားခံကို သေဒဏ်အထိပြစ်ဒဏ်ချထားတာကို ဘဝင်မကျနိုင်လို့ပါ။ ဒီဇာတ်ကားထဲက ထုတ်နုတ်မှုတစ်ခုကို တင်ပြရရင်….. "အပြစ်ရှိတဲ့လူလို့ သတ်မှတ်ရမယ့်သက်သေမရမချင်း ..အပြစ်ရှိရင်တောင် အပြစ်ပေးလို့မရဘူးလို့ ဥပဒေက အခိုင်အမာ အဓိပ္ပါယ်ဖွင့်ဆိုထားတာပါပဲ။ #uploadbykevinaris

  • ❗️❗️❗️❗️❗️Munna Bhai M.B.B.S. (2003) 📱 8.1 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/252 Review ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူး ခဲ့ပြီး နာမည်ကြီးမင်းသား (Sanjay Dutt)::cap Gracy Singh $ 3 idiot ထဲက ဗိုင်းရပ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ ပါတယ်။ Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေး ဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ….သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ဆရာဝန်တစ်ယောက် ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘ တွေသူ့ဆီအလည်လာရင် သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ် မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ် ပေးကြတယ်...စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ် လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ် စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့ Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထား လိုက်တယ်...အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန် ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ....သူဘယ်လို တွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာ ကိုတော့ ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ဖေးမ သနားကြင်နာမှုတွေဘယ်လိုပေးရကြောင်း လူတွေကို ဘယ်လိုဆက်ဆံရကြောင်း ပြသွားတယ် လူတိုင်း အတွက် အသက်ရှင်ရပ်တည်တဲ့အချိန်မှာ ပျော်ရွှင်ဖို့ နှလုံးသားအဟာရ လေးတွေ ဘယ်လိုနေရာမှာ လိုအပ်လဲ ဘယ်လိုအချိန်မှပေးရလဲဆိုတာတွေကိုလည်း ပြ သွားတယ် ပြီးတော့ အိန္ဒယဆေးရုံတွေရဲ့ လွဲမှားနေတဲ့စည်းမျဉ်း စည်းကမ်းတွေ ဆရာဝန်အချို့ရဲ့ အယူအဆအလွဲတွေကိုမသိမသာထောက်ပြသွားတယ် ..သေချာတာတစ်ခုက ဒီကား ကြည့်ပြီးရင် ခင်ဗျားရဲ့ မာကျောလှပါတယ်ဆိုတဲ့နှလုံးသားဟာ နည်းနည်းတော့ ပြောင်းလဲသွားမယ်ဆိုတာပါပဲ ဘောလိဝုဒ်ပရိတ်သတ်တွေအတွက် ကားကောင်းလေးတစ် ကောင်းဖြစ်ကြောင်းညွှန်းပါရစေ.... #uploadbyshoonshoon

  • အက်ရှင် ဇာတ်ကားများ - https://t.me/soramovie1 Horror ဇာတ်ကားများ  - https://t.me/soramovie2 Bollywood ဇာတ်ကားများ - https://t.me/soramovie3 Drama ဇာတ်ကားများ - https://t.me/soramovie4 သမိုင်းဝင် ဇာတ်ကားများ - https://t.me/soramovie5 ကာတွန်းကားများ - https://t.me/soramovie6 မှုခင်းနှင့်ဆိုင်သော ဇာတ်ကားများ - https://t.me/soramovie7 ကိုရီးယား Ongoing ဇာတ်လမ်းတွဲများ - https://t.me/thesoundofyourheart77

  • ❗️❗️❗️❗️❗️Swades (2004) 📱 8.2 📱 Channel အရင် Join ပါ https://t.me/+fdoM7RwLwQM2YTY1 📱 ဇာတ်ကား Link https://t.me/c/2177896296/241 Review Bollywood ဇာတ်ကားတွေထဲမှာ Swades (We, the People) ဆိုတဲ့ဇာတ်ကား မကြည့်ရသေးသူတွေအတွက် မိတ်ဆက်ပေးချင်သဗျ။ဒီဇာတ်ကားက Entertainment ထက်ပိုတဲ့ သက်ရောက်မှုရှိခဲ့တာ တစ်ကြောင်း၊ တိုင်းပြည် တစ်ပြည်ရဲ့ စီးပွားရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်း ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တာက တစ်ကြောင်း၊ ဇာတ်ကား တစ်လျှောက်လုံး တကယ့် သရုပ်မှန် ရိုက်ထားတာ ကလည်း ထူးခြားတယ်ဗျ။Swades ကို တိုက်ရိုက်ဘာသာ ပြန်ရရင်တော့ “အမိတိုင်းပြည်" ပေါ့ဗျာ။ ကဲ "အမိတိုင်းပြည်" လို့ဆိုရင် နိုင်ငံခြားကိစ္စပါလာမယ်။ အဲ.. နိုင်ငံခြားကိစ္စပြော ရင် ပြောင်းရွှေ့နေထိုင်မှု(migration) အကြောင်း ပါပြီ၊ အဲဒီ (migration) ဆိုတာကြီးကို မွေးထုတ်ပေးလိုက် ဲ့ လက်သည်တွေက အများကြီးကိုး... အဲ (migration) ကြောင့်ဘာဖြစ်လာသလဲ အဖြေက ဦးနှောက်ယိုစီးမှု (Brain Drain) ပေါ့ဗျာ ....ကဲ ဦးနှောက်ယိုစီးမှု ဖြစ်ရင် အဓိက နစ်နာတာက "အမိတိုင်းပြည်" ပေါ့ဗျာ ပြောစရာမှ မဟုတ်တာ နော့။ ဘယ်လိုနစ်နာလည်း? ဘာညာတွေ ထားလိုက်တော့ အဲဒီ Brain Drain ရဲ့ ဆန့်ကျင်ဘက် စကားလုံး Brain Gain လည်း ခင်ဗျား သိပြီးသား ဒါပေမယ့် Brain Gain ဖြစ်စဉ်က ဖြစ်တောင့်ဖြစ်ခဲ အရာကိုး။ အဲ.. အဲဒီ ဖြစ်တောင့်ဖြစ်ခဲ့ အရာကို သောက်သောက်လဲ ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တာက ဇာတ်ကားတစ်ကား ဆိုရင် ခင်ဗျား ယုံချင်မှ ယုံတော့မယ်..။ ဒါပေမယ့် ဒါက တ ကယ့်လက်တွေ... ဖြစ်တာတာမှ ပြည်တော်ပြန်တွေအတွက် လက်ခံကြိုဆိုရေး၊ နေရပ်မှာ ပြန်လည်နေရာချထားရေး ဘာ ညာကို စခန်းတွေ ဘာတွေ အသေအချာ ဖွင့်ပြီးကိုး လုပ်ခဲ့ရ တဲ့အထိပဲ...။ အဝေးကြီးလည်း မဟုတ်ဘူး India မှာ ဖြစ်ခဲ့ တာ... ဘယ်ဇာတ်ကားလည်းတော့ ခင်ဗျား မေးမှာ မဟုတ်ပါ ဘူး။ ဒီစာကို စဖတ်လာကတည်းက ဇာတ်ကား နာမည်ထည့် ရေးပြီး မိတ်ဆက်ပေးထားတာကိုး။ အဲ ဇာတ်လမ်း အခင်းအကျင်း အကြမ်းဖျင်းလေးတော့ ပြော အုံးမှNASA ရဲ့ ဂြိုတ်တုလွှတ်တင်ရေး သုတေတနဌာန တ (Global Precipitation Measurement project အတွင်းက မြင်ကွင်းနဲ့ စတယ်ဗျာ... (အဲဒီ ဇာတ်ကားထဲပါတယ်ဆိုတဲ့ NASA မြင်ကွင်းက အမှန် တကယ် NASA မှာရိုက်ကူးခဲ့တာပါ။ ပြီးတော့ အဲဒီ (Global Precipitation Measurement project) ဆိုတာကလည်း အပြင်မှာ တကယ့်အမှန်ပဲ အခုဆို လက်တွေ့အကောင်အထည် ဖေါ်ပြီးသွားပြီပေါ့ဗျာ) အမေရိကား ပညာသွားသင်ပြီး NASA မှာ အလုပ်ရတဲ့ မိုဟ မ်း(Mohan) ဆိုတဲ့ပုဂ္ဂိုလ်က သူ့မိဘတွေဆုံးခဲ့တဲ့နှစ်ပတ်လည်နေ့ကိုအမှတ်ရရင်းနဲ့ ငယ်စဉ်က သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့ အဒေါ်ကြီး (Kaveriamma) ကို သတိရလာတာကနေ အလုပ်က ခွင့် တောင်းပြီး နေရပ် ဒေလီကို ပြန်သွားတယ်။ အဲဒီရောက်တော့ အမယ်အိုက စောင့်ရှောက်မယ့်သူမရှိလို့ ဘိုးဘွားရိပ်သာ ရောက်သွားတယ် သိရတော့ လိုက်စုံစမ်းတယ်။ ဘိုးဘွားရိပ်သာကနေ ရွာတစ်ရွာက အခမဲ့ကိုယ်ပိုင်ကျောင်း ဆရာမတစ်ယောက် ကျွေးမွေးစောင့်ရှောက်ဖို့ ခေါ်သွားတာ သိရတော့ မရရတဲ့နည်းနဲ့ အဲသည်ရွာလိပ်စာမေးပြီး လိုက်ရှာ တယ်... အဲသည်မှာ... ကျေးလက်မြင်ကွင်း၊ ဆင်းရဲ ကျပ်တည်းတဲ့ လယ်သမားတွေရဲ့ဘဝ၊ ရေရောင်းစားနေတဲ့ ကျောင်းနေ ကလေးငယ်တွေရဲ့မြင်ကွင်း အစုံပေါ့ဗျာအသေအချာ ပြပါတယ်။ အဲဒီမှာ... ပြောတာဆိုတာ ငြင်းတာလေးတွေက သမားရိုးကျစကားတွေတော့ မဟုတ်တော့ဘူး... #uploadbyshoonshoon