tgindex
Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
5
Всего постов
22
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
349
0 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
390
22 постов
Вовлечённость
111,7%
к подписчикам
Постов в день
0,7
всего 22
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
79
1/48двое суток
90
1/72трое суток
97

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • အိပ်နေကြပီလား 📣 ဒီနေ့မှာဆိုရင်တော့ SSC ရဲ့ ရေဘေးကူညီရေး အလှူခံယူမှု (၂) ရက်မြောက်နေ့ရဲ့ စားရင်းအပိတ်လေးပါနော် 🎉🎉🎉 ငွေကြေးပမာဏ အများကြီး မလိုပါဘူး။ ပါဝင်လှူဒါန်းပေးကြတဲ့ တစ်ဦးချင်းစီရဲ့ သေးငယ်တဲ့ ကူညီမှုလေးတွေ စုစည်းလိုက်တဲ့အခါ ရေဘေးသင့် မိသားစုတွေအတွက် ပြန်လည်ရပ်တည်နိုင်မယ့် မျှော်လင့်ချက်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့/ကျွန်မတို့ ပေးလိုက်တဲ့ အကူအညီလေးတစ်ခုဟာ သူတို့အတွက် “မင်းတို့တစ်ယောက်တည်း မဟုတ်ပါဘူး” ဆိုတဲ့ ကြီးမားတဲ့ အားပေးမှုတစ်ခု ဖြစ်သွားမှာပါ။ 🗓️ ၁၇ ရက်နေ့အထိ ပါဝင်လှူဒါန်းနိုင်သေးတာမို့ တတ်နိုင်သလောက်လေး ပါဝင်ကူညီပေးကြဖို့ မေတ္တာအပြည့်နဲ့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ 🎉🎉🎉 #ssc@studentservicecentre #mnou@studentservicecentre

  • ဟိတ်...ဟိတ် 📣 ဒီနေ့မှာဆိုရင်တော့ SSC ရဲ့ ရေဘေးကူညီရေး အလှူခံယူမှု (၂) ရက်မြောက်နေ့ကို ရောက်ရှိလို့ လာပါပြီနော် 🎉🎉🎉 ငွေကြေးပမာဏ အများကြီး မလိုပါဘူး။ ပါဝင်လှူဒါန်းပေးကြတဲ့ တစ်ဦးချင်းစီရဲ့ သေးငယ်တဲ့ ကူညီမှုလေးတွေ စုစည်းလိုက်တဲ့အခါ ရေဘေးသင့် မိသားစုတွေအတွက် ပြန်လည်ရပ်တည်နိုင်မယ့် မျှော်လင့်ချက်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့/ကျွန်မတို့ ပေးလိုက်တဲ့ အကူအညီလေးတစ်ခုဟာ သူတို့အတွက် “မင်းတို့တစ်ယောက်တည်း မဟုတ်ပါဘူး” ဆိုတဲ့ ကြီးမားတဲ့ အားပေးမှုတစ်ခု ဖြစ်သွားမှာပါ။ 🗓️ ၁၇ ရက်နေ့အထိ ပါဝင်လှူဒါန်းနိုင်သေးတာမို့ တတ်နိုင်သလောက်လေး ပါဝင်ကူညီပေးကြဖို့ မေတ္တာအပြည့်နဲ့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ 🎉🎉🎉 #ssc@studentservicecentre #mnou@studentservicecentre

  • ကဲ....SSC Channel မှာရှိနေတဲ့ကျောင်းသားကျောင်းသူတိုရေ.....🎉🎉🎉.... SSC ကMNOU မှာ ပညာလေ့လာရာတွင် ကျောင်းသားကျောင်းသူတွေရဲ့အခက်အခဲများ ကို တတ်နိုင်သလောက်ဖြေကြားရှင်းပြပေးရုံသာမက ယခုအခါမှာလည်း အညာမှာရှိနေတဲရေဘေးကြုံနေရတဲပြည်သူများအတွက် တတ်နိုင်တဲဘက်ကနေပါဝင်ကူညီလှူဒါန်းနိုင်ဖို့ " လှူမယ် ကူမယ် အညာရေဘေးသင့်ပြည်သူများအတွက် အတူတကွ လက်တွဲကူညီကြပါစို့''ဆိုသည့်လှူဒါန်းရေးအစီအစဥ်လေးစတင်လုပ်ဆောင်နေပါပြီ လက်ရှိအချိန်တွင် အညာဒေသအတွင်း ရေကြီးရေလျှံမှုများကြောင့် အိမ်ယာများ၊ စားဝတ်နေရေးများ ထိခိုက်ဆုံးရှုံးခဲ့ရပြီး အခက်အခဲများစွာ ရင်ဆိုင်နေရသော ရေဘေးသင့်ပြည်သူများ ရှိနေပါသည်။ မိမိတို့အတွက် သေးငယ်သည့် ပမာဏတစ်ခုဖြစ်သော်လည်း ရေဘေးသင့်မိသားစုတစ်စုအတွက်တော့ အရေးကြီးသော အကူအညီတစ်ရပ် ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် အညာရေဘေးသင့်ပြည်သူများ၏ အရေးပေါ်စားဝတ်နေရေးနှင့် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရန်အတွက် မိမိတို့တတ်နိုင်သည့် ပမာဏဖြင့် အလှူငွေပါဝင်လှူဒါန်းပေးကြပါရန် လေးစားစွာ နိုးဆော်အပ်ပါသည်။ 💝 တစ်ဦးတစ်ယောက်တည်း၏ အလှူငွေက သေးငယ်နိုင်ပေမယ့် စုပေါင်းလိုက်တဲ့အခါ အားအင်ကြီးမားတဲ့ ကူညီမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ 🤝 အခက်အခဲကြုံနေရသူများအတွက် ကျွန်ုပ်တို့တတ်နိုင်သမျှ လက်တွဲကူညီကြပါစို့။ “ကိုယ်တိုင်မရောက်နိုင်ရင် အလှူနဲ့ရောက်အောင် ကူညီပေးကြပါစို့” ❤️ ‌ ➡ အလှူငွေပါဝင်လှူဒါန်းရန် - ➡ Telegram Account - @Kindong112 @Qttq2004 @paingZ472 🙏 အလှူငွေဖြင့် ပါဝင်ကူညီပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ အလှူငွေများကို လိုအပ်နေသော ရေဘေးသင့်ပြည်သူများထံ အကျိုးရှိစွာ ရောက်ရှိနိုင်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။ #ssc@studentservicecentre #mnou@studentservicecentre

  • без подписи

  • Telegram ကို လုံခြုံစွာ အသုံးပြုနိုင်ရန် အောက်ဖော်ပြပါ အကြံပြုချက်များအား မဖြစ်မနေ ပြုလုပ်ဆောင်ရွက်ထားကြပါရန် အသိပေး တိုက်တွန်းပါသည်။ 🔒 Telegram Privacy & Security Setting များ 1. မိမိ Telegram Account အတွက် Username သတ်မှတ်ရန် - Settings → My Account → Username နေရာတွင် မိမိကိုယ်ပိုင် Username ကို ဖြည့်သွင်းသတ်မှတ်ပါ။ - လိုအပ်ချက်အရ အခြားသူများအား မိမိ Telegram Account ကို ဝေမျှရန် လိုအပ်ပါက အဆိုပါ Username ကိုသာ ဝေမျှရန်။ (မိမိ၏ My Account Phone Number ကို မည်သူ့ကိုမှ မျှဝေခြင်းမပြုရ။) 2. Two-Step Verification (2FA) ဖွင့်ရန် - Settings  → Privacy & Security → Two-Step Verification - Password တစ်ခု ထည့်သွင်းပြီး Recovery Email ထည့်ရန် - မိမိအတွက် လုံခြုံသော Email Address ကို အသုံးပြုပါ။ မိမိ Password ကို သေချာမှတ်ထားပါ။ 3. Passcode Lock ဖွင့်ရန် - Settings  →  Privacy & Security  →  Passcode Lock - App ကို ဖွင့်သည့်အခါ PIN/Password မဖြစ်မနေရိုက်ရန် 4. Phone Number Visibility ** - Settings → Privacy & Security  → Phone Number - “Nobody” ကိုသာရွေးရန် 5. Last Seen & Online Status - Settings  → Privacy & Security  →  Last Seen & Online - “Nobody” သိုမဟုတ် “My Contacts” သာရွေးရန် 6. Profile Photo - Settings → Privacy & Security → Profile Photo - “Nobody” သိုမဟုတ် “My Contacts” သာရွေးရန် - လုံခြုံရေးအရ “Nobody” ကိုသာ ရွေးရန် အကြံပြုပါသည်။ 7. Forwarded Messages - Settings → Privacy & Security → Forwarded Messages - “Nobody” သိုမဟုတ် “My Contacts” သာရွေးရန် 8. Active Sessions စစ်ရန် - Settings → Devices → Active Sessions - မသိသော Device တွေကို Logout လုပ်ရန် 9. Telegram Account တွင် မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ၊ မိမိ၏ ဓါတ်ပုံ နှင့် စာရွက်စာတမ်းများ၊ အရေးကြီးအချက်အလက်များ၊ တည်နေရာ တိုကို သိုလှောင် သိမ်းဆည်းထားခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရ။ - Settings → My Account → Birthday အား ဖြစ်နိုင်ပါက ဖြည့်သွင်းခြင်းမပြုရန်။ - Telegram Account ၏ Saved Message နေရာတွင် မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ၊ မိမိ၏ ဓါတ်ပုံ နှင့် စာရွက်စာတမ်းများ၊ အရေးကြီးအချက်အလက်များ (Password များ၊ Notes များ) သိုလှောင် သိမ်းဆည်းထားခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်။ ** - Telegram Account ၏ Profile Photo, Story နှင့် Archived Story Timeline တွင် မိမိအား မည်သူဖြစ်သည် ၊ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိရှိစေနိုင်သော ဓါတ်ပုံများ တင်ထားခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်။ **

  • без подписи

  • 9 авг.96из mnousu

    ကြားကာလ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ကွန်ရက် (IUSUN) အဖွဲ့ဝင် သမဂ္ဂများ၏  ပူးတွဲသတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် - (၁ / ၂၀၂၆) ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက် “ဝိုင်းဝန်းကူထောက် ရိက္ခာခြောက်” အညာဒေသ အရေးပေါ် ရေဘေးကူညီထောက်ပံ့ရေး ကမ်ပိန်း စတင်ကြောင်း ကြေညာခြင်း။ အလှူငွေထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ Telegram အကောင့်များသို့ ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ပါသည်။ အလှူငွေထည့်ဝင်ရန် ဆက်သွယ်ရမည့်Telegram အကောင့်များ @Er45aagk8erwqfht @Lluvvsu @hsunge7 အလှူငွေကောက်မည့်ရက် (၉.၈.၂၀၂၆ မှ ၁၅.၈.၂၀၂၆)ထိ အလှူငွေများကို ကောက်ခံသွားမည်ဖြစ်ပါသည်။ အလှူငွေ နည်းသည်၊ များသည်ကို ပဓာနမထားဘဲ မိမိတို့ တတ်နိုင်သည့်ဘက်မှ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးကြပါရန် လေးစားစွာ နှိုးဆော်အပ်ပါသည်။ #ဝိုင်းဝန်းကူထောက်ရိက္ခာခြောက် #IUSUN #MNOUSU

  • без подписи

  • 8 авг.12792из mnousu

    ကြားကာလ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ကွန်ယက် (IUSUN) အဖွဲ့ဝင် သမဂ္ဂများ၏  ပူးတွဲသတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် - (၁ / ၂၀၂၆) ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက် ​“ဝိုင်းဝန်းကူထောက် ရိက္ခာခြောက်” အညာဒေသ အရေးပေါ် ရေဘေးကူညီထောက်ပံ့ရေး ကမ်ပိန်း စတင်ကြောင်း ကြေညာခြင်း။

  • နာကျင်ခြင်းမဟုတ်တဲ့ ... မျှော်လင့်ခြင်း ✨ "Assignment တွင်ကရော ဘာတွေလိုတာလဲ ....?" "စာအုပ်ထဲ ရေးရမှာလား ... ဖုန်းနဲ့ တင်ရမှာလား ...?" ဒီလို မေးခွန်းတွေနဲ့ မျက်စိလည် လမ်းပျောက်နေတဲ့ ကျောင်းသား/သူတွေအတွက် မျှော်လင့်ခြင်းဆိုတဲ့ ရောင်ခြည်လေးတစ်ခု ဖြစ်ပေါ်စေဖို့ ... 🌅 SSC မင်တို့က Assignment တင်နည်း Video Tutorial လေးကို စနစ်တကျ ပြင်ဆင်ပြီး မျှဝေပေးလိုက်ပြီနော်။ 🎬🌟 လူငယ်တို့ရဲ့ ပညာရေးအိပ်မက်တွေ အဆင်ပြေချောမွေ့စေဖို့အတွက် ... ချစ်ခြင်းများစွာဖြင့် ... 💕 Student Service Centre (SSC )

  • Topic: Myanmar Nway-Oo University Orientation Session (2026-27 Academic Year) Time: Aug 8,9,10 2026 09:00 AM Rangoon          On Sat, Sun, Mon  Join Zoom Meeting https://zoom.us/j/95145232867?pwd=zM9ZL98JMthbSZXeRA69MVYMiR8Gia.1 Meeting ID: 951 4523 2867 Passcode: MNOU2627 Join instructions https://zoom.us/meetings/95145232867/invitations?signature=mOuZYGEkYnd9f--ADR3hxwhSGocQXs8EibkLc2Fp_mY

  • без подписи

  • 19 июл.2957из mnousu

    နှစ်စဉ် ဇူလိုင် ၁၉ ရောက်တိုင်း၊ မိုးစက်တွေအောက်မှာ ဥသြဆွဲသံ ကြားရတိုင်း သူငယ်ချင်းတို့ ရင်ထဲမှာ ဘာတွေကို သတိရမိလဲ... 🌧️ ဒီနေ့မှာတော့ ကျွန်တော်တို့ Student Service Centre ကနေပြီး ရေး/ရွတ်ဆိုသူ paing ရဲ့ “ဇူလိုင်မိုးစက်များကြားမှ ဗိုလ်ချုပ်ထံ ရင်ဖွင့်စာ” ကဗျာလေးကို မျှဝေပေးလိုက်ပါတယ် #StudentServiceCentre #ssc@studentservicecentre #mnou #MNOU@mnousu

  • မိုးတွေကလည်း အညှိုးနဲ့ ရွာပါ့... 🌧️ ကော်ဖီလေး သောက်ရင်း 'မင်းအကြောင်း' လွမ်းချင်ပါသော်လည်း... ☕ စာသင်ကာလ (Deadline) တွေကို တွက်ကြည့်မိတဲ့အခါမှာတော့... အလွမ်းတွေ ခဏဘေးဖယ်၊ မလွမ်းအား မဆွေးအားဘဲ Assignment တွေကိုပဲ တရစပ် ရေးနေရပြန်ပေါ့။ 💻📝 SSC က သူငယ်ချင်းတို့ရော... ဒီလို မိုးအေးအေးလေးမှာ အလွမ်းဓာတ်ခံနေကြလား၊ Assignment ဓာတ်ခံနေကြရလား ? #StudentServiceCentre #ssc@studentservicecentre

  • 14 июл.1 35684

    တက္ကသီလာကျောင်းတော်ကြီးမှ မှူးမတ်များနှင့် ကျောင်းသားထုအပေါင်းတို့ သိစေရန် တပ်လှန့်နှိုးဆော်ချက် "အဝဝသော တက္ကသီလာသူရဲကောင်း ကျောင်းသားကျောင်းသူများနှင့် မှူးမတ်အပေါင်းတို့... ယခုအချိန်သမယတွင် တက္ကသီလာကျောင်းတော်ကြီး (MNOU) ၏ ဘေးကင်းလုံခြုံရေးနှင့် အေးချမ်းသာယာမှုကို ရှေးရှု၍ အောက်ပါအမိန့်တော်ကို မပျက်မကွက် လိုက်နာစောင့်ထိန်းကြရန် ဆင့်ဆိုလိုက်သည်။။ ၁။ ကျောင်းတော်ကြီး (MNOU) မှ တရားဝင်အတည်ပြု ဖွဲ့စည်းထားခြင်းမရှိသော ပြင်ပ Major GP ထံသို့ ဝင်ရောက်ပူးပေါင်းခြင်း လုံးဝ(လုံးဝ) မပြုကြကုန်နှင့်။ ၂။ မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် မည်သူမည်ဝါမှန်း မသိရသော သူလျှို များနှင့် လျှို့ဝှက်စာချွန်လွှာ (DM) များ အပြန်အလှန် ပေးပို့စကားဆိုခြင်းကို အထူးရှောင်ကြဉ်ကြကုန်လော့။ တစိမ်းတို့၏ လှည့်ဖြားမှုနောက်သို့ မပါသွားစေရန်နှင့် ကျောင်းတော်သားတို့၏ စည်းလုံးမှု မပြိုကွဲစေရန် သတိ၊ ဝီရိယ ကြီးစွာဖြင့် စောင့်ကြည့်ဆင်ခြင်ကြရန် နှိုးဆော်လိုက်သည်။" Main information https://t.me/c/3971181303/29140 #StudentServiceCentre #MNOU #ssc@studentservicecentre #mnou-su@studentservicecentre

  • မိုးအေးအေးလေးနဲ့ အိပ်ရာထဲ ကွေးနေကြပြီလား... 😜 အေးအေးလူလူနဲ့ စာတွေလုပ်ပြီးလို့ assignment နဲ့ quiz တွေ တင်တော့မယ်ဆိုရင်လည်း... 🧐 Remaining Attempts ဘယ်နှကြိမ်လဲ... ☕️ ဖြေဆိုခွင့်ပြုတဲ့ Time ကော ဘယ်လောက်လဲ... ⚒ Deadline က ဘယ်အချိန်လဲ... စတာလေးတွေကို သေချာ သတိထားကြနော်။ Deadline ကျော်သွားမှ "သိသိရက်နဲ့ စချစ်မိတာပါ" ဆိုပြီး လာညည်းလို့ မရဘူးနော်၊ အသည်းကွဲရင် ကပ်ဖို့ အနာကပ်ပလာစကာတွေက ဈေးကြီးနေပြီ 🩹 #ssc@studentservicecentre #StudentServiceCentre #MNOU #mnou-su@studentservicecentre

  • တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပြီ🎼 ... ဒါနဲ့သိကြလားဗျို့ 👾... စာလေးတွေလည်း လုပ်တာက လုပ်ပေါ့နော် 😽 စိတ်လေးလည်း အနားပေးရအောင်လို့ ဒီတစ်ပတ် Sunday မှာတော့ SSC admin တို့က နေပြီး Taylor Swift ရဲ့ Anti-Hero သီချင်းလေးကိုတင်ပေးလိုက်ပါတယ်နော် "It's me, hi, I'm the problem, it's me" ဆိုတဲ့စာသားလေးအတိုင်း ကိုယ့်အကြောင်းကိုယ် တွေးမိရင်း သီချင်းလေးနဲ့ အနားယူလိုက်ရအောင်နော်။ စာတွေ၊ အလုပ်တွေနဲ့ ပင်ပန်းသမျှ ဒီ Sunday မှာ စိတ်ပေါ့ပါးသွားပါစေဗျို့! 🎧✨ https://youtu.be/FwAUMDDnrmE?si=-1PdXagj850VVxEu

  • 11 июл.1 188624

    ရင်တွေခုန်ပါတယ် .. ၄ ရက်တောင် ရှိနေပြီနော် 😎 .. စာတွေ ဘယ်လောက်ပြီးကြပြီလဲ 🫣... ကျောင်းဖွင့်ကာလမှ လိုရမယ့်ရ သုံးလို့ရအောင်လို့ တိုးတိုးလေးပြောပြမယ်နော်..😮 ✨ Moodle ၀င်နည်း : https://youtu.be/vhoT-GvwMjs?feature=shared ✨ ချစ်ခြင်းက နာကျင်ရတယ်ဆိုပေမယ့် ဒါလေးကတော့ မနာကျင်ရပါဘူး (I Love PDF) : https://www.ilovepdf.com/ ✨ Credit ဘယ်လိုယူရမလဲ : https://t.me/mmnway_oouni/429 ✨Assignment တင်နည်း :https://youtu.be/XSOh4Y9yllU?si=rClU8vcjRjk_Pbkl *** Drive , WPS Office , PowerPoint app လေးတွေလည်း ဖုန်းထဲမှာ အဆင်သင့် ထည့်ထားဦးနော် 🧐 #ssc@studentservicecentre #mnou-su #knowledge@studentservicecentre

  • 9 июл.384131

    လူပျောက်ကြေညာချက် 🔎 SSC Admin တို့ရဲ့ ချစ်ရပါသော အစ်ကိုတော် Wai Yan မှာ အမည်မသိနေ့ရက် ၊ အမည်မသိ အချိန်ကာလကတည်းက Group Chat ထဲကနေ ပျောက်ဆုံးသွားပါသဖြင့်... တွေ့ရှိပါက SSC Admin Group ထံ အမြန်ဆုံး အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ရှာဖွေတွေ့ရှိသူအား ဆုတော်ငွေ အစား ပထဝီမေဂျာကနေ ဘွဲ့ဦးထုပ်ဆောင်းတော့မယ့် ကိုဝေယံကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 😉 ပုံ / SSC admin team #SSC@studentservicecentre #Missing

  • Moodle မှာ စာတွေ စပေါ်နေပြီ... ဘယ်ကနေ စဖတ်ကြမလဲ? 😐 ကျောင်းသား/သူတို့ရေ... Moodle ထဲမှာ သက်ဆိုင်ရာ Major အလိုက် လေ့လာရမယ့် ဘာသာရပ် ၆ ခု ပေါ်နေပြီနော်။ Dashboard မှာ 0% ဖြစ်နေတာကို သတိထားမိကြလား? 😯 ဒီ Progress Bar လေး 100% ပြည့်ဖို့အတွက်: 📌 တင်သမျှသင်ခန်းစာတွေကို မကျော်ဘဲ တစ်ဆင့်ချင်းစီ စိတ်ရှည်လက်ရှည် လေ့လာသွားရပါမယ်။ 📌 100% ပြည့်သွားရင်တောင် စာသင်ကာလမပြီးမချင်း ခဏခဏ ဝင်စစ်ပေးပါ။ ဆရာ/ဆရာမတွေက မထင်မှတ်ဘဲ Extra Materials တွေ ထပ်တင်ပေးတတ်လို့ပါပဲ။ 🤧 မလေ့လာဘဲ ပစ်ထားရင် ဘာဖြစ်မလဲ? အဖြေကတော့... "ကျမှာပေါ့ကွယ်" 😅။ ကြားထဲမှာ Assignment တွေနဲ့ Quiz တွေလည်း ရှိဦးမှာမို့ အမှတ်ပြည့်ရဖို့ အခုကတည်းက လက်မနှေးကြေးနော်။