tgindex
တကောင်း ပကဖ

တကောင်း ပကဖ

Статистика

Official channel of Tagaung PDF

Последний пост
17 сент. 2024 г.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
269
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
4 049
20 постов
Вовлечённость
1505,2%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • မြတောင်-ကက္ကုလမ်းဆုံ စစ်ကြောင်းမှ လက်နက် (၂၁) လက် သိမ်းဆည်းရ စက်တင်ဘာလ (၁၇) ရက် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်းစိန်ချောင်းကြား၌ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်-ကက္ကလမ်းဆုံမှ ဆုတ်ခွာလာသော ဗိုလ်မှူး စန်းယု ဦးစီး တတက-၁၃ အင်အား (၅၈) ဦးအား စက်တင်ဘာလ (၁၇) ရက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီဘက်မှ (၂၀) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရသည်။ ရန်သူ့ထံမှ လက်နက် (၂၁) လက် {ငါးကြင်းမြီး (MA-15) (၁) လက်၊ ၆၀ မမ ပြောင်းတို (MA-9) (၂) လက်၊ MA-1 (၆) လက်၊ MA-3 (၅) လက်၊ MA-11 (၄) လက်၊ G-3 (၃) လက်}၊ ကျည်မျိုးစုံ (၂၁၂၆) တောင့်၊ အီနာဂါ (၆) လုံး၊ လက်ပစ်ဗုံး (၂) လုံး၊ ၄၀ မမ ဗုံးသီး (၅) လုံး၊ ၆၀ မမ ဗုံးသီး (၁) လုံး၊ RPG (၄) လုံး၊ ကျည်အိမ်မျိုးစုံ (၇၁) ခု သိမ်းဆည်းရသည်။ မိမိတို့ဘက်မှ ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ အမှတ် (၁) စစ်ဒေသ

  • без подписи

  • без подписи

  • без подписи

  • တကောင်းမြို့အား သိမ်းပိုက် ဩဂုတ်လ (၁၃) ရက် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ဩဂုတ်လ (၁၁) ရက် နံနက်ပိုင်းမှ စတင် တိုက်ခိုက်ကာ ဩဂုတ်လ (၁၂) ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်။ တကောင်းမြို့အား အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တကောင်းမြို့ပေါ်တွင် ဒု-ဗိုလ်မှူးကြီး ရဲခေါင်နှင့် ဗိုလ်မှူး မိုးသွင် ဦးစီး တတက-၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီး စခတ-၂၊ ရဲအုပ် အောင်ကိုဝင်း ဦးစီး ရဲတပ်ဖွဲ့၊ ဇော်လင်းနိုင် (ဒု-မြို့နယ်မှူး) တို့ အခြေပြုနေထိုင်သော ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းအား ဩဂုတ်လ (၁၁) ရက်တွင် ရရှိခဲ့ပြီး လေးမျက်နှာဘုရားအား ဩဂုတ်လ (၁၂) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိခြင်း ဖြစ်သည်။ စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့၍ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိသည်။ မိမိတို့ဘက်မှ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ အမှတ် (၁) စစ်ဒေသ

  • без подписи

  • သတင်းထုတ်ပြန်ချက် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သိမ်းတိုက်ပွဲ ၂၀၂၄ ခုနစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သိမ်းတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များ တကောင်းတိုက်နယ် (ပကဖ) များ ပူး ပေါင်း၍ တကောင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အများဆုံးကျဆုံးပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

  • ရက်စွဲ။ ။မေ(၂၂)ရက်၊၂၀၂၄ခုနှစ်။ တကောင်းမြို့ဦးတိုက်ဘုရားနားတွင် မေ(၂၀) ည ၈နာရီ ၃၀မိနစ်အချိန်၌ စစ်ကောင်စီ (၅)ယောက်သည် PDF များ ကင်းပတ်ပြီး ဝင်ခဲ့သ ည်ဟု ပြော၍ ဓားဖြင့်ထောက်ပြီး ဓားပြတိုက်ခဲ့သည်။ပိုက်ဆံ သိန်းတစ်ရာ (၁၀၀၀၀၀၀၀)နှင့် ရွှေတို‌ရွှေစများပါသွားသည်ဟု သိရသည်။ ထိုဓားပြမှုသည် မိမိတို့ (PDF)ဘက်မှ မဟုတ်ကြောင်း တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါကြေညာအပ်ပါသည်။

  • 🚨သတိပေးကြေညာခြင်း🚨 ယခုရက်ပိုင်းအတွင်း တကောင်းမြို့ရှိ ပျူ/ဒလန်လုပ်နေသော သိန်းလွင်၏ သမီးမင်္ဂလာဆောင်လုပ်မည်ဟုသိရပြီး မင်္ဂလာပွဲတွင် စကစဘက်မှ အကြီးအကဲများ၊ပျူခေါင်းဆောင်များ၊ဒလန်အကြီးစားများ တက်ရောက်မည်ဟု ထပ်မံကြားသိရပါသည်။ သို့ဖြစ်ပါ၍ တကောင်း‌မြို့ပေါ်ရှိ ပြည်သူများ ၎င်းမင်္ဂလာပွဲသို့ တက်ရောက်ခြင်းမပြုရန်နှင့် တက်ရောက်ပါဝင်ပတ်သက်ခြင်း၊ပွဲစည်ကားစေရန် တစ်ထောင့်တစ်နေရာမှ ကူညီဆောင်ရွက်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန် သတိပေးထုတ်ပြန်အပ်ပါသည်။မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သူများ အထိအခိုက်တစ်စုံတစ်ရာဖြစ်ခဲ့ပါက တကောင်းတိုက်နယ်ပကဖမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ထပ်လောင်းကြေညာအပ်ပါသည်။ #သပိတ်ကျင်းမြို့နယ် #တကောင်းတိုက်နယ်ပကဖ

  • ရက်စွဲ။ ။ဒီဇင်ဘာ(၂၁)ရက်၊၂၀၂၃ခုနှစ်။ တကောင်း-ကြာညှပ်-တွင်းငယ် ကားလမ်းပိုင်းအား သုံးဘီး၊ကား‌သေး၊Light truck စသည့် မော်တော်ယာဉ်အ‌သေးအမျိုးအစားများမှစ၍ ကားကြီးများအပါ လုံးဝဖြတ်သန်းသွားလာခွင့် လုံးဝ(လုံးဝ)မပြုလုပ်ကြရန် ထပ်မံအသိပေးထုတ်ပြန်အပ်ပါသည်။ #သပိတ်ကျင်းမြို့နယ် #တကောင်းတိုက်နယ်ပကဖ

  • ၇မိုင်လမ်းခွဲ - တကောင်း - ထီးချိုင့် လမ်းပိုင်းအား ယနေ့ နိုဝင်ဘာ(၈)ရက် ညမှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ကြေညာအပ်ပါသည်။လုံးဝဖြတ်သန်းခွင့်မရှိ။ #တကောင်းပကဖ

  • ဒီအတွက် အားကိုးနေကျအတိုင်းပဲ ခုချိန်ထိလိုသမျှကို အမြဲထောက်ပံ့ပေးနေတဲ့ ပြည်သူတွေကိုပဲ ဆက်လက်ပြီး အားကိုးပါရစေခင်ဗျာ။ ဘယ်ကိုပို့မှာလဲ 🍖 _ မန္တလေးတိုင်းအစွန် ပြင်ဦးလွင်ခရိုင်မှာရှိပြီး ရှမ်းမြောက်၊ စစ်ကိုင်းတိုင်းတို့နဲ့ထိစပ်နေတဲ့ စကစထောက်ပို့အချက်အချာမြို့ဖြစ်နေတဲ့ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးအဖွဲ့အင်အားစုများကို ထောက်ကူမှာဖြစ်ပါတယ် သပိတ်ကျင်းဟာ စကစရဲ့တပ်တွင်းလေ့ကျင့်ရေးကျောင်း၊ ခြေမြန်တပ်ရင်း၊ စစ်ဆေးရုံများတည်ရှိရာမြို့ဖြစ်တဲ့အပြင် လက်နက်ကြီးပစ်ကူ အပါအဝင် လေယာဉ်အသုံးပြုခွင့်ရရှိထားသော စစ်ဒေသလည်းဖြစ်တယ် ဒီလို အန္တရာယ်များလှတဲ့ ရန်သူ့နယ်နိမိတ်ထဲ အသက်တောင်မငဲ့တဲ့ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ရှိ ရဲဘော် ၁၀၀၀ ကျော်ခန့်ဟာ ရိက္ခာအခက်အခဲကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအနေနဲ့ဝန်းရံပေးစေလိုပါတယ် ခင်ဗျာ Campaign period နဲ့ target amount ကရော? 🥬 _ ဟုတ်ကဲ့ခင်ဗျာ NUG လက်အောက်တစ်ဖြစ်လဲ Chain of Command အောက်တွင်ပါဝင်သော သပိတ်ကျင်းကိုကူဖို့အတွက် ကျွန်တော်တို့ campaign လေး ဒီနေ့ Sep 25 မှစလို့ Oct 25 ထိ ၁ လတိတိ သိန်း ၁၀၀၀ ပြည့်အောင် ကြိုးစားရှာဖွေမှာဖြစ်ကြောင်း ပြည်သူတို့ကိုတင်ပြရင်းအကူအညီတောင်းလိုက်ရပါတယ် ပြည်သူများက ရိက္ခာထောက်ပါ၊ ကျွန်တော်တို့ရဲဘော်တွေက စစ်ခွေးတွေကို ငရဲပို့ပါမယ်ဗျ။ #ရိက္ခာတစ်နပ်_ပန်းတိုင်ချီတက် #ရဲဘော်တွေကစစ်ခွေးငရဲပို့_ပြည်သူတွေကရိက္ခာထောက်စို့

  • 🍚“တော်လှန်ရိက္ခာ Campaign” 🍚 “တော်လှန်ရိက္ခာ” campaign လေး ယနေ့ Sep 25 ရက်နေ့မှာ တရားဝင်စတင်လိုက်ပါပြီခင်ဗျား 💪 “တော်လှန်ရိက္ခာ” ဆိုတာကတော့ အသက်စွန့်ပြီးတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ အာဟာရပြည့်တင်းအားအင်ရှိအောင် မိဘပြည်သူတွေက ရိက္ခာထောက်ပံ့ကြမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်။ ခုလို ကုန်စျေးနှုန်း တစ်ဟုန်ထိုးတိုးတက်လာတဲ့အချိန်မှာ မြို့ပေါ်ကပြည်သူတွေ ကျပ်တည်းရသလို တောထဲက ရဲဘော်တွေမှာလည်း ရိက္ခာအတွက် အခက်အခဲတွေ ပိုကြုံရပါတယ်။

  • အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန သပိတ်ကျင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်

  • အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြေညာချက်အမှတ် (၆/၂၀၂၃) ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၀)ရက် မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များတွင် တံငါသည် လုပ်ငန်းဖြင့် အသက်မွေးကြသော ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအရ မျိုးတုန်းပျောက်ကွယ်တော့မည့် ငါးမျိုးစိတ်များ မျိုးမတုန်းစေရန်နှင့် ဂေဟစနစ် မပျက်စီးစေရန်အတွက် လျှပ်စစ်ဖြင့် ငါးလျှော့တိုက်ခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန် တားမြစ်လိုက်သည်။ မိဘပြည်သူများအနေဖြင့် မိရိုးဖလာ ငါးဖမ်းနည်းဖြင့်သာ လုပ်ဆောင်ကြရန် အထူးမေတ္တာရပ်ခံပါသည်။ တားမြစ်ချက်အား မလိုက်နာပါက လုပ်ငန်းတွင် အသုံးပြုသော ပစ္စည်းများကို သိမ်းဆည်းခြင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်အပ်ပါသည်။

  • လတ်တလော အသုံးပြုဖို့ စကားပြောစက် 10လုံးလောက်ဝယ်ဖို့လိုပါတယ်ဗျာ သိန်း20လောက်ဆိုလောက်ပါတယ် နီးစပ်ရာကူညီကြပါအုံး

  • မင်္ဂလာပါခင်ဗျာ ရှေ့ရှောက်မိုးရာသီဖြစ်တဲ့အတွက်ကြောင့် သပိတ်ကျင်းမြို့နယ်ထဲက အဖွဲ့အစည်းတွေ သွားရေးလာရေး၊ရိက္ခာထောက်ပို့၊ခဲယမ်းထောက်ပို့၊စစ်ကူစသည့် ကိစ္စတွေကို ဖြေရှင်းရန်အတွက် Double cup 4 wheels လေးတစ်စီးလောက်လိုပါတယ်ခင်ဗျာ စစ်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ထောက်ပို့မြန်ဆန်ဖို့ အဓိကကျပါတယ် ဒီကားကို တစ်မြို့နယ်လုံးမှာရှိတဲ့ ပကဖ အင်အားစုတွေ အကုန်အသုံးပြုသွားမှာဖြစ်ပြီး အကျိုးရှိရှိအသုံးချသွားမှာဖြစ်ပါတယ်ဗျ မိုးရာသီအစမှာတင် သွားရေးလာရေးခက်ခဲနေတဲ့ ပြဿနာကြုံနေရပါတယ် ပြည်တွင်း/ပြည်ပမှာရှိတဲ့ မိဘပြည်သူညီအကိုမောင်နှမ များအားလုံးကို လေးစားစွာ အကူအညီတောင်းခံအပ်ပါတယ်ဗျ ကားတစ်စီးကို သိန်း(၁၅၀)ကျသင့်မှာဖြစ်ပြီး ငွေပိုခဲ့ရင်လည်း ခဲယမ်း ဝယ်ယူသွားမှာဖြစ်ပါတယ်ဗျာ #သပိတ်ကျင်းမြို့နယ် #ပြည်သူ့ကာကွယ်ရေးအဖွဲ့

  • 🙏🏻မန္တလေး-ဗန်းမော် ကားလမ်း အသုံးပြုနေကြသော မိဘပြည်သူများရှင့် ကားလမ်းပုံမှန်ပြန်လည် အသုံးပြုလို့ရပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်🙏🏻