tgindex
ကဗျာမိတ်ဆွေ

ကဗျာမိတ်ဆွေ

Статистика

ကဗျာလဲမဟုတ် စာလဲမဟုတ်ဘယ်သူ့မှလဲမထိခိုက်စေလိုပါအမှားပါခဲ့သည်ရှိသော် ခွင့်လွှတ်နားလည်ပေးကြပါရှင် တခုခုများပြောစရာရှိရင် @Nwe288 ကိုလာခဲ့ပါရော်

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
4
Всего постов
24
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
139
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
15
24 постов
Вовлечённость
10,8%
к подписчикам
Постов в день
0,6
всего 24
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
4
1/48двое суток
4
1/72трое суток
4

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ချစ်ဖူးသူဟာ တစ်ယောက်တည်းပါ။ ငါကြည့်မိတဲ့ မိန်းမတွေအထဲ မင်းအလှဆုံးလို့ ပြောရင် သံသယမရှိ ယုံကြည်ပါကွယ်။ -အံ့လွန်းပျို

  • 13 авг.41из A_poetryhub_literary_club

    ကဗျာအမည် - ကျောက်သားအဖြစ် ရေးသားသူ - ခင်ဇော်မြင့် ရွတ်ဖတ်သူ - လင်းဧနူ #A_poetryhub #literary_club

  • ၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ် နှစ်ခါအကြည့်ချင်းဆုံ၍ ၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။ ယနေ့လည်း သူပျော်နေပုံပေါ်ပါသည်။ -အံ့လွန်းပျို

  • ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း လောကအလယ်၊ ဗဟိုဝယ်၌ ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက် သက်ရှင်ကာလ၊ ဘဝတစ်ပါး ‌ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ အနိုင်အရှုံး၊ အမုန်းအချစ် အဖြစ်အပျက်၊ အတက်အဆင်း ထိုအချင်း၌၊ အလင်းမဲ့ကား နောင်တများကို၊ ကြောင်းကြားပြကာ ဤသို့သာလျှင် ပို၍တည်း။ မိမိကိုယ်ကိုယ်၊ ‌တော်တတ်ဆို၍ မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု မြင့်ပယ်ထားကာ၊ အမှားအမှန် ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့် ထိုသို့ခံယူ၊ လူများကြားတွင် ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး နည်းတူသကဲ့၊ အကြောင်းမဲ့ရာ ဤပုံသာလျှင် ဆို၍တည်း။ ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို အိုးအိမ်ပြောင်ဝင်း၊ ‌ဗိုက်ဖြိုးတင်းလို့ အဆင်းလှပ၊ ခံစားရချိန် နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ စားဝတ်နေရေး၊ ဒုက္ခဘေးတို့ ‌မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ စာနာစိတ်က၊ ကြောင်းပြသည်သာ ဤဖြစ်ပျက်လျှင် လို၍တည်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

  • သူပြန်ချစ်ခြင်း မချစ်ခြင်းဆိုတာဟာ ကျွန်တော့် စားနေတဲ့ ထမင်းကြမ်းပေါ်မှာ မူတည်ပါတယ်။ -အံ့လွန်းပျို

  • တွေ့ဆုံခြင်းတွေက လှပသလောက် ခွဲခွာရခြင်းတွေက မျက်ရည်စတွေနဲ့ ကိုယ် လဲမင်းကိုမမေ့သလို မင်းလဲကိုယ့် ကိုလွမ်းနေမှာမဟုတ်လား..... #ဆူးခက်ညို

  • ကမ္ဘာကြီးက ငါတို့ကို ကြည့်ပြီး အရှုံးသမားလို့ သမုတ်လည်း၊ ငါတို့ ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလဲဆိုတာ ငါတို့အသိဆုံးပဲ။ ◾လွန်းတိမ်ညို

  • “ငါ”တစ်လုံးဆောင် ငါသည်ယောက်ျား၊မည်သူကားမျှ မကြားသိချေ။ ငါသည်မိန်းမ၊မည်သူမျှလည်း မသိကျွမ်းချေ။ ငါဟူသောသူ၊ကမ္ဘာဂူ၌ လူဖြစ်ရခြင်း၊ဘဝဆင်းတွင် ငြင်းပယ်တားက၊‌အသက်ရုပ်လွှာ ခွာချလျက်ပေ၊အဆွေပေါင်းတို့။ ငါရှူသောလေ၊မပေညစ်လျက် ငါရပ်သောမြေ၊မကြေမွဘဲ ငါစွဲသောစာ၊ငါ့ကမ္ဘာတွင် အရာထင်မည်။ ငါတောင်းသောဆု၊မတုပလျက် ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ ငါတွဲသောလက်၊ခေတ်အဆက်တွင် အသက်ဆုံးမည်။ ပေါက်ဖွားမြင်စ၊ကလေးဘဝ ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန် ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ ရင်းမြစ်ဇာတိ၊မရောက်ရှိခင် သိကျွမ်းသူများ၊ငါ့ကိုကားလည်း ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့် ကြမ္မာလည်လျက် ခက်လှချေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

  • စိတ်ပျက်အောင် မလုပ်ပါနဲ့။ မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။ သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။ လက်လွှတ်ခဲ့သူတစ်ယောက်က ဥပေက္ခာတရားအကြောင်းကို ရှင်းပြပါလိမ့်မယ်။ -အံ့လွန်းပျို

  • ကျွန်တော်က ဆယ်ကျော်သက် တစ်ယောက်ပါ။ လှေကားထစ်တွေကို တစ်ဆင့်ကျော်တက်သလို အရာရာမှာလဲ အဆင့် ကျော်ချင်ခဲ့တဲ့လူဟာ မင်းနဲ့တွေ့မှ အမှတ်သည်းခြေရှိခဲ့တယ် ခင်...။ -အံ့လွန်းပျို

  • 6 авг.151из Ooyar1999

    လိုက်ခေါ်လို့မရတဲ့ အကွာအဝေးဆိုတာ ရှိတတ်ကြောင်း ကျွန်တော်နဲနဲတော့ရိပ်မိပါပြီ ။ - စစ်ငြိမ်း

  • အချစ်ဟာ ချိုသလား ခါးသလား ကျွန်တော်မသိပါ။ မေတ္တာဟာ‌ အေးသလား ပူသလား ကျွန်တော်မသိပါ။ ကျွန်တော်‌သာပေးပြီး ပြန်မရခဲ့တဲ့ အရာတွေအကြောင်း ကျွန်တော်မသိပါ။ -အံ့လွန်းပျို

  • လူတစ်ယောက်ကို စောင့်ရတာနဲ့ လူတစ်ယောက်ကို မျှော်ရတာ တူမယ်ထင်ခဲ့ဖူးတယ်... နောက်ပိုင်းမှ သိလာတယ် စောင့်ခြင်းမှာ အချိန်ရှိတယ် မျှော်ခြင်းမှာ အဆုံးမရှိဘူး။ ◾လွန်းတိမ်ညို

  • လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတဲ့ တယ်မိုက်လေခြင်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-တြိချိုး

  • ဖြည့်တွေးပေးရတာတွေ များလာတဲ့အခါ ကိုယ်ကသူ့အတွက် အရေးမပါမှန်း လက်ခံလိုက်ပါတယ်။ -အံ့လွန်းပျို

  • 4 авг.182из loon_tain_nyo

    တစ်ခါတလေတော့  အလွမ်းဆိုတာ  ပြန်လာမယ့်လမ်းကို စောင့်နေတဲ့အရာမဟုတ်ဘူး၊  မပြန်လာတော့မှန်းသိရက်နဲ့  တံခါးမပိတ်နိုင်သေးတဲ့ စိတ်တစ်စင်းပဲ။ ◾လွန်းတိမ်ညို ~သက်သီရိနွေနှင့်ကွေကွင်းပြီနောက် နွေရက်၏နောက်ဆုံးညများ~ကဗျာမှ

  • ဘယ်ဘူတာမှာ ဘယ်ရထားနဲ့လွဲလွဲ မင်းနဲ့မလွဲရင် ငါကျေနပ်ပြီ။ -အံ့လွန်းပျို

  • ကိုယ့်ချစ်သူကို ပျော်နေစေချင်တာဟာ လူတိုင်းရဲ့ ဆန္ဒဆိုရင် မင်းကို‌လဲ တခြားတစ်ယောက် ရင်ခွင်မှာ ငါပျော်နေစေချင်တယ်။ -အံ့လွန်းပျို

  • ချိန်းဆိုချက်တွေ လွဲတယ် လွယ်မယ်ထင်တာတွေ ခက်ပြီး ခက်မယ်ထင်တာတွေ မလွယ်ဘူး။ ငါ တစ်ယောက်တည်း ထိုင်တယ် ငါ တစ်ယောက်တည်း ကဗျာရေးတယ် အတွေးမှာ စံပယ်တွေ ဖွေးနေ။ ညနေက ငါ ပိုက်ကျော်ခြင်းခတ်တယ် တည်လို့မရတာ ငါ ရအောင် တည်တယ်။ အဲ့သလို ပျော်လို့မရတာ ငါ ရအောင် ပျော်တယ်။ -ခင်ဇော်မြင့်

  • ပန်းပျိုးသူ ချစ်တဲ့သူငယ်လေ... သူငယ်ချင်းကောင်း ပန်သူတို့လေ...။ ပျိုးပါရလို၊ ပျိုးရလျှင်လဲ ၀င့်၀င့်ကြွားကြွား၊ ပွင့်ခိုင်များနှင့် ခံ့ညားထည်၀ါ၊ ပျိုကညာတို့ ခေါင်းမှာပန်ဆင်၊ လူမထင်တဲ့ ဂေါ်သဇင်ပန်း မှသာတဲ့။ စိုက်ပါရလို၊ စိုက်ရလျှင်လဲ နွေဦးလေရူး၊ အလှထူးတဲ့ တန်ခူးနဲ့ပြိုင်၊ ရနံ့ကြိုင်လို့ တောမြိုင်လယ်ထက်၊ မြရောင်ရွက်နှင့် ရွှေခက်ရွှေငုံ၊ အလှခြုံတဲ့ ရွှေဘုံပိတောက် မှသာတဲ့။ ဆက်ပါရလို ဆက်ရလျှင်လည်း ပန်းကိုချစ်သူ၊ ပန်းကိုမူကား မွှေးကြူတတ်ကာ၊ ဆံကေသာထက် နေရာပေးသူ၊ တို့ကြင်သူပျို ချစ်သူဒေ၀ီ မှသာတဲ့။ မောင်ပျိုးတဲ့ပန်းမွှေးမွှေး၊ ပန်ပေးချင်တယ်လေး။ -ဒေါင်းနက်