- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 33
- Всего постов
- 58
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 43
- 1/48двое суток
- 49
- 1/72трое суток
- 53
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကိုယ်ပိုင် SCF အကောင့်ဖွင့်နည်းလမ်းညွှန် https://springcrowdfund.org/user-guides/3017 စစ်အာဏာရှင်စနစ်ကို စုပေါင်းအင်အားနဲ့ အနိုင်ယူနိုင်ဖို့ အတူပါဝင်ကြစို့ ✊
Breaking news ရုရှားနိုင်ငံ vladivostok မှ Kapitan Danilkin အမည်ရှိသဘော်ဖြင့် စစ်လက်နက်အစိတ်အပိုင်းများ သံချပ်ကာယာဥ်များ လေယာဥ်အစိတ်အပိုင်းများလာချသွားတယ်လို့သိရပါတယ်
ဖာပွန်တိုက်ပွဲ ဗဟိုကင်းအထိမိမိတို့ရထား
စစ်တွေတွင် အာရက္ခတပ်တော်AAက စစ်ရေးဖိအားတိုးမြှင့်၊ တိုက်ပွဲအခြေအနေ ပိုမိုတင်းမာလာနိုင် 🟥"စစ်တွေမြို့နယ်က ကျားမသောက် အခြေစိုက် စအရ (၉၀၈) ကို လက်နက်ကြီးနဲ့ပစ်ခတ်ထားတဲ့အနေအထားမျိုးပဲ စစ်တွေကို အာရက္ခတပ်တော်(AA) က ဝိုင်းပတ်ပိတ်ဆို့ရာကနေ အခုစပြီးလက်နက်ကြီးနဲ့ အထိုင်ချပစ်ခတ်လာတဲ့ အနေအထားမျိုးတွေ့ရတယ်။ စစ်တွေမှာပြီးရင် စစ်မျက်နှာစာ ကျယ်လာအောင် အာရက္ခတပ်ဘက်က တဖြည်းဖြည်းစစ်မြှူလာတဲ့ အနေအထားမျိုးလို့ တွေ့ရတယ်" ဩဂုတ်လ 1️⃣3️⃣ရက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်အကြား လတ်တလော စစ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လာနေပြီး မြို့အတွင်းနှင့် မြို့အနီးဝန်းကျင်ရှိ အရေးပါသည့် နေရာများတွင် စစ်အုပ်စုတပ်များ တပ်ဖြန့်ချထားမှုများ ပြုလုပ်လာသကဲ့သို့ AA ဘက်ကလည်း လက်နက်ကြီးပစ်ခတ်မှုများနှင့် စစ်ရေးဖိအားပေးမှုများ တဖြည်းဖြည်းတိုးမြှင့်လာနေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းမြစ်များက သုံးသပ်သည်။ စစ်တွေမြို့နယ်အတွင်း ကျားမသောက် အခြေစိုက် စအရ (၉၀၈)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စစ်အုပ်စုတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး၊ စစ်တွေမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည့် အခြေအနေမှ တဆင့် AA ဘက်က မြှင့်တင်လာသည့် စစ်ရေးဖိလက္ခဏာတရပ်အဖြစ် မြင်ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မဇ္ဈိမသို့ပြောသည်။ " စစ်တွေမြို့နယ်က ကျားမသောက် အခြေစိုက် စအရ (၉၀၈) ကို လက်နက်ကြီးနဲ့ပစ်ခတ်ထားတဲ့အနေအထားမျိုးပဲ စစ်တွေကို အာရက္ခတပ်တော်(AA) က ဝိုင်းပတ်ပိတ်ဆို့ရာကနေ အခုစပြီးလက်နက်ကြီးနဲ့ အထိုင်ချပစ်ခတ်လာတဲ့ အနေအထားမျိုးတွေ့ရတယ်။ စစ်တွေမှာပြီးရင် စစ်မျက်နှာစာ ကျယ်လာအောင် အာရက္ခတပ်ဘက်က တဖြည်းဖြည်းစစ်မြှူလာတဲ့ အနေအထားမျိုးလို့ တွေ့ရတယ်"ဟု၎င်းက သုံးသပ်သည်။ စစ်အုပ်စုတပ်အနေဖြင့် စစ်တွေမြို့၏ ပွိုင့်ကမ်းခြေနှင့် ကမ်းနားလမ်းတလျှောက်တွင်လည်း ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟုဆိုသည်။ ဆတ်ရိုးကျချောင်းရှိ ကယ်ဆယ်ရေးစခန်းအနီး ဘီလူးမတံတားတွင်ပါ တပ်ဖြန့်ချထားမှုများရှိနေပြီး စစ်တွေမြို့အတွင်း အမြင့်ကျွန်း၊ မင်းချောင်း၊ ပါဒလိတ်၊ နာရီကန်၊ ကျားမသောက်၊ ရေချမ်းပြင်နှင့် ကံ့ကော်ကျွန်း စသည့်နေရာများတွင် စစ်အုပ်စုတပ်များ ဖြန့်ကြက်ထားသည်ဟု ၎င်း၏အဆိုအရသိရသည်။ ယင်းအခြေအနေသည် မြို့သိမ်းတိုက်ပွဲများ မစတင်မီ ရန်သူ့တပ်ဖွဲ့များကို နေရာအများအပြားသို့ တဖြည်းဖြည်း ဖြန့်ကြက်စေပြီး ထုဖြင့်ခံစစ်ဆင်ထားသည့် စစ်ရေးအင်အားကို ပြန့်ကကျဲလာစေရန် ဖိအားပေးသည့် AA ၏ ယခင်စစ်ဆင်ရေးပုံစံနှင့် ဆင်တူနေသည်ဟု သုံးသပ်ထားသည်။ စစ်အုပ်စုတပ်ဘက်ကလည်း လက်နက်၊ ခဲယမ်းအစုံပါသည့် စစ်ပစ္စည်းများအပါအဝင် စစ်အင်အားများကိုလည်း ရေတပ်သင်္ဘောများဖြင့် မကြာခဏဖြည့်တင်းမှုများကို လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။ အထူးသဖြင့် မြို့အတွင်းနှင့် မြို့ပတ်ဝန်းကျင်ရှိ နေရာအများအပြားတွင် စစ်အုပ်စုတပ်များ ဖြန့်ကြက်တပ်စွဲထားရခြင်းသည် စစ်ရေးအင်အားကို တနေရာတည်းတွင် စုစည်းထားနိုင်မှု လျော့နည်းစေနိုင်ပြီး AA ဘက်က ယင်းအခြေအနေကို အသုံးချနေပြီး နောက်တဆင့် ထိုးစစ်ဆင်လာနိုင်သည်ကိုတွေ့ရကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က ယူဆသုံးသပ်သည်။ "AA ဘက်က စစ်အုပ်စုတပ်ဖွဲ့တွေ ဟိုတကွက်ဒီတကွက် အင်အားဖြည့်တင်းတာတွေကို ဒီတိုင်းစောင့်ကြည့်နေတာက တနေရာတည်း စုစည်းလို့မရဘဲ ဗျာများနေချိန်မှ ဝင်တိုက်တာပေါ့။ တပ်အင်အားတွေပြန့်ကျဲနေရင် AA က တနေရာတည်းကို ပစ်မှတ်ထားပြီးလက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာ"ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။ စစ်တွေမြို့ကို အမှန်စင်စစ် ထိုးစစ်ဆင်မည့် အချိန်၊ ပုံစံနှင့် စစ်ရေးရည်ရွယ်ချက်များကိုမူ လက်ရှိအချက်အလက်များအပေါ် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ မြေပြင်အခြေအနေမှာ ဆက်လက်ပြောင်းလဲနိုင်ကြောင်း သူက တဆက်တည်းမှတ်ချက်ပြုသည်။ ©Mizzima #KyimyindaingNetworks #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
без подписи
"ချီလေတဲ့ ချီလေ"မှ နှုတ်ခမ်းနီ ******** ဒီနေ့မှာလည်း ပစ္စည်းသစ်လေးတွေထပ်တိုးတယ်ဗျာ။ မျက်မှန်နဲ့အတူ စခတွေကို အဝေးကနေ အမှည့်ခြွေခြွေမယ့် တမူထူးခြားတဲ့ နှုတ်ခမ်းနီ၊ တဗူးလိမ်းရုံနဲ့ စခတအုပ်လုံးမူးလဲသွားစေမယ့် Roll On (3CE)။ ဈေးလေးတွေကတော့ Item အမည် ဈေးနှုန်း MAC နှုတ်ခမ်းနီ = 70,000 MMK 3CE (Roll On) = 250,000 MMK #ချီလေတဲ့ချီလေ #ကျပ်သိန်း၂၀၀၀ကမ်ပိန်း #ထနောင်းစစ်ကြောင်း #OFP #DawnOfRevo #HtaNaungLogistic
без подписи
"ချီလေတဲ့ ချီလေ" ဆိုတဲ့ကမ်ပိန်းဟာ အာဏာရှင်ရဲ့ နောက်ဆုံးခံတပ်မြို့ဖြစ်လာမယ့် နေပြည်တော်နဲ့ ထိစပ် နယ်မြေတွေမှာ စစ်ဆင်ရေးလှုပ်ရှားနေတဲ့ ထနောင်းစစ်ကြောင်းကပြုလုပ်နေတဲ့ ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။ ထနောင်းစစ်ကြောင်းဟာ ကရင်နီဒေသကနေ မဟာမိတ်တွေနဲ့အတူ အသက်၊ သွေး၊ ချွေးပေါင်းများစွာကိုပေးဆပ်ပြီး စစ်ရေးအတွေ့အကြုံများစွာကိုရယူကာ မြေပြန့်ဒေသမှာ စုဖွဲ့မှုကောင်းကောင်းကောင်းနဲ့ ကျစ်လစ်စွာလှုပ်ရှားနေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။ နေပြည်တော်နဲ့ ထိစပ်ဒေသဖြစ်တဲ့ စစ်တောင်းမြစ်ဝှမ်းမှာ စတင်ခြေကုပ်ယူချိန်မှစ၍ ရန်သူအကြမ်းဖက်စစ်ကော်မရှင်တပ်ကို ချေမှုန်းပြီး စစ်သုံ့ပန်း၊ လက်နက်များကိုသိမ်းဆည်းနိုင်ခဲ့တဲ့ အောင်ပွဲရတိုက်ပွဲတွေကို ဆင်နွှဲနိုင်ခဲ့ပါတယ်။ ယခုပြုလုပ်နေတဲ့ "ချီလေတဲ့ ချီလေ" ဆိုတဲ့ကမ်ပိန်းဟာ ထနောင်းစစ်ကြောင်းရဲ့ စစ်ဆင်ရေးအရှိန်အဟုန်ကို ပိုအားကောင်းအောင်ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီးပြုလုပ်တဲ့ကမ်ပိန်းဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ နိုင်ရာအားနဲ့ ပံ့ပိုးကူညီကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ ထနောင်းတွေဟာ တောင်တန်းဒေသမှသည် စစ်အာဏာရှင်ရဲ့ နောက်ဆုံးခံတက်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သည်အထိ ချီတက်သွားမည်ဖြစ်သည်။ "ချီလေတဲ့ ချီလေ.....ဤမြေမှ ဟိုတောင်တန်း ကျော်လှမ်းလို့သာချီပါလေ" #ချီလေတဲ့ချီလေ #ကျပ်သိန်း၂၀၀၀ကမ်ပိန်း #ထနောင်းစစ်ကြောင်း #တပ်ရင်းအမှတ်၈၀၅ #OFP #DawnOfRevo #HtaNaungLogistic https://www.facebook.com/share/1E5SuNWWU8/
⚠️ဆင်တူယိုးမှား လုပ်ထားတဲ့ သူခိုးအကောင့်⚠️ တော်လှန်ရေး ကာလအတွင်း လူလိမ် သူခိုးတွေဟာ social media မှာ ဆင်တူယိုးမှား သူခိုးအကောင့်တွေ ပြုလုပ်ပြီး ပြည်သူတွေရဲ့ ချွေးနှဲစာကို လိမ်လည်ခိုးယူတာတွေ ရှိနေပါတယ်။ အခု ယှဉ်တွဲပြထာတဲ့ ပုံက ကျနော်တို့ချန်နယ်က ✅နွေဦးထီ အရောင်းကိုယ်စားလှယ် ✨ Athena 👸 NOH-900011 (@c_admire) ရဲ့ username ကို (c_admire မှာ i နဲ့ r ကို နေရာလွှဲပြီး) ဆင်တူယိုးမှား လုပ်ထားတဲ့ သူခိုးအကောင့် ဖြစ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ လိမ်လည်ဖို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားတာဖြစ်လို့ နွေဦးထီချစ်သူတွေနဲ့ တော်လှန်ပြည်သူတွေ သတိထားနိုင်ကြဖို့ပါ။ ဟုတ်ကဲ့.. သူခိုးအကောင့်ဟာ NP News က ကျော်မျိုးမင်းရဲ့ ကြောင်ဖင်နှိုက်ဂရုမှာ member ဝင်ထားတဲ့ ကြောင်ဖင်နှိုက်ဂိုဏ်းသား ဖြစ်နေပါတယ်။ ✅ နွေဦးထီနဲ့ ပတ်သက်ပြီး တရားဝင်ထီကိုယ်စားလှယ် ဟုတ်မဟုတ် စိစစ်ချင်ရင် ကျနော်တို့ချန်နယ်ကို အချိန်မရွေး လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း လေးစားစွာနဲ့ အသိပေးရပါတယ် ခင်ဗျာ။ တော်လှန်ပြည်သူအားလုံး ခွေးသူခိုးတွေရန်မှ ကင်းဝေးကြပါစေ။ #4C_TruthNews
без подписи
အညာရေဘေးတွင် nug နဲ့ ကာကွယ်ရေးတပ်များအင်တိုက်အားတိုက်ပူးပေါင်းကူညီနေ
без подписи
🇺🇦🇨🇳Chinese volunteers in Asian Volunteer Corps.
без подписи
⏳✨ နွေဦးထီ ဖွင့်ရန်( ၃) ရက်သာကျန်တော့ပြီ ✨⏳ မျက်လှည့်ပြသလို ကံကိုပြောင်းလဲဖို့ အကူတပ်ဖွဲ့လိုအပ်နေရင်တော့ နွေဦးထီက သင့်အတွက် အသင့်ရှိနေပါပြီ။🫡 ငွေ 2️⃣0️⃣0️⃣0️⃣ ကျပ်နဲ့ မမျှော်လင့်ထားတဲ့ အိပ်မက်ကို လက်တွဲ ရယူဖို့ အခွင့်အရေးက မိမိရှေ့ရောက်နေပြီဖြစ်လို့ ချက်ချင်းရယူလိုက်ပါ။🤝 ♥️ပေါင်းစည်း ညီညာ အိပ်မက် ပဒေသာ https://www.facebook.com/share/p/1CRZs3MyCL/ #NwayOoHti #WeDreamBold
Logically တွေး၊ ဖြစ်စဥ်ကိုလေ့လာ၊ သမိုင်းကြောင်းကို ပြန်ကြည့် တရားခံဘယ်သူလဲ တန်းသိနိုင်တယ်။ ၁။ ပုံပါပြထားတဲ့အတိုင်း ယုတ္တိရှိရှိတွေးရင် အဲ့ဒီလိုဖြစ်ခဲ့တယ်။ ၂။ ဖက်ဆစ်ခွေးမိစ္ဆာဟာ တခုခုကျူးလွန်ပြီးရင် စောလျင်စွာနဲ့ သူ့နဲ့ငါ အပြိုင် သတင်းလိမ်ဖာကျမှုကို အုံလိုက်ကျင်းလိုက်ဖြန့်ဝေပြီး ဝါဒမှိုင်းတိုက်တယ်။ ၃။ သမိုင်းတလျှောက် ဖက်ဆစ်ခွေးမိစ္ဆာဟာ ဘယ်တုန်းကများ အမှားကိုဝန်ခံဖူးတာကြားဖူးလဲ။ ကျူးလွန်သမျှ သူတပါးကို လွှဲချတတ်တဲ့ စောက်ကျင့်နဲ့တင် အမှန်တရားက ဘာဆိုတာ သိလို့ရပြီ။ TNLA ရဲ့ထုတ်ပြန်ချက်မှာ ဖက်ဆစ်ခွေးတွေက ဒရုန်းဗုံးသီးတွေချ၊ လက်နက်ကြီးနဲ့ပစ်ပြီး တံတားကို ဖျက်စီးလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အမှန်အကန်ပါပဲ။ တံတားရဲ့သံဘောင် နိမ့်ဆင်းနေမှု၊ တံတားပေါ်က ရထား သံလမ်းတချို့ဟာ အောက်ကိုကွေးဆင်းနေမှု၊ တံတားရဲ့ သံဖရိန်အနားသားတွေဟာ အောက်ကိုလိမ်ဆင်းနေမှုစတဲ့အချက်တွေဟာ အပေါ်ကနေ ပြုတ်ကျပေါက်ကွဲထားတဲ့အရာတွေသာဖြစ်တယ်။ မိုင်းဆိုတာအောက်ကနေ အပေါ်လားရာကိုသာ ပေါက်ကွဲပါတယ်။ သတင်းလိမ်ဖာကျ စစ်ခွေးဘောစုပ်လော်ဘီတွေကနေ သက်သေတချို့ပါနေတဲ့ ပုံတွေတင်ပြီး ဂုဏ်ဆာနေခြင်းက သက်သေခံအချို့ရရှိလိုက်ခြင်းပင်ဖြစ်ပါတယ်။ https://t.me/SittKhwayDead/36771
ပိုမိုကြီးမားတဲ့ စုစည်းမှုအားနဲ့ စစ်ကောင်စီပြုတ်ကျတဲ့အထိ လုပ်ဆောင်မယ်၊ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူပြော ဩဂုတ် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။ တဖက်မှာ အာဏာသိမ်း စစ်ကောင်စီက ဒေသအချို့မှာ ထိုးစစ်ဆင်နေမှု အခြေအနေများရှိနေသလို SCEF ဘက်ကလည်း စစ်ရေးပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ မဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီးဆလိုင်းထက်နီကို People’s Spring ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆက်သွယ်မေးမြန်းခဲ့ရာ အခုလိုရှင်းပြတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ လူ့အသက်တွေ စတေးပြီး စစ်ရေးလုပ်ဆောင်နေတာဖြစ်လို့ ရန်သူ့ရဲ့ လှုပ်ရှားမှုအပေါ် အခြေခံပြီး SCEF ရဲ့ရှိပြီး မူဝါဒ ရပ်တည်ချက်အတိုင်း စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်ဖို့ အစီအမံတွေ လုပ်ဆောင်ဖို့ရှိတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။ “ကျနော်တို့ကတော့ လူထုအားနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေ ပြည်သူဘက်က ရပ်တည်တဲ့ဟာဆိုတော့ ကျနော်တို့က နဂိုရ်ဦးတည်ချက်အတိုင်းပဲ ရှေ့ဆက်ပြီးတော့ စစ်ကောင်စီကို ဖြုတ်ချဖို့အတွက်ဆက်လုပ်သွားဖို့ရှိပါတယ်။ အဓိကကတော့ ပြည်သူတွေ ကိုယ့်ဘက်ကရပ်တည်ဖို့ပါပဲ” လို့ ဆလိုင်းထက်နီက ပြောပါတယ်။ SCEF အနေနဲ့ ရည်မှန်းချက် ယုံကြည်ချက်၊ ခံယူချက်တွေအတွက် ပြည်သူနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးတွဲဆောင်ရွက်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေရဲ့လုပ်ရပ်ဟာ စစ်ကောင်စီ စစ်အုပ်ချုပ်ရေး ရေရှည်ရပ်တည်ဖို့ ပံ့ပိုးနေတဲ့ လုပ်ဆောင်မှု ဖြစ်လို့ အဲဒီလုပ်ရပ်တွေအပေါ်အမြဲတမ်း ရှုတ်ချကြောင်း ဆလိုင်းထက်နီက ပြောပါတယ်။ “အခုအချိန်က မနှောင်းသေးပါဘူး။ SCEFနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြန်ပူးပေါင်းပြီးတော့ ကျနော်တို့နဲ့လက်တွဲလုပ်ဆောင်စေချင်တယ်လို့ တိုက်တွန်းလိုတယ်။” လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။ SCEF ဟာ ၅နှစ်တာ နွေဦးတော်လှန်ရေးရဲ့ အားနည်းချက်အားသာချက်တွေကို သုံးသပ်ပြီးတော့မှ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ထပ်လောင်းအသိပေးပါတယ်။ “SCEFက အလကားပေါ်လာတာမဟုတ်ဘူး။ အဲဒါကြောင့် ဒီနွေဦးတော်လှန်ရေး မှာ ပိုမိုကြီးမားတဲ့ စုစည်းမှုအားနဲ့ ကျနော်တို့က ဆက်လက်ပြီးတော့ တွန်းလှန်ပြီးတော့ စစ်ကောင်စီပြုတ်ကျတဲ့အထိ ဆက်လက်ရပ်တည်သွားဖို့ပဲရှိပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။ လက်ရှိမှာ SCEF ရဲ့ စစ်ရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် တော်လှန်ရေးတပ်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အဖွဲ့တွေက စစ်ရေးဆိုင်ရာ ခေါင်းဆောင်တွေက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ်တာဝန်ယူထားပါတယ်။ အဲဒီ SCEF ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီကို SCEF အဖွဲ့ဝင် ၆ခုအနက် တပ်ဖွဲ့မရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ အပ ကျန်အဖွဲ့တွေဖြစ်တဲ့ KNU၊ KIO၊ NUG၊ CNF၊ KNPP တို့မှ စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ SCEF အနေနဲ့ စစ်ရေးဖော်ဆောင်ရာမှာ မူဝါဒတခုတည်း မဟာဗျူဟာတ ခုတည်းနဲ့စစ်ရေးဖော်ဆောင်မှာ ဖြစ်သလို မိတ်ဖက်တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။ (CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ(အလယ်)နဲ့ CNF ရဲဘော် ၂ဦး။ ဓာတ်ပုံ − Htet Ni /FB)
မြန်မာနိုင်ငံမှာ ဒေသတော်တော်များများ ရေဘေးသင့်နေပါတယ်။ စစ်ရှောင်ဒေသတွေကို မကူညီနိုင်ကြရင်တောင် ပြည်သူအချင်းချင်း သင့်သလိုကူနေကြပါတယ်။ PDF တွေကတော့ ကယ်ဆယ်ရေးတာဝန်ကို မပျက်ကွက်စေရသလို ထောက်ပို့တွေကလည်း တာဝန်ကျေပါတယ်။ စကစ ကတော့ ဗုံးကြဲ၊ပေါ်တာဆွဲ မပျက်ပါဘူး။ ကယ်ဆယ်ရေးတောင် ဟန်ပြမလုပ်ပြဘူး။ လိုင်းပေါ်မှာလည်း အောက်တန်းစားတွေကိုသုံးပြီး တော်လှန်ရေးကို သိသိသာသာ ပိုပြီးအပုပ်ချလာပါတယ်။ ပွဲမဖြစ်ဖြစ်အောင်ကို တမင်ဆွပေးနေတာတွေလည်း အတော်များလာပါတယ်။ မြို့ပြမှာ စားဆီတွေပြန်တန်းစီနေရပါတယ်။ ကိုယ်၊စိတ်မသက်သာရပေမယ့် ပြည်သူတွေကတော့ အညာမှာ ရေကြီးတာသက်သာအောင် ရန်ကုန်မှာပဲရွာစမ်းပါ ဆိုတဲ့အထိ အချင်းချင်းဖေးမနေကြပါတယ်။
စစ်မှုထမ်းတပ်သား ဖမ်းမိထားတာ ပစ ဆိုပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးထားပေမဲ့ မနေ့က ထွက်ပြေးသတဲ့ ငနဲသားလေးတွေက PDF တွေရဲ့လူသားချင်းစာနာမှုကို မထီမဲ့မြင် လုပ်နေတာပဲ အကယ်၍သာ ပြန်မဖမ်းမိရင် အဲ့ဒီ PDF စခန်းကတော့ ဗုံးကြဲခံရမလား ..တခုခုတော့ သွားမှာပဲ ပစ စစ်မှုထမ်းတပ်သားတွေ လူလို သိကြစမ်းကွာ ...
စစ်အာဏာရှင်စနစ် ရှည်ကြာစေရေး ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေသူများအနေဖြင့် အမှန်တရားဘက်မှ ရပ်တည်ကြရန် KIO/KIA က တရားဝင် သတိပေး ရန်ကုန်၊ ဇူလိုင် ၁၂ အကြမ်းဖက် စစ်အာဏာရှင်စနစ် ရှည်ကြာစေရေး ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေသူများကို အမှန်တရားဘက်မှ ရပ်တည်ကြရန် KIO/KIA က တရားဝင် သတိပေးလိုက်သည်။ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၅၁ နှစ်မြောက် ကချင်အာဇာနည်နေ့အထိမ်း အမှတ်အဖြစ် ပေးပို့သော သဝဏ်လွှာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထိုသို့ သတိပေးပြောဆိုလာခြင်းဖြစ်ပြီး ယင်းမိန့်ခွန်းသဝဏ် လွှာကို ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ၅၁ နှစ်မြောက်ကချင်အာဇာနည်နေ့ အခမ်းအနားအတွင်း တွင်ပင် မြန်မာဘသာသို့ ပြန်ဆို ရှင်းလင်းပြသခဲ့သည်။ "အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ၀ိုင်းဝန်းကြိုးပမ်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြိုးပမ်းနေတဲ့အချိန်မှာ တချို့လူများကတော့ အာဏာ ရှင်စနစ် ရှည်ကြာစေဖို့အတွက် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေတာ ကျနော်တို့အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ ဒီမိန့်ခွန်းမှာကတော့ ဒီကနေ့ ဒီအချိန်ကစပြီး ရပ်တည်ပြီး အမှန်တရားဘက်မှာ ရပ်တည်ကြဖို့လည်း သတိပေးထားတာကိုတွေ့ရှိရပါတယ်" ဟု KIO/KIA ဥက္ကဋ္ဌ မိန့်ခွန်းသဝဏ်လွှာကို ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မြန်မာသာဘာသာဖြင့် ပြန်လည် ရှင်းလင်းပြောဆိုသည်။ ယင်း KIO/KIA ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင်ပင် ပြည်သူ့အာဏာ နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ NUG၊ CRPH တို့နှင့် လက်တွဲဆောင်ရွက်နေပြီး SCEF လမ်းကြောင်းမှ တစ်ဆင့် နိုင်ငံရေး၊ စစ်ရေး မနားတမ်း ကြိုးပမ်းအားထုတ်နေကြောင်း ပြောဆိုသည်။ ပြည်သူ့အာဏာ ပြန်လည်ရရှိရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။ KIO ဥက္ကဋ္ဌက ပြည်သူများထံသို့ အာဏာပြန်လည်ရောက်ရှိရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ရရှိနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး တန်းတူညီမျှသော ရည်မှန်းချက်များကို ဆုပ်ကိုင်ထားရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။ ကာလရှည် လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေသည့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့များသာမက NUG နှင့် CRPH တို့နှင့်ပါ ပူးပေါင်းကာ နိုင်ငံတကာနိုင်ငံရေးစင်မြင့်တွင် တရားဝင်ရပ်တည်နိုင်ရေးအတွက် စီမံကိန်းများချမှတ်ပြီး ပူးပေါင်းဆောင်ရွက်နေကြောင်း KIO ဥက္ကဋ္ဌက ပြောဆိုသည်။ မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် Federal Democratic Union Establishment Leading Committee (FDEFC) သို့မဟုတ် SCEF ဟု ခေါ်ဆိုသည့် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရှိရသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့်အတူ အဓိက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ပူးပေါင်းပါဝင်လျက်ရှိသည်။