tgindex
The Call - ခေါ်သံ

The Call - ခေါ်သံ

Статистика

"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။

Последний пост
22 сент. 2025 г.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
288
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
154
21 постов
Вовлечённость
53,5%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ■ Telegram ချန်နယ် ​လိပ်စာအသစ်​ ပြောင်းလဲခြင်း 'The Call - ​ခေါ်သံ' အွန်လိုင်းမဂ္ဂဇင်းက​နေ နေ့စဥ်တင်ဆက်​ပေး​နေတဲ့ စာ​ပေရသ ကဏ္ဍမျိုးစုံ အဖုံဖုံကို ​The Call - ​ခေါ်သံ ရဲ့ Telegram ချန်နယ်အသစ်ဖြစ်တဲ့ https://t.me/The_Call_Magazine ကို join ပြီး အစဥ်မပြတ် ဆက်လက်ဖတ်ရှုနိုင်ပြီ ဖြစ်တဲ့အ​ကြောင်း စာဖတ်ပရိသတ်များကို အသိ​ပေး ပန်ကြားလိုက်ပါတယ်။ #TheCall #ခေါ်သံ

  • без подписи

  • သေနတ်ကျည်ကြောင့် အူအစိတ်အပိုင်းတချို့ ထိခိုက်ခဲ့သလို အသည်းကိုလည်း ကွဲအက်စေပြီး သွေးထွက်လွန်နေခဲ့တယ်။ စုစုပေါင်း သွေးခုနစ်လုံးတိတိ သွင်းခဲ့ရပြီး မေ့ဆေးပေးချိန် သုံးနာရီသာသာ ကြာမြင့်ပြီးချိန်မှာ ခွဲစိတ်မှုလည်း ပြီးစီးခဲ့ပါတယ်။ ခွဲစိတ်ခန်းထဲက ဆေးရုံဝန်ထမ်းအားလုံးဟာ မောပန်းရကောင်းမှန်း မသိအောင်ဘဲ အလုပ်လုပ်ခဲ့ကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေပီပီ လူနာအသက်အန္တရာယ် ကင်းဝေးပြီဆိုမှပဲ ကိုယ်စီ သက်ပြင်းသက်မ ချနိုင်ကြလေရဲ့။ ခွဲစိတ်ခုတင်ပေါ်မှာ မေ့ဆေးမပြယ်သေးတဲ့ ရဲဘော်စာကလေးရဲ့ မျက်နှာမှာ ဆေးရုံရောက်စကလို မဟုတ်ဘဲ ပန်းသွေးရောင်လွှမ်းလို့ နေပါပြီ။ လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် (၄)နာရီ (၃) မိနစ်။ လူနာလည်း စိတ်ချရပြီမို့ ကျ​နော်တို့ အနားယူဖို့ ပြင်ကြတယ်။ လူနာစောင့်ရဲဘော်တွေကို လူနာ စိတ်ချရပြီဆိုတဲ့အကြောင်း သတင်းစကားပြောရင်း တခုခုဆို တာဝန်ကျဆရာမကို ပြောဖို့ မှာရတယ်။ ဆေးရုံအနောက်ဖက် မြေနီလမ်းကလေးကနေ ဖြတ်လျှောက်ရင်း အဆောင်ဆီ ပြန်တယ်။ လပြည့်ညရဲ့ လရောင်ဟာ မြေနီလမ်းကို ထင်းထင်းရှင်းရှင်း မြင်ရတဲ့အထိ ဖြန့်ကျက်ထားဆဲ။ ဖျတ်ခနဲ တိုက်ခတ်လာတဲ့ လေပြေညှင်းထဲမှာ မွှေးမြတဲ့ ပန်းရနံ့တွေကို ခံစားမိလိုက်တယ်။ ကျ​နော်ကတော့ မနက်လင်းတဲ့အခါ "Good Morning ရဲဘော်စာကလေး"ဆိုပြီး အားပါးတရ နှုတ်ဆက်ဖို့ စိတ်စောလို့သာ နေပါတော့တယ်။ . . . #ရဲသူအောင် #TheCall #ခေါ်သံ

  • "မိသားစုထဲ လူသေဖူးတာ ပထမဆုံး ကြုံရတော့ မရှက်နိုင်ဘူး ဆရာရေ။ ကျ​နော်တော့ ယောင်္ကျားတန်မဲ့ ငိုမိတာပါပဲ" စိတ်လိုလက်ရ ပြောပြနေတဲ့ ရဲဘော်စာကလေးကို ကျ​နော် တွေတွေကြီး ငေးကြည့်နေမိတယ်။ "ဒီကြားထဲ အဖေကလည်း တောထဲ မှိုရှာ မျှစ်ရှာရင်း မိုင်းနင်းမိပြန်တာ။ မိသားစုက မိုင်းနဲ့ အကျိုးပေးတယ် ဆိုရမလားပဲ။ မသေတာပဲ ကံကောင်းတယ် ပြောရမှာပေါ့။ ခုတော့ ချိုင်းထောက်နဲ့ ထမင်းချက်မပျက်ဘူး" ကြေကွဲရိပ်တွေ ဝေ့ဝဲနေဆဲ မျက်လုံးတွေထဲမှာ ခိုင်မာတဲ့ စိတ်ဓာတ်ကို မြင်နေရတယ်။ ထင်ထားတဲ့ အတိုင်းပါပဲ။ "ကျ​နော်တို့ တော်လှန်ကြမှာပဲ။ အာဏာရှင်စနစ် အမြစ်ပြတ်သွားတဲ့အထိ ကျွန်တော်တို့ တော်လှန်နေဦးမှာပဲ" တဲ့။ "မရိုမသေ ဒီမှာကြည့်ပါဦး ဆရာ" စွပ်ကျယ်အင်္ကျီကို ပင့်မပြီး ကျ​နော့်ကို ပြတယ်။ ညာဘက်ရင်ဘတ်အောက်ခြေမှာ ခပ်ဝိုင်းဝိုင်း အမာရွတ်တခု။ "ပြီးခဲ့တဲ့ မြို့သိမ်းတိုက်ပွဲမှာ ကျည်မှန်ပြီး အဆုတ်မှာ ပိုက်ထည့်လိုက်ရတာ။ ဒဏ်ရာပျောက်သွားပေမယ့် အမာရွတ်တော့ ကျန်သွားတယ်။ ဒါပေမယ့် ကျ​နော် ကျေနပ်တယ်။ ကျ​နော့်အတွက် ဒါက တော်လှန်ရေးအမှတ်အသားပဲ" သူက သူ့အမာရွတ်ကို ဆုတံဆိပ်တခုလို ပြတယ်။ မျက်နှာမှာလည်း ဝင့်ကြွားဟန်အပြည့်။ ပြီးတော့ သူ့စကားကို ပြန်ဆက်တယ်။ "ကျ​နော်တို့က ရပ်လိုက်လို့ မရဘူးလေ။ ကျ​နော်တို့ ဘဝတွေ ၊ အသက်တွေ အများကြီးကို ရင်းထားပြီးပြီ။ ဒီပွဲကို နိုင်တဲ့အထိ ဆက်တိုက်ရမယ်" စာသမားမို့ စကားပြောကောင်းတယ်ဆိုတာထက် သူ့ဘဝအတွေ့အကြုံနဲ့ ခိုင်ကျည်တဲ့ စိတ်ဓာတ်ကြောင့်ပဲ ဒီလို စကားလုံးတွေ ထွက်ကျလာတယ်လို့ပဲ ကျ​နော် ယုံကြည်ပါတယ်။ "စကားကောင်းနေလိုက်တာ ဆရာရေ။ ကျ​နော့်ရဲဘော်တွေအတွက် ထမင်းဟင်းတွေ သွားယူလိုက်အုံးမယ်။ ဆရာနဲ့ တွေ့ရဆုံရတာလည်း တကယ် ဝမ်းသာတယ် ဆရာ" ပြောရင်းဆိုရင်း ခပ်သုတ်သုတ် ထွက်သွားတဲ့ အညာသားလူငယ် ရဲဘော်စာကလေးရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ကျ​နော် တယောက်ထဲ အတွေးနယ်ချဲ့နေမိတယ်။ ပြီးတော့ လူငယ်တယောက်ရဲ့ တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်မှု၊ ကိုယ်ကျိုးစွန့်ပါဝင်နေမှုတွေအပေါ် လေးစားဦးညွတ်မိတယ်။ "ကျ​နော့်အနေနဲ့ တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး" ရဲဘော်စာကလေးရဲ့ စကားကို ပြန်ကြားယောင်မိတယ်။ သူ့ကိုယ်သူ နှိမ့်ချ ပြောဆိုနေပေမယ့် ကျ​နော်ကတော့ ရဲဘော်စာကလေးကိုပဲ ဖြစ်စေ၊ တော်လှန်ရေးထဲ ထဲထဲဝင်ဝင် ပါဝင်နေကြတဲ့ ရဲဘော်အားလုံးကို တော်လှန်ရေးရဲ့ မရှိမဖြစ် အရေးပါလှတဲ့ စက်ယန္တရားဖြစ်တဲ့ ခွေးသွားစိတ်လေးတွေလို တွေးမြင်ပါတယ်။ ဒီလိုနဲ့ ရဲဘော်လူနာအများစု ဆေးရုံက ဆင်းခွင့်ရချိန်မှာ သူတို့တပ်ရင်းဆီ ပြန်ကြဖို့ ဖြစ်လာတယ်။ ပြန်မယ်ဆိုတော့လည်း ရဲဘော်စာကလေးက ကျွန်တော့်ကို မမေ့မလျော့ လာနှုတ်ဆက်ရှာတယ်။ "ကျ​နော်က ဇိမ်ယူပြီး ကြာကြာမနေတတ်ဘူး ဆရာ။ ရှေ့တန်း ပြန်သွားပြီး ကျုံးလိုက်အုံးမယ်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ ဆရာ" အားပါးတရ လက်ဆွဲနှုတ်ဆက်ပြီး လာကြိုတဲ့ ကားပေါ် ကသုတ်ကရုတ် တက်သွားတယ်။ အောင်ပွဲနဲ့အတူ ပြန်ဆုံချင်ပါတယ် ရဲဘော်ရေ။ (၅) "Gun Shot လူနာလာလို့ ဆရာ။ သွေးပေါင်ချိန်က 40 palpable ပါရှင့်" ည ဆယ့်တနာရီခွဲပြီးစအချိန် ပြင်ပလူနာကနေ တာဝန်ကျဆရာမက စက်နဲ့ လှမ်းပေါက်လို့ ဆေးရုံဆီ ကျွန်တော် အမြန်သွားတယ်။ လူနာခုတင်ပေါ်မှာ လူနာက အသက်ရှူနှုန်းတွေ မြန်လို့။ သူ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နဲ့ ဖားဖိုကြီးလို။ "NS တော့ Run ထားတယ် ဆရာ။ SPO2 လည်း ကျနေတယ်" "ဟာ...ရဲဘော်" ကျ​နော် ရုတ်တရက် လန့်ဖြတ်သွားခဲ့တယ်။ ခုတင်ပေါ်က ရဲဘော်စာကလေးဟာ ကျ​နော့်ကို ယဲ့ယဲ့ပြုံးပြတယ်။ သတိတော့ မလွတ်သေးဘူး။ သူ့ဗိုက်တခုလုံးကို ပတ်ပြီး စည်းနှောင်ထားတဲ့ ပတ်တီးတွေမှာ သွေးစတွေဟာ ပေကျံလို့။ "ကျည်သင့်တာက မနေ့မနက်ထဲကပဲ ဆရာ။ လူကို ထိပြီးပြီးချင်း ချက်ချင်း လွှဲပေမယ့် လမ်းဆိုးတော့ အချိန်ကြာသွားတယ်။ ကျ​နော်တို့လူကို ကယ်ပါဦး ဆရာ" သူ့သူငယ်ချင်းရဲဘော်တွေက ဖြစ်စဥ်ကို ရှင်းပြရင်း ကျ​နော့်ကို အားကိုးတကြီး ပြောကြတယ်။ ကျ​နော် ရဲဘော်စာကလေးရဲ့ လက်တဖက်ကို တင်းတင်းဆုပ်ရင်း အသံမတုန်အောင် သတိထားပြီး အားပေးမိတယ်။ "အားတင်းထားနော် ရဲဘော်။ ခင်ဗျား ထွက်သွားလို့ မဖြစ်ဘူး" မှိန်းမောနေတဲ့ ရဲဘော်က မျက်လုံးဖွင့်ပြီး ကျ​နော့်ကို ဖျတ်ခနဲ မော့ကြည့်တယ်။ သွေးဆုတ်ဖြူရော်နေတဲ့ သူ့မျက်နှာကို ကြည့်ပြီး ကျ​နော် ရင်တွေ ထိတ်လာတယ်။ တဒီးဒီးမြည်နေတဲ့ အောက်ဆီဂျင်စက်သံနဲ့အတူ ကျ​နော့် ရင်ခုန်သံတွေကလည်း ဆူညံပွက်ဝေလို့။ ညာဖက်ဝမ်းဗိုက်ဖက်ကနေ ဖောက်ဝင်သွားတဲ့ ကျည်ဆံဝင်ပေါက် (၃)ချက်တိတိနဲ့ သတိလစ်နေတဲ့ ရဲဘော်စာကလေးကို ဗိုက်ဖွင့်ခွဲစိတ်ဖို့ အရေးပေါ်ခွဲခန်းကို ကျ​နော်တို့ ပြင်ကြရပြီ။ (၆) ခွဲစိတ်ဓားကို အကြိမ်ကြိမ် အလီလီ ကိုင်ခဲ့တဲ့ ကျ​နော့်လက်တွေဟာ အဲဒီနေ့မှာ သိသိသာသာ တုန်ယင်နေခဲ့တယ်။ စိတ်ကို အတည်ငြိမ်ဆုံး စုစည်းပြီး လုပ်နိုင်တာကို အကောင်းဆုံးလုပ်ဖို့ ကြိုးစားရတယ်။ မြတ်ဘုရားထံပါး ဆုတောင်းခဲလှတဲ့ ကျ​နော်ဟာ ရဲဘော်စာကလေးကို အသက်ရှင်အောင် ခွဲစိတ်ကုသဖွင့်ရဖို့ တိုးတိုးဖွဖွ ဆုတောင်းခဲ့မိတယ်။

  • ‘ရဲဘော် စာကလေး’ ◼️ရဲသူအောင် (၁) "နာမည်ပြောပါ"ဆိုတော့ လူနာက "မပြောလို့ မရဘူးလား"ဆိုပြီး ပြန်မေးတယ်။ သူနာပြုဆရာမလေးက လူနာကို မျက်စောင်းလှလှထိုးလိုက်တယ်။ "မပြောလို့တော့ မရဘူးရှင်။ ကျမတို့က လူနာစာရင်းသွင်းရမှာ" လူနာက မဖြေချင် ဖြေချင်ပုံစံနဲ့ ခပ်ရွံ့ရွံ့ တွန့်ဆုတ်ဆုတ်။ ပြီးမှ စိတ်နှလုံး ဒုံးဒုံးချတဲ့ဟန်နဲ့ "ကျ​နော့်နာမည် စာကလေး"လို့ ဖြေလိုက်တယ်။ စောစောက စိတ်မရှည်သလို ဖြစ်နေတဲ့ ဆရာမလေးမျက်နှာက ပြုံးစေ့စေ့ ဖြစ်သွားတယ်။ လူနာပုံစံကိုလည်း ကြည့်ပါဦး။ မြင်းခေါင်းတံဆိပ် စွပ်ကျယ်အင်္ကျီဟောင်းဝတ်ပြီး ပုဆိုးကို ဒူးခေါင်းကျော်ရုံ ခပ်တိုတို ဝတ်ထားတယ်။ အရပ်က ခပ်ပြတ်ပြတ်၊ အသားက ညိုညိုမောင်းမောင်း။ နှုတ်ခမ်း ထူထူ၊ မျက်စိက ခပ်မှေးမှေး။ လူပုံစံက ခပ်ဖိုင့်ဖိုင့်။ သူတို့နှစ်ယောက် အမေးအဖြေလုပ်နေတဲ့ပုံကို ကြည့်ငေးရင်း ကျ​နော်လည်း ပြုံးမိသွားတယ်။ (၂) ရဲဘော်တွေမှာက ရဲဘော်နာမည်တွေ ရှိကြတယ်။ သူတို့ စိတ်ကြိုက် ရွေးထားတဲ့ နာမည်တွေပေါ့။ တချို့နာမည်တွေက မိလည်းမိ၊ မိုက်လည်း မိုက်တယ်။ တချို့ကျ သူတို့နဲ့ မလိုက်ဖက်တဲ့ နာမည်တွေကို တမင် ရွေးထားသလိုမျိုး။ ရဲဘော်ဖြူဖွေးဆိုပြီး အသားအရောင်က ညိုမဲနေတာမျိုးလည်း ရှိတယ်။ အသေးလေးဆိုတဲ့ နာမည်ကို ယူပြီး လူကောင်က ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာကိုယ်နဲ့။ ရဲဘော်စာကလေးလည်း အဲဒီလိုပဲ။ နာမည်က စာကလေးပေမယ့် လူက ဆင်ကြီးကို ဂဠုန်ချီမယ့် အရွယ်အစားနဲ့။ ရဲဘော် စာကလေးက တကယ့်ကို ချစ်ခင်ဖို့ ကောင်းတဲ့သူ။ သူတို့တပ်ရင်းတွေ တိုက်ပွဲမှာ ဒဏ်ရာတွေရပြီး ဆေးရုံလာတက်တုန်းက လူတိုင်းကို သူက ကူညီနေတာ။ လူနာတွေကို ဟိုဟိုဒီဒီ ရွှေ့တော့လည်း သူပါတယ်။ လူနာတွေရဲ့ ထိခိုက်ဒဏ်ရာတွေ သန့်ရှင်းရေးလုပ်၊ ပတ်တီးစည်းတော့လည်း သူ ဝင်ကူတယ်။ "ကျ​နော်က ဆေးတပ်သားလေ" တဲ့။ ပြီးတော့ ရယ်ကျဲကျဲနဲ့ "ဆေးတပ်သားဆိုပေမယ့် တပ်ရင်းမှာက ပါရာစီတမောတောင် ရှားနေပါပြီဗျာ"ဆိုပြီး ဆက်ပြောတယ်။ ဆေးတပ်သားပီပီ လူနာကိစ္စတွေ ပြီးစီးသည်အထိ ဝိုင်းကူလုပ်တယ်။ သူ့ခြေထောက်မှာ မိုင်းစတချို့ ထိမှန်ပေမယ့် အနာသန့်ရှင်းရေးလုပ်ပေးပြီး စားဆေးတွေပဲ ပေးထားလိုက်တယ်။ ရဲဘော်လူနာတွေအားလုံး ကုတင်ကိုယ်စီနဲ့ နေရာကျသွားပေမယ့်လည်း သူကတော့ မနားနိုင်သေးဘူး။ ရဲဘော်လူနာတွေအတွက် စားစရာတွေ ပြေးဝယ်၊ စားဖိုဆောင်ကနေ ညစာအတွက် ထမင်းပန်းကန်တွေ ပြေးယူနဲ့ သူ့မှာ အလုပ်တွေ ရှုပ်နေတုန်းပဲ။မိုးချုပ်တော့လည်း စောင်တွေ၊ ခေါင်းအုံးတွေ တထပ်ကြီးမရင်း ကျွန်တော့်ကို မြင်တော့ လှမ်းနှုတ်ဆက်တယ်။ "လူဆိုတာ အနွေးဓာတ်လိုတယ်လေ ဆရာရဲ့" တဲ့။ ကျ​နော် ပြုံးမိသွားတယ်။ ကျ​နော် သိတာပေါ့။ အဲဒါ ဆရာ ပိုင်စိုးဝေ ရဲ့ ကဗျာစာသားဆိုတာ။ (၃) ရဲဘော် စာကလေးက စာသမားပဲ။ စာအစုံဖတ်တယ်။ အထူးသဖြင့် ကဗျာတွေ အတော်ဖတ်တဲ့ပုံပဲ။ သူ့စကားတွေထဲမှာ ကဗျာစာသားတွေ မကြာခဏ ပါလာတတ်တာကို ကြားသိနေရတော့ ကျ​နော် အဲဒီလိုပဲ ခန့်မှန်းမိတယ်။ သူ စာသမားမှန်းသိတော့ ကျ​နော့်ဆီမှာ ရှိတဲ့ စာအုပ်တွေ သူ့ကို ပေးဖတ်တယ်။ ဆရာအောင်ချိမ့်ရဲ့ ကဗျာပေါင်းချုပ်ကို မြင်တော့ ထခုန်မိမတတ် ဝမ်းသာသွားတယ်ဆိုပဲ။ စာကို ဘယ်လောက်ထိ မက်မက်စက်စက် ဖတ်သလဲဆိုရင် လူနာတွေ ပြုစုရင်းနဲ့ မောင်ထွန်းသူရဲ့ "ဒေါသမာန်"ကို ရက်ပိုင်းနဲ့ အပြီးဖတ်သွားတယ်။ "ခုမှ ဖတ်ဖူးတယ် ဆရာရယ်။ ဒီလောက် ကောင်းတဲ့ ဝတ္ထုကို" ဖတ်ရနောက်ကျလေခြင်းဆိုတဲ့ပုံစံနဲ့ သူ့ကိုယ်သူ အားမလိုအားမရပြောတယ်။ ပြီးတော့ စာအုပ်ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဂျုတ်မိသားစုကို လှမ်းပြီး သနားနေပြန်တယ်။ "ဖတ်ရတာ ရင်ထဲကို နင့်နေရောပဲ။ တချို့နေရာတွေမှာဆို မျက်ရည်ပါ ကျတယ်" တဲ့။ စိတ်ပါလက်ပါပြောနေတဲ့ သူ့မျက်ဝန်းတွေထဲမှာ ကြေကွဲရိပ်တွေက အထင်းသား။ ပြောသာ ပြောနေရတာပါ။ ရဲဘော်စာကလေးရဲ့ ဘဝဖြတ်သန်းမှုကလည်း ဆူးခင်းလမ်းပေါ် ဖိနပ်မပါဘဲ ခရီးရှည်ကြီးတခုကို ဖြတ်လျှောက်နေရသူလိုပဲ။ အဲဒါတောင်မှ သူက တခြားဘဝတွေကို စာနာသနားဖို့ မမေ့လျော့သူ ဖြစ်နေပြန်တယ်။ (၄) "ကျ​နော့်အနေနဲ့ တော်လှန်ရေးထဲ ပါဝင်တယ်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး။ တချို့တွေဆို အသက်တွေပါ ပေးခဲ့ကြပြီးပြီ" ရဲဘော်စာကလေးရဲ့ မိဘနှစ်ပါးက ဒေသခံ ပီဒီအက်(ဖ်)တပ်ရင်းတွေမှာ ထမင်းချက်တဲ့သူတွေပါ..တဲ့။ သူအပါအဝင် ညီအစ်ကိုသုံးယောက်လုံးက ပီဒီအက်(ဖ်)ရဲဘော်တွေ။ အငယ်ဆုံး ညီမထွေးလေးက တပ်ရင်းလွတ်မြောက်နယ်မြေမှာ ကလေးတွေကို စာသင်ပေးနေသတဲ့။ ဆိုရရင် တမိသားစုလုံးက တော်လှန်ရေးထဲ လုံးလုံးလျားလျား ပါဝင်နေကြသူတွေပေါ့။ "အရင်ကတော့ ကျ​နော်တို့ မြို့မှာ ကားနဲ့ ဆန်စက်နဲ့ တောသူဌေးတွေပေါ့။ ခုတော့ စစ်ကြောင်းထိုးချိန် အိမ်ကို မီးရှို့သွားကြတော့ ကုန်းကောက်စရာတောင် မရှိတော့ပါဘူး" မိသားစုအကြောင်း ပြောပြနေပေမယ့် ရဲဘော်စာကလေးက စိတ်ဓာတ်ကျနေတဲ့ပုံ မပေါက်ဘူး။ တကယ့်အရှိတရားကိုပဲ အသေအချာ လက်ခံထားပုံရတယ်။ "တကယ်တော့ ကိုယ်တွေပဲ ခက်ခဲနေတာမျိုးတော့ မဟုတ်ဘူး။ မိုးပြိုအများ ဆိုသလိုပေါ့ ဆရာ။ စိတ်ဓာတ်ကျချင်တဲ့အခါ ပိုခက်ခဲတဲ့ တခြားဘဝတွေကို လှမ်းငေးပြီး အားပြန်တင်းရတယ်" မနှစ်က ဆောင်းဦးမှာ ညီဖြစ်သူက တိုက်ပွဲထဲ မိုင်းထိပြီး ကျဆုံးသွားတယ် ပြောတယ်။

  • без подписи

  • အမေရိကမှာတော့ ဗီယက်နမ်စစ်ပွဲလို ကိစ္စကို သတင်းအမှောင်ချတာမျိုးအထိ သတင်းစာဆရာတွေဟာ ခေါင်းငုံ့မခံဘဲ ပြည်သူတွေ သိအောင် ထုတ်ဖော်တင်ပြရဲခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဒေါ်နယ်ထရန့်လို သမ္မတမျိုး ပေါ်လာပြန်ပါပြီ။ ကျနော့်အနေနဲ့ကတော့ သတင်းသမားများအနေနဲ့ ဒီလို ပုဂ္ဂိုလ်မျိုးကို သဘောကျနေကြမယ်လို့တော့ မမှတ်ထင်မိပါဘူး။ သို့ပေမဲ့လည်း ဒေါ်နယ်ထရန့်က ဒီတခေါက် ပြန်အလာမှာတော့ သူ့ကို ဖိအားပေးနိုင်မယ်လို့ မှတ်ထင်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို စနစ်တကျနဲ့ ဖိနှိပ်ဖြုတ်ထုတ်ပြီး သူလုပ်ချင်တာကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်လာတာ မြင်ရပါတယ်။ နှောင်းလတ္တံ့သော ကာလဝယ် အမေရိကန်ပြည်ထောင်စုအဖို့ ဒေါ်နယ်ထရန့်လို့ သမ္မတကြောင့် ဘာတွေဆက် ဖြစ်လာနိုင်မလဲ။ သူ့ကို လိုလားပုံ မရှိနိုင်တဲ့ သတင်းမီဒီယာလို အဖွဲ့အစည်းတွေကရော အထက်မှာတင်ပြခဲ့တဲ့ သတင်းသမားတွေလိုမျိုး ဒေါ်နယ်ထရန့်ရဲ့ ပြုမူမှုတွေကို တားဆီးဖြုတ်ချနိုင်မလား။ လက်ရှိမှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဖြစ်ပျက်နေမှုက Political Thriller ရုပ်ရှင်ကားတကားကို ကြည့်နေရသကဲ့သို့ ခံစားနေရတယ်လို့သာ ။ ရုပ်ရှင်ရည်ညွှန်း - All The President's Men Movie ( 1976 ) Spotlight Movie ( 2015 ) . . . #ညီလင်းအိမ် #TheCall #ခေါ်သံ

  • ဒါကတော့ ကျနော့်အနေနဲ့ အမေရိကရဲ့ သတင်းတင်ပြဖော်ထုတ်မှု လွတ်လပ်ပိုင်ခွင့်ကနေ အမေရိကန် သမ္မတကိုတောင် ဖြုတ်ချလို့ ရနိုင်တဲ့ အကြောင်း ဆိုပါတော့။ အထက်က ရုပ်ရှင်အကြောင်းကို ရေးခဲ့စဉ်တုန်းက ဒေါ်နယ်ထရမ့်ဟာ သမ္မတမဖြစ် အာဏာမရသေး။ အခုတော့ သမ္မတဖြစ်သွားခဲ့ပြီ။ ဖြစ်လာတော့လည်း ဘယ်မျှမှ မကြာသေးတဲ့အချိန်မှာတင် ပြဿနာတွေ ပွက်လောရိုက်လာတယ်။ အမေရိကရေမြေရဲ့ပြဿနာဆိုတာကလည်း လက်ရှိကာလမှာတော့ တကမ္ဘာလုံးနဲ့ သက်ဆိုင်နေရတော့ မမြင်ချင်လည်း မြင်ရ၊ လက်မခံချင်လည်း လက်ခံရတာမျိုးကိုး။ ဆိုလိုချင်တဲ့သဘောကတော့ အမေရိကမှာ သမ္မတတင်ကြရင် ဒီလို ကိစ္စတွေ ကြုံကြရတာဟာ ယခုမှ မဟုတ်ပါလားပေါ့။ ကျနော်တို့မှာ လက်ရှိ သမ္မတကိုကြည့်ရင်း စောကြောဝေဖန်မိလိုကြပေမဲ့ အမေရိကန်ပြည်ထောင်စုအတွင်းက သက်ဆိုင်သူ ပြည်သူပြည်သားတွေရဲ့ ခံစားချက်တွေ အပေါ်ကို လုံးဝဥဿုံ မြင်သိဖို့ကတော့ ဖြစ်မှ မဖြစ်နိုင်တာပဲ။ ဒါတွေကို ဝေဖန်ကောက်ချက်ဆွဲမိရင်လည်း အချက်အလက်တွေက အများကြီး ရှိလာမှာပါ။ အမေရိကန်ပြည်သူပြည်သားတွေက တခုခုဆို တကမ္ဘာလုံးက ပြဿနာတွေ ကြားထဲမှာ ဇာတ်လိုက်မင်းသားလို လိုက်ပါရတာကို ငြီးငွေ့စိတ်ကုန်လို့ ဒါတွေကို လုပ်ဆောင်ပေးဖွယ်ရာ ရှိတဲ့ ထရမ့်ကို မဲပေးလိုက်တာလား။ ရွှေ့ပြောင်းနဲ့ လူမည်းတွေကိုပဲ အာရုံထပ်နောက်ကြလေသလား။ နောက် လက်ရှိ ထရမ့်နဲ့ အနီးကပ်ဆုံး ပြိုင်ဆိုင်ရတဲ့ ဂျိုးဘိုင်ဒန် ကျန်းမာရေး ကိစ္စစတာတွေကနေရော အားမရကြရာကနေ ထရမ့်ကိုပဲ ပေးလ်ိုက်ကြတာမျိုးလား။ ကျနော်တို့အနေနဲ့ တိတိပပ မသိနိုင်။ လက်ရှိမှာတော့ ဆူညံပွက်လောရိုက်လာစေတဲ့ အကြောင်းအရာတွေကို မြင်လာကြရပါပြီ။ ဘာပဲ ဖြစ်ဖြစ် ကျနော်ကတော့ အမေရိကရဲ့ လွတ်လပ်ခိုင်မာပြီး အားကောင်းလှတဲ့ သတင်းစာမဏ္ဍိုင် အဆောက်အဦကြီးရဲ့ အလုပ်လုပ်နိုင်စွမ်း အပေါ်ကို ယုံကြည်သက်ဝင်လို့ နေဆဲ။ Spotlight ရုပ်ရှင်ထဲကလို မတရားမှုတွေ ပေါ်လွင်ဖို့အတွက် လုပ်ဆောင်ရဲကြတဲ့ သတင်းသမားတွေကိုလည်း စွဲထင်မှတ်မိလို့ နေဆဲဖြစ်ပါတယ်။ သမ္မတကိစ္စကို စုံစမ်းရတာထက်တောင် ပိုမိုထိလွယ်ရှလွယ် ဖြစ်တဲ့ ဘာသာရေးဆိုင်ရာ အရှုပ်ထုတ်ကြီး။ ခေတ်အဆက်ဆက်က ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ကက်သလစ် ဘာသာရေး အဖွဲ့အစည်းရဲ့ ပါဝါအာဏာ ကြီးမားလွန်းတာကနေ စုံစမ်းတွေ့ရှိခဲ့ရ အဆင့်ကနေပဲ ပြီးသွားရတဲ့ ကိစ္စ၊ အမှုဖြစ်စဉ်တွေက အင်မတန်မှ ရွံရှာဖွယ်ရာ အဖြစ်သနစ်တွေ။ ကက်သလစ် ဘုန်းတော်ကြီးအချို့ဟာ သာ့သနာဘောင် အတွင်းသို့ ဝင်လာကြတဲ့ ဆယ်နှစ်ပန်းမျှ ကလေးငယ်တွေကို မလျော်ကန်တဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို ကျူးလွန်ကြတာ ဖြစ်တယ်။ ထိုသို့ သားကောင်အဖြစ် ကျူးလွန်ခံကြရတဲ့ ကလေးတွေမှာ အရွယ်ရောက်လို့ လူကြီးရင့်မာကြီး ဖြစ်လာခဲ့တဲ့တိုင်အောင် အဲဲဒီ စိတ်ဒဏ်ရာတွေကို ခံစားနေကြရဆဲ။ The Boston Globe က သတင်းစာဆရာတွေက လိုက်မေးကြရတော့ မျက်ရည်တွေ သွင်သွင်စီးကျသူကျ၊ တချို့က ဒေါသဖြစ် ပေါက်ကွဲကြ နဲ့ ဒီအရာတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုကိုလည်း မရရှိကြရလို့လည်း ဖြစ်ပြီး အဲဒီလို ကိစ္စတွေကိုလည်း ကင်းလွတ်ခွင့် ရနေတာကို အကြောင်းပြုပြီး ဘယ်လောက်ထိများ ဆက်လက်ကျူးလွန်နေကြမလဲ။ မျိုသိပ်သည်းခံရင်း စိတ်ဒုက္ခသည် ဘဝနဲ့ပဲ ဆက်လျှောက်နေကြရမယ့် ကျူးလွန်ခံရသူတွေ မည်မျှအထိ ရှိနေမလဲ မသိ။ အမှုက ပေါ်လွင်ထင်ရှားလာလေ အင်မတန်မှ ကြီးမားလွန်းတဲ့ ကိစ္စကြီး ဖြစ်လာနေတယ်။ ဘာသာရေးနဲ့ ဆိုင်တဲ့ အရာဖြစ်လို့ တဖက်ကလည်း ဖော်ထုတ်တရားစွဲဆိုလို့ မရအောင် နည်းလမ်းပေါင်းစုံနဲ့ ပိတ်ပင်ကာဆီးထားကြတယ်။ ဒါပေမဲ့လည်း ဒီသတင်းစာဆရာတွေဟာ လက်လျှော့မပေးဘဲ ရအောင် ဖော်ထုတ်ပြီး တရားခွင်ကို ပို့ဆောင်နိုင်ခဲ့ကြပါတယ်။ ကျနော့်မှာတော့ ဘာသာရေးအရေခြုံ သင်းအုပ်ဆရာများရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာကို ခံရတဲ့ အမှုသည်တွေ ကို မြင်ရပြန်တော့ ကျနော်တို့ တိုင်းပြည်က အဖြစ်သနစ်တွေနဲ့လည်း နှိုင်းယှဉ်မိပြန်ပါရော။ အမိမြန်မာပြည်မှာ ဘာသာရေးက နိုင်ငံရေးနဲ့ တန်းတူ ရောယှက် အသုံးချခံနေရတာ မဟုတ်လား။ သင်္ကန်းခြုံထားရင် ဘာလုပ်လုပ် တင့်တယ်နေတဲ့ အခြေအနေမှာ တနေ့ကတင် သူလိုချင်တဲ့ ကာမကို မပေးလို့ ဆိုပြီး ကျောင်းကို လာရောက်နေတဲ့ မာတုကာမကို ရက်ရက်စက်စက််နဲ့ လက်စတုံးပစ်တဲ့ ကျောင်းထိုင် ဆရာတော်။ ဟိုးနှစ်တွေကတင် လူမှုကွန်ရက်မှာ ခပ်စိပ်စိပ်ကြားရတဲ့ ကျောင်းထိုင်ဆရာတော် ဖြစ်သူဟာ ဆင်းရဲချို့တဲ့ကြလို့ ကျောင်းမှာ လာထားကြတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အကြောင်းတွေ၊ နောက် သီလရှင် စာသင်ကျောင်းတွေမှာပါ လူမဆန်စွာ အနိုင်ကျင့်ခံကြရတဲ့ သီလရှင်ငယ်လေးတွေရဲ့ အကြောင်းတွေ။ ဒီမိုကရေစီ လူ့အခွင့်အရေး ဖွံ့ဖြိုးလှပါချည်ရဲ့ ဆိုတဲ့ အမေရိကလိုနေရာမှာတောင် ဘာသာရေး ကိစ္စဆိုရင် ခုလိုမျိုး ကင်းလွတ်ခွင့် ရကြရတာဆိုတော့ ကျနော်တို့ ပြည်အဖို့မှာတော့ လုပ်ချင်သလို လုပ် ထင်တိုင်းကျဲ ပြုကျင့်နေကြမယ့် အဲဒီလို ဘာသာရေး အမည်ခံ အရေခြုံ ရဟန်း အတုအယောင်များဟာ မည်မျှအထိတောင် ရှိနေမလဲ။ ကင်းလွတ်ခွင့်ရနေခဲ့ပြီး ယခုထက်တိုင် ကျူးလွန်နေကြမယ့်သူတွေ ဘယ်လောက်ထိ ရှိနေဦးမယ်မသိ။

  • ‘စတုတ္ထ အတောင်ပံများ’ ◼️ညီလင်းအိမ် အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကျော် စကားစုက သူတို့တိုင်းသူပြည်သား အကျိုးစီးပွားရဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ ရှိမနေရဘူး ဆိုတာပဲ။ သမ္မတလည်း မရဘူးပေါ့။ ဒီလို Political Thriller တွေနဲ့ ပတ်သက်ပြီး ရိုက်ကြတဲ့ ဖြစ်ရပ်မှန် အခြေပြု ရုပ်ရှင်တွေထဲမှာ Watergate Scandal ကိစ္စက နာမည်ကြီးပါတယ်။ ရှု့ထောင့်အမျိုးမျိုးကနေ ရိုက်ပြကြတယ်။ ကျနော်ကြိုက်တာကတော့ Robert Redford နဲ့ Dustin Hoffman တို့ပါတဲ့ All the President's Men ( 1976 )။ အဲဒီ Watergate Case ကနေ သမ္မတ Richard Nixon ရာထူးက ဆင်းရပြီးတဲ့ နောက်မှာ ထွက်လာတဲ့ ရုပ်ရှင်။ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်တွေဟာ ဘယ်လောက် ကောင်းမွန်တဲ့အကြောင်း ပြချင်နေတဲ့ ကာလမှာ ထွက်လာတဲ့ ရုပ်ရှင်လက်ရာ ဆိုတော့ ရှယ်ပဲ။ အဓိက ကျနော်ကြိုက်တာကတော့ Dustin Hoffman ရဲ့ သရုပ်ဆောင်ပုံက ရုပ်ရှင်ကို ပိုကြွနေတာမျိုး။ သူနဲ့ ရောဘတ် ရက်ဖို့ဒ်တို့က ဝါရှင်တန်ပို့စ်က သတင်းထောက်တွေ အဖြစ် သရုပ်ဆောင်ထားကြတာ ဖြစ်ပြီး ရုပ်ရှင်ကာရိုက်တာ ဝင်စားပြောင်းလဲမှုမှာလည်း သူတို့တွေဟာ ရောဘတ်ဒီနိရိုနဲ့အတူ တဟုန်ထိုး ဆန်တက်လာကြတဲ့ ယင်းခေတ်ရဲ့ နယူးဝေဗ့် Actor တွေ ဖြစ်တယ်။ ဆိုတော့ ရုပ်ရှင်ဇာတ်ကြောင်းကြီး တခုလုံးက ဘာမှ ပစ်တာခတ်တာ တခုမှ မပါဘူး။ ကြည့်နေကြ ကားတွေလို ဗီလိန်ကြီးတွေ၊ လူဆိုးဂိုဏ်းကြီးတွေလည်းမမြင်ရ မင်းသမီးချောချောလှလှနဲ့ ပလူးပြနေတာမျိုးလည်း တခုမှ မပါဘူး။ ဒီသတင်းထောက် နှစ်ယောက်ဟာ ဝါးတာဂိတ် အဆောက်အဦကို သူခိုးငါးယောက် ဝင်ဖောက်တာကို ဖမ်းမိတာကစပြီး မသင်္ကာရာကနေ သူတို့အတွက် ဒီမိုကရေစီ တိုင်းပြည်တခုရဲ့ အလုပ်လုပ် သက်ဝင်နေမှုကနေ ရရှိရတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ တိုင်းပြည်အဟုန်ကို အသွင်ပြောင်း တိုးတက်စေမှုမှာ မဏ္ဍိုင်ကြီး တခုအဖြစ် အရေးပါလွန်းတာမို့ စတုတ္ထ မဏ္ဍိုင်ကြီးလို့တောင် တင်စားရတဲ့ မှန်ကန်တည့်မတ်တဲ့ သတင်းဖော်ဆောင် စီးဆင်းခြင်း ဆိုတဲ့ မူကို အပြည့်အဝ ကိုင်စွဲထားကြတဲ့ သတင်းသမားနှစ်ယောက်ဟာ ယင်းလုပ်ပိုင်ခွင့် အောက်ကနေပဲ အမှုကို မရရအောင် စုံစမ်းကြပါတော့တယ်။ ယခုရုပ်ရှင်ဟာ သူတို့နှစ်ယောက်ရဲ့ ဖုံးကွယ်ထားတဲ့ အချက်အလက်တွေကို သက်သေသက္ကာရ ခိုင်ခိုင်မာမာနဲ့ အများပြည်သူထံကို တင်ပြပေးနိုင်ဖို့ ဖော်ထုတ်ကြတာကို ရိုက်ပြထားခြင်းသာ ဖြစ်တယ်။ ရုပ်ရှင်ထဲမှာ အဓိက ခေါင်းကြီးပိုင်းက လူတွေဟာ မရိုးမသားရှာဖွေထားတဲ့ ရံပုံငွေတွေ၊ နစ်ဆွန် သမ္မတဆက်ဖြစ်ဖို့ တရားမဝင်နည်းလမ်းတွေ အဖွဲ့တွေထူထောင်ပြီး ငွေကြေးသုံးစွဲတာတွေ၊ ပြီးတော့ အာရှဘက်က စစ်ပွဲတွေမှာပါ သူ့ရဲ့ အမိန့်တွေနဲ့ ဗုံးကြဲစေတာမျိုးအထိ တကယ့် ကို နိုင်ငံရေး အရှုပ်ထုပ်တွေ ဖြစ်နေပါတယ်။ ပြောမယ်ဆို ဒီမိုကရေစီ တိုင်းပြည်တပြည်အတွက် အလွန်အင်မတန်မှ အရှက်ရ သိက္ခာကျဖွယ် ကိစ္စရပ်တွေ ဖြစ်လို့နေတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ရတာက သက်ဆိုင်ရာ ပါဝင် ပတ်သက်မိသူတွေဟာ အကြောက်တရားတွေ ရှိကြပေမဲ့လည်း နစ်ဆွန်ရဲ့ မတရားသဖြင့် လုပ်တာတွေကို လက်မခံလိုကြတဲ့ ဖြောင့်မတ်တဲ့ လူတန်းစားတွေကိုလည်း တွေ့နိုင်ပါတယ်။ ဇာတ်ညွှန်းသွားဟာ ခုလို ရှုပ်ထွေးငြီးငွေ့စရာ Political ပြဿနာကြီးကို မှတ်တမ်းရုပ်ရှင်တခု မြင်ရသလို ရိုက်ပြနိုင်တာက ခုရုပ်ရှင်ရဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်မှုပါ။ သတင်းစာတိုက်က လူတွေ ခေါင်းကိုင် အယ်ဒီတာတွေရဲ့ အလုပ်လုပ်ပုံ အရည်အချင်းတွေ၊ နောက် သတင်းလိုက်ကြပုံတွေကို လက်တွေ့ကျကျ မြင်နိုင်အောင် ရိုက်ပြထားပါတယ်။ ဆိုတော့ ယခု ရုပ်ရှင်သွားဟာ နှောင်းခတ်မျက်မှောက်ကာလ နိုင်ငံရေးအခြေခံ ရုပ်ရှင်များအထိ လွှမ်းမိုးနေတာ တွေ့ရပြီးတော့ နှစ်နာရီကျော်ကြာ ရုပ်ရှင်ထဲမှာ ကြည့်ရှု့ကြရသူ ကျနော်တို့တွေပါ သူတို့နဲ့အတူ ယင်း သတင်းကွန်ရက်ကြီးထဲကို လိုက်ပါထောက်လှမ်းနေမိသလို ခံစားရပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပြောရရင် ဒီမိုကရေစီ အသီးအပွင့်ရဲ့ လွတ်လပ်မှု၊ တာဝန်ယူမှု တာဝန်ခံမှု အနှစ်သာရကို မြင်သိ ခံစားနိုင်ပေမဲ့ သူတို့ဆီမှာက ဖြစ်ပျက်နေကြတုန်းပဲ မဟုတ်လား။ လက်ရှိအချိန်အထိ သံသယဖြစ်နေကြဆဲ ဖြစ်တဲ့ ကနေဒီနဲ့ ရုပ်ရှင်မင်းသမီး မွန်ရိုး ကိစ္စ။ မာတင်ကြီး ဂန်းစတားရုပ်ရှင်တွေထဲမှာ ပါပါလာတတ်တဲ့ နိုင်ငံရေးသမားတွေကို အိတ်ကပ်ထဲ ထည့်ထားနိုင်ကြတဲ့ မာဖီးယား ဂိုဏ်းတွေ အကြောင်း။ ယခုလောလောလတ်လတ် ဖြစ်ပွားသွားတဲ့ ဒေါနယ်ထရမ့်ကို လုပ်ကြံမှု စလို့ ဆိုလိုရင်းက ဘယ်လောက်ပဲ အများကောင်းကျိုးအတွက်၊ တိုင်းပြည်အတွက် ဆိုပါစေ အာဏာကို ပိုက်ထွေးရတဲ့ အရသာကို ယစ်မူးကြခြင်း ကိစ္စတွေဟာ ဘယ်တိုင်းပြည်မှာ မဆို အနည်းနဲ့အများ ရှိနေကြတာပဲ။ ဒါကြောင့်လည်း ယင်းသို့ ဖြစ်မလာအောင် ဖော်ထုတ် တည့်မတ်ပေးတဲ့ သတင်းမီဒီယာကဏ္ဍတွေ၊ တရားစီရင်ရေးဆိုင်ရာ ဥပဒေထိန်းကျောင်းမှုတွေဟာ အင်မတန်မှ အရေးပါတဲ့အကြောင်းကိုပါ ဒီရုပ်ရှင်တွေကနေ တဆင့် သိနိုင်ပါလိမ့်မယ်။ မိတ်ဆွေတို့အနေနဲ့ သတင်းစာကဏ္ဍရဲ့ ဘယ်လောက် အရေးပါတဲ့ အကြောင်း ဆက်သိရ‌အောင် တွမ်ဟန့်ခ်တို့ ရိုက်ထားတဲ့ The Post လို ရုပ်ရှင်မျိုးတွေကိုလည်း မကြည့်ရသေးရင် ဆက်ကြည့်ဖို့ တိုက်တွန်းချင်ပါသေးတယ်။

  • без подписи

  • လူတယောက် လိုလိုလားလားနဲ့ ပါဝင်ဆောင်ရွက်တာမဟုတ်ဘဲ အတင်းအကြပ်ပြောဆိုစည်းရုံးသိမ်းသွင်းပြီး မတရားအနိုင်ကျင့်ဖို့အတွက် အင်အားဖြည့်တင်းတာကြီးက လူသားမဆန်တဲ့ လုပ်ရပ်ပဲလို့ ပြောနေစရာတောင် မလိုတော့ပါဘူး။ အဲ့ဒါကြောင့်ပဲ အာဏာရှင်ဟာ အာဏာရှင်အလုပ်ကို လုပ်တယ်လို့ ပြောနေကြတာပါ။ အိပ်မက်ထဲက အာဏာရှင်က ဆံရှည်ဖြစ်နေတာကိုတော့ မဝင်မကျဘူး။ အသက်ရှည်ရှည်နေရဖို့ဆိုတဲ့ နိမိတ်ပုံတခုခုကိုတောင် အိပ်မက်ထဲ ထည့်မမက်ချင်ပါဘူး။ အာဏာရှင် သက်ဆိုးရှည်နေတာကိုတော့ မလိုလားဘူး။ အာဏာရှင် သက်ဆိုးရှည်နေသမျှကာလ ကျနော်တို့တွေ ဘယ်လောက်အထိ ပြေးလွှားနေကြရဦးမလဲ။ အချိန်ကာလ ဘယ်လောက်ကြာကြာ ပြေးနေရမလဲဆိုတာ တွက်ဆလို့မရလို့ပဲဖြစ်ပါတယ်။ ဒီတခါအာဏာရှင်ဟာ အိပ်မက်ထဲမှာလိုမဟုတ်ဘဲ အပြင်မှာလို ဆံပင်တိုတိုနဲ့ပဲ ဖြစ်စေချင်မိတယ်။ ကျနော်အိပ်မက်က လန့်နိုးလာတော့ ပြေးနေရတဲ့နေရာတခုမှာ ရောက်နေတာပါ။ ခရီးဘယ်လောက်ဝေးအောင် ပြေးရသလဲတော့ မရေတွက်နိုင်ပါဘူး။ ပြေးလာခဲ့ရတဲ့ နေရာကနေ အခုဆို ရေခြားမြေခြားတဲ့ အခန်းကျဉ်းလေးတခုကို ရောက်လို့နေပါတယ်။ အိပ်မက်ထဲက အဖေမှာလိုက်တာ တနေ့ အခြေအနေသာတဲ့အခါ အိမ်ကိုပြန်လာကြဆိုတဲ့စကားက ဘယ်လောက်ကြာကြာ ခွဲခွာ‌နေကြရမလဲဆိုတာ တွက်ဆစရာ မျှော်လင့်ချက်တချို့ လိုက်ရှာကြည့်နေမိပါတယ်။ တချို့မျှော်လင့်ချက်တွေက ခဏအတွင်းမှာပဲ ဝေဝါး​ပျောက်ကွယ်သွားပါတယ်။ တချို့မျှော်လင့်ချက်တွေက မကြာခဏဆိုသလို ပြန်ပေါ်လာတယ်။ မျှော်လင့်ချက်တွေက လူတယောက်အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့အကြောင်း တယောက်ယောက်က လာမပြောပြလဲ ကြိုပြီးသိထားနှင့်နေပါပြီ။ ခြေခင်းလက်ခင်းသာတဲ့တနေ့ ပြေးလွှားကွဲကွာနေတဲ့အရာတွေ ပြန်ဆက်မိကြပြီး တရုံးရုံး စည်းရုံးပျော်ပါးကြမှာ သေချာပါတယ်။ . . . #တာပလု #TheCall #ခေါ်သံ

  • အဖေက သူ့သားတွေကို စစ်မှုထမ်းဖို့အတွက် လာပြီးစည်းရုံးနေတယ်ဆိုတာကို သိထားပုံရတယ်။ ဒီလိုနေရာမှာ ယောက်ျားသားတယောက်ယောက်က ခွန်းတုန့်ပြန်ဖို့ဆိုတာထက် မိန်းမတယောက်ယောက်က ပြန်ပြောတာဆို လူစိမ်းလည်း အားနာဟန်နဲ့ ပြန်ထွက်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ အဖေက ထွက်မတွေ့တာလည်းဖြစ်နိုင်ပါတယ်။ လူစိမ်းရဲ့မေးခွန်းကို ဘယ်သူကမှပြန်မဖြေခင်မှာဘဲ ညီလေး နို့ညှာကောင်က ကျနော်တို့ ညီအကိုငါးယောက်ရှိတယ်လို့ ပြန်ဖြေလိုက်တယ်။ အဲ့ဒီလိုဖြေလိုက်တော့ ကျနော်က ညီလေးနို့ညှာကောင်ကို မင်းဖြေစရာမလိုဘူး။ အိမ်မှာမိဘတွေရှိတယ်။ အကိုကြီးတွေရှိတယ်။ ဒီလိုနေရာမျိုးမှာ ဝင်ဖြေပေးစရာမလိုတဲ့အကြောင်း နှုတ်ပိတ်လိုက်တယ်။ လူစိမ်းရှေ့မှာတော့ အတိုင်အဖောက်မညီတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ ညီလေးနို့ညှာကောင်က ငယ်ငယ်ထဲက စကားတတ်တယ်။ ခြေသွက်၊ လက်သွက်ရှိတယ်။ တခုခုဆို တွေဝေတုန့်ဆိုင်းမနေဘဲ တုန့်ပြန်တတ်တာ သူ့ရဲ့မွေးရာပါအကျင့်တခုပဲ။ တခါကကျောင်းမှာ ဆရာမက သူ့အချိန်ကျလို့ အတန်းထဲ တန်းမဝင်သေးဘဲ အခန်းဝကနေ နောက်ထပ်ဆရာမတယောက်နဲ့ စကားရပ်ပြောနေချိန်မှာ သူကဆရာမကို မကြောက်မရွံ့ပြောခဲ့တာ ကျောင်းမှာနာမည်ကိုကြီးသွားတာပဲ။ "ဆရာမကိုယ့်အချိန်ကျနေတာ အခန်းထဲမဝင်ဘဲ ဘာလို့ရပ်စကားပြောနေတာလဲ။ ကိုယ့်စာသင်ချိန်ကို အပြည့်ယူရမှာမဟုတ်လား"လို့ ပြောလိုက်တာ။ ဆရာမကသူကို မကျေနပ်လို့ ကျောင်းအုပ်ကြီးသွားတိုင်တဲ့အဆင့်တောင် ရောက်ခဲ့သေးတယ်။ ကျောင်းအုပ်ကြီးက ကလေးမမှားဘူး။ ဆရာမအနေနဲ့ပြင်ရမှာလို့ပဲ ပြောလိုက်တဲ့အကြောင်း အမေနဲ့အဖေဆီကို သတင်းရောက်လာတာပါ။ ညီလေးနို့ညှာကောင်က အဲ့လိုလူမျိုးပါ။ အခုဒီနေရာမှာတော့ ပါးရည်နပ်ရည်ရှိဖို့က လိုတယ်မဟုတ်လား။ အရှိကိုအရှိအတိုင်း ဖြေမိလိုက်ရင် ညီအကိုတွေအကုန်လုံးက အာဏာရှင်ကို အသက်ဆက်ပေးဖို့အတွက် စစ်မှုထမ်းထဲပါသွားနိုင်တယ်လေ။ ကျနော်ဟန့်တားလိုက်တော့ ညီလေးနို့ညှာကောင်က ဘာမှမပြောတော့ဘူး။ အမေက မီးဖိုခန်းထဲကနေ ထွက်လာပြီး လူစိမ်းမေးတဲ့ မေးခွန်းတွေကို ဆက်ပြောပြနေပါတယ်။ အမေမျက်နှာမကောင်းတာကို သိလိုက်တယ်။ တကယ်လဲ မျက်နှာမကောင်းစရာ အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပြီမဟုတ်လား။ စစ်ဖြစ်ရင် သားသည်အမေတွေရဲ့ စိတ်သောကကို အမေတွေကိုယ်တိုင်ကပဲ အသိဆုံးဖြစ်မှာပါ။ စစ်ဖြစ်ရင် သားတွေဟာ စစ်ထဲလိုက်ရတော့မယ်ဆို‌တာသိရင် အမေတွေရင်ထဲ ဘယ်လိုခံစားနေရမလဲ။ မတရားတဲ့အဖွဲ့အစည်းဘက်က အသက်ပေးရဖို့ဖြစ်လာရင် နောက်ထပ်ရွေးချယ်စရာ နည်းလမ်းကို မဖြစ်မနေ ရွေးချယ်ရတော့မှာလည်း ဖြစ်ပါတယ်။ သားငါးယောက်အမေတယောက် လူစိမ်းမေးသမျှ ပြောပြနေရင်းကပဲ ခေါင်းညိမ့်ခေါင်းခါ လုပ်နေတာကို တွေ့ရပါတယ်။ လူစိမ်းကပြန်ထွက်သွားပါတယ်။ အိမ်မှာရှိနေကြတဲ့ ကျနော်တို့ညီအကို ငါးယောက်ကိုလည်း ခရီးမလွန်ဖို့အတွက်တောင် ပြော‌သွားသေးတာ။ ကျနော်တို့ညီအကိုတွေ ခရီးလွန်အောင် ပြေးကြရတော့မယ်ဆိုတဲ့အသိကို ချက်ချင်းဆိုသလိုရသွားတယ်။ အဲ့ဒီနေ့မနက်က အဖေနဲ့အမေချက်တဲ့ ထမင်းနဲ့ဟင်းကို စားဖို့တောင် စိတ်ထဲမရောက်တော့ပါဘူး။ အဖေက မင်း‌တို့ ဒီနေရာကနေ ဝေးနိုင်သလောက်ဝေးအောင် ပြေးကြတော့။ အဖေတို့အမေတို့က ကြည့်နေမယ်။ အခြေအနေတွေကို သတင်းနားထောင်ပြီး အေးချမ်းတဲ့တနေ့ အိမ်ပြန်လာကြပေါ့။ အခုတော့ ပြေးတော့။ အဖေက ကျနော်တို့ညီအကိုတွေကို အိမ်ကနေ အဝေးတနေရာကို ပြေးကြဖို့ပဲပြောပါတယ်။ ကျနော်တို့လဲ ပြေးဖို့လုပ်ရတော့တာပေါ့။ ညီလေးနို့ညှာကောင်က အဖေ့ကို စကားတခွန်းပြန်ပြောတယ်။ ကျနော်တို့အိမ်က ဘယ်လိုလုပ်မလဲတဲ့။ ဒီလိုအခင်းအကျင်းမဖြစ်ခင်က အဖေနဲ့ကျနော် အမြဲပြောဖြစ်ကြတာ။ ဆင်းရဲတာတချို့နေရာတွေ အန္တရာယ်ကင်းတယ်အဖေ။ ဆင်းရဲတော့ တယောက်ယောက်က ဖျက်ဆီးစရာ၊ ‌ဖျက်ပစ်စရာလဲမရှိလို့ အန္တရာယ်ကင်းတယ်လို့ အဖေနဲ့ ပြောဖြစ်ကြတယ်။ အခုလဲ ညီလေးနို့ညှာကောင်ရဲ့မေးခွန်းကိုအဖေက အဖေနဲ့အမေက ဘယ်နေရာကပ်နေနေရတယ်။ မတော်လို့ အိမ်မီးရှို့ဖျက်ဆီးခံရရင်လဲ ဒီလေးတိုင်စင်အိမ်လေးပဲ ဖျက်ပစ်ခံရမှာ ဒီထက်ပိုပြီး သူတို့လုပ်လို့မရဘူး။ လုပ်စရာလဲမရှိဘူးတဲ့။ အိမ်ကနေ ပြေးနေရတဲ့အချိန်မှာပဲ အိပ်မက်ထဲကနေအပြင်ကိုရောက်လာတယ်။ တကယ့်ကို မောကြီးပန်းကြီးနဲ့ပေါ့။ ပြေးရလွှားရတဲ့ အိပ်မက်မျိုးက မကြာခဏ မြင်မက်တတ်တယ်။ အထူးသဖြင့် ဒီလိုကာလမျိုးမှာပါ။ အိပ်မက်အကြောင်း ဘေးနားက အမျိုးသမီးကိုပြောပြလိုက်တယ်။ လူစိမ်းအကြောင်း။ လူစိမ်းဟာ တိုင်းမှူးတယောက်ဖြစ်တယ်။ အဲ့ဒီလူစိမ်းက စစ်တပ်အရာရှိ တဦးနဲ့မတူဘဲ အဆိုတော်တယောက်နဲ့တူနေတယ်။ သူ့ဆံပင်ပုံစံက ဆံရှည်နဲ့ပါ။ ဆံပင်အရှည်ကြီးနဲ့ တိုင်းမှူးကို အိပ်မက်မက်တာလား။ ဆံပင်အရှည်နဲ့လူဆိုရင်တော့ တော်တော်နဲ့သေမယ့်သူမဟုတ်ဘူး ဆိုတာ အမျိုးသမီးက ပြောပါတယ်။ အိမ်မက်ထဲမှာ ဆံပင်အရှည်ကြီးနဲ့ အိပ်မက်မြင်မက်ရင် အဲ့ဒီလူဟာ တော်တော်မသေနိုင်သေတဲ့လူပဲတဲ့။ အဲ့ဒီအကြောင်းတွေကို ကျနော်မသိခဲ့ပါဘူး။ တကယ်လဲ အဲ့လိုမျိုးလားဆိုတာတော့ အတွေးရောက်သွားပါတယ်။ အာဏာရှင်ရဲ့အစွယ်အပွားတယောက်ဟာ သားယောက်ျားတွေရှိတဲ့အိမ်မှာ စစ်မှုထမ်းဖို့ လိုက်ပြီးစည်းရုံးနေတယ်။ သူသည်လဲ အာဏာရှင်ပဲပေါ့။ အတင်းအကြပ်စေခိုင်းဖို့အတွက် ပြောဆိုစည်းရုံးနေတာက လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်ရှိတဲ့ လူအခွင့်အရေးဆုံးရှုံးလိုက်ရတာပဲမဟုတ်လား။

  • ‘အိပ်မက်ထဲမှာ ပြေးလွှားခဲ့ရတာတွေ’ ◼️တာပလု အိပ်မက်တွေဟာ လူတယောက်ကို ဘယ်လောက်အထိ ခြောက်လန့်တုန်လှုပ်စေနိုင်သလဲတော့ မပြောတတ်ပါဘူး။ တချို့အိပ်မက်တွေဟာ မြင်မက်လိုက်တဲ့ တခဏတာအတွင်းမှာပဲ လူကိုတုန်လှုပ်သွားစေနိုင်တာ ဖြစ်ပါတယ်။ အိပ်မက်ကောင်းမက်ရင်တော့ ကြည်နူးစရာတခုခုတော့ ရစေမှာပေါ့။ တုန်လှုပ်ခြောက်ခြားစရာဆိုရင်တော့ လူတယောက်ကို သက်‌သောင့်သက်သာရှိစေမှာတော့ ဘယ်ဟုတ်ပါ့မလဲ။ ကာလတရားက ပြဌာန်းပေးလိုက်တာက မြင်မက်ရတဲ့ အိပ်မက်တိုင်းလိုလို ပြေးလွှားနေရတာတွေက များပါတယ်။ အပြင်မှာလဲ ပြေးလွှားခဲ့ရသလို အိပ်မက်ထဲမှာလဲ ပြေးလွှားခဲ့ရတာတွေက အတောမသတ်နိုင်သေးတဲ့ အမှန်တရားလို့တောင် ပြောလို့ရမယ်ထင်ပါတယ်။ ကိုပုတုတယောက် သူတကယ်အပြင်မှာ ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပါတယ်။ ကျနော်တို့က သူ့ကိုနာမည်ဝှက်တခုနဲ့ ခေါ်ဖို့အတွက် တိုင်ပင်ကြတော့ သူကိုယ်တိုင်ကပဲ ကိုပုတုလို့ခေါ်ရင် ရတယ်လို့ ပြောပါတယ်။ သူခေါ်စေချင်တဲ့နာမည်ကိုပဲ ကျနော်တို့ကသူ့ကို ကိုပုတုလို့ ခေါ်ပါတယ်။ ဒီနာမည်ကို ကျနော်တို့အချင်းချင်းကြားမှာပဲ သိကြတာပါ။ သူ့နာမည်အရင်းကို လူသိမခံစေချင်လို့ အခုလိုခေါ်ကြတာလည်း ဖြစ်ပါတယ်။ မြို့ပေါ်က သူ့မိသားစုကို ထိခိုက်ရန်ရှာနိုင်စေမယ့်အရေးက ကာကွယ်ဖို့ဆိုတဲ့ ဆန္ဒတခုနဲ့ သူ့ကိုနာမည်ဝှက်တခုနဲ့ ခေါ်စေတာလည်းဖြစ်ပါတယ်။ "ကျနော် ပြေးတယ်။ ကျနော်ပြေးတာ စစ်ကားရှေ့တည့်တည့်ကနေပြေးတာ။ ပတ်ပြေးစရာလမ်းကလည်း မရှိဘူး။ ကျနော့်လက်ထဲမှာတော့ ဖောက်ခွဲရေးပစ္စည်းတွေပါတယ်။ အဲ့ဒီရက်တွေက မြို့ပြမှာ သပိတ်စခန်းတွေကို ချက်ချင်းဖြိုခွင်းလို့မရအောင် အတားအဆီးအဆင့်ဆင့်တွေခံထားကြတယ်။ အဲ့ဒီအတားအဆီးတွေကို မီးလောင်စေနိုင်တဲ့ အရာတွေကို အရံသင့်လုပ်ထားတာ။ သပိတ်စခန်းကို ဖြိုခွင်းဖို့ စစ်ကား၊ ရဲကားဝင်လာပြီဆို အဲ့ဒီအတားအဆီးတွေ ခြားထားတဲ့နေရာကို မီးလောင်စေဖို့အတွက် ချက်ချင်းဆိုသလိုလုပ်ရတာ။ အဲ့ဒီနေ့က ကျနော်ဖောက်ခွဲမီးရှို့ရမယ်အဆင့်မှာပဲ စစ်ကားက ရှေ့ကနေ ဘွားခနဲပေါ်လာတာ။ ပေါ်လာတော့ ပြေးရတာပေါ့။ အနောက်ကနေ သေနတ်နဲ့ တချက်ပစ်လိုက်တယ်။ ကျနော်ခလုပ်တိုက်ချော်လဲတာနဲ့ကြုံလို့ မထိလိုက်ဘူး။ ပြန်ထပြန်ပြေး။ နောက်တချက်ထပ်ပစ်တယ်။ နောက်တခါချော်လဲတာနဲ့ အံကိုက်ဖြစ်သွားလို့တော်‌သေးတာ။ နောက်မဟုတ်ရင် အခုလိုစကားပြောခွင့် ရမှာတောင် မဟုတ်ဘူး" ကိုပုတုက သေနတ်ပြောင်းဝက ထွက်လာတဲ့ကျည်ကို ကံကြမ္မာအလှည့်အပြောင်းကြောင့် သေကံမရောက် သက်မ​ပျောက်ခဲ့ဘူး။ ကံတရားက မျက်နှာသာပေးခဲ့လို့သာပေါ့။ အဲ့ဒီအချိန်မှာ ကိုပုတု တယောက် ဇွဲနပဲနဲ့ပြေးလွှားခဲ့လို့ပေါ့။ ပြေးနိုင်မှလွတ်မှာ ဆိုတဲ့အတိုင်း ပြေးခဲ့လို့ လွတ်ခဲ့ပါတယ်။ ကိုပုတုလိုပဲ ကျနော်တို့ ပြေးခဲ့ရတယ်။ ပြေးခဲ့ရတဲ့ လူအုပ်ကြီးက နည်းမှမနည်းတာ။ အဲ့ဒီပြေးလွှားခဲ့ရတဲ့ အရာကြီးကိုပဲ အိပ်မက်ထဲ ခဏခဏမြင်မက်နေတာ စိတ်အစွဲတခုခုကြောင့်ဖြစ်မလားပဲ။ ကိုပုတုလဲ ဒီအကြောင်းတွေ မကြာခဏအိပ်မက်ထဲ ပြန်မက်တတ်တယ်လို့ ပြောပါတယ်။ ပြေးလွှားတဲ့အကြောင်း အိပ်မက်မက်တာဆိုတော့ သက်သောင့်သက်သာတော့ ဘယ်ရှိပါ့မလဲ။ အိပ်မက်ကနေ အပြင်ကို လန့်နိုးလိုက်ချိန်မှာ ရင်ခုန်နှုန်းက အရှိန်အဟုန်နဲ့ကို လှုပ်ရှားနေတာ။ တော်တော်နဲ့ အရှိန်သတ်လို့မရတာမျိုးပေါ့။ စစ်ကားတွေ၊ ရဲကားတွေ၊ သေနတ်သံတွေ၊ ချော်လဲပြီး ပြန်ထပြေးကြသူတွေ၊ အထုပ်အပိုးထမ်းပြီး ပြေးကြသူတွေ၊ စစ်ကြောင်းဝင်လာလို့ မိုးထဲ‌ရေထဲ ပြေးကြရတဲ့သူတွေ။ ပြေးရတဲ့အကြောင်း။ ပုန်းခိုရတဲ့အကြောင်း အချိန်တခုခုမှာတော့ မေ့‌ပျောက်နိုင်ကောင်းပါရဲ့။ ဒီတခါမက်တဲ့ အိပ်မက်က အသစ်အဆန်းတခုပဲ။ အာဏာရှင်အစွယ်အပွားတယောက်အကြောင်းပါ။ သူက တခေတ်တခါက ဧရာဝတီတိုင်းမှာ တိုင်းမှူးတာဝန် ကျခဲ့ဖူးသူတယောက်ပါ။ အဲ့ဒီအိပ်မက်က သားငါးယောက်မွေးထားတဲ့ အိမ်မှာ စစ်မှုထမ်းဖို့ လာပြီးစည်းရုံးတာပါ။ ကျနော်တို့အိမ်ကို လူတယောက် ရောက်လာတယ်။ အဲ့ဒီလူက ခရမ်းရောင်တီရှပ်နဲ့ ပုဆိုးနဲ့တွဲဝတ်ထားတယ်။ ဆံပင်က ဂုတ်ထောက်တဲ့အဆင့်ကနေတောင် ကျော်နေတယ်။ သူ့ပုံစံက အဆိုတော်တယောက် ပုံစံနဲ့တူနေတယ်။ တကယ်တော့ သူကအဆိုတော်တော့ မဟုတ်ဘူး။ အိမ်ရှေ့ကိုရောက်လာတော့ သူ့ကိုယ်သူ တိုင်းမှူးတယောက်ပါလို့ မိတ်ဆက်တယ်။ ကျနော်တို့အိမ်က လေးတိုင်စင်လေးကို တဖက်စောင်း အမိုးမိုးထားတယ်။ တဖက်ရပ် လေးတိုင်စင်လေးမှာ အိမ်လုပ်နေကြတာပေါ့။ ကျနော်က မျက်နှာစိမ်း ဧည့်သည်တယောက် အိမ်ထဲဝင်လာပြီး တိုင်းမှူးလို့ မိတ်ဆက်တာကို ကြားကြားချင်း လှဲနေရာကနေ ထလိုက်တယ်။ ဒါဟာအိပ်မက်ထဲမှာ ဖြစ်တဲ့အဖြစ်အပျက်ပါ။ အိပ်မက်ထဲအထိ တိုင်းမှူးဆိုတာ စစ်အာဏာရှင်တွေရဲ့ အစွယ်အပွားတွေ သူတို့ကိုမယုံရဘူးဆိုတဲ့ အသိစိတ်က ကပ်နေတယ်။ အဖေနဲ့အမေက မီးဖိုထဲမှာ အလုပ်ရှုပ်နေကြတယ်။ မီးဖိုနဲ့အိမ်က သပ်သပ်စီပါ။ ဘေးချင်းကပ်နေတာဆိုတော့ အသံခပ်တိုးတိုး လှမ်းခေါ်ရင်တောင် ကြားရပါတယ်။ လူစိမ်းက အိမ်ရှေ့တံစက်မြိတ်ကနေ မှတ်တပ်ရပ်နေရင်းကပဲ ဒီအိမ်မှာယောက်ျားသားတွေ ဘယ်နှယောက်ရှိလဲ ဆိုတာကိုမေးတယ်။ အဲ့ဒီအချိန်မှာ အဖေက အမေကို လူစိမ်းရဲ့ မေးခွန်းတွေကိုဖြေဖို့ မီးဖိုးခန်းထဲကနေ နှင်လွှတ်နေတဲ့အသံ ကြားရတယ်။

  • без подписи

  • ဗန်းမော်နဲ့ မံစီ မြို့သိမ်းတိုက်ပွဲတွေကို ကေအိုင်အေက မနှစ်က ဒီဇင်ဘာလအတွင်းက စခဲ့တာဖြစ်ပြီး ကေအိုင်အေက တပတ် ၁၀ ရက်အတွင်းမှာပဲ ဗန်းမော်မြို့ပေါ် နေရာတော်‌တော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်ကခေါ်ယူပြီး ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေလည်း မနှစ်က နှစ်မကုန်ခင် ကြားခဲ့ကြရတယ်။ ဗန်းမော်ပတ်ဝန်းကျင်မှာရှိတဲ့ မိုးမောက်နဲ့ မံစီမြို့တွေကို ကေအိုင်အေက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဗန်းမော်မှာကျန်တဲ့ စကခ ၂၁ ကို ဆက်လက် တိုက်ခိုက်နေခဲ့တယ်။ တမြို့လုံးကို အပြီးသတ် မသိမ်းပိုက်နိုင်ဘဲ စစ်တပ်က ဗုံးလာကြဲလိုက်၊ တန်ပြန်ထိုးစစ်ဆင်လိုက်နဲ့ ခုချိန်ထိ ဗန်းမော်တိုက်ပွဲဟာ ရှေ့တိုးလိုက်၊ ပြန်ရပ် ခုခံထားလိုက်၊ အခြေအနေတွေကြည့်ပြီး စစ်ကစားလိုက်၊ နားလိုက်၊ တိုက်လိုက်လုပ်နေတဲ့ သဘောမျိုးဖြစ်တယ်။ ဒီရက်ပိုင်းလို တိုက်ပွဲတွေ ပြန်စိပ်စိပ် ဖြစ်လာမယ်ဆိုရင်တော့ ဗန်းမော်ကို ကေအိုင်အေ ပြန်ထိန်းချုပ်ပြီး သိမ်းပိုက်နိုင်ဖို့ဆိုတာ ဒီနှစ်အတွင်း ဖြစ်လာနိုင်စရာရှိတယ်။ 'ဘာလေးဘာမှာ ဘာလုပ်မလဲ' ရခိုင်စစ်မျက်နှာကိုကူဖို့၊ မကွေးမှာ တိုက်ပွဲတချို့နဲ့ ကချင်စစ်မျက်နှာကိုကူဖို့ စစ်ကိုင်းနဲ့ မန်းမှာ တိုက်ပွဲတချို့ လိုအပ်နေတဲ့သဘောများ ဖြစ်မလား ချိန်ဆကြည့်နိုင်တယ်။ ကျောက်ဖြူနဲ့ ဗန်းမော်ကို အရတိုက်နိုင်ခဲ့ရင် ၂၀၂၅ နှစ်ဝက်ကစပြီး ပုံစံအသစ်နဲ့ အသံမာလာတဲ့ စကမကို တော်လှန်ရေးဘက်က ပြန်ပြီး ဖိအားပေးလာနိုင်ပါလိမ့်မယ်။ ကိုးကန့်မော်ဒယ်ကိုမှီးပြီး တကယ်သာ ရှမ်းမြောက်မှာ စစ်ပွဲတွေ အပြီးသတ် ငြိမ်သက်သွားမယ်ဆိုရင်တော့ ရခိုင်နဲ့ ကချင်ဟာ တော်လှန်ရေးရဲ့ အမာခံ ကျောထောက်နောက်ခံအဖြစ် ရောက်ရှိလာမှာပဲဖြစ်တယ်။ ကျောက်ဖြူနဲ့ ဗန်းမော်စစ်ကို ကူညီတဲ့ ဗမာစစ်တိုင်းတွေအတွင်းက တိုက်ပွဲတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဒါကို တော်လှန်ရေးမှာ ဟန်ချက်ညီညီ တိုက်ပွဲဝင်တယ်လို့ သတ်မှတ်‌ပေးရမှာပဲဖြစ်တယ်။ #ကျော်ဇောခိုင် #NewsAnalysis #TheCall #ခေါ်သံ

  • "အနောက်ဘက်နဲ့ မြောက်ဘက်စစ်မျက်နှာ" - သတင်းသုံးသပ်ချက်​ဆောင်းပါး - ■ ​ကျော်​​ဇောခိုင် တအာင်းနဲ့ စကမကြား ဆွေးနွေးပွဲမှာ တအာင်းဘက်က ကျောက်မဲနဲ့ သီပေါကို ပြန်ပေးမယ်ဆိုပေမယ့် စကမဘက်က ယခင် ကိုယ်ပိုင်အုပ်ချုပ်ရေး သတ်မှတ်ပေးထားတဲ့ နမ့်ဆန်နဲ့ မန်တုံကလွဲလို့ ကျန်တဲ့ဒေသတွေအားလုံး ပြန်ပေးဖို့ တောင်းဆိုတဲ့အတွက် သြဂုတ်လမကုန်ခင် လုပ်မယ်ဆိုပြီး အားလုံးစောင့်ကြည့်နေတဲ့ တအာင်း စကမ ဆွေးနွေးပွဲဟာ သဘောတူညီချက်မရခဲ့ဘဲ ပြီးဆုံးသွားခဲ့တယ်။ 'ကျောက်မဲအကျဥ်းသား' ကျောက်မဲနဲ့ သီပေါကို ပြန်ပေးမယ်ဆိုတဲ့ TNLA ရဲ့ကမ်းလှမ်းချက်ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရခဲ့တဲ့ မြို့တွေထဲက မိုးကုတ်နဲ့ မိုးမိတ်ကလွဲရင် ကျန် ၃ မြို့ (နောင်ချိုအပါ) ကို လက်လွှတ်ပေးမယ်၊ တရုတ်နဲ့ကုန်သွယ်ရေးကိုပြန်ဖွင့်ပြီး ရှမ်းအနောက်မြောက် (ကချင်ထိစပ်) နဲ့ ရှမ်းအနောက် (မန်းထိစပ်) ဒေသတွေမှာ အခိုင် ပြန်နေလိုတဲ့ သဘောဖြစ်တယ်။ တနည်းပြောရရင် လားရှိုးအနောက်ဘက်မှာ တတန်းတည်းလောက်ဖြစ်တဲ့ နမ္မတူ၊ နမ့်ဆန်နဲ့ မိုးကုတ်ကို တအာင်းဒေသရဲ့ သယံဇာတနဲ့ စီးပွားရေးဗဟိုလို့ ယူဆကြည့်နိုင်ပြီး မန်တုံ၊ နမ်းခမ်းနဲ့ ကွတ်ခိုင်တကြော (ရွှေလီမြစ်ကြောင်း၊ တရုတ်ကုန်သွယ်ရေး ထွက်ပေါက်နဲ့ မူဆယ်လမ်းကြော) ကို ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် ယူဆနိုင်မယ်။ ဆိုလိုတာက မန္တလေး-လားရှိုး ကုန်သွယ်ရေးလမ်းမကြီးကို စကမကိုပြန်ပေးပြီး ဒေသတွင်း စီးပွားရေးနဲ့ ကုန်သွယ်ရေး အချက်အချာနေရာတွေကို ဆက်လက် ထိန်းချုပ်ထားမယ်ဆိုတဲ့ သဘောထားမျိုးလို့ သုံးသပ်ကြည့်နိုင်တယ်။ ဒီသုံးသပ်ချက်သာ မှန်မယ်ဆိုရင် TNLA ဟာ MNDAA လို တော်လှန်ရေးမတိုင်မီက မူလ ဒေသသတ်မှတ်ချက်အပေါ် ကိုယ့်မူနဲ့ကိုယ် ချဲ့ထွင်ထားတဲ့ အရံဒေသတွေနဲ့ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးကို အထိုင်ချဖို့ ရွေးချယ်လိုဟန်ရှိတယ်လို့ သတ်မှတ်ရမှာဖြစ်တယ်။ 'ကျောက်ဖြူမှာ စစ်တပ်ပြန်ဆုတ်' မြောက်ပိုင်းညီနောင် ၃ ဖော်လို့ နာမည်ကြီး နာမည်တွင်တဲ့အထဲ ရှမ်းမြောက်က ညီနောင် ၂ ဖော်တို့ တရုတ်ဖိအားနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေးထဲ ပိတ်မိလာချိန်မှာ ရခိုင်ဒေသက တော်လှန်ရေးရဲ့ အနောက်ဘက်သွေးကြောလည်း ဖြစ်သလို တော်လှန်ရေးရဲ့ ပြင်းထန်တဲ့ မောင်းနှင်အားတခုဖြစ်တဲ့ အေအေဟာ စကမရဲ့ထိုးစစ်ကို ကျောက်ဖြူမှာ ပြန်ချိုးချနေသလို နိုင်ငံတကာကလာမယ့် ရိုဟင်ဂျာထောင်ချောက်ကိုလည်း သတင်းတွေကအစ တိုက်ပွဲတွေအဆုံး စစ်မျက်နှာ ၂ ခုစလုံးမှာ သတိထား ကိုင်တွယ်နေရတာ တွေ့ရတယ်။ တပ်မ ၁၁၊ ၉၉ နဲ့ တခြားက စုပေါင်းစပ်‌ပေါင်း တပ်တွေအားလုံးပေါင်းပြီး ကျောက်ဖြူကိုလာတဲ့ စကမတပ်တွေဟာ တကယ်တော့ စစ်တပ် ဝါဒဖြန့်ချိရေး အင်စတာဂရမ် သတင်းတွေမှာသာ (ဇွန်လဝက်လောက်ကစလို့ သြဂုတ်လဆန်းလောက်အထိ) အသာစီးရနေတဲ့သဘော တွေ့နေတာဖြစ်တယ်။ လက်တွေ့ မြေပြင်ကိုကြည့်ရင် မေလ ၂၇ မှာ တပ်မ ၁၁ နည်းဗျူဟာမှူး ဗမခကျော်မျိုးအောင် နှမ်းဖဲတောင် စခန်းသိမ်းတိုက်ပွဲ (ရဲတပ်ရင်း ၃၂ ရဲ့ ကာကင်းစခန်း) မှာ ကျဆုံးပြီး စစ်တပ်ဘက်က အများအပြား လက်နက်ချကြတယ်။ မေလ ၃၀ ရက်က မင်းတပ်တောင်တိုက်ပွဲမှာ စစ်တပ်ရဲ့ တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုဗမကတဦးနဲ့ သုံ့ပန်းတွေ ဖမ်းဆီးခံရပြန်တယ်။ ဇွန်လထဲမှာ မဒေးကျွန်းနဲ့ ဓညဝတီရေတပ်ကို ဖြတ်တောက်ထားလိုက်နိုင်ပြီး ကျောက်ဖြူရဲတပ်ရင်း ၃၂ နဲ့ တိုက်ပွဲတွေ ပြင်းထန်တယ်လို့ သတင်းတွေမှာ တွေ့ခဲ့ရတယ်။ အေအေဟာ ကျောက်ဖြူကို တခြားမြို့နယ်တွေကို တိုက်ခိုက်သလို စစ်ဦးထိုးပြီး တရစပ် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ တက်လိုက် ရပ်လိုက် ချော့တိုက်နေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်တယ်။ ကျောက်ဖြူ ခမရ ၅၄၂ နဲ့ ၅၄၃ (မှတ်ချက် - စကခ ၅ အောက်က မြို့ပြင်ကတပ်ရင်း ၂ ခု၊ မြို့ထဲမှာ ခလရ ၃၄) တို့ကို တဖြည်းဖြည်းချင်း ချဥ်းကပ် တိုက်ခိုက်လာနိုင်ခဲ့တယ်။ တရုတ်သဘာဝဓာတ်‌ငွေ့စက်ရုံ (မှတ်ချက် - ဓာတ်အားပေးစက်ရုံနဲ့ ဓာတ်ငွေ့ သိုလှောင်ဖြန့်ဝေစက်ရုံတို့ဖြစ်၊ ရွှေ သဘာဝဓာတ်‌ငွေ့စီမံကိန်းက ဓာတ်ငွေ့ကို သန့်စင်ပြီး ပိုက်လိုင်းစတင်တဲ့နေရာ) ပတ်ဝန်းကျင်‌ ကျေးရွာတွေနားမှာလည်း ဝိုင်းပတ် တိုက်ခိုက်ထားနိုင်တာ တွေ့ရတယ်။ ဇူလိုင်လအတွင်းက နောင်ချို၊ သပိတ်ကျဥ်း စတဲ့ အောင်မြင်မှုတွေကြောင့် စစ်လော်ဘီတွေဟာ ကျောက်ဖြူကို ပြန်တိုက်နိုင်မယ်လို့ ညာသံပေး ရေးသား မြှင့်တင်ပေးပေမယ့် ဒီရက်ပိုင်းမှာ ထင်ရှားလာတာတခုကတော့ စစ်တပ်ဟာ ကျောက်ဖြူကိုတိုက်မယ့် စစ်ကြောင်းတိုင်းမှာ အကျအဆုံး များလွန်းတာကတကြောင်း၊ နောက်ထပ် ရခိုင်စစ်မျက်နှာကို အင်အားဖြည့်တင်းတဲ့ ရဲနဲ့ စစ်သားတွေ ထွက်‌ပြေးကြတာကတကြောင်း၊ စစ်လန်သွားပြီး တပ်တွေ နောက်ပြန်ဆုတ်ကုန်ကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာတယ်။ 'ဗန်းမော်အခြေအနေ' သြဂုတ် ၂၈ ရက် နောက်ဆုံးသတင်းတခုကတော့ စကမဘက်က ဗန်းမော်သားဖြစ်တဲ့ စစ်ကြောင်မှူး ဗကတယောက် ဒရုန်းဗုံးဒဏ်ကြောင့် သေဆုံးတယ်။ ဇူလိုင်လဝက်လောက်က မန္တလေးကနေ ရေကြောင်းနဲ့ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပို့နိုင်ခဲ့တဲ့နောက်မှာ စစ်တပ်ဘက်က ဗန်းမော်တိုက်ပွဲမှာ အရေးသာလာတယ်လို့ သတင်းတွေ တက်လာတယ်။ ဗန်းမော်မှာစစ်တပ် ပြန်ပြီး အထိနာလာတဲ့ သတင်းတွေကို ဒီရက်ပိုင်းတွေမှာ ပြန်တွေ့လာရတာဖြစ်တယ်။

  • без подписи

  • ကိုးကန့်မော်ဒယ်ကိုမှီးပြီး တကယ်သာ ရှမ်းမြောက်မှာ စစ်ပွဲတွေ အပြီးသတ် ငြိမ်သက်သွားမယ်ဆိုရင်တော့ ရခိုင်နဲ့ ကချင်ဟာ တော်လှန်ရေးရဲ့ အမာခံ ကျောထောက်နောက်ခံအဖြစ် ရောက်ရှိလာမှာပဲဖြစ်တယ်။ ကျောက်ဖြူနဲ့ ဗန်းမော်စစ်ကို ကူညီတဲ့ ဗမာစစ်တိုင်းတွေအတွင်းက တိုက်ပွဲတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဒါကို တော်လှန်ရေးမှာ ဟန်ချက်ညီညီ တိုက်ပွဲဝင်တယ်လို့ သတ်မှတ်‌ပေးရမှာပဲဖြစ်တယ်။ အပြည့်အစုံဖတ်ရန် >> https://thecall-magazine.com/အနောက်ဘက်နဲ့-မြောက်ဘက်စ/

  • без подписи

  • ‘လူငယ်တွေရဲ့သမိုင်း’ ◼️အီဗရာဟင် ​ခေါင်​နေတဲ့ မိုးက ​ သဲသဲမဲမဲ ရွာနေပြီ ​အော်ခဲ့ရတဲ့ ပါးစပ်​တွေ ​ခုထိ မပျော်နိုင်သေးဘူး မာယာများတဲ့ကမ္ဘာထဲ အစာဝဖို့ အစာငတ်ခံဆန္ဒပြခဲ့ကြတယ် အံကြိတ်ငိုခဲ့ရဖူးတဲ့ ရွှေရောင်စျာပနတွေက အရိပ်ပေါ် အရိပ်ဆင့်လို့ တူမီးကနေ မောင်းပြန်တောင် ပြောင်းခဲ့ရသေးတာပဲ နတ်ဆိုး​တွေလောက်တော့ ဒီကမ္ဘာမှာ ဘယ်သူမှ ကြောက်မနေတော့ဘူး ​ သမိုင်းဆိုတိုင်း စပယ်အရိုင်းတွေက လူတိုင်းနဲ့မတည့်နိုင်ဘူးပေါ့ ။ ။ . . . #အီဗရာဟင် #ခေါ်သံ #TheCall