- Последний пост
- 14 янв.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 23
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အဖွဲ့ဝင်အသစ်များ ဖိတ်ခေါ်ခြင်း ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီလ ၂၂ရက်နေ့ နွေဦးတော်လှန်ရေးနေ့တွင် ဖွဲ့စည်းပေါ်ပေါက်လာသည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်းသည် နိုင်ငံရေးရည်မှန်းချက်(၃)ရပ်ဖြစ်သည့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ နိဂုံးချုပ်ပေးနိုင်စေရေး၊ဒီမိုကရေစီအခြေခံသည့် နိုင်ငံသားအခြေပြု ဖက်ဒရယ်နိုင်ငံရေးစနစ် ဖေါ်ဆောင်ရေး နှင့် လူငယ်များ နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်ချမှတ်သည့်အခန်းကဏ္ဍနှင့် နိုင်ငံရေးနယ်ပယ်တွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လာစေရေး ရည်မှန်းချက်များဖြင့် တော်လှန်ရေးတွင် ပါဝင်လျှက်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်းအနေဖြင့် ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်များတွင် ပိုမိုဖွဲ့စည်း၍ ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်များတွင် နိုင်ငံရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာ ဟောပြောပွဲများ၊အသိပညာမျှဝေရေးအစီအစဉ်များ ပိုမိုဆောင်ရွက်နိုင်ရေး၊ပြည်သူများ၊စစ်ရှောင်ပြည်သူများ၏ ပညာရေး၊ကျန်းမာရေးနှင့် သက်မွေးဝမ်းကြောင်းပညာရပ်များ ပိုမိုဆောင်ရွက်နိုင်စေရေး၊ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်များရှိ နိုင်ငံရေး၊တော်လှန်ရေးအင်အားစုများနှင့် ပိုမိုထိတွေလက်တွဲကာ ဖက်ဒရယ်ယူနစ်/ပြည်နယ်မှသည် ပြည်ထောင်စု ဖက်ဒရယ်စနစ်ဆီသို့ မျှတတည်ဆောက်ရေးစနစ်(Bottom-Up Federalism)ကျင့်သုံးအကောင်အထည်ဖေါ်ရေးစသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဖွဲ့ဝင်သစ်များကို စနစ်တကျ၊လေ့ကျင့်ပညာပေး၍ လက်ခံခေါ်ယူသွားမည်ဖြစ်ပါသည်။ ပြည်နယ်/ဖက်ဒရယ်ယူနစ်တာဝန်ခံအဖွဲ့များအတွက် ဦးစားပေးခေါ်ယူသွားမည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ ကချင်ပြည်နယ် ချင်းပြည်နယ် ကရင်နီပြည်နယ် ကရင်ပြည်နယ် အာရက္ခပြည်နယ် နာဂဒေသဖက်ဒရယ်ယူနစ် ပအိုဝ်းဒေသဖက်ဒရယ်ယူနစ် တအောန်းဒေသဖက်ဒရယ်ယူနစ် မန္တလေးဒေသဖက်ဒရယ်ယူနစ် ရန်ကုန်ဒေသဖက်ဒရယ်ယူနစ် ပဲခူးဒေသဖက်ဒရယ်ယူနစ် တနင်္သာရီဒေသဖက်ဒရယ်ယူနစ် မကွေးဒေသဖက်ဒရယ်ယူနစ် စသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းတွင် နေထိုင်ကြသည့် နိုင်ငံသားများအနေဖြင့် မိမိတို့ဒေသတွင် ဒီမိုကရေစီ၊ဖက်ဒရယ်နှင့် နိုင်ငံရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်းနှင့် လက်တွဲနိုင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။ အဖွဲ့ဝင်အဖြစ်လျှောက်ထားသူများ၏ အရည်အချင်းများ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။ လျှောက်ထားသည့်နေ့တွင်အသက် ၁၅ နှစ်နှင့်အထက် ၃၅ နှစ်အောက်ဖြစ်ရမည်။ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းတွင် နေထိုင်ဖူးသူ ဖြစ်ရမည်။ လျှောက်ထားသူများသည် ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ မူဝါဒများ နှင့်အခြေခံမူများကိုနားလည်ထားရမည်။ လူမှုရေး၊ စည်းရုံးရေးနှင့်ငြိမ်းချမ်းရေးအတွက်ဆန္ဒရှိသူဖြစ်ရမည်။ မိမိအကျိုးထက် အဖွဲ့အစည်းအကျိုး၊ပြည်သူ့အကျိုးအတွက် ဦးစားပေးဆောင်ရွက်နိုင်သူဖြစ်ရမည်။ အသင်းစိတ်ဓာတ်နှင့်အမျိုးသားအကျိုးစီးပွားအပေါ်အသည်းအသန်ဖြစ်ရမည်။ နိုင်ငံတော်အား ကျေးဇူးသစ္စာစောင့်သိပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓါတ်ရှိသူဖြစ်ရမည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် အောက်ဖေါ်ပြပါ အဖွဲ့ဝင်များအတွက် အခွင့်အရေးများကို ပေးအပ်ချီးမြှင့်သွားမည်။ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွက် ရုံးအသုံးစရိတ်များ၊အင်တာနက်နှင့်အခြား သွားလာရေးစရိတ်များ ထောက်ပံ့မှုများ ပြည်တွင်း/ပြည်ပတက္ကသိုလ်၊အင်စတီကျူးရှင်း၊ဒီဂရီကောလိပ်များတွင် နိုင်ငံရေး၊စီးပွါးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပညာသင်ဆုများ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာ အထောက်အပံ့များ၊အကူအညီများ နိုင်ငံတကာ ဖိုရမ်များ၊လူငယ်ခေါင်းဆောင်မှုဆိုင်ရာ တွေ့ဆုံပွဲ၊အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခွင့်များ အနာဂတ်နိုင်ငံရေးတွင် ပါဝင်မှု၊ဆောင်ရွက်နိုင်မှုဆိုင်ရာ အခွင့်အလမ်းကောင်းများ စသည့်အခွင့်အလမ်းများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ လျှောက်ထားသူများအား လူတွေ့ (zoom) မှတဆင့် အင်တာဗျူးသွားမည်ဖြစ်ပြီး အင်တာဗျူးအပြီး ရက်ပေါင်း ၃၀အတွင်း အဖွဲ့ဝင် ဖြစ်/မဖြစ် အသိပေးသွားမည်ဖြစ်ပါသည်။ အဖွဲ့ဝင်လျှောက်ထားရန်အတွက် Telegram Group သို့ ဝင်ရောက်ထားဖို့လိုပါသည်။ https://t.me/+RlGk_MMksXEzODQ1
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ကဲ မင်"ချန်နယ်က သဲလေးတို့ကို မုန့်ဖိုးပေးမယ် သီတင်းကျွတ်ကို https://static.kbzpay.com/app/prod/thadingyut_festival_2025/share/prod_share_my.html?type=gift&shareChannel=all&shareId=M4VRlHtUIB&lang=my
တစ်ဘဝစာခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ ဒီအပြင် ဘာမှမပိုခဲ့ဘူး ။ -မင်းခိုက်စိုးစံ #thway
ချစ်ခြင်းများထပ်တူကျ ကြပါစေ... #thway #(Subတစ်ယောက်ထံမှ #follower
အချစ်ရေ နှစ်ဦးနှစ်ဖက်လုံး ချစ်နေမှသမီးရည်းစားလို့အမည်တွင်တာမဟုတ်လား ငါ့ဘက်ကတစ်ယောက်တည်းချစ်နေရတာကြီးကျတော့ တစ်ဖက်လွတ်ရူးနေတာပေါ့ကွယ် ....)သံသရာအဆက်ဆက် မင်းစိတ်နဲ့ပဲရူးစေမူးစေဟန်နီ... -Thway #thway
https://t.me/MYSN_offical
ချန်နယ်အဖွဲ့ဝင် အားလုံးမင်္ဂလာပါ လက်ရှိ VPN ပိတ်ဆို့မှု အခြေအနေတွေအရ Form ထဲမှာ 👉ဘယ် VPN တွေ အလုပ်လုပ်နေသေးလဲ 👉ဘယ် အော်ပရေတာ တွေနဲ့ အလုပ်လုပ်နေသေးလဲ စတာတွေကို သိရနိုင်ဖို့ အားလုံးဝိုင်းဝန်းဖြည့်စွက်နိုင်မှာဖြစ်ပါတယ်။ အပတ်စဉ်ဖြည့်စွက်သွားကြမယ်ဆိုရင် 👉နောက်ဆုံးရအခြေအနေတွေကို သိရနိုင်မှာဖြစ်ပြီး 👉လာရောက်မေးမြန်းကြတဲ့ VPN နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မြန်ဆန်စွာ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Form ကို ဝိုင်းဝန်းဖြည့်စွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Form ကရရှိတဲ့ အချက်အလက်တွေကိုလည်း အများကြည့်ရှုနိုင်အောင် နဲ့ Comment ပေးနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။ 👉ဖြည့်စွက်ရမည့် ဖောင် - https://forms.gle/cEZaWGfVFBN3Tm7G6 👉စစ်တမ်းရလာဒ်များအား Googl Sheet VPN လိုအပ်သူများအတွက် DRAPAC VPN Telegram Chatbot က တစ်ဆင့်လည်း တောင်းခံနိုင်သလို နွေဦးလုံခြုံရေးဆေးခန်းကိုလည်း တိုက်ရိုက်တောင်းခံရယူနိုင်ပါတယ်။ @drapacvpn_bot သတိ ။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြို့နယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ရှိနိုင်ပါဦးမယ်။
ဆိုပြီး ပုံဖော်လုပ်ဆောင်နေကြတဲ့ အခြေအနေမျိုး တွေ့ရှိနေရပါတယ်။ "ငါတို့ကို ပြည်သူက စောက်မြင်ကပ်သလို၊ ကြောက်ရွံသလို မင်းတို့လည်း ဖြစ်ကြစမ်း" ဆိုပြီး အမုန်းတရားမီးမွှေး၊ တွန်းအားပေး လုပ်ဆောင်မှုတွေကိုလည်း ဖန်တီးလုပ်ဆောင်ကြပါတယ်။ ဒါတွေဟာ ပြီးပြည့်စုံတဲ့ တော်လှန်ရေးအောင်မြင်မှုအတွက် မဖြစ်မနေ သတိချပ်ဖွယ်ပါပဲ။ စစ်သားမှာ စစ်သားကျင့်ဝတ်၊ လက်နက်ကိုင်ထားရင် လက်နက်ကိုင်ကျင့်ဝတ်၊ နိုင်ငံရေးသမားတွေမှာလည်း နိုင်ငံရေးသမားကျင့်ဝတ် စသည်ဖြင့် ကျင့်ဝတ်တွေနဲ့ လုပ်ဆောင် လိုက်နာနိုင်မှသာ ပြီးပြည့်စုံတဲ့ အောင်မြင်မှုကို အသေအချာ ဆောင်ကြဉ်းနိုင်မယ်ဆိုတာ လုံးဝမမေ့အပ်ပါကြောင်း တိုက်တွန်းလိုပါတယ်။ ကျင့်ဝတ်မဲ့နေခြင်းသည် သေဆုံးနေခြင်းသာ ဖြစ်ပါကြောင်း။ ပြီးပြည့်စုံသောတော်လှန်ရေး မုချ အောင်မြင်စေရမည်။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန် နှင့် ပြည်သူအများကြား အတွေးအခေါ် ယူဆချက် ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ပြည်သူ့ပန်းတိုင်သို့ ပေးပို့လာသော ဆောင်းပါးများထဲက ရွေးချယ်၊ တည်းဖြတ်ကာ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဖော်ပြပါ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့အစည်း၏ နိုင်ငံရေးအာဘော်အား ကိုယ်စားမပြုပါ။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆွေးနွေးမှတ်ချက်များ ရေးသားနိုင်ပါသည်။] #ပြည်သူ့ပန်းတိုင် #တွန်းလှန်ကြမယ်
ပြီးပြည့်စုံသောတော်လှန်ရေးနှင့် ကျင့်ဝတ် +++++++++++++++++++++++++++++ 🔹မင်းသူရ နွေဦးတော်လှန်ရေးနှင့်အတူ PDF ဖြစ်တည်လာမှုအပေါ် RCSS ခေါင်းဆောင် ယွက်စစ်က "လက်နက်တွေ လက်ဝယ်ရရှိသွားရင်၊ NUG က PDF တွေကို မထိန်းနိုင်ရင် အားလုံးဟာ ဓားပြတွေဖြစ်ကုန်လိမ့်မယ်" လို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။ ဒီစကားရပ်အပေါ် စစ်အာဏာရှင်ကို မုန်းတဲ့ ပြည်သူလူထုတစ်ရပ်လုံးနဲ့ တော်လှန်ရေးစိတ်ပြင်းထန်ကြတဲ့ တော်လှန်အင်အားစုတွေက ဝိုင်းဝန်းပြစ်တင် လှောင်ပြောင်ကြပါတယ်။ ဒီမှတ်ချက်နဲ့ ပတ်သက်လို့ လုံးဝမနှစ်မြို့တဲ့အင်အားစုတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစကားကို လက်နက်ကိုင်တော်လှန်ရေးမြေပြင်မှာ ရှိနေကြတဲ့ ကျွန်တော်တို့အတွက် သတိထားစရာ ဖြစ်တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။ ထိုအတူ ဒီတွေးခေါ်မျှော်ရည်မှုအပေါ်ကို လက်ခံစဥ်းစားပြင်ဆင်ကြတဲ့ တော်လှန်ရေးဦးဆောင်သူတွေလည်း ရှိခဲ့ကြပါတယ်။ စစ်အုပ်စုရဲ့ မတရားသဖြင့် အာဏာသိမ်းမှု၊ ပြည်သူတွေ ချစ်ခင်ယုံကြည်လေးစားတဲ့ လူထုခေါင်းဆောင်များကို မတရားသဖြင့် ဖမ်းဆီးအကျဥ်းချမှု၊ မတရားပုဒ်မများဖြင့် စွဲဆို ပြစ်ဒဏ်ချမှတ်မှုတွေကို ဒေါသဖြစ်ကြ၊ ပေါက်ကွဲကြဖြင့် လူထုရဲ့ ဒေါသလှိုင်းဟာ အပြင်းထန်ဆုံးအချိန်ပါပဲ။ "လက်နက်ကိုင် လူမိုက်အုပ်စုကို လက်နက်နဲ့သာ စကားပြန်ပြောမှ ရလိမ့်မယ်" ဟူသော မျိုးဆက်သစ် ခေတ်ပညာတတ် လူငယ်လူရွယ်တို့ရဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်ပေါက်ကွဲမှုကနေ PDF တပ်မတော်ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို စတင် သန္ဓေတည်စေခဲ့တာပါ။ ခေတ်မှီလက်နက်တွေနဲ့ နိုင်ငံတော်ဘက်ဂျက်ကို ဖင်ခုထိုင်ထားတဲ့ တပ်မတော်ဆိုတာကို တူမီးနဲ့ တိုက်၊ ဓားဖြင့် ခုတ်ရလောက်အောင် မကြောက်တရားကို ဖြစ်စေခဲ့တာပါ။ ဒီလို စိတ်အားပြင်းထန်မှုတွေနဲ့အတူ တိုင်ရင်းသားလက်နက်ကိုင် ERO နယ်မြေတွေမှာ သေနတ်မကိုင်ဖူးကြတဲ့ လူငယ်လူရွယ်တွေဟာ စစ်ပညာကို ခက်ခဲပင်ပန်းဆင်းရဲစွာ သင်ကြားကြပါတော့တယ်။ ERO တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်အုပ်စုအပေါ် မုန်းတဲ့အမုန်း၊ ဂျန်ဇီးတွေရဲ့ လူပါးဝသည့်စစ်တပ်အပေါ် မုန်းသည့်အမုန်းတွေဟာ ပေါင်းဆုံမိကြပြီး လေ့ကျင့်ရေးကာလတွေဟာ ကြောက်စရာကောင်းလောက်အောင် အမုန်းတရားတွေ ပြင်းထန်နေခဲ့ကြတာပါ။ မပြည့်စုံတဲ့ လက်နက်ခဲယမ်း၊ စုဖွဲ့မှု၊ လေ့ကျင့်မှုတွေ ကြားမှာ စစ်တိုက်ရင်သေနိုင်တယ် ဆိုတာ သိနေကြပေမဲ့ မအလ စစ်တပ်ကို မတိုက်ရလို့ဆိုပြီး ERO ခေါင်းဆောင်တွေကို ပြသနာရှာကြ၊ နားပူတိုက်ကြတဲ့ ကိစ္စတွေဟာ စခန်းတွေမှာ နေ့တိုင်း(စိတ်ညစ်လောက်အောင်) ရှင်းကြရသည့် ပြဿနာတစ်ရပ်ပါ။ အဲ့ဒီအချိန်ကတည်းက ကျွန်တော့်ပတ်ဝန်းကျင်မှာ လက်လှမ်းမီသမျှ အားစိုက် လုပ်ဆောင်ခဲ့တာကတော့ 'အမုန်းတရားအားနည်းပြီး နှလုံးသားနဲ့ခံစား၊ ဦးနှောက်နဲ့တွက်ချက်တတ်တဲ့၊ ကျင့်ဝတ်ရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး/ တော်လှန်ရေးသမားတွေ ဖြစ်လာကြစေဖို့' ပါ။ "သေရဲလား သေရဲတယ်၊ သ-တ်ရဲလား သ-တ်ရဲတယ်" ဆိုတဲ့ စကားရပ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေး မောင်းနှင်မှုအပေါ် အတတ်နိုင်ဆုံးတည့်မတ်စေဖို့ စဥ်းစားခဲ့ဖူးတာတွေ ရှိပါတယ်။ တွေးခေါ်မျှော်မြင်မှုအရ လက်ခံကြတဲ့ လူငယ်တွေ ရှိခဲ့ကြသလို လုံးဝလက်မခံလိုသည့် လူငယ်တွေလည်း ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီတွေးခေါ်မျှော်ရည်မှုဟာ ကျွန်တော်ကျင်လည်ခဲ့ရာ ပတ်ဝန်းကျင်မှာ အတန်အသင့်တော့ လုပ်ဆောင်အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ အကန့်အသတ်တွေကတော့ အများကြီး ရှိခဲ့ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုပြီး လက်နက်တွေကိုင် တာဝန်ယူထားတဲ့ စစ်တပ်က ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်တွေ ပျက်စီးပြီး မိုက်ရိုင်းစုတ်ပြတ် ကျင့်ဝတ်မဲ့ခဲ့လို့ ပြန်တိုက်ကျနေကြရတဲ့ပွဲမှာ 'နောက်ဆုံးပိတ် အောင်နိုင်ခြင်း၊ ပြီးပြည့်စုံတဲ့ အောင်နိုင်ခြင်းဆိုတာ :ကျင့်ဝတ်ရှိတဲ့ လက်နက်ကိုင် တပ်မတော်နဲ့ ကျင့်ဝတ်ရှိသော တော်လှန်ခြင်းမျိုးသာ' ဖြစ်တယ် လို့ နားလည်ခဲ့တယ်။ အဲ့ဒီနားလည်မှုအပေါ် သက်ဝင်ယုံကြည်ကြတဲ့ လူငယ်တော်လှန်ခေါင်းဆောင်အများအပြားလည်း ရှိခဲ့ကြပါတယ်။ စစ်အုပ်စုနဲ့ လက်ဝေခံစစ်တပ်ဟာ သူတို့ကိုယ်သူတို့ ကျင့်ဝတ်ပျက်သွားကြပြီဆိုတာ သိကြပါတယ်။ ယခုနောက်ဆုံးကြားသိမှုတွေအရ စစ်တပ်ဟာ စစ်အခြေခံလေ့ကျင့်ရေးတပ်တွေ၊ ဗိုလ်လောင်းသင်တန်းကျောင်းလို နေရာမျိုးတွေမှာတောင် "ပြည်သူဆိုတာမရှိဘူး၊ စစ်တပ်နဲ့ သူပုန်ဆိုတာပဲရှိတယ်" ဆိုပြီး ကျင့်ဝတ်မဲ့ Brain Wash လုပ် သင်ကြားလေ့ကျင့်ပေးမှုတွေတောင် ဆိုးဆိုးဝါး ရှိလာနေတဲ့ အခြေအနေမျိုးပါ။ ပြည်သူပိုင်ပစ္စည်းကို ယူချင်သလိုယူ၊ ယူနီဖောင်းဝတ်မဟုတ်ရင် အကုန်သ-တ်၊ မိမိတပ်မဟုတ်ရင် အကုန်မီးရှို့၊ မိမိသားသမီးမဟုတ်ရင် သ-တ်၊ စာသင်ကျောင်းမှန်း မသိ၊ ဆေးရုံမှန်း မသိ၊ မိမိတပ်ကိုတောင် ရန်သူအဝိုင်းခံရလျှင် ကယ်တင်မည့်အစား လေကြောင်းမှ ဗုံးကျဲ၍ အစဖျောက်ရှင်းလင်းပစ်သည့် အခြေအနေမျိုးရောက်လောက်အောင် ကျင့်ဝတ်ပျက်၊ သိက္ခာမဲ့နေကြတာပါ။ အဲ့ဒီ သိက္ခာမဲ့ ကျင့်ဝတ်ပျက်ခြင်းတွေကို ကျွန်တော်တို့ တော်လှန်အင်အားစုတွေထံ ကူးစက်လာအောင်လည်း စစ်အုပ်စု စစ်ခေါင်းဆောင်တွေက လုပ်ဆောင်ကြပါတယ်။ "ငါတို့သ-တ်သလို မင်းတို့သ-တ်၊ ငါတို့ ကျင့်ဝတ်မဲ့သလို မင်းတို့လည်း ကျင့်ဝတ်မဲ့ကြစမ်း"
видео или голосовое, без подписи
ကြွေတာကိုက ပွင့်ခြင်းပဲ - မောင်ချောနွယ် . ပန်းဆိုတာ ကြွေတာကိုက ပွင့်ခြင်းပဲ တပွင့်ချွေရင် တပွင့်ဝေလွင်နေမှာပဲ နှစ်ပွင့်ချွေရင် နှစ်ပွင့်ဝေလွင်နေမှာပဲ ကဲ . .ချွေစမ်းပါဦး လေရူးလေနော့၊ သော့နှင်မဆုံး လေသင်ဓုန်းလား၊ မုန်တိုင်းလားပဲ တအားတိုက်စမ်း၊ ချွေစမ်းပါဦး ပန်းအဖူးတွေ၊ မြေမှာကြွေအောင် မွခြွေစမ်းပါ၊ မမှုပါဘူး ကြွေတာကိုက ပွင့်ဝေခြင်းပဲ ပန်းအဘိဓမ္မာ ဒါပါပဲလေ၊ ချွေလို့ကြွေကြွေ ကြွေလို့နေနေ ကြွေတာကိုက ပွင့်ခြင်းပဲဟေ့ . . ။ ။ #မောင်ချောနွယ် (တော်လှန်ကဗျာ - ၁၉၆၉ မှ)
Channel name was changed to «တွန်းလှန်ကြမယ်.»
လူငယ်တို့ရေ နိုင်ငံရေးမှာ ကိုစိတ်မဝင်စားဘူးဆိုတဲ့ လူငယ်တွေဟာ ညံ့ဖျင်းတဲ့သူတွေဘဲ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံအရေးဟာ ငါတို့အရေးဘဲ ဒီနိုင်ရဲ့ဒုက္ခဟာ ငါတို့ရဲ့ဒုက္ခဘဲ လူငယ်တွေကျောင်းသားတွေ နိုင်ငံရေးမသိလို့ သမိုင်းကြောင်းမကြေညက်လို့ ထောင်ချမှာအဖမ်းခံရမှာကြောက်လို့ နိုင်ငံရေးမလုပ်ချင်ကြဘူး ဒါကိုအခွင့်ရေးသမားတွေက အခွင့်ရေးယူလာကြတယ် အာဏာသိမ်းလာကြတယ် မင်းတို့ငါတို့ညံ့လို့ အခုလို၄နှစ်ကျော် ခံလာခဲ့ရတာ မင်းတို့ရဲ့မျိုးဆက်သစ်တွေကို ဒီအကြောက်တရားအကြောင်းတွေ ကိုယ်တွေ့ကြုံစေချင်လို့လား ငါတို့ရဲ့မျိုးဆက်က ဟောဒီအကြောက်တရားတွေကိုနောက်ဆုံးခံစားရတဲ့ မျိုးဆက်ဖြစ်ပါစေ CDMလုပ်ရုံနဲ့ ဒီတော်လှန်ရေးမပြီးဘူး ငါတို့CDMလုပ်ချင်းဟာလည်း အခွင့်ထူးခံဖို့ အခွင့်အရေးရဖို့ အတွက်လုပ်ရုံသက်သက် မဖြစ်ပါစေနဲ့ အခု ငါတို့မျိုးဆက် အခွင့်အရေးရတုန်းလေး နိုင်ငံအတွက် ကျဆုံးသွားလေကြသော ငါတို့ CDM လူငယ်၊ကျောင်းသားတွေအတွက် ပြည်သူတွေအတွက် တက်နိုင်သလောက် တော်လှန်ပေးကြပါ ကျောင်းသား လူငယ်အပေါင်းတို့ မင်းတို့ကို တော်လှန်ရေးက အခွင်းရေးပေးလာပြီ လိပ်ပြာလုံလုံနဲ့ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ကြောင်း ကို မင်းတို့ရဲ့သမိုင်းကြောင်းမှာကမ္မည်းရေးထိုးကြလော့ #ဆရာကိုသူ (DYC) မှတ်ချက်။ တော်လှန်ရေးအတွင်းကျဆုံးသွားသော CDMကျောင်းသားသူငယ်ချင်းများ ၃လပြည့် အမှတ်တရ