- Последний пост
- 11 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 1
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Развлечения (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 187
- 1/48двое суток
- 214
- 1/72трое суток
- 231
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Laptop မှာ သုံးရအဆင်ပြေအောင် Psiphon ကနှေးလို့ Express ဝယ်သုံးပါတယ်။ ချိတ်လို့ကို မရဘူး။
ဒီတစ်ပိုင်းကတော့ ရေးရင်းရေးရင်းနဲ့ နည်းနည်း ရှည်သွားတယ်။ စာဖတ်သူကတော့ ရှည်လေကြိုက်လေ ထင်ပါတယ်။
https://telegra.ph/kt-08-10
ဖတ်ပြီးရင် အရင်တင်ခဲ့တဲ့ အခန်း (၁) နဲ့ အခုတင်တဲ့ အခန်း (၁) ဘယ်ဟာက ပိုကောင်းမလဲဆိုတာ ပြောခဲ့ဦး။
https://telegra.ph/kt-08-08-2
ပြင်ရင်းပြင်ရင်းနဲ့ တစ်ပုဒ်လုံး ပြန်ရေးမိတော့မယ်။ အခုတောင် အခန်း ၂ က အခန်း ၁ ဖြစ်သွားပြီ။ ပြင်ရေးရင်းနဲ့ တွေ့ထားတဲ့ Plot Hole ကိုလည်း ပြင်ရဦးမယ်။ အခန်းနည်းသေးတော့ တော်သေးတယ်။ များသာများရင် အစအဆုံး ပြန်ရေးတာနဲ့ ဘာမှထူးမှာ မဟုတ်ဘူး။ အခုတောင် ဇာတ်လမ်းက ကနဦး စဉ်းစားထားတာနဲ့ တော်တော် ကွဲသွားပြီ။ Public မှာ မတင်ခင် Beta Reader Group ဖွဲ့ပြီး တင်ရင်ကောင်းမယ် ထင်တယ်။
အခန်း ၂ မှာ မင်းသား ပညာသုံးတာနဲ့ ပတ်သက်ပြီး ပြင်စရာ ပေါ်လာတယ်။ နောက်အပိုင်းတွေနဲ့ လိုက်ဖက်အောင် ပညာသုံးနည်း ပြောင်းပေးမှ အဆင်ပြေမှာမလို့။ ကျွန်တော်က ဝတ္ထုရေးတာ ဥယျာဉ်မှူးသမားလို့ ပြောလို့ရတယ်။ ဘယ်လိုမှ အစီအစဉ်ချပြီး ရေးလို့ မရဘူး။ ဝတ္ထုထဲ ရောက်သွားရင် ပြန်ပြင်ရတာချည်းပဲ။ ယေဘုယျ လမ်းကြောင်းလောက်ပဲ သတ်မှတ်လို့ ရတယ်။ အတွေးကလည်း နဂိုကတည်းက များတဲ့လူဆိုတော့ တစ်ခါပြောင်းရင် အကြံသစ်တစ်မျိုးမက ထွက်တယ်။ တစ်ခါတစ်လေကျတော့လည်း ရှုပ်လွန်းလို့ ရှင်းအောင် မနည်းပြန်ရေးယူရတယ်။ ရသီဝတ္ထုအတွက်တော့ မနေ့က စာညွှန်းလေး ရေးထားတယ်။ လောလောဆယ် စီစဉ်ထားသလောက်ကတော့ လူနဲ့နတ် စစ်ပွဲပဲ။ လောလောဆယ်တော့ ပန်းတိုင်က အဲဒီ ဦးတည်နေသေးတယ်။ နောက်ကျ ဘယ်လို ဆက်ဖြစ်မလဲတော့ ကျွန်တော် ကိုယ်တိုင်လဲ မသိဘူး။
ကျွန်တော် အခုရေးနေတဲ့ ရသီဝတ္ထုကို Genre အသစ်ပေးထားတယ်။ မဟာဂန္ဓာရီတဲ့။ သိုင်းလောက၊ ရှန်းရှလောကလိုမျိုး ဂန္ဓာရီလောက ပေါ်ပေါက်လာစေချင်လို့ ဒီနာမည် ပေးထားတာ။ ရိုးရိုး ဂမ္ဘီရဝတ္ထုတွေ၊ ဘုရားဦးတိုက် ဝတ္ထုတွေကနေ ကွဲထွက်တဲ့ ဘာမဆိုကို စိန်ခေါ်ရဲတဲ့ စိတ်ကူးယဉ်ဝတ္ထုလောကတစ်ခု ပေါ်ပေါက်လာစေချင်တယ်။ ဒီမှာက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လာရင် အထိအရှ မခံဘူး။ အဲဒီတော့ ကျွန်တော် ဘုရား ရဟန္တာ သံဃာတွေနဲ့ ပတ်သက်တာကို လုံးဝ ထည့်မရေးဘူး။ ကျန်တာကတော့ တစ်ယောက်မှ အားမနာဘူး။ ကြုံလာရင် အားမနာတမ်း အကုန်ထည့်ရေးပစ်မှာပဲ။
https://telegra.ph/%E1%80%A1%E1%80%81%E1%80%94-%E1%81%81-%E1%80%A1%E1%80%84%E1%80%86%E1%80%9B-08-05
လိုင်းပေါ် မတက်ဖြစ်တာတောင် အတော် ကြာသွားပြီ။ ဒီနေ့ကစပြီး လိုင်းပြန်သုံးတော့မယ်။ ကျွန်တော် ရေးထားတဲ့ မြန်မာမှော်ဝတ္ထုကိုလည်း တင်ပါမယ်။ ဖတ်ကြည့်ပြီး ဝေဖန် အကြံပြုချက်တွေ ပေးကြပါခင်ဗျာ။
Daily Check In နဲ့ Daily Rewards ကတော့ အလုပ်ဖြစ်သွားပြီ။ Cupon အလုပ်ဖြစ်မဖြစ် စမ်းဖို့ပဲ ကျန်တော့တယ်။
ရေးထားတာက အလုပ်မဖြစ်ဘူး၊ Logic ကို ပြန်စဉ်းစားရမယ်😅
Daily Reward ရမဲ့ဟာလေး ရေးထားတယ်။ အကောင့်ဖွင့်ပြီး နေ့တိုင်း check in ဝင်မှ Level တက်လိမ့်မယ်။ ဒါမှ reward လည်း ပိုရလိမ့်မယ်။
အခုဆိုရင် Pyunovel မှာ Scheldue Post လည်း ရသွားပါပြီ။ Scheldue Mode ဖွင့်ပြီး ကိုယ် တစ်နေ့တင်ချင်တဲ့ အခန်းနဲ့ အချိန်ကို သတ်မှတ်လိုက်တာနဲ့ နောက်ပိုင်း ကိုယ်တင်သမျှ post အကုန်လုံး Scheldue Post ဖြစ်သွားမှာပါ။
Edit - ရသွားပြီ Sorry, Scheldue Post က Error တက်သွားလို့၊ Error က ကင်းတယ်ကို မရှိဘူး။
သတင်းကောင်းတစ်ခု ရှိပါတယ်။ အင်မော်တယ် မိသားစု တည်ထောင်သူ - လုချန်ရှန်းကို ပြန်ရေးပါပြီ။ Pyunovel မှာ သွားဖတ်ကြပါ။ တစ်နေ့ ၂ ခန်း၊ ညနေ ၆ နာရီ ပုံမှန် တင်ပေးပါမယ်။
တစ်ခုပြီးလို့ မနားရဘူး၊ နောက်တစ်ခု ပေါ်လာပြန်ပြီ၊ လောလောဆယ် Website နှေးသွားတာက Query Problem ကြောင့်ပါ။ ရေးချင်တာ လျှောက်ရေးပြီး အဲဒါကို မေ့သွားတယ်။ မနက်ကျမှပဲ Performance ကောင်းအောင် ပြန်ပြင်ရေးတော့မယ်။ ဝင်ကြည့်လို့ မရတော့ရင်တော့ Limit ထိသွားတယ်လို့သာ မှတ်ပါခင်ဗျာ။
ဒီနေ့ Pyunovel ရဲ့ Writer Dashboard ကို ပြန်ပြင်ထားတယ်။ Writer နဲ့ Reader Features ကို သပ်သပ်စီ ခွဲထုတ်လိုက်တယ်။ Writer နဲ့ Reader App နှစ်ခု ခွဲရေးမယ် plan ကိုတော့ ဖျက်လိုက်ပြီ။ အဲဒီမှာ error တက်တာ ရှင်းလို့ကို မနိုင်ဘူး။ ရေးထားတဲ့ Features တွေထဲမှာ အကြိုက်ဆုံးကတော့ File Upload ပဲ။ ဒီနေ့ အဲဒါသုံးပြီး ဟန်ကျွယ် အစ အဆုံး ဖိုင်ကို တငိလိုက်တာ စက္ကန့်ပိုင်းပဲ ကြာတယ်။
တိတ်တဆိတ် ကျင့်ကြံသူ - ဟန်ကျွယ်ကို Pyunovel မှာ အစအဆုံး Free တင်ထားပါတယ်။ https://pyunovel.com/en/novel/top-tier-providence-5rim
ပရော့ဂျက် Structure ကို ပိုကောင်းအောင် ပြင်ခါမှ ရှင်းရတဲ့ error ကုန်ကို မကုန်နိုင်ဘူး။